← Chapters

ငါ့ကို ဘယ်လိုထင်လဲ

Vol. 37 Ch. 368

ငါ့ကို ဘယ်လိုထင်လဲ

Vol. 37 Ch. 368

ရှေးဟောင်းလမ်းပေါ်တွင် ကျုံးချင်သည် သရဲစိမ်းနှင့် မိုးခေါင်မီးတို့ကို ကြည့်လိုက်၏။

သူက ပြောဆိုလိုက်သည်။

"လမ်းပြပါ...ဒီကောင်းကင်ဘုံချောက်နက် ခရီးစဉ်က ငါ့အတွက် တော်တော်လေး အကျိုးအမြတ်များတယ်...ဒီရရှိမှုတွေက မင်းတို့ရဲ့အရှင်နဲ့ သက်ဆိုင်နေရမယ် မဟုတ်လား...သူက ဒီလောက်ထိ ကြီးမားတဲ့ လက်ဆောင်ကြီးကို ပေးခဲ့မှတော့ သူ့ကိုတွေ့ပြီး ကျေးဇူးတင်စကား ပြောသင့်တာပေါ့..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သရဲစိမ်းနှင့်မိုးခေါင်မီးတို့နှစ်ယောက်လုံး ချက်ချင်းဆိုသလိုပင် ပြာယာခတ်သွားကြသည်။

သူတို့သည် ကျုံးချင်ကို မယုံကြည်နိုင်မှုများဖြင့် ကြည့်လိုက်ကြ၏။

သူတို့သည် ကျုံးချင်၏အင်္ကျီဂုတ်ကို ဆွဲကာ 'မင်းက ငါတို့အရှင်ရဲ့ရတနာတွေကို ခိုးသွားပြီးတော့ အဲ့ဒါတွေကို သူ့ဆီက လက်ဆောင်တွေလို့ ပြောနေသေးတယ်ပေါ့လေ... လောကမှာ ဒီလောက် အရှက်မရှိတဲ့ လူမျိုး ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ..."ဟု အော်ဟစ်ချင်စိတ်များ ပေါက်သွားခဲ့ကြသည်။

သို့သော် နောက်ဆုံးတွင် သူတို့နှစ်ယောက်လုံး ဘာမှမပြောခဲ့ကြချေ။

သူတို့၏အမူအရာများ ပို၍ပင် ရှုပ်ထွေးလာခဲ့သည်။

ကျုံးချင်က ထပ်မံ၍ ပြောဆိုလိုက်သည်။

"လူကြီးမင်းတို့... ဒါက ငါတို့ ပထမဆုံး တွေ့ဆုံခြင်း ဖြစ်ရမယ် မဟုတ်လား...ဒါပေမဲ့ မင်းတို့က ငါ့ကို တော်တော်လေး ရင်းနှီးနေသလိုပဲလို့ ငါ ဘာလို့ ခံစားနေရတာလဲ... ပြီးတော့ နားလည်မှုလွဲတာ တစ်ခုခုများ ရှိနေမလား..."

ကျုံးချင်သည် သူတို့၏အမူအယာ အပြောင်းအလဲများကို သဘာဝကျစွာပင် သတိပြုမိလိုက်၏။

သူတို့၏မျက်လုံးများထဲရှိ စိတ်ခံစားမှုများမှာ ရောင်စုံမှန်ပြောင်းတစ်ခုနှင့်ပင် တူညီနေသည်။

သူတို့သည် ကျုံးချင်နှင့် ရင်းနှီးရုံသာမက တစ်နေ့လျှင် သူ့ကို အကြိမ်များစွာ ဝိုင်းပတ်၍ကြည့်ရှုနေခဲ့ကြသည်။

သူတို့သည် ကျုံးချင်၏ မည်းနက်ပြီး ထူထဲသော ဆံပင်ရှည်တစ်မျှင်ချင်းစီကိုပင် ရေတွက်နိုင်လောက်သည်။နားလည်မှုလွဲတာနဲ့ ပတ်သက်လို့လား...

အဲ့ဒါမျိုး မရှိပါဘူး...

သူသည် အလွန်အမင်း လောဘကြီးပြီး ထူးဆန်းစွာ မွန်းစတားဆန်ကာ လုံးလုံးလျားလျား အရှက်မရှိသော တည်ရှိမှုတစ်ခုမျှသာ ဖြစ်ပေ၏။

သရဲစိမ်းက ပြောဆိုသည်။

"လူကြီးမင်းက ကျွန်တော်တို့ကို ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပေမဲ့ ကျွန်တော်တို့ကတော့ လူကြီးမင်းကို..."

သရဲစိမ်းသည် ဖော်ပြရန် စကားလုံး တစ်လုံးကို ရှာဖွေရန် ကြိုးစားလိုက်သည်။

သို့သော် သူ လုံးလုံးလျားလျား ပြောစရာစကားလုံး မရှိတော့ကြောင်း တွေ့ရှိလိုက်ရသည်။

သူ အသက်ပြင်းပြင်းရှိုက်လိုက်ပြီး မျက်နှာလွှဲလိုက်၏။

သူ၏ လက်ရှိခံစားချက်များကို မည်သို့ ဖော်ပြရမည်ကိုပင် သူ မသိခဲ့ချေ။

နောက်ဆုံးတွင် သူက သူ၏လက်ကို ဝှေ့ယမ်းကာ ဖိတ်ခေါ်သည့်ဟန်ပန် ပြုလုပ်လိုက်ပြီး လမ်းပြရန်သက်သက်သာဖြစ်သော ကိရိယာ တစ်ခုအဖြစ် သူ့ကိုယ်သူ ခံယူလိုက်သည်။

"ကျေးဇူးပြုပြီး..."

ကောင်းကင်ဘုံချောက်နက်သည် အလွန်ကျယ်ပြန့်ကာ ကုန်းမြေတစ်ခုအလားပင်။

ထိုအရာ၏အချင်းသည် မိုင်တစ်သောင်းခန့် ရှိပေ၏။

သူတို့သုံးယောက်သည် အရိုးဖြူတောအုပ်ကို ဖြတ်သန်းကာ မြင့်မားသောတောင်များ တစ်တောင်ပြီး တစ်တောင်ကို ဖြတ်ကျော်ခဲ့ကြသည်။

နောက်ဆုံးတွင် သူတို့သည် ကောင်းကင်ဘုံချောက်နက်၏ ဗဟိုချက်ဖြစ်သော ချောက်နက် သို့ ရောက်ရှိသွားခဲ့ကြသည်။

ချောက်နက်သည် မှောင်မည်းနေပြီး အလင်းရောင် ကင်းမဲ့နေကာ ထိုနေရာအတွင်းသို့ ဝင်ရောက်ခြင်းက ငရဲသို့ ခြေတစ်လှမ်း ဝင်ရောက်သွားသကဲ့သို့ ခံစားရစေသည်။

အချိန်ကာလတစ်ခုအထိ ခရီးသွားပြီးနောက် မြေအောက်တွင် စီးဆင်းနေသော ချော်ရည်မြစ် တစ်စင်းကို သူတို့ မြင်တွေ့လိုက်ရသည်။

ထိုချော်ရည်များသည် ကြက်သွေးရောင် ရှိပြီး ရှည်လျားကာ အဆုံးအစမဲ့ပေ၏။

သူတို့သုံးယောက်သား ချော်ရည် ထွက်ပေါက်သို့ ရောက်ရှိသွားကြသည်။

သရဲစိမ်းနှင့်မိုးခေါင်မီးတို့သည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြကာ သူတို့က တပြိုင်နက်တည်း ပြောဆိုလိုက်ကြသည်။

"အရှင့်ကို သတင်းပို့ပါတယ်... လူကို ခေါ်လာခဲ့ပါပြီ..."

ထိုစကားသံ အဆုံးသတ်သွားသည်နှင့် တပြိုင်နက်...

ငရဲချော်ရည်များ ဆူပွက်လာပြီး တလိမ့်လိမ့်ထနေသော ကျောက်ရည်ပူများအတွင်းမှ ဧရာမ မျက်လုံးကြီးတစ်စုံ ထွက်ပေါ်လာခဲ့သည်။

"ဝုန်း..."

ထိုဧရာမမျက်လုံးတစ်စုံ ထွက်ပေါ်လာသည်နှင့်အမျှ ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ရပ်က လေထဲတွင် ချက်ချင်းပျံ့နှံ့သွားခဲ့သည်။

ထိုအရှိန်အဝါ ရှေးဟောင်းနှင့်အင်မော်တယ် အနှစ်သာရများဖြင့် ပြည့်နှက်နေပေ၏။

မြေအောက်ချော်ရည်မြစ်တစ်ခုလုံးသည် ထိုကြောက်မက်ဖွယ်အရှိန်အဝါကို တောင့်မခံနိုင်တော့သည့်အလား နံရံများတွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာခဲ့သည်။

လေဟာနယ်ပင်လျှင် တစ်လက်မချင်းစီ ကျိုးပဲ့သွားပြီး တွန့်လိမ်ကာ ကွေ့ကောက်နေပုံရသည်။

ပတ်ဝန်းကျင်တဝိုက်လုံးသည် လောကကြီး၏ အဆုံးသတ်သို့ ရောက်ရှိသွားသည့်အလား အလား တုန်လှုပ်ဖွယ်ရာနှင့် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

ထိုကဲ့သို့ တည်ရှိမှု၏ရှေ့တွင် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးခြင်းမှာ မခက်ခဲပုံရသည်။

ချောက်နက်အရှင်သခင်၏ ဒေါသတကြီး အသံက ပဲ့တင်ထပ်သွားပြီး မိုးကောင်းကင်ယံကို တုန်ခါသွားစေခဲ့သည်။

"လူငယ်လေး... ဒီအရှင်သခင်ရဲ့ ရတနာတွေကို ပြန်ပေး... ပြီးရင် မင်းရဲ့အသက်ကို ငါ ချမ်းသာပေးမယ်..."

သူက ကျုံးချင်ကို စူးစိုက်ကြည့်နေပြီး သဘောထား ကွဲလွဲမှု တစ်ခုခုရှိပါက သူ့ကို သတ်ဖြတ်မည့်ပုံစံမျိုး ဖြစ်နေသည်။

ထိုကဲ့သို့ အခြေအနေမျိုးကို ရင်ဆိုင်ရချိန်တွင်....

ကျုံးချင်၏တာအိုနှလုံးသား အနည်းငယ် တုန်ယင်သွားခဲ့သည်။

ချောက်နက်အရှင်သခင်၏စွမ်းအားသည် စိတ်ကူးတွေးတောကြည့်၍ မရနိုင်လောက်အောင် အစွမ်းထက်လှ၏။

ဤတည်ရှိမှုသည် သူ၏ခရီးစဉ်ကို စတင်ကတည်းက သူ ကြုံတွေ့ခဲ့ရသမျှသူများအနက် အစွမ်းအထက်ဆုံးပြိုင်ဘက် ဖြစ်ပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် တစ်ဖက်လူက သူ့ကို ဤနေရာသို့ ဖိတ်ခေါ်ရသည့် ရည်ရွယ်ချက်ကိုလည်း သူ နားလည်သွားခဲ့သည်။

သို့သော် ရတနာများသည် သူ၏အိတ်ကပ်ထဲ ရောက်သွားပြီးဖြစ်သဖြင့် ထိုအရာများကို ပြန်ထုတ်ပေးရန် အကြောင်းပြချက် မည်သို့ ရှိနိုင်မည်နည်း။

ချောက်နက်အရှင်သခင်၏အရှိန်အဝါသည် ထိတ်လန့်ဖွယ် ကောင်းပြီး သူ့ကို ကြီးမားသော ဖိအားများ ခံစားရစေသော်လည်း....

သို့သော် သူ အလွန်ကြောက်ရွံ့နေသည်ဟု ဆိုခြင်းမှာ လုံးလုံးလျားလျား မှန်ကန်ခြင်း မရှိချေ။

မည်သို့ပင်ဆိုစေကာမူ သူသည် လမ်းတလျှောက်၌ များစွာတွေးတောခဲ့ပြီးဖြစ်သည်။

ထို့ပြင် အခြေအနေများမှ တစ်ဆင့် အချက်အလက်များစွာကို သူ ကောက်ချက်ချနိုင်ခဲ့ပေ၏။

သူသည် လက်နောက်ပစ်ကာ တည်ငြိမ်စွာ မတ်တတ်ရပ်နေပြီး ပြောဆိုလိုက်သည်။

"ခင်ဗျားက အရမ်းအစွမ်းထက်တယ်ဆိုတာ ငြင်းစရာ မလိုဘူး....ဒါပေမဲ့ ခင်ဗျားလို တည်ရှိမှု မျိုးကသာ ကျွန်တော့်ကို တိုက်ရိုက်သတ်နိုင်မယ် ဆိုရင် အခုချိန်ထိ စောင့်နေမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကောင်းကင်ဘုံချောက်နက်၏ အရှင်သခင်ထံတွင် ချက်ချင်းဆိုသလိုပင် ပြောစရာစကားလုံး မရှိတော့ချေ။

သူသည် တိုက်ခိုက်ခြင်းမရှိဘဲ ရန်သူကို နှိမ်နင်းရန်အတွက် သူ၏အရှိန်အဝါကို အသုံးပြုရန် ရည်ရွယ်ထားခဲ့သည်။

ထိုလူငယ်လေးက စကားတစ်ခွန်းတည်းဖြင့် သူ့ကို ထွင်းဖောက်မြင်တွေ့သွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

သူက ကျုံးချင်ကို တည်ကြည်လေးနက်စွာ ကြည့်လိုက်၏။

သူတို့၏ ဆန့်ကျင်ဘက် ရပ်တည်ချက်များကို ဘေးဖယ်ထားလိုက်လျှင်....

သူ၏ရှေ့ရှိ ထိုကောင်လေးသည် သူ့အား အနည်းငယ်မျှပင် ကြောက်ရွံ့မှု မရှိကြောင်း ပြသနေခဲ့သည်။ ထိုကဲ့သို့ တာအိုနှလုံးသားမျိုးမှာ အမှန်တကယ်ကို ရှားပါးလှသည်။

ကျုံးချင်၏စွမ်းဆောင်ရည်က ချောက်နက်အရှင်သခင်အား သူ၏အသေးအမွှား အကြံအစည်တချို့ကို ရုတ်သိမ်းသွားစေခဲ့သည်။

သူ၏လေသံသည် နူးညံ့သွားခဲ့ပြီး ယခင်ကလောက် တင်းမာခြင်းမရှိတော့ဘဲ လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်းလည်း မရှိတော့ချေ။

ဤသို့ဖြင့် စေ့စပ်ညှိနှိုင်းမှုအဆင့်သို့ တရားဝင် ရောက်ရှိသွားခဲ့သည်။

"ဒီဖရိုဖရဲချီကို သတ်မှတ်ထားတဲ့ ကျင့်ကြံဆင့်နယ်ပယ်အောက်မှာ ရှိတဲ့သူတွေ အသုံးပြုလို့ မရဘူး...မင်းရဲ့ လက်ရှိနယ်ပယ်က နိမ့်ပါးနေတယ်လေ....ဘာလို့ အဲ့ဒါတွေကို စုဆောင်းနေတာလဲ...ဖရိုဖရဲချီတွေကို ငါ့ဆီ ပြန်ပေး... ပြီးရင် မင်းကို တခြား ရတနာတွေ ငါ ပေးမယ်..."

"ဒါ့ပြင် အဲ့ဒီရတနာအပေါ်က ဒီအရှင်သခင်ရဲ့ အမှတ်အသားကိုလည်း ငါကိုယ်တိုင် ဖျက်ပေးဖို့ ငါ ဆန္ဒရှိတယ်...ဘယ်လိုလဲ..."

ထိုစကားများက ကျုံးချင်၏စိတ်ကို လန်းဆန်းတက်ကြွလာစေခဲ့သည်။

သူသည် တိုက်ရိုက်မတုံ့ပြန်ဘဲ သူ၏အကြည့်ကိုရွှေ့ကာ မေးမြန်းလိုက်၏။

"လူကြီးမင်း... ကျွန်တော့်ကို လူတစ်ယောက် အနေနဲ့ ဘယ်လို ထင်လဲ..."

ချောက်နက်အရှင်သခင်... "..."

ကျုံးချင် ထိုသို့ ပြောခြင်းက ဘာကိုဆိုလိုကြောင်း သူ သဘောမပေါက်ခဲ့ချေ။

သို့သော် ကျုံးချင်သည် အမှန်တကယ်ကို သာမန်ထက် သာလွန်ထူးကဲကြောင်း သူ ဝန်ခံရပေမည်။

အချိန်တခဏကြာမျှ တိတ်ဆိတ်သွားပြီးနောက်...

ကျုံးချင်၏စကားများနောက် လိုက်ပါ၍ သူက ပြောဆိုလိုက်သည်။

"အသက်နှစ်ဆယ်အရွယ်မှာ ဓမ္မသောင်းချီနယ်ပယ်အထိ ကျင့်ကြံနိုင်တာ...ပြီးတော့ ဒီ အရှင်သခင် ခင်းကျင်းထားတဲ့ ရှေးဟောင်း သတ်ဖြတ်ခြင်းဝင်္ကပါကို မင်းရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ ချိုးဖျက်နိုင်တာ...ပြီးတော့ တစ်ရက်တည်းနဲ့ ဒီအရှင်သခင် ချမှတ်ထားတဲ့ စစ်ဆေးရေးကွင်းပြင်သုံးခုကို ဆက်တိုက်ဖြတ်ကျော်နိုင်တာတွေကို ကြည့်ရင် မင်းက ဒီလောကမှာ ပြိုင်ဘက်ကင်းပါရမီရှင်လို့ ခေါ်ဆိုဖို့ တကယ်ကြီးထိုက်တန်တယ်..."

ထိုအကဲဖြတ်မှုက မြေကြီးပေါ်တွင် ဒူးထောက်နေသော သရဲစိမ်းနှင့်မိုးခေါင်မီးတို့ကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

လောကမှာ ပြိုင်ဘက်ကင်းတယ်..

ဒါက ဘယ်လောက်တောင် မြင့်မားတဲ့ အကဲဖြတ်မှုမျိုးလဲ...

ကျုံးချင်သည် အလွန်စွမ်းဆောင်ရည်မြင့်မားပြီး သူ၏နည်းလမ်းများမှာ ထူးဆန်းပြီး ဆိုးယုတ်ကြောင်း သူတို့ သိထားကြ၏။

သို့သော် သူ့ကို ထိုနည်းလမ်းမျိုးဖြင့် သူတို့ တစ်ကြိမ်တစ်ခါမျှ မတွေးတောဖူးခဲ့ကြချေ။

သို့သော် ယခုအချိန်တွင် သူတို့၏အရှင်က ထိုသို့ ပြောဆိုသည်ကို ကြားချိန်တွင် သူတို့နှစ်ယောက်သား သေချာစွာ တွေးတောကြည့်လိုက်ရာ သူသည် အမှန်တကယ်ပင် လောကတွင် ပြိုင်ဘက်ကင်းကြောင်း တွေ့ရှိလိုက်ရသည်။

ကျုံးချင်ကဲ့သို့ မွန်းစတားဆန်သော မည်သည့် ဓမ္မသောင်းချီနယ်ပယ် ပါရမီရှင်ကိုမျှ သူတို့ မမြင်ဖူးခဲ့ကြချေ။

ဤ 'လောကမှာ ပြိုင်ဘက်ကင်းတယ်' ဆိုသည်မှာ တစ်စိတ်တစ်ပိုင်း ခေါင်းစဉ်တစ်ခုသာ ဖြစ်သော်လည်း...

သူတို့နှစ်ယောက်မှ ကျုံးချင်ကို ကြည့်သည့် အကြည့်များ လုံးလုံးလျားလျား ပြောင်းလဲသွားပေ၏။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ချောက်နက်အရှင်သခင်၏အကဲဖြတ်မှုပင်။

သူတု့ထံ၌ ကျုံးချင်အပေါ် စိတ်ရင်းမှန်ဖြင့် ရိုသေလေးစားမှုတစ်ခု ပေါက်ဖွားလာခဲ့သည်။

ကျုံးချင်သည်လည်း ချောက်နက်အရှင်သခင် ထံမှ ထိုကဲ့သို့ မြင့်မားသည့် အကဲဖြတ်မှုမျိုး ရရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

သူသည်လည်း တစ်စုံတစ်ခုကို နားလည်သွားခဲ့လေပြီ။

အစောပိုင်းက သူ ဖြတ်သန်းခဲ့ရသည့် အရာများမှာ ကောင်းကင်ဘုံချောက်နက် အရှင်သခင် ချမှတ်ထားသော စစ်ဆေးရေးနေရာများ ဖြစ်နေကြောင်း ပေါ်လွင်သွားခဲ့သည်။

သူက ဆက်လက်၍ ပြောဆိုလိုက်၏။

"အတိအကျ ပြောရရင် ကျွန်တော်က အခု ဓမ္မသောင်းချီနယ်ပယ် ဆဋ္ဌမအဆင့်မှာ ရှိနေတာ...ကျွန်တောိရဲ့အသက်က နှစ်ဆယ်ပြည့်ဖို့ နှစ်လလိုသေးတယ်...ကျွန်တော် ကျင့်ကြံခြင်း ကို စတင်ခဲ့တဲ့အချိန်က အများဆုံးမှ တစ်နှစ်ပဲ ရှိသေးတာ..."

"ဘာ..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်...

သရဲစိမ်းနှင့်မိုးခေါင်မီးဖြစ်စေ သို့မဟုတ် ချောက်နက်အရှင်သခင်ပင်ဖြစ်စေ...

သူတို့အားလုံး ကျုံးချင်၏စကားများကြောင့် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

တစ်နှစ်...

ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ စတင် လျှောက်လှမ်းပြီး ဓမ္မသောင်းချီနယ်ပယ်သို့ ရောက်ရှိရန်...

ဒါက ဖြစ်နိုင်ပါ့မလား...

သူတို့၏ ရှည်လျားသော သက်တမ်းတလျှောက်တွင် မရေမတွက်နိုင်သော ပါရမီရှင်များကို သူတို့ မြင်တွေ့ခဲ့ဖူးသည်။

ထိုပါရမီရှင်များသည် ကြယ်များအလား များပြားသည်ဟုပင် ဆိုနိုင်ပေ၏။

တချို့လူများ၏ ကျင့်ကြံဆင့်နယ်ပယ် တိုးတက်မှုသည် ကျုံးချင်ထက်ပင် ပို၍မွန်းစတားဆန်ကြောင်း ချောက်နက်အရှင်သခင်က သိရှိထားသည်။

ဗုဒ္ဓဂိုဏ်းတွင် တချို့လူများသည် သာမန်သေမျိုးတစ်ဦးမှနေ၍ ဗောဓိသတ္တ အဆင့်အတန်းသို့ တစ်ရက်တည်းဖြင့် တက်လှမ်းနိုင်ကြသည်။

သို့သော် ထိုလူများသည် သူတို့၏အတိတ်ဘဝများကို ကျင့်ကြံခဲ့ကြပြီး သူတို့၏ပစ္စုပ္ပန်ဘဝ၌ အသီးအပွင့်များကို ခံစားခဲ့ရခြင်း ဖြစ်ပေ၏။

ဘဝပေါင်းများစွာ စုဆောင်းထားသော ကျင့်ကြံမှုများက ထိုကဲ့သို့ အချိန်တခဏကြာ တောက်ပမှုမျိုးကို ဖန်တီးပေးနိုင်သည်။

သို့သော် ကျုံးချင်ကမူ သူတို့နှင့် မတူညီချေ။

ကျုံးချင်၏ လက်ရှိအောင်မြင်မှုများသည် သူတို့နှင့် များစွာကွာဝေးသော်လည်း သူ ယူဆောင်လာပေးသော ထိတ်လန့်တုန်လှုပ်မှုမှာ ဗောဓိသတ္တအဆင့်အတန်းကို တစ်ရက်တည်းဖြင့် ရရှိခဲ့သူများထက် များစွာပို၍ အံ့အားသင့်ဖွယ်ကောင်းနေသည်။

အကြောင်းအရင်းမှာကျုံးချင်သည် ပစ္စုပ္ပန်ဘဝ၏တာအိုကို ကျင့်ကြံနေကြောင်းကို သူ မြင်တွေ့နိုင်သောကြောင့်ပင်။

သူ၏အခြေခံအုတ်မြစ်မှာ မယုံနိုင်လောက်အောင် နက်ရှိုင်းလှသည်။

ထိုအရာမှာ တစ်ဆင့်ချင်းစီ တည်ဆောက်ထားသော အမျိုးအစားပင်။

ထိုသို့ဆိုသည့်တိုင် ထိုကဲ့သို့ လူတစ်ယောက်က သူ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ စတင် လျှောက်လှမ်းချိန်မှ ယခုအချိန်အထိ အများဆုံး တစ်နှစ်သာ ရှိသေးကြောင်း ဖွင့်ဟပြောဆိုနေခဲ့သည်။

ထိုအရာက မည်သည်ကြောင့် တုန်လှုပ်စရာ မကောင်းဘဲ နေမည်နည်း...

မည်သည်ကြောင့် အံ့အားသင့်စရာ မကောင်းဘဲ နေမည်နည်း....

အနည်းဆုံးအနေဖြင့် ချောက်နက်အရှင်သခင် သိထားသလောက် ကောင်းကင်ဧကရာဇ်တချို့၏ ပြန်လည်ဝင်စားခြင်းများပင်လျှင် ကျုံးချင်၏ စွမ်းဆောင်ရည်ထက် အံ့အားသင့်စရာ နည်းပါးလှသည်။

...

All Chapters