အပိုင်း(၁၆၉)-ဝိညာဉ်သားရဲစီးကြောင်း
Vol. 002 Ch. 169
သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်သည် အပြင်မှလျှောက်လာကာ ဘိုင်ယွန်ရွှီသည် သူ့အား ကယ်တင်ရှင်အတိုင်းကြည့်လိုက်သည်။ သူအော်လိုက်သည် “ဦးလေး လာပြီးဒေါ်လေးငယ်ကို ပြောပါဦး”
ဝမ်လိုင်သည် ဝင်လာပြီး အိမ်ထဲမှလူများကို တစ်ချက်ကြည့်ပြီးနောက် သူ့အမျိုးသမီးအား မြင်သည်နှင့် စိတ်အနှောင့်အယှက်ဖြစ်သည့် လေသံဖြင့် ပြောလေသည်။ သူလက်နှစ်ဖက်အား ဖြန့်ကာ ပြောလိုက်သည် “မင်းအဒေါ်အကျင့်လည်း မင်းသိရဲ့သားနဲ့၊ မင်းကို သူမဖက်ရရင် ဒီနေ့တော့ လက်လျော့မှာမဟုတ်ဘူး”
“ဒေါ်လေး” ဘိုင်ယွန်ရွှီသည် စွန်းလီလီအား အကူအညီမဲ့စွာကြည့်ပြီးနောက် သူမသည် ပြေးဖက်လိုက်သည်။ သူမျက်လုံးအား တင်းကျပ်စွာပိတ်ထားလိုက်သည်။
“ရွှီရွှီလေး၊ ရွှတ် ရွှတ် ရွှတ် မင်းတော်တော်ကြီးလာတာပဲ၊ မင်းက အရင်လိုချစ်စရာမကောင်းတော့ဘူး၊ ဟူး.. မင်းကိုဖက်ရတယ်လို့ကို မခံစားမိဘူး” သူမသည် ဘိုင်ယွန်ရွှီအား ဖက်ပြီးနောက် တွန်းလိုက်ကာ သူ့ခေါင်းအား ရိုက်ပြီး အော်လိုက်သည် “ကလေး မင်းဆိုဖီယာတောင်တန်းသွားတာတောင် ငါ့ကိုမပြောဘူး၊ ဝါး အခုမင်းသတ္တိရှိနေတာပဲ ဟုတ်တယ်မလား”
“ဒေါ်လေးငယ် အဲဒါကလည်း ဒေါ်လေးကို စိတ်မပူစေချင်လို့လေ မဟုတ်ဘူးလား” ဘိုင်ယွန်ရွှီသည် စွန်းလီလီအား အကူအညီမဲ့စွာကြည့်ပြီး နားနားကပ်ကာ လေသံဖြင့်ပြောလိုက်လေသည် “ဒေါ်လေးငယ် ကျွန်တော် အဲဒီမှာ သူငယ်ချင်းတွေအများကြီးရခဲ့တယ်၊ က္ကန္ဒြေလေး သိက္ခာလေးထိန်းပါရစေဦး”
ထိုအချက်တွင် ဦးလေးသည် သူ့အား လာကူညီပေးခဲ့လေသည်။ သူရှေ့သို့လျှောက်လာကာ စွန်းလီလီအား ထိုင်ခုံပေါ်သို့ဆွဲတင်ပြီး ပြောလိုက်သည် “လီလီ ဒီမှာ လူတွေအများကြီးရှိတယ်၊ မင်းနည်းနည်း အနေအထိုင် ဆင်ခြင်ဦး”
“ဟင်း ဟင်း ဒီတစ်ခါတော့လွှတ်ပေးလိုက်မယ်” စွန်းလီလီသည် ဝမ်လိုင်ဘေးတွင် ရှက်ကိုးရှက်ကန်းဖြင့် ဝင်ထိုင်ကာ ရှီမာယူယူနှင့် တခြားသူများကို ပြုံးပြပြီးပြောလိုက်သည် “မင်းတို့က ရွှီရွှီလေးရဲ့ သူငယ်ချင်းတွေလား”
ရွှီရွှီလေးဟူသော နာမည်ကို ပထမဆုံးအကြိမ်ကြားရချိန်တွင် ရှီမာယူယူနှင့် တခြားသူများသည် ပြုံးကြလေသည်။ ထိုစကားအား နောက်ထပ်ကြားရသောအခါတွင်လည်း ပြုံးချင်ကြလေသည်။
“ဒေါ်လေးငယ် သူတို့က ဆိုဖီယာတောင်တန်းမှာသိလာတဲ့သူတွေပဲ၊ ဒါက ယူယူ၊ ကျိရွှီ၊ ဝူရန်ဖေ၊ ဘေဂုံထန်” ဘိုင်ယွန်ရွှီသည် ရင်းနှီးမှုရှိသော နာမည်များဖြင့်သာ စွန်းလီလီအား တစ်ယောက်ချင်းစီ မိတ်ဆက်ပေးလိုက်သည်။
“သူတို့နဲ့ ဆိုဖီယာတောင်တန်းမှာတွေ့ခဲ့တာဟုတ်လား” စွန်းလီလီသည် သူတို့အားကြည့်လိုက်သည် “မင်းတို့ ငယ်ငယ်လေးနဲ့ ဆိုဖီယာတောင်တန်းကို သွားလိမ့်မယ်လို့ ထင်တောင် မထင်ရဘူး၊ မင်းတို့က တကယ်ပဲ လူစွမ်းကောင်းငယ်တွေပဲ”
“ချီးကျူးလွန်းနေပါပြီ” ဝေကျိရွှီသည် အားလုံး၏ ကိုယ်စားပြောလိုက်သည်။
“ဒေါ်လေးငယ် သူတို့က ကျွန်တော့််ရဲ့ ကယ်တင်ရှင်တွေပဲ” ဘိုင်ယွန်ရွှီပြောလိုက်သည်။
“ကယ်တယ်ရှင်တွေဟုတ်လား”
“ဟုတ်တယ်” ဘိုင်ယွန်ရွှီပြောလိုက်သည် “အဲအချိန်တုန်းက ရှင်းဝူနဲ့ တောင်တန်းမှာတွေ့တာ၊ သူက ကျွန်တော်ကို သတ်မလို့၊ ဒါပေမယ့် သူတို့က ကျွန်တော့်ကို ကယ်ခဲ့တာ”
“ရှင်းဝူက မင်းကိုသတ်မလို့ဟုတ်လား” စွန်းလီလီသည် ကြားသည်နှင့် ချက်ချင်းပင် ဒေါသထွက်သွားကာ မတ်တတ်ရပ်ပြီး ခုံအား ရိုက်လေသည် “ဒီခြယ်လှယ်ခြင်းစစ်တပ်က တကယ်ရဲတင်းတာပဲ၊ ငါ့ ခဲအိုကို သွားပြောပြီး လူတွေခေါ်သွားခိုင်းပြီး သူတို့ကို အမြစ်ဖြုတ်ခိုင်းရမယ်”
“အရင်ဆုံးထိုင်ပါဦး” ဝမ်လိုင်သည် သူမအား ဆွဲထိုင်ခိုင်းစေကာ ဘိုင်ယွန်ရွှီအား ပြောလေသည် “အရင်ဆုံး ဖြစ်ခဲ့တာကို ပြောပါဦး”
“ကောင်းပါပြီ”
ဘိုင်ယွန်ရွှီသည် ထိုနေ့က အဖြစ်အပျက်များကို ပြောပြရာ သူ ဒဏ်ရာတစ်စိုးတစ်စိမျှ မရသည်ကို သိသည်နှင့် စွန်းလီလီ၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း သက်သာရာရလာသည်။ ရှီမာယူယူသည် ရှင်းဝူအား သတ်လိုက်သည်ဟု ကြားသည်နှင့် သူတို့နှစ်ယောက်လုံး အံ့သြသွားရသည်။
“ရွှီရွှီလေးကို ကယ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်” စွန်းလီလီသည် ရှီမာယူယူအား ပြုံးပြလိုက်သည်။
“သခင်မအဲလောက် ယဉ်ကျေးဖို့မလိုပါဘူး” ရှီမာယူယူသည် ပြုံးပြီးပြန်ဖြေလိုက်သည်။
“ဦးလေး ကျွန်တော်ဒီကိုလာတာ အကူအညီတစ်ခုလောက်တောင်းချင်လို့” ဘိုင်ယွန်ရွှီပြောလိုက်သည်။
“အကူအညီတောင်းမလို့ဟုတ်လား” “ဘာတွေဖြစ်လို့လဲ” ဝမ်လိုင်သည် ဘိုင်ယွန်ရွှီအား ကြည့်လိုက်သည်။ အရင်က ဒီကောင်လေးသည် သူ့အားအကူအညီလာမတောင်းဖူးပေ။
“အဟွတ် အဟွတ် ဒီလိုပါ၊ ရှီမာယူယူနဲ့ ကျန်တဲ့သူတွေက ဒုံချန်းတိုင်းပြည်က ထွက်လာပြီး ကျွန်တော်တို့ သုံးနွေဦးမြို့ရဲ့ သက်သေခံကတ်ပြားလိုလို့ပါ” ဘိုင်ယွန်ရွှီ ရှင်းပြသည်။
“ဒုံချန်းတိုင်းပြည်က ဟုတ်လား” စွန်းလီလီနှင့် ဝမ်လိုင်၏ မျက်လုံးများသည် အံ့သြမှုများ ပြည့်နှက်သွားလေသည်။
“ဟုတ်တယ်” ဘိုင်ယွန်ရွှီပြောလိုက်သည် “ဦးလေး သက်သေခံကတ်ပြားလုပ်ဖို့ကို ကူညီပေးလို့ရမလား”
ဝမ်လိုင် ပြန်ဖြေသည် “ရတာပေါ့ ရတာပေါ့ ဒါပေမယ့် သက်သေခံကတ်ပြားလုပ်ဖို့ နှစ်ရက်ကြာမယ်၊ ပြီးတော့ အဲဒါချိတ်ဖို့ နေရာလည်းလိုမယ်”
ချိတ်ရန်အတွက်ဆိုလျှင် သူမ အရင်အိမ်နှင့်ဆင်တူသွားသည်။ သုံးနွေဦးမြို့တွင် ချိတ်ဆွဲထားခြင်းသည် သူတို့သည် သုံးနွေဦးမြို့တော်၏ မြို့သားများဖြစ်သည်ကို သက်သေပြနိုင်၏။
“အဲဒါတွက် နေရာရှာဖို့လိုလို့လား၊ ကျွန်မတို့ အိမ်တော်မှာပဲ ချိတ်လို့ရတယ်လေ” စွန်းလီလီသည် လွယ်ကူစွာပင်ပြောလိုက်သည် “ဒါပေမယ့် ဒါကလည်းနှစ်ရက်ကြာတာပဲ၊ ဒီနှစ်ရက်အတွင်း ငါတို့အိမ်တော်မှာပဲ နေကြပါလား”
“ကောင်းပြီလေ ဦးလေးလီ နှစ်ရက်စောင့်ပြီးမှ သွားကြတာပေါ့” ဘိုင်ယွန်ရွှီသည် လီကီအားကြည့်ုလိုက်သည်။
လီကီသည် တစ်ချိန်လုံးတိတ်ဆိတ်လာပြီးမှ ခေါင်းညိတ်ကာ ပြောလိုက်သည် “အားလုံးက ဆိုဖီယာတောင်တန်းကနေ အခုမှပြန်လာကြတာဆိုတော့ သူတို့နည်းနည်းတော့ နားရမယ်၊ ပြီးတော့ မင်းတို့လိုအပ်ရင်လည်း ကူညီလို့ရတာပေါ့”
“ဟုတ်သားပဲ မေ့တော့မလို့” ဘိုင်ယွန်ရွှီသည် နဖူးအား ပုတ်ကာ ပြောလိုက်သည် “ဦးလေး ကျွန်တော်တို့ ထွက်လာတော့ ဆိုဖီယာတောင်တန်းက ဝိညာဉ်သားရဲတွေ ဂနာမငြိမ်ဖြစ်နေတယ်လို့ ယူယူရဲ့ စာချုပ်သားရဲကပြောတယ်၊ အလယ်ပိုင်းက ဝိညာဉ်မိစ္တာတော်တော်များများတောင် အပြင်ကို ရွေ့လာကြပြီ၊ ဟုတ်လားတော့မသိဘူး ဒါသူတို့ရွေ့ပြောင်းတဲ့ လက္ခဏာပဲ”
“ဝိညာဉ်သားရဲတွေ ဂနာမငြိမ်ဖြစ်တယ် ဟုတ်လား” ဝမ်လိုင်သည် မျက်မမှောင် ကြုတ်လိုက်ကာ “ဒါပေမယ့် နောက်ဆုံး သားရဲစီးကြောင်းဖြစ်ခဲ့တာ တစ်နှစ်ခွဲပဲရှိသေးတယ်၊ နောက်သားရဲစီးကြောင်း ဖြစ်ဖို့ နောက်ထပ်နှစ်နှစ်လောက်လိုသေးတယ်၊ ဒီအချိန်မှာ ဘယ်လိုဖြစ်ပြီး ပြောင်းရွေ့ကြတာလဲ”
“ဝိညာဉ်သားရဲတွေ သူတို့ဘာသာ သူတို့တစ်ခုခုလုပ်ကြတာလား၊ ဒါမှမဟုတ် ပြောင်းရွေ့ကြတာလားဆိုတာ အတည်မပြုနိုင်ခဲ့ဘူး၊ ကျွန်တော်တို့ ဒီကို အမြန်လာကြတဲ့အချိန်မှာပဲ သိခဲ့တာ ဦးလေးကိုတော့ ဒါအရင်ပြောချင်လို့” ဘိုင်ယွန်ရွှီပြောလိုက်သည်။
ဝမ်လိုင်နှင့် စွန်းလီလီတို့သည် အကြည့်ချင်းဖလှယ်ကာ အကြည့်တစ်ချက်ဖြင့် တစ်ယောက်မျက်လုံးတစ်ယောက် ဆိုလိုသည်ကို ပြောနိုင်ကြသည်။ သူသည် အားလုံးဆီသို့ လက်အုပ်ချီကာ ပြောလိုက်သည် “ဒီအခြေအနေက မဖြစ်သင့်တာပဲ တခြားသူတွေဆီက အကူအညီသွားတောင်းကြည့်ဦးမယ်၊ ငါအခုသွားမယ် လီလီ၊ အားလုံးကို ဂရုစိုက်ပေးပါ၊ ငါသွားတော့မယ်”
အားလုံးသည် မတ်တတ်ရပ် နှုတ်ဆက်ကာ သူထွက်သွားပြီးနောက် ပြန်ထိုင်ကြလေသည်။
စွန်းလီလီသည် အလွန်အမင်းစိုးရိမ်လာရာ သူမခန္ဓာကိုယ်မှ ထွက်သော ကိုယ်ရောင်ကိုယ်ဝါသည် ပိုပြင်းထန်လာခဲ့သည်။ ဝိညာဉ်သားရဲများရွေ့ပြောင်းသည့် သတင်းသည် သူတို့အား အလွန်အမင်း စိတ်ပူစေသည်။
“ဒေါ်လေးငယ် စိတ်မပူပါနဲ့၊ ဆိုဖီယာတောင်တန်း အနီးတစ်ဝိုက်ကိုပဲ ပြောင်းတာလဲဖြစ်နိုင်တာပဲ” ဘိုင်ယွန်ရွှီသည် သူမစိုးရိမ်နေသည်ကို တွေ့သည်နှင့် နှစ်သိမ့်ပေးလိုက်သည်။
“အဲလိုဖြစ်ရင် ကောင်းတာပေါ့” စွန်းလီလီသည် သက်ပြင်းချကာ ပြောလိုက်သည် “အဲလိုမဟုတ်ရင်တော့ ပြဿနာတက်တော့မှာပဲ”
“ဘာဖြစ်လို့လဲ” ဖက်တီးကျူသည် မေးခွန်းအား အသံထွက်မေးလိုက်သည်။
သူတို့သိသလောက်ဆိုလျှင် ဝိညာဉ်သားရဲများသည် သွားကြလာကြပဲဖြစ်ကြသည်။ သူတို့စိုးရိမ်နေသည့် အကြောင်းကို သူနားမလည်နိုင်ပါ။
ဘေးတွင်ရပ်နေသော လီကီသည် ပြန်ဖြေသည် “အချိန်တိုင်းဖြစ်လေ့ရှိတဲ့ သားရဲစီးကြောင်းကို မင်းမမြင်ဖူးလို့ဖြစ်လိမ့်မယ်၊ ဝိညာဉ်သားရဲပေါင်း တစ်ထောင်ကျော်လောက် စုဝေးကြတယ်၊ ငါတို့ စစ်သားတွေတောင် ခံနိုင်ရည်ရှိတဲ့ အဆင့်မဟုတ်ဘူး၊ သားရဲစီးကြောင်းဖြစ်တဲ့အချိန်တိုင်းမှာ မြို့အုပ် ဝမ်က အင်အားကြီးတဲ့ ဝိညာဉ်သခင်တွေကို ဖိတ်ပြီး ကူညီခိုင်းရတယ်”
“အဲလောက် ဝိညာဉ်သားရဲတွေများတာလား၊ အန္တရာယ်တကယ်များတာပဲ” ဖက်တီးကျူသည် လီကီအား အံ့သြစွာဖြင့်ကြည့်လိုက်သည် “အဲဝိညာဉ်သခင်တွေက လာချင်ကြလား”
“လာချင်ကြတာပေါ့” ဘိုင်လီကီပြောလိုက်သည် “အချိန်တိုင်းမှာ မြို့အုပ်က အဲဝိညာဉ်သခင်တွေကို ဆုတွေ လုံလုံလောက်လောက်ပေးတယ်လေ၊ အဲဝိညာဉ်သခင်တွေက နောက်မှဆုရတာပဲမြင်တာ အရင်ဘာလုပ်ရလုပ်ရ”
ဘိုင်ယွန်ရွှီသည် ဆုအတွက်လာကြသော ဝိညာဉ်သခင်များအား မနှစ်မြို့သလိုဖြစ်၍ လေသံ မကောင်းပေ။
“ဒါပေမယ့် သူတို့အားလုံးတော့ အဲလိုမဟုတ်ပါဘူး” စွန်းလီလီပြောလိုက်သည် “ငါတို့ကို ကူညီပြီး ဝိညာဉ်သားရဲတွေကို အသေအကြေတိုက်ခိုက်ပေးတဲ့ သူတွေလည်းရှိပါတယ်”
ထိုအချက်အား ပြောပြီးနောက် သူမသည် တုန့်ဆိုင်းပြီးနောက် ရှီမာယူယူနှင့် တခြားသူများကို ကြည့်ကာ ပြောလေသည် “သားရဲစီးကြောင်းသာဆိုရင် မင်းတို့နေပြီး ငါတို့ကို ကူညီပေးဖို့ တောင်းပန်ပါတယ်”