အခန်း (၁၂၅-၁၂၆)
Vol. 13 Ch. 125-126
အခန်း။ ၁၂၅
"ရှောင်ပင်း... မင်းရဲ့ လက်ရှိကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ"
မုယွဲ့မေက မေးမြန်းလိုက်သည်။
"တောင်ထိပ်သခင်ကို တင်ပြရရင်... အခု ကျွန်တော် ကြည်လင်ခြင်းနယ်ပယ်မှာ ရှိနေပါတယ်ခင်ဗျာ"
ချန်ကျီရှင်းက ဦးညွှတ်လိုက်ပြီး သူ၏ ကြည်လင်ခြင်းနယ်ပယ် အငွေ့အသက်အချို့ကို ချက်ချင်း ထုတ်ဖော်ပြလိုက်သည်။ မုယွဲ့မေက ခေါင်းညိတ်သည်။ အထွေထွေကိစ္စရပ်များဌာနမှ သူမ ရရှိထားသော အချက်အလက်များအရ ချန်ကျီရှင်း၏ အသက်မှာ ၂၂ နှစ်ဖြစ်သည်။ အသက် ၂၂ နှစ်တွင် ကြည်လင်ခြင်းနယ်ပယ်သို့ ရောက်ရှိနေခြင်းမှာ ပုံမှန်သာဖြစ်ပြီး ထူးခြားချက်မရှိပေ။
အမှန်စင်စစ် စိတ်ဝိညာဉ်အာရုံစူးစိုက်မှု ပါရမီသည် ကျင့်ကြံမှုအဆင့်နှင့် တိုက်ရိုက်မသက်ဆိုင်ပေ။ ပါရမီကို ကျင့်ကြံမှုအဆင့်တစ်ခုတည်းနှင့် မဆုံးဖြတ်နိုင်ခြင်းပင်။
နောက်တစ်ခဏတွင် မုယွဲ့မေက သူမ၏ ညာဘက်လက်ဖဝါးကို လှန်လိုက်ရာ ခရမ်းရောင်သန်းနေသော လက်သီးဆုပ်ခန့်ရှိ လေးထောင့်စိန်ပုံစံ တည်ငြိမ်ခြင်းကျောက်တုံးတစ်ခုသည် သူမ၏ လက်ဖဝါးပေါ်တွင် ငြိမ်သက်စွာ ပေါ်ထွက်လာတော့သည်။
"ရှောင်ပင်း... ဒီကျောက်တုံးက ကြည်လင်ခြင်းနယ်ပယ်မှာရှိတဲ့ မင်းရဲ့ မွေးရာပါပါရမီကို စမ်းသပ်ဖို့ သီးသန့်အသုံးပြုတဲ့အရာပဲ။ မင်းရဲ့လက်ကို ဒီပေါ်တင်လိုက်တာနဲ့ မင်းမှာ မွေးရာပါ ဝိညာဉ်ခန္ဓာ ရှိမရှိဆိုတာကို သိနိုင်သလို မင်းရဲ့ နတ်ဘုရားအသိစိတ်ရဲ့ စုစုပေါင်းပမာဏနဲ့ ပြင်းအားကိုပါ တိုင်းတာနိုင်လိမ့်မယ်"
"အကယ်၍ ဒီကျောက်တုံးက အဖြူရောင်အလင်း ထွက်လာရင် မင်းမှာ မွေးရာပါ ဝိညာဉ်ခန္ဓာ မရှိဘူးလို့ ဆိုလိုတာပဲ"
"ဒါပေမဲ့ အကယ်၍ ခရမ်းရောင်အလင်း တောက်ပလာခဲ့ရင်တော့ မင်းက မွေးရာပါ ဝိညာဉ်ခန္ဓာပိုင်ရှင် အစစ်အမှန်ပဲ"
မုယွဲ့မေက လက်ကို ရှေ့သို့တွန်းလိုက်ရာ ခရမ်းရောင်ကျောက်တုံးလေးက ချန်ကျီရှင်း၏ ရှေ့တွင် လွင့်မျောနေတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လီရန်၊ ကွမ်းထျန်းယွီနှင့် မဟာအကြီးအကဲ ငါးဦးစလုံး၏ အကြည့်များသည် ချန်ကျီရှင်းထံသို့သာ စုပြုံကျရောက်နေကြ၏။
"ဟုတ်တယ်... ဒီကျောက်တုံးနဲ့ စမ်းသပ်တာက ပိုတိကျတယ်။ ကျောက်စိမ်းသေတ္တာရှာတဲ့ နည်းလမ်းက ဟာကွက်တွေ ရှိနိုင်တယ်လေ။ ဥပမာ စိတ်ဝိညာဉ်အာရုံစူးစိုက်မှု ကောင်းအောင် သီးသန့်ကျင့်ကြံထားတာမျိုး ဒါမှမဟုတ် အထွေထွေကိစ္စရပ်များဌာနက လူတွေက တိတ်တဆိတ် ကူညီပေးထားတာမျိုးတွေ ဖြစ်နိုင်တာပဲ"
အကြီးအကဲ ဖူယွမ်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
လီရန်က ချန်ကျီရှင်းကို တစ်ချက်ကြည့်လိုက်မိပြီး အလိုလိုနေရင်း ရင်ခုန်လှုပ်ရှားနေမိသည်။ ယနေ့ ဖြစ်ပျက်သမျှမှာ သူမ၏ ထောက်ခံချက်ကြောင့် ဖြစ်လာရခြင်းဖြစ်ရာ အကယ်၍ အမှားအယွင်း တစ်ခုခုရှိခဲ့ပါက သူမတွင် တာဝန်ရှိလာမည်မှာ မလွဲပေ။
"အကြီးအကဲ ဖူယွမ် ပြောတာလည်း မှန်ပါတယ်။ ကျွန်တော်တို့က ဒီကိစ္စကို နည်းနည်း အလောတကြီး လုပ်မိသွားသလားလို့။ အစကတည်းက စမ်းသပ်မှုတွေ အများကြီး အရင်
လုပ်ထားသင့်တာ"
ကွမ်းထျန်းယွီက ဘေးမှ တိုးတိုးလေး ဝင်ပြောလိုက်သည်။
လီရန်က သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး ဘာမှ ပြန်မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ နေလိုက်တော့သည်။ ယခုအချိန်တွင် စောဒကတက်နေခြင်းမှာ အကျိုးမရှိပေ။ ချန်ကျီရှင်း၏ စွမ်းဆောင်ရည်ကိုသာ စောင့်ကြည့်ရန် လိုအပ်သည်။ ၎င်းပြင် သူမ နောင်တလည်း မရပေ။ အကယ်၍ ချန်ကျီရှင်းတွင် မွေးရာပါ ဝိညာဉ်ခန္ဓာ မရှိခဲ့ပါက အကြီးအကဲများ၏ လှောင်ပြောင်မှုကို ခံရရုံသာ ရှိမည်။ သို့သော် အကယ်၍ သူသာ ထိုပါရမီရှင် အစစ်အမှန်ဖြစ်ခဲ့ပါက တောင်ဘက်တောင်ထိပ်၏ အနာဂတ်အတွက် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်လာပေလိမ့်မည်။
ခန်းမဆောင်ကြီးအတွင်း၌ ချန်ကျီရှင်းသည် ခရမ်းရောင်ကျောက်တုံးလေးကို စိတ်ဝင်တစား ကြည့်နေမိသည်။ သူသည် ယခင်က ကျင့်ကြံမှုပါရမီနှင့် ခွန်အားပါရမီတို့ကို စမ်းသပ်ခဲ့ဖူးသော်လည်း နတ်ဘုရားအသိစိတ်နယ်ပယ်ရှိ ပါရမီကိုမူ တစ်ခါမျှ မစမ်းသပ်ဖူးခဲ့ပေ။ အမိဝမ်းထဲကတည်းက ဖြန့်ကြက်နိုင်ခဲ့သော သူ၏ ဝိညာဉ်စွမ်းအားက မည်သည့်အဆင့်အထိ ရှိမည်ကို သိချင်နေမိသည်။
နောက်တစ်ခဏတွင်...
"စလိုက်ကြရအောင်"
ချန်ကျီရှင်းသည် စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ခရမ်းရောင် စိန်ပုံစံကျောက်တုံးလေးပေါ်သို့ သူ၏ လက်နှစ်ဖက်ကို တင်လိုက်သည်။ သူသည် ကြည်လင်ခြင်းနယ်ပယ်ရောက်စဥ်က သူ၏ စိတ်ဝိညာဉ်စွမ်းအား မည်မျှပြင်းထန်ခဲ့သည်ကို ခေတ္တမျှ ပြန်လည်အမှတ်ရအောင် ကြိုးစားလိုက်၏။
မကြာမီမှာပင် ချန်ကျီရှင်း၏ ကြည်လင်ခြင်းနယ်ပယ်အဆင့် စိတ်ဝိညာဉ်စွမ်းအားများက ကျောက်တုံးထဲသို့ တရဟော တိုးဝင်သွားတော့သည်။
“လာစမ်း”
တစ်ခဏချင်းမှာပင် ခန်းမဆောင်ကြီးအတွင်းရှိ လူအားလုံး၏ အကြည့်များသည် ကျောက်တုံးဆီသို့သာ စုပြုံရောက်ရှိသွားသည်။ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော အကြီးအကဲ ဖူရှုးပင်လျှင် မျက်လုံးကို မှေးကာ စူးစိုက်ကြည့်နေတော့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင်...
ဝုန်း
ခန်းမဆောင်ကြီးတစ်ခုလုံး၌ ရုတ်တရက် လေပြင်းများ တိုက်ခတ်လာတော့သည်။ အလွန်အမင်း ပြင်းထန်လှသော ခရမ်းရောင်အလင်းတန်းတစ်ခုက ကျောက်တုံးအတွင်းမှ ပွင့်ထွက်လာပြီး ခန်းမဆောင်တစ်ခုလုံးကို နက်မှောင်သော ခရမ်းရောင် ပင်လယ်ပြင်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ထိုခရမ်းရောင်အလင်းမှာ ပြင်းထန်လွန်းလှသဖြင့် အနက်ရောင်သို့ပင် ချဉ်းကပ်နေပြီး ခန်းမဆောင်ကြီးတစ်ခုလုံးကို လှိုင်းလုံးကြီးများအလား ဝါးမြိုထားသည်။ ခန်းမအတွင်းရှိ လေပြင်းများမှာလည်း ပိုမိုထက်သန်လာပြီး စားပွဲနှင့် ထိုင်ခုံများကိုပင် တုန်ခါသွားစေတော့သည်။
“တကယ်ပဲ... တကယ်ကြီး မွေးရာပါ ဝိညာဉ်ခန္ဓာ ဖြစ်နေတာပဲ”
မုယွဲ့မေ၏ မျက်ဝန်းများတွင် ပြင်းပြသော ဝမ်းမြောက်မှုများဖြင့် တောက်ပနေသည်။ ထိုခရမ်းရောင်အလင်း၏ ရင့်မှည့်မှုကို ကြည့်ခြင်းအားဖြင့် ရှောင်ပင်းဆိုသည့် တပည့်သည် မွေးရာပါ ဝိညာဉ်ခန္ဓာပိုင်ရှင် ဖြစ်ရုံသာမက သူတို့ထဲတွင်ပင် အလွန်ထူးကဲသူ ဖြစ်ကြောင်း သူမ ဆုံးဖြတ်လိုက်မိသည်။
“ဟင် ဒီလောက်အထိ ပြင်းထန်တဲ့ ခရမ်းရောင်အလင်းမျိုးလား”
မဟာအကြီးအကဲ ငါးဦးစလုံးမှာလည်း အလားတူပင် အံ့အားသင့်သွားကြပြီး စိတ်ထဲတွင် တုန်လှုပ်သွားကြရသည်။ သူတို့သည် ယခင်ကလည်း မွေးရာပါ ဝိညာဉ်ခန္ဓာပိုင်ရှင်များကို မြင်ဖူးခဲ့ကြသည်။ နတ်သမီးလီရန်သည်လည်း မွေးရာပါ ဝိညာဉ်ခန္ဓာပိုင်ရှင် တစ်ဦးပင်။ သို့သော် လီရန်၏ စမ်းသပ်မှုအတွင်း ထွက်ပေါ်ခဲ့သော ခရမ်းရောင်အလင်းမှာ ယခု ချန်ကျီရှင်းပြသနေသည့် အလင်းနှင့်စာလျှင် အလွန်ပင် မှေးမှိန်သည်။
“ငါ ထင်သားပဲ ငါ ရွေးချယ်တာ မမှားဘူး”
ခေတ္တမျှ မှင်သက်သွားပြီးနောက် လီရန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာတော့သည်။
“ကောင်းတယ်... ကောင်းတယ်။ ရှောင်ပင်း မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို ဆက်ပြီး ထုတ်လွှတ်လိုက်ဦး။ မင်းမှာရှိတဲ့ စုစုပေါင်းပမာဏ ဘယ်လောက်ရှိလဲဆိုတာ ငါတို့တွေ ကြည့်ကြရအောင်”
မုယွဲ့မေက ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်ပြရင်း တိုက်တွန်းလိုက်သည်။
“ဟုတ်ကဲ့ပါ”
ချန်ကျီရှင်းက ခေါင်းညိတ်ပြကာ မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။ သူ၏ အသိစိတ်ပင်လယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအားများက မြစ်ရေအလား တရဟော စီးထွက်လာပြီး လွင့်မျောနေသော ခရမ်းရောင်ကျောက်တုံးထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားတော့သည်။
စိတ်ဝိညာဉ်စွမ်းအားများ စီးဝင်လာသည်နှင့်အမျှ ကျောက်တုံးလေးမှာ ရေဖြည့်ထားသည့် ဖန်ခွက်တစ်ခုအလား အောက်ခြေမှစ၍ ခရမ်းရောင်အလင်းတန်းများ မြင့်တက်လာသည်မှာ မျက်ဝါးထင်ထင်ပင်။
“ပုံမှန်အားဖြင့် ကြည်လင်ခြင်းနယ်ပယ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက ဒီကျောက်တုံးရဲ့ တစ်ဝက်လောက်အထိပဲ ရောက်နိုင်တာ။ မွေးရာပါ ဝိညာဉ်ခန္ဓာတွေဆိုရင်တော့ ရှစ်ဆယ်
ရာခိုင်နှုန်းလောက်အထိ ရောက်နိုင်တယ်”
အကြီးအကဲတစ်စုက လေသံတိုးတိုးဖြင့် ပြောဆိုနေကြသည်။
သူတို့သည် ချန်ကျီရှင်း၏ စိတ်ဝိညာဉ်စွမ်းအား မည်သည့်အဆင့်အထိ ရောက်ရှိမည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
ဆယ်ရာခိုင်နှုန်း….
သုံးဆယ်ရာခိုင်နှုန်း….
ငါးဆယ်ရာခိုင်နှုန်း….
မျက်တောင်တစ်ခတ်အတွင်းမှာပင် ချန်ကျီရှင်း၏ စိတ်ဝိညာဉ်စွမ်းအားသည် တည်ငြိမ်ခြင်းကျောက်တုံး၏ ၅၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ကြည်လင်တောက်ပနေသော တည်ငြိမ်ခြင်းကျောက်တုံး၏ တစ်ဝက်ခန့်မှာ စီးဆင်းနေသော ရေကဲ့သို့ သိပ်သည်းလှသည့် ခရမ်းရောင်အလင်းတန်းများဖြင့် ပြည့်နှက်သွားသည်။
ဤသည်မှာ ကြည်လင်ခြင်းနယ်ပယ်ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်စွမ်းအား ရောက်ရှိနိုင်သော အမြင့်ဆုံးအကန့်အသတ်ပင်။
ခြောက်ဆယ်ရာခိုင်နှုန်း……
ခုနစ်ဆယ်ရာခိုင်နှုန်း…..
ရှစ်ဆယ်ရာခိုင်နှုန်း….
အကြီးအကဲအချို့ စကားအနည်းငယ် ပြောဆိုနေကြစဉ်အတွင်းမှာပင် ခရမ်းရောင် စိန်ပုံစံကျောက်တုံးထဲမှ သိပ်သည်းသော အလင်းတန်းများသည် ရှစ်ဆယ်ရာခိုင်နှုန်းအထိ ဖုံးလွှမ်းသွားခဲ့သည်။ ဤသည်မှာ မွေးရာပါ ဝိညာဉ်ခန္ဓာရှိသော ကြည်လင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး ရောက်ရှိနိုင်သည့် အဆုံးစွန်သော အကန့်အသတ်ပင်။
အကန့်အသတ်ဆိုသည်မှာ မည်သို့သော စိတ်ဝိညာဉ်ကျင့်စဉ်ကိုပင် ကျင့်ကြံပါစေ၊ မည်မျှပင် အားဖြည့်ပါစေ ရှစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိသွားပါက ထပ်မံတိုးတက်ရန်မှာ လုံးဝမဖြစ်နိုင်တော့ခြင်းကို ဆိုလိုခြင်းပင်။ သာမန်လူသားတစ်ဦးသည် မည်မျှပင် ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ပါစေ၊ မည်မျှပင် ခွန်အားတိုးဆေးများ သောက်ပါစေ၊ ကြွက်သားထုကြီးမှာ မည်မျှပင် ကြီးမားပါစေ... ကီလိုဂရမ် ၅၀၀ သည် လူသားတို့ခွန်အား၏ အကန့်အသတ် ဖြစ်သကဲ့သို့ပင်။
တည်ငြိမ်ခြင်းကျောက်တုံး၏ ရှစ်ဆယ်ရာခိုင်နှုန်း ပမာဏသည်လည်း ကြည်လင်ခြင်းနယ်ပယ် ကျင့်ကြံသူများအတွက် အကန့်အသတ်ပင်။
“ဒီလောက်တောင် မြန်တာလား”
လူတိုင်းမှာ အံ့အားသင့်နေကြသည်။
သို့သော်လည်း...
ခဏအတွင်းမှာပင်...
ကိုးဆယ်ရာခိုင်နှုန်း….
တစ်ရာရာခိုင်နှုန်း….
မျက်တောင်တစ်ခတ်အတွင်းမှာပင် မှင်ကဲ့သို့ ရင့်မှည့်လှသော ခရမ်းရောင်အလင်းတန်းများသည် ကြည်လင်တောက်ပသည့် စိန်ပုံစံကျောက်တုံးတစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းသွားခဲ့သည်။
ထို့နောက်တွင်မူ...
ဖောက်...
ဖောက်...
ချန်ကျီရှင်း၏ ကြည်လင်ခြင်းနယ်ပယ်အဆင့် စိတ်ဝိညာဉ်စွမ်းအားများသည် ကျောက်တုံးအတွင်းသို့ တရစပ် ဆက်လက်စီးဝင်နေဆဲပင်။ ခဏအတွင်းမှာပင် ကျောက်တုံးတစ်ခုလုံး၌ အက်ကြောင်းများစွာ ပေါ်ထွက်လာတော့သည်။ ၎င်းမှာ ရေများလွန်းသဖြင့် အက်ကွဲတော့မည့် သစ်သားပုံးတစ်ခုကဲ့သို့ပင်။
ဝုန်း…
မည်သည့်အတားအဆီးမျှ မရှိဘဲ ကျောက်တုံးတစ်ခုလုံးသည် ကျယ်လောင်သော အသံနှင့်
အတူ တိုက်ရိုက် ပေါက်ကွဲထွက်သွားတော့သည်။ ကျောက်တုံးအစအနများက မြားများအလား ပျံထွက်သွားပြီး ခန်းမဆောင်၏ နံရံနှင့် ကြမ်းပြင်များထဲသို့ စိုက်ဝင်ကုန်ကာ နက်ရှိုင်းသော ကျင်းခွက်များကို ဖြစ်ပေါ်စေခဲ့သည်။
“ဒါ... ဒါက...”
“အကန့်အသတ်ကို ကျော်လွန်သူ”
“နတ်ဘုရားအသိစိတ်ရဲ့ အချုပ်အနှောင်ကို ချိုးဖျက်နိုင်သူ”
တစ်ခဏချင်းမှာပင် မဟာအကြီးအကဲ ငါးဦးစလုံးမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြပြီး သူတို့၏ ထိုင်ခုံများမှ ရုတ်တရက် ထရပ်လိုက်ကြသည်။ သူတို့၏ မျက်နှာများမှာလည်း အလွန်အမင်း အံ့အားသင့်မှုများဖြင့် ဖုံးလွှမ်းနေတော့သည်။
ကွမ်းထျန်းယွီနှင့် လီရန်တို့မှာလည်း အလားတူပင် မျက်သူငယ်အိမ်များ ကျုံ့ဝင်သွားကြပြီး မယုံကြည်နိုင်လောက်သော အမူအရာများ ချက်ချင်း ပေါ်ပေါက်လာတော့သည်။ နတ်ဘုရားအသိစိတ်၏ အချုပ်အနှောင်ကို ချိုးဖျက်နိုင်သူများကို အကန့်အသတ် ကျော်လွန်သူများဟုလည်း ခေါ်ဆိုကြသည်။
၎င်းမှာ ချန်ကျီရှင်းသည် ယခင်က နတ်ဘုရားခရီးသွားနယ်ပယ်၏ ထိပ်ဆုံးအဆင့်တွင် ရှိစဉ်အခါက တောင်ဘက်နယ်စပ် စမ်းသပ်မှုအတွင်း ခွန်အားအကန့်အသတ်သို့ ရောက်ရှိနေသော ခရမ်းရောင်မုတ်ဆိတ်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့စဉ်ကကဲ့သို့ပင်။ ထိုခရမ်းရောင်မုတ်ဆိတ်သည် သူ၏ နောက်ဆုံးအချိန်တွင် ချန်ကျီရှင်းမှာ ကိုယ်ကာယခွန်အား၏ အချုပ်အနှောင်ကို ချိုးဖျက်နိုင်သူဖြစ်ကြောင်း ထုတ်ဖော်သွားခဲ့ဖူးသည်။
တောင်ထိပ်သခင် မုယွဲ့မေပင်လျှင် ဒုန်းခနဲအသံနှင့်အတူ ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်မိသည်။ သူမ၏ ရင်အုံမှာ စိတ်လှုပ်ရှားမှုကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ချန်ကျီရှင်းကို စိုက်ကြည့်နေသော သူမ၏ မျက်ဝန်းအစုံမှာလည်း တောက်ပသော အရောင်အဝါများ တရစပ် စီးဆင်းနေတော့သည်။
မွေးရာပါ ဝိညာဉ်ခန္ဓာဆိုသည်မှာ ရှားပါးသည်ဆိုသော်လည်း လုံးဝမရှိဖူးသည်တော့ မဟုတ်ပေ။ ယေဘုယျအားဖြင့် နှစ်တစ်ရာလျှင် တစ်ဦး သို့မဟုတ် နှစ်ဦးခန့် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတွင် ပေါ်ထွက်လေ့ရှိသည်။ သို့သော် အကန့်အသတ်ကို ကျော်လွန်သူတစ်ဦးမှာမူ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၌ ပေါ်မလာခဲ့သည်မှာ နှစ်ပေါင်းငါးရာ တိတိ ရှိခဲ့ပြီ ဖြစ်သည်။
“ကောင်းတယ်... တကယ့်ကို ကောင်းတယ်။ ငါတို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာ အကန့်အသတ် ကျော်လွန်သူတစ်ယောက် ပေါ်ထွန်းလာလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး”
မုယွဲ့မေ၏ လှပသော မျက်နှာလေးမှာ စိတ်လှုပ်ရှားလွန်းသဖြင့် ပန်းရောင်ပင် သန်းနေတော့သည်။ သူမသည် ချန်ကျီရှင်းကို ကြည့်လေလေ ကျေနပ်လေလေ ဖြစ်နေပြီး သူ့ကို စစ်
မှန်သော အမွေဆက်ခံသူတစ်ယောက်အဖြစ် ချက်ချင်း ခန့်အပ်ရန်ပင် အလောတကြီး ဖြစ်နေရှာသည်။
“တကယ်ပဲ အကန့်အသတ် ကျော်လွန်သူတစ်ယောက်လား”
လီရန်နှင့် ကွမ်းထျန်းယွီတို့မှာလည်း ပါးစပ်အဟောင်းသားနှင့် မှင်သက်နေကြပြီး ဦးနှောက်ထဲတွင် ဝုန်းဝုန်းမြည်နေကာ လုံးဝ ကြောင်အမ်းသွားကြရသည်။ သူတို့သည် အထွေထွေကိစ္စရပ်များဌာနသို့ အခြွေအရံတစ်ဦး သွားရောက်ရှာဖွေရာမှ မွေးရာပါ ဝိညာဉ်ခန္ဓာရှိသော အကန့်အသတ် ကျော်လွန်သူတစ်ဦးကို တွေ့ရှိခဲ့ကြသည်။
ဒါက အကန့်အသတ် ကျော်လွန်သူပဲလေ။
လီရန်သည် မွေးရာပါ ဝိညာဉ်ခန္ဓာ ရှိရုံနှင့်တင် ဤမျိုးဆက်၏ တောင်ဘက်တောင်ထိပ် နတ်သမီး ဖြစ်လာခဲ့ခြင်းဖြစ်သည်။ အကန့်အသတ် ကျော်လွန်သူနှင့် မွေးရာပါ ဝိညာဉ်ခန္ဓာကြားက ကွာဟချက်မှာ သာမန်လူနှင့် မွေးရာပါ ဝိညာဉ်ခန္ဓာကြားက ကွာဟချက်လောက်ပင် ကြီးမားသည်။
မဟာအကြီးအကဲ ငါးဦးထဲတွင် အစွန်ဆုံးတွင် ထိုင်နေသော အကြီးအကဲ ဖူရှုး၏ မှုန်ဝါးနေသော မျက်ဝန်းအိမ် အနက်ရှိုင်းဆုံးမှ ရုတ်တရက် လောဘရိပ် အရောင်အဝါတစ်ခု ပွင့်ထွက်လာခဲ့သည်။ အကန့်အသတ် ကျော်လွန်သူတစ်ဦး၏ မွေးရာပါ စိတ်ဝိညာဉ်စွမ်းအားကိုသာ သူ ဝါးမြိုနိုင်ခဲ့လျှင် သူ၏ ကျင့်ကြံမှုမှာ နယ်ပယ်အသစ်တစ်ခုသို့ မြင့်တက်သွားရန် လုံလောက်ပေလိမ့်မည်။
“တောင်ထိပ်သခင်နဲ့ အကြီးအကဲတို့ခင်ဗျာ... ကျွန်တော့်ရဲ့ စမ်းသပ်မှု ပြီးဆုံးပြီလားခင်ဗျာ”
ချန်ကျီရှင်းက ရိုသေစွာ မေးမြန်းလိုက်သည်။
“သေချာတာပေါ့”
မုယွဲ့မေက တွန့်ဆုတ်ခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်ပြီးနောက် အကြီးအကဲများကို ပြုံးလျက် ကြည့်ကာ “လူကြီးမင်းတို့... လက်ရှိမှာ ငါတို့တောင်ဘက်တောင်ထိပ်ရဲ့ စစ်မှန်သော အမွေဆက်ခံသူ သုံးနေရာထဲမှာ တစ်နေရာက လစ်လပ်နေတယ်။ ငါတို့ရဲ့အမြင်အရတော့ ရှောင်ပင်းကို အဲဒီနေရာမှာ ခန့်အပ်သင့်တယ်လို့ ထင်တယ်။ အကန့်အသတ် ကျော်လွန်သူတစ်ယောက်ရဲ့ ပါရမီက စည်းမျဉ်းအချို့ကို ချိုးဖောက်ပြီး ရာထူးတိုးမြှင့်ပေးဖို့အတွက် လုံလောက်တဲ့ အကြောင်းပြချက်ပဲ”
ဤစကားကို ကြားသောအခါ ငုံ့ထားသော ချန်ကျီရှင်း၏ မျက်ဝန်းထဲ၌ အရောင်တစ်ခု ဖြတ်ခနဲ လက်သွားသည်။
ရောက်လာပြီ။ ဒါက ငါ အလိုချင်ဆုံး ရလဒ်ပဲ။
အကြီးအကဲအားလုံးမှာ စဉ်းစားဟန်ဖြင့် ခေါင်းညိတ်ကြပြီး “နတ်သမီးလီရန်မှာ မွေးရာပါ ဝိညာဉ်ခန္ဓာရှိလို့ စစ်မှန်သော အမွေဆက်ခံသူ ဖြစ်နိုင်ခဲ့ရင် နတ်သမီးလီရန်ထက် ပါရမီသာလွန်တဲ့ ရှောင်ပင်းကို စစ်မှန်သော အမွေဆက်ခံသူအဖြစ် ခန့်အပ်တာက သင့်တော်ပါတယ်”
“ဟုတ်ပါတယ် တောင်ထိပ်သခင်အနေနဲ့ ဒီကိစ္စကို ဆုံးဖြတ်နိုင်ပါတယ်”
“တကယ်တော့ ရှောင်ပင်းရဲ့ ပါရမီနဲ့ဆိုရင် သူ့ကို သာမန်တပည့်အဖြစ်ကနေ စတင်ကျင့်ကြံခိုင်းတာက သူ့ရဲ့ ပါရမီနဲ့ အချိန်တွေကို ဖြုန်းတီးပစ်တာနဲ့ အတူတူပါပဲ”
“ပါရမီရှင်တစ်ယောက်က ပါရမီရှင်တစ်ယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ခံစားသင့်တာပေါ့။ ရှောင်ပင်းရဲ့ ပါရမီနဲ့ဆိုရင် ဘယ်နေရာကိုပဲသွားသွား တန်ဖိုးကြီး ရတနာတစ်ခုလို ဝိုင်းဝန်းမြတ်နိုးကြမှာ မြေကြီးလက်ခတ်မလွဲပါပဲ”
မုယွဲ့မေသည် ဤစကားများကို ကြားသောအခါ အသာအယာ ခေါင်းညိတ်ပြပြီး ကိစ္စပြီးမြောက်ကြောင်း ကြေညာရန် ပြင်လိုက်သည်။
သို့သော် ရုတ်တရက်...
“ခဏလေး”
အက်ကွဲကာ နိမ့်ဝင်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်းမှာ မျက်မှောင်အနည်းငယ် ကြုတ်သွားကြပြီး အစွန်ဆုံးတွင် ထိုင်နေသော အကြီးအကဲ ဖူရှုးထံသို့ လှည့်ကြည့်လိုက်ကြသည်။ အကြီးအကဲ ဖူရှုးသည် သူ၏ ဇရာထောင်းနေသော မျက်နှာအိုကြီးကို ဖြည်းညင်းစွာ မော့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“တောင်ထိပ်သခင်... ရှောင်ပင်းကို စစ်မှန်သောတပည့်အဖြစ် ဒီလောက်အလွယ်တကူ ခန့်အပ်လိုက်တာက နည်းနည်းတော့ ပေါ့ဆရာမကျဘူးလား။ စစ်မှန်သော အမွေဆက်ခံသူနေရာအတွက် အပြင်းအထန် ကြိုးစားနေကြတဲ့ တခြားတပည့်တွေက ဒါကို လက်ခံကြပါ့မလား”
မုယွဲ့မေ၏ မျက်နှာပေါ်မှ အပြုံးများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မျက်လုံးကို အသာအယာမှေးကာ “အကြီးအကဲ ဖူရှုး... ရှင် ဘာကို ဆိုလိုတာလဲ”
အခန်း။ ၁၂၆
“ကျုပ်ရဲ့ ရည်ရွယ်ချက်က ရိုးရိုးလေးပါပဲ”
အကြီးအကဲ ဖူရှုး၏ အသံမှာ အက်ကွဲနေပြီး တည်ငြိမ်စွာပင် ဆက်ပြောသည်။
“ရှောင်ပင်းရဲ့ ပါရမီနဲ့ဆိုရင် သူက စစ်မှန်သောတပည့်တစ်ယောက် ဖြစ်လာဖို့ သဘာဝကျကျ အရည်အချင်း ပြည့်မီပါတယ်။ ငါတို့တောင်ဘက်တောင်ထိပ်က သူ့ကို အထူးဂရုစိုက် ကျင့်ကြံပေးဖို့လည်း ထိုက်တန်တာပေါ့”
“စိတ်ဝိညာဉ်အသိစိတ်လမ်းစဉ်ဆိုတာ ကျင့်ကြံဖို့ မွေးရာပါ ခက်ခဲတဲ့အရာပဲ။ ငါတို့တောင်
ဘက်တောင်ထိပ်က မြောက်ဘက်တောင်ထိပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ စိတ်ဝိညာဉ်ကျင့်စဉ်ကို ကျင့်ဖို့ တောင်ဘက်တောင်ထိပ်ကို လာတဲ့ တပည့်တွေလည်း တစ်နေ့ထက်တစ်နေ့ နည်းပါးလာတယ်”
“ငါတို့တောင်ဘက်တောင်ထိပ်ကို အရှိန်အဟုန်နဲ့ ပြန်လည် ဦးမော့လာအောင် ဦးဆောင်ပေးမယ့် ပါရမီရှင်အစစ်အမှန်တစ်ယောက် ငါတို့ တကယ်လိုအပ်နေတာပါ”
“သံသယဖြစ်စရာမလိုဘဲ ရှောင်ပင်းက အကောင်းဆုံး ကိုယ်စားလှယ်လောင်းပါပဲ”
ဤသည်ကို ကြားသောအခါ လူတိုင်းက တိတ်ဆိတ်စွာ ခေါင်းညိတ်ထောက်ခံကြသည်။ အမှန်စင်စစ် အကြီးအကဲ ဖူရှုး ပြောသည်မှာ လူတိုင်း၏ စိတ်ထဲရှိသည့်အတိုင်းပင်။
သို့သော်လည်း ဖူရှုးတွင် ပြောစရာ စကားများ ကျန်ရှိနေသေးသည်ကို သိသဖြင့် မည်သူမျှ ဝင်မပြောကြပေ။
“ဒါပေမဲ့”
မျှော်လင့်ထားသည့်အတိုင်းပင်။
အကြီးအကဲ ဖူရှုးက သူ၏ လေသံကို ရုတ်တရက် ပြောင်းလိုက်ပြီး “ဒီလို အခြေအနေမျိုး ဖြစ်နေလေလေ ငါတို့တွေ ပိုပြီး သတိထားရလေလေပဲ ပိုပြီးတော့လည်း စောင့်ကြည့်ရမယ်”
“ကျုပ် သိရသလောက်တော့ ရှောင်ပင်းက ဂိုဏ်းထဲကို ရောက်လာတာ ရက်ပိုင်းပဲ ရှိသေးတယ်။ ဒါကို ခင်ဗျားတို့က သူ့ကို စစ်မှန်သောတပည့် ရာထူးပေးရလောက်အောင်အထိ ယုံကြည်နေကြတာလား။ သူ့ရဲ့ နောက်ခံသမိုင်းကြောင်းတွေကို သေချာ စစ်ဆေးရမှာ မဟုတ်ဘူးလား။ အကယ်၍ သူက ငါတို့ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို ဆန့်ကျင်ဘက်ဂိုဏ်းကနေ ငါတို့ရဲ့ အထက်ပိုင်းကို ထိုးဖောက်ဝင်ရောက်ဖို့ လွှတ်လိုက်တဲ့ သူလျှိုတစ်ယောက် ဖြစ်နေရင်ကော ဘယ်လိုလုပ်မလဲ”
“စဉ်းစားကြည့်ကြစမ်း... အကယ်၍ စစ်မှန်သောတပည့်တစ်ယောက်ဟာ ရန်သူ့ဂိုဏ်းက သူလျှို ဖြစ်နေခဲ့မယ်ဆိုရင် သူ လုပ်ဆောင်သွားနိုင်တဲ့ ပျက်စီးမှုတွေဟာ မရေမတွက်နိုင်အောင် များပြားလိမ့်မယ်”
ဤစကားများကို ကြားသောအခါ အခြား အကြီးအကဲများအားလုံး မျက်မှောင်အနည်းငယ် ကြုတ်သွားကြသည်။ အမြော်အမြင်ရှိရှိ စဉ်းစားမည်ဆိုပါက အကြီးအကဲ ဖူရှုး ပြောသည်မှာ မမှားပေ။ စစ်မှန်သောတပည့် ရာထူးမှာ အလွန်ပင် အရေးကြီးသည်။
အဓိက ထိုင်ခုံနေရာတွင် မုယွဲ့မေက အသာအယာ ပြုံးလျက် ခေါင်းခါယမ်းလိုက်ပြီး “အကြီးအကဲ ဖူရှုးက ဒါကို စိုးရိမ်နေတာကိုး။ ဒါဆိုရင် ကျွန်မ မေးပါရစေ... ဘယ်ဂိုဏ်းကများ စိတ်ဝိညာဉ်အချုပ်အနှောင်ကို ချိုးဖျက်နိုင်တဲ့ မွေးရာပါ ဝိညာဉ်ခန္ဓာပိုင်ရှင်မျိုးကို သူလျှိုအဖြစ် လွှတ်ရလောက်အောင်အထိ လက်ဖွာမှာလဲ”
“ရှင် သိထားရမှာက... စိတ်ဝိညာဉ်အချုပ်အနှောင်ကို ချိုးဖျက်နိုင်တဲ့ မွေးရာပါ ဝိညာဉ်ခန္ဓာပိုင်ရှင်တိုင်းက အတိုင်းအဆမရှိတဲ့ အနာဂတ်ရှိကြတယ်။ သူတို့က ဂိုဏ်းတစ်ခုရဲ့ ပင်မမဏ္ဍိုင် ဖြစ်လာဖို့တောင် လုံလောက်တဲ့သူတွေပဲလေ”
ဤစကားအဆုံးတွင် အခြားအကြီးအကဲများမှာလည်း ထပ်မံ ခေါင်းညိတ်ကြပြန်သည်။ တောင်ထိပ်သခင်၏ စကားမှာလည်း ကျိုးကြောင်းဆီလျော်မှု ရှိနေသည်။ မည်သည့်ဂိုဏ်းမျှ ဤမျှ ပါရမီထူးသူကို အခြားအင်အားစုတစ်ခုထံ သူလျှိုအဖြစ် စေလွှတ်မည် မဟုတ်ပေ။
ခေတ္တရပ်ပြီးနောက် မုယွဲ့မေက ပြုံးလျက် ဆက်ပြောသည်။
“ဒါ့အပြင် ရှောင်ပင်းရဲ့ အထောက်အထားကိုလည်း အတည်ပြုပြီးပါပြီ။ သူတို့မိသားစုက သုံးဆက်တိုင်တိုင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာ အစေခံအဖြစ် အမှုထမ်းခဲ့ကြတာပါ။ နောက်ခံသမိုင်းကြောင်းကို ပြောရရင် သူ့ထက် ပိုပြီး သန့်စင်တဲ့သူ မရှိနိုင်တော့ပါဘူး”
ဤသည်ကို ကြားသောအခါ အကြီးအကဲ ဖူရှုး၏ မှုန်ဝါးနေသော မျက်ဝန်းများမှာ တဖြည်းဖြည်း ကျဉ်းမြောင်းသွားတော့သည်။
အမှန်စင်စစ် သူသည် ရှောင်ပင်း၏ အထောက်အထားမှာ ပြဿနာရှိမရှိကို လုံးဝ ဂရုမစိုက်ပေ။ အဓိကအချက်မှာ အကယ်၍ ရှောင်ပင်းသာ စစ်မှန်သောတပည့် ဖြစ်သွားပြီး မုယွဲ့မေ၏ စောင့်ကြည့်မှုအောက်တွင် အမြဲရှိနေမည်ဆိုပါက ထိုသူ၏ အနှစ်သာရ ဝိညာဉ်စွမ်းအားများကို သူ ဝါးမြိုနိုင်တော့မှာ မဟုတ်ပေ။
“တောင်ထိပ်သခင် ပြောတာလည်း ဟုတ်ပါတယ်... ဒါပေမဲ့ ကျုပ်အနေနဲ့ကတော့ မလုပ်ခင်မှာ နှစ်ခါပြန် စဉ်းစားတာက မမှားဘူးလို့ ယူဆပါတယ်”
ဖူရှုးက တုံ့ပြန်လိုက်သည်။
“ရှောင်ပင်းရဲ့ နေရပ်ကို လူတစ်ယောက်လောက် လွှတ်ပြီး အမှန်တကယ် ဟုတ်မဟုတ် သေချာအောင် စုံစမ်းခိုင်းတာက ပိုကောင်းမယ် မဟုတ်လား”
“အသွားအပြန်ရက် အနည်းငယ်ပဲ ကြာမှာပါ။ အကယ်၍ အားလုံးက အစီအစဉ်တကျ ရှိနေတယ်ဆိုတာ သက်သေပြနိုင်ရင် ရှောင်ပင်းကို စစ်မှန်သောတပည့်အဖြစ် ခန့်အပ်ဖို့ နောက်မကျသေးပါဘူး”
အကြီးအကဲ ဖူရှုးက တည်ငြိမ်စွာပင် ပြောလိုက်သည်။ ဤစကားကြောင့် မုယွဲ့မေ၏ မျက်မှောင်များမှာ အလိုလို ကြုတ်သွားတော့သည်။ သူမအနေဖြင့် ချန်ကျီရှင်း၏ ပါရမီနှင့် အချိန်များကို အလဟဿဖြစ်စေမည့် အကျိုးမဲ့စုံစမ်းစစ်ဆေးမှုမျိုးကို မလုပ်လိုပေ။ သို့သော် ဖူရှုး၏ အကြံပြုချက်မှာ အကြောင်းပြချက် ခိုင်လုံလွန်းနေသဖြင့် သူမ ချက်ချင်း ငြင်းပယ်ရန် ခက်ခဲနေသည်။
“ဖူရှုး... ဒါဆိုရင် ရှင် ဘယ်လိုလုပ်ဖို့ အကြံပြုချင်တာလဲ”
မုယွဲ့မေက တင်းမာသောအသံဖြင့် မေးလိုက်သည်။
ဤသည်ကို ကြားသောအခါ အကြီးအကဲ ဖူရှုး၏ နှုတ်ခမ်းထောင့်တွင် မသိမသာ ပြုံးရိပ်တစ်ခု ပေါ်လာသည်။
သူ အောင်မြင်သွားပြီဆိုတာ သူသိလိုက်သည်။
“ကျုပ်ရဲ့အမြင်အရတော့... ရှောင်ပင်းကို စုံစမ်းစစ်ဆေးနေတုန်းမှာပဲ သူ့ကို မဟာအကြီးအကဲ ငါးဦးထဲက တစ်ယောက်ရဲ့ လက်အောက်မှာ တာအိုမျိုးစေ့တပည့်အဖြစ် အရင်ထားရှိပြီး အခြေခံ စိတ်ဝိညာဉ်ဗဟုသုတတွေကို သင်ယူစေသင့်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြီးလို့ ဘာပြဿနာမှမရှိဘူးဆိုတာ အတည်ပြုပြီးတဲ့အခါကျမှ...”
“ရှောင်ပင်းကလည်း အခြေခံတွေကို တတ်မြောက်ထားပြီးဖြစ်တာကြောင့် တောင်ထိပ်သခင်ရဲ့ လက်အောက်မှာ ပင်မကျင့်စဉ်တွေကို ဆက်လက်သင်ယူဖို့ စစ်မှန်သောတပည့်အဖြစ် သဘာဝကျကျ ရာထူးတိုးမြှင့်ပေးလို့ ရတာပေါ့”
အကြီးအကဲ ဖူရှုးက ရိုသေစွာ ဦးညွှတ်လျက် ပြောလိုက်သည်။
ချန်ကျီရှင်းမှာမူ ဤသည်ကို ကြားသောအခါ စိတ်ထဲမှ ရယ်မောမိသွားသည်။ အမှန်စင်စစ် သူသည်လည်း ဖူရှုးကို သတ်ပြီး ကောင်းကင်ဝါးမြိုနတ်ဆိုးခန္ဓာကံကြမ္မာကို လုယူရန် ဘယ်လိုအခွင့်အရေးရှာရမလဲဟု တွေးပူနေခြင်းပင်။ ဖူရှုး၏ အကြံပြုချက်မှာ သူ၏ အကြံအစည်နှင့် ကွက်တိပင် ဖြစ်နေတော့သည်။
“တောင်ထိပ်သခင်နဲ့ အကြီးအကဲတို့ခင်ဗျာ... တပည့်အနေနဲ့ အကြီးအကဲ ဖူရှုးရဲ့ အကြံပြုချက်က အရမ်းကောင်းမွန်တယ်လို့ ယူဆပါတယ်။ ဒါက ကျင့်ကြံမှုအချိန်တွေကိုလည်း အလဟဿမဖြစ်စေသလို လူတိုင်းကိုလည်း စိတ်အေးသွားစေနိုင်ပါတယ်”
ချန်ကျီရှင်းက ရှေ့သို့တက်ကာ ရိုးသားစွာ ပြောလိုက်သည်။
“ရှောင်ပင်း... တခြားသူတွေက စစ်မှန်သောတပည့် ဖြစ်ချင်လွန်းလို့ အလုအယက် ဖြစ်နေကြတာကို မင်းကတော့ ငါတို့အားလုံးအတွက် အဘက်ဘက်က စဉ်းစားပေးနေတာပဲ”
မုယွဲ့မေသည် ချန်ကျီရှင်းကို ကြည့်ကာ ပိုမို ကြင်နာသော အကြည့်များ ဖြစ်သွားတော့သည်။
“ကောင်းပြီလေ... ဒါဆိုရင် ဒီအတိုင်းပဲ လုပ်ကြတာပေါ့ ရှောင်ပင်း... မင်း အခြေခံကျင့်စဉ်တွေ သင်ယူဖို့ ဘယ်အကြီးအကဲနောက်ကို လိုက်ချင်သလဲ”
ဤစကားအဆုံးတွင် ခန်းမဆောင်ကြီးအတွင်းရှိ မဟာအကြီးအကဲ ငါးဦးစလုံး၏ အကြည့်များသည် ချန်ကျီရှင်းထံသို့ ချက်ချင်း ရောက်ရှိသွားကြသည်။
“ရှောင်ပင်း... ငါ့နောက်ကို လိုက်ခဲ့ပါ။ ငါ့ရဲ့ စိတ်ဝိညာဉ် ဖန်တီးမှုကျင့်စဉ်က အရမ်းအစွမ်းထက်တယ်။ မင်းသာ ငါ့ဆီမှာ သင်ယူမယ်ဆိုရင် လက်တစ်ချက်ဝေ့ရုံနဲ့ အဆုံးမရှိတဲ့ အာရုံမှားနယ်ပယ်တွေကို ဖန်တီးနိုင်လိမ့်မယ်”
အကြီးအကဲ ဖူကျိက ပထမဆုံး စတင်စည်းရုံးလိုက်သည်။
“ရှောင်ပင်း... ငါကတော့ စိတ်ဝိညာဉ်သခင်တွေထဲမှာမှ တိုက်ခိုက်ရေးမှာ အစွမ်းထက်ဆုံး စစ်
နတ်ဘုရား စိတ်ဝိညာဉ်သခင်ပဲ။ ငါ့နောက်ကို လိုက်မယ်ဆိုရင် မင်းနဲ့ အဆင့်တူ ကျင့်ကြံသူအားလုံးကို အပြတ်အသတ် အနိုင်ယူနိုင်လိမ့်မယ်”
အကြီးအကဲ ဖူလုံကလည်း အားပါသော အသံဖြင့် ပြောလာသည်။
“ရှောင်ပင်း... ဒီအဘိုးကြီးကတော့ အမှားတွေကို အမှန်ဖြစ်အောင် ပြောင်းလဲနိုင်တယ်...”
ခဏချင်းမှာပင် အကြီးအကဲ တစ်ဦးချင်းစီသည် ချန်ကျီရှင်းကို သူတို့၏ တပည့်အဖြစ် ရရှိရန် အလုအယက် ကမ်းလှမ်းလာကြတော့သည်။ စိတ်ဝိညာဉ်အချုပ်အနှောင်ကို ချိုးဖျက်နိုင်သည့် မွေးရာပါ ဝိညာဉ်ခန္ဓာပိုင်ရှင်တစ်ဦး ဖြစ်သဖြင့် ချန်ကျီရှင်းမှာ နောင်တစ်ချိန်တွင် တောင်
ဘက်တောင်ထိပ်၏ သခင်ပင် ဖြစ်လာနိုင်သည်။ အကယ်၍ ချန်ကျီရှင်းကိုသာ လမ်းပြပေးနိုင်ခဲ့လျှင် သူတို့နှင့် ရင်းနှီးမှုရရှိမည့်အပြင် သူတို့၏ ကျင့်စဉ်များမှာလည်း ပိုမိုကျော်ကြားလာမည် ဖြစ်သည်။
ချန်ကျီရှင်းက အသာအယာ ပြုံးလိုက်ပြီး လူအုပ်၏ အနောက်ဘက်တွင် ရှိနေသော အကြီးအကဲ ဖူရှုးကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“တပည့်အနေနဲ့ အကြီးအကဲ ဖူရှုးရဲ့ လက်အောက်မှာပဲ ခေတ္တ လေ့ကျင့်ချင်ပါတယ်ခင်ဗျာ”
ဝုန်း….
ဤစကားကို ကြားလိုက်ရချိန်တွင် ခန်းမအတွင်းရှိ လူတိုင်းမှာ မှင်သက်သွားကြပြီး သူတို့၏ အမူအရာများမှာ အလွန်ထူးဆန်းသွားတော့သည်။ အကြီးအကဲ ဖူရှုးနောက်ကို လိုက်သွားသည့် တပည့်များမှာ ကောင်းမွန်စွာ အဆုံးသတ်လေ့မရှိသည်မှာ အားလုံးအသိပင်။
လီရန်က ချန်ကျီရှင်းကို တောင်ဝှေးဖြင့် အသာအယာတို့ကာ တိုးတိုးလေး သတိပေးသည်။
“မောင်လေးရှောင်... မင်းကို အစောက ငါတို့ပြောခဲ့တာတွေကို မေ့သွားပြီလား”
ချန်ကျီရှင်းက ဘာမှ ပြန်မပြောဘဲ အကြီးအကဲ ဖူရှုးကိုသာ စူးစိုက်ကြည့်နေတော့သည်။
လူအုပ်၏ နောက်နားတွင် တစ်မျက်နှာလုံး အရိပ်ကျနေသော အကြီးအကဲ ဖူရှုး၏ မျက်နှာထက်တွင် အပြုံးများ အပြည့်အဝ ပျံ့နှံ့သွားတော့သည်။
ဒါကိုပဲ "အဝေးမှာ လိုက်ရှာနေတဲ့အရာက ကိုယ့်ရှေ့တင် အလိုလို ရောက်လာတယ်" လို့ ခေါ်တာလား။
သူသည် ရှောင်ပင်းကို သူ့လက်အောက်ရောက်အောင် ဘယ်လို ဆွဲဆောင်ရမလဲ။ ထိုသူ၏ အနှစ်သာရ အသက်စွမ်းအားနှင့် ဝိညာဉ်တို့ကို ဘယ်လို စုပ်ယူရမလဲဟု စဉ်းစားနေခဲ့ခြင်းပင်။ ယခုမူ ဤသူသည် သူ့အိမ်တံခါးဝသို့ ကိုယ်တိုင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။
ဤအခိုက်အတန့်တွင် အင်္ကျီလက်ဝတ်ရုံအတွင်း ဝှက်ထားသော သူ၏ ခြောက်ကပ်ကပ် လက်မောင်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေတော့သည်။
“ကောင်းပြီ”
အကြီးအကဲ ဖူရှုးသည် အရိပ်ထဲမှ ထွက်လာပြီး ချန်ကျီရှင်းထံသို့ သူ၏ အကြည့်များကို ပို့လွှတ်လိုက်သည်။
“ရှောင်ပင်း... မင်းကို စစ်မှန်သောတပည့် ဖြစ်ခွင့်မရအောင် ငါကပဲ အချိန်ဆွဲ ဟန့်တားခဲ့တာကို တောင်မှ မင်းက ငါ့ကိုပဲ လိုလိုလားလား ရွေးချယ်လိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး”
“ဒီလို မြင့်မြတ်တဲ့ စိတ်ထားနဲ့ သတ္တိမျိုး ရှိတဲ့အတွက်... မင်းကို ငါ အစွမ်းကုန် သင်ကြားပြသပေးမှာဖြစ်သလို မင်းရဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင်လည်း ကူညီပေးသွားမှာပါ”
“ကျေးဇူးတင်ပါတယ် အကြီးအကဲ ဖူရှုး”
ချန်ကျီရှင်းက လက်အုပ်ချီ ဂါရဝပြုလိုက်သည်။
သူတို့နှစ်ဦး၏ အကြည့်များမှာ လေထုထဲတွင် ဆုံစည်းသွားကြပြီး မျက်နှာများမှာလည်း ပြုံးရွှင်သော အမူအရာများဖြင့် တစ်ပြိုင်နက်တည်း တောက်ပသွားကြသည်။
“ရှောင်ပင်း... မင်း နောက်တစ်ခေါက်လောက် ထပ်ပြီး စဉ်းစားချင်သေးလား”
မုယွဲ့မေက မျက်မှောင်အနည်းငယ် ကြုတ်ကာ တွေးတောရင်း မေးလိုက်သည်။
ဤသည်ကို ကြားသောအခါ ရှောင်ပင်းနှင့် အကြီးအကဲ ဖူရှုးတို့သည် တစ်ပြိုင်နက်တည်း စကားပြောလိုက်ကြသည်။
“တောင်ထိပ်သခင်... ကျွန်တော့်ရဲ့ စိတ်ကို အခိုင်အမာ ဆုံးဖြတ်ပြီးပါပြီ။ ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်”
“တောင်ထိပ်သခင်က ကျုပ်ကို အထင်သေးနေတာလား။ တခြားသူတွေက ရှောင်ပင်းကို လက်ခံနိုင်ပြီး ကျုပ်က ဘာလို့ လက်မခံနိုင်ရမှာလဲ။ ကျုပ်တို့နှစ်ယောက်လုံးအတွက် ခွင့်ပြုပေးပါ”
စကားအဆုံးတွင် ချန်ကျီရှင်းနှင့် အကြီးအကဲ ဖူရှုးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခေတ္တမျှ မှင်သက်သွားကြပြီးမှ ပြုံးလျက် ခေါင်းညိတ်ပြလိုက်ကြသည်။
“ရှောင်ပင်း... ရှောင်ပင်း မင်းကတော့ ကောင်းကင်ဘုံသွားတဲ့ လမ်းရှိပါလျက်နဲ့ မသွားဘဲ... တံခါးမရှိတဲ့ ငရဲပြည်ထဲကို အတင်းတိုးဝင်လာတာပဲ”
အကြီးအကဲ ဖူရှုးသည် အပြင်ပန်းတွင် အကြီးအကဲတစ်ဦး၏ အမူအရာကို ထိန်းထားသော်လည်း စိတ်ထဲတွင်မူ အတိုင်းမသိ ဝမ်းသာအားရ ဖြစ်နေတော့သည်။
“ဒါကတော့...”
မုယွဲ့မေသည် ဤအခြေအနေကို မြင်သောအခါ တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး “ဒါဆိုရင်လည်း... ငါက ထပ်ပြီး ဖျောင်းဖျနေရင် မင်းတို့နှစ်ယောက်အတွက် ခက်ခဲစေသလို ဖြစ်နေလိမ့်မယ်”
“ကောင်းပြီလေ။ ရှောင်ပင်း... ဒီအချိန်အတောအတွင်းမှာ မင်း အကြီးအကဲ ဖူရှုးနောက်ကို လိုက်ပြီး ကျင့်ကြံအားထုတ်နိုင်တယ်။ အကယ်၍ တစ်ခုခုရှိရင် ငါ့ဆီကို တိုက်ရိုက် လာခဲ့နိုင်ပါတယ်”
ချန်ကျီရှင်းနှင့် အကြီးအကဲ ဖူရှုးတို့သည် မုယွဲ့မေကို တစ်ပြိုင်နက်တည်း ကျေးဇူးတင် စကားဆိုလိုက်ကြသည်။
နောက်တစ်ခဏတွင် နှစ်ဦးသားမှာ တစ်ဦးထံတစ်ဦး လျှောက်လှမ်းသွားကြပြီး လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
“အကြီးအကဲ ဖူရှုး... ရှေ့လျှောက်ကာလမှာ ကျွန်တော့်အတွက် အလုပ်ရှုပ်စေမိတော့မှာပဲ။ သေချာလေး လမ်းညွှန်ပြသပေးပါဦးခင်ဗျာ”
“အလုပ်မရှုပ်ပါဘူး... အလုပ်မရှုပ်ပါဘူး။ နောင်တစ်ချိန်မှာ မင်း တကယ်ပဲ အောင်မြင်ကြီးပွားလာတဲ့အခါကျရင် ဒီအဘိုးကြီးကို မေ့မသွားဖို့ပဲ လိုပါတယ်”
သူတို့၏ လက်များမှာ တင်းကြပ်စွာ ဆုပ်ကိုင်ထားကြပြီး အပြုံးများမှာလည်း ပိုမို တောက်ပလာတော့သည်။
“ကောင်းပြီလေ... ဒီနေ့အတွက်တော့ ဒီမှာတင် ရပ်နားကြစို့”
မုယွဲ့မေက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ခဏအကြာတွင် ချန်ကျီရှင်းသည် အကြီးအကဲ ဖူရှုး၏ နောက်မှလိုက်ကာ တောင်ဘက်
တောင်ထိပ်ရှိ ဖူရှုးဂေဟာဆီသို့ ဦးတည်သွားခဲ့သည်။ အကြီးအကဲတစ်ဦးအနေဖြင့် သာမန်တပည့်များနှင့် ရောနှောနေထိုင်ရန်မှာ မဖြစ်နိုင်သဖြင့် အကြီးအကဲတိုင်းတွင် ဝိညာဉ်စွမ်းအင်ကြွယ်ဝသော နေရာများ၌ ကိုယ်ပိုင်ဂေဟာများ ရှိကြသည်။
သူတို့နှစ်ဦးသည် ရှေ့ဆင့်နောက်ဆင့် လျှောက်လှမ်းနေကြပြီး မည်သူမျှ စကားမဆိုကြပေ။
မုယွဲ့မေကတော့ ဒီရက်ပိုင်းမှာ စိတ်အေးလက်အေး ရှိနေမှာ မဟုတ်ဘူး။ သူမက ရှောင်ပင်းကိုပဲ အာရုံစိုက်ပြီး စောင့်ကြည့်နေမှာဆိုတော့ လှုပ်ရှားရတာ အဆင်မပြေနိုင်ဘူး။
ငါ နည်းလမ်းတစ်ခု စဉ်းစားရမယ်... သူ့နဲ့ ငါ နှစ်ယောက်တည်း ရှိနေမယ့် အခွင့်အရေးမျိုး ရရင် အကောင်းဆုံးပဲ။
အကြီးအကဲ ဖူရှုးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လျှောက်လှမ်းနေရင်း သူ၏ မျက်ဝန်းထဲမှ သတ်ဖြတ်လိုစိတ်များကို အတင်းအကျပ် ထိန်းချုပ်ထားရသည်။
သူ့နောက်တွင်မူ ရိုးသားအေးဆေးပုံရသော ရှောင်ပင်း၏ မျက်ဝန်းများထဲတွင်လည်း ထင်ထင်ရှားရှား မြင်တွေ့နိုင်လောက်သည့် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်ကို ဖူရှုးတစ်ယောက် မမြင်မိခဲ့ပေ။
ရှေ့လျှောက်နေရမဲ့ရက်တွေမှာ မုယွဲ့မေက စိုးရိမ်စိတ်နဲ့ သေချာ စောင့်ကြည့်နေမှာဆိုတော့လှုပ်ရှားဖို့ ခက်လိမ့်မယ်။
ငါလည်း အကြီးအကဲ ဖူရှုးနဲ့ နှစ်ယောက်တည်း ရှိနေမယ့် အခွင့်အရေးမျိုး ဖန်တီးဖို့ လိုအပ်နေပြီ။
ထို့ကြောင့် သူတို့နှစ်ဦးစလုံးသည် ကိုယ်စီ အကြံအစည်များကိုယ်စီဖြင့် ဂေဟာတစ်ခု၏ အဝင်ဝသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုဂေဟာ၏ ပုံစံနှင့် တည်ဆောက်ပုံမှာ ဖူရှုးကဲ့သို့ပင် ခြောက်ကပ်ငြိမ်သက်နေပြီး အသက်ဝင်သည့် အရိပ်အယောင် လုံးဝမရှိပေ။
“ပင်းအာ... ဒါက ငါ့ရဲ့ဂေဟာပဲ။ ရှေ့လျှောက် မင်း ဒီမှာပဲ နေရမှာ”
အကြီးအကဲ ဖူရှုးက လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာတွင် လူငယ်မျိုးဆက်သစ်အပေါ် ကြင်နာတတ်သည့် အကြီးအကဲတစ်ဦး၏ အပြုံးမျိုး ပေါ်လွင်နေသည်။
“ကောင်းပါပြီ... ဒါဆိုရင် အကြီးအကဲကိုပဲ အားကိုးရတော့မှာပေါ့”
ချန်ကျီရှင်းက လိမ္မာယဉ်ကျေးသော တပည့်တစ်ဦးအလား ခေါင်းညိတ်ပြလိုက်သည်။ သူက ဆက်လက်၍ “အကြီးအကဲ... ကျွန်တော့်ရဲ့ အသုံးအဆောင်ပစ္စည်းတချို့က အထွေထွေကိစ္စရပ်များဌာနမှာ ကျန်နေခဲ့လို့ပါ။ အဲဒါတွေကို အရင်သွားယူပါရစေဦး”
“ကောင်းပြီလေ... သွားယူပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့ပါ”
ဖူရှုးက ပြုံးလျက် ပြောကာ ဂေဟာအတွင်းသို့ လှည့်ဝင်သွားတော့သည်။
ချန်ကျီရှင်းသည် ဖူရှုး၏ ကျောပြင်ကို ကြည့်ကာ အရိုအသေပေးလိုက်ပြီးနောက် တောင်အောက်ရှိ အထွေထွေကိစ္စရပ်များဌာနဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။
ခဏအကြာတွင် ချန်ကျီရှင်းသည် အထွေထွေကိစ္စရပ်များဌာနရှိ အဝါရောင်ဂိုဏ်းငယ်အဝင်ဝသို့ ရောက်ရှိလာသော်လည်း ပတ်ဝန်းကျင်တွင် လူသူမရှိနေသည်ကို မြင်လိုက်ရသည်။ နတ်ဘုရားအသိစိတ်ဖြင့် စောင့်ကြည့်နေသူများလည်း မရှိကြောင်း အတည်ပြုပြီးနောက် သူသည် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ ချက်ချင်း ထွက်ခွာခဲ့တော့သည်။
ဆိတ်ငြိမ်သော နေရာတစ်ခုသို့ ရောက်သောအခါ ချန်ကျီရှင်းသည် ဆက်သွယ်ရေး အဆောင်
လက်ဖွဲ့တစ်ခုကို ထုတ်ယူကာ စာတိုလေးတစ်ကြောင်း ရေးသားလိုက်သည်။
နောက်တစ်ခဏတွင်...
ရွှီ...
ခမ်းနားထည်ဝါသော အစိမ်းရောင် အမွေးအတောင်များရှိသည့် ငှက်တစ်ကောင်သည် မြားတစ်စင်းအလား အဝေးမှ ပျံသန်းလာပြီး ချန်ကျီရှင်း၏ လက်မောင်းပေါ်တွင် နားလိုက်သည်။
“ဒီသတင်းစကားကို ချန်မိသားစုဆီ ပို့ပေးပါ။ ပြီးတော့ မိသားစုခေါင်းဆောင်လက်ထဲကို တိုက်ရိုက် ပေးလိုက်ပါ”
ချန်ကျီရှင်းက ငှက်ကလေး၏ အမွေးအတောင်များကို အသာအယာ ပွတ်သပ်ပေးရင်း တိုးတိုးလေး ပြောလိုက်သည်။
ရွှီ...
ငှက်ကလေး၏ ထက်မြက်သော ခြေသည်းများဖြင့် အဆောင်လက်ဖွဲ့ကို ချက်ချင်း ဖမ်းဆုပ်
လိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်ကာ ယန့်ကျိုးနယ်မြေဆီသို့ ပျံသန်းသွားတော့သည်။ ခဏအတွင်းမှာပင် ကျယ်ပြောလှသော ညကောင်းကင်ယံထဲ၌ ပျောက်ကွယ်သွားခဲ့သည်။
ထိုညမှာပင် မဟူရာအကြီးအကဲများဦးဆောင်သော အမှောင်တပ်ဖွဲ့သည် ရှောင်ပင်း၏ နေရပ်ဇာတိဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်၍ ထွက်ခွာသွားကြတော့သည်