လုံးလုံးလျားလျား ပေါက်ကွဲသွားခြင်း
Vol. 37 Ch. 362
ကျယ်ပြန့်ပြီး မီးခိုးရောင် သန်းနေသော ကောင်းကင်ယံတွင် ကျုံးချင်သည် ရှေးဟောင်း လမ်းတလျှောက် လမ်းလျှောက်နေခဲ့သည်။
သူ၏ခြေလှမ်းတိုင်းသည် ကွဲပြားခြားနားသော အချိန်နှင့်လေဟာနယ် နယ်နိမိတ်များကို ဖြတ်ကျော်သွားသည့်အလားပင်။
နောက်ဆုံးတွင် သူသည် စိမ်းလန်းစိုပြည်သော ဝါးတောသို့ ပြန်ရောက်လာခဲ့သည်။
ခရမ်းဝါးများတွင် လျှပ်စီးများဖြင့် ဝန်းရံထားသည်။
ခရမ်းဝါးတော လှုပ်ယိမ်းသွားသည်နှင့်အမျှ လျှပ်စီးများလည်း ပျံ့နှံ့သွားပုံရသည်။
ထိုအရာတွင် အသက်စွမ်းအားများဖြင့် ပြည့်နှက်နေပြီး ရှေးဟောင်းအငွေ့အသက်များ ပျံ့နှံ့နေကာ ကြည်လင်သော ကျောက်စိမ်း အလင်းရောင်ဖြင့် တလက်လက် တောက်ပနေပြီး နတ်ဘုရားအရှိန်အဝါ ဖြင့် တန်ဆာဆင်ထားပေ၏။
ကျုံးချင်သည် ထိုအရာကို ပို၍ကြည့်ရှုလေလေ သူ ပို၍ဝမ်းသာလာလေလေပင်။
သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ ကြီးမားသော ခရမ်းဝါးတောကြီး သူ၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲသို့ ရောက်ရှိသွားခဲ့သည်။
"ချောက်နက်က သေချာပေါက် သေဆုံးရမယ့် နေရာလို့ ဘယ်သူ ပြောတာလဲ"
ဤနေရာသည် အမြင့်ဆုံး ရတနာသိုက်တစ်ခု ဖြစ်ကြောင်း သိသာထင်ရှားသည်။
ချောက်နက် အတွင်း သူ မည်မျှ ကြာအောင် ရှိနေခဲ့သည်ကို ထည့်သွင်းစဉ်းစားကြည့်လျှင် သူ၏ရရှိမှုများကို တွေးတောခြင်းက သူ၏ နှလုံးသားကို စိတ်လှုပ်ရှားမှုဖြင့် ကဆုန်စိုင်းခုန်ပေါက်သွားစေခဲ့သည်။
...
ကျုံးချင် ရတနာများကို စုဆောင်းနေစဉ်မှာပင် သရဲစိမ်းနှင့်မိုးခေါင်မီးတို့သည် ငရဲချော်ရည် ထွက်ပေါက်သို့ နောက်တစ်ကြိမ် ရောက်ရှိလာကြသည်။
သူတို့နှစ်ယောက်သား မြေကြီးပေါ်တွင် ဒူးထောက်လိုက်ကြပြီး သရဲစိမ်းက ရိုသေလေးစားစွာ သတင်းပို့လိုက်၏။
"အရှင်... အဲ့ဒီလူက တတိယ စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်သွားပါပြီ...စတုတ္ထ စမ်းသပ်မှုကို ကျွန်တော်တို့ ချက်ချင်းအသက်သွင်းပေးရမလား..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ချောက်နက်အရှင်သခင်ပင်လျှင် အံ့အားသင့်သွားပေ၏။
ချော်ရည်များအတွင်းမှ ကြက်သွေးရောင် မျက်လုံးတစ်စုံ ထွက်ပေါ်လာခဲ့သည်။
"ဘယ်လိုလုပ်ပြီး ဒီလောက် မြန်ရတာလဲ"
သမိုင်းမြစ်ကြီးထဲမှ ထွက်ပေါ်လာသည့်အလား နက်ရှိုင်းပြီး ရှေးဟောင်းဆန်သော အသံတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ရပ် ပါဝင်နေခဲ့သည်။
ထိုလူနှစ်ယောက် ထွက်သွားသည်မှာ အချိန် မည်မျှ ကြာပြီနည်း....
နာရီအနည်းငယ်ပင် ရှိအုံးမည် မဟုတ်ချေ။
ထိုသို့ဆိုသည့်တိုင် ဤမျှ အချိန်တိုလေးအတွင်းတွင် တစ်စုံတစ်ယောက်က ပုံရိပ်ယောင် သူတော်စင်စေတီကို ဖြတ်သန်းသွားခဲ့ပြီဟု သူတို့က ပြောဆိုကြ၏။
ထိုစမ်းသပ်မှုကိုဖြတ်သန်းသည့် အမြန်နှုန်းက သူ့အတွက်ပင်လျှင် သူ၏စိတ်ကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။
ချောက်နက်အရှင်သခင်၏ အသံထဲရှိ အံ့အားသင့်မှုကို ကြားချိန်တွင်....
သရဲစိမ်းနှင့် မိုးခေါင်မီးတို့သည် ပုံမှန်မဟုတ်သော တူညီသည့် သဘောတူညီမှုတစ်ခုကို မျှဝေလိုက်ကြ၏။
အမှန်တကယ်ကိုပင် ထိုအရာမှာ မြန်ဆန်လှသည်။
သူတို့၏ဘဝတွင် မြင်တွေ့ခဲ့ဖူးသမျှ အရာအားလုံးထက် မြန်ဆန်နေသည်။
ဤသည်က အလွန် မြန်ဆန်လွန်းသဖြင့် သူတို့အတွက် ထူးဆန်းနေပြီး သူတို့၏လောကအမြင်ကို လုံးလုံးလျားလျား ချိုးဖျက်လိုက်၏။
ချောက်နက်အတွင်း၌ ချော်ရည်များ လှိုင်းထလာခဲ့သည်။
ထို့နောက် ရှေးဟောင်းဆန်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော အသံက တဖန်ပြန်၍ ထွက်ပေါ်လာခဲ့သည်။
"စတုတ္ထ စမ်းသပ်မှုအတွက် မလောနဲ့...ဒီ အရှင်သခင်ရဲ့ စမ်းသပ်မှုသုံးခုကို တစ်ရက်တည်းနဲ့ ဖြတ်ကျော်နိုင်တဲ့ သူဆီမှာ ဘာတွေများ ထူးခြားနေလဲ ဆိုတာကို ဒီအရှင်က ကြည့်ချင်တယ်..."
ကျုံးချင်၏ စွမ်းဆောင်ရည်က ချောက်နက်အရှင်သခင်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပြီဟု ဆိုနိုင်သည်။
သူသည် သူ့ကိုယ်သူ သာမန်ထက် သာလွန်ထူးကဲသည်ဟု သတ်မှတ်ထားပေ၏။
သူ၏ပါရမီမှာ ခေတ်အဆက်ဆက်၌ ပြိုင်ဘက်ကင်းခဲ့သည်။
သူ ချမှတ်ထားသော စမ်းသပ်မှုများသည် လောကတခွင်လုံးကို ကြည့်မည်ဆိုလျှင် ကောင်းကင်ဧကရာဇ်တစ်ပါး၏ လူငယ်ဘဝတွင်ပင်လျှင် တစ်ရက်တည်းဖြင့် စမ်းသပ်မှု သုံးခုကို မည်သို့မျှ ဖြတ်ကျော်နိုင်မည် မဟုတ်ချေ။
ချောက်နက်အရှင်သခင်၏အသံ တိတ်သွားသည်နှင့်အမျှ ချော်ရည်များအတွင်းမှ နတ်ဘုရား အလင်းတန်းတစ်တန်း ပျံ့လွင့်လာပြီး နောက်ဆုံးတွင် လေဟာနယ်အတွင်းရှိ လှိုင်းထနေသော ပုံရိပ်ယောင်အလင်းကားချပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပေ၏။
ဤပုံရိပ်ယောင်အလင်းကားချပ်တွင် ချောက်နက်၏ ရှုခင်းတစ်ခုလုံးကို ပြသထားသည်။
နောက်ဆုံးတွင် အသွင်ပြောင်းမှုများ ဆက်တိုက် ဖြစ်ပေါ်ပြီးနောက် ထိုအရာသည် ကျုံးချင်၏ပုံရိပ်ကို ချိတ်ပိတ်လိုက်သည်။
သို့သော် ပုံရိပ်ယောင်အလင်းကားချပ်ပေါ်ရှိ မြင်ကွင်းက သူတို့အတွက် အလွန်ပေါက်ကွဲချင်စရာ ကောင်းနေခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် ကျုံးချင်သည် ခရမ်းဝါးများကို သူ၏ကိုယ်ပိုင်ကမ္ဘာငယ်လေး ထဲသို့ အဆက်မပြတ် ရွှေ့ပြောင်းနေပေ၏။
မြင်ကွင်းတွင် ထွက်ပေါ်လာသည်မှာ...
သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ ခရမ်းဝါးတော တစ်ခုပြီးတစ်ခု လုံးဝခြေရာခံမရဘဲ ပျောက်ကွယ်သွားခဲ့သည်။
ချော်ရည်ထွက်ပေါက်တွင် ရှိနေသောသရဲစိမ်းနှင့် မိုးခေါင်မီးတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။
သူတို့သည် လုံးလုံးလျားလျား မှင်တက်သွားကြ၏။
ကျုံးချင်၏နည်းလမ်းများသည် အလွန်ရဲတင်းကြောင်း သူတို့ သိထားကြသည်။
ထိုသို့မဟုတ်ပါက သူသည် ဦးတည်ချက်ငါးသွယ် နတ်ဘုရားခန်းမကို ပြောင်သလင်းခါသွားစေမည် မဟုတ်ချေ။
သို့သော် သူ ဤအတိုင်းအတာအထိ ရဲတင်းလိမ့်မည်ဟု သူတို့ လုံးဝမျှော်လင့်မထားခဲ့ကြပေ။
သူသည် ထိုဝါးတောကိုပင် အလွတ်မပေးခဲ့ချေ။
အခြေအနေကို အကဲခတ်ကြည့်ရသလောက် ထိုအရာမှာ ခရမ်းဝါးများ မြေဆီလွှာတွင် ပေါက်ရောက်နေခြင်း မဟုတ်သောကြောင့်သာ ဖြစ်ပေ၏။
ထိုသို့မဟုတ်ပါက သူသည် မြေဆီလွှာကို သုံးပေ အနက်အထိ တူးပြီး အရာအားလုံးကို ယူသွားပေလိမ့်မည်။
"ဒါ... ဒါက လူတစ်ယောက် လုပ်နိုင်တဲ့ အရာလား"
သရဲစိမ်းနှင့် မိုးခေါင်မီးတို့သည် သူတို့ ရှင်သန်ခဲ့သော နှစ်များတလျှောက်လုံးတွင် ထိုကဲ့သို့လုပ်ဆောင်မှုမျိုးကို မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ်ပင်။
ထို့ပြင် ထိုလူသည် ဝါးတောတစ်ခုကိုပင် အလွတ်မပေးခဲ့ချေ။
သူသည် ပုံရိပ်ယောင် သူတော်စင်စေတီကိုလည်း ယူသွားခဲ့သလော....
ထိုဖြစ်နိုင်ခြေကို တွေးမိခြင်းက သူတို့ကို စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။
သူတို့က ကိုးဆယ် ရာခိုင်နှုန်း.... မဟုတ်သေး... ပုံရိပ်ယောင်သူတော်စင်စေတီသည် ကျုံးချင်၏ လက်ချက် မိသွားပြီဖြစ်ကြောင်း ရာနှုန်းပြည့် သေချာနေခဲ့သည်။
တခြားလူများအနက် စမ်းသပ်မှုများကို ဖြတ်သန်းချိန်တွင် သေလုမျောပါး ရုန်းကန်မှုကို မဖြတ်သန်းခဲ့ရသူဟူ၍ မည်သူ ရှိသနည်း...
သို့သော် ကျုံးချင်ကမူ မည်သို့ ရှိသနည်း....
သူသည် သူ မြင်နိုင်သမျှ အရာအားလုံးကို တိုက်ရိုက်ရှင်းလင်းပစ်ခဲ့၏။
သူသည် အနည်းငယ်မျှ လွတ်သွားမည်ကို ကြောက်နေပြီး သူ့အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ရရှိမည်ဟု ခံစားနေရသည့်အလားပင်။
ဤသည်မှာ ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင် ဒေါသထွက်စရာ ကောင်းလှသည်။
သရဲစိမ်းနှင့် မိုးခေါင်မီးတို့ကို ပို၍ပင် သည်းမခံနိုင်အောင် ဖြစ်စေခဲ့သည့်အရာမှာ ကျုံးချင်သည် ခရမ်းဝါးတောတစ်ခုလုံးကို စုဆောင်းပြီးနောက် သူ၏ခြေထောက်အောက်ရှိ ရှေးဟောင်း လမ်းကိုလည်း ယူဆောင်ရန် ကြိုးစားခဲ့ခြင်းပင်။
အကယ်၍ ရှေးဟောင်းလမ်းသာ ချောက်နက်၏ အရေးပါသော အစိတ်အပိုင်းတစ်ခု မဟုတ်ခဲ့ပါက ထိုအရာသည် သူ၏ဖျက်ဆီးတတ်သော ထိတွေ့မှုကို အမှန်တကယ် ခံစားခဲ့ရလောက်သည်။
သူတို့နှစ်ယောက်သည် သူတို့၏တည်ငြိမ်မှုကို လုံးလုံးလျားလျား ဆုံးရှုံးသွားပေ၏။
သရဲစိမ်းက ရိုသေလေးစားစွာ ပြောဆိုလိုက်သည်။
"အရှင်... ဒီလူက အရှင်ရဲ့ ရတနာတွေကို လိုချင်တပ်မက်ရဲတယ်...သူ့ရဲ့လောဘက ဒေါသထွက်စရာ ကောင်းပြီးတော့ အရှင် ချမှတ်ထားတဲ့ စမ်းသပ်မှုတွေရဲ့ မူလရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေပါတယ်...အရှင်ရဲ့ လက်အောက်ငယ်သားတွေက သူ့ကို သတ်ပြီး အရှင်အတွက် ရတနာတွေကို ပြန်ယူပေးဖို့ လိုအပ်ပါသလား..."
သို့သော် ထိုစကားများသည် ချောက်နက်အရှင်သခင်ထံမှ ဆူပူကြိမ်းမောင်းမှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။
"သူ့ကို သတ်မယ်... လူ့လောကမှာ ဒီအရှင်သခင် ရဲ့ ကိုယ်စားလှယ် ဖြစ်လာဖို့ မင်းတို့လို အသုံးမကျတဲ့ ကောင်နှစ်ကောင်ကို အားကိုးရမှာလား..."
သူ၏အသံမှာ မိုးကြိုးပစ်ခတ်သံအလား မိုးကောင်းကင်ကို တုန်ခါသွားစေပြီး သရဲစိမ်းနှင့် မိုးခေါင်မီးတို့ကို ကြောက်ရွံ့စွာ တုန်ရီသွားစေခဲ့သည်။
"အရှင်... ကျေးဇူးပြုပြီး ဒေါသကို ဖြေဖျောက်ပါ..."
ချောက်နက်အရှင်သခင်သည် ပုံရိပ်ယောင်အလင်းကားချပ်ပေါ်ရှိ ကျုံးချင်ကို ကြည့်လိုက်၏။
သူ့ထံ၌ ဖော်ပြ၍မရနိုင်သော စိတ်ကျေနပ်မှုတစ်ခု ရှိနေခဲ့သည်။
သူ၏စိတ်အခြေအနေ ကောင်းမွန်နေခြင်းကြောင့် သူတို့နှစ်ယောက်ကို ရှင်းပြရန် သူ စိတ်မရှိခဲ့ချေ။
"ဒီအရှင်သခင် စမ်းသပ်မှုတွေကို ချမှတ်ခဲ့ရတဲ့ ပထမဆုံးရည်ရွယ်ချက်က ဘယ်သူက သူတို့ရဲ့ လောဘကို ထိန်းချုပ်နိုင်မလဲ ဆိုတာကို ကြည့်ချင်လို့ပဲ..လိုအင်ဆန္ဒရဲ့ တွန်းအားပေးမှုကို ခံရနိုင်တဲ့ သူတစ်ယောက်က သူတို့ရဲ့ စွမ်းရည် ဘယ်လောက်ပဲ ကောင်းကင်ကို ဆန့်ကျင် နေပါစေ ဒီ အရှင်သခင်ရဲ့ ကိုယ်စားလှယ် ဖြစ်လာဖို့ ဘယ်လိုလုပ်ပြီး အခွင့်အရေး ရှိမှာလဲ..."
"ဒီလူက ငါ မမျှော်လင့်ထားတဲ့ တခြားထောင့်တစ်ခုကနေ အခြေအနေကို ချိုးဖျက်နိုင်ခဲ့တယ်...ဒါပေမဲ့ တခြားတစ်ဖက်မှာတော့ ကျင့်ကြံခြင်းတာအိုဆိုတာ မိုးကောင်းကင်ကို ဆန့်ကျင်နေတာပဲ..."
"တကယ်လို့ ကျင့်ကြံသူတစ်ယောက်မှာ လောဘသာ မရှိဘူးဆိုရင် အမြင့်ဆုံးတာအိုကို ဘယ်လိုလုပ်ပြီး ရရှိနိုင်မှာလဲ..."
"ဒီလူနဲ့ပတ်သက်ပြီး ချီးကျူးရဆုံး အရာကတော့ သူက လောဘအရမ်ကြီးမားပေမယ့် စည်းမျဉ်းတွေကို ပြီးပြည့်စုံစွာ ရှောင်ရှားနိုင်ပြီးတော့ သူ့ကိုယ်သူ ကာကွယ်နိုင်တာပဲ..."
"ဒီအချက်တစ်ချက်တည်းကတင် လောကကြီးမှာရှိတဲ့ ပါရမီရှင်တွေရဲ့ ကိုးဆယ့်ကိုး ရာခိုင်နှုန်းကို အဝေးကြီး နောက်ကောက်ချန်ထားခဲ့ဖို့ လုံလောက်တယ်..."
ထိုစကားများက သရဲစိမ်းနှင့် မိုးခေါင်မီးတို့၏ နှလုံးသားထဲတွင် ကြီးမားသော လှိုင်းလုံးများကို ဖြစ်ပေါ်စေခဲ့သည်။
ကျုံးချင်သည် သူတို့အရှင်သခင်၏ နှလုံးသားထဲတွင် ထိုကဲ့သို့ နေရာမျိုးကို ရရှိထားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။
သူတို့သည် အရှင်သခင်၏အဆင့်အတန်းကို သိထားကြ၏။
သူတို့၏အရှင်က တစ်စုံတစ်ယောက်ကို ထိုမျှ ပြင်းထန်စွာ အသိအမှတ်ပြုပေးသည်အား သူတို့ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင်။
သေချာသည်မှာ ကျုံးချင်၏ စွမ်းဆောင်ရည်သည် သူ၏ ဒေါသထွက်စရာ လုပ်ရပ်များမှလွဲ၍ အမှန်တကယ်ကို အထင်ကြီးစရာကောင်းသည်။
သို့သော် သရဲစိမ်းက တစ်စုံတစ်ရာကို တွေးတောမိသွားပုံရသည်။
သူက ဖျော့တော့တော့လေသံဖြင့် ပြောဆိုလိုက်၏။
"အရှင်... အဲ့ဒီလူက အရှင်ရဲ့ရတနာတွေကို ယူသွားပါတယ်...အဲ့ဒီရတနာတွေက အရှင်ရဲ့ ဒဏ်ရာတွေ သက်သာလာစေဖို့အတွက် အများကြီး အထောက်အကူ ပြုနိုင်တယ်..ဒါတွေ အားလုံးကို သူ့ကို ပေးရမှာလား..."
ချောက်နက်အရှင်သခင်၏မျက်နှာအမူအယာသည် ပြောင်းလဲသွားခြင်း မရှိချေ။
သူက ပြောဆိုလိုက်သည်။
"အဲ့ဒီ ရတနာတွေအားလုံးက ဒီအရှင်သခင်ရဲ့ နတ်ဘုရားစိတ်အာရုံနဲ့ ဆက်စပ်နေတယ်... အတွေးတစ်ချက်နဲ့တင် ဒီ အရှင်သခင် က အချိန်မရွေး ပြန်ယူလို့ ရတယ်...တကယ်လို့ ငါက သူ့ကို ခဏလောက် ထိန်းသိမ်းထားခွင့် ပြုလိုက်ရင်တောင် ဘာဖြစ်လဲ...အချိန်တန်ရင် ဒီ အရှင်သခင်က သူ့ရဲ့ရှေ့မှာ နည်းလမ်းတချို့ကို ပြသလိုက်မယ်... ဒါဆို သူက အရမ်းလေးစားသွားပြီးတော ဒီအရှင်သခင်ကို စိတ်ရောကိုယ်ပါ အကြွင်းမဲ့ အစေခံလိမ့်မယ်.."
"အရှင်က ဥာဏ်ပညာကြီးမားပါတယ်..."
သရဲစိမ်းနှင့်မိုးခေါင်မီးတို့သည် နားလည်သွားကြပြီး သူ့ကို အကြိမ်ကြိမ် မြှောက်ပင့်ဖားယားလိုက်ကြ၏။
သူတို့နှင့် သူတို့၏သခင်အရှင် ကြားရှိ ကွာဟချက်ကို သူတို့ နောက်တစ်ကြိမ် ခံစားလိုက်ရသည်။
မဟာဗျူဟာမြောက် အမြင်ဖြစ်စေ ဉာဏ်ပညာနက်ရှိုင်းမှုဖြစ်စေ အလွန်ကွာဟနေခဲ့သည်။
သို့သော် မိုးခေါင်မီးသည် ကျုံးချင်၏ ထူးဆန်းသော အပြုအမူများကို တွေးမိချိန်တွင် အနည်းငယ် စိုးရိမ်လာခဲ့သည်။
သူသည် မပြောဘဲ မနေနိုင်ခဲ့ချေ။
"အရှင်... ချောက်နက်ထဲကို ဝင်ကတည်းက ဒီလူရဲ့ အဆက်မပြတ် စွမ်းဆောင်ရည်တွေကို ကြည့်ရတာ တော်တော်လေး ထူးဆန်းတယ်...အဲဒီ ရတနာတွေက အရှင်ရဲ့ ကြီးမားတဲ့ ကိစ္စတွေနဲ့ သက်ဆိုင်နေတာ... မတော်တဆမှုတွေများ ရှိလာနိုင်မလား..."
"ဟမ့်"
ချောက်နက်အရှင်သခင်ထံမှ အလိုမကျသော အသံတစ်သံ ထွက်ပေါ်လာပေ၏။
သူသည် မည်ကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သနည်း....
ချောက်နက်တစ်ခုလုံးသည် သူ၏အပိုင်ပင်။
သူ၏မျက်စိအောက်တွင် တစ်စုံတစ်ယောက်က သူ၏ရတနာများကို ကိုယ်ကျိုးအတွက် ယူဆောင်သွားနိုင်မည်မှာ ဖြစ်နိုင်မည်လော..
မိုးခေါင်မီးက အလျင်အမြန် ဦးညွှတ်ကာ ခွင့်လွှတ်ပေးရန် တောင်းပန်လိုက်သည်။
"အရှင်... ခွင့်လွှတ်ပေးပါ... အရှင်ရဲ့ လက်အောက်ငယ်သားက အရှင်အတွက်ပဲ တွေးပေးနေတာပါ..."
တစ်ချိန်တည်းမှာပင် သူ စကားများလွန်းသည့်အတွက် သူကိုယ်သူ တိတ်တဆိတ် မုန်းတီးနေမိသည်။
တစ်ဖက်လူက မည်မျှပင် ထူးဆန်းနေစေကာမူ ထိုသူက အရှင်၏ရတနာများကို အမှန်တကယ် အလွဲသုံးစား လုပ်နိုင်မည်လော....
ချောက်နက်အရှင်သခင်အပေါ် ရိုသေလေးစားမှုမှာ သူ၏အရိုးများထဲတွင် အမြှစ်တွယ်နေပြီဖြစ်ကြောင်း သိသာထင်ရှားသည်။
ချောက်နက်အရှင်သခင်သည် ခွင့်လွှတ်ပေးရန် ဦးညွှတ်အရိုအသေပြုနေသော မိုးခေါင်မီးကို ဂရုမစိုက်ခဲ့ချေ။
သူသည် သူ၏ရတနာများကို အာရုံခံရန် သူ၏ နတ်ဘုရားစိတ်အာရုံကို အသုံးပြုလိုက်၏။
နောက်ထပ်အချိန်တခဏတွင်...
ချောက်နက်အရှင်သခင် လုံးလုံးလျားလျား ပေါက်ကွဲသွားခဲ့သည်။
"ဒီအရှင်သခင်ရဲ့ ဦးတည်ချက်ငါးသွယ် နတ်ဘုရားခန်းမက ဘယ်မှာလဲ..."