← Chapters

အခန်း (၇၇၈-၇၈၀)

Vol. 52 Ch. 778-780

အခန်း (၇၇၈-၇၈၀)

Vol. 52 Ch. 778-780

အပိုင်း ( ၇၇၈ ) အရိပ်များထဲတွင်

နောက်ဆုံးမှာတော့ ဆန်နီ နဲ့ နစ်ဖီ တို့ဟာ မြေအောက် လေ့ကျင့်ရေးကွင်း ထဲကို ရောက်ရှိသွားခဲ့ကြတယ်..။ ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တဲ့ အချိန်မှာ.. သူမရဲ့ အကြည့်တွေက လေ့ကျင့်ရေး လက်နက်စင်တွေနဲ့ အရင်ပိုင်ရှင်က စွန့်ပစ်ထားခဲ့သလို မျိုးအထီးကျန်စွာ ရှိနေတဲ့ အိပ်စက်ခြင်း သေတ္တာ ဆီမှာ ခဏတာ ရပ်တန့်သွားခဲ့ပါတယ်..။

သူမက ခနတာ တိတ်ဆိတ်သွားပြီးနောက် မေးလာခဲ့တယ်..။

“နင် ဒီလက်နက်တွေ အားလုံးကို သုံးတာလား..”

ဆန်နီ က လေ့ကျင့်ရေး ပစ္စည်းကိရိယာတွေကို တစ်ချက်ကြည့်လိုက်ပြီး ခဏတာ တွေဝေနေခဲ့တယ်။..ယင်းနောက်မှာတော့ ခေါင်းခါပြလိုက်ပါတယ်..။

“ဟုတ်တယ်လို့လည်း ပြောလို့ရသလို.. မဟုတ်ဘူးလို့လည်း ဆိုနိုင်တာပေါ့..။လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ငါက အားကောင်းတဲ့ လက်နက် အမျိုးမျိုးကို ကိုင်တွယ်နိုင်တဲ့အထိ ငါ့ရဲ့ အရည်အချင်းတွေကို တိုးချဲ့ခဲ့တယ်..။ ဒါပေမဲ့ ငါက ပိုကောင်းတဲ့ အရာတစ်ခုနဲ့ပဲ လေ့ကျင့်နေခဲ့တာ..”

အပြာရောင်ဓား ၊ သန်းခေါင်းယံ အမြုတေ နဲ့ သူ့ရဲ့ မြွေပုံစံ အိုဒါချီ ဓားတွေကို ကိုင်တွယ်တဲ့ နေရာမှာတော့ သူက ယုံကြည်မှု အရှိဆုံးပါပဲ..။ လှံရှည် အသုံးပြုတဲ့ သူ့ရဲ့ ကျွမ်းကျင်မှုကလည်း အတော်လေး မြင့်မားလာသလို.. လေးပစ်အတတ်ကိုလည်း တဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်..။ဆန်နီ ဟာ တခြားသော လက်နက်အမျိုးအစားတွေနဲ့လည်း အဆင်ပြေပြေ အသုံးပြုနိုင်အောင် သင်ယူထားခဲ့ပါသေးတယ်။.. အဲ့ဒါတွေကို တကယ်တမ်း ကျွမ်းကျင်ပိုင်နိုင်ဖို့အတွက်တော့ အဝေးကြီး လိုပါသေးတယ်..။

နစ်ဖီ က စဥ်းစားနေရင်း ခေါင်းညိမ့်လိုက်တယ်။

“နင်... ဝိဥာဥ်မြွေ ကိုရော သုံးသေးလား..”

ဆန်နီ သူမကို ခဏလောက် စိုက်ကြည့်နေမိပြီးမှ မျက်နှာလွှဲလိုက်တယ်..။

“သုံးတယ်..”

သူတို့နှစ်ဦးကို ဆက်သွယ်ပေးထားတဲ့ အရိပ်သစ္စာခံခြင်း အကြောင်းကို သူ သတိရသွားခဲ့တာပါ..။ဒီ ဆက်သွယ်မှုက သူ့ရဲ့ အဓိက လုပ်ဆောင်ချက်အပြင်.. ဆန်နီ ကို ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ လျှို့ဝှက်ချက် အချို့ကိုပါ သိမြင်နိုင်အောင် ခွင့်ပြုထားခဲ့ပါတယ်..။ ဒါပေမဲ့ သူမကလည်း သူ့ရဲ့ လျှို့ဝှက်ချက် အတော်များများကို သိရှိနိုင်ခဲ့တယ်..။

ဆန်နီ က ဒါကို အစကတည်းက သံသယရှိခဲ့တာ ဖြစ်ပေမဲ့.. အခုတော့ ဒီ သံသယတွေက အတည်ဖြစ်သွားခဲ့ပါပြီ..။

သူ ခဏလောက် တိတ်ဆိတ်နေပြီးမှ ရုတ်တရက် ပြုံးလိုက်တယ်..။

“နင် အံ့သြသွားလား..”

နစ်ဖီ က သူ့ကို ကြည့်လိုက်ပြီး ခဏလောက် တွန့်ဆုတ်နေပြီးကာမှ ပြောလာခဲ့ပါတယ်..။

“အံ့သြတာပေါ့..။ အရမ်း... အရမ်းကို အံ့သြသွားခဲ့တာ..”

သူမက သက်ပြင်းချလိုက်ပြီး ကြမ်းပြင်ပေါ်မှာ တင်ပလ္လင်ခွေ ထိုင်ချလိုက်တယ်..။

“နင်က ထူးခြားတဲ့သူတစ်ယောက် ဖြစ်မယ်ဆိုတာ ငါ အမြဲ သိနေခဲ့တယ်..။ ဒါပေမဲ့ ... ဒါပေမဲ့နင်လည်း နတ်ဘုရားအဆင့်စွမ်းရည် ကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး..။ အမှန်အတိုင်း ပြောရရင် ငါက ပထမဆုံးလူလို့ ထင်ထားခဲ့တာ..”

ဆန်နီ သူမ ရှေ့မှာ ထိုင်လိုက်ပြီး ခေါင်းခါလိုက်တယ်..။

“အင်း.. ငါလည်း အဲလို ထင်ခဲ့တာပဲ..။ ဒါပေမဲ့ ငါတို့ နှစ်ယောက်စလုံးက ပထမဆုံး မဟုတ်ဘူး..။ အဲ့ဒါက မော်ဒရက် ဖြစ်နေခဲ့တယ်လေ..။ သူက ငါတို့ထက် လေးနှစ် ဒါမှမဟုတ် ငါးနှစ်လောက် ပိုကြီးတယ်..။ သူ အသက် ဆယ့်နှစ်နှစ်သားမှာတင် သူ့ရဲ့ ပထမဆုံး အိပ်မက်ဆိုး ကို ရခဲ့တာ..။ ဒီတော့... နင်ရဲ့ အသက် ရှစ်နှစ် ၊ ငါ့ရဲ့ အသက် ခုနစ်နှစ်လောက်မှာတင် သူက နတ်ဘုရားအဆင့်စွမ်းရည် ကို ရရှိနေခဲ့ပြီးပြီ..”

သူ ခန ရပ်လိုက်ပြီး ခါးသီးတဲ့ အပြုံးနဲ့ ပြောလိုက်တယ်..။

“ပြန်စဉ်းစားကြည့်ရင် သူက ငါ့အမေ ဆုံးတဲ့အချိန်လောက်မှာ အိပ်စက်သူ ဖြစ်လာခဲ့တာ ဖြစ်နိုင်တယ်..။ အိုး... ဒါနဲ့ နင့်အမေက နေကောင်းပါတယ်..။ နင် မရှိတဲ့အချိန်မှာ ကတ်စီ နဲ့ ငါတို့ ခဏခဏ သွားကြည့်ပေးဖြစ်တယ်..”

နစ်ဖီ ရဲ့ မျက်နှာပေါ်မှာ စိတ်ခံစားမှု အရိပ်အယောင်လေးတွေ ပေါ်လာခဲ့ပြီး သူမ ရဲ့ ခေါင်းကို ငုံ့သွားခဲ့တယ်..။

“...ကျေးဇူးပါ..”

ယင်းနောက် သူမက ခဏလောက် တွေဝေ နေပြီးမှ မေးလာခဲ့ပါတယ်..။

“စိတ်မရှိရင် နင့်ဆီမှာ ရှိနေတဲ့ နတ်ဘုရားအဆင့် မှတ်သားမူ က ဘယ်က ရတာလဲဆိုတာ ငါ့ကို ပြောပြလို့ ရမလား...။အဲ့ဒီ... ဝီဗာရဲ့ မျက်နှာဖုံး လေ..."

ဆန်နီ က အဓိပ္ပာယ်ပါပါ ပြုံးလိုက်တယ်..။

“စိတ်မရှိရင် တဲ့လား..။ငါ ဝန်လေးမိတာပေါ့.။ ဒါပေမဲ့ ငါ ပြောပြပါ့မယ်... ငါ အဲ့ဒါကို အမှောင်မြို့ထဲ က ကသီဒရယ် ဘုရားကျောင်းအောက်မှာ တွေ့ခဲ့တာ..။ဒါက ရှေးဟောင်း ရုပ်အလောင်းတစ်ခုပေါ်မှာ ရှိနေပြီး ငါ မျက်နှာဖုံးကို ယူလိုက်တာနဲ့ ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲသွားတယ်လေ..”

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က သူမရဲ့ ခေါင်းကို အနည်းငယ် စောင်းလိုက်တယ်..။

“အဲ့ဒါက ဘာစွမ်းရည်ရှိလဲဆိုတာရော ငါ့ကို ပြောပြလို့ရမလား..”

သူက ရယ်မောလိုက်ပြီး..

“ဘာလို့ မရရမှာလဲ..။ ငါ ပြောပြမယ်... အဲ့ဒါက တစ်စုံတစ်ယောက်ရဲ့ အားနည်းချက် ကို ပြောင်းပြန်လှန်ပေးနိုင်တယ်..”

မှောင်မိုက်နေတဲ့ အခန်းထဲမှာ ရုတ်တရက် တိတ်ဆိတ်မှုက လွှမ်းမိုးသွားခဲ့တယ်..။ နစ်ဖီ က သူ့ကို ကြည့်လိုက်ရာ.. သူမရဲ့ စူးရှတဲ့ မျက်လုံးတွေထဲမှာ တမ်းတမှုနဲ့ နာကျင်မှု အရိပ်အယောင်လေးတွေ ထင်ဟပ်နေခဲ့ပါတယ်..။ ဆန်နီ က ပြုံးလိုက်ပြီး..

“ဘာလို့လဲ..။ နင်က အဲ့ဒါကို ငါ့ဆီကနေ ယူချင်လို့လား..။ နင်လုပ်ဖို့ လိုတာက စကားတစ်ခွန်း ပြောလိုက်ဖို့ပဲလေ..။ ငါက ငြင်းဆန်နိုင်တဲ့သူမှ မဟုတ်တာ..” ( omg )

သူမက သူ့ကို အကြာကြီး စိုက်ကြည့်နေပြီးမှ တိတ်တဆိတ်ပဲ မျက်နှာလွှဲသွားခဲ့တယ်။ယင်းနောက် ဘာမှ ထပ်မပြောတော့ပါဘူး..။

ဆန်နီ ရဲ့ အပြုံးက ဝမ်းနည်းတဲ့ အမူအရာ ပြောင်းသွားခဲ့တယ်..။

“...ကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ..။ အဲ့ဒါက နင့်ရဲ့နာကျင်မှုတွေကနေ ကယ်တင်ပေးနိုင်လိမ့်မယ်လို့ နင် ထင်နေတာလား..။ မကယ်တင်နိုင်ဘူး..။ မျက်နှာဖုံး က အားနည်းချက် ကို ပျောက်ကွယ်သွားအောင် လုပ်ပေးတာ မဟုတ်ဘူး..။ အဲ့ဒါကို ပြောင်းပြန် လှန်ပေးတာ..။ ဘယ်လိုပဲဖြစ်ဖြစ် အားနည်းချက် ဆိုတာ ကျိန်စာတစ်ခုပဲ..။ အခုချိန်မှာတော့ ငါတို့ နှစ်ယောက်လုံး ဒါမျိုးတွေကို ကောင်းကောင်း နားလည်နေကြပြီ မဟုတ်ဘူးလား...။အခွင့်အရေးအရ ဆိုရင်လည်း အဲ့ဒီ ကျိန်စာသစ်က အရင်ကထက် ပိုပြီး ကြောက်စရာကောင်းနေဖို့ပဲ ရှိလိမ့်မယ်..။ အခုဆိုရင် နင်က နင့်ရဲ့ စွမ်းရည် ကို အသုံးပြုလိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် အရှင်လတ်လတ် မီးရှို့သလို ခံစားနေတာပဲ..။ မျက်နှာဖုံး ရဲ့ အကူအညီနဲ့ဆိုရင် နင်က စွမ်းရည်ကို မသုံးမချင်း ရပ်တန့်လို့မရတဲ့ မီးလောင်ကျွမ်းမှုကို တစ်သက်လုံး ခံစားနေရလိမ့်မယ်..”

သူ ခနလောက် တိတ်သွားပြီးမှ ထပ်ပြောလိုက်တယ်..။

“မျက်နှာဖုံး က တခြား နည်းလမ်းပေါင်းများစွာနဲ့လည်း နင့်ကို သတ်နိုင်သေးတယ်..။ အဲ့ဒါက... ပေါ့ပေါ့တန်တန် သုံးဖို့အတွက်တော့ အရမ်း သန်မာလွန်းတယ်..။ အနည်းဆုံးတော့ ငါတို့လို လူမျိုးတွေအတွက်ပေါ့..”

နစ်ဖီ က ခဏလောက် တွန့်ဆုတ်နေပြီးမှ အံကိုကြိတ်ကာ ပြောလိုက်တယ်။

“ရပါတယ်..။ ငါ့ရဲ့ အားနည်းချက် ကနေ လွတ်မြောက်ဖို့ မလိုအပ်ပါဘူး..။ ငါ့ကို မြှင့်တင်ပေးမယ့် အစွမ်းထက်တဲ့ မှတ်သားမူ တစ်ခုကိုလည်း ငါ မလိုအပ်ဘူး..။ ငါ... ငါကိုယ်တိုင်က တင် လုံလောက်ပါတယ်..”

ဆန်နီ က သူမကို စိုက်ကြည့်လိုက်ပြီး ခေါင်းခါလိုက်တယ်..။

“နင်က အရင်အတိုင်းပဲ... ။လုံးဝ မပြောင်းလဲသေးဘူး..။ မျှော်လင့်ချက်မဲ့ခဲ့ရတဲ့ နှစ်နှစ်တာ အချိန်တွေက နင့်ကို နည်းနည်းလောက်တော့ ပိုပြီး ဉာဏ်ကောင်းလာအောင် လုပ်ပေးလိမ့်မယ်လို့ ငါ ထင်ထားတာ..။ ဒါပေမဲ့ နင်ကတော့ နင့်ရဲ့ ရူးသွပ်တဲ့ အိပ်မက်တွေကိုပဲ ဆက်ပြီး ဆုပ်ကိုင်ထားတုန်းပဲ မဟုတ်လား..”

သူမက သူ့ကို ကြည့်ပြီး ခဏလောက် တိတ်ဆိတ်နေခဲ့တယ်..။ယင်းနောက်မှာတော့ သူမက နှုတ်ခမ်းထက်မှာ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။

ဒီအပြုံးတွေနဲ့ ဆန့်ကျင်ဘက်မှာတော့ သူမရဲ့ မျက်လုံးတွေက တည်ငြိမ်ပြီး အေးစက်နေဆဲပါပဲ..။

“နှစ်နှစ်တဲ့လား။မဟုတ်ဘူး... ငါ မျှော်လင့်ချက်မဲ့ နေခဲ့တာ ဒီထက် အများကြီး ပိုကြာနေခဲ့ပြီ ဆန်နီ..။ အခုမှ ငါက ဘာလို့ ပြောင်းလဲရမှာလဲ..”

သူက သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပြီး ဘေးဘက်ကို ကြည့်လိုက်တယ်..။

“ဟုတ်သားပဲ..။ ဒီတော့... အက်စတာ ၊ ဆောင် ၊ ဗေးလ် ..။ သူတို့တွေ က နင့်ရဲ့ နောက်ထပ် ပစ်မှတ်တွေပေါ့.. ဟုတ်လား..”

သူမက တိတ်တဆိတ် ခေါင်းညိတ်ပြခဲ့တာကြောင့် ဆန်နီ ထပ်ပြောလိုက်ပါတယ်..။

“နင် တစ်ခါက ပြောဖူးတယ်မလား.. ။ဒီနာမည်တွေကို သိရုံနဲ့တင် လူတစ်ယောက် အသတ်ခံရနိုင်တယ်လို့လေ..။ ဒါပေမဲ့ ငါကတော့ ကိုယ့်ဘာသာကိုယ် စုံစမ်းကြည့်ထားတယ်..။ အက်စတာ ၊ ဆောင် နဲ့ ဗေးလ် ဆိုတာ အက်စတေရီယွန် ၊ ကီဆောင် နဲ့ ဗာလာကလန် ရဲ့ အန်ဗီ (Anvil of တို့ကို ပြောတာ မလား။သူတို့က နင့်အဖေရဲ့ အဖွဲ့ဝင်ဟောင်းတွေ ပဲ..”

နစ်ဖီ က သူ့ကို အလေးအနက် စိုက်ကြည့်ရင်း ထပ်ပြီး ခေါင်းညိတ်ပြလိုက်တယ်..။ ဆန်နီ က မျက်မှောင်ကျုတ်လိုက်ပြီး..

“သူတို့ကို အုပ်စိုးသူတွေ လို့လည်း သိကြတယ်..။ ဘာလို့လဲဆိုတော့... ဘာလို့လဲဆိုတော့ သူတို့က စတုတ္ထမြောက် အိပ်မက်ဆိုး ကို အောင်နိုင်ခဲ့ကြလို့ပဲ..။ သူတို့က အထွတ်အထိပ်အဆင့် ထက် တစ်ဆင့် ပိုမြင့်တယ်..။ သူတို့က အထွတ်အထိပ်အဆင့် ထက် ကျော်လွန်တဲ့ အန္တိမ အဆင့်တွေ မဟုတ်ဘူးလား..”

သူမက ဘာမှ မပြောဘဲ တတိယအကြိမ်မြောက် ခေါင်းညိတ်ပြလိုက်ပါတယ်..။ ဆန်နီ က ခဏလောက် တွေဝေနေပြီးမှ မေးလိုက်တယ်..။

“...သူတို့က နင့်အဖေကို သတ်ခဲ့ကြတာလား..”

နစ်ဖီ က သူ့ကို ဆက်ပြီး စိုက်ကြည့်နေဆဲပါပဲ..။ သူမရဲ့ မျက်လုံးတွေထဲမှာတော့ အဖြူရောင် မီးတောက်တွေ ကခုန်နေခဲ့တယ်..။

အချိန်အတော် ကြာပြီးနောက်မှာတော့ သူမက သက်ပြင်းချလိုက်ပြီး..

“ဟုတ်တယ်..။ ငါကတော့ အဲဒီလိုပဲ ယုံကြည်တယ်..။ ငါ့အဖေက... ငါ အသက် လေးနှစ်သားမှာ ဆုံးခဲ့တာ..။ အဲ့ဒီမတိုင်ခင်ကတော့ သူ့ရဲ့ အဖွဲ့ဝင်တွေက ငါ့အတွက်တော့ အဒေါ်တွေ ဦးလေးတွေလိုပဲ..။ အက်စတာ ၊ ဆောင် ၊ ဗေးလ် ... အဲ့ဒါက ငါ့အဖေ သူတို့ကို ခေါ်တဲ့ နာမည်တွေပေါ့..။ သူတို့က သူ့ရဲ့ သူငယ်ချင်းတွေပဲလေ..”

သူမရဲ့ အမူအရာက နက်မှောင်သွားခဲ့တယ်။

“ဒါပေမဲ့ သူ မရှိတော့တဲ့နောက်မှာ တစ်ခုခု ပြောင်းလဲသွားခဲ့တယ်..။ ငါက နားလည်ဖို့ အရမ်း ငယ်လွန်းသေးပေမဲ့.. အဲ့ဒီ... သူငယ်ချင်း ဆိုသူတွေထဲက တစ်ယောက်မှ ငါတို့ဆီကို လာမကူညီခဲ့ကြဘူး..။ အဲ့ဒီအစား အင်မော်တယ် မီးတောက် ကလန်က ပျက်စီးသွားပြီး.. သူတို့ရဲ့ ကလန်တွေကတော့ တဟုန်ထိုး တိုးတက်လာခဲ့တယ်..။ အဲဒီနောက် နှစ်နှစ်လောက်အကြာမှာတော့ ငါ့ကို သတ်ပစ်ဖို့အတွက် ပထမဆုံး လုပ်ကြံသတ်ဖြတ်သူကို စေလွှတ်ခဲ့တာပဲ..”

ဆန်နီ က သူ့မျက်နှာကို လက်နဲ့ ပွတ်သပ်လိုက်ပြီးနောက် စိတ်ပျက်လက်ပျက် အသံနဲ့ မေးလိုက်ပါတယ်..။

“ဒါပေမဲ့ ဘာလို့လဲ..။ သူတို့က ဘာလို့ သူ့အပေါ်မှာ သစ္စာဖောက်ခဲ့ကြတာလဲ..”

နစ်ဖီ က မျက်နှာလွှဲလိုက်တယ်..။

“...ငါ မသိဘူး..”

သူက မျက်မှောင်ကျုတ်လိုက်ပြီး ခဏလောက် တွေဝေသွားခဲ့ပါတယ်..။ ဒီလို အဖြေမျိုးပဲ ရလိမ့်မယ်လို့ သူ ခန့်မှန်း ခဲ့ပြီးသားပါ..။ ဒါပေမဲ့ သူ့အတွက် အဓိပ္ပာယ်မရှိတဲ့ အချက်လေး တစ်ခုတော့ ရှိနေခဲ့သေးတယ်..။

“တကယ်လို့ သူတို့က အဲ့လောက်တောင် အစွမ်းထက်ပြီး အာဏာရှိတယ်ဆိုရင်... နင်က ဘာလို့ အခုထိ အသက်ရှင်နေသေးတာလဲ..။ အုပ်စိုးသူတွေ က ဘာလို့နင့်ကို မသတ်နိုင်ခဲ့ကြတာလဲ..။ သူတို့ လုပ်ရမှာက နင့်ဆီကို ကိုယ်တိုင် လာကြည့်ဖို့ပဲလေ..။ကာကွယ်ပေးထားတဲ့

နိုးထသူတွေ. မာစတာ တွေ ဘယ်လောက်ပဲ များပါစေ.. သူတို့ထဲက တစ်ယောက်ကိုတောင် တားထားနိုင်မှာ မဟုတ်ဘူးလေ..”

နစ်ဖီ က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး သူမရဲ့ အသံကို တည်ငြိမ်အောင် ထိန်းထားရင်း ပြောလိုက်ပါတယ်..။

“သူတို့ မလာနိင်ဘူး.."

ဆန်နီ မျက်ခုံးပင့်သွားခဲ့တယ်..။

“မလာနိုင်ဘူး ဆိုတာ ဘာကို ဆိုလိုတာလဲ..။ သူတို့ကို တိုက်ရိုက် မလှုပ်ရှားနိုင်အောင် တားဆီးထားတဲ့ သဘောတူညီချက် တစ်ခုခု ရှိနေလို့လား..”

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ဖြည်းညှင်းစွာပဲ ခေါင်းခါယမ်းလိုက်တယ်..။

“ဟင့်အင်း..။ သူတို့က ဒီတိုင်း မလာနိုင်ကြတာ..။ အုပ်စိုးသူတွေ အတွက် နိုးထခြင်း ကမ္ဘာ ထဲကို ဝင်ရောက်ဖို့ဆိုတာက အရမ်း ခက်ခဲလွန်းတယ်..”

အပိုင်း ( ၇၇၈ ) ပြီး၏။

အပိုင်း ( ၇၇၉ ) မချည်နှောင်ထားသော

သူ့မျက်နှာပေါ်က အံ့သြမှင်သက်နေတဲ့ အမူအရာကို သတိထားမိသွားတာကြောင့် နစ်ဖီ က သက်ပြင်းချလိုက်တယ်..။

“နင် တက်ရောက်သူ အဆင့်ကို ရောက်တဲ့အချိန်မှာ.. အိပ်မက်ကမ္ဘာ နဲ့ နိုးထခြင်း ကမ္ဘာ ကြားက နင့်ရဲ့ ဆက်သွယ်မှု ပြောင်းလဲသွားတာကို ခံစားရမှာပဲ.။ ဟုတ်တယ်မလား..”

ဆန်နီ ဖြည်းညှင်းစွာပဲ ခေါင်းညိတ်ပြလိုက်တယ်။အိပ်မက်ကမ္ဘာထဲကို သူ့ ခန္ဓာကိုယ် အစစ်အမှန်နဲ့ စတင်ဝင်ရောက်ခဲ့တာကိုတောင် ပြန်ပြီး သတိရသွားခဲ့ပါတယ်..။ ဒီဖြစ်စဉ်က ချက်ချင်း ဖြစ်ပေါ်လာတာမျိုး မဟုတ်ပေမဲ့.. အရမ်းကြီးလည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေပါဘူး..။ သူလုပ်ရမှာက အာရုံစူးစိုက်ပြီး သူ့ခံတပ်နဲ့ ဆက်သွယ်မှုကို ခံစားကာ အဲဒီကို သွားလိုက်ဖို့ပဲ လိုအပ်တာပါ..။ မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ သူဟာ လက်တွေ့လောကကနေ ပျောက်ကွယ်သွားပြီး ဆင်စွယ်ရောင် တာဝါ ထဲက ထွက်ပေါက် နားမှာ ပေါ်လာပါလိမ့်မယ်။

နိုးထခြင်း ကမ္ဘာ မှာ အမှတ်အသားတစ်ခု ချန်ထားခဲ့ဖို့ကလည်း မခက်ခဲပါဘူး..။ အချိန်ပိုပေးရပြီး ဝိဥာဥ် အဆီအနှစ် အနည်းငယ် ကုန်ဆုံးတာကလွဲရင်ပေါ့..။ အဲ့ဒါက မှတ်သားမူ တွေကို ဆင့်ခေါ်တာ ဒါမှမဟုတ် ထပ်တူညီမူ တွေကို အမိန့်ပေးတာမျိုးလိုပဲ အလိုလိုသိစိတ်အရ ဖြစ်ပေါ်လာတာပါ..။

အနီရောင် အဆောက်အဦးမှာ မှာ သံခြေကျင်း ခတ်ခံထားရစဉ်က ရရှိခဲ့တဲ့ အသိပညာတွေအရ.. ကမ္ဘာနှစ်ခုကြား ကူးသန်းသွားလာတာကသူ့ရဲ့ စွမ်းရည် နဲ့ မသက်ဆိုင်ပဲ.. အခိုက်အတန့် ရဲ့ လုပ်ဆောင်ချက်တွေထဲက တစ်ခုဖြစ်တယ်ဆိုတာကို ဆန်နီ နားလည်ထားပါတယ်..။

သူ ခေါင်းညိတ်ပြလိုက်တဲ့အခါမှာတော့ ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ဆက်ပြောလာခဲ့တယ်..။

“နိုးထသူ တွေက ထွက်ပေါက် တစ်ခုမှာ ခြေကုပ်ယူပြီး အိပ်မက်ကမ္ဘာ နဲ့ ဆက်သွယ်မှုကို တည်ဆောက်ကြတယ်..။ တက်ရောက်သူ တွေကတော့ အဲ့ဒီဆက်သွယ်မှုကို ပိုပြီး ချဲ့ထွင်လိုက်တာကြောင့် နိုးထခြင်း ကမ္ဘာ နဲ့ ချိတ်ဆက်မှုက လျော့နည်းသွားပြီး.. ကမ္ဘာနှစ်ခုကြားကို မိမိအလိုရှိသလို ကူးသန်းနိုင်စွမ်း ရှိလာကြတယ်လေ..။ အထွတ်အထိပ်အဆင့် တွေကတော့ ပြီးပြည့်စုံတဲ့ မျှခြေ တစ်ခုမှာ ရှိနေကြတာပဲ..။ သူတို့က ကမ္ဘာနှစ်ခုလုံးနဲ့ အညီအမျှ ဆက်သွယ်ထားတာကြောင့် ထွက်ပေါက် တွေအပေါ် မှီခိုနေစရာ မလိုတော့ဘူး..။ တစ်နည်းအားဖြင့် ပြောရရင် သူတို့ကိုယ်တိုင်က ထွက်ပေါက် တစ်ခုလို ဖြစ်နေတာပေါ့...။ဒါကြောင့်ပဲ သူတို့ ခရီးသွားတဲ့အခါ တခြားလူတစ်ယောက်ကိုပါ ခေါ်သွားနိုင်စွမ်းရှိကြတာ..”

သူမက ခန ရပ်လိုက်ပြီး လေးနက်တဲ့ လေသံနဲ့ ထပ်ပြောလိုက်တယ်..။

“ဒါပေမဲ့... အဲဒီ မျှခြေက လူတစ်ယောက် အုပ်စိုးသူအဆင့် ကိုရောက်သွားတာနဲ့ ပျက်စီးသွားတော့တာပဲ..။ အဲ့ဒါက လက်တွေ့ကမ္ဘာအစား အိပ်မက်ကမ္ဘာ ဘက်ကိုပဲ လုံးဝ ရောက်သွားစေတယ်..။ အမှန်အတိုင်း ပြောရရင် ငါလည်းအုပ်စိုးသူတွေ ရဲ့ စွမ်းအားအကြောင်းကို အများကြီး မသိထားဘူး..။ ငါသိတာကတော့ အဲ့ဒီစွမ်းအားက နိုးထခြင်း ကမ္ဘာ မှာ ကန့်သတ်ခံထားရတယ် ဆိုတာနဲ့.. သူတို့က လက်တွေ့လောကထဲကို လွတ်လွတ်လပ်လပ် ဝင်ရောက်လို့ မရဘူး ဆိုတာပဲ..။ အဲ့ဒါကြောင့်ပဲ... အဲ့ဒါကြောင့်ပဲ သူတို့ထဲက ဘယ်သူမှ ငါ့ကို တိုက်ရိုက် မတိုက်ခိုက်နိုင်တာပေါ့..”

ဆန်နီ က ထိတ်လန့်တုန်လှုပ်စွာနဲ့ စိုက်ကြည့်နေခဲ့တယ်..။

ဒီဖွင့်ဟချက်က... တကယ့်ကို အဓိပ္ပာယ်ရှိလွန်းလှပါတယ်..။ နစ်ဖီ ဘယ်လို အသက်ရှင်နိုင်ခဲ့လဲ ဆိုတာကနေ အစိုးရက ဘာကြောင့် နိုးထခြင်း ကမ္ဘာ မှာ အာဏာအများကြီး ဆက်လက် ပိုင်ဆိုင်ထားနိုင်လဲ ဆိုတာအထိ အရာအတော်များများကို ရှင်းပြပေးသွားခဲ့တယ်..။

ပြီးတော့ အုပ်စိုးသူတွေ က လက်တွေ့လောကကို စွန့်လွှတ်လိုက်တာ ကြာပြီဆိုတဲ့ မာစတာ ဂျက် ရဲ့ စကားကိုလည်း ပိုပြီး ခိုင်မာစေပါသေးတယ်..။

တကယ်လို့ တစ်နေ့နေ့မှာ ဆန်နီ ကိုယ်တိုင်အုပ်စိုးသူတစ်ယောက် ဖြစ်လာခဲ့ရင်လည်း.. ဒါကပဲ သူ့ကို စောင့်ကြိုနေမယ့် အနာဂတ်ဖြစ်နိုင်

မလား..။

ကမ္ဘာကြီးက သူ့ ပတ်လည်မှာ ချာချာလည်နေသလို ခံစားလိုက်ရတာကြောင့် ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး.. နက်မှောင်တဲ့လေသံနဲ့ မေးလိုက်ပါတယ်..။

“...ဒါဆို တစ်စုံတစ်ယောက်က မြင့်မြတ်တဲ့ နတ်ဘုရားအဆင့် ဖြစ်လာရင်ကော ဘာဖြစ်လာမှာလဲ..။သူတို့က လက်တွေ့လောကနဲ့ လုံးဝ ဆက်သွယ်မှု ပြတ်တောက်သွားမှာလား..”

နစ်ဖီ က ပုခုံးတွန့်ပြလိုက်တယ်..။

“ငါ မသိဘူး..။ ဘယ်သူမှ မသိကြဘူး..။ ဘယ်သူမှ ပဉ္စမမြောက် အိပ်မက်ဆိုး ကို အောင်နိုင်ခဲ့တာ မရှိဘူးလေ..”

လေးလံတဲ့ တိတ်ဆိတ်မှုက သူတို့ကြားမှာ ကြီးစိုးသွားခဲ့တယ်..။အတော်ကြာမှ ဆန်နီ က ရုတ်တရက် မေးလိုက်ပါတယ်..။

“...ဒိုမိန်း ဆိုတာက ဘာလဲ..”

သူ ဒီ အချက်ကိုလည်း မမေ့သေးပါဘူး..။အဖြူရောင် ကုန်းမြင့်မှာ တုန်းက နစ်ဖီ က သူ့ကို ဘယ် နယ်ပယ် ထဲကလဲလို့ မေးခဲ့ဖူးပါတယ်..။ အဲ့ဒီတုန်းကလည်း သူမ ဘာကို ဆိုလိုတာလဲဆိုတာ သူ မသိခဲ့သလို.. အခုလည်း မသိသေးပါဘူး..။

နစ်ဖီ သက်ပြင်းချလိုက်တယ်..။

“အဲ့ဒါက... ငါကိုယ်တိုင်လည်း သေချာတော့ မသိဘူး..။ ငါသိသလောက်ကတော့ အုပ်စိုးသူ တစ်ယောက်စီတိုင်းက နယ်ပယ် တစ်ခုကို အုပ်ချုပ်ကြတယ်..။ အဲ့ဒါက... စွမ်းရည် ရဲ့ လုပ်ဆောင်ချက် တစ်ခုကို ဖော်ပြတာပဲ..။ စွမ်းရည်တွေနဲ့ မတူပေမဲ့ တူညီတဲ့ အချက်တွေ အများကြီး ရှိတယ်..။ လက်တွေ့မှာတော့ အဲ့ဒါက သူတို့ရဲ့ အာဏာစက် ၊ သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့.. သူတို့ဆီမှာ အမှုထမ်းနေတဲ့ လူတွေကို ဆိုလိုတာပဲ..”

သူမက ခဏလောက် ရပ်လိုက်ပြီးမှ သုန်မုန်စွာထပ်ပြောလိုက်ပါတယ်..။

“အုပ်စိုးသူတွေ က အခုတောင် အတော် သန်မာနေကြပြီ... ဒါပေမဲ့ သူတို့ရဲ့ ဒိုမိန်း တွေထဲမှာဆိုရင်တော့ သူတို့က အနိုင်တိုက်ခိုက်ဖို့ မဖြစ်နိုင်သလောက်ပဲ..။ သူတော်စင် တွေတောင်မှ သူတို့ကို ယှဉ်တိုက်ခိုက်ဖို့ မျှော်လင့်လို့ မရဘူး..”

ဆန်နီ က အောင့်သက်သက်နဲ့ ရယ်လိုက်တယ်..။

“ဒါတောင်မှ ဒီ... ဒီလူတွေကို နင့်ကို ဖျက်ဆီးပစ်ချင်နေကြတာလား..”

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ပြုံးလိုက်တယ်..။

“ဘာလို့ မဖြစ်နိုင်ရမှာလဲ ဆန်နီ..။ ဘယ်အရာမှ ထာဝရ တည်မြဲနေတာ မဟုတ်ဘူး..။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကဆိုရင် ငါက အုပ်စိုးသူ တစ်ယောက်ကို ဘယ်တော့မှ စိန်ခေါ်မှာ မဟုတ်ဘူး..။ ဒီနေ့... ဒီနေ့မှာလည်း ငါက အဲ့ဒါကို လုပ်ဖို့အတွက် အရမ်း အားနည်းနေသေးတယ်..။ ငါက အရေးမပါတဲ့ အခြေအနေမှာ ရှိနေတုန်းပဲ..။ ဒါပေမဲ့ နောက်ထပ် နှစ်နှစ်အကြာမှာလည်း ဒီလိုပဲ ရှိနေဦးမယ်လို့ ထင်လို့လား..။ငါက ဒီလိုပဲ အားနည်းနေပြီး.. သူတို့ကကော ဒီလိုပဲ သန်မာနေကြဦးမှာလား..။နောက် ငါးနှစ်ဆိုရင်ရော..။ အရာအားလုံးက ဒီအတိုင်း ရှိနေမှာ မဟုတ်ဘူးလေ..။ အရာအားလုံးက အမြဲ ပြောင်းလဲနေတာပဲ... နတ်ဘုရားတွေတောင် သေဆုံးနိုင်တာပဲ မဟုတ်ဘူးလား..။ အက်စတေရီယွန် ၊ ကီဆောင် နဲ့ ဗာလာကလန် ရဲ့ အန်ဗီ တို့က နတ်ဘုရားတွေမှ မဟုတ်တာ... သူတို့ကို ဘာလို့ ချန်လှပ်ထားခဲ့ရမှာလဲ..”

ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။

“ငါ မသိတော့ဘူး..။ အဲဒီ နှစ်နှစ် ၊ ငါးနှစ် ဒါမှမဟုတ် ဆယ်နှစ် ဆိုတာတွေကို ခဏမေ့ထားလိုက်စမ်းပါဦး..။ အခုလောလောဆယ် နင် ဘယ်လို အသက်ရှင်အောင် နေမှာလဲ..။လက်ရှိ အချိန်မှာ သူတို့ရဲ့ နင်းခြေမူကို မခံရအောင် ဘယ်လို ရှောင်တိမ်းမှာလဲ..။ နင့်ရဲ့ တကယ့် အစီအစဉ်က ဘာလဲ..”

နစ်ဖီ သူ့ကို အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ သက်ပြင်းချလိုက်တယ်..။

“ငါ့မှာ အစီအစဉ် မရှိဘူး..”

သူမ ခဏလောက် တိတ်သွားပြီးမှ တည်ငြိမ်စွာ ထပ်ပြောလာခဲ့ပါတယ်..။

“...အခုထိပေါ့..”

ဆန်နီ ဘာပြောရမှန်း မသိတော့တာကြောင့် ခေါင်းကိုပဲ ခါယမ်းလိုက်ပါတယ်..။

ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ စွဲလမ်းမှုတွေကနေ ဖျောင်းဖျဖို့ ကြိုးစားတာက အပိုသက်သက် ပါပဲ..။ နစ်ဖီ က အခိုက်အတန့် ကို ဖျက်ဆီးပစ်ချင်နေပြီး.. အုပ်စိုးသူတွေ က သူမရဲ့ လမ်းမှာ ပိတ်နေခဲ့ကြတာပါ..။ ကိစ္စက ရှင်းရှင်းလေးပါပဲ..။ အဲဒီအပေါ်မှာတော့ အရင်ကတည်းက ရှိနေတဲ့ ကလဲ့စားချေလိုစိတ်ကလည်း အလေးသာနေခဲ့ပါသေးတယ်။

သူမ လုံးဝ လမ်းမှားနေတာလား ဆိုတာကိုတော့ သူလည်း သေချာ မသိတော့ပါဘူး။..သူ လက်လှမ်းမမှီနိုင်တော့ပေ..။

ဆန်နီ ကိုယ်တိုင် ကတော့ အုပ်စိုးသူတွေ ၊ ကလန်ကြီးတွေနဲ့ လုံးဝ မပတ်သက်ချင်ပေမဲ့..သူ့မှာ ရွေးချယ်စရာ ရှိသေးလို့လား..။

တစ်စုံတစ်ယောက် ဖြစ်လာဖို့နဲ့ တစ်ခုခုကို ပိုင်ဆိုင်ဖို့ ကြိုးစားနေရုံနဲ့တင်.. သူကလည်း သူတို့ရဲ့ ပစ်မှတ် ဖြစ်သွားခဲ့ရတာပါပဲ..။ သူ့မှာ တန်ဖိုးရှိတဲ့ အရာ တစ်ခုခု ရှိနေသရွေ့တော့.. တခြားသူတွေက အဲ့ဒါကို လုယူဖို့ ဒါမှမဟုတ် သူတို့ကို အလုပ်အကျွေး ပြုခိုင်းဖို့ ကြိုးစားကြပါလိမ့်မယ်။

ဒါက ကမ္ဘာကြီးရဲ့ သဘာဝပဲလေ..။ ကလန်ကြီးတွေက လူသားမျိုးနွယ် ကို ထိန်းချုပ်ဖို့ ကြိုးစားနေသရွေ့တော့ သူတို့ဆီကနေ ထွက်ပြေးဖို့ လမ်းမရှိပါဘူး..။ ဆန်နီ အနေနဲ့ အိပ်မက်ကမ္ဘာ ထဲမှာ ရသေ့ တစ်ပါးလို တစ်သက်လုံး နေသွားဖို့ မရည်ရွယ်ထားသရွေ့တော့.. သူက နယ်ပယ် တွေနဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေရဦးမှာပါပဲ..။

သူကိုယ်တိုင်လည်း တစ်ခြားသူရဲ့ အထိန်းချုပ်ခံ အဖြစ်ရှိနေဖို့ ခွင့်ပြုရဦးမှာပါ..။

ခါးသီးတဲ့ အပြုံးတစ်ခုက သူ့နှုတ်ခမ်းပေါ်မှာ ပေါ်လာခဲ့တယ်..။

‘တကယ့်ကို ရယ်စရာပဲ...’

ဒီ သောက်ကျိုးနဲ ကမ္ဘာကြီးက လွတ်လပ်မှု နည်းနည်းရဖို့အတွက် ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ..။ ဆန်နီ က လွတ်လပ်ဖို့အတွက် သန်မာချင်ခဲ့တာပါ..။ ဒါပေမဲ့ သူ ပိုပြီး သန်မာလာလေလေ.. ပိုပြီး အစွမ်းထက်တဲ့ အင်အားစုတွေက သူ့ကို လက်အောက်ခံဖြစ်အောင် လုပ်ချင်လေလေပါပဲ..။

အခုတော့ သူ့မှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိပါတော့တယ်..။အဲတာက အရှုံးပေးလိုက်ဖို့ ဒါမှမဟုတ် အားလုံးထက် ၊ ဘယ်အရာထက်မဆို ပိုပြီး သန်မာလာဖို့ပါပဲ..။

ဒီအချက်က အကြောင်းပြချက် မတူတာကလွဲရင်.. နစ်ဖီ ရယူဖို့ ကြိုးစားနေတဲ့ အရာနဲ့ အတူတူပါပဲ..။

သူ သက်ပြင်းချလိုက်ပြီး.. ပေါ့ပေါ့ပါးပါး လက်ဝေ့ယမ်းလိုက်တယ်..။

“ဘာပဲဖြစ်ဖြစ်...ဒါတွေ ပြောရတာကို ငါ စိတ်ပင်ပန်းလာပြီ..။နည်းနည်းလောက် မလေ့ကျင့်ချင်ဘူးလား..”

အပိုင်း ( ၇၇၉ ) ပြီး၏။

အပိုင်း ( ၇၈၀ ) ရင်းနှီးတဲ့ လေ့ကျင့်ရေး

ဆန်နီ နဲ့ နစ်ဖီ ဟာ လေ့ကျင့်ရေးဓား တွေကို ကိုင်ထားရင်း တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေခဲ့ကြတယ်..။ ဒီမြင်ကွင်းက ကြက်သွေးရောင် မျှော်စင် ရဲ့ ထိပ်ဖျားမှာ ဖြစ်ပွားခဲ့တဲ့ သူတို့ရဲ့ ခါးသီးတဲ့ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ အတော်လေး ဆင်တူနေတာကြောင့် သူတို့ စိတ်ထဲမှာ မသက်မသာ ဖြစ်နေခဲ့ကြပါတယ်..။

ဒါပေါ့.. ဒီနေ့မှာတော့ အခြေအနေတွေက လုံးဝကို ကွာခြားနေခဲ့ပါတယ်..။ သူတို့က ဒီတိုင်း မိတ်ဖြစ်ဆွေဖြစ် လက်ရည်စမ်းကြမှာဖြစ်ပြီး အသေအကြေတိုက်ခိုက်ကြမှာ မဟုတ်ပေ။ ဒီလေ့ကျင့်ရေးတိုက်ပွဲမှာ ဘယ်လို အလောင်းအစားမှ မရှိသလို.. စိတ်ခံစားမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေလည်း မရှိပါဘူး..။ နောင်တ ၊ ဒေါသနဲ့ မကျေနပ်ချက်တွေ ရောယှက် နေတာမျိုးလည်း မရှိပေ..။

...ဒါဆိုရင် ဘာလို့ ဆန်နီ အနေနဲ့ တစ်ခုခုကို သက်သေပြရမယ်လို့ ခံစားနေရတာလဲ..။

စိတ်လျော့ထားဖို့အတွက် ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးရင်း.. သူ နစ်ဖီ ကို တစ်ချက်ကြည့်ကာ တိုက်ခိုက်လိုက်ပါတယ်..။ သူတို့ရဲ့ ဓားတွေဟာ နားကွဲမတတ် အသံတစ်ခုနဲ့အတူ ထိတွေ့သွားခဲ့တယ်..။

စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ ဆန်နီ နောက်ကို ခုန်ဆုတ်လိုက်ပြီး အော်ပြောလိုက်ပါတယ်..။

“ရပ်လိုက်...ရပ်လိုက်...ရပ်လိုက်”

ပြောင်းလဲနေတဲ့ ကြယ်ပွင့် ငြိမ်သက်သွားတဲ့ အချိန်မှာတော့.. သူက ပတ်ဝန်းကျင်ကိုကြည့်ရင်း အမောတကော အသက်ရှူနေခဲ့ရတယ်။

ဆန်နီ က အံကြိတ်လိုက်ပြီး ခပ်တိုးတိုး ကျိန်ဆဲလိုက်ပါတယ်..။

“ချီးတဲ့မှပဲ..”

လေ့ကျင့်မယ်လို့ စိတ်ကူးရခဲ့တာက..အကောင်းဆုံး အကြံဥာဏ်တစ်ခု မဟုတ်ခဲ့တဲ့ ပုံပါပဲ။ ။ ဟုတ်ပါတယ်.. ဒီမြေအောက် လေ့ကျင့်ရေးကွင်း က နိုးထသူ တွေ သူတို့ရဲ့ စွမ်းအားတွေကို လေ့ကျင့်နိုင်ဖို့ အထူးတလည် ဒီဇိုင်းထုတ်ထားတာပါ..။ဒီအရာကို သီးခြားခွဲကာ ထုတ်လုပ်ထားပြီး ခိုင်ခံ့အောင် လုပ်ထားခဲ့တယ်။တကယ်လို့.. အနီးအနားမှာ ထွက်ပေါက် တစ်ခု ပွင့်လာပြီး အိပ်မက်ဆိုး သားရဲတွေ ရပ်ကွက်ထဲကို လွှမ်းမိုးလာခဲ့ရင်တောင် ဖောက်ထွင်းလို့မရတဲ့ ဘန်ကာတစ်ခုအဖြစ် ပြောင်းလဲနိုင်အောင် အထူးစီမံထားတာပါ..။

အတွင်းပိုင်းကိုတော့ အကာအကွယ်အဆင့်ရှိတဲ့ ကြွေထည် သတ္တုစပ်ပြားတွေနဲ့ ခင်းကျင်းထားပြီး.. နိုးထသူ တွေရဲ့ ပြင်းထန်လှတဲ့ စွမ်းအားတွေကို ခံနိုင်ရည်ရှိအောင် ပြုလုပ်ထားတဲ့ လေ့ကျင့်ရေး ပစ္စည်းကိရိယာတွေနဲ့ ထောက်ပံ့ပေးထားခဲ့ပါတယ်..။

...ဒါပေမဲ့ ဆန်နီ နဲ့ နစ်ဖီ တို့က နိုးထသူ တွေ မဟုတ်တော့ပါဘူး..။ သူတို့က အပြည့်အဝ အဆင့်တက်ထားတဲ့ မာစတာတွေ ဖြစ်နေကြပါပြီ...။ပြီးတော့ သာမန်မာစတာ တွေလည်း မဟုတ်ကြပေ..။

သူ့လက်ထဲမှာ ရှိနေတဲ့ သတ္တုစပ်ဓားကတော့ ကြေမွနေခဲ့တယ်..။ ကြမ်းပြင်ပေါ်က သတ္တုပြားအချို့လည်း ကျိုးပဲ့သွားခဲ့ပါတယ်..။ တကယ်လို့ ဒီတိုက်ခိုက်မူကိုသာ ဆက်လုပ်နေမယ်ဆိုရင် လေ့ကျင့်ရေးကွင်းရဲ့ ပြင်ဆင်စရိတ်က ဆန်နီ့ ရဲ့ ပိုက်ဆံအိတ်ကို ဓားပြတိုက်သလို ဖြစ်လာပါလိမ့်မယ်..။

အဲဒါထက် ပိုဆိုးတာက... နစ်ဖီ က သူမရဲ့ အကောင်းဆုံး အခြေအနေမှာ ရှိမနေတာပါပဲ..။ သူမက မနေ့ကမှ နိုးထခြင်း ကမ္ဘာ ကို ပြန်ရောက်လာခဲ့တာပါ..။ ဒီမတိုင်ခင်မှာ သူမက အိပ်စက်သူ တစ်ယောက်ပဲ ဖြစ်ခဲ့တာကြောင့် ဝိဥာဥ် အဆီအနှစ် ကို ထိန်းချုပ်တဲ့ နေရာမှာ အတွေ့အကြုံ မရှိခဲ့ပါဘူး။မာစတာ တစ်ယောက်ရဲ့ ရှုပ်ထွေးနက်နဲတဲ့ တိကျမှုနဲ့ ထိရောက်မှုမျိုးနဲ့ လုပ်ဆောင်နိုင်ဖို့ ဆိုတာ ပြောစရာတောင် မလိုတော့ပေ..။သူမက.. နိုးထသူ တစ်ယောက်လိုတောင် ကြမ်းကြမ်းတမ်းတမ်း မလုပ်ခဲ့ဖူးတဲ့သူပါ..။

သူမရဲ့ အဆီအနှစ် စီးဆင်းမှုက ဘယ်လောက်တောင် ဖရိုဖရဲဖြစ်ပြီး ထိန်းချုပ်မရ ဖြစ်နေသလဲဆိုတာကို ဆန်နီ အတိအကျ ပြောနိုင်ပါတယ်..။ ဘာလို့လဲဆိုတော့ အခုဆိုရင် အရိပ်ကခုန်ခြင်း နည်းစနစ် က သူ့ပြိုင်ဘက်တွေရဲ့ ခန္ဓာကိုယ်ထဲက ထူးဆန်းတဲ့ စွမ်းအင်တွေရဲ့ လှုပ်ရှားမှုကို ခံစားသိရှိနိုင်အောင် ခွင့်ပြုထားလို့ပါပဲ..။

သေချာတာကတော့.. တက်ရောက်သူ တိုင်းက သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာကို အဆီအနှစ်နဲ့ ဘယ်လို အားဖြည့်ရမလဲဆိုတာကို အလိုလို နားလည်ထားကြပါတယ်။ဒါပေမဲ့.. အဲ့ဒါကို ကျင့်သားရဖို့အတွက်ဆိုရင် အချိန်အနည်းငယ် ပေးရသလို.. ပိုင်နိုင်ဖို့အတွက်ကတော့ ပိုပြီး အချိန်ပေးရပါသေးတယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့် မတိုင်ခင် မှာတော့ တက်ရောက်သူ တိုင်းက နိုးထသူ အဆင့်မှာတင် အဲ့ဒီ ရှည်လျားပြီး ခက်ခဲတဲ့ လမ်းကြောင်းပေါ်မှာ ပထမဆုံး ခြေလှမ်း အတွေ့အကြုံကို ခံစားခဲ့ကြရတာပါ..။

အမှန်တော့.. နိုးထသူ တွေ အနေနဲ့ တက်ရောက်သူ အဆင့်ကို ရောက်တဲ့အချိန်မှာ အဆီအနှစ်ကို ထိန်းချုပ်တာက သူတို့အတွက် အသက်ရှူရသလိုမျိုး သဘာဝကျနေခဲ့ပါပြီ..။

နစ်ဖီ အတွက်ကတော့ အဲ့ဒီလို မဟုတ်ပါဘူး..။ သူမ တက်ရောက်သူ အဖြစ်နဲ့ ပြန်လာနိုင်တာက အံ့ဩဖွယ်ရာတစ်ခု ဖြစ်နိုင်ပေမဲ့.. သဘာဝတရား အတိုင်း အဆင့်တက်ရောက်ခဲ့ သူတွေ ခံစားရလေ့ရှိတဲ့ အရာများစွာကိုတော့ သူမ ဆုံးရှုံးခဲ့ရပါတယ်..။

သူမက သူမ လက်လှမ်းမမီတဲ့ နေရာကို ရောက်နေခဲ့တာပါ..။

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က သူမလက်ထဲက ကျိုးပဲ့နေတဲ့ ဓားကို မျက်မှောင်ကျုတ်ပြီး စိုက်ကြည့်လိုက်တယ်။.. ဆန်နီ ကတော့ လက်ကို ဝေ့ယမ်းလိုက်ပြီး အတင်းအကျပ် ပြုံးပြလိုက်ပါတယ်..။

“ဒါက... နင့်ရဲ့ ဝိဥာဥ် အဆီအနှစ် ကို ဘယ်လို လမ်းညွှန်ရမလဲဆိုတာ သင်ယူဖို့အတွက် အချိန်နည်းနည်းတော့ ပေးရလိမ့်မယ်..။ပြီးရင် အဆီအနှစ်ရဲ့ အကူအညီနဲ့ ဘယ်လို တိုက်ခိုက်ရမလဲဆိုတာကို ပြန်သင်ယူဖို့ အချိန်ထပ်ပေးရဦးမှာပဲ..။ ငါက နှစ်နဲ့ချီပြီး လေ့ကျင့်ထားခဲ့တာဆိုတော့.. အားအကုန်သုံးပြီး တိုက်တာက ငါတို့အတွက် အကျိုးရှိမှာမဟုတ်ဘူး..”

သူ ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်တယ်..။

“ကောင်းပြီ.. အဆီအနှစ်တွေကို လုံးဝ မသုံးဘဲ ထပ်စမ်းကြည့်ရအောင်..။ ဒါက ကျွမ်းကျင်မှု သက်သက်ကိုပဲ စမ်းသပ်တာ ဖြစ်လိမ့်မယ်...”

သေချာတာပေါ့.. နစ်ဖီ က သူ့ထက် အမြုတေ တစ်ခု ပိုများပါတယ်..။ ဒါပေမဲ့ အရာအားလုံးကို ခြုံကြည့်မယ်ဆိုရင်တော့..။တကယ်လို့ သူတို့နှစ်ယောက်လုံးက အဆီအနှစ်ကို မသုံးဘဲ ဒါမှမဟုတ် သူတို့ရဲ့ စွမ်းရည် တွေနဲ့ အားမဖြည့်ဘဲ တိုက်ခိုက်ကြမယ်ဆိုရင်.. ရုပ်ပိုင်းဆိုင်ရာ ကွာဟချက်က အရမ်းကြီး ကွာခြားမနေသင့်ပါဘူး။

သူတို့က နောက်တစ်ကြိမ် တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ပြီး ရပ်လိုက်ကြတယ်..။ သူတို့နှစ်ယောက်လုံးက ကျိုးပဲ့သွားတဲ့ လက်နက်တွေကို လွင့်ပစ်လိုက်ပြီး အသစ်တွေကို ယူလိုက်ကြပါတယ်..။

ခဏအကြာမှာတော့ သူတို့ ထိပ်တိုက်ရင်ဆိုင်လိုက်ကြတယ်..။

ဒီတစ်ကြိမ်မှာတော့ အခြေအနေက ပိုကောင်းသွားခဲ့ပါပြီ..။ သို့ပေမဲ့... အရမ်းကြီးတော့ မဟုတ်ပေ..။

ပြဿနာတွေထဲက တစ်ခုက သူတို့ရဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေပါပဲ..။ အရိပ်ကကွက် နဲ့ နစ်ဖီ ကို ရင်းနှီးကျွမ်းဝင်မှုကြောင့်.. သူမရဲ့တိုက်ခိုက်ရေး ဟန်ပန် အနှစ်သာရကို ခံစားမိဖို့ ဆန်နီ အတွက် အချိန်အများကြီး မပေးလိုက်ရပါဘူး..။ ဒါက လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အများကြီး ပြောင်းလဲပြီး ရင့်ကျက်သွားခဲ့ပေမဲ့.. သူ့ရဲ့ စွမ်းရည် အမွေအနှစ် ကို ကျွမ်းကျင်မှုကလည်း တိုးတက်လာခဲ့တာပါ..။

ဆန်နီ က ဒီ ဟန်ပန် ကို အပြည့်အဝ မတတ်မြောက်သေးပေမဲ့.. နစ်ဖီ ရဲ့ လှုပ်ရှားမှု အချို့ကို အချိန်အတော်ကြာအောင် တိကျမှုရှိရှိနဲ့ ကြိုတင်ခန့်မှန်းနိုင်တဲ့အထိ သူမရဲ့ စည်းချက်နဲ့ စီးဆင်းမှုမှာ စီးမျောနေနိုင်ခဲ့ပါတယ်..။

ပြဿနာကတော့... ပြောင်းလဲနေတဲ့ ကြယ်ပွင့် ကိုယ်တိုင်ကလည်း ဒါမျိုးကို အနည်းနဲ့အများ လုပ်နိုင်တာပါပဲ..။သူမရဲ့ တိုက်ပွဲပုံစံတွေကို ပိုင်းခြားစိတ်ဖြာနိုင်ခြင်း ၊ ကြိုတင်ခန့်မှန်းနိုင်ခြင်းနဲ့ ထိန်းချုပ်နိုင်ခြင်းဆိုင်ရာ စွမ်းရည်တွေက အရိပ်တွေအပေါ် အခြေခံထားတာ မဟုတ်ပဲ အတော်လေးကို ကွဲပြားခြားနားပါတယ်..။ ဒါပေမဲ့ ရလဒ်ကတော့ အတူတူပါပဲ..။ ဒါက သူမရဲ့ ပါရမီ ၊ လေ့ကျင့်မှုနဲ့ ထူးကဲလှတဲ့ တိုက်ခိုက်ရေးဉာဏ်ရည် မြင့်မားမူရဲ့ ရလဒ်တစ်ခုပါ..။

ရလဒ်အနေနဲ့ကတော့.. ဆန်နီ က နစ်ဖီ ဘာလုပ်မလဲဆိုတာကို တစ်နည်းနည်းနဲ့ ကြိုတင်ခန့်မှန်းနိုင်သလို..

သူမကလည်း ဆန်နီက သူမရဲ့ လှုပ်ရှားမှုတွေကို ကြိုတင်ခန့်မှန်းထားတာကို ပြန်ပြီး ခန့်မှန်းနိုင်ကာ လှုပ်ရှားမှုကို ချက်ချင်း ပြောင်းလဲပစ်နိုင်စွမ်း ရှိပါတယ်...။

ဒီအရာကို ဆန်နီကလည်း ပြန်ပြီး ဆင်ခြင်သုံးသပ် ရပါသေးတယ်..။တိုက်ပွဲက ဒီလိုနဲ့ပဲ ဆက်သွားနေခဲ့တာပါ..။

အဲ့ဒါက တကယ်ကို ရှုပ်ထွေးလွန်းလှပါတယ်..။ ဆန်နီ အနေနဲ့ အရင်က ဒီလောက်အထိ ဉာဏ်ရည်ချင်း ယှဥ်ပြိုင်ရတဲ့ တိုက်ပွဲမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ပါဘူး..။ ဘာတွေဖြစ်နေတာလဲဆိုတာကိုတောင် သူ သေသေချာချာ မသိတော့ပါဘူး။ ဒီအခက်အခဲအတွက် ဖြေရှင်းနည်းတစ်ခုတော့ ရှိမှာ သေချာပေမဲ့.. အဲ့ဒါကို စဉ်းစားဖို့ သူမှာ အချိန်မရပေ..။

ဒါပေမဲ့... အဲ့ဒါက ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်..။

ကျန်တဲ့ တစ်ဝက်ကတော့ နစ်ဖီ ရဲ့ အဆီအနှစ်က အရမ်းကို အခြေခံကျပြီး ထိန်းချုပ်နိုင်စွမ်းကင်းမဲ့နေတာကြောင့်.. သူမကိုယ်သူမ အလိုလျောက်အသုံးပြုမိတာကိုတောင် မတားဆီးနိုင်တာပါပဲ..။ ရလဒ်အနေနဲ့ကတော့ ဆန်နီ ဟာ ကြိုတင်ခန့်မှန်းဖို့ ခက်ခဲလောက်အောင် ဖရိုဖရဲဖြစ်နေတဲ့ ရုတ်တရက် မြန်ဆန်လာမှု ၊ အားကောင်းလာမှုနဲ့ ဖျတ်လတ်လာမှုတွေကို ခံနိုင်ရည်ရှိအောင် ကြိုးစားနေရပါတယ်..။ သူကိုယ်တိုင်ကလည်း ထိန်းပြီး တိုက်နေရတာကြောင့် ဒီလို ဖိအားတွေကို ကိုင်တွယ်ရတာက အတော်လေးကို ဒုက္ခများနေခဲ့တယ်..။

တစ်နေရာအရောက်မှာတော့.. ပြောင်းလဲနေတဲ့ ကြယ်ပွင့် က သူမရဲ့ တိုက်ခိုက်မှုမှာ အရှိန်လွန်သွားခဲ့ပြီး.. ဒုတိယမြောက် လေ့ကျင့်ရေးဓားကိုလည်း ကြေမွသွားစေခဲ့ပါတယ်..။ ချွန်ထက်နေတဲ့ အစွန်းက ရှေ့ကို လျှောထွက်လာခဲ့ပြီး ဆန်နီရဲ့ ပါးပြင်ကို အလျားလိုက် ရှပ်ထိသွားခဲ့တယ်..။

သွေးစက်အချို့က ကြမ်းပြင်ပေါ်ကို ကျဆင်းသွားခဲ့ပါတယ်..။

ဆန်နီ နောက်ကို အလျင်အမြန် ဆုတ်လိုက်ပြီး မျက်နှာပျက်သွားခဲ့တယ်..။ သူရဲ့ မျက်နှာ ဘယ်ဘက်ခြမ်းက တော်တော်လေး စုတ်ပြဲသွားတာကို ခံစားလိုက်ရတာကြောင့်ပါ..။ ဒဏ်ရာက

ဝီဗာသွေး ကိုတောင် သွေးအနည်းငယ် ကျစေတဲ့အထိ ဆိုးရွားပါတယ်..။ ဒါပေါ့.. ဒါက သူ ပြန်ပြီး မကုသနိုင်တဲ့ ဒဏ်ရာတစ်ခု မဟုတ်ဘူး ဆိုပေမယ့်လည်း.. အခုတော့ နာကျင်နေတုန်းပါပဲ..။

...သူ ဘာမှ မပြောနိုင်ခင်မှာပဲ.. နစ်ဖီ က ရုတ်တရက် ရှေ့ကို လှမ်းလိုက်ပြီး သူမရဲ့ အေးမြတဲ့ လက်ဖဝါးကို သူ့ရဲ့ စုတ်ပြဲနေတဲ့ ပါးပြင် ပေါ်မှာ တင်လိုက်တယ်..။ ခနအကြာမှာတော့.. တောက်ပတဲ့ အဖြူရောင် အလင်းတန်းတစ်ခုက မြေအောက် လေ့ကျင့်ရေးကွင်း တစ်ခုလုံးကို လင်းထိန်သွားစေခဲ့ပါတယ်..။

သူ့ရဲ့ နာကျင်မှုတွေက ချက်ချင်း ပျောက်ကွယ်သွားပြီး.. အဲ့ဒီအစား သက်သောင့်သက်သာရှိမှု နဲ့ နူးညံ့တဲ့ နွေးထွေးမှုတွေက အစားထိုး ဝင်ရောက်လာခဲ့တယ်..။ သူ ခံစားလိုက်ရတာက... သန့်စင် ၊ တန်ဖိုးရှိပြီး ၊ မြင့်မြတ်တဲ့အရာ တစ်ခုခုနဲ့ ဆေးကြောသန့်စင်ခြင်း ခံနေရသလိုပါပဲ..။

စစ်မှန်တဲ့ အဖြူရောင် မီးတောက်..။

တစ်ယောက်နဲ့တစ်ယောက် အရမ်းကို နီးနီးကပ်ကပ် ရှိနေခဲ့တာကြောင့်.. နှစ်ယောက်စလုံး ခနလောက် ငြိမ်သက်သွားခဲ့ကြတယ်..။ နစ်ဖီ ရဲ့ လက်က ဆန်နီရဲ့ ပါးပြင်ပေါ်မှာ ရှိနေဆဲ ဖြစ်ပြီး.. ဒဏ်ရာကလည်း လျင်မြန်တဲ့ နှုန်းနဲ့ ကုသပျောက်ကင်းနေခဲ့ပါတယ်..။ သူမရဲ့ အရေပြားကနေ ထွက်ပေါ်လာတဲ့ နူးညံ့တဲ့ အလင်းတန်းတွေက သူမရဲ့ တည်ငြိမ်တဲ့ မီးခိုးရောင် မျက်လုံးတွေထဲမှာ အလင်းပြန်နေခဲ့တယ်..။

အဲဒီ တည်ငြိမ်တဲ့ မျက်လုံးတွေရဲ့ နောက်ကွယ်မှာတော့.. နာကျင်မှုနဲ့ ဆင်းရဲဒုက္ခအတိ ခံစားရမူတွေက ရှိနေခဲ့ပါတယ်။

ဆန်နီ အနည်းငယ် လှုပ်ရှားလိုက်ပြီး သူမကို ဒီလို လုပ်ဖို့ မလိုကြောင်း အသိပေးဖို့ လုပ်လိုက်ပါတယ်။

သို့ပေမဲ့.. သူ စကားမပြောနိုင်ခင်မှာပဲ.. မျှော်လင့်မထားတဲ့ အရာတစ်ခုက ဖြစ်ပျက်သွားခဲ့တယ်....။

အဖြူရောင် မီးတောက်တွေက ရုတ်တရက် သူ့ရဲ့ အရေပြားအောက်ကို စိမ့်ဝင်သွားပြီး...

သူ့ကို လွှမ်းခြုံသွားခဲ့ပါတော့တယ်။

အပိုင်း ( ၇၈၀ ) ပြီး၏။

All Chapters