အခန်း (၂၃၃၉-၂၃၄၀)
Vol. 168 Ch. 2339-2340
အပိုင်း(၂၃၃၉)
[ညာဘက် လက်မောင်း - မာန]
ကမ္မကံ တန်ဖိုး : ၂၆၃,၇၇၆.၃ -> ၂၆၈,၃၃၄.၄
ပထမ ကပ်ဘေး ရှင်သန်ခြင်း... (၇/၇)
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... (၁/၁)
တတိယ ကပ်ဘေး အောင်မြင်ခြင်း... (၃/၃)
စတုတ္ထ ကပ်ဘေး အောင်မြင်ခြင်း... (၁၈/၁၈)
ပဉ္စမ ကပ်ဘေး တားဆီးခြင်း ... (၄၇ နှစ်)
...
[ဘယ်ဘက် လက်မောင်း - ရမ္မက်]
ကမ္မကံ တန်ဖိုး : ၂၆၃,၇၇၆.၃ -> ၂၆၈,၃၃၄.၄
ပထမ ကပ်ဘေး အောင်မြင်ခြင်း... (၇/၇)
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... (၁/၁)
တတိယ ကပ်ဘေး အောင်မြင်ခြင်း... (၃/၃)
စတုတ္ထ ကပ်ဘေး အောင်မြင်ခြင်း... (၁၈/၁၈)
ပဉ္စမ ကပ်ဘေး တားဆီးခြင်း ... (၄၇ နှစ်)
...
စုရီအတွက် ရည်ရွယ်ထားသော အရသာရှိလှသည့် ကမ္မ အမှတ် နောက်တစ်ခွက်ကို ဝေ့ဝူယင်က မရိုမသေပင် ရိတ်သိမ်းလိုက်ပြန်လေပြီ ဖြစ်သည်။ ထိုအမျိုးသမီးသည် ရဲတင်းရုံသာမက ပြတ်သားပြီး စွမ်းအားကြီးမားကာ၊ စုရီ၏ အနာဂတ်အတွက် သိသာထင်ရှားသော ရန်သူတစ်ဦး ဖြစ်ပေသည်။
သူမသည် စုရီကို အစွန်းရောက်စွာ စော်ကားခဲ့မိဖွယ်ရှိသည်။ လျှို့ဝှက်ပြစ်ဒဏ်ကို ဆန့်ကျင်ရာတွင် စုရီသည် ကြမ်းကြုတ်လှသော ခွန်အားများကို ပြသခဲ့ပြီးနောက်၊ သူမသည် သူ့ကို ဤမျှ အလွယ်တကူ မလွတ်မြောက်သွားစေရန်နှင့် နောင်တစ်ချိန်တွင် သူမကို ပြန်လည် သတ်ဖြတ်ရန် အခွင့်အရေးပေးဖို့ ငြင်းဆန်ခဲ့ခြင်း ဖြစ်ပေသည်။ စုရီ အပြင်ဘက်၌ ရှိနေကြောင်းကို သိလျက်နှင့် သူမ မည်သို့ အေးချမ်းစွာ စားသောက် အိပ်စက်နိုင်မည်နည်း။
ကံဆိုးစွာပင်... သူမသည် အပြစ်များဖြင့် ပြည့်နှက်နေပြီး ကောင်းကင် တာအိုများက မုန်းတီးသော သူမ၏ ဦးခေါင်းကို ပြီးပြည့်စုံသည့် အခွင့်အရေးနှင့် ဝေ့ဝူယင်ထံသို့ ဆက်သလိုက်ခြင်းပင် ဖြစ်လေသည်။ ထို့အပြင် မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင်ကို ဖယ်ရှားလိုက်ပါက၊ ကျန်ရှိနေသူများသည် ထိုအမျိုးသမီးက လုပ်ရပ်များတွင် များစွာ ကျော်လွန်လုပ်ဆောင်နေကြောင်းကို အနည်းနှင့်အများ နားလည်ထားခဲ့ကြပေသည်။
ထိုသို့ လုပ်ဆောင်ရန် ရဲတင်းခဲ့ကြသော ထိုသူတော်စင်များသည် မျောက်များကို ခြောက်လှန့်ရန် သတ်ဖြတ်ခံလိုက်ရသော ကြက်များ မဖြစ်ခဲ့ရသည့်အတွက် သူတို့၏ ကံကောင်းခြင်းများကို ကျေးဇူးတင်နေခဲ့ကြလေသည်။ သို့သော်လည်း ထိုကဲ့သို့ တွေးတောမိလိုက်သောအခါ၊ သူတို့ အားလုံး၏ မျက်နှာအမူအရာများမှာ အနေရခက်ကာ ဂုဏ်သိက္ခာ ကျဆင်းသွားသကဲ့သို့ ဖြစ်သွားကြလေသည်။ အစစ်အမှန် သူတော်စင်များသည် ဤနေရာတွင် သာမန် မျောက်များမျှသာ ဖြစ်နေသလော။
ကံဆိုးစွာပင်... ထိုကဲ့သို့သော ခံစားချက်ကို သူတို့ သဘောမတူကြောင်း ပြသရန် မည်သည့် ထွက်ပေါက်မျှ မရှိခဲ့ချေ။ သူတို့ ဘာလုပ်ရမည်နည်း။ ထိုသူတော်စင်နောက်သို့ တမလွန်အထိ လိုက်သွားရမည်လော။ သူတို့ အားလုံးသည် ဉာဏ်ပညာရှိစွာဖြင့် တိတ်ဆိတ်နေခဲ့ကြပြီး သူတို့၏ နည်းလမ်းများ အားလုံးကို ပြန်လည် ရုပ်သိမ်းလိုက်ကြကာ၊ ဆိုလိုရင်းကို ပိုမို နက်ရှိုင်းစွာ သိမြင်လာစေရန် ဒုတိယမြောက် ကြက် အဖြစ်ခံရန် မရဲဝံ့ကြတော့ချေ။
...
အခြားတစ်ဖက်၌...
‘မင်းရဲ့ ဆန္ဒကို ငါသိတယ်...'
ဝေ့ဝူယင်သည် သူ၏ အတွင်း၌ မျိုးဗီဇပြောင်းလဲနေသော ဆေဘာ ဥပဒေသ အာဏာက အဆက်မပြတ် တုန်ခါနေစဉ် တွေးတောလိုက်လေသည်။ သတ်ဖြတ်ရန်အတွက် ၎င်း၏ စွမ်းအားကို ဆွဲယူအသုံးပြုလိုက်သော သေးငယ်သည့် လုပ်ရပ်တစ်ခုကပင် တားဆီး၍မရနိုင်သော ရလဒ်တစ်ခုကို ထုတ်လွှတ်လိုက်ပြီဖြစ်ရာ၊ သူ လုပ်နိုင်သည့်အရာ သိပ်မရှိတော့ချေ။ အ
လွန် ကန့်သတ်ထားသော အချိန်ကာလတစ်ခု အတွင်းတွင် သူသည် သူ၏ ဆေဘာကို ဆွဲထုတ်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက တိုးတက်ရန်အတွက် ဤအခွင့်အရေးကို ထာဝရ ဆုံးရှုံးသွားနိုင်ချေ ရှိပေသည်။ သူ ထိုအချက်ကို ကောင်းစွာ သိရှိထားလေသည်။
ကံကောင်းထောက်မစွာဖြင့် ဤသည်က သူ၏ အစီအစဉ်များကို ပိုမို လျင်မြန်သွားစေရုံသာ ဖြစ်ပြီး ဆိုးရွားစွာ ထိခိုက်စေမည် မဟုတ်ချေ။ ဝေ့ဝူယင်၏ ကြယ်တာရာ မျက်ဝန်းများသည် စူးဟောင်ရန်ဆီသို့ ရွှေ့ပြောင်းသွားလေသည်။
ထိုအကြည့်၏ လှုံ့ဆော်မှုကို ခံလိုက်ရသည့်အလား၊ စူးဟောင်ရန်၏ ဝိညာဉ် အော်ရာမှာ ခမ်းနားထည်ဝါစွာ ကြီးထွားလာပြီး၊ သူက ထိုနေရာတွင် ရှိနေသူများနှင့် စောင့်ကြည့်နေသူများ အားလုံးကို သူ၏ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြသကာ စကားပြောလိုက်လေသည်။
"လောကရှန့်ထို အာရုဏ်ဦး... တာအိုမိတ်ဆွေ စု ကို မင်း ဘယ်နေရာဆီ ပို့လိုက်တာလဲ..."
ဤမျှ တိုက်ရိုက်ကျလွန်းလှပေသည်။ အထွတ်အထိပ် သူတော်စင် တစ်ပါးနှင့် ထိုက်တန်လှပေသည်။
အံ့သြဖွယ်ကောင်းလောက်အောင်ပင်၊ ဤတစ်ကြိမ်တွင် ဝေ့ဝူယင်သည် တိတ်ဆိတ်မနေခဲ့ချေ။
"ခင်ဗျားတို့ ဂလက်ဆီရဲ့ တားမြစ်ဇုံ တွေထဲက တစ်ခုကိုပါ..."
ချက်ချင်းပင် လူတိုင်းက အရိပ်ကွယ် အဖွဲ့၏ အချက်အလက်ကို ပြန်လည် သတိရသွားကြပြီး ၎င်းမှာ အလွန် အရေးကြီးကြောင်း သဘောပေါက်သွားခဲ့ကြလေသည်။ ဤနယ်ခြားသားသည် စုရီကို မည်သည့်နေရာသို့ ပို့ဆောင်လိုက်ကြောင်း ပြောပြမည်မဟုတ်ဟု တစ်ကြိမ်တစ်ခါမျှ မပြောခဲ့ဖူးချေ။ နိမိတ်ဖတ်ခြင်းမှ သူ့ကို ကာကွယ်ပေးမည်ဟုသာ ရိုးရှင်းစွာ ပြောခဲ့ခြင်း ဖြစ်လေသည်။
ထိုသို့ဆိုလျှင် ထိုနေရာရှိ သူတော်စင်မှာ အလကားသက်သက် သေဆုံးသွားခဲ့ရခြင်း မဟုတ်ပါလော။
မည်မျှ ရယ်စရာကောင်းလိုက်သနည်း။ သူတော်စင်များ ဆိုသည်မှာ ဂေါ်ဖီထုပ်များ မဟုတ်ချေ။
အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ တားမြစ်ဇုံများ ဆိုသည်မှာ ကြယ်တာရာ နယ်မြေများ၊ ကြယ်ကွင်းပြင်များနှင့် ဂလက်ဆီဇုံများ ကဲ့သို့သော ကျင့်ကြံခြင်းဆိုင်ရာ ကောင်းကင် ယဉ်ကျေးမှုများ ကြားရှိ နတ္ထိဟင်းလင်းပြင်များ ဖြစ်ကြပြီး၊ ၎င်းတို့သည် အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၏ အဖြူရောင် အဘိဿဲလ် ကဲ့သို့ပင်၊ အထွတ်အထိပ် သူတော်စင်များ အတွက်ပင် ကိုလိုနီပြုရန် သို့မဟုတ် ၎င်း၏ အန္တရာယ်များကို ငြိမ်းအေးစေရန် အလွန်တရာ အန္တရာယ်များလွန်းလှပေသည်။
အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီလို ဧရာမ ဂလက်ဆီကြီး တစ်ခုတွင် ကြီးကြီးရော၊ သေးသေးရော တားမြစ်ဇုံမြောက်မြားစွာ ရှိနေသဖြင့်၊ ဤထုတ်ဖော်ပြောဆိုမှုက စုရီကို ရှာဖွေရန် သူတို့၏ ကြိုးပမ်းမှုများကို သိပ်ပြီး အထောက်အကူ မပြုခဲ့ချေ။ အထူးသဖြင့် ဝေ့ဝူယင်က နိမိတ်ဖတ်ခြင်းမှ စုရီကို ကာကွယ်ရန် သူ၏ အော်ရာကို အသုံးပြုထားကြောင်း ပွင့်လင်းစွာ ဝန်ခံထားသောကြောင့် ပို၍ပင် မှန်ကန်နေပေသည်။ ရဲရင့်သော မဟာ နိမိတ်ဖတ်သူများနှင့် အလွန်အမင်း စွမ်းအားကြီးမားသော ထိပ်သီး နိမိတ်ဖတ်သူများကသာ သူ၏ တည်နေရာကို နိမိတ်ဖတ်ရန် ထိုကဲ့သို့သော အန္တရာယ်များကို စွန့်စားကြမည် ဖြစ်သည်။ အခြားသူများမှာမူ တန်ပြန်သက်ရောက်မှုမှတစ်ဆင့် သေဆုံးသွားရမည်ကို ကြောက်ရွံ့ကြပေလိမ့်မည်။ ထို့အပြင် အချို့သော တားမြစ်ဇုံများသည် သတင်းအချက်အလက် ရှာဖွေရန်ကိုပင် ပို၍ပို၍ အန္တရာယ်များစေခဲ့ရာ၊ ၎င်းက ကြမ်းတမ်းနေပြီဖြစ်သော တာဝန်အပေါ်သို့ အခက်အခဲ အလွှာတစ်ခုကို ထပ်မံ ပေါင်းထည့်လိုက်ခြင်းပင် ဖြစ်လေသည်။
"ဘယ် တားမြစ်ဇုံ ကိုလဲ..."
စူးဟောင်ရန်က နောက်တစ်ကြိမ် မေးလိုက်သည်။ သို့သော်လည်း... စိတ်ထဲတွင်မူ ။ မည်မျှ ရယ်စရာကောင်းသော မေးခွန်းနည်း ဟူ၍ ကိုယ့်ကိုယ်ကို ပြောလိုက်မိသည်။ ၎င်းက သူနှင့် လုံးဝ ခြားနားစွာပင် တက်ကြွမှုကင်းမဲ့ကာ အတွေ့အကြုံနုနယ်သည့်အလား ခံစားရစေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဝေ့ဝူယင်သည် မှေးမှိန်သော အပြုံးတစ်ခုကို ဖော်ပြလိုက်လေသည်။ ၎င်းသည် တစ်စုံတစ်ယောက်ကို ချက်ချင်း လှုပ်ရှားချင်စိတ် ပေါက်သွားစေလောက်အောင် အရှက်ကင်းမဲ့သော စွမ်းအင်တစ်ခုကို ထုတ်လွှတ်နေပေသည်။
"ဘယ်တစ်ခုများပါလိမ့်... ကျုပ်ရဲ့ မှတ်ဉာဏ်က နည်းနည်း မှုန်ဝါးနေတယ်... ပြီးတော့ ပို့ဆောင်နေတုန်း နှောင့်ယှက်မှုတွေ အားလုံးပြီးသွားတဲ့အခါ ကျုပ် အနေနဲ့ ဘယ်နေရာလဲဆိုတာကို သေချာပေါက် ပြောနိုင်မယ် မထင်ဘူး..."
ဝေ့ဝူယင်သည် သူ၏ မေးစေ့ကို လက်ချောင်းဖြင့် ခပ်ဖွဖွ ပုတ်ရင်း တွေးတောဟန် ပြုလိုက်လေသည်။
"..."
သူက သူတို့ကို ကစားဖို့ ကြိုးစားနေသည်လားတာလား။ ဤနယ်ခြားသား ခွေးသူတောင်းစားပင်တည်း။
သို့သော် သူက ဆက်ပြောလိုက်သည်။
"ဒါပေမယ့် သေမျိုးတွေ ပြောသလိုပဲ... မှုန်ဝါးနေတဲ့ စိတ်တစ်ခုကို ငွေကြေး ဆိုတဲ့အရာ နည်းနည်းလောက်နဲ့ ချောဆီထည့်ပေးလိုက်ရင် ကြည်လင်သွားနိုင်ပါတယ်..."
"..."
များပြားလှသော ပုံရိပ်များသည် အချင်းချင်း အကဲခတ်လိုက်ကြလေသည်။ သူက သူတို့ကို လာဘ်ထိုးစေချင်နေသည်လား။
စူးဟောင်ရန်က ခေါင်းညိတ်လိုက်လေသည်။
"ဘယ်လောက်လဲ..."
စုရီနှင့် တိုက်ရိုက် မဟာမိတ်ဖွဲ့ထားသူများဖြစ်စေ သို့မဟုတ် သူနှင့် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကမ္မဆိုင်ရာ ပတ်သက်မှုများ ရှိနေသူများဖြစ်စေ၊ လူအုပ်ကြီးထဲရှိ မျက်နှာအချို့မှာ အံ့အားသင့်မှုများဖြင့် တွန့်ချိုးသွားခဲ့ကြလေသည်။ စူးဟောင်ရန်က လူသိရှင်ကြား စတင် အပေးအယူ လုပ်နေသည်လော။ ၎င်းကို သီးသန့် ဆက်သွယ်မှုများမှတစ်ဆင့် လုပ်ဆောင်သင့်သည် မဟုတ်ပါလော။
"ဒါဆိုရင် ဘယ်လိုလဲ..."
ဝေ့ဝူယင်က အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် လက်ချောင်း တစ်ချောင်းကို ထောင်ပြလိုက်လေသည်။
"တစ်..."
ထျန်းရှီယာမှာ ရှုပ်ထွေးသွားခဲ့လေသည်။
အချို့ကမူ သူတို့၏ ကိုယ်ပိုင် ကောက်ချက်ချမှုများ ပြုလုပ်လိုက်ကြလေသည်။
'လျှို့ဝှက် ဝိညာဉ် အမတေ ကျောက်တုံး တစ်တုံးလား...'
လုံရှီယာက နှာခေါင်းရှုံ့လိုက်၏။ ဝေ့ဝူယင်၏ လောဘက သေချာပေါက် သူ့ကို သေစေလိမ့်မည်ဟု ခံစားလိုက်ရလေသည်။
'လျှို့ဝှက်-ကောင်းကင် အဂ္ဂိရတ် သွေးဆက် တစ်ခုတည်းလား...'
ထျန်းရှီကျောက်ရွှမ်က အဂ္ဂိရတ်ပညာရှင် တစ်ဦး၏ ရှုထောင့်မှနေ၍ တွေးတောလိုက်လေသည်။
'လျှို့ဝှက်-ကောင်းကင် အမတေ ကျောက်တုံး တစ်ထောင်လား...'
အချို့မှာမူ တစ်ထောင် သို့မဟုတ် တစ်ရာ စသဖြင့် ပို၍ ယုတ္တိရှိသော ခန့်မှန်းချက်များ ရှိကြပေသည်။
သို့သော် ဝေ့ဝူယင် ပြောလိုက်သောအရာက သူတို့ကို လုံးလုံးလျားလျား ရူးသွပ်သွားစေခဲ့လေသည်။
"ရှုံးနိမ့်မှု တစ်ခု..."
ဝုန်း...
ဝေ့ဝူယင်၏ ဥပဒေသ လေးခုသည် ကောင်းကင်ဘုံဆီသို့ လွင့်ပျံသွားပြီး ရေတံခွန်တစ်ခုအလား အရှိန်အဟုန်ဖြင့် မိုင်ပေါင်း ဘီလီယံတစ်ထောင် အတွင်းရှိ အမတေ၊ စွမ်းအင်၊ ဒြပ်စင် နှင့် မန်နာတိုင်းကို ပြောင်းပြန်လှန်ပစ်လိုက်ကာ၊ မကြုံစဖူး ကြားပင်မကြားဖူးသော လောကဖိအား များကို ထုတ်လွှတ်၍ မိုးကုပ်စက်ဝိုင်း မျှော်စင် ခုနစ်ခု၏ ဖိနှိပ်ထားသော ကောင်းကင် စွမ်းအား ကို ချေမွပစ်လိုက်တော့သည်။
"ခင်ဗျားတို့ အားလုံးထဲက ဘယ်သူက အဲဒီ ကံကြမ္မာကို ကျုပ်ဆီ ပေးအပ်နိုင်မလဲ..."
"..."
လူအုပ်ကြီး တစ်ခုလုံးမှာ ဆွံ့အကာ အံ့အားသင့်သွားကြလေသည်။
***
အပိုင်း(၂၃၄၀)
"ဘယ်သူလဲ…”
ထိုစကားလုံးက အမှောင် ဟင်းလင်းပြင် တစ်ခွင်လုံးကို ထပ်မံ၍ ပဲ့တင်ထပ်သွားကာ အသက်အရွယ် မရွေး၊ ကျင့်ကြံခြင်း အဆင့်အတန်း မရွေး ဝိညာဉ်များနှင့် စိတ်အာရုံများကို တုန်လှုပ်သွားစေလေသည်။
ထိုအရာမှာအကြွင်းမဲ့ အစွန်းရောက်လွန်းသော လွှမ်းမိုးနိုင်စွမ်းပင် ဖြစ်လေသည်။ နယ်ခြားသား တစ်ဦးထံမှ အကြီးကျယ် အခမ်းနားဆုံးသော စိန်ခေါ်မှုတစ်ခုကို တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ထိုနေရာတွင် ရှိနေသူ တစ်ဦးချင်းစီတိုင်းထံသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ထိုအခိုက်၌... မျက်နှာအမူအရာ မပြောင်းလဲသွားသူ၊ စိတ်အာရုံ ကယောက်ကယက် ဖြစ်မသွားသူ၊ သို့မဟုတ် အပြင်းအထန် ခုန်ပေါက်နေသော နှလုံးသားကို ထိန်းချုပ်နိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ချေ။
မည်သို့ပင်ဆိုစေ... ဝေ့ဝူယင် ထံမှ ထွက်ပေါ်လာသော လွှမ်းမိုးနိုင်စွမ်း ကြီးမားသည့် တည်ရှိမှုသည် အကန့်အသတ်မရှိ ဆက်လက် မြင့်တက်နေပြီး၊ လျှို့ဝှက်ကောင်းကင် အဆင့်ရှိ ရတနာ ခြောက်ခု၏ ကောင်းကင် စွမ်းအား ကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသော ထူးကဲသည့် လောကဖိအား များဖြင့် တုန်ခါနေပေသည်။
သူ၏ ကြယ်တာရာ မျက်လုံးများသည် ပြင်းထန်စွာ တောက်ပနေပြီး မျက်စိကျိန်းမတတ် လင်းလက်နေကာ သည်းခံနိုင်စွမ်း မရှိလောက်အောင် ရန်လိုနေလေသည်။ သို့သော် သူ၏ တည်ငြိမ်သော မျက်နှာအမူအရာမှာမူ အထိအခိုက်မရှိ ကျန်ရစ်နေဆဲဖြစ်ရာ၊ ထာဝစဉ် မေ့ဖျောက်၍မရနိုင်သော ပိုမို ကြီးကျယ်ခမ်းနားသည့် ပုံရိပ်တစ်ခုကို ဖန်တီးပေးနေပေသည်။
လောက၌... ရှည်လျားလှသော၊ အလွန်တရာ ရှည်လျားလှသော တိတ်ဆိတ် ငြိမ်သက်သည့် အခိုက်အတန့်တစ်ခု ဖြတ်သန်းသွားခဲ့လေသည်။
"မင်းက မင်းရဲ့ အင်ပါယာ တာအိုကို အောင်နိုင်ခြင်းကတစ်ဆင့်... စိန်ခေါ်ခြင်းကတစ်ဆင့် တိုးတက်ဖို့ ကြိုးစားနေတာလား..."
ရုတ်တရက် ပညာရှိဆန်သည့် အသံတစ်ခုက ဤတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။ ၎င်းက သန့်စင်သော အဂ္ဂိရတ် စွမ်းအား များ ရောယှက်နေသည့် ခွန်အားဖြင့် ဝန်းကျင် တစ်ခုလုံး၌ တည်ဆောက်ထားသော တင်းမာမှုများကို ဖယ်ရှားလိုက်လေသည်။
ယင်ကား မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း အဂ္ဂိရတ် ရှန့်ထို ထံမှပင် ဖြစ်သည်။ သူသည် အစစ်အမှန် ကောင်းကင် အဂ္ဂိရတ် ရှန့်ထို တစ်ပါးဖြစ်ကာ၊ ကောင်းကင် သန့်စင်ခြင်း ဂလက်ဆီဇုံ အတွင်းရှိ သန့်စင်ခြင်း အဂ္ဂိရတ် တာအို ၏ အမြင့်မြတ်ဆုံး ခေါင်းဆောင်ပင် ဖြစ်လေသည်။ သူ စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် အားလုံး၏ တုန်လှုပ်နေသော ဝိညာဉ်များနှင့် စိတ်အာရုံများမှာ ထူးဆန်းစွာပင် လန်းဆန်းသွားပြီး ကြည်လင် သွားခဲ့လေသည်။ သူတို့၏ အတွေးများသည် ခဏချင်းအတွင်း၌ ကြည်လင်ပြတ်သားမှုကို အတိုင်းအတာတစ်ခုအထိ ပြန်လည် ရရှိသွားကြပေသည်။
"..."
လူအုပ်ကြီး တစ်ခုလုံး တွေးတောဆင်ခြင်နေသော တိတ်ဆိတ်မှုတစ်ခု အတွင်းသို့ ဝင်ရောက်သွားကြလေသည်။ ထိုအရာက သူ၏ ရည်မှန်းချက် ဖြစ်နေမည်လော။ သို့သော်လည်း ၎င်းက အနည်းငယ် ထူးဆန်းနေသလို ခံစားရသည်။
အင်ပါယာ ဥပဒေသ အပေါ် အာဏာများကို ယေဘုယျအားဖြင့် ကြီးစိုးအုပ်ချုပ်ခြင်း ဟူသော စကားလုံးဖြင့် အဓိပ္ပာယ် ဖွင့်ဆိုနိုင်လေသည်။ ၎င်းသည် ထိန်းချုပ်မှု တစ်မျိုးဖြစ်သည်။ ထို့ကြောင့်ပင် ဥပဒေသများတွင် နတ်ဘုရား ဆန်ဆန် စွမ်းအားများ ရှိနေကာ ကြီးမားသော ကန့်သတ်ချက်များကို ချမှတ်နိုင်ပြီး အရာဝတ္ထုများကို တိကျသော အမိန့်များအောက်တွင်ပင် ထားရှိနိုင်ခြင်း ဖြစ်ပေသည်။ ဝေ့ဝူယင်သည် ဤစွမ်းအားကို အကြိမ်ကြိမ် အသုံးပြုခဲ့ဖူးသည်။ သူ၏ ဆန္ဒကို ငြင်းဆန်၍မရနိုင်လောက်အောင် ချမှတ်ပေးသည့် အမိန့်များကို အသုံးပြုကာ အရာရာတိုင်း အပေါ် ကြီးစိုးအုပ်ချုပ်ခဲ့ပေသည်။
အင်ပါယာ ဥပဒေသကို ကျင့်ကြံသူများ အများအားဖြင့် ဖြတ်သန်းလေ့ရှိသည့် လမ်းကြောင်း နှစ်ခုမှာ အခြားသူများအပေါ် ကြီးစိုးအုပ်ချုပ်ခြင်း ကို လိုက်စားသူများနှင့် နယ်မြေအပေါ် ကြီးစိုးအုပ်ချုပ်ခြင်း ကို လိုက်စားသူများပင် ဖြစ်ကြလေသည်။ လမ်းကြောင်း တစ်ခုစီတွင် ၎င်း၏ အားသာချက်များနှင့် အားနည်းချက်များ ရှိကြပြီး၊ ပထမတစ်ခုအတွက် အထင်ရှားဆုံး အချက်မှာ သတ်ဖြတ်ခြင်း သို့မဟုတ် သာမန် ပြည်သူလူထု၏ ထင်မြင်ယူဆချက်သည် လူတစ်ဦး၏ ခွန်အားကို သိသိသာသာ သက်ရောက်မှု ရှိစေနိုင်ပြီး၊ သေဆုံးသည့်အထိပင် ဦးတည်သွားစေနိုင်ခြင်း ဖြစ်ပေသည်။
ထျန်းထိုက်ကျုံး သည် ဤလမ်းကြောင်းကို အားကိုးခဲ့ပြီး၊ ၎င်းကို ဝေ့ဝူယင်က ကောက်ကျစ်စဉ်းလဲသော စစ်ဆင်ရေးတစ်ခုဖြင့် စနစ်တကျ ဖျက်ဆီးပစ်ခဲ့လေသည်။ နောက်ဆုံးတွင် ထျန်းထိုက်ကျုံး သည် သူ၏ ကိုယ်ပိုင် ခွန်အား တစ်ခုတည်းကိုသာ အားကိုးခဲ့ရပေသည်။
ဒုတိယတစ်ခု ဖြစ်သော နယ်မြေအပေါ် ကြီးစိုးအုပ်ချုပ်ခြင်း နှင့် ပတ်သက်၍မူ… ၎င်းသည် နယ်မြေများအတွင်းရှိ ဝိညာဉ် အမှတ်အသားများနှင့် ကမ္မဆိုင်ရာ ကြီးစိုးမှုများအပေါ်တွင် ပို၍ အားကိုးရပြီး၊ ဤအင်ပါယာ ဥပဒေသ အမျိုးအစားကို အားကိုးသူများအား သူတို့၏ နယ်မြေအတွင်း၌ မှန်းဆ၍မရနိုင်သော ခွန်အားများကို ပိုင်ဆိုင်ခွင့် ပြုထားပေသည်။ ၎င်းသည် အတွင်းရှိ အရာအားလုံးနှင့် အပြန်အလှန် ချိတ်ဆက်နေသော နယ်မြေအစီအရင် တစ်ခု သို့မဟုတ် ၎င်းထက် သာလွန်သော ခွန်အားကို သူတို့အား တိုက်ရိုက် ပေးအပ်ထားလေသည်။ သို့သော်လည်း နယ်မြေ ပြင်ပသို့ ရောက်ရှိသွားသောအခါ သူတို့သည် သိသိသာသာ အားနည်းသွားကြပေသည်။
စူးစမ်းမှု အမျိုးမျိုးကို ပြုလုပ်ပြီးနောက် လူအများစုက ဝေ့ဝူယင်တွင် အခြားသူများအပေါ် ကြီးစိုးအုပ်ချုပ်ခြင်း အမျိုးအစား အင်ပါယာ ဥပဒေသ ရှိသည်ဟု ယုံကြည်ခဲ့ကြသည်။ ၎င်းက သူ့ကို သူ၏ အင်ပါယာမှ ကင်းကွာကာ ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ယံကို လေ့လာစူးစမ်းစဉ် အစွန်းရောက်သော လွတ်လပ်ခွင့်ကို ပေးစွမ်းထားသည်ဟု ယူဆခဲ့ကြလေသည်။ သို့သော်လည်း မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း ကောင်းကင် ရှန့်ထို က စကားပြောပြီးနောက်၊ ဤနယ်ခြားသားသည် ကွဲပြားခြားနားသော အင်ပါယာ ဥပဒေသ အမျိုးအစားကို ကျင့်ကြံထားကြောင်း အခြားသူများကို ချက်ချင်း ကောက်ချက်ချနိုင်စေခဲ့ပေသည်။
ဝေ့ဝူယင်သည် နှုတ်မှတစ်ဆင့် ပြန်လည် ဖြေကြားခြင်း မပြုခဲ့ချေ။ သူ၏ အာဏာရှင်ဆန်သော လောကဖိအား ကို ထုတ်ဖော်ပြသမှုကပင် လုံလောက်သည်ထက် ပိုနေခဲ့ပြီ ဖြစ်လေသည်။
ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သော စိတ်အာရုံများအတွင်း၌၊ အထူးသဖြင့် ဆင်ကျား အရှင်သခင် ၏ စိတ်ထဲတွင် အချိတ်အဆက် မိသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ သူမ၏ မျက်လုံးများမှာ အထူး တောက်ပသွားပေသည်။ ဤမတိုင်မီက ဝေ့ဝူယင်၏ လုပ်ရပ်များ အားလုံးသည် အရာရာကို ပုံမှန်မဟုတ်လောက်အောင် ထင်ရှားသွားစေခဲ့သည်။ သူက သူမကို အကြိမ်ကြိမ် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ချေ။
'သူက ငါ့ကို အသုံးပြုပြီး သူ့ရဲ့ အင်ပါယာ ဥပဒေသ ရဲ့ အာဏာကို တိုးတက်အောင် လုပ်ချင်နေတာလား...'
သူမသည် အလွန်အမင်း စိတ်ပျက်ဒေါသထွက်မှုကို ခံစားလိုက်ရသည်။ သို့တိုင်အောင် ဤအာဏာသည် မည်သည့် ကြီးစိုးအုပ်ချုပ်ခြင်း အမျိုးအစားအောက်တွင် ရှိနေသည် သို့မဟုတ် အဘယ်ကြောင့် ဤမျှ ထူးဆန်းသော လိုအပ်ချက်များ ရှိနေရသည်ကိုမူ သူမ ကောက်ချက်ချနိုင်စွမ်း မရှိခဲ့ချေ။
၎င်းက မည်သည့်အရာကို အတိအကျ လိုအပ်နေသနည်း ။ သူက အခြားသူများ၏ နှလုံးသားများအပေါ် ကြီးစိုးအုပ်ချုပ်ရမည်လော။ ဝိညာဉ်များ၊ စိတ်ဝိညာဉ်များ၊ နှလုံးသားများနှင့် စိတ်အာရုံများကို လွှမ်းမိုးနိုင်ရန် ရှုံးနိမ့်မှုမရှိသော ပုံရိပ်နှင့် အော်ရာတစ်ခုကို တည်ဆောက်ရမည်လော။ သူမ သေချာရေရာစွာ မသိရှိခဲ့ချေ။
စူးဟောင်ရန်၏ မျက်လုံးများက သက်ဝင်လှုပ်ရှားလာလေသည်။ မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း ကောင်းကင် ရှန့်ထို သည်လည်း ဤကိစ္စတွင် ပါဝင်ပတ်သက်နေမည်လော။ အဘယ်ကြောင့် သူက သူ၏ အခန်းကဏ္ဍကို ဤမျှ တက်ကြွစွာ ပါဝင်ကစားပေးနေသနည်း။
"..."
ထျန်းရှီကျောက်ရွှမ်သည် သူပြောမည့် စကားလုံးများကို မျိုချလိုက်၏။ သူ၏ မျက်လုံးများထဲတွင် သံသယများက ရိုင်းစိုင်းသော လျှပ်စစ်စီးကြောင်းတစ်ခုအလား ဖြစ်နေပေသည်။
ဆင်ကျား အရှင်သခင် ကဲ့သို့ပင်၊ အင်ပါယာ ဥပဒေသ ၏ အာဏာများနှင့် ပတ်သက်၍ နားလည်သဘောပေါက်ထားသူများသည် စိတ်ရှုပ်ထွေးမှုကို ခံစားနေကြရလေသည်။ ထိုမျှ ထူးဆန်းသော အင်ပါယာ ဥပဒေသ မျိုး ရှိနေမည်လော ။ တိုးတက်ရန်အတွက် စိန်ခေါ်မှုတစ်ခု လိုအပ်သော အရာမျိုးလော။ ထို့အပြင် ဤနယ်ခြားသားသည် မမြင်နိုင်သည့် ကန့်သတ်ချုပ်ချယ်မှု တစ်ခုအောက်တွင် ရှိနေပုံရပြီး၊ သူ၏ နောက်ထပ် ခြေလှမ်းအတွက် တက်တက်ကြွကြွ မလှုပ်ရှားနိုင်ဘဲ အခြားသူများကို သူ့အား စိန်ခေါ်လာစေရန် အမြဲတစေ မြှောက်ပင့်ပေးနေခဲ့ခြင်း ဖြစ်လေသည်။
ထပ်ခါတလဲလဲပင်…။
အနည်းငယ် ရှုပ်ထွေးနေသော်လည်း၊ နယ်ခြားသား၏ စိန်ခေါ်ခံရရန် လိုအပ်သည့် ထူးဆန်းသော အချက်ကို ထည့်သွင်းစဉ်းစားလိုက်သောအခါ ပထမနေ့ကတည်းက အရာအားလုံးသည် ယုတ္တိတန်သွားခဲ့လေသည်။ မိုးကုပ်စက်ဝိုင်း မျှော်စင် ခုနစ်ခု က ဤအချက်ကို ကြိုတင် သိရှိထားခဲ့ပြီး ဖြစ်မည်လော။
ထို့ကြောင့်ပင် သူရဲကောင်း တာအို ကပ်ဘေး အတွင်း သူတို့ ထုတ်ပြန်ခဲ့သော အဂ္ဂိရတ် ဥပဒေသ ကို ပေါ့ပေါ့ဆဆ ကိုင်တွယ်ခဲ့ခြင်း ဖြစ်မည်လော ဟုလည်း စဉ်းစားစရာ ဖြစ်လာသည်။ မရေမတွက်နိုင်သော သူများက သူတို့သည် ဝေ့ဝူယင်ကို တိုက်ရိုက် အရေးယူ လှုပ်ရှားကြလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း၊ သူတို့သည် ပိုမို အားနည်းသော အဖွဲ့ဝင်များဟူသည့် ကိုယ်စားလှယ်များကိုသာ အသုံးပြုခဲ့ကြလေသည်။
တာအို တရားဥပဒေ ထိန်းသိမ်းသူ များထဲမှ တစ်ဦးတစ်ယောက်ကမျှ သူ့ကို ပညာမပေးရသေးခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။
မည်သူကများ တစ်စုံတစ်ယောက်၏ ဓားသွေးကျောက် ဖြစ်လာချင်မည်နည်း။
သို့သော် ဤအခြေအနေက မည်သို့နည်း ။ နယ်ခြားသားသည် စိန်ခေါ်မှုတစ်ခုကို မလွှဲမရှောင်သာ ဖြစ်လာစေရန်အတွက် စုရီ၏ လွတ်မြောက်မှုကို ဖန်တီးခဲ့ခြင်း ဖြစ်မည်လော။ မည်မျှ ကောက်ကျစ်စဉ်းလဲသော စိတ်ဓာတ်နည်း။
ထို့အပြင် သူတို့ အနေဖြင့် မည်သည့်အရာကိုမျှ မလုပ်ဘဲ နေနိုင်မည်လည်း မဟုတ်ချေ။ စုရီသည် ဝင်စားခြင်း နှင့် ပြန်လည်မွေးဖွားခြင်း တို့နှင့် ပတ်သက်ဖွယ်ရှိသော မှန်းဆ၍မရနိုင်သည့် လျှို့ဝှက်ချက်များကို ပိုင်ဆိုင်ထားပေသည်။ ကျင့်ကြံခြင်း လောကတွင်၊ တစ်စုံတစ်ယောက်သည် လျှို့ဝှက် အာဏာရှင် အဆင့် သို့ တက်လှမ်းသွားသည်နှင့် တစ်ပြိုင်နက်၊ သူ၏ ဖြစ်တည်မှု မူဘောင်သည် သတ်မှတ်ပြီးသားဖြစ်ကာ ပြောင်းလဲ၍မရနိုင်သကဲ့သို့ ပြန်လည် နောက်ဆုတ်၍လည်း မရနိုင်တော့ချေ။ သို့သော် စုရီသည် သူ၏ ခရီးစဉ်ကို သေမျိုး တစ်ဦးအနေဖြင့် စတင်ခဲ့ခြင်း ဖြစ်လေသည်။
သူသည် သူ၏ သေမျိုး အဆင့်များကို ပြန်လည် ကျင့်ကြံခဲ့ပြီး မကြုံစဖူးသော အုတ်မြစ်များကို တည်ဆောက်ကာ၊ သူ၏ အပြစ်အနာအဆာများ အားလုံးကို ပြုပြင်၍ သူ၏ အဆင့်မြင့် အသိပညာများ အားလုံးဖြင့် အသစ်တစ်ဖန် ပြန်လည် စတင်ခဲ့ခြင်း ဖြစ်ပေသည်။
ဤသည်မှာ မည်မျှ အံ့ဖွယ်ကောင်းလိုက်သနည်း။ သူတို့ထဲတွင် မည်သူက အပြစ်အနာအဆာ ကင်းမဲ့စွာ မကြုံစဖူး ကျင့်ကြံခြင်း အခြေခံနှင့် အဆင့်တက်ဖူးလို့နည်း။ သူတို့သည် အရင်းအမြစ်များ သို့မဟုတ် အချိန် ကန့်သတ်ချက်များကြောင့် ကျေနပ်လိုက်ကြရပြီး၊ တိုးတက်ရန်အတွက် အသိပညာများကို တစ်ဆင့်ပြီးတစ်ဆင့် စုဆောင်းရန် ဖိအားပေးခံခဲ့ကြရလေသည်။ သို့သော် သူတို့၌ ထိုအသိပညာများ အားလုံး ကြိုတင် ရှိနေခဲ့မည် ဆိုလျှင်ရော။
စုရီသည် လျှို့ဝှက်အရှင် တစ်ဦးအနေဖြင့် အထွတ်အထိပ် သူတော်စင် အဆင့်ရှိ ခွန်အားကို ထုတ်လွှတ်နိုင်ခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။
သူသည် သူတော်စင် တစ်ပါးပင် မဖြစ်သေးချေ။ သူတို့ အနေဖြင့် ရှေ့ဆက်မတိုးပဲ ဤနေရာတွင် ရပ်တန့်ကာ စုရီကို ပြန်လည် နာလန်ထူလာစေရန် ခွင့်ပြုလို့ မရချေ။။ သူ့ကို ပို၍ပို၍ ကျင့်ကြံခွင့်ပြုကာ ပို၍ပို၍ စွမ်းအားကြီးမားလာစေရန် ခွင့်ပြုလို့ မရချေ။ ထိုသို့သာဆိုလျှင် သူတို့သည် စုရီ၏ လျှို့ဝှက်ချက်များကို ဘယ်သောအခါမျှ ရရှိနိုင်တော့မည် မဟုတ်ချေ။ သူတို့ ယခုပင် လှုပ်ရှားရမည် ဖြစ်လေသည်။