ပျောက်ကွယ်သွားသော သဘာဝမိခင်ကြီး
Vol. 57 Ch. 596
အတိုင်းအဆမဲ့သော ကမ္ဘာ့စွမ်းအားများက ထန်ထျန်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်။
သူ၏ ရုပ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်၊ အသက်စွမ်းအား နှင့် အရာအားလုံးက လျင်မြန်သော အသွင်ကူးပြောင်းမှုများကို ကြုံတွေ့နေရသည်။
ဤအခိုက်အတန့်မှစ၍ သူက သာမန်သက်ရှိတစ်ခု မဟုတ်တော့ပေ။ သက်ရှိတို့၏အထက်၊ ကမ္ဘာလောက၏ အပြင်ဘက်သို့ ကျော်လွန်သွားသော အတုမဲ့တည်ရှိမှုတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။
နောင်တွင် မဟာကမ္ဘာကြီး တစ်ခုလုံး ချက်ချင်းပျက်စီးသွားလျှင်တောင် သူ့အပေါ် မည်သည့်သက်ရောက်မှုမျှ ရှိတော့မည်မဟုတ်ပေ။
တစ်နည်းအားဖြင့် သူက ထာဝရရှင်သန်ခြင်း အဆင့်သို့ ရောက်ရှိသွားခြင်းပင်။
သို့သော် ထာဝရရှင်သန်ခြင်း ဆိုသည်မှာ ထာဝစဉ်ရှင်သန်ခြင်း တော့မဟုတ်ပေ။
ယခုအချိန်တွင် သူနှင့် ဆန်းကြယ် ဥကမ္ဘာက အတူတကွ မှီခိုသော ဆက်ဆံရေးမျိုး ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်က ဆန်းကြယ် ဥကမ္ဘာကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်လျှင် သူသည်လည်း အတိုင်းအဆမဲ့သော ဟင်းလင်းပြင်စကြဝဠာကြီးထဲတွင် တစ်ကိုယ်တည်း ရှင်သန်နိုင်မည်မဟုတ်ပေ။
အနာဂတ်တွင် ဝူရှန့်ကျိကျွင်း အဆင့်သို့ တက်လှမ်းနိုင်မှသာ ဤမှီခိုမှုမှာ အနည်းငယ် လျော့ပါးသွားမည်ဖြစ်ပြီး သေဆုံးမည်မဟုတ်သော်လည်း ရိုက်ခတ်မှုကြီးစွာ ခံရပေလိမ့်မည်။
ဒဏ္ဍာရီလာ 'ယုံဟန်ကျိကျွင်း' အဆင့်သို့ ရောက်ရှိမှသာ မည်သည့်အရာကိုမျှ အမှီပြုစရာမလိုဘဲ ဟင်းလင်းပြင်နှင့်သက်တမ်းတူကာ မသေမပျောက် တည်ရှိနိုင်မည်ဖြစ်သည်။
ထို "ယုံဟန်ကျိကျွင်း" အဆင့်မှာ ကမ္ဘာဦးကတည်းက သက်ရှိအားလုံး ရှာဖွေနေကြသည့် အဆင့်ဖြစ်သော်လည်း ယခုအချိန်အထိ မည်သူမျှ အမှန်တကယ် မရောက်ရှိသေးပေ။
မည်သို့ပင်ဆိုစေကာမူ ကျိကျွင်းအဆင့်က 'ပြိုင်ဘက်ကင်း' နယ်ပယ်ဟု ခေါ်ဆိုနိုင်သည်။
ဤကမ္ဘာပေါ်ရှိ စည်းမျဉ်းနှင့် ကန့်သတ်ချက်အားလုံးက ကျိကျွင်းတစ်ယောက်အတွက် မရှိတော့သလောက်ပင်။
အခြေခံကျသော နိယာမပြဿနာများကို မထိပါးသရွေ့ မည်သည့်ကျိကျွင်းကမျှ အခြားကျိကျွင်းတစ်ယောက်ကို စတင်တိုက်ခိုက်လိမ့်မည်မဟုတ်ပေ။ အကြောင်းမှာ နှစ်ဖက်စလုံး၏ စွမ်းအားမှာ အလွန်အမင်း ကြီးမားလွန်းသောကြောင့် ဖြစ်သည်။
တစ်ကြိမ် တိုက်ခိုက်မိသည်နှင့် ကမ္ဘာပျက်မတတ် ပျက်စီးခြင်းများ ဖြစ်ပေါ်ပေလိမ့်မည်။
ဥပမာအားဖြင့် ယခင်က ကြောင်လေး၏သခင်နှင့် မဟာကောင်းကင်အရှင်တို့ကြားက တိုက်ပွဲကြောင့် ကောင်းကင်နှင့် အနန္တကမ္ဘာ ကြီး တစ်ခုလုံး ကြေမွသွားခဲ့ရသလိုမျိုး ဖြစ်သည်။
ထို့ကြောင့် နောက်ပိုင်းတွင် ထန်ထျန်းအနေဖြင့် ကမ္ဘာ့ စည်းမျဉ်းအားလုံးကို လျစ်လျူရှုကာ သူ အလိုရှိရာကို လုပ်ဆောင်နိုင်ပြီဖြစ်သည်။
ပြင်းထန်သော ကမ္ဘာ့စွမ်းအားများ တဖြည်းဖြည်း တည်ငြိမ်သွားသည့်အခါ ထန်ထျန်းက သက်ပြင်းအသာချလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ဒီအခိုက်အတန့်ကို သူ စောင့်မျှော်ခဲ့ရတာ ကြာပါပြီ။
နောက်ဆုံးတော့ ခြေလှမ်းတိုင်းကို သူ့ရဲ့ တစ်ခုတည်းသော အသက်လေး ဆုံးရှုံးသွားမှာ ကြောက်ပြီး သတိကြီးကြီးထားနေစရာ မလိုတော့ပေ။
ယခုအခါ သူက ဤလျှို့ဝှက်ဆန်းကြယ်သော တရားဝင် စစ်တုရင်ခုံကြီးအတွင်းသို့ ဝင်ရောက်စွက်ဖက်ပြီး သူ့ကိုယ်ပေါ်မှ လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ်နိုင်ပြီဖြစ်သည်။
သို့သော် ဤကိစ္စမျိုးမှာ အလောတကြီး လုပ်၍မရပေ။
ကျိကျွင်းနယ်ပယ်သို့ စတင်ဝင်ရောက်ကာစဖြစ်ရာ အရင်ဆုံး အသေအချာ ခံစားကြည့်ရဦးမည်။
ပြီးတော့ အပြီးတိုင် ပြည့်စုံသွားတဲ့ ဆန်းကြယ် ဥကမ္ဘာနဲ့ အခုလေးတင် မွေးဖွားလာတဲ့ ပထမဆုံး မူလဝိညာဉ်လည်း ရှိသေးသည်။
ထန်ထျန်းက ခေါင်းငုံ့ကာ လက်ကို ဖြေးညှင်းစွာ မြှောက်လိုက်သည်။
ဂန်ဂန် က စိတ်ချင်းဆက်နေသကဲ့သို့ ထန်ထျန်း၏ရင်ခွင်ထဲသို့ ချက်ချင်းခုန်ဝင်လာပြီး ၎င်း၏အမွေးပွပွ ခေါင်းကြီးဖြင့် ထန်ထျန်း၏ရင်ဘတ်ကို ပွတ်သပ်ကာ သူ၏ပျော်ရွှင်မှုနှင့် တွယ်တာမှုကို အသံလေးများပြု၍ ဖော်ပြနေသည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဂန်ဂန်က ထန်ထျန်း၏ ပထမဆုံးသော ကလေးပင် ဖြစ်သည်။
ဂန်ဂန်၏ အမွေးများကို ပွတ်သပ်ရင်း ထန်ထျန်း စိတ်ထဲမှ ရေရွတ်မိသည်။
ဒီကောင်က မွေးမွေးချင်း ကျိကျွင်းတစ်ပိုင်း ခွန်အား ရှိနေတာလား။ စနစ်နှစ်ခုလုံးပိုင်ဆိုင်ပြီး ခေတ်မီဟက်ကာနည်းစနစ် တွေ နဲ့ အသည်းအသန် ကြိုးစားခဲ့ရတဲ့ သူတောင် နှစ်အတော်ကြာ အချိန်ပေးခဲ့ရတာပါ။
ဒါပေမဲ့ ဒီကောင်လေးကတော့ သက်ရှိအများစု တစ်သက်လုံး မျှော်လင့်ရုံပဲ တတ်နိုင်တဲ့ အမြင့်မှာ မွေးကတည်းက ရပ်နေတာဖြစ်သည်။
ကြားရတာ တကယ်ကို စိတ်တိုစရာကောင်းလှသည်။
ဒါပေမဲ့ ဒါဟာ ဂန်ဂန်က မူလဝိညာဉ်ဖြစ်နေလို့ဖြစ်ပြီး ကမ္ဘာကြီးရဲ့ ပထမဆုံးသော မူလဝိညာဉ်လည်း ဖြစ်နေလို့ ကြောက်စရာကောင်းလောက်အောင် သန်မာနေတာ ဖြစ်သည်။
ပြီးတော့ ကျိကျွင်းတစ်ပိုင်း အဆင့်က သူ့ရဲ့ အစပြုခြင်းဖြစ်သလို သူ့ရဲ့ အဆုံးသတ်လည်း ဖြစ်သည်။
မူလဝိညာဉ်အနေနဲ့ သူက သူ့ရဲ့ ကမ္ဘာအပြင်ဘက်ကို ဘယ်တော့မှ ကျော်လွန်သွားနိုင်မှာ မဟုတ်ပေ။
သူနဲ့ ကမ္ဘာကြီးကြားက ဆက်ဆံရေးက ပြောင်းလဲလို့မရတဲ့ အတူတကွမှီခိုမှု ဆက်ဆံရေးမျိုး ဖြစ်သည်။
ကမ္ဘာကြီးက သူ့ကို ဖန်တီးခဲ့သလို သူကလည်း သူ့ရဲ့ စွမ်းရည်တွေနဲ့ ကမ္ဘာကြီးကို ပြောင်းလဲပေးနေသည်။
ဂန်ဂန် ပေါ်လာပြီးနောက် ဆန်းကြယ် ဥကမ္ဘာအတွင်းမှာ သိသိသာသာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာသည်။
ယင်နဲ့ယန် မျှတသွားတာကြောင့် မူလ သက်ရှိတွေ မွေးဖွားလာဖို့အတွက် ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာခဲ့ပြီပင်။
သိပ်မကြာခင်မှာပဲ ပထမဆုံးသော မူလ သက်ရှိတွေ ကမ္ဘာပေါ်မှာ စတင်ပေါ်လာတော့မှာ ဖြစ်သည်။
ဂန်ဂန်က ဝက်ဝံမျိုးနွယ် ဖြစ်တာကြောင့် ပထမဆုံး ပေါ်လာမယ့် သက်ရှိတွေကလည်း ဝက်ဝံတွေနဲ့ ပတ်သက်နေလိမ့်မယ်လို့ ခန့်မှန်းရသည်။ ဒါက ရိုးရာကမ္ဘာတွေနဲ့ အလွန်ကွာခြားတဲ့ အချက်ပင်။
ရိုးရာကမ္ဘာ အများစုမှာတော့ ပထမဆုံး သက်ရှိတွေက ဘိုးဘေးနဂါး ဒါမှမဟုတ် ဘိုးဘေးဖီးနစ်တွေနဲ့ ပတ်သက်လေ့ရှိသည်။
ဒါကို တွေးမိတော့ ထန်ထျန်းက ဂျင်ဂိုပင်ထိပ်က အခြား တာအိုအသီး နှစ်လုံးကို ကြည့်လိုက်သည်။
၎င်းတို့က ဂန်ဂန်ရဲ့ အသီးထက် အနည်းငယ်နိမ့်တဲ့ နေရာမှာ ရှိနေပြီး တစ်လုံးက ဟင်းလင်းပြင်အလင်းတန်းတွေ ထွက်နေကာ နောက်တစ်လုံးကတော့ ခုနစ်ရောင်ခြယ် အရောင်တွေ ဖြာထွက်နေသည်။
ဒါဟာ ဘိုးဘေးနဂါးနဲ့ ဘိုးဘေးဖီးနစ်ပင် ဖြစ်သည်။
၎င်းတို့လည်း မကြာခင် အခွံဖောက်ထွက်လာတော့မည်။
ဒါပေမဲ့ ဂန်ဂန်က ပထမဆုံးနေရာကို ယူထားတာကြောင့် နဂါးနဲ့ ဖီးနစ်ရဲ့ ခွန်အားကတော့ နည်းနည်းလျော့နည်းနိုင်ပြီး အများဆုံး ဝူကျိတာအို အထွတ်အထိပ် အဆင့်လောက်ပဲ ရှိပေလိမ့်မည်။
မူလဝိညာဉ်တွေရဲ့ မွေးဖွားမှုအစီအစဉ်က သူတို့ရဲ့ ခွန်အားနဲ့ အဆင့်အတန်းကို ဆုံးဖြတ်ပေးတာ ဖြစ်ပြီး ဒါက အလွန်တင်းကျပ်တဲ့ အထက်အောက် ခွဲခြားမှုပင်။
အနာဂတ်မှာ တာအိုအသီး သုံးထောင်ကနေ မတူညီတဲ့ မူလဝိညာဉ် သုံးထောင် ပေါ်လာမှာဖြစ်ပြီး တစ်ဦးချင်းစီက သူတို့နဲ့ ပတ်သက်တဲ့ မူလသက်ရှိတွေကို ဖန်တီးကြလိမ့်မည်။
မူလသက်ရှိတွေကနေတစ်ဆင့် အဆင့်ဆင့် ပြောင်းလဲတိုးတက်လာပြီး မရေမတွက်နိုင်တဲ့ သက်ရှိထောင်ပေါင်းများစွာ ဆက်တိုက် ပေါ်လာလိမ့်မည်။
အဲဒီအချိန်ကျရင် ထန်ထျန်းရဲ့ ဆန်းကြယ် ဥကမ္ဘာဟာ အပြင်က မဟာကမ္ဘာကြီးနဲ့ ဘာမှမခြားတော့ပေ။
အဲဒီအခါမှာ ထန်ထျန်းဟာလည်း ယွဲ့ရှန်း(လနတ်သမီး)၊ ကြောင်လေးရဲ့သခင် ဒါမှမဟုတ် မဟာကောင်းကင်အရှင် တို့လို အဆင့်အတန်းမျိုးကို ရောက်ရှိသွားမှာ ဖြစ်သည်။
ဒီတိုးတက်ပြောင်းလဲမှု ဖြစ်စဉ်က သူ့အလိုလို ဖြစ်ခိုင်းမယ်ဆိုရင် နှစ်သန်းပေါင်း ထောင်ချီ ကြာနိုင်သော်လည်း...
ကံကောင်းတာက ဒါတွေကို အရှိန်မြှင့်လို့ ရနေသည်။
အရှိန်မြှင့်ဖို့ လိုအပ်တဲ့ အာဟာရတွေကတော့ အရင်အတိုင်းပဲ...
ဟင်းလင်းပြင်နိယာမ၊ ဟင်းလင်းပြင်ကံကြမ္မာနဲ့ ဟင်းလင်းပြင်မူလ တို့ ဖြစ်သည်။
ဒါကြောင့် သုံးစွဲမှုအမှတ် တွေကို ဆက်ပြီး ရှာဖွေရဦးမည်။
ဒါပေမဲ့ ကျိကျွင်းဖြစ်သွားပြီးနောက်မှာတော့ ထန်ထျန်းအတွက် အမှတ်ရှာတဲ့ နည်းလမ်းက အရင်ကထက် အများကြီး ပိုပြီး ရိုးရှင်းကြမ်းတမ်းသွားတော့မှာပါ...။
စဉ်းစားနေတုန်းမှာပဲ အဖြူရောင် ပုံရိပ်တစ်ခု ဝေးရာကနေ အမြန် ပျံသန်းလာသည်။
ဒါဟာ ဂန်ဂန်ရဲ့ မရည်ရွယ်တဲ့ လက်ချက်ကြောင့် လွင့်ထွက်သွားတဲ့ ကြောင်လေးပင်။
"ဘာလို့လဲ"
"ငါ က အကောင်ပေါက်အောင် စောင့်ရှောက် ပေးသလိုမျိုး သူ့ကို ဒီလောက်ကြာအောင် ပြုစုပေးခဲ့တာကို၊ ထွက်ထွက်ချင်း ငါ့ ကို ရိုက်တယ်ပေါ့"
ကြောင်လေးရဲ့ မျက်နှာမှာ မကျေနပ်မှုတွေ အပြည့် ဖြစ်နေသည်။
ထန်ထျန်းက ပြုံး ကာ "သူက ခုနက မသိစိတ်နဲ့ လုပ်လိုက်တာပါ"
ခံစားချက်အချို့ကို သိရှိသွားသလို ဂန်ဂန်က ထန်ထျန်းရဲ့ ရင်ခွင်ထဲကနေ ခေါင်းလေးပြူထွက်လာပြီး သူ့ရဲ့ အမွေးပွပွ လက်လေးကို ဝှေ့ယမ်းကာ ကြောင်လေးကို လှမ်းခေါ်နေသည်။
ချစ်ကြည်ရင်းနှီးမှုနဲ့ စေတနာကို ဘာမှ ဖုံးကွယ်မထားဘဲ ပြသနေခြင်း ဖြစ်သည်။
အဲဒီတော့မှ ကြောင်လေးက ပြုံးပြနိုင်တော့သည်။ ခုနက မကျေနပ်ချက်တွေ ချက်ချင်း ပျောက်ကွယ်သွားပြီး ဂန်ဂန်ရဲ့ နှာခေါင်းလေးကို လက်သည်းလေးတွေနဲ့ လှမ်းကစားနေတော့သည်။
ဒါပေမဲ့ ဘယ်လောက်ပဲ ကစားကစား နောက်ထပ်တော့ လက်ကို လွယ်လွယ်နဲ့ မဝှေ့ယမ်းတော့ပေ။
ဆော့ကစားနေတဲ့ အကောင်လေး နှစ်ကောင်ကို ကြည့်ရင်း ထန်ထျန်းရဲ့ မျက်လုံးထဲမှာ မသိမသာ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ကြောင်လေးရဲ့ မူလ ကို ကြည့်လိုက်သည်။
ကျိကျွင်းဖြစ်သွားပြီးနောက် ဒီကမ္ဘာပေါ်က အရာအားလုံးဟာ သူ့မျက်စိရှေ့မှာ ဖုံးကွယ်ထားလို့ မရတော့ပေ။
မကြာမီမှာပဲ ကြောင်လေးရဲ့ ဝိညာဉ်ကို ထိန်းကျောင်းထားတဲ့ ခန္ဓာကိုယ်ဖြစ်တဲ့ "သဘာဝအကြွင်းအကျန်" ကို ထန်ထျန်း မြင်လိုက်ရသည်။
ဒါဟာ သဘာဝတရား ပျက်သုဉ်းသွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ အရာဆိုတာ သေချာပါသည်။
သူ့ရဲ့ အသိစိတ်ကို အပြင်ကမ္ဘာအထိ ဖြန့်ကျက်လိုက်တဲ့အခါမှာလည်း မဟာကမ္ဘာကြီးရဲ့ 'သဘာဝမိခင်ကြီး' က တကယ်ပဲ မရှိတော့တာကို သူ တွေ့လိုက်ရသည်။
သဘာဝမိခင်ကြီး ပျောက်ကွယ်သွားခြင်းက ကမ္ဘာကြီး ပျက်သုဉ်းမယ့် အချိန်ကို တစ်ဖက်တစ်လမ်းကနေ မြန်ဆန်စေခဲ့သည်။
မဟာကမ္ဘာကြီးကတော့ တကယ်ကို အပေါက်အပြဲတွေနဲ့ ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။
ခဏမျှ ကြည့်ရှုပြီးနောက် ထန်ထျန်း သတိပြန်ဝင်လာကာ ကြောင်လေးဆီကို အကြည့်ပြန်ပို့လိုက်သည်။
ပျက်သုဉ်းသွားတဲ့ သဘာဝတရား... သဘာဝအကြွင်းအကျန်ကို ခန္ဓာကိုယ်အဖြစ် သုံးစွဲထားခြင်း...။
ကြောင်လေးရဲ့ သခင်က... ဒါဆိုရင်...
သဘာဝမိခင်ကြီး များ ဖြစ်နေမလား