← Chapters

အခန်း (၁၄၅)

Vol. 15 Ch. 145

အခန်း (၁၄၅)

Vol. 15 Ch. 145

လီဟုန်ကျွင့်တို့ အိမ်သို့ ပြန်ရောက်လာချိန်တွင် အိမ်တံခါးဝတွင် လူအုပ်လိုက်ကြီး စုရုံးနေသည်ကို မြင်လိုက်ရပြီး အထဲဘက်မှ အဘွားလီ၏ ငိုယိုအော်ဟစ်သံကို ကြားလိုက်ရ၏။

သူ မျက်နှာပျက်သွားရပြီး အထဲသို့ ပြေးဝင်ကာပြောလိုက်လေ၏။

“ငါ့အမေကို ဘယ်သူ အနိုင်ကျင့်ရဲတာလဲ”

ထုန်လင်းနှင့် လီချောင်တို့လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြ၏။

လူတိုင်းက စိတ်မသက်မသာ ဖြစ်နေကြရလေသည်။

ကေဒါဝမ်က ခြံထဲတွင် ရပ်နေပြီး အဓိကအခန်းထဲတွင်တော့ ရဲဘော်နီတစ်စုက ပစ္စည်းများကို ရှာဖွေနေကြသည်။

သူတို့က ရှာဖွေရာတွင် ညင်သာမှုမရှိဘဲ ကြမ်းပြင်ပေါ်ရှိ ကွန်ကရစ်ပြားများကိုပင် မတင်ကာ မြေလှန်ရှာဖွေနေကြခြင်းဖြစ်ပေသည်။

လီဟုန်ကျွင့်တစ်ယောက် ထိုလူစု၏ လက်မောင်းများပေါ်ရှိ အနီရောင် လက်ပတ်များကို မြင်လိုက်ရချိန်တွင် လုံးဝ ကြောင်အသွားရတော့သည်။

ဒီလူတွေက ကျန်းမိသားစုအိမ်ကို သွားရမှာ မဟုတ်ဘူးလား။

ဘာလို့ အထည်လိပ်စက်ရုံကို ရောက်လာကြတာလဲ။

“ခင်ဗျားက လီဟုန်ကျွင့်လား”

အရာရှိဝမ်က မျက်ခုံးပင့်ကာ မေးလိုက်၏။

လီဟုန်ကျွင့်မှာ ခဏမျှ ကြောင်အ,သွားပြီး မျက်နှာမှာလည်း ဖြူလျော်သွားကာ တစ်ကိုယ်လုံး တုန်ယင်လာရတော့သည်။

သူ၏ခေါင်းမှာ ပိဿာတစ်ထောင်မျှ လေးလံနေသကဲ့သို့ ခံစားရပြီး ခေါင်းပင် မညိတ်နိုင်ပါချေ။

“ခင်ဗျားကို စစ်သားမိသားစုကို စော်ကားမှု၊ နိုင်ငံတော် ဝန်ထမ်းတွေနဲ့ ကေဒါတွေကို လုပ်ကြံစွပ်စွဲမှု၊ ပြီးတော့ သူရဲကောင်းတွေရဲ့ သားသမီးတွေကို နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ တိုင်ထားတာရှိတယ်၊ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ”

အရာရှိဝမ်က လီဟုန်ကျွင့်၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ အေးစက်စွာဖြင့် ကြေညာလိုက်၏။

လီဟုန်ကျွင့် မလိုက်ရဲပါချေ။ အကယ်၍ သူသာ လိုက်သွားပါက ကံကောင်းမှသာ အသက်ဘေးမှ လွတ်မြောက်နိုင်ပေလိမ့်မည်။

သူက ခေါင်းကိုခါယမ်းကာ နောက်သို့ ဆုတ်လိုက်၏။

“သူ့ကို ခေါ်သွားလိုက်ကြ”

အရာရှိဝမ်က ပေါ့ပေါ့ပါးပါးပင် လက်ဝှေ့ရမ်းပြီး အမိန့်ပေးလိုက်သည်။

လီဟုန်ကျွင့်တစ်ယောက် ရဲဘော်နီများ၏ ဝိုင်းဝန်းဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ပုခုံးကို ဆွဲကာ ခေါ်ဆောင်သွားခြင်းကို ခံရတော့သည်။

သူတို့ တံခါးဝသို့ ရောက်ရှိချိန်မှာပင် ဝန်ထမ်းနှစ်ဦးကအပြေးအလွှား ရောက်ရှိလာသည်ကို မြင်လိုက်ရ၏။

“ခွင့်ပြုပါဦး၊ ဒါလီချောင်ရဲ့ အိမ်လား “

သူတို့က ပတ်ဝန်းကျင်ရှိ လူများကို အရင်ကြည့်လိုက်ပြီးမှ မေးမြန်းလိုက်ကြလေသည်။

“ကျွန်တော်က လီချောင်ပါ”

လီချောင်က လူအုပ်၏ အနောက်ဘက်မှ ထွက်လာခဲ့၏။ လီဟုန်ကျွင့်အား ဖမ်းဆီးခံထားရသောကြောင့် သူလည်း အနည်းငယ် ကြောက်နေမိသည်။

သူ့အဖေအား စွပ်စွဲခံထားရသည့် ပြစ်ချက်များကို ကြားရုံနှင့်ပင် အဖေဖြစ်သူက သေလူဖြစ်ပြီဟု ခံစားနေရ၏။

လီချောင်မှာ သူ့ကို လာရှာသူများကို ချက်ချင်း မှတ်မိလိုက်လေသည်။ ထိုလူများမှာ သူ့၏သူငယ်ချင်းအိမ်သို့ ရထားလက်မှတ် လာပို့ပေးခဲ့သည့် ပညာတတ်လူငယ်ရုံးမှ ဝန်ထမ်းများသာ ဖြစ်ချေသည်။

“လီချောင်... မင်းရဲ့ ရထားက မနက်ဖြန် မနက်(9) နာရီမှာ ထွက်မှာ. ဒီမှာ .. ဒါက မင်းရဲ့ လက်မှတ်ပဲ၊ အချိန်မှန်ရောက်အောင် သွားဖို့ မမေ့နဲ့ဦး၊ နောက်ကျလို့ မရဘူး”

ထိုဝန်ထမ်းက စကားလုံးများကိုပင် မပြောင်းလဲဘဲ လီချောင်၏ လက်ထဲသို့ လက်မှတ်ကို ထိုးထည့်ပေးလိုက်၏။

တကယ်တမ်းတွင် သူတို့သည်လည်း အနည်းငယ် စိတ်လှုပ်ရှားနေကြလေ၏။

မည်သို့ပင်ဖြစ်စေ လွန်ခဲ့သည့် ရက်အနည်းငယ်က မိန်းကလေးတစ်ယောက်မှ လီချောင်အဖြစ် ဟန်ဆောင်ကာ လာရောက်စာရင်းသွင်းပေးခဲ့ခြင်း ဖြစ်သောကြောင့် ပြဿနာတက်မည်ကို စိုးရိမ်နေကြရလေ၏။

သို့သော် လူတိုင်းက အံ့အားသင့်သွားရသည်။

လီချောင်က ရထားလက်မှတ်ကို ကိုင်ထားရင်း အဆက်မပြတ် ခေါင်းညိတ်ပြကာပြောလာခဲ့လေ၏။

“ကောင်းပါပြီ၊ ကျွန်တော် ဘူတာရုံကို အချိန်မှန် ရောက်အောင်လာခဲ့ပါ့မယ်”

“မင်းက ကျေးလက်ဒေသကို အပို့ခံရတဲ့ ပညာတတ်လူငယ်လား”

အရာရှိဝမ်က လီချောင်ကို အပေါ်အောက် ကြည့်လိုက်သည်။ လီဟုန်ကျွင့်က ဤသားဖြစ်သူကို အလွန်အမင်း အလိုလိုက်သည်ဟု သူ ကြားထားဖူးလေ၏။

သို့ဆိုပါက အဘယ်ကြောင့် ကျေးလက်ဒေသသို့ ပို့ခဲ့သည်လဲ။

“ဟုတ်ပါတယ်၊ ကျွန်တော်က ကျေးလက်ဒေသသို့သွားရမဲ့ ပညာတတ်လူငယ်ပါ”

လီချောင်က ခေါင်းကို အဆက်မပြတ်ညိတ်ပြလိုက်၏။

“မဟုတ်ဘူး၊ မင်း ဒီမှာနေပြီး စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်းဆောင်ရွက်ရမယ်”

အရာရှိဝမ်က လီချောင်၏ အပြုအမူကို အလွန်ပင် သံသယဖြစ်ဖွယ် ကောင်းသည်ဟု ယူဆလိုက်သည်။

ဤကောင်လေးမှာ အိမ်သို့ ရောက်သည်နှင့် အဘယ်ကြောင့် ကျေးလက်ဒေသသို့ သွားရန် ဤမျှအထိ အလောတကြီး ဖြစ်နေရပါသနည်း။

နောက်ကွယ်တွင် တခြားအကြောင်းရင်းတစ်ခုခု ရှိနေရမည်။

ထို့ကြောင့် သူက ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်၏ပြောလိုက်လေ၏။

“ဒီကလေးကိုပါ အတူခေါ်သွားလိုက်ကြ”

ထို့နောက် လီချောင်မှာလည်း ဖမ်းဆီးခြင်းကို ခံလိုက်ရတော့သည်။

လီချောင်သည်ကား ဆယ့်ခုနစ်နှစ်အရွယ် ကောင်လေးတစ်ဦးမျှသာ ဖြစ်၏။

သူ၏ ဘဝတွင် အကြီးမားဆုံးသော ကြုံဖူးသော အခက်အခဲမှာ လီရွှမ်နှင့် ပစ္စည်းလုရာတွင် အဘွားလီက လီရွှမ်ဘက်မှ ဘက်လိုက်ခဲ့သောကြောင့် မကျေမနပ် ဖြစ်ခဲ့ရခြင်းသာ ဖြစ်ခဲ့ပေလိမ့်မည်။

ယခုအချိန်တွင်တော့ သူသည်က ကြမ်းပြင်ပေါ်တွင် အဖိခံထားခဲ့ရလေပြီ။

သူ၏ တစ်ကိုယ်လုံး ကြောက်ရွဲ့မှုကြောင့် တုန်ယင်နေခဲ့ရ၏။

သူ လုံးဝ စိတ်ဓာတ်ကျဆင်းသွားရလေသည်။

သူက ငိုကြွေးပြီး ထိတ်လန့်တကြားအော်ဟစ်တော့သည်။

“ကျွန်တော် ဘာမှမသိဘူး! ကျွန်တော့်ကို မဖမ်းကြပါနဲ့၊ ကျွန်တော်က ကလေးပဲ ရှိသေးတာပါ ၊ ဒါတွေအားလုံးက လီဟုန်ကျွင့် လက်ချက်တွေချည်းပဲ၊

သူ အမေ့ကို တိတ်တိတ်လေး ပြောနေတာကို ကျွန်တော် ကြားခဲ့တယ်...

သူတို့က ကျွန်တော့်ရဲ့ အကြီးဆုံးအစ်မအစ်မကို စိတ်မနှံ့တဲ့လူတစ်ယောက်နဲ့ ပေးစားပြီး ကျွန်တော် အိမ်ထောင်ပြုဖို့အတွက် ခန်းဝင်ပစ္စည်းတွေ ယူမယ်လို့ ပြောခဲ့တာ!

ပြီးတော့ သူက အကြီးဆုံးအစ်မရဲ့ အလုပ်ကိုပါ ခိုးဖို့ ကြိုးစားခဲ့သေးတယ်၊ သူမ အိမ်ထောင်ကျပြီးရင်လည်း သူမဆီကနေ အမြဲတမ်း ငွေတောင်းရမယ်လို့လည်း ပြောခဲ့တယ်... ဝူးးးး..

ကျွန်တော် သိသမျှ အကုန်ပြောပြပြီးပြီ.. ကျွန်တော့်ကို မဖမ်းပါနဲ့! ဝါးးးး...”

“ဖြောင်း..!”

ထုန်လင်းက သူ့အနားသို့ ပြေးလာပြီး လီချောင်၏ ပါးကို ရိုက်လိုက်လေ၏။

“မင်း ဘာတွေ ပြောနေတယ်ဆိုတာကိုရော သိရဲ့လား”

ထုန်လင်းတစ်ယောက် ရူးသွပ်လုနီးပါး ဖြစ်နေရသည်။

လီချောင်အနေဖြင့် တစ်သက်လုံးတွင် တစ်ခါမှ အရိုက်မခံခဲ့ဖူးပါချေ။ ယခုကဲ့သို့ စိတ်ဆင်းရဲစရာ အခြေအနေမျိုးတွင် ပထမဦးဆုံးအကြိမ် အရိုက်ခံလိုက်ရလေ၏။

သူက ပို၍ ကျယ်လောင်စွာ ငိုကြွေးတော့သည်။

“ဝူးးး... ကျွန်တော် လီဟုန်ကျွင့်ကို ရဲစခန်းမှာ သေသေချာချာ တိုင်ပါ့မယ်၊ ပြီးတော့ သတင်းစာထဲမှာလည်း သူနဲ့ သားအဖအဖြစ်ကနေ အဆက်အသွယ် ဖြတ်ကြောင်း ကြေညာပါ့မယ်၊

ကျေးဇူးပြုပြီး ကျွန်တော့်ကို မဖမ်းပါနဲ့၊ ကျွန်တော် ကျေးလက်ဒေသကိုပဲ သွားပါရစေ ၊ ကျွန်တော် ပညာတတ်လူငယ်ပဲ လုပ်ပါ့မယ်၊ ပြန်မလာတော့ပါဘူး ဝါးးးး... ကျွန်တော် အကြီးဆုံးအစ်မရဲ့ အလုပ်ကိုလည်း မယူတော့ပါဘူး...”

ကေဒါဝမ် အံ့အားသင့်သွားရပေသည်။ သူ မည်သည့်နည်းလမ်းကိုမှ မသုံးရသေးခင်မှာပင် လီချောင်က အရာအားလုံးကို ဝန်ခံလိုက်ချေပြီ။

သူ ပညာတတ်လူငယ်ရုံးမှ ရဲဘော်များကို မေးမြန်းလိုက်သည်။

“သူက ဘယ်နေရာကို ပညာတတ်လူငယ်အဖြစ် သွားမှာလဲ”

“ပင်းချန် တည်ဆောက်ရေးတပ်မဟာဆီကိုပါ”

“ကောင်းပြီ၊ သူ့ကို လွှတ်ပေးလိုက်.. ဒါပေမဲ့ သူ့အတွက် မိတ်ဆက်စာထဲမှာ ‘နိုင်ငံရေးနောက်ခံ သံသယဖြစ်ဖွယ်ရှိသူ’ ဆိုတဲ့ စကားလုံးကိုတော့ ထည့်ရေးပေးလိုက်ပါ”

“ပင်းချန်ဆောက်လုပ်ရေးတပ်မဟာရဲ့ အနားမှာ ပြုပြင်ပြောင်းလဲရေးအတွက် သီးသန့်သတ်မှတ်ထားတဲ့ စိုက်ပျိုးရေးခြံတွေ ရှိတယ်၊

တကယ်လို့ လီဟုန်ကျွင့်ရဲ့ အမှုတွဲကို စုံစမ်းစစ်ဆေးလို့ မှန်ကန်ခဲ့မယ်ဆိုရင် ဖုန်းတစ်ချက်ဆက်လိုက်ရုံနဲ့ သူ့ကို အဲဒီကို တိုက်ရိုက်ပို့လို့ရတယ်၊ နောက်ထပ် လုပ်ထုံးလုပ်နည်းတွေ အဆင့်ဆင့် လုပ်နေစရာ မလိုတော့ဘူး”

ပညာတတ်လူငယ်ရုံးမှ ဝန်ထမ်းကလည်း သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်၏။

“ကောင်းပါပြီ”

ဤသည်မှာ ပါးစပ်မှပြောရုံမျှဖြင့် လုပ်ဆောင်နိုင်သော ကိစ္စရပ်တစ်ခုသာ ဖြစ်ပေသည်။

ထုန်လင်းသည်ကား တစ်ခုပြီးတစ်ခု ဆက်တိုက် ရိုက်ခတ်လာသော ထိုးနှက်ချက်များကို မခံနိုင်တော့သည့်အတွက် မျက်စိမှိတ်ကာ မူးမေ့လဲကျသွားရတော့သည်။

တစ်ချိန်တည်းမှာပင် ကျန်းကျူးရိက ဤကိစ္စနှင့် ပတ်သက်၍ လီရှန်းနှင့် ဆွေးနွေးနေခဲ့၏။

“ဘာ! အဲဒါ တကယ်ပြီးလား”

လီရှန်း အလွန်အမင်း ထိတ်လန့်သွားသောကြောင့် သူမ၏ အသံပင် တုန်ရင်သွားရသည်။

“တကယ်ပဲ”

လီချောင်က လီဟုန်ကျွင့်၏ နောက်ကျောမှ ဓားဖြင့်ထိုးကာ ဖွင့်ချလိုက်သည်ကိုတော့ ကျန်းကျူးရိ မသိသေးပါချေ။

သူက လီရှန်းနှင့်အတူ မည်မျှအထိ နစ်နာကြေးတောင်းခံရမည်ကို ဆွေးနွေးနေခြင်း ဖြစ်၏။

“မင်းက နစ်နာသူဖြစ်တဲ့အတွက် အဆမတန် တောင်းဆိုတာက ပြဿနာမရှိဘူး၊ ဒါ့အပြင် တစ်ခုရှိသေးတာက လီဟုန်ကျွင့်ရဲ့ အခုတစ်ခေါက် ပြစ်မှုက တော်တော်လေး ကြီးလေးတယ်၊ မင်းပါ ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်”

“ဒါဆို ဦးလေး.. ကျွန်မ သူနဲ့ သားအဖအဖြစ်ကနေ အဆက်အသွယ်ဖြတ်ကြောင်း သတင်းစာထဲမှာ ကြေညာဖို့ ကူညီပေးပါဦး၊ အဲဒီအနီရောင်စာချုပ်ကိုပါ သတင်းစာထဲမှာ ထည့်သွင်းဖော်ပြပေးပါ၊ ကုန်ကျစရိတ်ကို ကျွန်မဘာသာ ပေးပါ့မယ်”

“ကောင်းပြီလေ”

လီရှန်းအနေဖြင့် သံယောဇဉ်ရှိနေဦးမည်ကို ကျန်းကျူးရိ စိုးရိမ်နေခဲ့သော်လည်း ယခုကဲ့သို့ ကြားလိုက်ရသောကြောင့် သူ အတော်လေး စိတ်အေးသွားရပေသည်။

“ဒါနဲ့... အိမ်ရာရနိုင်မဲ့ အခွင့်အရေးကို ဝူချောင်ချန်းဆီ ရောင်းလိုက်ပြီ၊ မင်းနဲ့ မင်းအဘိုးရဲ့ အစိတ်အပိုင်းတွေအတွက် စုစုပေါင်း ငွေငါးရာယွမ် ရတယ်၊ မင်းအဘိုးကတော့ သူ မယူချင်ဘူးတဲ့၊ အဲဒါတွေ အကုန်လုံးကို မင်းကိုပဲ ပေးမယ်လို့ ပြောတယ်”

လီရှန်း အနည်းငယ် အံ့အားသင့်သွားရသကဲ့သို့ စိတ်လည်း လှုပ်ရှားသွားရ၏။

“ဒါကို အဒေါ်က ဘာမှ မကန့်ကွက်ဘူးလား”

“ဒါက အစကတည်းက မင်းအမေရဲ့ အိမ်ပဲလေ၊ သူမကလည်း ဘာမှ ကန့်ကွက်စရာ မရှိဘူးလို့ ပြောတယ်”

ယခုခေတ်ကာလမှ လူများမှာ အတော်လေး ရိုးသားဖြောင့်မတ်ကြဆဲပင် ဖြစ်ပေလေ၏။ အနည်းဆုံးတော့ ချန်ဖန်က ဤအိမ်ကို “လိုချင်တပ်မက်” ခြင်းမျိုး မရှိပါချေ။

“ကောင်းပါပြီ၊ ဒါဆို ကျွန်မလည်း မငြင်းတော့ဘူး”

လူကြီးများ၏ စေတနာကို သူမ လက်ခံလိုက်ခြင်းမှာ အဘိုးဖြစ်သူ၏ စိတ်ကို မထိခိုက်စေလိုသောကြောင့်လည်း ဖြစ်လေ၏။

ကျန်းကျူးရိက ချက်ချင်းပင် ဝမ်းသာသွားပြီး မေးမြန်းလိုက်သည်။

“မင်းရဲ့ ယောက်မကရော မင်္ဂလာဆောင်ပြီးပြီလား၊ မင်း ဘယ်တော့လောက်ကို ပြန်လာမှာလဲ”

“အိုက်ယား ... အဲဒီအကြောင်း မပြောပါနဲ့ဦး၊ တစ်ဖက်ကယောက္ခမက တကယ့်ကို ပြဿနာရှာတဲ့သူပဲ၊ ကျွန်မ ထင်တာတော့ ဒီအိမ်ထောင်ရေးက တကယ့်ကို ကပ်ဘေးတစ်ခုလိုဖြစ်နေတာ”

စုဝေ့ဖင်း၏ ရင်ဆိုင်ရခက်သော ယောက္ခမနှင့် ယောက်မတို့ကို တွေးမိချိန်တွင် လီရှန်း ခေါင်းကိုက်သွားရပြန်သည်။

ကံကောင်းစွာဖြင့် ကျန်းကျိ၏ သဘောထားက အလွန်ပင် ပြတ်သားနေသေးသည်။

သူသည်က မကြာသေးမီအချိန်များတွင် မိသားစုထဲသို့ “သားမက်အဖြစ် ဝင်မည်” ဖြစ်ကြောင်း လူသိရှင်ကြား စတင်ကြေညာခဲ့သည်။

လော်ယွီရှို့ကလည်း အလွန်ပင် ပွင့်လင်းပြတ်သားသူဖြစ်ပြီး “တင်တောင်းငွေ” အဖြစ် ယွမ်တစ်ထောင်ပေးရန် စီစဉ်ထားကြောင်း တိုက်ရိုက်ပင် ပြောဆိုခဲ့၏။

ကျန်းကျိကတော့ ပို၍ပင် ဆိုးသေးသည်။ သူသည်က နေ့တိုင်း သူ၏ တပည့်များကို အဆောင်သို့ ခေါ်ယူကာ သူ့ဘက်မှ ပါလာမည့် “ခန်းဝင်ပစ္စည်း” များကို လိုက်လံပြသနေခဲ့လေ၏။

All Chapters