← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉) ရွှေရောင်ကမ်းခြေမှာ ဝက်မွေးရင် ကောင်းမလား။

ရက်ပေါင်းများစွာ ကောင်းကောင်းမအိပ်ခဲ့ရသည်မှာ ကြာပြီဖြစ်ပြီး ခရီးပန်းလာသည်နှင့်ပေါင်းကာ လုပေါင်သည် နောက်တစ်နေ့ မွန်းတည့်ချိန်အထိ အိပ်မောကျသွားတော့သည်။

မျက်လုံးဖွင့်လိုက်သည်နှင့် ကြက်တူရွေးကြီးသည် မျက်နှာကျက်ရှိ မီးဆိုင်းကို တွယ်ကပ်ကာ ပတ်ဝန်းကျင်ကို စပ်စုကြည့်နေသည်ကို မြင်လိုက်ရသည်။

“အဲ့မှာဘာလုပ်နေတာလဲ။ အောက်ကိုဆင်းလာခဲ့ဦးလေ။”

“ဂူး..”

ကြက်တူရွေးကြီးသည် ပျံဆင်းလာပြီး သူ၏ပခုံးပေါ်တွင် နားလိုက်သည်။ ဤစိမ်းသက်သော ပတ်ဝန်းကျင်သစ်က ၎င်း၏ စပ်စုချင်စိတ်ကို နှိုးဆွနေပုံရသည်။ ၎င်းသည် အလွန်လိမ္မာပြီး လုပေါင်အိပ်နေစဉ် မနှောင့်ယှက်ခဲ့ပေ။

လုပေါင် ရေချိုးပြီး အဝတ်အစားလဲကာ အောက်ထပ်သို့ ဆင်းလာချိန်တွင် ဧည့်ခန်းထဲမှ သူ့မိဘများ စကားပြောသံကို ကြားလိုက်ရသည်။

“အခုတော့ စုန့်ခွန်လင်း က အဲဒီမြေကွက်ကို ရသွားပြီ။ငါတို့ အဆက်အသွယ်ကောင်းရအောင် သုံးခဲ့သမျှ ပိုက်ဆံတွေ အကုန်အလကားဖြစ်ကုန်တာပဲ။”

မိခင်ဖြစ်သူကျန်းရွှယ်ချင်းက ညည်းတွားနေသည်။

“သူ အဲဒီမြေကို လုယူသွားမယ်လို့ မထင်ထားမိဘူး။ ဒါပေမဲ့ တစ်ဖက်ကကြည့်ရင်တော့ ငါတို့အတွက် စွန့်စားမှုတစ်ခု သက်သာသွားတာပေါ့မဟုတ်ဘူးလား။”

ဖခင်ဖြစ်သူ လုပိုင်ဟောက်က နောင်တအနည်းငယ်ဖြင့် ပြန်ပြောသည်။

သူ၏ အမှားကြောင့် စုန့်ခွန်လင်းသည် ရွှေရောင်ကမ်းခြေ၏ မြေကွက်အမှတ် (၂) ကို လေလံအောင်သွားခြင်းဖြစ်သည်။ မြေကွက်က သေးသော်လည်း အဆင့်မြင့် ဗီလာများ ဆောက်လုပ်လိုက်လျှင် အလွန်ကောင်းမည့် ဈေးနှုန်းများဖြင့် ရောင်းချနိုင်မှာ အသေအချာပင်။

“ဘာကိုစွန့်စားရမှာလဲ။ ရွှေရောင်ကမ်းခြေ ဘေးပတ်ပတ်လည်မှာ ဘာတွေရှိလဲ ရှင်မသိဘူးလား။ ကြယ်ငါးပွင့်ဟိုတယ်တွေ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွေ ဝမ်ဒါပလာဇာနဲ့ နာမည်ကြီး အထက်တန်းကျောင်းတွေ ရှိတာလေ။ ငါတို့ ဒါကို မျက်စိကျနေတာ ၃ နှစ်ခွဲရှိပြီ‌နေပြီ။အခုတော့ အားလုံး သဲထဲရေသွန်ဖြစ်ကုန်ပြီ။အဲ့တာရှင့်ကြောင့်။”

“မြေကွက်အမှတ် (၁) က ရုတ်တရက်ကြီး ပိုင်ရှင်ရှိသွားမှန်း ဘယ်သူသိမှာလဲ။”

လုပိုင်ဟောက်သက်ပြင်းချလိုက်ကာဆိုသည်။

သူတို့သည် ပိုက်ဆံအလုံအလောက် ပြင်ဆင်ထားသော်လည်း မြေကွက်အမှတ် (၁) ၏ လေလံပွဲကို ဖျက်သိမ်းလိုက်သဖြင့် မြေကွက်အမှတ် (၂) ၏ ဈေးနှုန်းမှာ အလွန်အမင်း မြင့်တက်သွားခြင်းဖြစ်သည်။

“လုပေါင်သည် တိတ်တဆိတ် ချောင်းကြည့်လိုက်သည်။ ရွှေရောင်ကမ်းခြေကမြေလေလံပွဲလား။စနစ်က သူ့ကိုပေးထားသော ဧက ၂၀၀ သော မြေနေရာက အဲဒီမှာ မဟုတ်လား။”

“ဝု ဝု”

အိမ်ရှိဘော်ဒါကိုလီ ခွေးကြီး ဒါပေါင်သည် လုပေါင်ကို တွေ့သွားပြီး ဝမ်းသာအားရဖြင့် အမြီးနန့်ကာ အပေါ်ထပ်သို့ ပြေးတက်လာသည်။

“ဘာဖြစ်တာလဲ ဒါပေါင်။ အပေါ်မှာ ဘယ်သူရှိလို့လဲ။ရှောင်မုန့် လား။”

ကျန်းရွှယ်ချင်းကဒုတိယထပ်သို့ လှမ်းကြည့်သည်။

“မေမေ.. သား ပြန်ရောက်နေပြီ။”

လုပေါင်ကလှမ်းထူးလိုက်ပြီး ပြေးတက်လာသော ဒါပေါင်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

“ဝု”

ဒါပေါင်သည်နှင်းလုံးလေးကို မြင်သောအခါ အံ့ဩစွာ ဟောင်တော့သည်။

ဤငှက်ကဘယ်ကရောက်လာတာလဲ။

“ဂူး...”

နှင်းလုံးလေးကလည်း ခေါင်းလေးစောင်းကာ လုပေါင်၏ ပခုံးပေါ်မှ ဒါပေါင်ကို ကြည့်နေလိုက်သည်။

လုပေါင် အောက်ထပ်သို့ ဆင်းလာသောအခါ အိမ်ထဲရှိ တင်းမာသော အခြေအနေမှာ အနည်းငယ် ပြေလျော့သွားသည်။

“ဘယ်တုန်းက ပြန်ရောက်တာလဲ။ ဒီကြက်တူရွေးက ဘယ်ကဝယ်လာတာလဲ။”

လုပိုင်ဟောက်ကစတင်စပ်စုသည်။

“ဒီမနက်ပဲ ပြန်ရောက်တာပါ။ကြက်တူ‌ရွေးတစ်‌ကောင်လမ်းမှာ တွေ့လို့ ကောက်လာတာပါ။”

လုပေါင်သည် လက်ဖက်ရည်ဝိုင်းပေါ်ရှိ မြေပုံကို ကြည့်လိုက်သည်။ ၎င်းမှာ ရွှေရောင်ကမ်းခြေ၏ ဖွံ့ဖြိုးရေးမြေပုံဖြစ်ပြီး အစိမ်းရောင်နေရာကြီး တစ်ခုနှင့် အသေးတစ်ခု ရှိနေသည်။ အသေးလေးတွင်၂ ဟု မှတ်သားထားပြီး အကြီးကြီးတွင် ၁ ဟု မှတ်ထားသည်။

မြေကွက်အမှတ် (၁) မှာ ၁၃၃,၂၀၀ စတုရန်းမီတာ ဧက ၂၀၀ ခန့်ရှိပြီး မြေကွက်အမှတ် (၂) မှာ ၁၉,၉၈၀ စတုရန်းမီတာ ဧက ၃၀ ခန့်သာရှိသည်။

“စနစ်... ရွှေရောင်ကမ်းခြေ မြေနေရာကို အပေါ်စီးကနေ ပြပေးစမ်း။”

လုပေါင်မျက်လုံးများ တောက်ပသွားသည်။ ဤမြေကွက်အမှတ် (၁) မှာ သူပိုင်သော မြေနေရာဖြစ်ကြောင်း သူ ချက်ချင်းပင် ရိပ်မိလိုက်သည်။

စနစ်က တကယ်ကို အစွမ်းထက်တာပဲ။လေလံတင်ရမည့် မြေကိုတောင် သူပိုင်ဖြစ်အောင် လုပ်လိုက်တာလား။

လုပေါင် စနစ်၏ မြေပုံကို ကြည့်ကာ တံတွေးမျိုချလိုက်သည်။ ဤဧရာမ မြေကွက်ကြီးက တကယ်ပင် သူပိုင်ဆိုင်ခြင်း ဖြစ်သည်။

ထိုစဉ် အိမ်ရှေ့တံခါးကခေါ်ဘဲလ်သံ မြည်လာသည်။

“ဆရာလု... အကြီးအကဲ စုန့် ရောက်လာပါတယ်။”

အိမ်အကူကလှမ်းအော်သည်။

“စုန့်ခွန်လင်း...သူ ဒီကို ဘာလာလုပ်တာလဲ။ငါတို့ကိုလာ‌လှောင်တာ‌တော့မဟုတ်ပါဘူးနော်။”

လုပိုင်ဟောက် မျက်မှောင်ကြုတ်လိုက်သည်။ သူ့မှာ ရင်းနှီးမြှုပ်နှံမှု လိုအပ်နေလို့ လာပူးပေါင်းတာလား။ဒါပေမဲ့ မဖြစ်နိုင်ဘူး။စုန့်မိသားစုက သူတို့ထက် အင်အားအများကြီး ပိုတောင့်တင်းတာပဲ။

“ရှင်ကို လာလှောင်တာပေါ့။”

ဟုကျန်းရွှယ်ချင်းက ပြောကာ အပေါ်ထပ်သို့ ခြေဆောာက်ကာတက်သွားတော့သည်။

စုန့်ခွန်လင်းသည် အလွန်ပင် စိတ်ဓာတ်တက်ကြွနေသည်။ ရွှေရောင်ကမ်းခြေ မြေကွက်အမှတ် (၁) မှာ ပိုင်ရှင်ရှိနှင့်ပြီးသား ဖြစ်နေသဖြင့် သူသည် မြေကွက်အမှတ် (၂) ကို ဈေးကြီးပေးကာ လေလံဆွဲခဲ့ခြင်းဖြစ်သည်။

“ကြိုဆိုပါတယ် ဥက္ကဋ္ဌစုန့်။ အခုချိန်မှာ စာရွက်စာတမ်းတွေ လုပ်နေရမှာ မဟုတ်ဘူးလား။”

လုပိုင်ဟောက်ကဟန်ဆောင်ပြုံးကာ နှုတ်ဆက်သည်။

ရောက်လာသူမှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် လှပစွာ ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး ဖြစ်သည်။

“စာရွက်စာတမ်းတွေက အစောကြီးကတည်းက ပြီးနေပါပြီဗျာ။ဟား..ဟား။ဒီတစ်ခါ လာတာက ခင်ဗျား ရွှေရောင်ကမ်းခြေက ဗီလာတစ်လုံး လိုချင်လားလို့ လာမေးတာပါ။ ခင်ဗျားတို့ ကျွန်တော်တို့တွေ ဒီမှာနေလာတာ ကြာပြီပဲ ကျွန်တော့်ဆီက ဝယ်မယ်ဆိုရင် အထူးလျှော့ဈေး ပေးပါ့မယ်ဗျာ”

စုန့်ခွန်လင်းကအလွန်ပင် ဂုဏ်ယူဝင့်ကြွားစွာ ပြောနေသည်။

လုပိုင်ဟောက်၏ မျက်နှာ ပျက်သွားသည်။ စုန့်မိသားစုသည် အဆက်အသွယ်ကောင်းများကိုသုံးကာ ဤမြေကို ကြိုတင် လက်ဝါးကြီးအုပ်ထားခြင်း ဖြစ်သည်ကို သူ နားလည်လိုက်သည်။ သူတို့နှစ်ဦးမှာ စီးပွားရေးပြိုင်ဘက်များဖြစ်ပြီး ယခင်ကတည်းက မတည့်ကြပေ။

“တကယ်တော့ မြေကွက်အမှတ် (၁) မှာ ပိုင်ရှင်ရှိနေပြီဆိုတာကို ကျွန်တော်တို့ မနေ့တစ်နေ့ကမှ သိတာ။ ဒါက ရွှေရောင်ကမ်းခြေရဲ့ စီမံကိန်းမြေပုံပဲကြည့်လိုက်ပါဦး။ မြေကွက်အမှတ် (၁) မှာ ဗီလာတွေ ဆောက်လို့မရဘူး။ကန့်သတ်ချက်တွေ အများကြီးပဲ။ အဲဒီမှာ စိုက်ပျိုးရေးခြံ ဒါမှမဟုတ် အပန်းဖြေစခန်းပဲ လုပ်လို့ရမယ်ထင်တယ်။ ကျွန်တော့်ရဲ့ မြေကွက်အမှတ် (၂) ကတော့...”

စုန့်ခွန်လင်းက ရှေ့ဆက်ကာ ကြွားလုံးထုတ်နေတော့သည်။

လုပေါင် နားလည်လိုက်သည်။ ဤလူကြီးက တမင်လာကြွားခြင်းပင်။

“ခင်ဗျားက တကယ်ပဲ တော်တော်ကံကောင်းတာပဲ။”

လုပိုင်ဟောက် အမှန်တကယ်ပင် အားကျနေမိသည်။ အမှားအယွင်း မရှိလျှင် ဤစီမံကိန်းမှ ယွမ်သန်းပေါင်း ရာနှင့်ချီ မြတ်စွန်းပေလိမ့်မည်။

“ဟားဟားဟား”

စုန့်ခွန်လင်းတဟားဟား ရယ်မောနေသည်။

“မြေကွက်အမှတ် (၁) ပိုင်ရှင်က အဲဒီမှာ ဝက်ခြံ ဒါမှမဟုတ် ကြက်ခြံ ဆောက်လိုက်ရင် ခင်ဗျား‌ဆောက်မဲ့ဗီလာမှာ လူတွေ နေပါ့ဦးမလား။”

လုပေါင်က ကြားဖြတ် ပြောလိုက်သည်။

လာကြွားမနေနဲ့။ ခင်ဗျားမြေနဲ့ကနီးနီးလေး။သိပ်ကြွားနေရင် နောက်ကျရင် သားက ဝက်တွေ အများကြီး မွေးပစ်လိုက်မယ်။ငါ့ဘာမှတ်။

အဲဒီအခါကျရင် ခင်ဗျားရဲ့ ဗီလာတွေကို ဈေးကောင်းနဲ့ ရောင်းရဦးမလား ကြည့်ကြသေးတာပေါ့။ ဝယ်မယ့်သူတွေလည်း အနံ့အသက်ကြောင့် ထွက်ပြေးကုန်မှာပဲ။

“ဟားဟား၊ လုဟောက်... ခင်ဗျားသားက ခင်ဗျားအတိုင်းပဲနော် အမြော်အမြင်ကို မရှိဘူး။ ဒီလို ရွှေထွက်တဲ့ မြေနေရာမှာ ဘယ်သူက ကြက်ခြံ ဝက်ခြံ လညဆောက်မှာလဲ။”

စုန့်ခွန်လင်းက လုပေါင်ကို လှောင်ပြောင်လိုက်သည်။

သူသည် ယခင်ကတည်းက လုပိုင်ဟောက်အပေါ် အညှိုးထားခဲ့သူဖြစ်သဖြင့် ယခုအခါ အားရပါးရ လာရောက် နှိမ်ချနေခြင်းဖြစ်သည်။

“သောက်ပေါ”

စုန့်ခွန်လင်း၏နောက်မှ ပါလာသော မိန်းကလေးက လုပေါင်ကို အထင်သေးစွာ ကြည့်နေသည်။

ယွမ်သန်းပေါင်း ထောင်ချီတန်သော မြေနေရာတွင် ကြက်ခြံ ဆောက်မည်ဟု ပြောခြင်းမှာ အသိဉာဏ်မရှိရာ ရောက်သည်ဟု သူမ ထင်နေတော့သည်။

အခန်း (၁၀) ဒါ ခင်ဗျားတို့ တောင်းဆိုခဲ့တာပဲ။

ရူးနေတဲ့လူတစ်ယောက်တောင် ဒီလိုမျိုး လုပ်မှာမဟုတ်ဘူး။

“ငါ့ရဲ့ မြေကွက်အမှတ် (၂) က သိပ်မကြီးပေမဲ့ သေချာဒီဇိုင်းဆွဲလိုက်ရင် သီးသန့်ဗီလာ အလုံး ၁၀၀ ဆောက်ဖို့ ပြဿနာမရှိဘူး။ လုဟောက်... ခင်ဗျား တစ်လုံးလောက် ဝယ်ဖို့ စဉ်းစားပါလား။ ခင်ဗျားအတွက်ဆို ယွမ်သန်း ၃၀ နဲ့ ပေးပါ့မယ်ဗျာ။”

လုပိုင်ဟောက်၏ ဝမ်းချုပ်နေသကဲ့သို့ ဖြစ်နေသော မျက်နှာပေးကိုကြည့်ကာ စုန့်ခွန်လင်းသည် အလွန်ပင် ကျေနပ်အားရနေသည်။

“သန်း ၃၀ လား။ အလုံး ၁၀၀ ဆိုရင် သန်း ၃၀၀၀ ပေါ့။ ခင်ဗျား ဒီမြေကို ဝယ်တုန်းက သန်းတစ်ထောင်တောင်မပြည့်ဘူး။ ခင်ဗျားကို ဂုဏ်ပြုရမှာပဲ ဘာပဲဖြစ်ဖြစ် သန်းတစ်ထောင်ကျော်လောက်ကို မြတ်မှာပဲ။အားကျပါတယ်ဗျာ။”

လုပိုင်ဟောက်၏ မျက်ခွံများ တဆတ်ဆတ် တုန်သွားသည်။ ဤဈေးနှုန်းမှာ ချဲ့ကားပြောခြင်းမဟုတ်သော်လည်း ဗီလာ အလုံး ၁၀၀ ဆောက်လျှင်တော့ အနည်းငယ် ကျပ်ညပ်နေပေလိမ့်မည်။ သို့သော် အလုံး ၈၀ ဆိုလျှင်တော့ အေးဆေးပင်။

“မဟုတ်ရပါဘူးဗျာ။သန်း ၈၀၀ ဒါမှမဟုတ် တစ်ထောင်လောက် မြတ်ရင်ကိုတော်ပါပြီ။ ဒါနဲ့ ခင်ဗျား ဝယ်ချင်ရင်တော့ အစောကြီး ပြောထားနော် မဟုတ်ရင်တော့ ကုန်သွားမှာ စိုးရတယ် ဟားဟားဟား။”

စုန့်ခွန်လင်းသည် လုပိုင်ဟောက်၏ အနေရခက်သော အမူအရာကိုကြည့်ကာ အားရပါးရ ရယ်မောပြီးနောက် ထွက်ခွာသွားတော့သည်။

“ဝက်မွေးချင်တဲ့လူ.. ကျေးလက်ဘက်မှာ ဝက်သွားမွေးဖို့ မြေသွားရှာချေဦး။”

စုန့်ခွန်လင်း၏ သမီးဖြစ်သူက လုပေါင်ကို ရန်စသော အမူအရာဖြင့် ပြောကာ ဂုဏ်ယူဝင့်ကြွားစွာ ထွက်ခွာသွားသည်။

“ကောင်းပြီလေ။”

လုပေါင်မေးစေ့ကို ပွတ်လိုက်သည်။ တောက်... ငါကပဲ သူ့ကို အရင်ပစ်သွားတဲ့ ရည်းစားကျနေတာပဲ။ နင်က ဘယ်သူမို့လို့လဲ။ငါ့ရဲ့အနာဂတ်သတို့သမီးမှမဟုတ်တာ။

နင်ကိုယ်တိုင်က ငါ့ကို ဝက်မွေးခိုင်းတာဆိုတော့ ငါလည်း အားနာမနေတော့ပါဘူး။ ခင်ဗျားတို့ရဲ့ သန်း ၃၀ တန် ဗီလာတွေ ဘယ်နှလုံးလောက် ရောင်းရမလဲဆိုတာ ကြည့်ကြသေးတာပေါ့ကွာ။

ဝက်တစ်အုပ်တည်းနဲ့ မလုံလောက်သေးဘူး။ ကြက်တစ်သိန်းလောက် ထပ်ထည့်မယ်။ပြီးတော့ အနံ့ဆိုးထွက်မယ့် မြောင်းတွေတူးပြီး ဘဲသောင်းချီ မွေးပစ်မယ်။ခင်ဗျားတို့ကို ဒုက္ခပေးပစ်မယ်!။ငိုဖို့သာ ပြင်ထားကြတော့။

အတတ်နိုင်ဆုံး နီးကပ်တဲ့နေရာမှာ ဝက်တွေမွေး မြောင်းပုပ်တွေတူး ဘဲတွေ ကြက်တွေနဲ့ ပြည့်နေအောင် လုပ်ပစ်မယ်။

“သန်း ၃၀ ဆိုတာကတော့ စဉ်းစားသင့်တဲ့ ဈေးပဲ။”

ကျန်းရွှယ်ချင်း အောက်ထပ်သို့ ဆင်းလာသည်။

“သူတို့က ပိုက်ဆံပြန်ပေးရင်တောင် ငါမယူဘူး။ အပေါစားတွေ။ သူ့ဆီကို ဆူနာမီပဲ လာတိုက်လိုက်ပါတော့ အဲဒီအခါကျမှ သုံးသန်းနဲ့တောင် ရောင်းမထွက်ဘဲ နေလိမ့်မယ်။”

လုပိုင်ဟောက် ဒေါသထွက်နေသည်။

လုပေါင်သည် နှင်းလုံးလေးကို ခေါ်ကာ မီးဖိုချောင်သို့ ပြေးဝင်သွားသည်။ သူ ကောင်းကောင်းမစားရသည်မှာ ရက်အတော်ကြာပြီဖြစ်သည်။

ရွှေရောင်ကမ်းခြေ သည် ရှုခင်းမှာအလွန်လှပသည်။ လုပေါင် ရောက်သွားချိန်တွင် ခရီးသွားများ ဘီကီနီဝတ်ထားသော မိန်းကလေးများနှင့် စည်ကားနေသည်။ သူသည် သူပိုင်သော ဧက ၂၀၀ သော မြေနေရာကို ကြည့်ရန် ရောက်လာခြင်းဖြစ်သည်။

မြေကွက်အမှတ် (၁) တွင် ယခင်က ဝိုင်စက်ရုံတစ်ခု ရှိခဲ့သော်လည်း ယခုအခါ တရားဝင် ပြန်လည်ပိတ်သိမ်းထားပြီးဖြစ်သည်။ သူ ရောက်ရှိသွားသောအခါ အံ့ဩသွားရသည်။ နေရာတစ်ခုလုံးကို သန့်ရှင်းရေး လုပ်ထားပြီးသားပြီးဖြစ်သည်။

ကြီးမားသော ဝိုင်စက်ရုံ စိုက်ခင်းများ ပန်းခြံနှင့် မြက်ခင်းပြင် ရေကန်ကြီး တစ်ခု သို့သော် အားလုံးမှာ ပစ်ထားသဖြင့် ကြည့်မကောင်းဖြစ်နေသည်။ ပန်းမန်များနှင့် မြက်ပင်များမှာ လူတစ်ရပ်နီးပါး မြင့်နေပြီး ရေကန်ထဲတွင်လည်း ပလတ်စတစ်အိတ်များ မျောနေကြသည်။

လုပေါင် သဘောကျသည်မှာ ရှေးဟောင်းပုံစံ ဝိုင်စက်ရုံကြီးပင်။ အနည်းငယ် ဟောင်းနွမ်းနေသော်လည်း အခြေခံအားဖြင့် အလွန်ကောင်းမွန်လှသည်။

“ဒီထဲကို ဝင်လို့မရဘူး။”

ကင်းလှည့်ကားဖြင့်လုံခြုံရေးတစ်ဦး ရောက်လာသည်။

လုပေါင်က ရှင်းပြရန် ပြင်လိုက်သော်လည်း လုံခြုံရေးက သူ့ကိုမြင်သည်နှင့် အံ့ဩသွားကာ အမြန်ဆင်းလာ၍ အလေးပြုလိုက်သည်။

“မင်္ဂလာပါ ဥက္ကဋ္ဌကြီး”

သူက ငါ့ကို ဘယ်လိုသိတာလဲ။စနစ်က ဖန်တီးပေးလိုက်တာလား။

“ကျွန်တော့်ကို သိလို့လား။”

လုပေါင်သူ့ကိုယ်သူ ညွှန်ပြကာ မေးလိုက်သည်။

“ကျွန်တော့်ကို မစ္စတင်းလင်က ငှားထားတာပါ။ မနေ့ကပဲ ဥက္ကဋ္ဌကြီးရဲ့ ဓာတ်ပုံကိုပြလို့ မြင်ဖူးထားပါတယ်။”

တင်းလင်ဆိုတာ ဘယ်သူလဲ။လုပေါင် ကြောင်သွားသည်။

“သူက ဒီဝိုင်စက်ရုံရဲ့ ပိုင်ရှင်ဟောင်းပါ။ အောက်ထပ်မှာ ရွှေ့လို့မပြီးသေးတဲ့ ဝိုင်တွေ ရှိနေသေးလို့ ကျွန်တော့်ကို စောင့်ခိုင်းထားတာပါ။”

လုပေါင် သက်ပြင်းချနိုင်တော့သည်။

“ခင်ဗျားဌေးကို ပြောလိုက်ပါ။ ဝိုင်တွေကို ဒီမှာ ဆက်ထားလို့ ရပါတယ်။ ကျွန်တော် ဒီနေရာကို ဖျက်ပစ်ဖို့ အစီအစဉ်မရှိဘူး။ နှစ်အတော်ကြာ ထားရင်တောင် ရပါတယ်။”

လုပေါင် စဉ်းစားကြည့်ရာ ဤအဆောက်အဦးများကို ထိုအမျိုးသမီးက ပိုက်ဆံအကုန်အကျခံ ဆောက်ထားခြင်း ဖြစ်သဖြင့် သူမ၏ ပစ္စည်းများကို ခေတ္တသိုလှောင်ထားခြင်းကို လက်ခံပေးလိုက်သည်။

ဧက ၂၀၀ သော မြေမှာ အမှန်တကယ် ကျယ်ဝန်းလှသည်။ ပိုင်ရှင်ဟောင်းက သေချာပြင်ဆင်ထားပုံရပြီး လမ်းကလေးများ ရေကန်နှင့် အဖိုးတန်သစ်ပင်များ ရှိနေသည်။ နှမြောစရာကောင်းသည်မှာ အနည်းဆုံး တစ်နှစ်ခန့် ပစ်ထားပုံရခြင်းပင်။

သူ လမ်းလျှောက်ရင်း မြေကွက်အဆုံးသို့ ရောက်သောအခါ ဘေးနားတွင် လေလံအောင်သွားသော မြေကွက်အမှတ် (၂) ကို တွေ့ရသည်။ ထိုမြေနေရာမှာ ပို၍ မြင့်သဖြင့် ဗီလာဆောက်ရန် တကယ်ပင် သင့်တော်လှသည်။

“ဖေဖေ... သမီးကိုလည်း တစ်လုံးပေးနော်။ အစ်ကို့ကို ပေးရင် သမီးကိုလည်း ပေးရမှာပဲ။”

လုပေါင်ရင်းနှီးသောအသံတစ်ခုကို ကြားလိုက်ရသည်။

စုန့်ခွန်လင်းသည် လူတစ်စုကို ခေါ်ကာ မြေနေရာ လာရောက်စစ်ဆေးနေခြင်းပင်ဖြစ်သည်။ စကားပြောနေသူမှာ မွန်းတည့်ချိန်က သူ့ကို သောက်ပေါ ဟုခေါ်ခဲ့သော စုန့်မေကျိန်း ပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် စုန့်ခွန်လင်းတို့အဖွဲ့ကလည်း လုပေါင်ကို မြင်သွားကြသည်။

သွားပြီ... အရှက်ကွဲတော့မှာပဲ။

“ဒါ လုဟောက်ရဲ့ သား မဟုတ်လား။ဟားဟား... ဘာဖြစ်လို့လဲ။မင်းအဖေက လာဖို့ ရှက်နေလို့မင်းကို ပတ်ဝန်းကျင်ကိုကြည့်ဖို့လွှတ်လိုက်တာလား။”

စုန့်ခွန်လင်းသည်လုပေါင်ကို မြင်သည်နှင့် တက်ကြွသွားတော့သည်။

လုပေါင်က ပြုံးပြလိုက်ပြီး ဘာမှမရှင်းပြတော့ပေ။ သူသည် ဤနေရာသို့ အကြောင်းမဲ့ လာမိခြင်းကို သူ့ကိုယ်သူ နောင်တရနေမိသည်။

“လာ လာ... ဒီကို လာကြည့်။ ဒီနေရာက အကောင်းဆုံးပဲ။ အရှေ့ဘက်မှာ စည်ကားတဲ့ မြို့ပြအနောက်ဘက်မှာ ပင်လယ်ပြင်ကြီးတောင်ဘက်မှာ ကမ်းခြေလှလှလေးတွေ ရှိတယ်။ အခုတောင် ဗီလာ ၁၁ လုံး ကြိုတင်မှာထားပြီးပြီ။ စနေနေ့ကျရင် စရန်ငွေပေးထားတဲ့လူတွေကို ခေါ်လာပြရဦးမှာ။ ခင်ဗျားအဖေကို ပြန်ပြောလိုက်ပါ၊။ဝယ်ချင်ရင် မြန်မြန်လာပါလို့။”

စုန့်ခွန်လင်းက လုပေါင်ကို လိုက်ပြရင်း စိတ်လှုပ်ရှားစွာ ပြောနေသည်။

“အစ်မ... ဒါ ဘယ်သူလဲ။”

“ဝက်မွေးမယ့်သူလေ။”

စုန့်မေကျိန်းကအထင်သေးသော မျက်နှာဖြင့် ပြောလိုက်သည်။

“ဝက်မွေးမယ့်သူ။ဖေဖေကလည်း... ဘာလို့ ဒီလိုလူမျိုးကို အချိန်ကုန်ခံပြီး စကားပြောနေရတာလဲ။”

စုန့်ချင်းဝေက မျက်လုံးလှန်ပြလိုက်သည်။ ဝက်မွေးမယ့်သူက ဒီက ဗီလာကို ဝယ်နိုင်ပါ့မလား။

အနည်းဆုံး ယွမ် ၂၈ သန်းကနေ ၃၆ သန်းအထိ ရှိမည့် ဗီလာများ ဖြစ်သည်။

လုပေါင်သည် ထိုလူစု၏ လှောင်ပြောင်မှုများကို လျစ်လျူရှုကာ မြေကွက်အမှတ် (၁) ကို လှမ်းကြည့်လိုက်သည်။ ဤမျှ ကောင်းမွန်သော မြေနေရာတွင် ဝက်မွေးရမည်မှာ တကယ်ပင် နှမြောစရာ ကောင်းလှသည်။

ဒါပေမဲ့ ငါ ဝက်တွေပဲ မွေးမှာမဟုတ်ဘူး။ သူတို့ရဲ့ မြင်ကွင်းကို ကွယ်သွားအောင် ဧရာမ ဆိုင်းဘုတ်ကြီးတစ်ခု ထောင်ပြစ်လိုက်မယ်။

ဆိုင်းဘုတ်မှာ ဝက်တစ်သောင်း ဘဲတစ်သိန်းနဲ့ ကြက်တစ်သန်း မွေးမြူရေးစင်တာလို့ ရေးထားမယ်။ ပြီးတော့ ဇီဝဓာတ်ငွေ့ စက်ရုံ တည်ဆောက်ပြီး မြွေဟောက် ၈ ကောင် ၁၀ ကောင်လောက် မွေးဖို့ လိုင်စင်ပါ ယူလိုက်မယ်။ ကွက်တိပဲ။

All Chapters