← Chapters

ငါ ဘာတွေ ဖြတ်သန်းခဲ့ရမှန်းတောင် ငါ မသိဘူး

Vol. 37 Ch. 365

ငါ ဘာတွေ ဖြတ်သန်းခဲ့ရမှန်းတောင် ငါ မသိဘူး

Vol. 37 Ch. 365

ကောင်းကင်နှင့်မြေပြင်ကြားတွင် တုန်ခါမှု တစ်ခု ရှိနေခဲ့ပေ၏။

လေဟာနယ်မှာ တုန်ယင်နေပြီး နေရာလွတ်မှာ လိမ်ယှက်ကာ ရစ်ခွေနေခဲ့သည်။

နတ်ဘုရားအလင်းတန်းများက တစ်ခုနှင့်တစ်ခု ယှက်နွှယ်နေကြ၏။

ထိုအရာများက အဆုံးမဲ့ သတ်ဖြတ်လိုသော အငွေ့အသက်များအဖြစ်သို့ စုစည်းသွားကြသည်။

ဤအချိန်အခိုက်အတန့်တွင် သရဲစိမ်းနှင့် မိုးခေါင်မီးတို့၏အမြင်တွင်..

ကောင်းကင်ဘုံချောက်နက်တစ်ခုလုံးကို ကြယ်တာရာ သုံးရာခြောက်ဆယ့်ငါးလုံး သတ်ဖြတ်ခြင်းဝင်္ကပါက လွှမ်းခြုံထားခဲ့လေပြီ။

ထက်ရှသော သတ်ဖြတ်လိုခြင်း အငွေ့အသက်က တိမ်များကို ထွင်းဖောက်ပြီး ကောင်းကင်နှင့်မြေပြင်ကို အက်ကွဲသွားစေတော့မည့်အလားပင်။

စည်းမျဉ်းများ တစ်ခုပြီးတစ်ခု ယှက်နွှယ်လာသည်နှင့်အမျှ ကောင်းကင်နှင့်မြေပြင်ကြားတွင် အထိတ်လန့်ဆုံး သတ်ဖြတ်ခြင်း လှုပ်ရှားမှုကို ဖန်တီးနေပုံရသည်။

ဤသတ်ဖြတ်ခြင်းဝင်္ကပါသည် ပြိုင်ဘက်ကင်း နတ်ဆိုးတစ်ကောင် ပြန်လည်ရှင်သန်လာပြီး ရှေးခေတ်မှ အချိန်မြစ်ကို ဖြတ်ကျော်ကာ အတိတ်နှင့်ပစ္စုပ္ပန်ကို ဖြတ်သန်းပြီး ရောက်ရှိလာသည့်အလားပင်။

သရဲစိမ်းက ကြယ်တာရာ သုံးရာခြောက်ဆယ့်ငါးလုံး ဝင်္ကပါကြီးကို ကြည့်လိုက်သည်။

သူ၏မျက်လုံးများတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာပေ၏။

သူက တီးတိုးရေရွတ်လိုက်သည်။

"ဒီဝင်္ကပါကြီး ပြန်ပြီးအသက်ဝင်လာတာကို မြင်ရတော့ ငါက ပစ်မှတ်ထား မခံရရင်တောင်မှ အမြဲတမ်း ကြောက်ရွံ့မှုတစ်ခုကို ခံစားနေရတုန်းပဲ...ပြောရမယ်ဆိုရင် ဒီလို ဝင်္ကပါကြီးအောက်မှာ သေရတာက ဂုဏ်သိက္ခာရှိရှိ သေရတာမို့ ဂုဏ်ယူစရာပဲ..."

မိုးခေါင်မီးကလည်း ဝင်္ကပါကြီး တစ်ခုလုံးကို တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

သူ၏မျက်လုံးများအတွင်းတွင်...

ဤဝင်္ကပါကြီးသည် လောကကြီးတွင် အကောင်းဆုံး ဝင်္ကပါပင်။

ထိုအရာသည် အနုပညာလက်ရာတစ်ခု ဖြစ်ပေ၏။

ထိုအရာ ထုတ်လွှတ်နေသော အရှိန်အဝါကို ခံစားရုံဖြင့် လူတစ်ယောက်၏သွေးများကို ချက်ချင်းဆူပွက်လာစေနိုင်ပေသည်။

သူ၏ဘဝတွင် ဂုဏ်ကျက်သရေရှိသော လုပ်ရပ်များစွာ ရှိခဲ့ပြီး ဒဏ္ဍာရီများစွာကို ဖန်တီးခဲ့သော်လည်း သူ ဂုဏ်အယူရဆုံးနှင့် ကြွားလုံးထုတ်နိုင်ဆုံး အရာမှာ ထိုကဲ့သို့ ပြိုင်ဘက်ကင်း ဝင်္ကပါကြီးကို သူကိုယ်တိုင် အသက်သွင်းနိုင်ခဲ့ခြင်းပင်။

သူက ယုံကြည်မှုရှိစွာဖြင့် ပြောဆိုလိုက်၏။

"အရာအားလုံးက အခု ပြီးဆုံးသွားသင့်ပြီ..."

ကောင်းကင်ဘုံချောက်နက်အတွင်းသို့ ဝင်ရောက်လာကတည်းက ကျုံးချင်၏စွမ်းဆောင်ရည်ကို ကြည့်ရသည်မှာ အမှန်တကယ်ကို အထင်ကြီးလောက်စရာ ဖြစ်ခဲ့သည်။

သူသည် လူအများကို အကြိမ်ကြိမ် အံ့အားသင့်သွားစေခဲ့သည်။

သို့သော် သူ မည်မျှပင် ထူးခြားကာ မည်မျှပင် သာမန်ထက် လွန်ကဲနေပါစေ...

အကြွင်းမဲ့စွမ်းအား၏ ဖိ​နှိပ်မှုအောက်တွင် သေဆုံးရခြင်းမှာ သူ၏ တစ်ခုတည်းသော ခရီးဆုံးပန်းတိုင်ပင်။

တစ်ချိန်တည်းမှာပင် ဤကိစ္စ၌ ပါဝင်ပတ်သက်သူ ကျုံးချင်သည် ဖရိုဖရဲချီကို အဆက်မပြတ် ဝါးမျိုနေဆဲဖြစ်ပြီး အပြင်ဘက်တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို လုံးလုံးလျားလျား သတိမထားမိပုံရသည်။

ထိုအပြုအမူက သရဲစိမ်းနှင့် မိုးခေါင်မီးတို့ကို ခေါင်းခါယမ်းသွားစေခဲ့သည်။

သူတို့သည် ယခင်က ကျုံးချင်အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့ကြပြီး အရှင်၏စမ်းသပ်မှုများကို အောင်မြင်ရန် အခွင့်အရေးများသည့် တစ်ဦးတည်းသောလူဟု ယုံကြည်ခဲ့ကြသည်။

သို့သော် ယခုအချိန်တွင် သူတို့သည် သူ့ကို အထင်ကြီးလွန်းသွားခဲ့ပြီဖြစ်ကြောင်း သိသာထင်ရှားသည်။

သေမင်းကို ရင်ဆိုင်ရချိန်တွင် သူသည် သူ၏ လောဘကြီးသော သဘာဝကို ပြသနေဆဲပင်။

ထိုကဲ့သို့ လူတစ်ယောက်က စမ်းသပ်မှု အမြောက်အများကို အောင်မြင်သွားနိုင်ခြင်းမှာ အမှန်တကယ်ကို ယုံကြည်နိုင်စရာ မရှိလှချေ။

ဖြစ်နိုင်သည်မှာ သူ့ထံတွင် နောက်ခံတစ်ခုခု ရှိပြီး လှည့်ကွက်တချို့ ရှိနေခြင်းသာ ဖြစ်ပေမည်။

သို့သော် နောက်ဆုံးတွင် သူ၏လောဘသည် ကြီးမားလွန်းပြီး သူ၏အမြင်မှာ ကျဉ်းမြောင်းလွန်းပေ၏။

အကယ်၍ သူသာ စစ်ဆေးမှုကို အောင်မြင်ပြီး အရှင်၏ကိုယ်စားလှယ် ဖြစ်လာနိုင်ပါက သူသည် ထိန်းချုပ်ခံ ရုပ်သေးရုပ်တစ်ခုမျှသာ ဖြစ်လာမည် ဆိုသော်လည်း သူ ရရှိနိုင်မည့် အကျိုးကျေးဇူးများသည် များပြားလှပေလိမ့်မည်။

နှမြောစရာကောင်းလိုက်တာ...အရမ်းကို နှမြောစရာကောင်းတယ်...

မကြာမီမှာပင်..

ကြယ်တာရာ သုံးရာခြောက်ဆယ့်ငါးလုံး သတ်ဖြတ်ခြင်းဝင်္ကပါသည် အပြည့်အဝ အသက်ဝင်လာခဲ့လေပြီ။

ထိတ်လန့်ဖွယ် သတ်ဖြတ်ခြင်း လှုပ်ရှားမှုများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို မှောက်လှန်ပစ်ကာ သက်ရှိအားလုံးကို ရှင်းလင်းပြီး အသက်စွမ်းအားများအားလုံးကို ဖျက်ဆီး၍ ရန်သူအားလုံးကို ဆုတ်ဖြဲပစ်တော့မည့်အလား ဓားချီအလင်းတန်းတစ်ချက်က လောကကြီးကို အံ့အားသင့်သွားစေခဲ့သည်။

သရဲစိမ်းနှင့် မိုးခေါင်မီးတို့၏ အမြင်အရ ကျုံးချင်သည် ထိုထိတ်လန့်ဖွယ် ဓားချက်အောက်မှ လုံးလုံးလျားလျား လွတ်မြောက်နိုင်မည် မဟုတ်ချေ။

သူသည် ထိုးနှက်ချက် တစ်ချက်တည်းဖြင့် အမှုန်အမွှားများအဖြစ်သို့ ခုတ်ထစ်ခံရမည့် ရလဒ်ကို သူတို့ မြင်တွေ့နေရသည်။

သို့သော် ဓားချီအလင်းရောင်သည် ကျုံးချင်ကို ထိမှန်သွားချိန်တွင် ထိုကျယ်​ပြန့်ကာ ထိတ်လန့်ဖွယ်ကောင်းပြီး ပြိုင်ဘက်ကင်းလောက်အောင် ထက်ရှသည့် ဓားချီသည် ပူပြင်းသော နေရောင်နှင့် တွေ့သော နှင်းများအလား ဖြစ်သွားခဲ့ပေ၏။

ထိုအရာသည် တိုက်ရိုက်အရည်ပျော်သွားပြီး လုံးလုံးလျားလျား ခြေရာခံမရဘဲ ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်နှင့်မြေပြင်ကို မှောက်လှန်ပစ်ရန် မ​ဆိုထားနှင့် ထိုအရာသည် လှိုင်းဂယက် တစ်ခုမျှပင် မဖြစ်ပေါ်စေခဲ့ချေ။

သရဲစိမ်းသည် လုံးလုံးလျားလျား မှင်တက်သွားပြီး တီးတိုးရေရွတ်လိုက်၏။

"ဘယ်လို... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

ထိုကဲ့သို့ ထိတ်လန့်ဖွယ် ဓားချက်ကြီးသည် မည်သို့ ရုတ်တရက် ပျောက်ကွယ်သွားရသနည်း။

ဤအချိန်အခိုက်အတန့်တွင် သူတို့နှစ်ယောက်က ထိုမြင်ကွင်းသည် အလွန်ထူးဆန်းလွန်းပြီး အလွန် ဆိုးယုတ်လွန်းကာ အိပ်မက်ဆန်လွန်းနေသည်ဟုပင် ခံစားလိုက်ရသည်။

ထို့နောက် ထိတ်လန့်ဖွယ် သတ်ဖြတ်ခြင်း လှုပ်ရှားမှုများက မိုးပေါက်များအလား တစ်ခုပြီးတစ်ခု ကျရောက်လာခဲ့သည်။

ထိုလှုပ်ရှားမှုများအနက် တချို့သည် တလိမ့်လိမ့်ဆင်းသက်လာသော မိုးကြိုးများ ဖြစ်ပြီး တချို့က အဆုံးမဲ့ ကောင်းကင်မီးတောက်များ ကျဆင်းလာခြင်းဖြစ်ကာ တချို့ကမူ ကြမ်းတမ်းသော လေပြင်းများ ဖြစ်ကြ၏။

ထိုသတ်ဖြတ်ခြင်းလှုပ်ရှားမှုများသည် ထူထပ်သိပ်သည်းပြီး အကန့်အသတ်မဲ့ဖြစ်နေသည်။

ထိတ်လန့်ဖွယ် သတ်ဖြတ်ခြင်း လှုပ်ရှားမှုများက တစ်ခုပြီး တစ်ခု ပြေးဝင်လာကြပြီး ထိုအရာအားလုံးက ကျုံးချင်ထံသို့ ဦးတည်နေကြသည်။

တိုက်ခိုက်မှုတိုင်းက အကန့်အသတ်မဲ့သော ထိတ်လန့်ဖွယ် စွမ်းအားများကို သယ်ဆောင်လာခဲ့သည်။

တိုက်ခိုက်မှုတိုင်းသည် သေမင်း၏ ပြယုဂ်တစ်ခုအလား ဖြစ်နေပေ၏။

သို့သော် ထို သတ်ဖြတ်ခြင်း လှုပ်ရှားမှုများအားလုံး ယခင်အရာများနှင့် အတိအကျ တူညီနေခဲ့၏။ ကျုံးချင်၏အနီးသို့ ရောက်ရှိလာသည်နှင့် တပြိုင်နက် ထိုအရာများအားလုံး ​အရိပ်အယောင်မကျန်ဘဲ အလိုအလျောက် ပျောက်ကွယ်သွားကြသည်။

အချိန်တခဏအတွင်းတွင် သရဲစိမ်းနှင့် မိုးခေါင်မီးတို့၏မျက်လုံးများ ကျွတ်ထွက်လုနီးပါး ပြူးကျယ်သွားသည်။

ကျုံးချင် အလွန် ထူးဆန်းကြောင်း သူတို့ သိထားကြသည်။

သို့သော် သူတို့ကဲ့သို့ ပွဲကြည့်ပရိသတ်များပင်လျှင် သူတို့၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားအောင် ထူးဆန်းလွန်းသည်။

ဤသည်မှာ ရှေးဟောင်းထိပ်တန်းသတ်ဖြတ်ခြင်း ဝင်္ကပါဆယ်ခုအနက်မှ တစ်ခုပင်။

ထိုဝင်္ကပါ၏စွမ်းအားသည် ပြိုင်ဘက်ကင်းပြီး လောကကြီးတွင် ပြိုင်ဘက် မရှိချေ။

ထိုမျှထိ လွှမ်းမိုးနိုင်သော စွမ်းအားဖြင့် ကျုံးချင်ထက် အဆတစ်ထောင် သို့မဟုတ် တစ်သောင်း ပို၍အားကောင်းသော ကျွမ်းကျင်သူတစ်ဦးပင်လျှင် ဒူးထောက်ရပေလိမ့်မည်။

သူတို့သည် ထိုသတ်ဖြတ်ခြင်းလှုပ်ရှားမှုများ၏ ဆုတ်ဖြဲခြင်းကို ခံရပေလိမ့်မည်။

သို့သော် ယခုအချိန်တွင် ထိုအရာက အသက် နှစ်ဆယ်အရွယ်သာ ရှိသေးသော လူငယ်တစ်ဦးကို အနည်းငယ်မျှပင် အန္တရာယ် မပေးနိုင်ခဲ့ချေ။

မိုးခေါင်မီးသည် သူ၏လောကအမြင်တစ်ခုလုံး မြေပြင်ပေါ်တွင် အကြိမ်ကြိမ် ဖိနှိပ်ခံနေရသကဲ့သို့ ခံစားလိုက်ရပြီး မေးမြန်းလိုက်၏။

"သူ... သူ ဘယ်လို လုပ်လိုက်တာလဲ..."

ပုံရိပ်ယောင် သူတော်စင်စေတီအတွင်း၌ ကျုံးချင်တွင် ဓမ္မသောင်းချီနယ်ပယ် ကျင့်ကြံမှုသာ ရှိကြောင်း သူတို့ အတည်ပြုထားပြီးဖြစ်သည်။

အသက်နှစ်ဆယ်အရွယ် ဓမ္မသောင်းချီနယ်ပယ် ကျင့်ကြံသူတစ်ဦးမှာ အံ့အားသင့်ဖွယ်ကောင်းပြီး မွန်းစတားဆန်သည်ဟုပင် ဆိုနိုင်သည်။

သို့သော် လောကကြီးသည် အလွန်ကျယ်​ပြန့်ကာ ထိုကဲ့သို့ မွန်းစတားဆန်သော ပါရမီရှင်များကို ရှေးဟောင်းခေတ်မှ ယနေ့အထိ မကြားဖူးသည်တော့ မဟုတ်ချေ။

သူတို့ အတော်အသင့် သိထားကြပေ၏။

သို့သော် ဓမ္မသောင်းချီနယ်ပယ် ကျင့်ကြံသူများအနက် မည်သူက ကျုံးချင်နှင့် တူသနည်းကို မည်သူက သူတို့ကို ပြောပြနိုင်မည်နည်း.....

မှော်ဝါးဝင်္ကပါထဲတွင် လွတ်လပ်စွာ သွားလာနိုင်ရုံသာမက ပုံရိပ်ယောင် သူတော်စင်စေတီတွင်လည်း မြေပြန့်ပေါ်၌ လမ်းလျှောက်နေသည့်အလားပင်။

ယခုအချိန်တွင် ထိုအရာသည် ပို၍ပင် တရားလွန်လွန်းနေလေပြီ။

ရှေးဟောင်း ထိပ်တန်းသတ်ဖြတ်ခြင်း ဝင်္ကပါ ဆယ်ခုအနက် တစ်ခုက သူ့ကို အနည်းငယ်မျှပင် အန္တရာယ် မပေးနိုင်ခဲ့ချေ။

မိုးကောင်းကင်ယံတခွင်လုံး၌ ပြည့်နှက်နေသော ထိုတိုက်ခိုက်မှုများအောက်တွင် ကျုံးချင်သည် လုံးလုံးလျားလျား အန္တရာယ် ကင်းနေရုံသာမက သမ်းဝေခြင်းပင် ပြုနေခဲ့သည်။

သူသည် ထိုထိတ်လန့်ဖွယ် သတ်ဖြတ်ခြင်း ဝင်္ကပါကို လုံးလုံးလျားလျား လျစ်လျူရှုထားပေ၏။

အမှန်အားဖြင့် ကျုံးချင်သည် တည်ငြိမ်နေသယောင် တမင်သက်သက် ဟန်ဆောင်နေခြင်း မဟုတ်ချေ။ ထိုအစား သူ၏စိတ်သည် ဖရိုဖရဲချီများအတွင်း၌ လုံးလုံးလျားလျား နစ်မြောနေခဲ့သဖြင့် တိုက်ခိုက်မှုများစွာ သူ့ထံသို့ ရောက်လာသည်ကို သူ သတိမထားမိခဲ့ခြင်းပင်။

သို့သော် မိုးခေါင်မီးနှင့်သရဲစိမ်းတို့၏ အမြင်တွင် ဤသည်မှာ ဒေါသထွက်စရာ ကောင်းလှသည်။

ထိုအရာက သူတို့၏မျက်လုံးများကို နီမြန်းသွားစေခဲ့သည်။

မိုးခေါင်မီးသည် နေရာတွင်ပင် စိတ်မထိန်းနိုင်ဖြစ်သွားပြီး အော်ဟစ်လိုက်၏။

"လွန်လွန်းတယ်...ဒါက တကယ်ကို တရားလွန်လွန်းတယ်..."

ဤကြယ်တာရာ သုံးရာခြောက်ဆယ့်ငါးလုံး ဝင်္ကပါကြီးသည် သူ၏ဂုဏ်ယူစရာပင်။

ထိုအရာကို သူ ခင်းကျင်းထားခြင်းမဟုတ်ဘဲ သူသည် အစေခံတစ်ဦးအနေဖြင့် အသက်သွင်းသူ တစ်ဦးမျှသာ ဖြစ်သော်လည်း...

သို့သော် ထိုအရာ၏အမြင့်ဆုံးစွမ်းအားအပေါ် သူ၏ယုံကြည်ချက်များ ပြင်းထန်ခဲ့သည်။

ပြီးတော့ ကျုံးချင်၏အပြုအမူသည် သူ၏စိတ်ဝိညာဉ်ကို ညှဉ်းပန်းနှိပ်စက်ခြင်း ဖြစ်ရုံသာမက သူ၏ဂုဏ်သိက္ခာကို နင်းခြေခြင်းနှင့် သူ၏ ယုံကြည်ချက်ကို စော်ကားခြင်းလည်း ဖြစ်ပေ၏။

လေဟာနယ်အတွင်းမှနေ၍ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ဘာလို့ ဒီလို ဖြစ်နေရတာလဲ..."

မိုးခေါင်မီးက အံ့အားသင့်နေပြီး နာကြည်းမုန်းတီးစွာ ပြောဆိုလိုက်သည်။

"ဒီကောင်လေးဆီမှာ ဝင်္ကပါရဲ့ စွမ်းအားကို လုံးဝလျစ်လျူရှုနိုင်တဲ့ ထူးဆန်းတဲ့ နည်းလမ်း တစ်ခုခု ရှိနေပုံပဲ...ငါတို့ရဲ့ ရုပ်ခန္ဓာကိုယ် တွေ မရှိတော့တာ နှမြောစရာပဲ... ငါတို့က စိတ်ဝိညာဉ် ပုံစံနဲ့ပဲ ရှိတော့တာ...ဒါမှမဟုတ်ရင် သူ့ကို ဒီလောက်ထိ မာနထောင်လွှားခွင့် ဘယ်လိုလုပ်ပြီး ပေးနိုင်မှာလဲ..."

သရဲစိမ်းက တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။

"အရင်တုန်းက အရှင်က သူ့ကို ဆန့်ကျင်ဖို့ သတ်ဖြတ်ခြင်း ဝင်္ကပါကို အသက်သွင်းတာက ကြက်ကို သတ်ဖို့ နွားသတ်ဓားကို သုံးသလို လွန်ကဲတယ်လို့ ငါ ထင်ခဲ့တာ...ငါတို့ နှစ်ယောက် လှုပ်ရှားနိုင်တဲ့ ချောက်နက် အခွင့်အာဏာရဲ့ စွမ်းအားတစ်စိတ်တစ်ပိုင်းနဲ့တင် သူ့ကို နှိပ်စက်သတ်ဖြတ်ဖို့ လုံလောက်တယ်လို့ ထင်ခဲ့တယ်...ဘယ်သူက ဒီလိုဖြစ်လာမယ်လို့ ထင်ထားမိမှာလဲ..."

ထိုအကြောင်းကို ပြောချိန်တွင် သူ၏အသံတွင် ခါးသည်းမှု အရိပ်အယောင်တစ်ခုနှင့်အတူ တုန်လှုပ်မှုနှင့် အကြောက်တရားတချို့လည်း ရောယှက်နေသည်။

ကျုံးချင်သည် ချောမွတ်နေသော ငါးရှဥ့်တစ်ကောင်နှင့် တူညီကြောင်း သူကို ပို၍ပို၍ခံစားရစေသည်။

သူမှာ ဓမ္မသောင်းချီနယ်ပယ် ကျင့်ကြံသူတစ်ဦးသာဖြစ်ကြောင်း သိသာထင်ရှားသော်လည်း သူ့ကို ကိုင်တွယ်ဖြေရှင်း၍ မရနိုင်ဘဲ စွမ်းအားမဲ့မှု ခံစားချက်တစ်ခုကို လူအများအား ခံစားရစေပေ၏။

ကျုံးချင်က ဤကိစ္စများကို သတိမထားမိခဲ့ချေ။

သူ မသိလိုက်ဘဲ ထိုလူနှစ်ယောက်ကို သူတို့၏ တည်ငြိမ်မှုအား အကြိမ်ကြိမ် ဆုံးရှုံးသွားစေခဲ့ကြောင်း သူ မသိခဲ့ပေ။

ဤအချိန်အခိုက်အတန့်တွင် သူသည် ကောင်းကင်ဘုံချောက်နက် အတွင်းရှိ မည်သည့် ပြောင်းလဲမှုများကိုမျှ အာရုံမခံမိသေးချေ။

ဤသည်မှာ သူ၏ခံနိုင်ရည်အား အမှန်တကယ်ကို အလွန်သန်မာအားကောင်းလွန်းသောကြောင့် ဖြစ်နိုင်သည်။

အပျက်သဘောဆောင်သော သက်ရောက်မှုများ အပါအဝင် ဝင်္ကပါများနှင့်ပတ်သက်သည့် အရာအားလုံးကို သူ အလိုအလျောက် လျစ်လျူရှုနိုင် ကာကွယ်နိုင်ပြီး ဖယ်ရှားနိုင်ပေ၏။

ဒုတိယအချက်အနေဖြင့် သူ့အား ဖရိုဖရဲချီများဖြင့် လုံးလုံးလျားလျား ဝန်းရံခံထားရသည်။

ထိုဖရိုဖရဲချီများက လူတစ်ယောက်၏ အာရုံငါးပါးကို ပိတ်ဆို့ထားနိုင်ပြီး လူတစ်ယောက်၏ မျက်နှာရှေ့ရှိ လက်ချောင်းငါးချောင်းကိုပင် မမြင်နိုင်အောင် ပြုလုပ်နိုင်ကာ လေဟာနယ်ကို တွန့်လိမ်စေနိုင်သည်။

ထိုအရာကြောင့် ကောင်းကင်ဘုံချောက်နက်တစ်ခုလုံး၌ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပေါက်ကွဲထွက်သွားစေပြီး အမျိုးမျိုးသော ထိတ်လန့်ဖွယ် သတ်ဖြတ်ခြင်းလှုပ်ရှားမှုများ ရုတ်တရက် ပေါ်လာစေခဲ့သော်လည်း သူ လုံးလုံးလျားလျား မသိခဲ့ခြင်းပင်။

ထို့ပြင် ကျုံးချင်၏ သတိမထားမိဘဲ မသိကျိုးကျွန်ပြုနေသော ဟန်ပန်က သရဲစိမ်းနှင့် မိုးခေါင်မီးတို့ကို စိတ်ထိန်းမရတော့သည်အထိ ဖြစ်စေခဲ့ပေ၏။

...

All Chapters