ဝမ်ကျိယွီ၏ အိမ်
Vol. 57 Ch. 598
ခရစ်စတယ် ခေါင်းတလား တစ်လုံးက ကုရှောင်းရွှယ် တစ်ကိုယ်လုံးကို အတွင်း၌ အုပ်မိုးထားပြီး သူမနှင့် ကမ္ဘာလောကကြား ဆက်သွယ်မှုကို ပိတ်ဆို့ထားသလို တာအိုအဆင့်သို့ တက်လှမ်းမည့် လမ်းကြောင်းကိုလည်း ဖြတ်တောက်ထားသည်။
ဤခေါင်းတလားသည် ယခင်က တွေ့ခဲ့သော ထူးဆန်းသည့် ကြိုးမျှင်နှင့် အလွန်ဆင်တူပြီး တည်ရှိမှုနှင့် မတည်ရှိမှုကြား မျဉ်းပေါ်တွင် ရှိနေသည်။
တစ်နည်းအားဖြင့် ကုရှောင်းရွှယ်က ထန်ထျန်း၏ အနားတွင် ရှိနေချိန်၌ ခေါင်းတလားက သူမ၏ တိုးတက်မှုကို တားဆီးထားသည့် ချိပ်ပိတ်မှုတစ်ခု ဖြစ်နေပြီး အကယ်၍ အကွာအဝေးတစ်ခုအထိ ဝေးကွာသွားပါက ခေါင်းတလားမှာ ပျောက်ကွယ်သွားကာ ကုရှောင်းရွှယ်ကို ပုံမှန်အခြေအနေသို့ ပြန်ရောက်စေမည် ဖြစ်သည်။
သို့သော် တစ်ချိန်တည်းမှာပင် သူမ၏ ကျင့်ကြံခြင်း ပါရမီမှာလည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီး သာမန် မူလသားတော် တစ်ယောက် ဖြစ်သွားပေလိမ့်မည်။
ထန်ထျန်းနှင့် ဆက်သွယ်ထားသည့် ထိုကြိုးမျှင် မရှိတော့ပါက သူမသည် တာအိုအဆင့်သို့ တက်လှမ်းနိုင်ရန် မဖြစ်နိုင်ပေ။
ထို့ပြင် ထန်ထျန်း၏ ခွဲခြမ်းစိတ်ဖြာချက်အရ အကယ်၍ သူနှင့် ဝေးကွာနေစဉ်အတွင်း ထူးခြားသော နည်းလမ်းအချို့ကို အသုံးပြု၍ ကုရှောင်းရွှယ်ကို တာအိုအဆင့်သို့ တက်လှမ်းခိုင်းပါက သူမနှင့် သူ့ကြားရှိ ဤထူးဆန်းသော ဆက်သွယ်မှုသည်လည်း ပြတ်တောက်သွားပေလိမ့်မည်။
ဤအခြေအနေမှာ အလွန်ပင် ထူးဆန်းလှသည်။
မြင်ဖူးဖို့ နေနေသာသာ၊ လူသားအချင်းချင်းကြားတွင် ဤကဲ့သို့သော ဆက်သွယ်မှုမျိုး ရှိနေသည်ကို ထန်ထျန်း တစ်ခါမျှ မကြားဖူးခဲ့ပေ။
အတန်ကြာ စဉ်းစားပြီးနောက် ထန်ထျန်းက လက်ရှိအခြေအနေကို ခေတ္တထိန်းသိမ်းထားရန် ဆုံးဖြတ်လိုက်ပြီး အတင်းအကျပ် ပြောင်းလဲခြင်း မပြုတော့ပေ။
ယခင်က ယွဲ့ရှန်း (လနတ်သမီး) ကိုယ်တိုင် ကုရှောင်းရွှယ်ကို အမည်တပ်ပြောဆိုခဲ့ပြီး သူမက သူ့ကိုယ်ပေါ်ရှိ လျှို့ဝှက်ချက်များစွာနှင့် ဆက်နွှယ်နေကြောင်း ပြောခဲ့ဖူးသည်။
အကယ်၍ ဤဆက်သွယ်မှုကို ပေါ့ပေါ့ဆဆ ဖြတ်တောက်လိုက်ပါက အလွန်အရေးကြီးသော သဲလွန်စအချို့ကို လွဲချော်သွားနိုင်ပေသည်။
လနတ်သမီး နှင့် တွေ့ပြီးမှပဲ ဆက်စဉ်းစားတော့မည်။
ခဏမျှ စဉ်းစားပြီးနောက် ထန်ထျန်းက ကုရှောင်းရွှယ်ကို ပြောလိုက်သည်။ "မင်းရဲ့ အခြေအနေက... နည်းနည်းတော့ ထူးခြားနေတယ်"
"တာအိုအဆင့်ကို ချောချောမွေ့မွေ့ ကျော်ဖြတ်နိုင်မလားဆိုတာ ဆက်ပြီး ကြိုးစားကြည့်ပါ"
"တကယ်လို့ မရဘူးဆိုရင်လည်း အားမလျှော့နဲ့၊ အတင်းအကျပ်လည်း မလုပ်နဲ့၊ ငါ နောက်ကျရင် နည်းလမ်းရှာပေးမယ်"
ကုရှောင်းရွှယ်က "အင်း" ဟုသာ ပြန်ထူးပြီး မကောင်းသော ခံစားချက်မျိုး မပြသပေ။
ထန်ထျန်း၏ စကားကို သူမက အမြဲတမ်း ခြွင်းချက်မရှိ ယုံကြည်သူ ဖြစ်သည်။
ကုရှောင်းရွှယ်ကို မှာကြားပြီးနောက် ထန်ထျန်းက အခြားတစ်ဖက်ရှိ ဝမ်ကျိယွီကို ကြည့်လိုက်သည်။
ဤလအနည်းငယ်အတွင်း ကြီးပြင်းလာပြီးနောက် ဝမ်ကျိယွီ၏ "ပုန်ကန်ချင်သောအရွယ်" မှာ တဖြည်းဖြည်း ကုန်ဆုံးသွားပြီဖြစ်ကာ သူ၏ ထူးခြားသော အချက်များနှင့် သူ၏ မူလအစကို စတင်စဉ်းစားလာခဲ့သည်။
သို့သော် ကံဆိုးသည်မှာ ဤကိစ္စက အဖြေထွက်ရန် မရှိခြင်းပင်။
ဝမ်ကျိယွီ၏ ခန္ဓာကိုယ်ကို ထိုးဖောက်မြင်ရသဖြင့် ထန်ထျန်းက သူ၏ကိုယ်တွင်းရှိ ကျင့်ကြံခြင်း ချိပ်ပိတ်မှုကို တစ်ဖက်ပြန်မြင်လိုက်ရသည်။
ယခင်က ချိပ်ပိတ်မှု ရှိနေသည်ကိုသာ မြင်ရသော်လည်း ယခုအခါ သူ၏ အစစ်အမှန် ကျင့်ကြံခြင်းကိုပါ ရှင်းရှင်းလင်းလင်း မြင်နေရပြီ ဖြစ်သည်။
ဟွမ်ယွမ်တာအို အထွတ်အထိပ်
ထန်ထျန်း အနည်းငယ် အံ့အားသင့်သွားသည်။ ထိုစဉ်က ဝမ်ကျိယွီသည် အင်မော်တယ်ဧကရာဇ် အစောပိုင်းအဆင့်ဖြင့် မူလတာအိုလက်နက်ကို အသုံးမပြုဘဲ အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်ဖြစ်သော လုချန်းကျီကို အလဲထိုးနိုင်ခဲ့ခြင်းမှာ မဆန်းတော့ပေ။
သူကိုယ်တိုင်က ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် မဟုတ်ပါလား။
ဝမ်ကျိယွီ၏ အစစ်အမှန်အသက်မှာ အနှစ်တစ်ရာပင် မပြည့်သေးပေ။ ဤအသက်အရွယ်ဖြင့် ဤမျှ အားကောင်းသော ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားခြင်းမှာ မည်သည့်ခေတ်ကာလမှာပင်ဖြစ်စေ အလွန်တောက်ပသော ကြယ်တစ်ပွင့် ဖြစ်ပေလိမ့်မည်။
နှမြောစရာကောင်းသည်မှာ ဤတောက်ပသော ကြယ်ပွင့်လေးက ကောင်းကင်တာအို နိယာမ အဆင့်မှနေ၍ တိုက်ရိုက် အဖျက်ခံလိုက်ရခြင်းပင်။
စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်ရင်း ထန်ထျန်း၏ အမြင်အာရုံမှာ ဝမ်ကျိယွီနှင့် ပတ်သက်သည့် ကောင်းကင်တာအို နိယာမများပေါ်သို့ ကျရောက်သွားသည်။
ကျိကျွင်းတစ်ယောက် ဖြစ်နေပြီဖြစ်သော သူက ဤနိယာမများမှာ တစ်စုံတစ်ယောက်၏ လက်ချက်ဖြင့် ပြုပြင်ခံထားရသည်ကို တစ်ချက်ကြည့်ရုံဖြင့် မြင်လိုက်ရသည်။
ထိုသို့ ပြုလုပ်နိုင်သော တည်ရှိမှုမှာ သေချာပေါက် ဝူရှန့်ကျိကျွင်း တစ်ယောက်သာ ဖြစ်ပေမည်။
အကြောင်းမှာ ယခုအချိန်တွင် ထန်ထျန်းက ကောင်းကင်တာအို ပြုပြင်ခံထားရသည်ကိုသာ မြင်နိုင်သေးပြီး ၎င်းကို မူလအတိုင်း ပြန်ပြင်ရန် မစွမ်းနိုင်သေးပေ။
ဝူရှန့်ကျိကျွင်း တစ်ယောက်သာလျှင် ဤမျှ ကောင်းကင်ကို ဆန့်ကျင်သော ကိစ္စမျိုးကို လုပ်နိုင်ပေမည်။
ဤကမ္ဘာပေါ်ရှိ ဝူရှန့်ကျိကျွင်းမှာ လက်ချိုးရေတွက်ရုံမျှသာ ရှိသည်။ မဟာကောင်းကင်အရှင် ပြန်လည်ရှင်သန်လာသည့် သတင်းကို မည်သူက ဖုံးကွယ်ထားခဲ့သနည်း။
ထန်ထျန်း စဉ်းစား၍ မရသော်လည်း အမှန်တရားဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားသည်နှင့်အမျှ ဤလူနှင့် သေချာပေါက် တွေ့ဆုံရလိမ့်မည်ဟု သူ ယုံကြည်သည်။
ထန်ထျန်းက ဤကိစ္စများကို ခေတ္တဘေးဖယ်ထားလိုက်ပြီး ဝမ်ကျိယွီ၏ မူလဘဝလမ်းကြောင်းကို စစ်ဆေးရန် ပြင်လိုက်သည်။
ပြုပြင်ထားသော ကောင်းကင်တာအိုအောက်တွင် တောက်ပနေသော လမ်းကြောင်းတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ထိုလမ်းကြောင်းအတိုင်း လိုက်ကြည့်ရာ ထန်ထျန်း၏ အမြင်အာရုံမှာ အနောက်ဘက်သို့ ဦးတည်သွားပြီး နောက်ဆုံးတွင် ကြီးမားသော မြို့ကြီးတစ်မြို့အတွင်းသို့ ရောက်ရှိသွားသည်။
ထိုနေရာမှာ ဝမ်ကျိယွီ မွေးဖွားရာ နေရာပင်။
ထိုနေရာ၏ အခြေအနေကို ထန်ထျန်း အသေအချာ မြင်လိုက်ရသည့်အခါတွင်မူ သူ မှင်သက်သွားတော့သည်။
ထိုနေရာမှာ အခြားမဟုတ်၊ မြင့်မြတ်နယ်မြေ၏ ပင်မမြို့တော်ဖြစ်သော ဝမ့်ချွမ်းမြို့တော် ပင် ဖြစ်သည်။
ဝမ်ကျိယွီ ရှိခဲ့သော မိသားစုမှာ ဝမ့်ချွမ်းမြို့တော် ရှိ ဝမ်မိသားစု ဖြစ်သည်။
ဆိုလိုသည်မှာ ဝမ်ချုန်း ရှိနေသော ထိုဝမ်မိသားစုပင်
ဝမ်ကျိယွီနှင့် ဝမ်ချုန်းက မိသားစုတစ်ခုတည်းမှ ဖြစ်နေသလား။
ထန်ထျန်း အံ့အားသင့်သွားမိသည်။
ကောင်းကင်ထိပ်ဆုံးသို့ ရောက်လာပြီးနောက် ပထမဆုံး တွေ့ဆုံခဲ့သူများမှာ ဝမ်ကျိယွီ၏ ဆွေမျိုးသားချင်းများ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
ထို့ပြင် ဝမ်ချုန်း၏ အသက်မှာလည်း အနှစ်တစ်ရာကျော်မျှသာ ရှိသေးရာ ဝမ်ကျိယွီနှင့် ညီအစ်ကိုဝမ်းကွဲ တော်စပ်နေခြင်းလည်း ဖြစ်နိုင်သည်။
ဒါက တကယ်ကို... တိုက်ဆိုင်လွန်းနေသည်။
သို့သော် နှမြောစရာကောင်းသည်မှာ သူတို့ဆက်ဆံရေးက ထိုမျှ နီးစပ်နေသော်လည်း ဝမ်ချုန်းမှာ ဝမ်ကျိယွီနှင့် ပတ်သက်၍ မည်သည့် မှတ်ဉာဏ်မျှ မရှိခြင်းပင်။
ထိုအတုမဲ့ တည်ရှိမှုကြီးက ဝမ်ကျိယွီ၏ ဘဝလမ်းကြောင်းကို ကောင်းကင်ထိပ်ဆုံး ကမ္ဘာမှာပါ တစ်ပါတည်း ဖျက်ဆီးပစ်ခဲ့သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထန်ထျန်းက သူ၏ နောက်ထပ် ခရီးစဉ်ကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။
မူလက သူသည် ထိုက်ယိမြင့်မြတ်နယ်မြေ သို့ တိုက်ရိုက်သွားရန်နှင့် ဝူရှန့်ကျိကျွင်းအရှင် ကို ရှာဖွေကာ ဤလျှို့ဝှက်ဆန်းကြယ်သော စစ်တုရင်ခုံကြီးတွင် တရားဝင် ပါဝင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
သို့သော် ဝမ်ကျိယွီ၏ အခြေအနေအရ ဝမ့်ချွမ်းမြို့သို့ အရင်သွားကာ ဝမ်မိသားစုဆီတွင် သွားကြည့်ရန် သူ ဆုံးဖြတ်လိုက်သည်။
ထိုအတုမဲ့ တည်ရှိမှု၏ နည်းလမ်းများအရ ဟာကွက် ကျန်ရစ်ခဲ့ဖို့ ဖြစ်နိုင်ခြေ မရှိသလောက် နည်းသော်လည်း ထိုနေရာမှာ ဝမ်ကျိယွီ မွေးဖွားကြီးပြင်းခဲ့သည့် နေရာဖြစ်ရာ အခြားသော တွေ့ရှိမှုအချို့ ရှိနိုင်ပေသည်။
လူမှုရေးအရရော၊ အခြေအနေအရရော သွားကြည့်သင့်သည်ဟု သူ ယူဆသည်။
ဝမ့်ချွမ်းမြို့တော် သို့ တစ်ခေါက်သွားပြီးမှ ထိုက်ယိမြင့်မြတ်နယ်မြေသို့ ဆက်သွားခြင်းကလည်း အချိန်သိပ်မကုန်နိုင်ပေ။
နောက်ထပ် ခရီးစဉ်ကို ဆုံးဖြတ်ပြီးနောက် ထန်ထျန်းက ဝမ်ကျိယွီကို ကြည့်ကာ မေးလိုက်သည်။ "ဝမ်ကျိယွီ"
"မင်းရဲ့ တကယ့် ဘဝနောက်ခံကို သိချင်လား"
ဝမ်ကျိယွီက ခေါင်းမော့လာပြီး "ကျိကျွင်း သိလို့လား"
ထန်ထျန်းက ဖြေးညှင်းစွာ ခေါင်းညိတ်ပြသည်။
ယခုအခါ ဝမ်ကျိယွီမှာ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချနိုင်သည့် အရည်အချင်း အတိုင်းအတာတစ်ခုအထိ ရှိနေပြီ ဖြစ်သည်။ အကယ်၍ သူ တကယ်သိချင်ပါက အချိန်တန်လျှင် အမှန်တရားအားလုံးကို ထန်ထျန်းက ပြောပြပေလိမ့်မည်။
သို့သော် ထန်ထျန်းကို အံ့အားသင့်စေသည်မှာ ဤမေးခွန်းအတွက် ဝမ်ကျိယွီမှာ တိတ်ဆိတ်သွားခြင်းပင်။
ခဏအကြာတွင် သူက ဖြေးညှင်းစွာ ပြောလိုက်သည်။ "ပြီးခဲ့တဲ့ ကာလတွေမှာ ကျွန်တော် ဒီကိစ္စကို တကယ်ပဲ တွေးပူနေခဲ့တာပါ"
"အကြောင်းက ကျွန်တော်က တခြားလူတွေနဲ့ အရမ်းကွာခြားနေပြီး ဟင်းလင်းပြင် ထဲကနေ ပေါ်လာသလို ဖြစ်နေလို့ပဲ"
"ဒါပေမဲ့ ဒီရက်ပိုင်းအတွင်းမှာပဲ ကျွန်တော် ရုတ်တရက် နားလည်သွားတယ်"
"ကျွန်တော် ဘယ်ကလာမှန်း မသိသလို ကျွန်တော့်ရဲ့ ဘဝတစ်ဝက်မှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ မသိပေမဲ့ အခုအချိန်မှာ ကျွန်တော် ပျော်နေတယ်"
"ကျိကျွင်း ရှိတယ်၊ မမရှောင်းရွှယ် ရှိတယ်၊ ကျွန်တော်ဟာ ဒီကမ္ဘာပေါ်က လူအများစုထက် အများကြီး ပိုပြီး ကံကောင်းနေခဲ့တာပါ"
"ဒါကြောင့် အကယ်၍ ဒီအမှန်တရား ဆိုတာက ကျွန်တော့်ရဲ့ အခုရှိနေတဲ့ ပျော်ရွှင်မှုတွေကို ဆုံးရှုံးသွားစေမယ်ဆိုရင် ကျွန်တော် ဘာမှ မသိရတာကမှ ပိုကောင်းပါလိမ့်မယ်"
"ကျွန်တော့်ကိုယ်ကျွန်တော် ဒီကမ္ဘာကြီးက တောတောင်ထဲမှာ မတော်တဆ ချန်ထားခဲ့တဲ့ ကျောက်ခဲတစ်လုံးလို့ပဲ သဘောထားလိုက်မယ်၊ အဲဒီနောက်မှာ ကျိကျွင်းတို့နဲ့ မတော်တဆ ဆုံတွေ့ခဲ့တယ်ပေါ့"
"ဒါဆိုရင် ကျွန်တော့်အတွက် လုံလောက်ပါပြီ"
ဝမ်ကျိယွီ၏ စကားကို ကြားလိုက်ရသည့်အခါ ထန်ထျန်း ခေတ္တမျှ မှင်သက်သွားမိသည်။
ဝမ်ကျိယွီ၏ ကြီးထွားမှုနှုန်းမှာ အလွန်မြန်သည်ဟု သူ သိထားသော်လည်း ဤမျှ ရင့်ကျက်သော အတွေးမျိုး ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
တစ်နည်းအားဖြင့် ပြောရလျှင် ယခု ဝမ်ကျိယွီနှင့် ယခင် ဝမ်ကျိယွီက မတူညီသော ဝိညာဉ်နှစ်ခုကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။
သူက ယခုရှိနေသော အတွေးနှင့် ခံစားချက်များကို မူလကိုယ်တိုင်က ပြန်လည် အစားထိုးသွားမည်ကို မလိုလားပေ။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထန်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ"
"ဒါဆို မင်း အရာအားလုံးကို သိချင်တဲ့အချိန်ကျမှပဲ ငါ့ကို ပြန်မေးတော့"
"ပြီးတော့..."
ထန်ထျန်းက လက်ချောင်းဖြင့် တစ်ချက်တောက်လိုက်ရာ တောက်ပြောင်သော တာအိုအော်ရာ တစ်ခုက ဝမ်ကျိယွီ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံခြင်း ချိပ်ပိတ်မှုမှာလည်း သိသိသာသာ အားနည်းသွားတော့သည်။
"ငါ မရှိတဲ့အချိန်မှာ"
"မင်းရဲ့ မမရှောင်းရွှယ် ကို သေချာ စောင့်ရှောက်ပါ"