← Chapters

ဝမ်မိသားစု၏ အကျပ်အတည်း

Vol. 57 Ch. 600

ဝမ်မိသားစု၏ အကျပ်အတည်း

Vol. 57 Ch. 600

​“မြင့်မြတ်နယ်မြေလား”

​ထန်ထျန်း ပြောသည်ကို ကြားသောအခါ ဝမ်ချုန်းက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ မေးလိုက်သည်။ “ဘာလို့ ရုတ်တရက် အဲဒီကို သွားချင်ရတာလဲ”

​ထန်ထျန်းက ပြုံးလျက် “အပြင်ကို ရောက်လာပြီဆိုမှတော့ အရှင် တွေ စုဝေးရာနေရာကို မသွားဘဲ နေလို့ ဖြစ်မလား”

​“ဒီလောက် ကြီးမားတဲ့ နယ်မြေကြီးကို အုပ်ချုပ်နေတဲ့ တည်ရှိမှုတွေက ဘယ်လိုပုံစံမျိုးလဲဆိုတာ ငါ ကိုယ်တိုင် မြင်ဖူးချင်လို့ပါ”

​ဝမ်ချုန်းက ဆက်ပြောသည်။ “အင်း... ဒါလည်း ဟုတ်တာပဲ”

​“မြင့်မြတ်နယ်မြေဆိုတာ လူတိုင်း တောင့်တတဲ့ နေရာမျိုးပဲ၊ ဒါပေမဲ့ ခရီးက အရမ်းဝေးလွန်းတယ်၊ လူအတော်များများက သွားကြည့်ချင်ရင်တောင် အခွင့်အရေး မရကြဘူး၊ တည်နေရာ ကူးပြောင်း အစီအရင် ဖိုးတောင် မတတ်နိုင်ကြဘူးလေ”

​“ဒါပေမဲ့ မင်းအတွက်တော့ ဒါက ဘာမှ အခက်အခဲ မရှိနိုင်ပါဘူး”

​“ဒါပေမဲ့ အဲဒီကို ရောက်သွားရင်တောင် လုံလောက်တဲ့ အဆင့် ဒါမှမဟုတ် အကြောင်းပြချက် မရှိရင် မြင့်မြတ်နယ်မြေ အတွင်းထဲကို ဝင်လို့ရမှာ မဟုတ်ဘူး”

​“အပြင်ဘက်က မြို့တွေမှာပဲ နေလို့ရလိမ့်မယ်”

​“ဒါပေမဲ့ မင်းပြောသလိုပဲ၊ တစ်ခေါက်တော့ သွားသင့်တာပေါ့၊ မြင့်မြတ်နယ်မြေ အနီးအနားက မြို့တွေကလည်း အရမ်းကို စည်ကားတယ်၊ အဘက်ဘက်က ဝမ့်ချွမ်းမြို့တော်ထက်တောင် သာသေးတယ်၊ မင်းအတွက်တော့ မေ့မရနိုင်တဲ့ အမှတ်တရတွေ ဖြစ်လာမှာ သေချာတယ်”

​ဝမ်ချုန်းက ဝိုင်သောက်ရင်း ပြောနေခြင်း ဖြစ်သည်။

​သူ့လေသံကို ကြည့်ပြီး ထန်ထျန်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။ “မင်း မြင့်မြတ်နယ်မြေဘက်ကို ရောက်ဖူးတာလား”

​ဝမ်ချုန်းက ခေါင်းညိတ်ပြကာ “လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်တုန်းက တစ်ခေါက် ရောက်ဖူးတယ်”

​“အဲဒီတုန်းက ညီလာခံ တစ်ခုခု ရှိတယ်ထင်တယ်၊ ငါက မိသားစုကိုယ်စား သွားတက်ခဲ့တာ၊ ဒါပေမဲ့ အဆင့်ကောင်းကောင်း မရခဲ့လို့ ဝမ့်ချွမ်းမြို့တော်ကိုပဲ ပြန်လာခဲ့ရတယ်”

​ထန်ထျန်းက မေးစေ့ကို ပွတ်ရင်း စပ်စုလိုက်သည်။ “ဘယ်လို ညီလာခံမျိုးမို့လို့ ဝမ့်ချွမ်းမြို့တော်ကနေ အဝေးကြီး သွားရတာလဲ”

​ဝမ်ချုန်းက မျက်မှောင်ကြုတ်ကာ အတန်ကြာ စဉ်းစားသော်လည်း နောက်ဆုံးတွင် ခေါင်းခါပြလိုက်သည်။ “အချိန်က အရမ်းကြာသွားပြီဆိုတော့ သိပ်ပြီး မမှတ်မိတော့ဘူး”

​“ဘာပဲဖြစ်ဖြစ် ငါ ရောက်ဖူးတာတော့ အသေအချာပဲ၊ အဲဒီဘက်က အခြေအနေက... တော်တော်လေး ကောင်းပါတယ်”

​“မင်း ဘယ်တော့ ထွက်မှာလဲ၊ အဲဒီဘက်က လတ်တလော အခြေအနေတွေကို ငါ စုံစမ်းပေးလို့ရတယ်”

​ထန်ထျန်းက မငြင်းဘဲ ပြောလိုက်၏။ “ဒါဆိုရင်တော့ အစ်ကိုဝမ်ကို ဒုက္ခပေးရတော့မှာပဲ”

​ပြောပြီးသည်နှင့် သူက ဝမ်ချုန်း၏ ကံကြမ္မာ လမ်းကြောင်းကို တိုက်ရိုက် စစ်ဆေးလိုက်သည်။

​ရလဒ်က သူ ထင်ထားသည့်အတိုင်းပင်၊ လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်က မှတ်ဉာဏ်မှာ ပြုပြင်ခံထားရသည်။

​ထိုစဉ်က သူသည် ဝမ်ကျိယွီနှင့်အတူ မြင့်မြတ်နယ်မြေသို့ သွားခဲ့ခြင်းဖြစ်ပြီး သိပ်မအရေးကြီးသော တိုက်ပွဲဝင် ညီလာခံတစ်ခုတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

​နောက်ပိုင်း အခြေအနေများမှာ ဝမ်ချုန်း ပြောသလိုပင် ဖြစ်သော်လည်း ဝမ်ကျိယွီနှင့် ပတ်သက်သည့် အချက်အလက်များသာ လုံးဝ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

​“မင်းနဲ့ငါ ကြားထဲမှာ ဒီလို အားနာစရာတွေ မလိုပါဘူး”

​“တခြား ဘာအကူအညီ လိုသေးလဲ၊ ငါ့ကိုသာ ပြော"

" ဝမ့်ချွမ်းမြို့တော်မှာတော့ ငါ့မှာ အစွမ်းအစ အနည်းငယ် ရှိပါတယ်”

ဝမ်ချုန်းက ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။

​ထန်ထျန်း ခဏစဉ်းစားပြီးနောက် မေးလိုက်သည်။ “မင်းတို့ ဝမ်မိသားစုဆီကို သွားလည်ချင်တယ်"

"ဒါ အဆင်ပြေမလား”

​သူက ဝမ်မိသားစုဆီသို့ သွားကာ ဝမ်ကျိယွီ တစ်ခုခု မှတ်မိလာမလားဆိုသည်ကို စမ်းသပ်ကြည့်ချင်သေးသည်။

​အလွန်နက်ရှိုင်းသော မှတ်ဉာဏ်အချို့က ကောင်းကင်တာအို၏ ချိပ်ပိတ်မှုကို အနည်းငယ် ဟာသွားအောင် လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မည်။

အကယ်၍ ဟာကွက် အနည်းငယ် ပေါ်လာသည်နှင့် ဝူရှန့်ကျိကျွင်းအဆင့်အထိ စောင့်စရာမလိုဘဲ ယခုပင် အရာအားလုံးကို မူလအတိုင်း သူ ပြန်ပြင်နိုင်မည် ဖြစ်သည်။

​သို့သော် ထန်ထျန်း၏ ဤတောင်းဆိုချက်ကို ကြားသောအခါ ဝမ်ချုန်းမှာ အနည်းငယ် တုံ့ဆိုင်းသွားသည်။

​ထို့နောက် သူက ခါးသီးစွာ ပြုံးလိုက်ပြီး “ဝမ်မိသားစုက...”

​“အဟမ်း... ညီကိုထန်၊ ငါက မကြိုဆိုတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါတို့ မိသားစုက အခုတလော... စိတ်ရှုပ်စရာ ကိစ္စတချို့နဲ့ ကြုံနေရလို့ပါ”

​“အဖိုးကြီးကလည်း စိတ်ညစ်နေရသလို အိမ်ထဲက အခြေအနေကလည်း သိပ်မကောင်းဘူး"

" ဒီလှိုင်းတံပိုးတွေ ငြိမ်သွားမှပဲ ငါ မင်းကို သေချာ ဧည့်ခံပါ့မယ်”

​ထန်ထျန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ဘာတွေ ဖြစ်နေလို့လဲ”

​ဝမ်ချုန်းက သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ “ဘာမှ မဟုတ်ပါဘူး၊ အကျိုးအမြတ်နဲ့ အာဏာ လုနေကြတာပါပဲ”

​“ပြီးခဲ့တဲ့ အခေါက် အဖိုးကြီးက ငါ့ကို အလောတကြီး ပြန်ခေါ်တာကလည်း ဒီကိစ္စကြောင့်ပဲ”

​“တကယ်တော့ ငါက ဒီလို ကိစ္စတွေကို သိပ်မကြိုက်ဘူး၊ ဒါပေမဲ့ ဒီတစ်ခါတော့ တကယ်ကို ကြီးကြီးမားမား ဖြစ်နေပြီး တစ်မိသားစုလုံးရဲ့ အဘက်ဘက်ကို ရိုက်ခတ်နေတယ်"

" တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာပဲ”

​သက်ပြင်းတရှုံ့ရှုံ့ ချနေသော ဝမ်ချုန်းကို ကြည့်ရင်း ထန်ထျန်းက ဖြေးညှင်းစွာ မေးလိုကသည်။ “အတိအကျ ဘာကိစ္စလဲ"

"ငါ တတ်နိုင်သလောက် ကူညီပေးလို့ ရနိုင်မလား”

​ဝမ်မိသားစု ကိစ္စဆိုသည်မှာ ဝမ်ကျိယွီ၏ ကိစ္စပင် ဖြစ်ရာ ကူညီနိုင်ပါက သေချာပေါက် ကူညီရပေမည်။

​သို့သော် ဝမ်ချုန်းက လက်ကာပြကာ “မလိုပါဘူး”

​“ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ အင်အားစုတွေက အရမ်းများတယ်၊ အားလုံးက ဝမ့်ချွမ်းမြို့တော်က ထိပ်တန်း အင်အားစုတွေပဲ”

​“မတော်တဆ ဖြစ်ရင် တစ်မိသားစုလုံး နာမည်ပျက်သွားနိုင်တယ်၊ မင်းကိုပါ ပါအောင် မဆွဲချင်ပါဘူး”

​“အဲဒီ လူတစ်စုက တကယ်ကို ကိုင်တွယ်ရ ခက်တယ်”

​ဝမ်ချုန်းက ထန်ထျန်းကို ပါဝင်ပတ်သက်စေလိုခြင်း မရှိသဖြင့် အခြေအနေမှန်ကို မပြောပြပေ။

ထန်ထျန်းကလည်း ထပ်မမေးတော့ဘဲ အချိန်တစ်ခုတွင် စုံစမ်းကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။

အကယ်၍ ဝမ်မိသားစု တကယ် ဒုက္ခရောက်နေပါက သူ ကြည့်မနေနိုင်သည်မှာ အသေအချာပင်။

​ထို့နောက် သူတို့နှစ်ဦး ခဏမျှ စကားစမြည် ဆက်ပြောဖြစ်ကြပြီး ဝမ်ချုန်းက ဝမ့်ချွမ်းမြို့တော်ရှိ စိတ်ဝင်စားဖွယ်ရာများကို ပြောပြခဲ့သည်။

သို့သော် စိတ်ထဲတွင် အပူရှိနေသောကြောင့် သူတို့ ဆက်လက် မကစားဖြစ်ကြတော့ပေ။

​ဝိုင်သောက်ပြီးနောက် ထန်ထျန်းက အကြောင်းပြချက် တစ်ခုပေးကာ နှုတ်ဆက်လိုက်သည်။

​စားသောက်ဆိုင်မှ ထွက်လာပြီးနောက် ကုရှောင်းရွှယ်က ရုတ်တရက် မေးလိုက်သည်။ “ရှင် ဒီကိစ္စကို ဝင်ပါတော့မယ် မဟုတ်လား”

​ဤကောင်မလေးက ထန်ထျန်း၏ အတွေးကို အလွန်နားလည်သူ ဖြစ်သည်။

​ထန်ထျန်းက ခေါင်းညိတ်ပြကာ “ဝမ်ချုန်းရော၊ ဝမ်မိသားစုရောက ဝမ်ကျိယွီနဲ့ အနီးကပ် ပတ်သက်နေတယ်”

​“သူတို့ အခက်အခဲ တွေ့နေတာကို ငါတို့ လစ်လျူမရှုသင့်ဘူး”

ကုရှောင်းရွှယ်ကို အသံပို့ကာ လှမ်းပြောလိုက်သည်။

​ကုရှောင်းရွှယ်မှာ မှင်သက်သွားပြီး ဘေးနားရှိ ဝမ်ကျိယွီကို တစ်ချက်ကြည့်ကာ မေးလိုက်သည်, “တကယ်လား"

"ဒါဆို သူ့ကို ပြောပြလိုက်မလား”

​ထန်ထျန်းက ခေါင်းခါပြကာ “အခုတော့ မလိုသေးဘူး”

​“ဝမ်ကျိယွီက အခု မှတ်ဉာဏ် ပျောက်နေတယ်၊ ဝမ်မိသားစုဝင်တွေကလည်း သူ့ရဲ့ တည်ရှိမှုကို မမှတ်မိကြဘူး၊ ပြောပြလိုက်လည်း သိပ်ပြီး အဓိပ္ပာယ် မရှိဘူး”

​“အကယ်၍ သူ တစ်ခုခု ပြန်မှတ်မိလာပြီ ဆိုရင်တော့မှ ပြောပြတာ မနှောင်းသေးပါဘူး”

​ကုရှောင်းရွှယ်က “အင်း” ဟု ဆိုကာ ဝမ်ကျိယွီကို ကြည့်သည့် အကြည့်ထဲတွင် သနားဂရုဏာများ ပိုလာသည်။

​ဝမ်ကျိယွီမှာ ယခင်က အရာအားလုံးကို မမှတ်မိတော့သည်ကို သူမ သိသည်။

အခု အိမ်တံခါးဝသို့ ရောက်နေပြီး မိသားစုဝင်များနှင့် တွေ့နေပါလျက်နှင့် မမှတ်မိဘဲ သူစိမ်းများလို ဖြစ်နေရသည်မှာ စိတ်မကောင်းစရာပင်။

​“ဒါဆို ရှင် ဘာလုပ်ဖို့ စဉ်းစားထားလဲ"

"ဝမ်ချုန်းက ဘာဖြစ်လဲဆိုတာ အတိအကျ မပြောပြဘူးလေ”

ကုရှောင်းရွှယ်က မေးလိုက်သည်။

​ထန်ထျန်းက အေးဆေးစွာ ပြုံးလိုက်ပြီး “ဝမ်မိသားစုက ဝမ့်ချွမ်းမြို့တော်မှာ အလေးအနက်ထားရတဲ့ သူတွေပဲ၊ သိတဲ့သူ သေချာပေါက် ရှိမှာပါ”

​“ငါတို့ တိုက်ရိုက် သွားမေးလိုက်ရုံပဲ”

​ပြောပြီးနောက် သူက အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာမှာ မြို့သခင် အိမ်တော် ရှိရာ အရပ်ပင်။

​ဝမ့်ချွမ်းမြို့တော် မြို့သခင်ကို တွေ့ဆုံရန်မှာ သူ၏ အစီအစဉ်တွင် ပါဝင်ပြီးသား ဖြစ်သည်။ ထိုမြို့သခင်ကို ထျန်းရှထုန်နှင့် ပုံရိပ်ယောင် ကမ္ဘာ ကိစ္စရပ်များတွင် ကူညီပေးရန် သူ "ဖိတ်ခေါ်" ရပေမည်။

​မြို့သခင် တစ်ယောက်အနေဖြင့် ဝမ်မိသားစု၏ အကြောင်းကိုလည်း သူ သေချာပေါက် သိပေလိမ့်မည်။

ကိစ္စနှစ်ခုလုံးကို တစ်ပြိုင်တည်း ဆောင်ရွက်လိုက်ရုံပင်။

​“သွားကြစို့”

​“ဝမ့်ချွမ်းမြို့တော်မှာ အကြာကြီး မနေချင်ဘူး၊ မြန်မြန် ရှင်းလိုက်မယ်”

​“ကိစ္စအားလုံး ပြီးသွားတာနဲ့ ငါတို့ ထိုက်ယိမြင့်မြတ်နယ်မြေကို သွားကြမယ်”

ထန်ထျန်းက ပြောလိုက်၏။

​ကုရှောင်းရွှယ်က လိမ္မာပါးနပ်စွာ ခေါင်းညိတ်လိုက်သည်။

သူမ၏ ခံယူချက်မှာ ရိုးရှင်းပါသည်၊ ထန်ထျန်း သွားရာသို့ သူမ လိုက်မည်။

ထန်ထျန်း ဘာလုပ်သည်၊ ဘာလုပ်ရန် ကြံစည်သည်ကို သူမ ဂရုမစိုက်ပေ။

​ထန်ထျန်း၏ အနားတွင် ရှိနေရလျှင်ပင် သူမအတွက် လုံလောက်လှပါပြီပင်။

All Chapters