← Chapters

အခန်း (၇၆၆-၇၆၈)

Vol. 52 Ch. 766-768

အခန်း (၇၆၆-၇၆၈)

Vol. 52 Ch. 766-768

အပိုင်း ( ၇၆၆ ) သမိုင်းသစ် ရေးထိုးခြင်း

အမှန်ကတော့.. နစ်ဖီ အနေနဲ့ အိပ်မက်ကမ္ဘာ ကနေ လွတ်မြောက်ဖို့ ဒါမှမဟုတ် နိုးထဖို့အတွက် ထွက်ပေါက် တစ်ခုကို ရှာတွေ့ခဲ့တာ မဟုတ်ပါဘူး။

အဲဒီအစား.. သူမက နှစ်နှစ်တိုင်တိုင် တစ်ယောက်တည်း ရုန်းကန်ခဲ့ရပြီး.. အသက်ရှင်သန်ရေးအတွက် မရပ်မနား တိုက်ပွဲဝင်ခဲ့ပြီးတဲ့နောက်မှာ..အိပ်မက်ဆိုး မျိုးစေ့ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်..။သူမက.. အိပ်စက်သူ အဆင့်နဲ့တင် အခိုက်အတန့် ရဲ့ ဒုတိယမြောက် စမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့ပုံပါပဲ..။

သူမက ဒါကို တစ်ယောက်တည်း လုပ်ဆောင်ခဲ့တာပါ..။

အနည်းဆုံးတော့ ဆန်နီ ကြည့်နေတဲ့ ရူးစ် တွေအရ ဒီအရာက တစ်ခုတည်းသော ရှင်းပြချက် ပါပဲ..။

တက်ရောက်သူ..အဆင့်..

' မဖြစ်နိုင်ဘူး..'

ဒုတိယ အိပ်မက်ဆိုး မှာ အသက်ရှင်ဖို့ဆိုတာက သေချာပြင်ဆင်ထားတဲ့ နိုးထသူ အဖွဲ့တစ်ခုအတွက်တောင် မလွယ်ကူတဲ့ အရာပါ..။ အောင်ပွဲခံပြီး ပြန်လာနိုင်တဲ့ ပမာဏထက် ကြိုးစားရင်းနဲ့ သေဆုံးသွားရသူတွေက ပိုများပါတယ်..။ အိပ်စက်သူ တစ်ယောက်တည်းနဲ့ ဒီလိုအရာကို ဘယ်လိုများ အောင်မြင်နိုင်ခဲ့တာလဲ..။

အရင်က ဘယ်သူမှ ဒါမျိုး မလုပ်နိုင်ခဲ့ဖူးပါဘူး..။

သို့ပေမဲ့.. အရင်ကတည်းက ဘယ် အိပ်စက်သူ ကမှ တိုင်ရန့် တစ်ယောက် မဖြစ်ခဲ့ဖူးပေ..။

ဘယ် အိပ်စက်သူ ကမှ ပျက်ပြားခြင်း အဆင့်တယ်ရာတစ်ကောင်နဲ့ တိုက်ပွဲကနေ အသက်ရှင်လျက် မလွတ်မြောက်ခဲ့ဖူးပါဘူး..။

ဘယ် အိပ်စက်သူ ကမှ ကျဆုံးမူအဆင့် တယ်ရာတစ်ကောင်ကို သတ်နိုင်ခဲ့ခြင်းမရှိပေ။

နစ်ဖီ က မဖြစ်နိုင်တာတွေကို လုပ်ဆောင်နိုင်စွမ်းရှိတယ်ဆိုတာ အစောကတည်းက သက်သေပြခဲ့ပြီးသားပါ..။ သူမက ဒါမျိုး နောက်တစ်ကြိမ် ထပ်လုပ်ပြလိုက်တာကို ဆန်နီ က ဘာလို့ ဒီလောက်ထိ အံ့ဩသင့်နေရတာလဲ..။

မဟုတ်ဘူး.. သူ အံ့ဩနေတာ မဟုတ်ပေ..။

သူက... စိတ်ဓာတ်ကျနေတာပါ..။

မတင်မကျဖြစ်နေတဲ့ ခံစားချက်တစ်ခုက သူ့ ရင်ထဲမှာ နေရာယူထားတာကြောင့်.. သူ့မျက်နှာက နက်မှောင်နေခဲ့ပြီး သူ့ရဲ့ မျက်လုံးတွေကလည်း မှေးမှိန်နေခဲ့ပါတယ်။ သူ့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အရိပ်တွေကလည်း ပိုပြီး နက်ရှိုင်းလာကြသလိုပါပဲ..။

'...အရေးမကြီးဘူး..။ဒါက ဘာကိုမှ ပြောင်းလဲပစ်နိုင်မှာ မဟုတ်ဘူး..။ အရေးကြီးတာက သူမ ပြန်ရောက်လာဖို့ပဲ မလား..။ သူမ ဘယ်လို ပြန်လာလဲဆိုတာ ဘယ်သူက ဂရုစိုက်မှာလဲ..'

ဒါပေမဲ့ သူ့အတွက်တော့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်..။ သူ့အတွက် ဒါက အတော်လေးအရေးကြီးတဲ့ အရာပါပဲ..။ နစ်ဖီ ထက် ပိုပြီး သန်မာလာချင်တယ် ဆိုတဲ့ သူ့ရဲ့ စွဲလမ်းမှု က ရိုးရှင်းတဲ့ မာန ဒါမှမဟုတ် အသုံးမဝင်တဲ့ ဂုဏ်သိက္ခာကြောင့် မဟုတ်ပါဘူး..။ တခြားသူတွေကတော့ အင်အားကြီးမားတဲ့ အရသာကို ခံစားချင်ကြလို့ သန်မာချင်ကြတာ ဆိုပေမဲ့.. ဆန်နီ အတွက်တော့ အားအနည်းဆုံး ဖြစ်နေတာကပဲ သူ့ရဲ့ တည်ရှိမှုအတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်နေခဲ့တာပါ။

သူ ငြိမ်သက်စွာနဲ့ အတွေးများ နေတုန်းမှာပဲ.. ကမူးရှူးထိုး လျှောက်လာတဲ့ ခြေသံတွေကို ကြားလိုက်ရတယ်..။ ဆန်နီ မော့ကြည့်လိုက်တဲ့ အခါမှာတော့ လူအုပ်ကြားထဲကနေ တိုးထွက်လာတဲ့ အယ်ဖီ ကို တွေ့လိုက်ရပါတယ်..။ သူမက သူမရဲ့ ကြီးမားလှတဲ့ ခွန်အားကို အသုံးပြုဖို့ တုန့်ဆိုင်းမနေခဲ့တာကြောင့်.. တစ်ခြားလူတွေ အနေနဲ့ သူမကို လမ်းဖယ်ပေးရုံက လွဲလို့ တစ်ခြားရွေးချယ်စရာ မရှိခဲ့ကြပေ..။လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်ကမှ ရောက်လာတဲ့ သင်တန်းဆရာ ရော့ခ် တောင် သူမကို ယဉ်ကျေးစွာနဲ့ လမ်းဖယ်ပေးလိုက်ရပါတယ်..။

...ဒီလူကြီးက နစ်ဖီ ကို အိပ်မက်ကမ္ဘာ ထဲပို့ဆောင်ပေးခဲ့တဲ့ သူပါ..။ ဒါကြောင့် သူ့ အလုပ်တွေ အားလုံးကို ပစ်ထားပြီး ကျန်တဲ့သူတွေနဲ့အတူ လာစောင့်နေတာက အံ့ဩစရာ မရှိပါဘူး..။ ဆန်နီ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ပါတယ်..။

မုဆိုးမိန်းကလေးက နောက်ဆုံးတော့ သူတို့ဆီကို ရောက်လာခဲ့တယ်။သူမက ခနလောက် ငြိမ်သက်နေပြီးမှ အက်ကွဲနေတဲ့ လေသံနဲ့ မေးလာခဲ့ပါတယ်..။

“ဆန်နီ ၊ ကတ်စီ..အဲ့ဒါ တကယ်လား..။ မင်းသမီးလေး က ပြန်ရောက်လာပြီလား..”

ဆန်နီ က သူမကို ခနလောက် ကြည့်လိုက်ပြီးမှ ခေါင်းငြိမ့်ပြလိုက်တယ်..။

“ဟုတ်တယ်..။ ငါ... ငါကိုယ်တိုင် သူမကို

ကုသသူတွေဆီ ပို့ပေးခဲ့တာ..”

အယ်ဖီ ဟာ စက္ကန့်အနည်းငယ်လောက် ငြိမ်သက်သွားခဲ့တယ်..။ အဲ့ဒီနောက်မှာတော့ ကြီးမားတဲ့ အပြုံးတစ်ခုက သူမရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့ပါတယ်..။ သူမက အားပါးတရ ပုံစံနဲ့..

“ဒီလိုပဲ ဖြစ်ရမှာပေါ့ .. ငါ တစ်ခါမှ မယုံကြည်တာမျိုး မရှိခဲ့ဘူး..။ အဲ့ဒီ အလိုလိုက်ခံထားရတဲ့ အရူးမလေးကို အနိုင်ယူနိုင်တဲ့ အိပ်မက်ဆိုး သတ္တဝါ ဆိုတာ ဒီကမ္ဘာမှာ ရှိမှ မရှိတာ..”

ဆန်နီ လည်း သူမ ဆီက ပျော်ရွှင်မှုတွေ ကူးစက်လာတာကြောင့် မပြုံးဘဲ မနေနိုင်ခဲ့ပါဘူး..။

မကြာခင်မှာပဲ ကိုင် လည်း ရောက်လာခဲ့ပါတယ်..။ ပုံမှန်ဆိုရင်တော့ သူ့ရဲ့ ထွက်ပေါ်လာမှုက ရုတ်ရုတ်သဲသဲ ဖြစ်သွားစေမှာ ဖြစ်ပေမဲ့.. အခုချိန်မှာတော့ ဘယ်သူကမှ အိုင်ဒေါ ဖြစ်သူကို အာရုံမစိုက်နိုင်ကြပါဘူး။

အသက်ရှင်ကြောင်း အတည်ပြုချက်ကို ရလိုက်တဲ့ အချိန်မှာတော့.. ဒီလူငယ်လေးရဲ့ လှပတဲ့ မျက်နှာပေါ်မှာ ကြီးမားတဲ့ စိတ်သက်သာရာရမှုတွေ ပေါ်လာခဲ့ပါတယ်..။ ကိုင် ဟာ အနည်းငယ် ယိမ်းယိုင်သွားခဲ့ပြီးမှ လဲမကျသွားအောင် နံရံကို မှီထားလိုက်ရတယ်..။

“ဘုရားသခင်... ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်..”

ဆန်နီ သတိမထားမိခဲ့ပေမဲ့.. သူ့ရဲ့ သူငယ်ချင်းကတော့ နစ်ဖီ ကို ထားခဲ့ရတဲ့ အချိန်တစ်လျှောက်လုံး သူ့ကိုယ်သူ အပြစ်တင်နေခဲ့ပုံပါပဲ..။ သူကတော့ ဒီလို ရက်စက်တဲ့ ကမ္ဘာကြီးထဲမှာ စိတ်ထားကောင်းလွန်းတဲ့ သူ တစ်ယောက်ပါ..။တစ်ခြားလူတစ်ယောက် ရဲ့ စတေးမှုကြောင့် မေ့ပျောက်ကုန်းမြေ ငရဲကနေ လွတ်မြောက်လာခဲ့ရတယ်ဆိုတဲ့ အသိက သူ့ကို အများကြီး ဖိနှိပ်ထားခဲ့ပုံရပါတယ်..။

သူတို့ လေးယောက်သား အတူတကွ စောင့်နေခဲ့ကြတယ်..။ ဆန်နီ က သူ့သူငယ်ချင်းတွေရဲ့ မျက်နှာကို တိတ်တဆိတ် ကြည့်နေခဲ့ပါတယ်။.. သူတို့အားလုံးရဲ့ မျက်နှာပေါ်မှာ စစ်မှန်တဲ့ ပျော်ရွှင်မှုနဲ့ စိတ်သက်သာရာရမှုတွေကို မြင်တွေ့နေခဲ့ရတာပါ..။. အထူးသဖြင့် ကိုင် ကတော့ တော်တော်လေး စိတ်လှုပ်ရှားနေတဲ့ ပုံပါပဲ..။

ဆန်နီ နဲ့ မတူတဲ့ အချက်ကတော့.. သူတို့မှာ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ပြန်လာတာနဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့ မတင်မကျ ခံစားချက်မျိုး ရှိမနေကြတာပါပဲ..။

သူတို့ကို ကြည့်ရင်းနဲ့ ဆန်နီ လည်း သူ့ရဲ့ စိတ်ထဲက မကောင်းတဲ့ အစိတ်အပိုင်းကို ခနလောက် မေ့ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်..။

ဘာတွေ ပဲဖြစ်လာဖြစ်လာ.. သူက အဲ့ဒီအချိန်ကျမှပဲ ရင်ဆိုင်ပါတော့မယ်..။ တကယ်လို့ ကျေးကျွန်တစ်ယောက် မဖြစ်ရဖို့အတွက် သူ သေရမယ်ဆိုရင်လည်း သေလိုက်ရုံပါပဲ..။ လွတ်လပ်ဖို့အတွက် သတ်ရမယ်ဆိုရင်လည်း.. အဲ့ဒါက မဖြစ်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး..။

သို့ပေမဲ့ အခုချိန်မှာတော့ သူက သူ့သူငယ်ချင်းတွေနဲ့အတူ ဒီလို ရှားပါးတဲ့ ပျော်ရွှင်စရာ အချိန်လေးကို မျှဝေခံစားဖို့ပဲ ရွေးချယ်လိုက်ပါတယ်..။

သူတို့အဖွဲ့ကို တည်ထောင်ခဲ့သူက ပြန်ရောက်လာပြီ မဟုတ်လား..။

မကြာခင်မှာပဲ တံခါးတစ်ချပ် ပွင့်လာခဲ့ပြီး.. အကယ်ဒမီ မှာ အလုပ်လုပ်နေတဲ့ နိုးထသူ ကုသရေးသမား တစ်ယောက် ထွက်ပေါ်လာခဲ့ပါတယ်..။

နားနေဆောင်မှာ စုဝေးနေသူအားလုံး ရင်တမမနဲ့ စောင့်ကြည့်နေခဲ့ကြတယ်..။ ဗာလာ ကလန် က မော်ဂန် တောင်မှ သူမရဲ့ ဆက်သွယ်ရေး ကိရိယာကနေ မျက်နှာလွှဲလိုက်ပြီး.. သူမရဲ့ လှပတဲ့ မျက်လုံးတွေထဲမှာ ထူးဆန်းတဲ့ အရိပ်အယောင်တွေ လက်ခနဲ ပေါ်သွားခဲ့ပါတယ်..။

အစိုးရ အေးဂျင့်တစ်ယောက်က မအောင့်နိုင်တော့ဘဲ မေးလိုက်တယ်..။

“သူမ... သူမ ဘယ်လိုနေလဲ..။ လေဒီ ပြောင်းလဲနေတဲ့ ကြယ်ပွင့် က တကယ်ပဲ ပြန်ရောက်လာတာလား..”

ကုသရေးသမားက ခနလောက် တုံ့ဆိုင်းနေပြီးမှ ခေါင်းငြိမ့်ပြလိုက်တယ်..။

“ဟုတ်ပါတယ်..။ သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက အတော်လေးကောင်းတယ်..။ ကောင်းတာထက်ကို ပိုတယ်လို့ ပြောရမယ်..။ ပြီးပြည့်စုံနေတာမျိုးပေါ့..။ စိတ်ပိုင်းဆိုင်ရာ အခြေအနေကတော့ သူမ နိုးလာမှပဲ ကျွန်တော်တို့ သိရပါလိမ့်မယ်..။ လေဒီ နစ်ဖီ က အခုချိန်မှာ အိပ်ပျော်နေပါတယ်..”

လူအုပ်ထဲက တစ်ယောက်ယောက်က ချက်ချင်းပဲ စကားပြောလာခဲ့တယ်..။

“အိပ်ပျော်နေတယ်တဲ့လား..။ သူမက အိပ်မက်ကမ္ဘာ ထဲကို ပြန်ရောက်သွားတာလို့ ဆိုလိုတာလား..”

ကုသရေးသမားက တုံ့ဆိုင်းသွားပြီးမှ ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်ပါတယ်..။

“မဟုတ်ပါဘူး..။ လေဒီ နစ်ဖီ က... တက်ရောက်သူ အဆင့်ကို ရောက်ရှိသွားပုံရတယ်..။ ဒါကြောင့် သူမက ရိုးရိုးတန်းတန်း အိပ်ပျော်နေတာပါ..”

လူအုပ်ကြီး တစ်ခုလုံးက စကားပြောနိုင်စွမ်း ပျောက်ဆုံးသွားသလိုမျိုး ခနလောက် ငြိမ်သက်သွားခဲ့ကြပါတယ်..။

ယင်းနောက်မှာတော့.. အရာအားလုံးက ဝရုန်းသုန်းကား ဖြစ်ကုန်ပါတော့တယ်..။

အစိုးရက အချိန်ဆွဲဖို့နဲ့ သတင်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမဲ့လည်း.. မိနစ်အနည်းငယ်အတွင်းမှာတင် ပြောင်းလဲနေတဲ့ ကြယ်ပွင့် ပြန်လာတဲ့ သတင်းက ကွန်ရက်တစ်ခုလုံးမှာ ပျံ့နှံ့နေခဲ့ပါပြီ..။

အဲ့ဒီနောက် သိပ်မကြာခင်မှာပဲ.. နောက်ထပ် ပေါက်ကွဲစေမယ့် ကောလာဟလတစ်ခု ပေါ်လာပြန်ပါတယ်..။ အဲ့ဒါကတော့ သူမဟာ အခုဆိုရင် မာစတာ တစ်ယောက် ဖြစ်နေပြီ ဆိုတာပါပဲ..။

ဒီလိုမျိုးနဲ့ပဲ လူသားထု တစ်ရပ်လုံးက အင်မော်တယ် မီးတောက် ကလန်ရဲ့ နစ်ဖီ ၊ ဒဏ္ဍာရီလာ ရှေ့ဆောင်နှစ်ဦးရဲ့ မျိုးဆက် နဲ့ မေ့ပျောက်ကုန်းမြေ ရဲ့ နာမည်ကျော် သူရဲကောင်းဟာ.. သမိုင်းမှာ အိပ်စက်သူ အဆင့်နဲ့တင် ဒုတိယ အိပ်မက်ဆိုး ကို အောင်မြင်ခဲ့တဲ့ ပထမဆုံး လူသား ဖြစ်လာခဲ့တယ်။သူမ. အဆင့်တွေ ကျော်တက်ခဲ့ပြီး နိုးထခြင်း ကမ္ဘာကို အထိအခိုက်မရှိ ပြန်ရောက်လာခဲ့ပြီဆိုတာကို သိရှိသွားခဲ့ကြပါပြီ။

သူမရဲ့ အရင်ကတည်းက ကျော်ကြားနေတဲ့ အရှိန်အဝါနဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းက နေ တစ်စင်းလိုပဲ ချက်ချင်း မြင့်တက်သွားခဲ့ပါတယ်..။

နစ်ဖီ အိပ်ပျော်နေတုန်းမှာပဲ.. သူမရဲ့ ပြန်လာမှုက သန်းပေါင်းများစွာသော လူတွေရဲ့ စိတ်ထဲမှာ ကြီးမားတဲ့ လှိုင်းတံပိုးတွေကို ဖန်တီးနေခဲ့ပါပြီ..။

နိုးထခြင်း အကယ်ဒမီ ရှေ့မှာ.. နှင်းတွေ ကျဆင်းနေပေမဲ့လည်း ဖယောင်းတိုင်ပေါင်း

တစ်သိန်းကတော့ ဆက်လက် တောက်လောင်နေဆဲပါပဲ..။

...ပြီးတော့ အဲ့ဒီ မီးလျှံတွေကြောင့် ဖြစ်ပေါ်လာတဲ့ အရိပ်ပေါင်း တစ်သိန်းကလည်း မြေပြင်ပေါ်မှာ ကခုန်နေခဲ့ကြပါတယ်..။

အပိုင်း ( ၇၆၆ ) ပြီး၏။

အပိုင်း ( ၇၆၇ ) ခွန်အားကို တိုင်းတာခြင်း

ပြောင်းလဲနေတဲ့ ကြယ်ပွင့် ပြန်လာတဲ့ သတင်းက တစ်ကမ္ဘာလုံးကို တောမီးတစ်ခုလို ပျံ့နှံ့သွားခဲ့တယ်..။ ကွန်ရက်ပေါ်မှာလည်း အဆုံးမရှိတဲ့ ဆွေးနွေးမှုတွေနဲ့ ပွက်လောရိုက်နေခဲ့တာပါ။.. လူတိုင်းက သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို မျှဝေချင်နေကြပြီး.. မကြာခင်မှာ လူသားမျိုးနွယ်ရဲ့ အစွမ်းအထက်ဆုံး ချန်ပီယံ တွေထဲက တစ်ယောက် ဖြစ်လာတော့မယ့် ဒီသူရဲကောင်း မိန်းကလေးရဲ့ အိမ်အပြန်ခရီးကို ဂုဏ်ပြုချင်နေကြပါတယ်..။

သာမန်လူသားတွေရော နိုးထသူတွေပါ အခုလိုမျိုး တုံ့ပြန် ပြောဆိုနေကြတာက ချဲ့ကားပြောဆိုနေသလို ဖြစ်နိုင်ပေမဲ့ နားလည်ပေးလို့တော့ ရပါတယ်..။မှောင်မိုက်ပြီး နုနယ်လှတဲ့ ကမ္ဘာကြီးထဲမှာ.. ပျက်ဆီးခြင်းအခြေအနေနဲ့ ကြုံနေရတဲ့ လူတိုင်းက သူတို့ရဲ့ ဘဝတွေကို လင်းလက်စေပြီး ကြောက်ရွံ့မှုတွေကို မောင်းထုတ်ပေးမယ့် အရာတစ်ခုခုကို တောင့်တနေကြမှာ အမှန်ပါပဲ..။ လူတိုင်းက မျှော်လင့်ချက် ကို အသည်းအသန် ရှာဖွေနေကြတာပဲ မဟုတ်လား..။

ဒါကို တွေးမိရင်းနဲ့ ဆန်နီ ဟာ နစ်ဖီ ရဲ့ စွမ်းရည် ဖော်ပြချက်ကို ပြန်သတိရသွားခဲ့တယ်..။

အလင်းသယ်ဆောင်သူ...

[ သင်ဟာ အမှောင်ထုထဲမှာ တည်ရှိဖို့ ကံကြမ္မာအဆုံးအဖြတ်ပေးခြင်း ခံထားရပြီ နှင်ထုတ်ခံလိုက်ရတဲ့ အလင်းသတ္တဝါ တစ်ဦး ဖြစ်သည်..။ သင်သွားလေရာ အရပ်တိုင်းကို တောက်ပမှုနဲ့ နွေးထွေးမှုတွေကို ယူဆောင်လာပေးပေမဲ့.. အဲ့ဒီအရာနဲ့အတူ ဖော်ပြလို့မရနိုင်တဲ့ တောင့်တမှုတွေလည်း ပါဝင်လာခဲ့သည် ]

မျှော်လင့်ချက် ဆိုတာက ဒီမှာ ပြောထားတဲ့ တောင့်တမှုလား..။ တောင့်တမှု ဆိုတာကလည်း လိုအင်ဆန္ဒ ရဲ့ နောက်ထပ် စကားလုံး တစ်ခုပဲ မဟုတ်ဘူးလား...။

ဘာပဲဖြစ်ဖြစ်.. အစိုးရကတော့ နစ်ဖီ ကို အသုံးပြုပြီး အဲ့ဒီ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ အရင်ကတည်းက ကြိုးစားခဲ့တာပါ..။ သူတို့က မေ့ပျောက်ကုန်းမြေ ရဲ့ ဖြစ်ရပ်တွေကို အခြေခံပြီး စိတ်ဓာတ်တက်ကြွဖွယ် ဇာတ်လမ်းတစ်ပုဒ်ကို တည်ဆောက်ခဲ့ကြတယ်။ပြီးတော့.. သူမကိုလည်း ဒီ ဇာတ်လမ်းရဲ့ အဓိက အချက်အချာအဖြစ် ဖန်တီးခဲ့ကြပါတယ်..။

သူတို့ နိုးထလာပြီး မကြာခင်မှာပဲ ကမန်းကတန်း ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ဒီလို ရွံရှာဖွယ်ရာ ရုပ်ရှင်ကို ဆန်နီ ဘယ်လောက်ပဲ မုန်းတီးနေပါစေ.. အဲ့ဒီရုပ်ရှင်က အိပ်မက် စစ်တပ် ရဲ့ အသက်ရှင်ကျန်ရစ်သူတွေနဲ့ သူတို့ရဲ့ ခေါင်းဆောင်က အများပြည်သူအပေါ် ဘယ်လောက်အထိ လွှမ်းမိုးမှု ရှိလဲဆိုတဲ့ သက်သေတစ်ခု ဖြစ်တယ်ဆိုတာကိုတော့ သူ ဝန်ခံရပါလိမ့်မယ်..။

မျှမျှတတ ပြောရမယ်ဆိုရင်တော့.. ပြောင်းလဲနေတဲ့ ကြယ်ပွင့် ကို လူထု အိုင်ဒေါ တစ်ယောက် ဖြစ်လာအောင် အစိုးရအနေနဲ့ အများကြီး ကြိုးစားစရာ မလိုခဲ့ပါဘူး..။ သူမရဲ့ အောင်မြင်မှုတွေက တကယ့်ကို ထူးခြားပြီး မှတ်သားလောက်စရာ ဖြစ်နေခဲ့တာ မဟုတ်လား..။ သူမရဲ့ စတေးမှုလို့ ယူဆရတဲ့ အရာကလည်း တကယ်ကို ဆွဲဆောင်မှု ရှိနေခဲ့တာပါ..။

ဒီထက် ပိုပြောရရင်.. နစ်ဖီ က သူမရဲ့ မွေးရာပါ အခွင့်အရေးအရ ခိုင်မာပြီး အားကောင်းတဲ့ ဒဏ္ဍာရီတစ်ခုကို အမွေဆက်ခံထားရတဲ့ သူတစ်ယောက်ပါပဲ..။ သူမရဲ့ အဖိုးဖြစ်သူက ဒုတိယ အိပ်မက်ဆိုး ကို အောင်မြင်ခဲ့ပြီး ပထမဆုံး

မာစတာ ဖြစ်လာခဲ့တဲ့ လူသားပါ..။ သူမရဲ့ အဖေကတော့ တတိယ အိပ်မက်ဆိုး ကို ပထမဆုံး အောင်မြင်ပြီး သူတော်စင် ဖြစ်လာခဲ့ပါတယ်..။ သူတို့ နှစ်ယောက်လုံးက လူသားမျိုးနွယ်ရဲ့ လေးစားရတဲ့ သူရဲကောင်းတွေ ၊ ရှေ့ဆောင်တွေနဲ့ အစွမ်းထက်တဲ့ စစ်သည်တော်ကြီးတွေ ဖြစ်ခဲ့ကြတယ်..။

...အခုတော့ သူမက အိပ်စက်သူ အဆင့်ကနေ တက်ရောက်သူ အဆင့်ကို တိုက်ရိုက်တက် လာတဲ့ ပထမဆုံး လူသားအဖြစ် သူတို့ရဲ့ လမ်းစဉ်ကို လိုက်ခဲ့ပြန်ပါပြီ..။

ဒါတွေကို ထည့်တွက်ကြည့်မယ်ဆိုရင်တော့ လူတွေက ဒီသတင်းအပေါ် ဘယ်လောက်အထိ တုံ့ပြန်ကြလဲဆိုတာ သူ အံ့ဩစရာ မရှိတော့ပါဘူး..။ ကွန်ရက်ပေါ်မှာလည်း သူမရဲ့ အဖိုးနဲ့ မိဘတွေ လုပ်ဆောင်ခဲ့သလိုမျိုး.. ပြောင်းလဲနေတဲ့ ကြယ်ပွင့် ဟာ စတုတ္ထ အိပ်မက်ဆိုး ကို ပထမဆုံး အောင်မြင်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဆီကို ခြေတစ်လှမ်း တိုးစေလိမ့်မယ်လို့ ဟောကိန်းထုတ် ဆွေးနွေးနေကြတာတွေလည်းအများကြီး ရှိနေခဲ့ကြတယ်။

တကယ်လို့သာ သူတို့ သိခဲ့ကြမယ်ဆိုရင်...

တကယ်လို့ အုပ်စိုးသူတွေက ဒီ ကမ္ဘာကြီးကို လက်လွှတ်လိုက်ကြပြီ ဖြစ်ပြီး.. မကြာခင်မှာ သန်းပေါင်းရာချီတဲ့ လူတွေ သေဆုံးကြရတော့မယ်ဆိုတာကို သူတို့သာ သိခဲ့ကြမယ်ဆိုရင်...

ပြီးတော့ သူတို့ ချီးမွမ်းနေကြတဲ့ သူရဲကောင်းမှာ ဒီထက် ပိုကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေတယ်ဆိုတာကို သိခဲ့ကြမယ်ဆိုရင်..

စတုတ္ထ အိပ်မက်ဆိုး ကို အောင်မြင်ဖို့ အတွက်လား..။ မဟုတ်ဘူး.. အဲ့ဒါက အင်မော်တယ် မီးတောက် ကလန် ရဲ့ဆက်ခံသူ ပြောင်းလဲနေတဲ့ ကြယ်ပွင့် အတွက်တော့ အရေးကြီး တဲ့အရာတစ်ခု မဟုတ်ပါဘူး..။ သူမက အိပ်မက်ဆိုး တွေ အားလုံးကို အောင်မြင်ဖို့ ကြိုးစားနေခဲ့တာပါ..။ သူမက အခိုက်အတန့် ကိုယ်တိုင်ကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ပါ။

ဒီလိုဖျက်ဆီးနိုင်ဖို့အတွက် နိုးထခြင်း ကမ္ဘာကြီး ပြာကျသွားမယ်ဆိုရင်တောင်မှ သူမကတော့ အနည်းဆုံး ကြိုးစားကြည့်မှာပါပဲ..။

အစိုးရ အေးဂျင့်တွေကတော့ ထိတ်လန့်တကြားနဲ့ ဟိုပြေးဒီပြေး လုပ်နေကြပြီး.. စောင့်နေတဲ့ လူအုပ်ကြီးလည်း လူစုခွဲသွားကြတဲ့ အချိန်မှာတော့.. ဆန်နီ ဟာ အဖွဲ့ထဲကနေ ထွက်လာခဲ့ပြီး စားစရာ တစ်ခုခု ရှာဖို့ ထွက်လာခဲ့ပါတယ်..။ ဗာလာ ရဲ့ မော်ဂန် လည်း အစောကတည်းက ထွက်သွားခဲ့ပြီ ဖြစ်တာကြောင့် သိပ်ပြီး အန္တရာယ် မရှိတော့ဘူးလို့ ဆန်နီ ခံစားလိုက်ရတယ်..။

'.. ဟုတ်သားပဲ.. တကယ့် ညှိနှိုင်းမှုတွေက တစ်ခါမှ ဖြစ်မလာခဲ့ဘူးပဲ..။ဒါက ငါ့ရဲ့ အနာဂတ်အတွက် ဘာကို ဆိုလိုတာလဲ မသိဘူး...'

နောက်ဆုံးတော့ သူက ဆေးရုံရဲ့ ထမင်းစားဆောင်မှာ နေရာယူလိုက်ပြီး အစားအစာအချို့ကို အတင်းမျိုချဖို့ ကြိုးစားလိုက်ပါတယ်..။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် ဒီလို အရည်အသွေးမြင့်တဲ့ အစားအစာတွေကို စားရတဲ့အတွက် သူ အရမ်းကို ပျော်နေမိမှာပါ..။ ဒါပေမဲ့ အခုတော့ သူက အမျိုးမျိုးသော ဟင်းလျာတွေရဲ့ အရသာကိုတောင် မခံစားနိုင်တော့ပါဘူး..။ အဲ့ဒါတွေက ဆီသွပ်အစားအစာ ဒါမှမဟုတ် အာဟာရမှုန့်တွေလိုပဲ ဖြစ်နေခဲ့တယ်..။

ဆန်နီ အတွေးထဲမှာ နစ်မြောပြီး တိတ်တဆိတ်ထိုင်နေတုန်းမှာပဲ.. အယ်ဖီ က ရုတ်တရက် ပေါ်လာပြီး သူ့ဘေးက ကုလားထိုင်ပေါ်မှာ ထိုင်ချလိုက်ပါတယ်..။ သူမရဲ့ လင်ဗန်းပေါ်မှာတော့ အစားအစာတွေက တောင်လိုပုံနေခဲ့တယ်။.. မုဆိုးမလေးက သူ့ကို ပြုံးပြီး ကြည့်လိုက်တယ်..။

“လူတော်တွေက အတွေးတူကြတယ်.. အဲတာဟုတ်လား..”

သူမက ကိတ်မုန့်အသေးလေး တစ်ခုကို ကိုက်လိုက်ပြီးမှ တစ်ခုလုံးကို မျိုချလိုက်ကာ ကျေနပ်စွာနဲ့ ပြောလာခဲ့ပါတယ်..။

“ကုသရေးသမားတွေက နစ်ဖီ နိုးလာရင် ငါတို့ လေးယောက်လုံးကို လာကူညီပေးစေချင်ကြတယ်..။ နင် သိတဲ့အတိုင်းပဲ.. သူမက နောက်တစ်ခါ... ပြန်ပြီး သောင်းကျန်းလာမှာ စိုးလို့လေ..”

ဆန်နီ တိတ်ဆိတ်စွာပဲ ခေါင်းငြိမ့်ပြလိုက်တယ်..။

အယ်ဖီ က သက်ပြင်းချလိုက်ပြီး

“သူမက တက်ရောက်သူ အဆင့်ကို ဒီလိုမျိုးရောက်သွားခဲ့တာကို ငါ တကယ် မယုံနိုင်သေးဘူး..။ အင်း.. တကယ်တော့ ယုံကြည်လို့ ရပါတယ်..။ ဒါပေမဲ့ ဒါက တကယ့်ကို အံ့ဩစရာပဲနော် .။နစ်ဖီ မှာ ငါ တို့ကို ပြန်ပြောပြဖို့ အရမ်းကို ရူးသွပ်စရာကောင်းတဲ့ ဇာတ်လမ်းတွေ ရှိနေမှာ အသေအချာပဲ..။ အဲ့ဒါက ငါတို့ ကြုံခဲ့ရတာတွေထက်တောင် ပိုပြီး မယုံနိုင်စရာ ကောင်းနေဦးမှာ..”

သူက ပုခုံးတွန့်လိုက်ပြီး အနည်းငယ် စပ်တဲ့အစားအစာ တစ်ဇွန်းကို ပါးစပ်ထဲ ထည့်လိုက်တယ်..။

မုဆိုးမလေးက သူ့ကို ခနလောက် စူးစမ်းကြည့်လိုက်ပြီးမှ ရုတ်တရက် ပြောလိုက်ပါတယ်..။

“နင့် ကို ကြည့်ရတာ.. ပထမဆုံးနဲ့ အရင်းနှီးဆုံး သူငယ်ချင်းကို ပြန်တွေ့ရတဲ့ သူ တစ်ယောက်နဲ့ မတူဘူး..။ နင့်ရဲ့ ပုံစံက သိပ်ပြီး ပျော်နေတဲ့ပုံ မပေါ်ဘူးနော်.. အရူးလေး..”

ဆန်နီ က သူမကို တစ်ချက် ကြည့်လိုက်တယ်..။

“ငါတို့က သူငယ်ချင်းတွေလို့ ဘယ်သူ ပြောလို့လဲ..”

အယ်ဖီ က နှာခေါင်းရှုံ့လိုက်ပါတယ်..။

“ငါ့ကို လာမလိမ်နဲ့ ဆန်နီ ..။ နင် နစ်ဖီ အပေါ် ဘယ်လို ခံစားချက်တွေ ရှိလဲဆိုတာ ငါ သိတယ်..။ ဘယ်လောက်အထိ ပြင်းထန်လဲဆိုတာလည်း ငါ သိတယ်..။နင် တကယ်ပဲ ဘာဖြစ်နေတာလဲ..”

သူ မျက်နှာပျက်သွားခဲ့တယ်..။

“လိမ်နေတာလား..။ ငါက ဘယ်လိုလုပ် လိမ်နိုင်မှာလဲ..”

ဆန်နီ မျက်လုံးတွေကို အောက်ချလိုက်ပြီး ခနလောက် တုံ့ဆိုင်းနေပြီးမှ တိုးတိုးလေး ပြောလိုက်ပါတယ်..။

“သန်မာချင်တယ်..။ ငါ သူမထက် ပိုပြီး သန်မာချင်ခဲ့တာ..။အဲလိုဖြစ်ဖို့လည်း ငါ တကယ်ကို.. တကယ်ကို ကြိုးစားခဲ့တာပါ..။ အမှန်အတိုင်း ပြောရရင် အဲ့ဒီ ကြိုးစားမှုတွေ အားလုံးက ဘာမှ မဟုတ်တော့ဘူး ဆိုတဲ့ အသိက ငါ့ကို တော်တော်လေး စိတ်တိုစေတယ်..”

မုဆိုးမလေးက သူ့ကို ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်..။

“အဲ့ဒါကြောင့် နင်က ဒုတိယ အိပ်မက်ဆိုး ကို စိန်ခေါ်ဖို့ အတွက် အလောတကြီး ဖြစ်နေခဲ့တာလား..”

သူ နောက်ကို မှီလိုက်ပြီး မျက်နှာလွှဲလိုက်ပါတယ်..။

“...အင်း..။ အဲ့ဒါက အဓိက အကြောင်းရင်း တစ်ခုပဲ..”

အယ်ဖီ က ခနလောက် ငြိမ်နေပြီးမှ ဖြည်းဖြည်းချင်း ခေါင်းခါလိုက်တယ်..။

“နားထောင် ဆန်နီ ..။ ငါ ဒါကို ပြောရတာ တကယ် စိတ်မကောင်းပေမဲ့.. နင်က ဘယ်တော့မှ နစ်ဖီ ထက် ပိုပြီး သန်မာလာမှာ မဟုတ်ဘူး..”

ဆန်နီ သူမကို စူးစူးဝါးဝါး ကြည့်လိုက်တယ်။သူ့မျက်လုံးထဲမှာ ဒေါသအရိပ်အယောင် တစ်ချို့ပေါ်လာခဲ့ပါတယ်။

“ဟုတ်လား..။ အဲ့ဒါက ဘာလို့လဲ..”

သူမ သက်ပြင်းချလိုက်တယ်..။

“တကယ်တော့ အဲ့ဒါက ရိုးရိုးလေးပါ..။ နင်တို့ နှစ်ယောက်လုံးက ထူးချွန်ကြတယ်.. ပါရမီ ရှိကြတယ်.. ပြီးတော့ ပြင်းထန်တဲ့ စိတ်ဓာတ်တွေ ရှိကြတယ်..။ နှစ်ယောက်လုံးက အံ့ဩစရာကောင်းလောက်အောင် သန်မာကြပါတယ်..။ ဒါပေမဲ့ ဆန်နီ ..။ နင် အဆင့်တွေ ဘယ်လောက်ပဲ မြန်မြန် တက်နေပါစေ.. အိပ်မက်ဆိုး သတ္တဝါ တွေကို ဘယ်လောက်ပဲ သတ်နိုင်ပါစေ.. ဝိဥာဉ် အပိုင်းအစတွေကို ဘယ်လောက်ပဲ စုပ်ယူနိုင်ပါစေ.. သူမက နင့် ထက် အမြဲတမ်း ရှေ့ရောက်နေလိမ့်မယ်..”

သူမက သူ့မျက်လုံးတွေကို တည့်တည့် စိုက်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်ပါတယ်..။

“ဘာလို့လဲဆိုတော့ သူမမှာက နင့်ဆီမှာ မရှိတဲ့ အရာတစ်ခု ရှိနေလို့ပဲ..။ နစ်ဖီ မှာက... ခိုင်မာတဲ့ ယုံကြည်ချက် ရှိတယ် ဆန်နီ ..။ နင့်မှာတော့ မရှိဘူး..။ အဲ့ဒီ အချက် မပြောင်းလဲသရွေ့တော့ မင်းက အမြဲတမ်း နောက်မှာပဲ ကျန်နေခဲ့မှာပါ..”

သူက သူမကို မကျေမနပ်နဲ့ စိုက်ကြည့်နေတုန်းမှာပဲ.. အယ်ဖီ က ရုတ်တရက် ပြုံးလိုက်ပြီး ပုခုံးတွန့်လိုက်ပါတယ်..။

“ဒါပေမဲ့... ဘယ်သူ ဂရုစိုက်မှာလဲ..။ ငါ့မှာဆို နင့်ထက်တောင် ယုံကြည်ချက် နည်းသေးတယ်.. ဒါပေမဲ့ ငါလည်း အဆင်ပြေနေတာပဲလေ..။ ဘယ်သူက အဲ့ဒါကို လိုအပ်လို့လဲ..။ ငါကတော့ အဲ့ဒီလို အရာမျိုးထက်စာရင် ဗိုက်ပြည့်နေတာကိုပဲ ပိုပြီး လိုချင်တယ် ”

အဲ့ဒီနောက်မှာတော့ သူမက ရယ်မောလိုက်ပြီး သူမရဲ့ အစားအသောက်တွေဆီကို ပြန်အာရုံစိုက်သွားခဲ့ပါတယ်..။ သူမက ဒီအကြောင်းအရာ ကို ထပ်ပြီး စိတ်မဝင်စားတော့တဲ့ အတိုင်းပါပဲ..။

သို့ပေမဲ့ ဆန်နီ ကတော့ ခနလောက် ငြိမ်သက်သွားခဲ့တယ်..။

သူ့ရဲ့ မျက်နှာပေါ်မှာတော့ လေးနက်တဲ့ အမူအရာတစ်ခု ပေါ်လာခဲ့ပါတယ်..။

ခနအကြာမှာတော့ သူ သက်ပြင်းချလိုက်ပြီး တိတ်ဆိတ်စွာပဲ သူ့ရဲ့ အစားအသောက် တွေကို ဆက်လက် စားလိုက်ပါတော့တယ်..။

' ယုံကြည်ချက်... ယုံကြည်ချက် တဲ့လား... ဘယ်သူက အဲ့ဒါကို လိုအပ်မှာလဲ.. ချီးတဲ့မှပဲ...'

အပိုင်း ( ၇၆၇ ) ပြီး၏။

အပိုင်း ( ၇၆၈ ) မှောင်မိုက်တဲ့ ကမ်းခြေ

နောက်ဆုံးမှာတော့.. နစ်ဖီ အိပ်ပျော်နေတဲ့ အခန်းထဲကို သူတို့ လေးယောက်လုံး ဖိတ်ကြားခံလိုက်ရပါတယ်..။ ဒီတစ်ကြိမ်မှာတော့ သူမ က အိပ်စက်ခြင်း သေတ္တာ ထဲမှာ မဟုတ်တော့ပဲ ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေခဲ့တာပါ..။

အကယ်ဒမီ အုပ်ချုပ်ရေးမှူးတွေက နောက်ထပ် ပျက်စီးမှုတွေ ထပ်မဖြစ်စေချင်တာကြောင့်.. ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ အဖွဲ့ဝင်တွေကို အကူအညီတောင်းတာက ယုတ္တိရှိတဲ့ ခြေလှမ်းတစ်ခု ပါပဲ..။

သူမ နိုးလာတဲ့အချိန်မှာ ရင်းနှီးတဲ့ မျက်နှာတွေကို အရင်ဆုံး မြင်တွေ့ရတာက သူမကို စိတ်အေးသွားစေနိုင်ပါတယ်..။ တကယ်လို့ သူမရဲ့စိတ်တွေက ပုံမှန်မဟုတ်ခဲ့ဘူး ဆိုရင်တောင်မှ.. မာစတာ လေးယောက် အနားမှာ ရှိနေတာက မမျှော်လင့်ထားတဲ့ ရှုပ်ထွေးမှုတွေကို ကိုင်တွယ်ဖို့ လုံလောက်ပါလိမ့်မယ်..။

အနည်းဆုံးတော့ ဖြစ်နိုင်ခြေ ရှိတာပေါ့...

ဆန်နီ ဟာ အခန်းထောင့်မှာ ရပ်ရင်း နစ်ဖီ ကို လေးနက်တဲ့ အမူအရာနဲ့ စိုက်ကြည့်နေခဲ့တယ်..။ သူမရဲ့ ဖြူဖျော့တဲ့ မျက်နှာနဲ့ ငွေရောင် ဆံနွယ်တွေ..။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သူမကို အိပ်စက်ခြင်း သေတ္တာ ရဲ့ ကြည်လင်တဲ့ အဖုံးတွေကနေ တစ်ဆင့် မှိန်ပြပြ အလင်းရောင်တွေကြားကနေပဲ မကြာခန မြင်တွေ့ခဲ့ရတာပါ..။ အခုတော့ သူမက အပြင်ကို ရောက်လာပြီး အစစ်အမှန် ကမ္ဘာကြီးထဲကို ပြန်ရောက်လာပြီ ဖြစ်တာကြောင့်.. ပြောင်းလဲနေတဲ့ ကြယ်ပွင့် ဟာ ပိုပြီးတော့...အသက်ဝင် လာသလိုပါပဲ..။ ပြီးတော့ ထူးဆန်းစွာပဲ အားနည်းလွယ်တဲ့ ပုံစံမျိုး ပေါက်နေခဲ့တယ်..။

သူမ တကယ် ပြန်ရောက်လာခဲ့ပါပြီ..။

သူ သက်ပြင်းချလိုက်တယ်..။

ကတ်စီ က ကုတင်ဘေးက ကုလားထိုင်မှာ ထိုင်နေပြီး.. အယ်ဖီ နဲ့ ကိုင် တို့ကတော့ ဆိုဖာပေါ်မှာ နားနေကြပါတယ်..။ နစ်ဖီ ဘယ်အချိန်မှာ နိုးလာမလဲဆိုတာ ဘယ်သူမှ မသိကြသလို.. သူတို့ စောင့်နေတာကလည်း နာရီအနည်းငယ် ရှိနေခဲ့ပါပြီ..။ ဘယ်သူမှ တိုင်ပင်မထားကြပေမဲ့ လေးယောက်လုံး တိတ်တိတ်ဆိတ်ဆိတ် နေဖို့သာ ဆုံးဖြတ်ထားကြတာကြောင့်.. အခုချိန်မှာတော့ အတော်လေးကို ပျင်းဖို့ ကောင်းနေခဲ့တယ်..။

တစ်ဖက်မှာတော့ ဆန်နီ ဟာ တစ်ကိုယ်လုံး တောင့်တန်းလာနေသလို ခံစားနေခဲ့ရပါတယ်။

သူ့ရဲ့ ပါးစပ် ကြွက်သားတွေက တုန်ခါသွားခဲ့တယ်..။

'ဒီလို စောင့်ဆိုင်းနေရတာက ငါ့ကို သတ်နေသလိုပဲ..။ ဒါက တကယ့် ညှဉ်းပန်းနှိပ်စက်မှုပဲ..'

နစ်ဖီ အနေနဲ့ သူ့အပေါ်မှာ ရှိတဲ့ သူမရဲ့ အာဏာကို အလွဲသုံးစားလုပ်လိမ့်မယ်လို့ သူ မထင်ပေမဲ့.. အဆိုးဆုံးအတွက် ပြင်ဆင်ထားတာက ပိုကောင်းမှာပါ..။ဒီ အကြောင်းပြချက်ကြောင့်ပဲ ဆန်နီ ဟာ သခင်တစ်ယောက် အနေနဲ့ သူမရဲ့လုပ်ပိုင်ခွင့်တွေကို အားနည်းသွားအောင် လုပ်နိုင်မယ့် နည်းလမ်းတွေကို သူ့စိတ်ထဲမှာ အကြိမ်ကြိမ် ပြန်လည် စဥ်းစားနေခဲ့တာပါ..။

နည်းလမ်းတွေကတော့ အမြဲတမ်း ရှိနေမှာပါပဲ..။ လက်မခံချင်တဲ့ ကျွန်တစ်ယောက်ကို ပိုင်ဆိုင်ဖို့ဆိုတာက လွယ်ကူတဲ့ အလုပ်တစ်ခု မဟုတ်ပါဘူး.။ အထူးသဖြင့် ဆန်နီ လို အစွမ်းထက်ပြီး အကြံအဖန် များတဲ့သူမျိုးကိုပေါ့..။

ဒါကြောင့်ပဲ သူ့အနေနဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက မှန်သားရဲ ကို ကျွန်တစ်ယောက် အဖြစ်မသိမ်းသွင်းပဲ သတ်ပစ်ဖို့အတွက်ပဲ ရွေးချယ်ခဲ့တာပါ။

ဒါတောင်မှ ဆန်နီ အနေနဲ့ ကြောက်ရွံ့မှု အနည်းငယ်ကိုတော့ မဖုံးကွယ်နိုင်ခဲ့ပါဘူး..။

...ခနအကြာမှာတော့ သူ ခေါင်းခါလိုက်ပြီး အနည်းငယ် လှုပ်ရှားလိုက်တယ်..။ အဲ့ဒီနောက် မှာတော့ ဘယ်သူမှ သတိမထားမိခင်မှာပဲ ဆန်နီ ဟာ အရိပ်တွေနဲ့အတူ တိတ်တဆိတ် ပေါင်းစပ်သွားခဲ့ပါတယ်..။

သူက မှောင်မိုက်တဲ့ အရိပ်တွေကြားမှာ ပုန်းအောင်းရင်း ခနလောက် တုံ့ဆိုင်းနေပြီးမှ အိပ်မက်ဆိုး ကို ဆင့်ခေါ်လိုက်တယ်..။ သူ့အနားမှာ ကြီးမားတဲ့ အရိပ်တစ်ခု ပေါ်လာခဲ့ပြီး သူ့ပတ်ပတ်လည်ကို ဝန်းရံသွားခဲ့ပါတယ်..။ ဒါကတော့ ပုံသဏ္ဍာန် မရှိတဲ့ အနက်ရောင် စစ်မြင်းကြီးရဲ့ အစစ်အမှန်ပုံစံပါ။

ဆန်နီ ဟာ ကြီးမားတဲ့ အရိပ်ရဲ့ ဝါးမြိုမှုကို ခံယူလိုက်ပြီး တိတ်ဆိတ်စွာ အမိန့်တစ်ခု ပေးလိုက်ပါတယ်..။ နောက်ထပ် ဖြစ်ပျက်လာတဲ့ အရာကတော့... ဖော်ပြဖို့ ခက်ခဲလှပါတယ်..။

အရင်က သူ ဒါမျိုးကို အနည်းငယ်လောက်ပဲ လုပ်ခဲ့ဖူးတာပါ..။ အကြိမ်တိုင်းမှာလည်း ထူးဆန်းနေခဲ့တာ ချည်းပါပဲ..။ ဒါက အိပ်မက်ကမ္ဘာ ထဲကို သွားရသလိုမျိုး ဆိုပေမဲ့ ကွဲပြားတဲ့ အချက်တွေလည်း ရှိနေပါသေးတယ်..။

စောင့်နေရတာ ပျင်းဖို့ကောင်းတာကြောင့် ဆန်နီ ဟာ နစ်ဖီ ရဲ့ အိပ်မက်တွေထဲကို ခရီးသွားဖို့ ဆုံးဖြတ်လိုက်တာပါ..။ စိုးရိမ်ပူပန်မှုတွေနဲ့ စောင့်ဆိုင်းနေရတာကို အချိန်ဆွဲနေဖို့လည်း အကြောင်းမရှိတော့ပါဘူး..။ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ စိတ်က ပုံမှန်အတိုင်း ရှိနေသေးလားဆိုတာကို သူ သိအောင် လုပ်ရပါလိမ့်မယ်..။ သူမက သူမကိုယ်တိုင်အဖြစ် ရှိနေသေးရဲ့လားဆိုတာ သူ သိဖို့ လိုအပ်ပါတယ်..။

မကြာခင်မှာပဲ ဆန်နီ ဟာ မှောင်မိုက်တဲ့ ကမ်းခြေတစ်ခုပေါ်ကို ရောက်ရှိသွားခဲ့တယ်..။

သူ့ရဲ့ အောက်မှာတော့ ဒေါသတကြီးတဲ့ လှိုင်းလုံးတွေက အဝေးက ကျောက်ဆောင်တွေကို ရိုက်ခတ်နေခဲ့ပါတယ်.။ အဝေးတစ်နေရာမှာတော့ မြင့်မားပြီး လှပတဲ့ မီးပြတိုက်တစ်ခု ရှိနေပြီး.. အဲ့ဒီက တောက်ပတဲ့ မီးလျှံတွေက အကြွင်းမဲ့ အမှောင်ထုကို လင်းထိန်နေစေခဲ့တယ်..။

ဆန်နီ မီးပြတိုက်ကို ခနလောက် စောင့်ကြည့်နေပြီးမှ အိပ်မက်ဆိုး ကို တောင်ကုန်းရဲ့ အစွန်းနားအတိုင်း လျှောက်သွားဖို့ ခိုင်းစေလိုက်ပါတယ်..။ သူကတော့ မြင်းကုန်းနှီးပေါ်မှာ ထိုင်ရင်း အနက်ရောင် မြင်းကြီးကို စီးကာ ပတ်ဝန်းကျင်ကို သိပ်ပြီး မကြည့်မိအောင် ကြိုးစားနေခဲ့တယ်..။

အိပ်မက်တွေဆိုတာက ထူးဆန်းတဲ့ နေရာတွေပါ..။ အဲ့ဒီနေရာတွေက တကယ့် ကမ္ဘာကြီးရဲ့ ယုတ္တိတွေကို လက်မခံကြသလို အမြဲတမ်းလည်း စီးဆင်း ပြောင်းလဲနေကြပါသေးတယ်..။ အိပ်မက်မက်သူက ပိုပြီး အစွမ်းထက်လေလေ သူတို့ရဲ့ အိပ်မက်တွေက ပိုပြီး ခိုင်မာလေလေပါပဲ..။

အိပ်မက်ဆိုး နဲ့ ဆန်နီ လိုမျိုး အိပ်မက်တွေထဲ လှည့်လည်သွားလာသူတွေအတွက်လည်း ဒါက အန္တရာယ် များပါတယ်..။ အိပ်မက်ထဲက ခြိမ်းခြောက်မှုတွေက အစစ်အမှန် မဟုတ်ပေမဲ့.. အသိစိတ်ရဲ့ နက်ရှိုင်းတဲ့ နေရာကို ကျူးကျော်ဝင်ရောက်လာသူတွေအနေနဲ့ အဲဒီ ခြိမ်းခြောက်မှုတွေကို အစစ်အမှန်လိုမျိုးပဲ သဘောထား ကိုင်တွယ်ရမှာပါ..။

ဒါကြောင့်ပဲ အိပ်မက်ဆိုး က သူ့ရဲ့ ခရီးစဉ်တွေက ပြန်လာတိုင်း ဒဏ်ရာတွေ ပါလာတတ်ပါတယ်..။ တကယ်လို့ တက်ရောက်သူ တစ်ယောက်က အစွမ်းထက်တဲ့ မိစ္ဆာတစ်ကောင်အကြောင်း အိပ်မက်မက်နေမယ်ဆိုရင်.. အနက်ရောင် စစ်မြင်းကြီးအနေနဲ့ အဲ့ဒီ မိစ္ဆာကို အစစ်အမှန်လိုမျိုးပဲ တိုက်ခိုက်ရပါလိမ့်မယ်..။ ဒါပေမဲ့ ကြောက်စရာကောင်းတဲ့ မိစ္ဆာတွေက တင် အန္တရာယ် ရှိတာ မဟုတ်ပါဘူး..။ သူတို့ရဲ့ ပြိုင်ဘက်တွေက အိပ်မက်ထဲကနေ ခွန်အားတွေ ရရှိထားတာကြောင့် သူတို့ရဲ့ ခွန်အားက အိပ်မက်မက်သူရဲ့ ခွန်အားပေါ်မှာပဲ မူတည်နေကြပါတယ်။.. သူတို့ရဲ့ ပုံသဏ္ဍာန်က တွေက သိပ်ပြီး အရေးမကြီးပါဘူး..။

နစ်ဖီ က... အရမ်းကို သန်မာတဲ့ သူ တစ်ယောက်ပါ..။ ဒါကြောင့် သူမရဲ့ အိပ်မက်ဆိုးတွေက တုန်လှုပ်ချောက်ခြားစရာ ကောင်းနေမှာ အသေအချာပါပဲ..။

မကြာခင်မှာပဲ သူတို့ ပတ်ဝန်းကျင်က မြင်ကွင်းတွေဟာ ပြောင်းလဲသွားခဲ့တယ်..။ မှောင်မိုက်တဲ့ ကမ်းခြေနဲ့ မီးပြတိုက်က ပျောက်ကွယ်သွားပြီး.. အဲ့ဒီအစား ပျက်စီးနေတဲ့ မြို့ကြီးတစ်မြို့ရဲ့ လမ်းမတွေက ဘယ်ကမှန်းမသိ ပေါ်လာခဲ့ပါတယ်..။ စိုးရိမ်စိတ် အနည်းငယ်နဲ့အတူပဲ ဆန်နီ ဟာ အမှောင်မြို့တော် ရဲ့ ကျောက်တုံး အဆောက်အဦးတွေရဲ့ ရင်းနှီးတဲ့ ပုံသဏ္ဍာန်တွေကို မှတ်မိသွားခဲ့တယ်..။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီ အဆောက်အဦးတွေက မြောက်ပိုင်း စတုတ္ထ ဝန်းရံခြင်း မြို့တော်ရဲ့ သတ္တု တာဝါတိုင်တွေလည်း ဖြစ်နေခဲ့ပြန်ပါတယ်..။ အဆောက်အဦးတွေရဲ့ အပြင်ဘက် မျက်နှာစာတွေက ပျက်စီးနေပြီး အက်ကြောင်းတွေကြားကနေ မီးခိုးတွေနဲ့ မီးလျှံတွေ ထွက်ပေါ်နေခဲ့ပါတယ်..။

ကျယ်ပြန့်တဲ့ လမ်းမကြီးပေါ်မှာတော့ လောင်ကျွမ်းနေတဲ့ အပျက်အစီးတွေနဲ့ ပြန့်ကျဲနေပြီး.. အဝေးတစ်နေရာမှာ ဇိမ်ခံ PTV ကားတစ်စီးက တိမ်းမှောက်နေခဲ့ပါတယ်..။ အဲဒီ ကားရဲ့ သံချပ်ကာ ကိုယ်ထည်က ကောက်ကွေးနေပြီး အပေါက်တွေနဲ့ ပြည့်နှက်နေခဲ့တယ်..။သွေးတွေက..ကွဲအက်နေတဲ့ မှန်ပြတင်းပေါက်တွေကနေ အရည်ပျော်နေတဲ့ ကတ္တရာလမ်းပေါ်ကို စီးကျနေခဲ့ပါတယ်..။

ဆန်နီ ဟာ PTV ကားဆီကို ဖြည်းဖြည်းချင်း ချဉ်းကပ်သွားပြီး အိပ်မက်ဆိုး ရဲ့ ကျောပေါ်ကနေ ခုန်ဆင်းလိုက်ပါတယ်..။ ခနလောက် တုံ့ဆိုင်းနေပြီးမှ သူက ခန္ဓာကိုယ်ကို ကိုင်းလိုက်ပြီး ကားအတွင်းခန်းထဲကို ငုံ့ကြည့်လိုက်တယ်..။

အတွင်းထဲမှာတော့ သာမန်အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ အလောင်း အနည်းငယ် ရှိနေခဲ့ပါတယ်..။ အဆိုးဆုံးကတော့ ဒီလူတွေမှာ မျက်နှာတွေ မရှိကြတော့ဘဲ ချောမွေ့နေတဲ့ အရုပ် တွေနဲ့ တူနေခဲ့တာပါပဲ..။ ဒါပေမဲ့ သူတို့ရဲ့ အသားတွေကတော့ တကယ့်ကို အစစ်အမှန် ဖြစ်နေခဲ့တယ်။.. ပြီးတော့ အတော်လေးကြောက်စရာကောင်းလောက်အောင် ပျက်စီးနေခဲ့ကြပါတယ်။

သူ မျက်မှောင်ကျုတ်လိုက်ပြီး မျက်နှာလွှဲကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်တယ်..။ လောင်ကျွမ်းနေတဲ့ PTV ကားကနေ အဝေးတစ်နေရာကို ဦးတည်နေတဲ့ သွေးခြေရာတစ်ခုကို တွေ့ဖို့အတွက် သူ သိပ်ပြီး အချိန်မပေးလိုက်ရပါဘူး..။

ဆန်နီ ဟာ အိပ်မက်ဆိုး ကို ထားခဲ့ပြီး အဲ့ဒီ သွေးခြေရာနောက်ကို လိုက်သွားခဲ့တယ်..။

သူက လမ်းမကို ဖြတ်ကူးပြီး စီးပွားရေး တာဝါတိုင်ကြီးရဲ့ နံရံ အပေါက်ကြီးကတစ်ဆင့် ခန်းမထဲကို ဝင်လိုက်ပါတယ်..။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါမှာတော့ ဒီခန်းမက အရင်တုန်းက ပထမအရှင်သခင် ရဲ့ ရုပ်ကြွင်းတွေကို ရှာဖွေခဲ့စဥ်မှာ သူတို့ ဖြတ်ကျော်ခဲ့ဖူးတဲ့ မှောင်မိုက်နေတဲ့ မြစ်ကမ်းပါးနဲ့ ထူးဆန်းစွာ တူနေတာကို သတိထားမိလိုက်ပါတယ်..။

တိတ်ဆိတ်တဲ့ အသံတွေနဲ့ ပြည့်နှက်နေတဲ့ အဖြူရောင် မြူခိုးတွေက ရေပြင်ပေါ်မှာ ဝေ့ဝဲနေခဲ့ကြတယ်..။

ဒီနေရာနဲ့ မလိုက်ဖက်တာက တစ်ခုပဲ ရှိနေခဲ့တယ် ။အဲ့ဒါကတော့ အရိပ်တွေကြားမှာ နစ်မြောနေတဲ့ သူ့အနားက ကြီးမားတဲ့ ဧည့်ကြို ကောင်တာကြီးပါပဲ..။

ဆန်နီ ဟာ ကောင်တာဆီကို ဖြည်းဖြည်းချင်း လျှောက်သွားပြီး တစ်ဖက်ကို ပတ်ကြည့်လိုက်တယ်..။

ကောင်တာရဲ့ နောက်ဘက်မှာတော့.. ငွေရောင် ဆံနွယ်တွေနဲ့ အမျိုးသမီးငယ်တစ်ဦးက ကောင်တာကို ကျောမှီရင်း မြေပြင်ပေါ်မှာ ထိုင်နေခဲ့ပါတယ်..။ သူမရဲ့ မျက်နှာက ဖြူဖျော့ပြီး မောပန်းနေသလို..

သူမရဲ့ ထင်ရှားလှတဲ့ မီးခိုးရောင် မျက်လုံးတွေထဲမှာလည်းအလင်းရောင်တွေ လုံးဝ မရှိတော့ပါဘူး..။ သူမက သာမန် အဝတ်အစားတွေကိုသာ ဝတ်ဆင်ထားပြီး အဲ့ဒီ အဝတ်တွေကလည်း သွေးတွေနဲ့ စွန်းထင်းနေခဲ့ပါတယ်..။

ဆန်နီ သက်ပြင်းချလိုက်ပြီး လှမ်းခေါ်လိုက်တယ်..။

“ဟေး.. နစ်ဖီ ”

အမျိုးသမီးငယ်လေးက ဖြည်းဖြည်းချင်း မော့ကြည့်လာပြီးမှ... ပြုံးပြလာခဲ့ပါတယ်..။

“ဟေး.. ဆန်နီ ”

အပိုင်း ( ၇၆၈ ) ပြီး၏။

All Chapters