← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း ၁၅ - ဟိုဝက်ကလေးကို ကြည့်ဦး တော်တော်ချစ်ဖို့ကောင်းတာပဲ။

တင်းလင် သည် သူမ၏ အဆက်အသွယ်များကို အသုံးပြု၍ လုပေါင်၏ အမှတ် (၁) မြေကွက်နှင့် ပတ်သက်သော ပိုင်ဆိုင်မှုအချက်အလက်များကို ပိတ်ဆို့ထားပြီးသား ဖြစ်သည်။ မည်သူမဆို လိုက်လံစုံစမ်းပါက ပိုင်ရှင်၏ မျိုးရိုးမှာ လု ဖြစ်သည်ဟုသာ သိရမည်ဖြစ်သည်။

ထိုသူသည် လုပေါင် ဖြစ်လိမ့်မည်ဟု မည်သူမှ ချိတ်ဆက်တွေးတောနိုင်မည် မဟုတ်ပေ။

အလွန်ဆုံးရှိလျှင် လုပိုင်ဟောက်ကိုသာ သံသယဝင်ကြမည် ဖြစ်သော်လည်း သူ၏ ငွေကြေးနည်းပါး‌မှုမှာ အထင်အရှား ရှိနေသဖြင့် သူ မဟုတ်ကြောင်း သေချာသလောက်ပင်။

“ဟိုး... တကယ်ကြီး ဝက်တွေ မွေးနေတာပဲဟအမိုက်စားပဲ။”

လုပေါင်ကခေါင်းပြူကြည့်ရင်း အဝေးမှာ ပြေးလွှားနေတဲ့ ဝက်တွေကို ကြည့်ကာ အားရပါးရ ပြောလိုက်သည်။ သူက လက်ညှိုးထိုးပြီး

“ဟိုဝက်ကလေးကို ကြည့်ဦး တော်တော်ချစ်ဖို့ကောင်းတာပဲ။”

လူအများအပြားက လုပေါင်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်ကြသည်။ ဒီကောင်လေးက ပြဿနာလာရှာတာ သက်သက်ပဲလာ။

“နင်ကဘာလာလုပ်နေတာလဲ။”

ကျန်းရွှယ်ချီ က အနားသို့ လျှောက်လာပြီး လုပေါင်ကို မျက်စောင်းထိုးလိုက်သည်။

“ကျွန်တော်က စပ်စုရုံတင်ပါ။ အရင်က တစ်ယောက်ယောက် ဝက်မွေးလိမ့်မယ်လို့ ပြောတုန်းက သူတို့မှ မယုံကြတာ။ ကြည့်လေ..ခုတော့တကယ်ကြီး ဝက်မွေးဖို့ ဝယ်လိုက်တာပဲ။ အမေ အဖေ... ညီမလေးအတွက် ဒီမှာ ဗီလာ မဝယ်ပေးနဲ့တော့နော်။ သူက ကြွက်နဲ့ မြွေဆိုရင် အကြောက်ဆုံး။ ကြည့်ဦးလေ... ကြွက်မျိုးပွားရေးစခန်းတို့အဆိပ်ပြင်းမြွေခြံတို့... သူ အိပ်မက်ဆိုးတွေမက်ပြီး အော်နေလိမ့်မယ်။ ပြီးတော့ ဟို အညစ်အကြေးကန်ကြီးကို ကြည့်ဦး အိမ်တံခါးဖွင့်တာနဲ့ မစင်ပုံကြီး မြင်နေရမှာ။ အီးးး”

လုပေါင်က ရွံရှာသော မျက်နှာထားဖြင့် ထိုအခြေအနေကို လက်ညှိုးထိုးပြလိုက်သည်။

“အား... ရွံစရာကြီး ဒီလောက် ရွံစရာကောင်းတဲ့ နေရာမျိုး ဘယ်မှာရှိနိုင်ဦးမလဲ။”

“အင်း... ဟား သွားကြစို့။”

လုပိုင်ဟောက်လည်းသူတို့ကို လှောင်ချင်နေသည်။ သူတို့ ဆက်ဆံရေးက အစကတည်းက မကောင်းသည် မဟုတ်လား။

စုန့်မယ်ကျိန်းကတော့ လုပေါင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ အမှတ် (၁) မြေကွက်ကို ဝက်မွေးဖို့ တကယ် အသုံးချလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။

“အိုလု”

လုပိုင်ဟောက်တို့ မိသားစု ထွက်ခွာတော့မည်ကို မြင်သဖြင့် စုန့်ခွန်လင်း က အမြန် လှမ်းခေါ်လိုက်သည်။

“ဘာလဲ...”

လုပိုင်ဟောက်ကစုန့်ခွန်လင်းကို ထူးဆန်းသော အမူအရာဖြင့် ကြည့်သည်။ ဒီလူက အမှတ် (၁) မြေကွက်ကို လုပိုင်ဟောက် ဝယ်လိုက်တာလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်။

စုန့်ခွန်လင်းမှာ သူ ဘယ်သူ့ကို သွားငြိုးမိမှန်း တကယ် မသိသေးပေ။ သူ့ခေါင်းထဲတွင် အတွေးများ ရှုပ်ထွေးနေသည်။ လူအများကြီး ရှေ့မှာ ဖြစ်သဖြင့် သိက္ခာကိုလည်း ထိန်းနေရသည်။ နောက်ဆုံးတွင် သူ အံကြိတ်ကာ

“အမှတ် (၁) မြေကွက်ပိုင်ရှင်က ဘယ်သူလဲဆိုတာ ခင်ဗျား သိလား။သိရင် ကျွန်တော့်ကို မိတ်ဆက်ပေးပါဦး။”

“အိုလုက ဒီလို လူကုံထံကြီးကို ဘယ်လိုလုပ် သိမှာလဲ...”

ကျန်းရွှယ်ချီကမျက်မှောင်ကြုတ်လိုက်သည်။ သူက သူတို့ကို သံသယဝင်နေတာလား။

“ရှင်က ဘာလို့ သူတို့နဲ့ စကားအပိုတွေ ပြောနေတာလဲ။လုပိုင်ဟောက်မှာ အဲဒီလောက် အရည်အချင်း ရှိလို့လား။ခဏနေရင် ကျွန်မ ဝမ်းကွဲမောင်လေးကို ဖုန်းဆက်ပြီး လူလွှတ်ပြီးဒီနေရာတစ်ခုလုံးကို ဖျက်ဆီးခိုင်းလိုက်မယ်။”

စုန့်ခွန်လင်း၏ ဇနီးသည် မောက်မာရသည်ကို အကျင့်ပါနေသဖြင့် ဤကိစ္စ၏ သက်ရောက်မှုမှာ မည်မျှ ကြီးမားသည်ကို အခုထိ သဘောမပေါက်သေးပေ။

“ပါးစပ်ကိုပိတ်ထားလိုက်စမ်း။”

စုန့်ခွန်လင်းသည်ဒေါသထွက်လွန်းသဖြင့် သူမကို ပါးရိုက်ချင်စိတ်ပင် ပေါက်နေသည်။

“ရှင်... ရှင်က အခုတော့ တော်‌တော် သတ္တိရှိနေပြီပေါ့ ဟုတ်လား။ကျွန်မကိုတောင် လာအော်ရဲတယ်။”

“ငါ နင့်ကို ပါးစပ်ပိတ်ထားလို့ ပြောနေတယ်လေ။”

ဤအချိန်တွင် စုန့်ခွန်လင်း၏ မိသားစုမှာ လူပြက်အုပ်စုနှင့် တူနေတော့သည်။ စုန့်ခွန်လင်း၏ စီးပွားဖက်များနှင့် သူငယ်ချင်းများပင် နောက်ဆုတ်ရန် စဉ်းစားလာကြသည်။ အကယ်၍ သြဇာကြီးမားသူ တစ်စုံတစ်ယောက်က စုန့်ခွန်လင်းကို တမင် ဒုက္ခပေးနေခြင်း ဖြစ်ပါက သူတို့လည်း အမြန်ဆုံး လမ်းခွဲရမည် မဟုတ်လား။

ဘဏ်ဘက်ကလည်း ပို၍ စိုးရိမ်နေကြသည်။တရားခံဖြစ်သူ လုပေါင်ကတော့ ဒါတွေကို မသိရှာပေ။ သူက စျေးကျသွားတဲ့အချိန်ကျမှ သူ့မိဘတွေကို ဗီလာ နှစ်လုံးလောက် ဝယ်ခိုင်းဖို့သာ စဉ်းစားနေသည်။ ဒီလို နေရာကောင်းကို မျက်နှာဝိုင်းလေး အတွက်တင် မဟုတ်ဘဲ သူ့အတွက်ပါ တစ်လုံး လိုချင်သေးသည် မဟုတ်လား။

တစ်ရက်အတွင်းမှာပင် မသမာသော ရည်ရွယ်ချက်ရှိသူများ၏ လက်ချက်ဖြင့် ဤသတင်းမှာ ချင်းကျန်းမြို့ တစ်မြို့လုံးကို ပျံ့နှံ့သွားသည်။ တစ်ချိန်က ဂုဏ်သတင်းကြီးခဲ့သော စုန့်ခွန်လင်းသည် အနံ့အသက်ဆိုးသော ဝက်ခြံဘေးတွင် မြေဝယ်ခဲ့မိသဖြင့် ချင်းကျန်းမြို့ လူကုံထံလောကတွင် ရယ်စရာ ဖြစ်သွားတော့သည်။

စာရွက်စာတမ်း မပြီးခင်ကတည်းက ဗီလာတွေ ကြိုရောင်းခဲ့သော်လည်း အမှတ် (၁) မြေကွက်ကြောင့် အခုတော့ ထောင်ချောက်ထဲ ရောက်သွားရပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကြက်များနှင့် ဘဲများမှာလည်း ဝိုင်ချက်စက်ရုံသို့ အသုတ်လိုက် ရောက်ရှိလာသည်။ နွေရာသီ ဖြစ်သဖြင့် အနံ့အသက်မှာ အလွန်ပင် ဆိုးရွားလာသည်။ စုန့်ခွန်လင်းက အဆက်အသွယ် အမျိုးမျိုး ရှာသော်လည်း မထူးခြားပေ။ အမှတ် (၁) မြေကွက်၏ မွေးမြူရေး လုပ်ငန်းလိုင်စင်များမှာ ဥပဒေနှင့်အညီ အပြည့်အစုံ ရှိနေသောကြောင့် ဖြစ်သည်။

သုံးရက် ကြာပြီးနောက်

ဤရက်ပိုင်းအတွင်း တိင်းလင်သည် လုပေါင်ထံသို့ အကြိမ်အနည်းငယ် ဖုန်းဆက်ခဲ့သည်။ အားလုံးမှာ စုန့်ခွန်လင်း ကမ်းလှမ်းသော အချက်အလက်များအကြောင်း ဖြစ်သည်။

ပထမတစ်ကြိမ်တွင် သူက ဝိုင်ချက်စက်ရုံကို သူ့ပိုက်ဆံဖြင့် ပြန်လည် တည်ဆောက်ပေးရန် ကမ်းလှမ်းသည်။ ဒုတိယတစ်ကြိမ်တွင် ဝိုင်ချက်စက်ရုံကို ပြင်ပေးမည့်အပြင် အကောင်းဆုံးနေရာက ဗီလာတစ်လုံးကိုပါ လက်ဆောင်ပေးမည်ဟု ဆိုလာသည်။ စုန့်ခွန်လင်းမှာ အခုတော့ အသံတိတ် ခံစားနေရပြီဖြစ်သည်။ သူ စော်ကားမိတဲ့သူက များလွန်းနေသည် မဟုတ်လား။

တင်းလင်သည် သူမ၏ သူဌေးကို တကယ်ပင် အထင်ကြီးသွားမိသည်။

လုပေါင်သည်လည်း သူလုပ်ဆောင်လိုက်သည့် လုပ်ရပ်က စုန့်ခွန်လင်းကို မည်မျှအထိ ထိခိုက်စေသည်ကို နောက်ကျမှ သိလိုက်ရသည်။ သူက အနည်းငယ် အားနာလာပြီး အစီအစဉ်ကို ရပ်ဆိုင်းဖို့ စဉ်းစားနေစဉ်မှာပင် တင်းလင်က သတင်းတစ်ခု ယူလာသည်။

စုန့်ခွန်လင်း၏ ဇနီးသည် လူများကို ဦးဆောင်ကာ ဝိုင်ချက်စက်ရုံကို လာရောက် ဖျက်ဆီးခဲ့သည်။ ကြက် ဘဲ ဝက်နှင့် သိုး အမြောက်အမြား အသတ်ခံလိုက်ရပြီး လုံခြုံရေးဝန်ထမ်း အချို့ပင် ဒဏ်ရာရကာ ဆေးရုံတင်လိုက်ရသည်။

“ရဲတိုင်လိုက်ပြီလား။”

လုပေါင်ဒေါသထွက်သွားသည်။ ဒီလိုမျိုး ဖြစ်လာမှတော့ တိရစ္ဆာန်တွေကို တစ်သက်လုံး မွေးပြဦးမည်ဖြစ်သည်။

“ရဲတိုင်လိုက်လို့ လူမိုက်အချို့ကိုတော့ ဖမ်းမိထားပါတယ်။ ဒါပေမဲ့ စုန့်ခွန်လင်းရဲ့ မိသားစုဝင်တွေက အဝေးကနေပဲ ကြည့်နေတာဆိုတော့ သက်သေမရှိလို့ သူတို့ကိုတော့ ရဲက ဖမ်းလို့ မရဘူးဖြစ်နေတယ်။”

တင်းလင်းက တစ်ဖက်လူက လက်တုံ့ပြန်လိမ့်မည်ဟု ခန့်မှန်းထားသော်လည်း နှစ်ရက်အတွင်းမှာပင် ယခုကဲ့သို့ လုပ်ဆောင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် စုန့်မိသားစုမှာလည်း အကျပ်ရိုက်နေသောကြောင့် ဖြစ်သည်။ ဤပြဿနာကို မဖြေရှင်းနိုင်ပါက ငွေကြေးပြတ်တောက်သွားပြီး အပေါင်ပစ္စည်း သိမ်းခံရသည့် အခြေအနေအထိ ရောက်သွားနိုင်သောကြောင့် ဖြစ်သည်။

“ဒဏ်ရာရတဲ့သူတွေကို သေချာ ဂရုစိုက်ပေးလိုက်ပါ။ ပြီးတော့ စုန့်ခွန်လင်းရဲ့ ဖုန်းနံပါတ်ကို ငါ့ဆီ ပို့ပေးဦး။”

“သူဌေး ကျွန်မပဲ ဖုန်းဆက်လိုက်ရမလား။”

လုပေါင်ကိုယ်တိုင် ရှေ့ထွက်ရမည်ကို တင်းလင်စိုးရိမ်နေသည်။

လုပေါင်က ငြင်းလိုက်သည်။

စုန့်ခွန်လင်း၏ နံပါတ်ကို ရပြီးနောက် သူသည် ညစျေးသို့ သွားကာ မှတ်ပုံမတင်ထားသော SIM ကတ်တစ်ခု ဝယ်ပြီး ထိုညမှာပင် စုန့်ခွန်လင်းထံ ဖုန်းခေါ်လိုက်သည်။

ပထမတစ်ကြိမ်တွင် ဖုန်းမကိုင်ပေ။ သို့သော် နှစ်ကြိမ်ဆက်တိုက် ခေါ်လိုက်သည့်အခါတွင်တော့ စုန့်ခွန်လင်းသည် တစ်ခုခုကို သိသွားပုံရပြီး ဖုန်းကို ဖြေလိုက်သည်။

“စုန့်ခွန်လင်းပြောနေပါတယ်။”

ဤအချိန်တွင် စုန့်ခွန်လင်းသည် အဆက်အသွယ် အမျိုးမျိုး ရှာဖွေနေခြင်း ဖြစ်သည်။ စီးပွားဖက်များစွာက ပိုက်ဆံ ပြန်တောင်းနေကြသလို သူ့ထံ ပေးစရာရှိသူများကလည်း ပေးရန် ကြန့်ကြာနေကြသည်။ သူ့အောက်တွင်လည်း ပိုက်ဆံတောင်းသူများ ဝိုင်းနေသဖြင့် သူ ခေါင်းမီးတောက်နေရသည်။

ဤကိစ္စကို မဖြေရှင်းနိုင်ပါက လက်ရှိ ကြုံတွေ့နေရသည်မှာ ပြဿနာအသေးအမွှားသာ ရှိသေးကြောင်း နောက်ထပ် ကြုံရမည့်အရာမှာ ပို၍ ဆိုးရွားလိမ့်မည် ဖြစ်ကြောင်း သူ သိထားသည်။

“စုန့်ခွန်လင်း မင်းမိန်းမနဲ့ မင်းသားကတော့ တော်တော်ကို လက်စွမ်းပြသွားတာပဲ။ ကောင်းပြီလေ ဆက်ကစားကြတာပေါ့။ ငါ့ရဲ့ အမှတ် (၁) မြေကွက်နဲ့ မင်းကို အဆုံးထိ ကစားပြမယ်။”

သူကအသံကိုအသက်ကြီးပိုင်းလူတစ်ယောက်အသံအဖြစ် ပြောင်းလဲကာ ပြောလိုက်ပြီး ပြောပြီးချင်းပင် ဖုန်းချလိုက်သည်။

သူသည် SIM ကတ်ကို ထုတ်ကာ ချိုးပစ်လိုက်သည်။ နောက်ထပ် ဘာဖြစ်လာမလဲဆိုတာ သူ ဂရုမစိုက်တော့ဘဲ တင်းလင်ကိုသာ ဆက်လက် စီစဉ်ခိုင်းလိုက်တော့သည်။

“ဟယ်လို.. ဟယ်လို”

စုန့်ခွန်လင်း၏ မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားသည်။ သူ့နှလုံးသားထဲမှ နောက်ဆုံး မျှော်လင့်ချက်လေးမှာ ပျောက်ကွယ်သွားရပြီ ဖြစ်သည်။ သူ ချက်ချင်း ပြန်ခေါ်သော်လည်း ဖုန်းမှာ ပိတ်ထားပြီ ဖြစ်သည်။

“ဒီနွားမ... အခု ဘာတွေ လုပ်လိုက်ပြန်ပြီလဲ။”

စုန့်ခွန်လင်းထိတ်လန့်သွားပြီး သူ့ဇနီးထံ ချက်ချင်း ဖုန်းဆက်သည်။

“ဘာလုပ်လိုက်တာလဲ ဆိုတာက... ဘာလဲ ရှင်က ဘယ်သူ့ကို လာဟောက်နေတာလဲ။”

“ဒီနေ့ နင် ဘာတွေ သွားလုပ်ခဲ့လဲလို့ ငါ မေးနေတာ။”

စုန့်ခွန်လင်းထပ်ဟောက်လိုက်သည်။ သူသည် လက်ရှိ အခြေအနေကို ဘယ်လို ဖြေရှင်းပြီး နောက်မှ ဘယ်လို ပြန်လက်တုံ့ပြန်ရမလဲ သို့မဟုတ် ထိုသူ ဘယ်သူလဲဆိုတာကို သိအောင် ဘယ်လို လုပ်ရမလဲ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ဒီနွားမကတော့ တကယ်ကို ငတုံးပဲ။

“ကျွန်မ... ကျွန်မ ဝမ်းကွဲမောင်လေးကို ရှာပြီး လူအချို့နဲ့ အမှတ် (၁) မြေကွက်ကို သွာပြီးကြက်တွေ ဘဲတွေ ဝက်တွေ သိုးတွေကို သတ်ပစ်ခိုင်းလိုက်တာ။ ဘာ...ဘာဖြစ်လို့လဲ။ သူတို့က ငါတို့ကို အနိုင်ကျင့်တာလေ။ငါတို့က ပြန်လက်တုံ့ပြန်လို့ မရဘူးလား။စုန့်ခွန်လင်းရှင်ကတော့။

“နင် ငရဲကိုသာ‌ခေါင်နဲ့ဆင်းသွားလိုက်တော့။”

စုန့်ခွန်လင်းဖုန်းကို တိုက်ရိုက် ချပစ်လိုက်ပြီး ကုလားထိုင်ပေါ်တွင် ပုံကျသွားသည်။ သူ ထိုသူကို ရှာမတွေ့သေးခင်မှာပင် အငြိုးကို ပိုပြီး ကြီးထွားအောင် လုပ်မိသွားပြီ ဖြစ်သည်။

အရာအားလုံး ပြီးဆုံးသွားပြီ။

နှစ်လ သုံးလ မဆိုထားနှင့် ဆယ်ရက်အတွင်းမှာပင် ငွေကြေးဆိုင်ရာ ပြဿနာအားလုံး ပေါက်ကွဲလာတော့မည်။ အခုဆိုလျှင်ပြန်ဆက်ရမည့် ဘဏ်ချေးငွေပင် လုပ်ထုံးလုပ်နည်းတွေ အကြောင်းပြပြီး ကြန့်ကြာနေပြီ ဖြစ်သည်။

မြေကွက်ကို ရောင်းရမလား။

စုန့်ခွန်လင်း ရုတ်တရက် ထရပ်လိုက်သည်။ အခု ရှင်သန်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အရှုံးခံပြီး အမြန် ရောင်းထုတ်ဖို့သာ ရှိတော့သည်။ အရာအားလုံးမှာ အမှတ် (၂) မြေကွက်ကြောင့် ဖြစ်သည်။ အခု ရောင်းလိုက်လျှင် အနည်းဆုံးတော့ ငွေကြေးပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်သည်။

သို့သော်လည်း အလျင်စလို ရောင်းရမည် ဖြစ်သဖြင့် စျေးမှာ အလွန်ပင် နည်းပါးသွားမည် ဖြစ်သည့်အပြင် ပိုဆိုးသည်မှာ မည်သူမှလည်း လက်လွှဲမယူရဲကြခြင်းပင် ဖြစ်နိုင်ပေသည်။

အခန်း (၁၆) - နှစ်တစ်ထောင်လိပ်ကြီးကို ကယ်တင်ခြင်း။

ရောင်းမထွက်ခဲ့ရင်ကော... သူ တွေဝေနေစဉ်မှာပဲ ဖုန်းသံမြည်လာခဲ့သည်။

ဖုန်းခေါ်ဆိုသူမှာ သူ့သားဖြစ်နေကြောင်း စုန့်ခွန်လင်းမြင်လိုက်ရသည့်အခါ ရင်ထဲတွင် ဒေါသများ အလိပ်လိုက် တက်လာတော့သည်။ ဒီအသုံးမကျတဲ့ကောင်က သူ့ကို ဒုက္ခပေးဖို့ကလွဲရင် ဘာမှမတတ်ဘူး။

သူ အံကြိတ်ကာ ဖုန်းကို ကိုင်လိုက်သည်။

“အဖေ ကျွန်တော့်သူငယ်ချင်း အချို့ကို ရဲတွေ ဖမ်းသွားလို့။ အဖေ့အဆက်အသွယ်တွေ သုံးပြီး သူတို့ကို ထုတ်ပေးလို့ရမလား ကြည့်ပေးပါဦး။”

“ဘာလို့ အဖမ်းခံရတာလဲ။”

စုန့်ခွန်လင်း ဒေါသကြောင့် မေးရိုးများ‌ထောင်နေသည်။ ဒီကောင်က သူ့လူတွေကိုလွှတ်ခိုင်းဖို့ ငါ့ကို အကူအညီတောင်းရဲသေးတယ်ပေါ့။

တစ်မိသားစုလုံး‌သောက်တုံးတွေချည်းပဲ။

“အမှတ်(၁) မြေကွက်ပေါ်က ဝိုင်ချက်စက်ရုံကို သွားရိုက်ခွဲဖို့ ကျွန်တော် လွှတ်လိုက်တာလေ။ တောက် အဲ့ဒီပိုင်ရှင်က ဘယ်သူလဲဆိုတာ သိတာနဲ့ ချက်ချင်းအဲ့ကောင်ကို သတ်ပစ်မယ်။”

စုန့်ချင်းဝေကတော့ သူ့အဖေ အံကြိတ်ပြီး ပြောနေတာကို သတိမထားမိသေးပေ။

ဒီအချိန်မှာ သူက အမှတ်(၁) မြေကွက်ပိုင်ရှင်အပေါ် ဒေါသထွက်နေတုန်းပင်။ အမြဲတမ်း ဗိုလ်ကျစိုးမိုးလာခဲ့သည့်သူက မည်သူ့ကိုမှ ဂရုမစိုက်ပေ။

“မင်းလို အမှိုက်ကများ လူသတ်ချင်တယ် ဟုတ်လား။မင်းက မင်းရဲ့တုံးအတဲ့ အမေလိုပဲ အသုံးမကျတဲ့ကောင် ဘယ်သူက မင်းကို အဲ့ဒီနေရာကို သွားရိုက်ခွဲခိုင်းလို့လဲ။မင်းကြောင့် ငါ့ရဲ့ လွတ်လမ်းတွေ အကုန်ပိတ်သွားပြီဆိုတာ မင်းသိလား။အမှတ်(၁) မြေကွက်ပိုင်ရှင်က ခုနတင် ငါ့ကို ဆက်သွယ်လာတာ။ မင်းက သူ့ကို သတ်လို့ရမှာမဟုတ်ဘူး။သူက ငါတို့ကို သတ်မှာ ငါတို့ကို သတ်တော့မှာကွ။”

ပြောရင်းနှင့် ပိုဒေါသထွက်လာကာ စုန့်ကွန်းလင်က ဖုန်းကို ဝုန်းခနဲ ရိုက်ချလိုက်ပြီး ရုံးခန်းထဲရှိ ပစ္စည်းများကိုဖျက်ဆီးတော့သည်။ သူ၏ လပ်တော့ကိုပင် ပြတင်းပေါက်အပြင်ဘက်သို့ လွှင့်ပစ်လိုက်၏။

“သူဌေး...”

အတွင်းရေးမှူးမလေးမှာ ဆူညံသံများကြောင့် အပြေးအလွှား ဝင်လာကြည့်သည်။ စုန့်ခွန်လင်း၏ မျက်လုံးများ နီမြန်းကာ အသက်ပြင်းပြင်းရှူနေသည်ကို မြင်ရသောအခါ သူမ ကြောက်လန့်တကြားနှင့် ဘာမှမပြောရဲတော့ပေ။

“စုန့်ချင်းဝေကို အလုပ်ကနေ ချက်ချင်းထုတ်လိုက် ပြီးတော့ ငါပေးထားတဲ့ သူ့ရဲ့ ခရက်ဒစ်ကတ်ကိုလည်း ပိတ်ပစ်လိုက်။”

ဒီအကောင်ကိုတော့ ဒီနေ့ကစပြီး ကိုယ့်ဘာသာကိုယ်ပဲရှာစားခိုင်းမယ်။

“ရှင်...”

လုပေါင်တို့ မိသားစုကတော့ ပျော်ရွှင်စွာ အချိန်ကုန်နေကြသည်။

မိသားစုဝင်များ နေ့လယ်စာ အတူစားနေစဉ်မှာပင် စနစ်၏ စက်ရုပ်ဆန်သော အသံ ထွက်ပေါ်လာသည်။

မစ်ရှင်အသစ် ရောက်လာပြီ။

“တုန်: အထူး Check-in မစ်ရှင် စတင်ပါပြီ ရေအောက်ကယ်ဆယ်ရေး။”

“မစ်ရှင် ဖော်ပြချက်: နှစ်တစ်ထောင်လိပ်ကြီးတစ်ကောင်သည် ခရုကပ်ပါးများကြောင့် ဒုက္ခရောက်နေပါသည်။Hostအနေဖြင့် အရှေ့ဘက်ကမ်းရိုးတန်းသို့ သွားရောက်၍ လိပ်ကြီးကို ရှာဖွေပါ။ Check-in ဝင်ပါ။ထို့နောက် ခရုကပ်များကို ဖယ်ရှားပေးပါ။”

တစ်ချိန်တည်းမှာပင် လမ်းညွှန်မြေပုံတစ်ခု ပေါ်လာသည်။ လုပေါင်က စနစ်၏ အချက်အလက်များကို စစ်ဆေးလိုက်၏။

“အပြင်းထန်ဆုံး Live လွှင့် Check-in စနစ်”

Host: လုပေါင်

ပါရမီ: သားရဲများ၏ နှစ်သက်မှု +၁၀၀ (Gold အဆင့်)။

ကျွမ်းကျင်မှု: တရုတ်ရိုးရာ လေမှုတ်တူရိယာ Great Master အဆင့် မျောက်ဝံသိုင်းပညာအငယ်တန်းအဆင့်။

စနစ်ပစ္စည်းများ: စူပါ Live မျက်လုံး ရွှေရောင်ကမ်းခြေ ရှေးဦးလယ်ဧက ၂၀၀။

လက်ရှိမစ်ရှင်: ရေအောက်ကယ်ဆယ်ရေး (အထူးမစ်ရှင်)။

လုပေါင်က ထမင်းကို အမြန်ပင် လေးငါးလုပ် ခပ်စားလိုက်ပြီး

“ကျွန်တော် ဝပြီ လူကြီးမင်းတို့ ဆက်စားကြပါ။ မျက်နှာဝိုင်းလေးငါ့ရဲ့ နှင်းလုံးလေးကို သွားမစနဲ့ဦးနော် အန်တီ နှင်းလုံးလေးကို ရက်နည်းနည်းလောက် ဂရုစိုက်ပေးပါဦး။”

ချက်ပြုတ်ပေးသူ အန်တီကြီးကို မှာကြားပြီး အပေါ်ထပ်သို့ ပြေးတက်သွားတော့သည်။

“ဖေဖေ မေမေ ကြည့်ဦး သူ သမီးကို ခေါင်းပုတ်သွားတယ်။”

မျက်နှာဝိုင်းလေးကချက်ချင်းပင် တိုင်တောတော့သည်။

“ဘာလဲ သူက ရက်နည်းနည်းလောက် တရားကျင့်မလို့လား။”

လုပိုင်ဟောက်က လှမ်းမေးလိုက်သည်။ သူ့သားက ဒီရက်ပိုင်း ထူးဆန်းနေပြီး လျှို့ဝှက်ချက်တွေ များနေသလိုပင်။

“ရည်းစားရနေတာ ဖြစ်မှာပါ။ သမီးလေး၊ ဗိုက်ဝပြီလား။ဒီရက်ပိုင်း သမီး ထမင်းစားတာ အရမ်းများနေပါလား။”

ကျန်းရွှယ်ချင်းက သမီးဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ရင်း မေးလိုက်သည်။ သမီးက အစားအသောက် ပျက်တတ်သည့်ရောဂါ ရှိသည်မဟုတ်ပါလား။

လုပေါင် ပေးထားသည့် သစ်သီးများက အစားအသောက်ပျက်ခြင်းကို ကုသနိုင်မှန်း မျက်နှာဝိုင်းလေး ကိုယ်တိုင်လည်း မသိဘဲ မုန့်သဖွယ်သာ စားနေခဲ့ခြင်း ဖြစ်သည်။

“ဘယ်သွားမလို့လဲ ဘယ်သွားမလို့လဲ။”

“ဝုတ်”

မကြာခင်မှာပင် အပေါ်ထပ်မှ နှင်းလုံးလေး၏ လုပေါင်နောက်သို့ လိုက်လိုသော အော်ဟစ်သံနှင့် ဒါပေါင်၏ ဟောင်သံများကတစ်အိမ်လုံး ဆူညံသွားတော့သည်။

ယခုတစ်ခေါက် အရှေ့ဘက်ကမ်းရိုးတန်း မစ်ရှင်မှာလည်း ချင်းကျန်းမြို့မှာပင် ဖြစ်သော်လည်း အရှေ့ဘက်ကမ်းခြေ ဒေသဖြစ်သဖြင့် မနီးပေ။ တက္ကစီဖြင့်သွားလျှင် နှစ်နာရီခန့် ကြာလိမ့်မည်။

သို့သော် ယခင်ကျားဂူထက်စာလျှင် ပို၍ အဆင်ပြေပါသည်။

“ပင်လယ်ရေအောက်ထဲမှာ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရမယ်။ လိပ်ကြီးက ကုန်းပေါ်တက်လာရင် အကောင်းဆုံးပဲ ကျွန်တော်က ရေငုပ်မှ မငုပ်တတ်တာ။”

လုပေါင်အတွက်ဒီအထူးမစ်ရှင်က အနည်းငယ် ခက်ခဲနေသည်။ နှစ်တစ်ထောင်လိပ်ကြီးဆိုတော့ ပင်လယ်ကြမ်းပြင်မှာပဲ နေမှာ မဟုတ်လား။

ရေအောက်ထဲမှာဆိုရင် သူ ဘယ်လိုကယ်ရမလဲ။

ကိရိယာနှင့်အသုံးအ‌ဆောင်ပစ္စည်းအချို့ ပါသည့် အိတ်ကိုလွယ်ကာ လုပေါင်က သူ့နောက်လိုက်နေသည့် နှင်းလုံးကိုထားခဲ့ပြီး အမြန်ထွက်လာခဲ့သည်။

“မင်းမေဂျီးတော်...မင်းမေဂျီးတော်...”

နှင်းလုံးမှာသူ့ကို ရှာမတွေ့တော့သဖြင့် ဒေါသတကြီး အော်ဟစ်နေတော့သည်။ သူလည်း လိုက်ချင်တာပေါ့။အိမ်က ခွေးနက်ပြာကြီးက သူ့ကို လာလာခင်နေတာ စိတ်ပျက်ဖို့ ကောင်းလှပြီ။

“နှင်းလုံးလေးရေ...”

မျက်နှာဝိုင်းလေးကလည်းပျော်ရွှင်စွာ အော်ခေါ်နေသည်။

“ဂူး....”

နှင်းလုံးလေးမှာစိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ သူက ကစားစရာ မဟုတ်ဘူးလေ။

ဒီရက်ပိုင်းအတွင်း Ocean Live Stream က အရမ်းခေတ်စားနေသည်။

အကြောင်းမှာ အလွန်တောင့်တင်းကြံ့ခိုင်သည့် streamer တစ်ဦး ပေါ်ထွက်လာခြင်းကြောင့်ဖြစ်သည်။ သူက ဝံပုလွေဂူထဲမှာ အိပ်သည်။ကျားဂူထဲက ကျားတွေကို ပွတ်သပ်ရဲသည်။ကျားရဲ့မျက်နှာကိုတောင် ရိုက်ရဲသေးသည်။ နောက်ဆုံး Live မှာဆိုလျှင် မျောက်ဝံအုပ်စုကြားတွင် ရတနာရှာပြီး မျောက်ဝံဘုရင်ကြီးကို ယှဉ်ပြိုင်ကာ မျောက်ဝိုင်နှင့် ရတနာများကို ရရှိခဲ့သေးသည်။

ထို့ကြောင့် လူတိုင်းကရတနာနတ်ဘုရား live ပြန်လွှင့်မည့်အချိန်ကို စောင့်မျှော်နေကြသည်။ သို့သော် Live လွှင့်ခန်းထဲတွင် မည်သည့်လှုပ်ရှားမှုမှ မရှိသေးပေ။

Liveလွှင့်ပလက်ဖောင်း အများအပြားကလည်း ဒီလူသစ်ကို လိုက်ရှာနေကြသည်။ Live သုံးကြိမ်ဖြင့် သူက ထိပ်တန်း Streamer တစ်ဦး ဖြစ်လာခဲ့သည်။ နောက်ထပ် ဒီလိုအရည်အသွေးမျိုးသာ ထပ်လွှင့်နိုင်လျှင် သူသည် Live လောက၏ နတ်ဘုရားပင်ဖြစ်လာနိုင်ပေလိမ့်မည်။

“အခုထိ ဆက်သွယ်လို့ မရသေးဘူးလား။”

Ocean Live Stream မှ လုလင်းဟွာကတော့ စိတ်ပူနေသည်။ သူ၏ပလက်ဖောင်း လူကြည့်များနေသော်လည်း သူ မပျော်နိုင်ပေ။ ရတနာနတ်ဘုရားသာ သူတို့ဆီက ထွက်သွားလျှင် ဒီလူကြည့်နှုန်းတွေ အကုန်ပျောက်သွားမည်ကို သူသိသည်။

“သူဌေး...ဆက်သွယ်လို့ မရဘူး။ ဖုန်းနံပါတ်ပဲ ရှိတယ် WeChat မှာ ရာနဲ့ချီပြီး Add ခဲ့ပေမယ့် သူက လက်မခံဘူး...”

“ဆက်ကြိုးစား။”

လုလင်းဟွာက အကောင်းဆုံး စာချုပ်ကို ပြင်ဆင်ထားပြီးဖြစ်သည်။ ရတနာနတ်ဘုရားဆီကနေ တစ်ပြားမှ မမြတ်ရင်တောင် သူ့ကို သူတို့ဆီမှာ ဆွဲထားရမည်။ လူကြည့်နှုန်းကသာ အဓိက ဖြစ်သည်။

“ဒါနဲ့... ငါတို့ ရတနာနတ်ဘုရားကို စာချုပ်ချုပ်ဖို့ ပြင်နေတယ်ဆိုတဲ့ ကောလာဟလကို အသာလေး လွှတ်ထားလိုက်။ တရားဝင်တော့ ကြေညာစရာ မလိုသေးဘူး။”

ပြိုင်ဘက်တွေကိုဟန့်တားရန် သူ ဆုံးဖြတ်လိုက်သည်။

အရှေ့ဘက်ကမ်းရိုးတန်းတွင် လုပေါင်က ကျောက်ဆောင်တစ်ခုပေါ်၌ ရပ်ကာ ပင်လယ်လှိုင်းများကို ကြည့်ရင်း တွေဝေနေသည်။ လိပ်ကြီးက မီတာ ၅၀၀ ခန့် အကွာမှာ ရှိနေသည်။ဒါပေမဲ့ သူ ဘယ်လိုဆင်းသွားရမလဲ။

ပြီးတော့ ရေအောက်ထဲမှာ။

စူပါ Live မျက်လုံးကလည်း အလိုအလျောက် ပွင့်မလာသေးသဖြင့် Live လွှင့်ရန် အကောင်းဆုံးအခြေအနေ မဟုတ်သေးဟု ဆိုလိုသည်။ ရေကူးသွားရမှာလား။သူ အခု အားအင်တွေ သန်မာနေပြီဆိုပေမယ့်... ကဲ စမ်းကြည့်တာပေါ့။

စနစ်က ဒီမစ်ရှင်ကို ပေးတယ်ဆိုရင် မဖြစ်နိုင်တဲ့အရာတော့ မဟုတ်တန်ရာ။ လုပေါင်က အင်္ကျီ ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ကာ ကျောက်ဆောင်ပေါ်မှ ပင်လယ်ထဲသို့ ခုန်ချလိုက်တော့သည်။

“ဗွမ်းး”

ရေထဲရောက်သွားသည့်အခါ လုပေါင် အံ့သြသွားရသည်။ မျက်လုံးအနည်းငယ် စပ်သည်မှအပ သူသည် အလွန်ပင် နေရထိုင်ရ သက်သောင့်သက်သာ ရှိနေသည်။

ရေချိုးနေရသလိုမျိုးပါပဲ။

တစ်မီတာ နှစ်မီတာ သုံးမီတာ... ဒီနေရာက ငါးမီတာခန့် နက်သည်။ လုပေါင်က ပင်လယ်ကြမ်းပြင်မှာ ရပ်ရင်း အပေါ်က နေရောင်ခြည်ကို လှမ်းကြည့်လိုက်သည်။ သူက... အသက်ရှူဖို့ မလိုတော့သလိုပဲ။

ဒါ့အပြင် ရေဖိအားကိုလည်း သူ မခံစားရပေ။

ဒါဟာ မျောက်ဝံ သိုင်းပညာ ကြောင့် ဖြစ်ရမည်။

All Chapters