← Chapters

အခန်း (၇၆၉-၇၇၁)

Vol. 52 Ch. 769-771

အခန်း (၇၆၉-၇၇၁)

Vol. 52 Ch. 769-771

အပိုင်း ( ၇၆၉ ) ဖြစ်နိုင်ခြေ

လှပတဲ့ အပြုံးတစ်ခုက နစ်ဖီ ရဲ့ မျက်နှာထက်မှာ ပေါ်ပေါက်လာခဲ့တာကြောင့်.. သူမကို ပုံမှန်ထက် ငယ်ရွယ်ပြီး နူးညံ့တဲ့ ပုံစံမျိုး ပေါက်သွားစေပါတယ်..။ သူတို့ သိကျွမ်းခဲ့တဲ့ အချိန်တစ်လျှောက်လုံးမှာ ဆန်နီ အနေနဲ့ သူမ ပြုံးတာကို အကြိမ် အနည်းငယ်လောက်ပဲ မြင်ခဲ့ဖူးတာပါ..။ သူမ ပြုံးပြတဲ့ အကြိမ်တိုင်းမှာလည်း သူ့ရဲ့ ရင်ထဲမှာ နောင်တ အချို့က ဖြတ်ပြေးသွားတတ်စမြဲပါပဲ..။ ဒီလောက်အထိ တောက်ပတဲ့ အပြုံးမျိုးက ရှားရှားပါးပါးမှ ပေါ်လာတတ်တာက နှမြောဖို့ ကောင်းလှပါတယ်..။

ဖြစ်နိုင်တာကတော့.. အိပ်မက်တွေထဲမှာဆိုရင် ပြောင်းလဲနေတဲ့ ကြယ်ပွင့် ဟာ အဲ့ဒီအပြုံးကို ပိုပြီး မကြာခဏ ထုတ်ပြခွင့်ပေးထားပုံရတယ်..။

သူမ ပုန်းခိုရာအဖြစ် အသုံးပြုနေတဲ့ ဧည့်ကြိုကောင်တာကို ကြည့်ရင်း.. သူက အသံကို တည်ငြိမ်အောင် ထိန်းကာ မေးလိုက်ပါတယ်..။

“နင် ဒီမှာ ဘာလုပ်နေတာလဲ..”

နစ်ဖီ က ခနလောက် တုံ့ဆိုင်းနေပြီးမှ အောက်ကို ငုံ့ကြည့်လိုက်တယ်..။

“...ပုန်းနေတာ..”

ဆန်နီ မျက်ခုံးတစ်ချက် ပင့်လိုက်မိတယ်..။

“ဘယ်အရာတွေဆီကလဲ..”

သူမက မြေပြင်ကိုပဲ စိုက်ကြည့်နေဆဲဖြစ်ပြီး သူမရဲ့ အသံက တိုးညှင်းသွားခဲ့ပါတယ်..။

“လူဆိုးတွေဆီက..”

သူ သက်ပြင်းချလိုက်မိတယ်..။

ဒီအိပ်မက်ဆိုးကို ဖြစ်ပေါ်စေတဲ့ မှတ်ဥာဏ် ကနစ်ဖီ ရဲ့ ငယ်ဘဝက အကြောင်းအရာတစ်ခု ကို အခြေခံထားပုံရပါတယ်..။ သူမ ကလေးဘဝတုန်းက ဒီလိုမျိုး တစ်ခုခု ဖြစ်ခဲ့ဖူးပုံပါပဲ..။ ဒါကြောင့် ပြောင်းလဲနေတဲ့ ကြယ်ပွင့် ဟာ အရွယ်ရောက်ပြီးသား ပုံစံမျိုး ဖြစ်နေပေမဲ့.. တစ်ချိန်တည်းမှာပဲ သူမက ကလေးတစ်ယောက်လည်း ဖြစ်နေခဲ့ပြန်ပါတယ်..။ ဒါကြောင့်ပဲ သူမအနေနဲ့ ဆန်နီ နဲ့ တွေ့ဆုံခဲ့တာတွေ ၊ သိကျွမ်းခဲ့တာတွေကို မှတ်မိနေဖို့ မလိုအပ်ပေမဲ့.. သူမကတော့ မှတ်မိနေခဲ့တယ်..။

အိပ်မက်တွေက အဲ့ဒီလိုမျိုး ထူးဆန်းတတ်တာပါပဲ..။ တကယ့်လက်တွေ့မှာ အတူတူရှိမနေနိုင်တဲ့ အရာတွေကို ပေါင်းစပ်ပြီး ဆန့်ကျင်ဘက် အခြေအနေအားလုံးဟာ အိပ်မက်ထဲမှာ တည်ရှိနေနိုင်ပါတယ်..။

ဆန်နီ က မြေပြင်ပေါ်ကို ကိုယ်ကိုနှိမ့်ချလိုက်ပြီး နစ်ဖီ ရဲ့ ဘေးမှာ ဝင်ထိုင်လိုက်ကာ သူမနဲ့အတူ ကောင်တာကို ကျောမှီလိုက်ပါတယ်..။ သူက ခနလောက် တိတ်ဆိတ်နေပြီးမှ အားပေးတဲ့ အပြုံးတစ်ခုနဲ့ ပြောလိုက်တယ်..။

“ကောင်းပြီလေ.. မကြောက်ပါနဲ့..။ ငါလည်း နင်နဲ့အတူ ဒီမှာ ပုန်းပေးမယ်..။ ငါက ပုန်းတဲ့နေရာမှာ တော်တယ်လေ သိတယ်မလား..။ တကယ်လို့ လူဆိုးတွေ လာခဲ့ရင်တောင် သူတို့ ငါတို့ကို လုံးဝ မြင်မှာ မဟုတ်ဘူး..”

နစ်ဖီ က ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်ပါတယ်..။

“ငါ မသိဘူး...”

ဆန်နီ က လက်ပိုက်လိုက်ပြီး..

“တကယ်လို့ သူတို့ ငါတို့ကို မြင်သွားခဲ့ရင်တောင်.. ငါ သူတို့ကို ကိုင်တွယ်လိုက်မယ်..။ ငါက ကိစ္စတွေကို ဖြေရှင်းတဲ့ နေရာမှာလည်း တော်တော်လေး ကျွမ်းကျင်တာပဲ မဟုတ်လား..”

သူမက အတော်ကြာအောင် မလှုပ်မယှက် နေနေပြီးမှ ရုတ်တရက် ပြောလိုက်ပါတယ်..။

“ဒါက အိပ်မက်တစ်ခု မဟုတ်ဘူးလား..”

သူ ထိပ်လန့်လုနီးပါး ဖြစ်သွားပြီးမှ ဆဲဆိုမိမယ့်အသံကို အတင်းအကျပ် ထိန်းချုပ်လိုက်ရတယ်..။ အဲ့ဒီမေးခွန်းက... တကယ့်ကို အံ့ဩတုန်လှုပ်စရာပါပဲ..။

ကောင်းပြီလေ.. သူက ဘာကို မျှော်လင့်နေတာလဲ..။ဘာပံဲဖြစ်ဖြစ် ဒါက နစ်ဖီ ပါ..။ သူမရဲ့ ပထမဆုံး အိပ်မက်ဆိုး က နိုးထမူအဆင့် တယ်ရာ ကတောင်မှ သူမကို အိပ်မက်ထဲမှာ ပိတ်လှောင်ထားဖို့ ရှုံးနိမ့်ခဲ့ပါတယ်။

ဆန်နီ က စိတ်ကို ပြန်ထိန်းလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်တယ်..။ နစ်ဖီ က သက်ပြင်းချလိုက်ပါတယ်..။

“ဒါက လက်တွေ့ဖြစ်ဖို့အတွက် အရမ်းကို ကောင်းလွန်းနေတယ်..။ ထူးဆန်းတယ်နော်... ငါ အိပ်မက်မမက်တာ အကြာကြီး ရှိနေပြီ..”

ဖြည်းဖြည်းချင်းပဲ.. သူတို့ကြားက နေရာလွတ်က ပြောင်းလဲလာခဲ့ပါတယ်..။ အရာအားလုံးက စီးဆင်းသွားပြီး တခြားအရာတစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့တယ်..။ အမှောင်ထုဟာ တောက်လောင်နေတဲ့ နေမင်းကြီးရဲ့ အလင်းရောင်ကြောင့် လွင့်စင်သွားခဲ့ပါတယ်..။ အေးစက်တဲ့ ရေပြင်တွေက ဆုတ်ခွာသွားပြီး.. ဖြူဖွေးတဲ့ သဲသောင်ပြင်အဖြစ် နေရာယူလာခဲ့တယ်..။ သူတို့ရဲ့ အထက်မှာတော့ အဆုံးမရှိတဲ့ အပြာရောင် ကောင်းကင်ကြီး ရှိနေခဲ့ပါတယ်..။ ဆန်နီ ရဲ့ အရေပြားတွေဟာ ခံနိုင်ရည်မရှိလောက်တဲ့ အပူရှိန်ကို ခံစားလိုက်ရတယ်..။

စက္ကန့်အနည်းငယ်အကြာမှာတော့ သူတို့ဟာ ကျယ်ပြော ပူပြင်းတဲ့ သဲကန္တာရကြီးရဲ့ ဝန်းရံခြင်းကို ခံလိုက်ရပါတော့တယ်..။

ခေတ်မီတဲ့ ကောင်တာအစား.. သူတို့ရဲ့ ကျောပြင်တွေက မြင့်မားတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ ပင်စည်ကို မှီထားမိနေခဲ့တယ်..။သစ်ပင်ရဲ့ အခေါက်တွေက ဖြူဖွေးနေပြီး အရွက်တွေကတော့ သွေးလို နီရဲနေခဲ့ပါတယ်..။ လှပတဲ့ သစ်ကိုင်းတွေပေါ်မှာတော့ အနက်ရောင် ပိုးချည်မျှင်တွေနဲ့ ချည်နှောင်ထားတဲ့ ဦးခေါင်းခွံ ပေါင်းသောင်းချီပြီး တွဲလောင်းကျနေခဲ့ကြတယ်..။

ဒီထက် ပိုပြီး ထိတ်လန့်စရာ ကောင်းတာကတော့.. သစ်ပင်မှာ သံမှိုနဲ့ ရိုက်နှက်ခံထားရတဲ့ လူသားပုံသဏ္ဍာန် နှစ်ခုပါပဲ..။ သူတို့က အကျဉ်းသားတွေလို တွဲလောင်းကျနေခဲ့ကြတယ်..။ တစ်ယောက်ကတော့ အနက်ရောင် အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦး ဖြစ်ပြီး.. နောက်တစ်ယောက်ကတော့ ငွေရောင် တောက်ပတဲ့ ဆံနွယ်တွေနဲ့ အဖြူရောင် အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦး ပါ..။ သူတို့ ထိုင်နေတဲ့ နေရာကနေ ကြည့်ရင် ဆန်နီ အနေနဲ့ သူတို့ရဲ့ မျက်နှာတွေကို မမြင်ရပါဘူး..။

...အဲ့ဒါက အကောင်းဆုံးလည်း ဖြစ်နိုင်တာပါပဲ..။

သူ ပါးစပ်ဟလိုက်ပေမဲ့.. ဘာပြောရမှန်း မသိတာကြောင့် ခနလောက် ငြိမ်သွားခဲ့တယ်..။

အရာအားလုံးက များပြားလွန်းနေခဲ့တယ်..။သူ့မှာ သူမကို ပြောပြချင်တာတွေလည်း အများကြီးရှိသလို.. သူမကို မေးချင်တာတွေလည်း အများကြီးပါပဲ..။ သူတို့ရဲ့ အနာဂတ် ၊ ကြီးမြတ်တဲ့ ကလန်တွေ ၊ အုပ်စိုးသူများ နဲ့ ပတ်သက်တဲ့ ဆွေးနွေးစရာ ကိစ္စတွေ အများကြီး ရှိနေခဲ့တယ်..။ သူတို့ရဲ့ အတိတ် ၊ သူတို့ ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေ ၊ ကျူးလွန်ခဲ့မိတဲ့ အမှားတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးဖို့ လိုအပ်ပါတယ်..။

အဲ့ဒီမှာ သူ့ရဲ့ ခံစားချက်တွေလည်း ရှိနေခဲ့တာပါ..။ သူ့ရဲ့ မကျေနပ်မှု ၊ သူ့ရဲ့ ဒေါသ ၊ သူ့ရဲ့ နာကျင်မှု ၊ သူ့ရဲ့ ပျော်ရွှင်မှုနဲ့ သူ့ရဲ့ အားရကျေနပ်မှုတွေ..။

သူမရဲ့ ခံစားချက်တွေလည်း ရှိနေဦးမှာပါပဲ...

ဒီအရာအားလုံးက အရမ်းကို ကြီးမားလွန်းနေခဲ့တယ်..။ ဆန်နီ ဟာ သူတို့ ပထမဆုံး တွေ့ခဲ့တုန်းကထက် အခုဆိုရင် အများကြီး ပိုပြီး ရင့်ကျက်လာခဲ့ပါပြီ..။ သုံးနှစ်ပဲ ကွာခြားခဲ့တာ ဆိုပေမဲ့.. ဒီ နှစ်တွေထဲမှာ သူ သင်ယူခဲ့ရတဲ့ ခါးသီးတဲ့ သင်ခန်းစာတွေက တစ်သက်စာလောက် ရှိနေခဲ့ပါတယ်..။ သူက ရှုပ်ထွေးတဲ့ ခံစားချက်တွေကို ကိုင်တွယ်ရာမှာ ဘယ်တုန်းကမှ မတော်ခဲ့ပေ။ အဲ့ဒီဘက်မှာ တိုးတက်မှုအချို့ ရှိလာပြီ ဆိုပေမဲ့လည်း ဆန်နီ ဟာ ဒီလို ကိစ္စတွေမှာ ကျွမ်းကျင်ဖို့ လိုပါသေးတယ်..။

ဒါဆို သူက ဘာပြောရမှာလဲ..။

သူ အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပါတယ်..။ နောက်ဆုံးမှာတော့ သူ သူမကို ကြည့်ပြီး သူ့စိတ်ထဲ ပေါ်လာတဲ့ တစ်ခုတည်းသော အရာကို ပြောလိုက်ပါတယ်..။

အမှန်ကန်ဆုံး ခံစားချက်တစ်ခုပေါ့..။

“ငါ နင့်ကို လွမ်းနေခဲ့တာ..”

နစ်ဖီ က ပြုံးလိုက်ပြီး သူ့ကို ပြန်ကြည့်လာခဲ့ပါတယ်..။

“...ငါလည်း နင့်ကို လွမ်းနေခဲ့တာပါ..”

ဆန်နီ ဟာ သက်ပြင်းအကြီးကြီး တစ်ချက် ချလိုက်မိပြီး ထူးဆန်းတဲ့ စိတ်သက်သာရာရမှုတွေနဲ့အတူ ကိုယ်ကို လျှော့ချလိုက်တယ်..။

ဒါပေမဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ.. သူ့ရဲ့ မျက်နှာက နက်မှောင်ပြီး ကြည့်ရဆိုးသွားခဲ့ပါတယ်..။

သူ့ရဲ့ အံကို ကြိတ်ပြီး.. သူမကို စူးစိုက်ကြည့်ကာ ပြောလိုက်တယ်..။

“နင် ငါ့ကို တကယ် လွမ်းနေခဲ့တယ် ဆိုရင်... ဘယ်လိုငရဲကို သွားမှာမို့လို့ ငါ့ကို ထားခဲ့ရတာလဲ.."

နစ်ဖီ ရဲ့ အပြုံးက ဖြည်းဖြည်းချင်း မှိန်ဖျော့သွားခဲ့ပါတယ်..။ ခနအကြာမှာတော့ သူမက မျက်နှာလွှဲလိုက်ပြီး သက်ပြင်းချလိုက်တယ်..။

“ဘာလို့လဲဆိုတော့ အဲ့ဒါက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ခဲ့လို့ပဲ..”

ဆန်နီ သူ့လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်..။

“နင်က ကိုယ့်ကိုကို ဘယ်သူလို့ ထင်နေတာလဲ..။နင့်ရဲ့ ဖြောင့်မတ်မှုကို ဘယ်သူက တောင်းဆိုနေလို့လဲ..။နင် ငါ့ဆီကနေ ဘာတွေ ယူသွားလဲဆိုတာကိုရော သိရဲ့လား..။ငါ့အတွက်နဲ့ အဲ့ဒီလို ရွေးချယ်မှုမျိုး လုပ်ဖို့ နင့်ကို ဘယ်သူက အခွင့်အရေး ပေးထားလို့လဲ.."

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က အောက်ကို ငုံ့ကြည့်ပြီး ခနလောက် တိတ်ဆိတ်နေခဲ့ပါတယ်..။ အဲ့ဒီနောက် သူမက ပြောလိုက်တယ်..။

“ဒါပေမဲ့ ငါ အဲ့ဒါကို နင့်အတွက် လုပ်ခဲ့တာ မဟုတ်ဘူး..။ ငါက ကိုယ့်အတွက်ကို လုပ်ခဲ့တာ..”

သူမက ဖြူဖွေးတဲ့ သဲကန္တာရကို ခနလောက် စူးစမ်းကြည့်နေပြီးမှ သက်ပြင်းချလိုက်တယ်..။

“နင်သာ ငါနဲ့အတူ ရှိနေခဲ့မယ် ဆိုရင်... ဟုတ်တယ်.. ဖြစ်နိုင်တာက ငါတို့ အတူတူဆိုရင် ပိုပြီး သန်မာကြလိမ့်မယ်..။ ဖြစ်နိုင်တာက ငါတို့ အတူတူဆိုရင် ပိုပြီး မြန်မြန် အားကောင်း လာကြလိမ့်မယ်..။ ဖြစ်နိုင်တာက ငါတို့ အတူတူဆိုရင် ပိုပြီး ကောင်းမွန်နေကြလိမ့်မယ်..။ ဖြစ်နိုင်တာက ငါတို့ အသက်ရှင်ကျန်ရစ်ခဲ့ကြလိမ့်မယ်..။ ဒါပေမဲ့ အဲ့ဒီလို ဖြစ်လာဖို့ အခွင့်အရေးက ဘယ်လောက်များ ရှိမှာမို့လို့လဲ..။ ငါနဲ့ မတူတဲ့အချက်က နင်က ကြောက်စရာကောင်းတဲ့ ဒဏ်ရာတွေကို ကိုယ်တိုင် ကုသနိုင်စွမ်း မရှိဘူးလေ..။ နင့်ရဲ့ ဝိဥာဉ်က မီးလျှံတွေနဲ့ ပေါင်းစပ်မနေဘူး..။ ဖြစ်နိုင်တာက နင့်အနေနဲ့ အဲ့ဒီမှာပဲ သေသွားနိုင်တယ်..”

နစ်ဖီ က သူ့ကို ကြည့်လိုက်တယ်။ သူမရဲ့ မီးခိုးရောင် မျက်လုံးတွေထဲမှာ နူးညံ့တဲ့ အရိပ်အယောင်လေးတွေ ပေါ်လာခဲ့ပါတယ်..။

“အဲ့ဒါက 'ဖြစ်နိုင်ခြေ' တွေ အရမ်း များလွန်းတယ် ဆန်နီ ..။ဒီတော့ ငါက အဆိုးဆုံး ရလဒ်ကိုပဲ စိတ်ထဲမှာ ထည့် ထားခဲ့ရတယ်..။ ဒါကြောင့် နင့်ရဲ့ အသက်ကို အန္တရာယ် မဖြစ်စေမယ့် ဆုံးဖြတ်ချက်ကို ငါ ချခဲ့တာပါ..။ ဒါပေမဲ့... အထင်မမှားလိုက်နဲ့ — အဲ့ဒါက နင့်အတွက် မဟုတ်ဘူး..။ ငါ့အတွက်ပဲ..။ ငါ နင့်ကို မသေစေချင်လို့ မဟုတ်ဘူး.. ။ဒီတိုင်း နင် သေတာကို ထိုင်ကြည့်နေရမယ့် အဖြစ်ကနေ ငါ့ကိုယ်ငါ ကာကွယ်ချင်လို့ပါ..။ ငါက ကိုယ့်ကိုယ်ကို လည်း ကာကွယ်ဖို့ လိုအပ်တယ်လေ..”

သူမက ဖြူဖွေးတဲ့ သဲပြင်ကို စိုက်ကြည့်ရင်း တီးတိုး ပြောလိုက်တယ်..။

“ငါ လူတွေ အများကြီးကို သင်္ဂြိုဟ်ခဲ့ရပြီးပြီ ဆန်နီ ..။ ငါ့မှာ အတ္တကြီးပိုင်ခွင့် ရှိသင့်ပါတယ်..။ အဲတာက နင့်ကို ထိခိုက်စေခဲ့တယ် ဆိုရင်တောင်မှပေါ့...”

သူက သူမကို နက်မှောင်တဲ့ အမူအရာနဲ့ စိုက်ကြည့်နေပြီးမှ ပြောလိုက်တယ်..။

“ငါ အသက်ရှင်တာ သေတာကို နင်က ဘာလို့ ဂရုစိုက်နေရတာလဲ..."

နစ်ဖီ သူ့ကို ကြည့်ပြီး ပြုံးလိုက်ပါတယ်..။ လေပြေညှင်းတွေက သူမရဲ့ ငွေရောင် ဆံနွယ်တွေကို လှုပ်ခတ် ကခုန်နေစေခဲ့တယ်..။

ယင်းနောက် သူမ ပုခုံးတွန့်လိုက်ပြီး တည်ငြိမ်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်....။

“ဘာလို့လဲဆိုတော့ ငါ ဂရုစိုက်လို့ပေါ့.."

အပိုင်း ( ၇၆၉ ) ပြီး၏။

အပိုင်း ( ၇၇၀ ) ဦးတည်ချက်မဲ့သော ဓားသွား

‘အား..ဘယ်လိုတောင် ဒေါသထွက်ဖို့ကောင်းတဲ့ မိန်းမလဲ..'

ဆန်နီ ဟာ အရိပ်တွေထဲကနေ ပြန်ထွက်လာပြီး အခန်းထောင့်က သူ့ရဲ့ မူလနေရာမှာ ပြန်ရပ်နေလိုက်ပါတယ်..။ သူ့ရဲ့ ပျောက်ကွယ်သွားမှုကို ဘယ်သူမှ သတိမထားမိပုံ ဖြစ်နေတာက အကောင်းဆုံးပါပဲ..။

နစ်ဖီ နဲ့ သူရဲ့ တိုတောင်းလှတဲ့ စကားပြောဆိုမှုက လက်ခြောက်ဖက် ပါပြီး မျက်လုံးနေရာမှာ မီးလောင်ကျွမ်းနေတဲ့ ကြောက်မက်ဖွယ် မိစ္ဆာတစ်ကောင် ပေါ်လာတာကြောင့် ပြတ်တောက်သွားခဲ့ရပါတယ်.။ အိပ်မက်ဆိုး က နောက်ကျောကနေ တိုက်ခိုက်နေတုန်းမှာ ဆန်နီ ဟာ အဲ့ဒီသတ္တဝါ ကို ထိန်းချုပ်ထားဖို့ အကောင်းဆုံး ကြိုးစားခဲ့ရတယ်..။ နောက်ဆုံးမှာတော့ သူတို့ဟာ ဘယ်လို ဒဏ်ရာမှ မရရှိဘဲ အဲ့ဒီသတ္တဝါကို ဖျက်ဆီးနိုင်ခဲ့ကြပါတယ်..။

ဒါပေမဲ့ အဲ့ဒါက လွယ်ကူတဲ့ တိုက်ပွဲတစ်ခုတော့ မဟုတ်ခဲ့ပါဘူး..။

ယင်းနောက်မှာတော့ ဆန်နီ ဟာ စကားဆက်ပြောဖို့ အရမ်းကို စိတ်ရှုပ်ထွေးနေတာကြောင့် နိုးထခြင်း ကမ္ဘာ ဆီကို ပြန်လာဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်..။

'ဘာလို့လဲဆိုတော့ ငါ ဂရုစိုက်လို့ တဲ့လား...ဒါက လုံးဝ အဓိပ္ပါယ်မရှိဘူး..'

ကြည့်ရတာတော့ နစ်ဖီ ရဲ့ တည်ရှိမှု တစ်ခုလုံးက သူ့ကို အမြဲတမ်း အံ့အားသင့်အောင် ဖန်တီးထားသလိုပါပဲ..။ မေ့ပျောက်ကုန်းမြေ မှာ သူတို့ ပထမဆုံး စကားပြောဆိုမှုကနေ အခုအချိန်အထိ.. သူမရဲ့ စိတ်က ဘယ်လို အလုပ်လုပ်လဲဆိုတာကို သူ လုံးဝ နားမလည်နိုင်သေးပါဘူး..။ ကတ်စီ ကို သူမ ဆန္ဒရှိလို့ ကာကွယ်ပေးတာမျိုး ၊ လူတွေကို သူမ ဂရုစိုက်ချင်လို့ ဂရုစိုက်တာမျိုး... ။ဒီလောက်အထိ အရှက်မရှိ ထူးဆန်းပြီး ယုတ္တိမရှိတာကို မြင်ရတာက သူ့ကို ဒေါသထွက်စေပါတယ်..။

အထူးသဖြင့် နစ်ဖီ က ဒီလို ထူးခြားတဲ့ အမူအရာတွေကနေ တစ်ဆင့် ခွန်အားတွေ ရရှိတာလားလို့တောင် သူ သံသယဝင်နေမိပါပြီ..။ အယ်ဖီ ပြောခဲ့တဲ့ ယုံကြည်ချက် ဆိုတာက ဒါကို ဆိုလိုတာလား..။

သူမ ပြောတဲ့ သူ့မှာ မရှိဘူးဆိုတဲ့ အရာက ဘာလဲဆိုတာကို ဆန်နီ တကယ် မသိပါဘူး..။ အဲ့ဒါက စိတ်ဆန္ဒလား ဒါမှမဟုတ် ပြတ်သားမှုလား..။ တကယ်လို့ အဲ့ဒါဆိုရင်တော့ မုဆိုးမိန်းကလေးက တော်တော်လေး မှားနေပါပြီ..။ သူက စည်းကမ်းအရှိဆုံး လူတစ်ယောက် မဟုတ်ဘူး ရင်တောင်မှ.. ဆန်နီ ထက် ပိုပြီး ပြတ်သားတဲ့ စိတ်ဓာတ်ရှိတယ်လို့ ဘယ်သူမှ လာပြီး မကြွားဝါနိုင်ပါဘူး..။ အဲ့ဒီလို စိတ်ဓာတ်သာ မရှိခဲ့ရင် ဘဝက သူ့လမ်းကြောင်းမှာ ချပေးခဲ့တဲ့ ကြောက်မက်ဖွယ် စမ်းသပ်မှုတွေ အားလုံးကနေ သူ အသက်ရှင်ကျန်ရစ်နိုင်မှာ မဟုတ်ပေ..။

ဒါပေမဲ့ ဖြစ်နိုင်တာကတော့... ယုံကြည်ချက် ဆိုတာက တခြားအရာတစ်ခု ဖြစ်နေနိုင်ပါတယ်..။ တိကျတဲ့ တစ်စုံတစ်ခုကို ဦးတည်နေတာ ၊တစ်ခုတည်းသော ရည်ရွယ်ချက်ကို လမ်းပြထားတာ မဟုတ်ဘူးဆိုရင် စိတ်ဆန္ဒနဲ့ ပြတ်သားမှုတွေ ရှိရုံနဲ့ မလုံလောက်ပါဘူး..။ ဘယ်လောက်ပဲ ထက်မြက်တဲ့ ဓားတစ်လက် ရှိနေပါစေ.. ရန်သူကို ဦးတည်ပြီး မဝှေ့ယမ်းဘူးဆိုရင် အသုံးမဝင်သလိုမျိုးပါပဲ..။

ယုံကြည်ချက် ဆိုတာက ပုံသဏ္ဍာန် မရှိတဲ့ ခွန်အားနဲ့ ပြတ်သားမှုကို ထက်မြက်တဲ့ ဓားသွားတစ်လက် ဖြစ်လာအောင် ပုံဖော်ပေးတဲ့ လမ်းပြအခြေခံသဘောတရားလား..။အဲတာက တစ်စုံတစ်ခုသော ရည်ရွယ်ချက်ကို အောင်မြင်ဖို့အတွက် မပြိုကွဲနိုင်တဲ့ စိတ်ဆန္ဒလား..။

မဟုတ်ဘူး... ဒါက အဲလောက်ထိ မရိုးရှင်းပါဘူး..။ ဆန်နီ မှာလည်း ရည်ရွယ်ချက် မရှိတာမျိုး မဟုတ်ပေ..။ သူ့မှာလည်း ကိုယ်ပိုင် ပန်းတိုင်တွေ ရှိပါတယ် ။ ကောင်းမွန်တဲ့ ဘဝတစ်ခု ပိုင်ဆိုင်ဖို့ ၊ လွတ်လပ်ဖို့ ၊ သူ ဂရုစိုက်ရတဲ့သူတွေ ဘေးကင်းတာ သေချာအောင် လုပ်ဖို့ပါ..။ ဒီတန်ဖိုးတွေက ဘာလို့ ယုံကြည်ချက် လို့ ခေါ်ဆိုဖို့ မထိုက်တန်ရတာလဲ..။

သူ သတိထားမိတဲ့ အချက်တစ်ခု ရှိတယ်ဆိုရင်တော့.. အဲတာက သူ့ရဲ့ ဆန္ဒတွေ အားလုံးက သူ့ကိုယ်သူပဲ ဗဟိုပြုနေတာပါပဲ..။ အဲ့ဒါတွေ အကုန်လုံးက အတွင်းဘက်ကိုပဲ ဦးတည်နေခဲ့တယ်..။ ဒီအချက်ကလည်း မှားယွင်းနေတယ်လို့ သူ မထင်ပါဘူး...။ တကယ်တော့ သူက ဒါကို မြင့်မြတ်တဲ့ အရည်အချင်းတစ်ခုလို့တောင် သတ်မှတ်ထားခဲ့တာပါ..။

တစ်ဖက်မှာတော့ နစ်ဖီ ဟာ သူမရဲ့ ပန်းတိုင်တွေ နောက်ကို လိုက်ဖို့အတွက် ကိုယ့်ကိုကိုတောင် ရူးသွပ်လောက်တဲ့ အထိ ဂရုမစိုက်ဘဲ ထားခဲ့ပါတယ်..။ သူမရဲ့ ဆန္ဒတွေ အားလုံးက အပြင်ဘက်ကို ဦးတည်နေပြီး.. မယုံနိုင်လောက်အောင် ရည်မှန်းချက် ကြီးမားလွန်းနေခဲ့တယ်..။

ဒါဆို ယုံကြည်ချက် ရဲ့ အဓိပ္ပါယ်က ဒါလား..။ ရည်ရွယ်ချက် ရှိဖို့တင် အရေးကြီးတာ မဟုတ်ဘဲ.. အဲ့ဒီ ရည်ရွယ်ချက်ရဲ့ သဘောသဘာဝက မိမိကိုယ်တိုင်ထက် ပိုပြီး ကြီးမားနေဖို့ လိုတာလား..။ လူတစ်ယောက်ရဲ့ ပြတ်သားမှုကို လမ်းပြပေးတဲ့ အခြေခံသဘောတရားတွေက ကျယ်ပြန့်ပြီး နက်ရှိုင်းတဲ့ တစ်စုံတစ်ခုပေါ်မှာ အခြေခံနေမှသာ အဲ့ဒီလူကို ပိုမြင့်မားတဲ့ နေရာကို ရောက်အောင် တွန်းပို့ပေးနိုင်တာလား..။

ဒါတွေ အားလုံးက ဆန်နီ အတွက်တော့ အရမ်းကို မြင့်မြတ်လွန်းပြီး အလှမ်းဝေးနေသလိုပါပဲ..။ သူကတော့ ဒီလို မြင့်မားတဲ့ ရည်မှန်းချက်တွေထက် သူ့ရဲ့ ရိုးရှင်းတဲ့ ပန်းတိုင်တွေကိုပဲ ပိုပြီး တန်ဖိုးထားချင်ပါတယ်..။

ဒါပေမဲ့လည်း ကြီးမားတဲ့ ရည်ရွယ်ချက် ရှိတဲ့သူက သူ့လိုမျိုး တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တဲ့သူထက် ပိုပြီး အသာစီး ရနေတယ်ဆိုတဲ့ အသိက သူ့ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေခဲ့တယ်..။

ဆန်နီ အတွက် ကံဆိုးတဲ့အချက်က.. သူက သူ့ဘဝကို စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် နေထိုင်ချင်တယ် ဆိုရင် ဒီလို လူမျိုးတွေနဲ့ ယှဉ်ပြိုင်ဖို့ ကံပါလာခဲ့တာပါပဲ..။ သူတို့ အားလုံးထက် ပိုပြီး ကြီးမြတ်လာမှသာ သူတို့က သူ့ကို အေးအေးဆေးဆေး နေခွင့်ပေးကြမှာပါ..။

ဒါကတော့ တကယ့်ကို အဆင်မပြေတဲ့ ရှေ့နောက်မညီမှု တစ်ခု ဖြစ်လာတော့မှာပါပဲ...

'ငါ ဘာလို့ ဒါတွေကို တွေးနေရတာလဲ..။ချီးပဲ..အယ်ဖီ နဲ့ သူမရဲ့ အမှိုက်လို ထိုးထွင်းသိမြင်မှုတွေ... ဘယ်သူက သူမ ပြောတာ အမှန်တွေလို့ပြောလို့လဲ..'

ဘာပဲဖြစ်ဖြစ်.. သူ့မှာ တစ်ခြား စဥ်းစားစရာ တွေ ရှိပါသေးတယ်..။

နစ်ဖီ ရဲ့ အိပ်မက်ထဲကို သွားခဲ့တဲ့ ခရီးက သူ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး..။ ဆန်နီ အနေနဲ့ သူ့ရဲ့ ပန်းတိုင် တစ်ခုကိုတော့ အောင်မြင်နိုင်ခဲ့တယ်..။ အဲ့ဒါကတော့ အိပ်မက်ကမ္ဘာ ထဲမှာ နှစ်နှစ်လုံးလုံး တစ်ယောက်တည်း ကြောက်စရာကောင်းတဲ့ ခရီးကို နှင်ခဲ့ရတာက ပြောင်းလဲနေတဲ့ ကြယ်ပွင့် ကို ရူးမသွားစေခဲ့ဘူး ဆိုတာကို အကြမ်းဖျင်း အတည်ပြုနိုင်ခဲ့တာပါပဲ..။

သူမမှာ ဘယ်လောက်အထိ စိတ်ထိခိုက်မှုတွေ ရှိနေလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး..။သို့ပေမဲ့ အနည်းဆုံးတော့ သူမက ရူးသွပ်နေတဲ့ လူတစ်ယောက် မဟုတ်ဘူးဆိုတာ သိနိုင် ခဲ့ပါတယ်..။ တကယ်တော့.. ဘယ်သူမှ မခံစားသင့်တဲ့ အရာတွေကို ဖြတ်ကျော်ခဲ့ရတဲ့ လူတစ်ယောက်အနေနဲ့ နစ်ဖီ ဟာ ထူးဆန်းလောက်အောင် တည်ငြိမ်နေခဲ့တယ်..။

အဲ့ဒါက သူမရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကြောင့်လား ဒါမှမဟုတ် တခြားအရာတစ်ခုကြောင့်လား ဆိုတာကိုတော့ သူ မသိပါဘူး..။ ဘာပဲဖြစ်ဖြစ် ဆန်နီ ခံစားနေရတဲ့ တင်းမာမှု အတော်များများကတော့ ဖြည်းဖြည်းချင်း လွင့်ပါးသွားခဲ့ပါတယ်..။

ဒါပေမဲ့ အားလုံးတော့ မဟုတ်ပါဘူး..။

သူ့အနေနဲ့ နစ်ဖီ ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို သိခဲ့ရပေမဲ့.. ကျန်တဲ့ ရည်ရွယ်ချက် နှစ်ခုမှာတော့ ကျရှုံးခဲ့ပါတယ်..။

ပထမဆုံး အချက်ကတော့.. သူမက သူ့ရဲ့ စစ်မှန်တဲ့ နာမည် ကို ခေါ်ဆိုခဲ့တဲ့ အကြောင်းပြချက်တွေကို ဖြိုခွဲပြီး စိတ်ကျေနပ်မှု ရှာဖို့ သူ မတတ်နိုင်ခဲ့ပါဘူး..။ ပြောင်းလဲနေတဲ့ ကြယ်ပွင့် အနေနဲ့ ဒီလိုလုပ်တာက သူ့အကျိုးအတွက် လုပ်ခဲ့တာပါ ဆိုတဲ့ မှားယွင်းတဲ့ ပြောဆိုချက် တွေရဲ့ နောက်ကွယ်မှာ ပုန်းနေလိမ့်မယ်လို့ သူ မျှော်လင့်ထားခဲ့တာပါ..။ သူမရဲ့ ဟန်ဆောင်ကောင်းတဲ့ ဖြောင့်မတ်မှုတွေကို အမှုန်အမွှားဖြစ်အောင် ဖျက်ဆီးပစ်ဖို့ သူ ပြင်ဆင်ထားခဲ့ပြီး.. အဲ့ဒီလို လုပ်ချင်စိတ်လည်း ရှိခဲ့ပါတယ်..။

ဆန်နီက သူ့ရဲ့ ဒေါသတွေ ၊ အမျက်ဒေါသတွေနဲ့ မကျေနပ်မှုတွေကို ထုတ်ဖော်ပြချင်ခဲ့တာပါ..။ သူမက သူ့ကို ခံစားရအောင် လုပ်ခဲ့တဲ့ နာကျင်မှုတွေရဲ့ အစိတ်အပိုင်း အနည်းငယ်လောက်ကို သူမ ပြန်ခံစားရအောင် လုပ်ချင်ခဲ့တယ်။

သို့ပေမဲ့ နစ်ဖီ က သူမရဲ့ လုပ်ရပ်တွေက အတ္တဆန်ရုံသက်သက်ပါပဲ လို့ အလွယ်တကူ ဝန်ခံလိုက်တာကြောင့်.. သူ ပြင်ဆင်ထားခဲ့တဲ့ တိုက်ခိုက်မှုတွေ ၊ စွပ်စွဲချက်တွေ အားလုံးက အချည်းနှီး ဖြစ်သွားခဲ့ပါတယ်..။ အဲ့ဒီအချက်က ဆန်နီ ကို ဇဝေဇဝါ ဖြစ်သွားစေပြီး စိတ်ကျေနပ်မှု မရစေခဲ့ပါဘူး..။ သူ ဖြစ်ချင်ခဲ့တဲ့ ရန်ပွဲက တစ်ဖက်လူ တိုက်ခိုက်ဖို့ စိတ်မပါတာကြောင့် ဘယ်တော့မှ ဖြစ်မလာခဲ့ပါဘူး..။

သူ့ရဲ့ ရန်လိုမှုတွေဟာ သူ့ရဲ့ ရှုပ်ထွေးတဲ့ ခံစားချက်တွေနဲ့ တိုက်ပွဲဝင်နေရရုံတင်မကဘဲ.. တစ်ဖက်သတ်လည်း ဖြစ်နေခဲ့ပါတယ်..။

'ဒေါသထွက်ဖို့ ကောင်းလိုက်တာ...'

ဒီထက် ပိုပြီး အရေးကြီးတာကတော့... ဆန်နီ အနေနဲ့ အရေးအကြီးဆုံး သတင်းအချက်အလက်ကို မသိခဲ့ရတာပါပဲ..။ သူ့ကို အနှောင့်အယှက် အပေးဆုံး ဖြစ်နေတဲ့ မေးခွန်းကို မေးဖို့အတွက် သူ သတ္တိ မမွေးနိုင်ခဲ့ပါဘူး..။

သူတို့ရဲ့ ထူးဆန်းပြီး ရှောင်လွှဲလို့မရတဲ့ အနှောင်အဖွဲ့အပေါ်မှာ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ ရည်ရွယ်ချက်က ဘာလဲ..။

သူ့အပေါ်မှာ ရှိနေတဲ့ သူမရဲ့ အာဏာကို သူမက ဘာဆက်လုပ်မှာလဲ..။

အရမ်းကို လေးလံ ရှုပ်ထွေးပြီး ကြောက်စရာကောင်းတဲ့ အရာတွေ အများကြီးက ဒီမေးခွန်းနဲ့ ဆက်နွှယ်နေပါတယ်..။ သူသာ ဒီမေးခွန်းကို မေးလိုက်ရင် နောက်ပြန်လှည့်လို့ ရတော့မှာ မဟုတ်ပါဘူး..။ သူ တန်ဖိုးထားတဲ့ အရာတွေ အများကြီးကို ဆုံးရှုံးသွားနိုင်သလို.. သူ မခံစားရသေးတဲ့ အခွင့်အရေးတွေလည်း ပျောက်ကွယ်သွားနိုင်ပါတယ်..။

ဒီအဖြေပေါ်မူတည်ပြီး သူတို့ရဲ့ ဆက်ဆံရေး သဘာဝက ထာဝရ ပြောင်းလဲသွားနိုင်ပါတယ်..။ ဒီ ဆက်ဆံရေးက လုံးဝ ရပ်တန့်သွားနိုင်တဲ့ ဖြစ်နိုင်ခြေတောင် ရှိနေခဲ့တာပါ..။

ဒါက သူ့အနေနဲ့ သဲထဲမှာ ခေါင်းဝှက်ထားတဲ့ ကုလားအုတ်ငှက်လိုမျိုး ဖြစ်နေနိုင်ပေမဲ့.. ဆန်နီ ကတော့ ဒီလိုမျိုး ကံကြမ္မာကို ဆုံးဖြတ်မယ့် စကားဝိုင်းကို မစတင်နိုင်သေးပါဘူး..။

ဒီအတွက် ရင်းနှီးရမယ့် အရာတွေက အရမ်းကို များလွန်းနေပါတယ်..။ ဒါကြောင့် အခုလောလောဆယ်မှာတော့ သူက အလွယ်ကူဆုံးလမ်းကိုပဲ ရွေးချယ်လိုက်ပြီး အချို့သော အရာတွေကို မပြောဘဲ ချန်ထားဖို့ပဲ ဆုံးဖြတ်လိုက်တယ်..။

ဒီအခြေအနေက ဘယ်လို တိုးတက်လာမလဲ ဆိုတာကို အရင်ဆုံး စောင့်ကြည့်ချင်တာပါ..။ နောက်မှ လုပ်ဆောင်ဖို့ဆိုတာ အမြဲတမ်း အချိန်ရှိနေမှာပဲ မဟုတ်ဘူးလား..။

...အနည်းဆုံးတော့ ဒါက သူ့ကိုယ်သူ ပြန်ပြောနေတဲ့ စကားပါပဲ..။

အချိန်တွေ ကုန်လွန်သွားတာနဲ့အမျှ မာစတာ လေးယောက်လုံး တိတ်ဆိတ်နေကြပါတယ်..။ သူတို့က အေးအေးချမ်းချမ်း အိပ်ပျော်နေတဲ့ အမျိုးသမီးငယ်လေးကို စောင့်ကြည့်နေခဲ့ကြတယ်..။ သူမရဲ့ အိပ်မက်ဆိုးကိုတော့ ဖြတ်သန်းသွားတဲ့ အရိပ်တစ်ခုနဲ့ သူ့ရဲ့ မြင်းကြီးက သတ်ဖြတ်ပစ်ခဲ့ပြီးပါပြီ..။

ခနအကြာမှာတော့ နစ်ဖီ ရဲ့ မျက်တောင်လေးတွေ လှုပ်ခတ်သွားခဲ့တယ်..။ အဲ့ဒီနောက်မှာတော့ ဖြည်းဖြည်းချင်းပဲ.. သူမရဲ့ မျက်လုံးတွေက ပွင့်လာခဲ့ပါတယ်။

အပိုင်း ( ၇၇၀ ) ပြီး၏။

အပိုင်း ( ၇၇၁ ) ဂုဏ်ထူးဆောင် အစောင့်အကြပ်

နစ်ဖီ ဟာ ဖျက်ဆီးအားပြင်းတဲ့ သောင်းကျန်းမှုတွေ ပြုလုပ်မှာ မဟုတ်ဘူးဆိုတာ သေချာသွားတဲ့နောက်မှာတော့.. အစိုးရ အေးဂျင့်တွေက သူမကို ခေါ်ဆောင်သွားခဲ့တာကြောင့် အဖွဲ့ဝင်တွေအနေနဲ့ သူတို့ရဲ့ သူငယ်ချင်းနဲ့ အချိန်အများကြီး ကုန်ဆုံးခွင့် မရလိုက်ပါဘူး..။

ကတ်စီ က သူမရဲ့ လက်ကို ညှစ်လိုက်နိုင်ပြီး.. အယ်ဖီ နဲ့ ကိုင် တို့ကတော့ သူတို့ရဲ့ ဝမ်းသာမှုကို စကားလုံးတွေနဲ့သာ ဖော်ပြနိုင်ခဲ့ကြပါတယ်..။ ဆန်နီ ကတော့ သူ့ရဲ့ ရှုပ်ထွေးနေတဲ့ အတွေးတွေထဲမှာပဲ နစ်မွန်းနေခဲ့ပြီး တိတ်ဆိတ်နေဆဲပါပဲ..။ သူ ရပ်နေတဲ့ အခန်းထောင့်က အရင်ကထက်တောင် ပိုပြီး မှောင်မိုက်နေသလိုတောင် ထင်မှတ်ရပါတယ်။

နစ်ဖီ ကိုယ်တိုင်ကလည်း အနည်းငယ် စိတ်ရှုပ်ထွေးနေပုံရတာကြောင့်.. သူတို့ရဲ့ တိုတောင်းလှတဲ့ ပြန်လည်ဆုံစည်းမှုဟာ အနည်းငယ်တော့ ဝေဝါးနေခဲ့တယ်။

လူတစ်ယောက် နိုးထသူ ဖြစ်လာတဲ့အခါမှာ လုပ်ဆောင်ရမယ့် လုပ်ထုံးလုပ်နည်း အချို့ ရှိပါတယ်..။ တက်ရောက်သူ အဆင့်ကို ရောက်ရှိသွားရင်တော့ ပိုတောင် များပါသေးတယ်..။ လူတွေ့စစ်ဆေးမေးမြန်းမှုတွေ ၊ အကဲဖြတ်မှုတွေနဲ့ စမ်းသပ်မှု အမျိုးမျိုးကို ပြုလုပ်ရမှာပါ..။ အစီရင်ခံစာ အမျိုးမျိုးကို တင်သွင်းရသလို.. ခွင့်ပြုချက် အမျိုးမျိုးကိုလည်း ရယူရပါတယ်..။ ပြီးတော့ လုပ်ထုံးလုပ်နည်း အမျိုးမျိုးကိုလည်း အကောင်အထည်ဖော်ရပါတယ်..။

လူသားမျိုးနွယ်ရဲ့ ကြီးမားတဲ့ အင်အားစု ထဲမှာ မာစတာ အသစ်တစ်ယောက်ကို တရားဝင် အသိအမှတ်ပြု ပေါင်းစပ်ထည့်သွင်းဖို့အတွက် ဗျူရိုကရေစီ ယန္တရားကြီးက အသက်ဝင်လာခဲ့ပါပြီ။

ဆန်နီ က ဒီလုပ်ငန်းစဥ်ကို ကောင်းကောင်း သိထားပါတယ်..။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်လည်း ဒါတွေကို ဖြတ်ကျော်ခဲ့ဖူးလို့ပါပဲ..။ သို့ပေမဲ့ သူ့ရဲ့ အတွေ့အကြုံက ကွဲပြားမူတွေရှိသလို.. မာစတာ ဂျက် ရဲ့ ပါဝင်ကူညီမှုကြောင့်လည်း ပိုပြီး ချောမွေ့ခဲ့တာပါ..။

တစ်ဖက်မှာတော့ နစ်ဖီ ဟာ လုပ်ထုံးလုပ်နည်း နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ဖြတ်ကျော်ရမှာ ဖြစ်တာကြောင့်.. ဒါက အစဉ်အလာမှာ မရှိသလောက်ပါပဲ..။ သူမ ဆီမှာက အဆင့်မြင့် အစိုးရ ကိုယ်စားလှယ်တစ်ဦးရဲ့ ထောက်ပံ့ကူညီမှုကိုလည်း မရရှိသေးပါဘူး..။ ဒါပေမဲ့ အဲ့ဒါက အရမ်းကြီး ကြာမှာတော့ မဟုတ်ပါဘူး..။

တခြား ရှုပ်ထွေးမှုတွေလည်း ရှိနေပါသေးတယ်..။ သူမရဲ့ အခြေအနေက အဘက်ဘက်ကနေ ကြည့်ရင် ထူးခြားနေပြီး ပုံမှန်မဟုတ်ပါဘူး..။ အိပ်မက်ကမ္ဘာ ထဲမှာ ထွက်ပေါက် ချိတ်ဆက်မှု တစ်ခု မရှိပဲ မာစတာ တစ်ယောက် ဖြစ်လာခဲ့တယ် ဆိုတဲ့ အချက်ကတင် ဗျူရိုကရေစီ ယန္တရားကို ဗရမ်းဗတာ ဖြစ်စေဖို့ လုံလောက်နေခဲ့ပါပြီ..။

အစိုးရ အေးဂျင့်တွေမှာတော့ လုပ်စရာ အလုပ်တွေ အများကြီး ရှိနေခဲ့ပါတယ်..။

...ဒါပေမဲ့ အားလုံးကတော့ ဆိုးရွားမနေခဲ့ပါဘူး..။ ဒါက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပေမဲ့.. အကြောင်းပြချက် တစ်ခုတော့ ရှိနေပါတယ်..။ ဒီအစီစဥ်တွေက လိုအပ်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းဖို့နဲ့ တက်ရောက်သူ တစ်ယောက်ရဲ့ မြင့်မားတဲ့ အဆင့်အတန်းသစ်ကို တရားဝင် သတ်မှတ်ဖို့တင် မဟုတ်ပါဘူး..။ အိပ်မက်ဆိုး ထဲမှာ မဖော်ပြနိုင်လောက်တဲ့ ထိတ်လန့်စရာတွေကို ကြုံတွေ့ခဲ့ရပြီးနောက်.. ဘေးကင်းရာကို ရုတ်တရက် ပြန်ရောက်လာတဲ့အခါမှာ ဖြစ်ပေါ်လာတတ်တဲ့ အဆိုးရွားဆုံး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကုသပေးဖို့လည်း ရည်ရွယ်ထားခဲ့ပါတယ်။

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ဘယ်လောက်ပဲ သန်မာနေပါစေ.. အိပ်မက်ကမ္ဘာ နဲ့ အိပ်မက်ဆိုး ထဲက ကြောက်မက်ဖွယ် ကောင်းတဲ့ စွန့်စားခန်းတွေက သူမရဲ့ စိတ်ထဲမှာ ဒဏ်ရာတွေ ချန်ထားခဲ့လိမ့်မယ် ဆိုတာကိုတော့ ဘယ်သူမှ မသံသယဝင်ကြပါဘူး..။ အစွမ်းထက်တဲ့ နိုးထသူ အများအပြားဟာ ဘယ်လောက်အထိ ထိခိုက်လွယ်လဲ ဆိုတာကို အစိုးရက ကောင်းကောင်း သိထားပါတယ်..။ စိတ်ဓာတ် ပျက်ပြားသွားနိုင်သူတွေကို စောင့်ကြည့်နေရုံတင် မဟုတ်ဘဲ.. ဒီလို မဖြစ်လာစေဖို့အတွက် ကြိုတင်ကာကွယ်တဲ့ နည်းလမ်း အမျိုးမျိုးကို အသုံးပြုရာမှာလည်း အတွေ့အကြုံ ရှိထားကြပြီးသားပါ။

နစ်ဖီ က ဝါဒဖြန့်ချိရေး ယန္တရားအတွက်ရော.. လူသားမျိုးနွယ်ရဲ့ အမှန်တကယ် ခုခံ ကာကွယ်ရေး တွေအတွက်ပါ မဟာဗျူဟာမြောက် ပိုင်ဆိုင်မှု တစ်ခုအဖြစ် အရေးကြီးနေတာကြောင့်.. အစိုးရက သူမရဲ့ ပြန်လည်ထူထောင်ရေး ကနဦး အဆင့်တွေကို အတတ်နိုင်ဆုံး ချောမွေ့အောင် လုပ်ဆောင်ပေးဖို့အတွက် အကောင်းဆုံးသော အရင်းအမြစ်တွေကို အသုံးချခဲ့ပါတယ်..။

ဒါပေါ့ သူမက ဘယ်လောက်အထိ ဖွင့်ဟပြောဆိုမယ် ဆိုတာကိုတော့ သူမကိုယ်တိုင်ပဲ ဆုံးဖြတ်ခွင့် ရှိပါတယ်..။ ဒါပေမဲ့ အခြေခံ စမ်းသပ်မှု အချို့ကတော့ မဖြစ်မနေ လုပ်ဆောင်ရမှာပါ..။ ဘာလို့လဲဆိုတော့ သူမကို လူထုကြားထဲ ပြန်လွှတ်ပေးဖို့က သူမအနေနဲ့ ဘယ်လောက်အထိ ဘေးကင်းလဲ ဆိုတာကို ဆုံးဖြတ်ဖို့ လိုအပ်နေသေးလို့ပါပဲ..။

အဲ့ဒါက ဘာကို ဆိုလိုတာလဲဆိုတော့.. အဖွဲ့ဝင်တွေအနေနဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ကို ပြန်တွေ့ဖို့အတွက် နာရီပေါင်းများစွာ စောင့်ဆိုင်းဖို့ လိုနေပါသေးတယ်။

စောင့်ဆိုင်းနေတာက သူတို့ လေးယောက်တည်း မဟုတ်ပါဘူး..။

ဒီကြားထဲမှာတော့ ကတ်စီ က ထွက်ခွာသွားပြီး.. အိပ်မက်ကမ္ဘာ ဆီကို ပြန်သွားကာ ဒီအံ့ဩစရာကောင်းတဲ့ သတင်းကို မီးစောင့်ရှောက်သူတွေထံအကြောင်းကြားလိုက်ပါတယ်..။ မကြာခင်မှာပဲ သူတို့ထဲက ဒါဇင်ပေါင်းများစွာဟာ ဆင်စွယ်ရောင် တာဝါ ထဲက ထွက်ပေါက် ကို အသုံးပြုပြီး လပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် နိုးထခြင်း ကမ္ဘာ ဆီကို ပြန်ရောက်လာခဲ့ကြပါတယ်..။

သူတို့ရဲ့ အိပ်စက်ခြင်း သေတ္တာ တွေက အကယ်ဒမီရဲ့ ဆေးရုံဝင်းထဲမှာပဲ ရှိနေတာကြောင့်.. နစ်ဖီ စစ်ဆေးမှု ခံယူနေတဲ့ နေရာနားက စင်္ကြံလမ်းမှာ အားလုံး စုရုံးမိဖို့ သိပ်ပြီး အချိန်မပေးလိုက်ရပါဘူး..။ အခုဆိုရင် လူငယ် နိုးထသူ ငါးဆယ်ခန့်ဟာ အဲ့ဒီနေရာမှာ အစောင့်အကြပ်တွေလိုမျိုး စုဝေးရောက်ရှိနေခဲ့ကြပါပြီ..။

အိပ်မက်ကမ္ဘာ ထဲမှာ လဝက်နီးပါး နေထိုင်ခဲ့ပြီးနောက်.. မီးစောင့်ရှောက်သူများ ဟာ အနည်းငယ် ကြမ်းတမ်းတဲ့ ပုံစံမျိုး ၊ ဒါမှမဟုတ် တောရိုင်းဆန်တဲ့ ပုံစံမျိုး ပေါက်နေခဲ့ကြပါတယ်..။ သူတို့က သာမန် အရပ်ဝတ်အဝတ်အစားတွေကို ဝတ်ဆင်ထားကြပေမဲ့.. ဒီလူတွေကို သာမန်လူတွေ ၊ ဒါမှမဟုတ် သာမန် နိုးထသူ တွေလို့တော့ တွေးမိကြမှာမဟုတ်ပါဘူး။

သူတို့ဆီကနေ တိတ်တဆိတ် ခြိမ်းခြောက်တဲ့ အရှိန်အဝါတစ်ခု ပြင်းပြင်းထန်ထန် ထွက်ပေါ်နေခဲ့ပါတယ်..။ သူတို့ရဲ့ မျက်နှာအမူအရာတွေက ဝမ်းသာအားရ ဖြစ်နေကြပေမဲ့.. သူတို့ရဲ့ အကြည့်တွေကတော့ တည်ကြည်ပြီး လေးလံနေတာကြောင့်.. အနားကို ချဉ်းကပ်လာသူတိုင်းအဖို့ စိတ်မသက်မသာ ဖြစ်နေခဲ့ကြတယ်..။

အထူးသဖြင့် ကတ်စီ ရဲ့ ယခင်အဖွဲ့ဝင်တွေ ဖြစ်ပြီး အခုဆိုရင် တည်ငြိမ်တဲ့ ကုသသူ ရှင်း ဦးဆောင်နေတဲ့ အဖွဲ့ဝင်တွေမှာ ပိုပြီး သိသာပါတယ်..။ သူတို့ အားလုံးကတော့ အထူးသတိထားနေကြပြီး ခြိမ်းခြောက်မှု တစ်စုံတစ်ရာ ပေါ်လာရင် ချက်ချင်းတိုက်ခိုက်ဖို့ အသင့်ဖြစ်နေခဲ့ကြတယ်..။

မီးစောင့်ရှောက်သူတွေက အကာအကွယ်ပေးထားတာကြောင့်.. ကြီးမြတ်တဲ့ ကလန်တွေရဲ့ ဘယ်လို လုပ်ဆောင်မှုမျိုးမဆို ရှုံးနိမ့်သွားဖို့ ၊ ဒါမှမဟုတ် ဆိုးရွားတဲ့ ကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ရဖို့ သေချာသလောက်ရှိပါတယ်။..။အမှန်တော့ သူတို့ရဲ့ ပုံစံက အရမ်းကို ကြောက်စရာကောင်းနေတာကြောင့် အကယ်ဒမီရဲ့ လုံခြုံရေးအဖွဲ့တွေတောင် စိုးရိမ်လာခဲ့ကြတယ်။သူတို့က.. အောင်ပွဲခံနေတဲ့ အဖွဲ့ကို စောင့်ကြည့်ဖို့အတွက် သူတို့ရဲ့ ကိုယ်ပိုင်အဖွဲ့ အချို့ကို စေလွှတ်လိုက်ရပါတယ်..။

ဒါပေမဲ့ လုံခြုံရေး အရာရှိတွေရဲ့ မျက်နှာပေါ်မှာ အလွန်အမင်း စိုးရိမ်ပူပန်နေတဲ့ အမူအရာတွေက အထင်းသားပေါ်နေခဲ့တယ်..။ နိုးထသူ ဟူတ်ဟုတ် မဟုတ်ဟုတ်.. အခြေအနေတွေ ဆိုးရွားလာရင် မေ့ပျောက်ကုန်းမြေ က ထူးချွန်သူတွေကို သူတို့ ယှဉ်နိုင်မှာ မဟုတ်ဘူးဆိုတာကို နားလည်ထားပုံရပါတယ်..။

အခြေအနေကို စောင့်ကြည့်နေတဲ့ ဆန်နီ က သူ့ကိုယ်သူ မေးခွန်းတစ်ခု မေးလိုက်မိတယ်..။

...လုံခြုံမှုရှိတဲ့ ဆင်စွယ်ရောင် တာဝါ ထဲမှာ ခြောက်လလောက် ပုန်းအောင်းနေတာကတောင် မီးစောင့်ရှောက်သူတွေ အပေါ်မှာ ဒီလောက်အထိ သက်ရောက်မှုတွေ ရှိနေတယ်ဆိုရင်.. အိပ်မက်ကမ္ဘာ ရဲ့ အဆိုးရွားဆုံး နေရာတွေကို ဖြတ်ကျော်ခဲ့ရတဲ့ နစ်ဖီ က ဘယ်လိုတွေ ဖြစ်သွားပြီလဲ..။

ခနအကြာမှာတော့ သူက ကတ်စီ ရဲ့ အနားကို တိတ်တဆိတ် ချဉ်းကပ်သွားပြီး တီးတိုး မေးလိုက်တယ်..။

“အခြေအနေ ဘယ်လိုရှိလဲ..”

သူမက ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး မျက်မှောင်ကျုတ်လိုက်ပါတယ်..။

“ဘာကို ဆိုလိုတာလဲ..”

ဆန်နီ က နက်မှောင်စွာ ပြုံးလိုက်တယ်..။

“လုပ်စမ်းပါ..။ နစ်ဖီ ရဲ့ ကိစ္စတွေကို ကိုင်တွယ်နေတဲ့ အစိုးရ အေးဂျင့် အပေါ်မှာ နင့်ရဲ့ စွမ်းရည် ကို အသုံးမပြုဘဲ နေမှာ မဟုတ်ဘူးဆိုတာ ငါ သိတယ်..။ ဒီတော့ အခြေအနေ ဘယ်လိုရှိလဲ..”

သူမက ခနလောက် တုံ့ဆိုင်းနေပြီးမှ သက်ပြင်းချလိုက်ပါတယ်..။

“သူမ ကြည့်ရတာ နဲနဲတော့ တုန်လှုပ်နေတဲ့ပုံပဲ..။ ဒါပေမဲ့ အများအားဖြင့်တော့ သူမက... အဆင်ပြေပါတယ်..။ တကယ်တော့ သူမ ဒီလောက်အထိ အဆင်ပြေနေတာကတောင် ထူးဆန်းနေပြီ..”

သူ မျက်မှောင်ကျုတ်လိုက်တယ်..။

“ကောင်းပြီလေ.. ဒါက နစ်ဖီ ပဲမဟုတ်ဘူးလား..။ သူမ ဘယ်လိုလူလဲဆိုတာ နင် သိသားပဲ..”

ကတ်စီ က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပါတယ်..။

“သူမလည်း လူသားတစ်ယောက်ပဲလေ ဆန်နီ ..။ တစ်ခါတလေကျရင် အဲ့ဒီအချက်ကို မေ့နေတာက... အင်း.. အဲတာက သူမ ဖြစ်နေလို့ပဲ..”

ဆန်နီ ဘာပြောရမှန်း မသိတာကြောင့် တိတ်ဆိတ်သွားခဲ့တယ်..။ ခနအကြာမှာတော့ မျက်မမြင် မိန်းကလေးက ရုတ်တရက် ထပ်ပြောလိုက်ပါတယ်..။

“သူမက ဖြစ်ပျက်ခဲ့တဲ့ အရာအတော်များများကို ပြန်ပြောဖို့ ဝန်လေးနေတဲ့ပုံပဲ..။ ဒါပေမဲ့... အနည်းဆုံးတော့ စိတ်ပညာဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုတွေကို လက်ခံဖို့ သဘောတူလိုက်တယ်..။ ဒါက ကောင်းမွန်တဲ့ အစပြုမှုတစ်ခုပဲ..”

သူ မျက်တောင် အကြိမ်အနည်းငယ် ခတ်လိုက်မိတယ်..။

နစ်ဖီ က... ဘာကို သဘောတူလိုက်တာလဲ..။

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က တိုင်ပင်ဆွေးနွေးမှုလိုမျိုး အရာတစ်ခုကို လုပ်ဖို့ ဆန္ဒရှိတယ်ဆိုတဲ့ အသိက သူ့ခေါင်းထဲကို မဝင်နိုင်ခဲ့ပါဘူး..။ဒါက စိတ်ကူးကြည့်ဖို့တောင် အရမ်းကို ထူးဆန်းလွန်းနေပါတယ်..။

ဆန်နီ မျက်မှောင်ကျုတ်လိုက်မိတယ်..။

'ဖြစ်နိုင်တာကတော့... သူမ အနည်းငယ် ပြောင်းလဲသွားတာလည်း ဖြစ်နိုင်တာပဲ..'

နောက်ဆုံးမှာတော့.. နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ပြီးနောက်မှာ အစိုးရ အေးဂျင့်တွေက သူတို့ရဲ့ စမ်းသပ်မှု အတော်များများကို အဆုံးသတ်လိုက်ပုံရပါတယ်..။

တံခါးတွေ ပွင့်လာခဲ့ပြီး ရင်းနှီးတဲ့ ပုံရိပ်တစ်ခုက ထွက်ပေါ်လာခဲ့တယ်..။ ဆန်နီ သူမကို ပထမဆုံး တွေ့ခဲ့တဲ့ နေ့တုန်းကလိုပဲ.. နစ်ဖီ ဟာ အစိုးရက ထုတ်ပေးတဲ့ ရိုးရှင်းတဲ့ ဝတ်စုံကို ဝတ်ဆင်ထားပါတယ်..။ သို့ပေမဲ့ သူမရဲ့ ငွေရောင် ဆံနွယ်တွေကတော့ အခုဆိုရင် ရှည်လျားတောက်ပနေပြီး သူမရဲ့ မျက်နှာကို ဝန်းရံထားတာကြောင့် ထူးဆန်းစွာပဲ သူမကို မိန်းကလေးဆန်တဲ့ ပုံစံမျိုး ပေါက်သွားစေပါတယ်..။

သူမရဲ့ အလှတရားကတော့ မှင်သက်လောက်စရာပါပဲ..။

ပြောင်းလဲနေတဲ့ ကြယ်ပွင့် ပေါ်လာတဲ့အခါမှာ.. စင်္ကြံလမ်းတစ်ခုလုံး ပိုပြီး လင်းထိန်သွားသလိုမျိုးတောင် ခံစားလိုက်ရတယ်..။

နစ်ဖီ က အဖွဲ့ဝင်တွေနဲ့ သူမကို ဝန်းရံထားတဲ့ မီးစောင့်ရှောက်သူတွေ ကို ကြည့်ရင်း.. ခနလောက် တုံ့ဆိုင်းနေပြီးမှ အနည်းငယ် ရှက်ရွံ့တဲ့ ပုံစံနဲ့ ပြုံးပြလိုက်ပါတယ်..။

“ဟဲလို..အားလုံးပဲ..။ ငါ... ငါ အားလုံးနဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ်..။ဒီလိုမျိုး ပြန်တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး..”

...သူမ စကားတောင် မဆုံးသေးခင်မှာပဲ ကတ်စီ က ရှေ့ကို တိုးသွားပြီး သူမကို

တင်းတင်းကြပ်ကြပ် ဖက်လိုက်ပါတော့တယ်..။

အပိုင်း ( ၇၇၁ ) ပြီး၏။

All Chapters