← Chapters

အခန်း (၁၉၆-၁၉၈)

Vol. 14 Ch. 196-198

အခန်း (၁၉၆-၁၉၈)

Vol. 14 Ch. 196-198

အခန်း (၁၉၆) ကျူးချန်းကလန်၏ အစီအစဉ်နှင့် ကြီးမားသည့် အပြောင်းအလဲ

မည်သို့ပင်ဆိုစေကာမူ အုတ်မြစ်ကျောက်များမှာ ချူရှန်းနှင့် အဖွဲ့သားများအတွက် အသုံးဝင်ခြင်းမရှိပေ။ အခြေခံအားဖြင့် သူတို့သည် ထိုအရာများအား ရှောင်းယီအတွက် သိမ်းဆည်းထားပေးရုံသာဖြစ်သည်။

ရှောင်းယီ၏စကားကို ကြားသောအခါ ချူရှန်း၏ မျက်လုံးများ ချက်ချင်းတောက်ပသွား၏။

“အကြံကောင်းပဲ ကျေးဇူးတင်ပါတယ်။ ဒီကိစ္စကို ကျုပ်ရဲ့အဖွဲ့နဲ့ အမြန်ဆွေးနွေးလိုက်မယ်။”

ထိုသို့ပြောပြီးပြီးနောက် ချူရှန်းက ချက်ချင်းပင် စကားပြောခြင်းကို အဆုံးသတ်လိုက်သည်။

ရှောင်းယီက သူ၏စိတ်အားထက်သန်သော စရိုက်ကို ကြည့်ပြီး ခေါင်းခါကာသာ အပြင်ထွက်လာခဲ့လိုက်တော့သည်။

အန်းရန်နှင့် ဆုဝမ်က သူ့ကို အပြင်တွင် စောင့်နေကြဆဲဖြစ်သည်။

“ငါတို့ ကျန်တဲ့အဆင့်မြင့်အစားအစာတွေကို ထပ်မရောင်းတော့ဘူး။ မင်းတို့ နေ့လယ်စာ ပြင်လိုက်ကြတော့။ နေ့လယ်စာ စားပြီးရင် ပြောင်းလဲမှုအကြီးကြီးတွေ လာတော့မယ်။”

“ကောင်းပြီ။”

အန်းရန်က တုန့်ပြန်လိုက်ပြီး နှစ်ယောက်သားအတူတူ နေ့လယ်စာ ပြင်ဆင်ရန် မီးဖိုချောင်သို့ ဝင်သွားလိုက်ကြတော့သည်။

ထိုအချိန်တွင် ချူရှန်းသည် အခြားအသေးစားလှေငယ်လေးများပေါ်ရှိ လူအားလုံးကို ရွက်သင်္ဘောကြီးပေါ်တွင် စုဝေးလိုက်၏။

“အားလုံးပဲ ကျုပ် ယီရန်ပင်းနဲ့ အောင်အောင်မြင်မြင် ဆက်သွယ်နိုင်ခဲ့တယ်။ စကားပြောခဲ့ရတာလည်း အတော်လေးအဆင်ပြေခဲ့တယ်။”

ချူရှန်းက သတင်းကောင်းကို ပထမဆုံး ကြေညာလိုက်သည်။

လူတိုင်းက ချက်ချင်းပင် ဝမ်းမြောက်စွာ လက်ခုပ်တီးကာ အားပေးလိုက်ကြ၏။ ယီရန်ပင်းနှင့် ဆက်သွယ်မိခြင်း၏ အကြီးမားဆုံးအကျိုးကျေးဇူးမှာ ရေနှင့်အစားအစာအတွက် စိုးရိမ်စရာမလိုတော့ခြင်းပင်။

လက်ရှိ သူတို့ သိရှိထားသော အချက်အလက်များအရ ထိုလူမှာ သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဈေးကွက်ကိုပင် လွှမ်းမိုးထားခြင်းဖြစ်သည်။ သူတို့လုပ်ရမည်မှာ မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းကို ကောင်းမွန်စွာလုပ်ကိုင်ပြီး တိုးတက်ကြီးမားလာအောင် လုပ်ဆောင်ရန်သာလိုအပ်သည်။

အစားအစာအတွက် လုံးဝစိုးရိမ်စရာ မလိုတော့ပေ။

လူတိုင်း၏ စိတ်လှုပ်ရှားမှာများ ငြိမ်သက်သွားပြီးကြပြီးနောက် ချူရှန်းက ဆက်ပြောလိုက်သည်။

“နောက်ပြီးတော့ ယီရန်ပင်းက ကျုပ်တို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ သူ့ရဲ့စိတ်ရင်းကို ပြသဖို့အတွက် ကျုပ်တို့ကို ပိုက်ဆံရှာဖို့ ရိုးရှင်းတဲ့နည်းလမ်းတစ်ခု ပြောပြခဲ့တယ်။”

လူတိုင်းက ပိုမို၍ အံ့ဩသွား၏။ ချူဖုန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ပိုက်ဆံရှာဖို့ ရိုးရှင်းတဲ့နည်းလမ်းလား။ ဘာလဲ။”

“ခရီးသည်တင်လုပ်ငန်းပဲ။”

ချူရှန်းက ပြန်ဖြေလိုက်သည်။

“ခရီးသည်တင်လုပ်ငန်းလား။ အသက်ရှင်ကျန်ရစ်သူတွေက အခုထိ အချင်းချင်း ဆကိသွယ်နိုင်တဲ့လူ အများကြီးမရှိသေးဘူး။ ခရီးသည်တင်လုပ်ငန်းကလည်း သိပ်ပြီးမဖွံ့ဖြိုးသေးဘူး။”

ချူဖုန်းက မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။

ကျန်လူများကလည်း ထိုအကြောင်းကို ဆွေးနွေးလိုက်ကြ၏။

“အစ်ကိုကြီးပြောတာ မှန်တယ်။ အခုအချိန်မှာ လူအဝင်အထွက်က သိပ်မများသေးဘူး။ အများသုံးချန်နယ်မှာ တစ်ယောက်ယောက်ကို မေးရင်တောင် အများစုက အဲ့အကြောင်းကို စကားနဲ့ပြောရုံပဲရှိကြတာ။ တကယ့်လက်တွေ့လုပ်ဆောင်မယ့်သူက အတော်နည်းတယ်။”

“ဟုတ်တယ်။ ကျုပ်တို့အတွက် ခရီးသည်တင်လုပ်ငန်းလုပ်တာက အကျိုးမရှိနိုင်ဘူး။ ဒါက ပိုက်ဆံရှာဖို့ ရိုးရှင်းတဲ့နည်းလမ်း ဘယ်လိုဖြစ်နိုင်မှာလဲ။”

“ယီရန်ပင်းက ငါတို့ကို လာနောက်နေတာလား။”

လူတိုင်း၏ဆွေးနွေးမှုများကို နားထောင်ပြီးနောက် ချူရှန်းက တစ်စုံတစ်ဦးကို ကျပန်းလက်ညိုးထိုးလိုက်ပြီး အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

“မင်း...မင်းရဲ့မိန်းမကို ရှာတွေ့ရင် မင်းမိန်းမရဲ့ကျွန်းကို သွားပြီး အတူတူဖွံ့ဖြိုးတိုးတက်ကြဖို့အတွက် နည်းလမ်းရှာဖို့ ကြိုးစားမှာလား။”

“ဒါပေါ့”

ထိုလူက မတွန့်ဆုတ်ဘဲ ပြန်ဖြေလိုက်၏။

ချူရှန်းက ထိုလူကို ပြုံးကာ ကြည့်နေလိုက်သည်။ လူတိုင်းသည် ခရီးသည်တင်လုပ်ငန်း၏ အဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်သွားကြတော့လေသည်။

“ဒါက တကယ်ကို စိတ်လှုပ်ရှားစရာပဲ။”

ချူဖုန်း စိတ်လှုပ်ရှားစွာဖြင့် ထရပ်ပြီး ပြောလိုက်၏။ ချူရှန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“နောက်ပြီးတော့ ယီရန်ပင်းသူဌေးကြီး ပြောပုံအရဆိုရင် လက်ရှိမှာ ခရီးရှည် သွားလာနိုင်တဲ့သူက ငါတို့တစ်ဖွဲ့တည်းရှိတာ ဖြစ်နိုင်တယ်။ ဒါက တစ်ဦးပိုင်လုပ်ငန်းပဲ။”

“ဟုတ်တယ် တစ်ဦးပိုင်လုပ်ငန်းရဲ့ အမြတ်ငွေက အရမ်းမြင့်တယ်။”

ချူဖုန်းကလည်း သဘောတူဟန်ဖြင့် ပြောလိုက်သည်။

“သူဌေးကြီးယီရန်ပင်းက တကယ်ပဲ ငါတို့နဲ့ ပူးပေါင်းချင်ပုံပဲ။”

“ဒါက ငါတို့အပိုပေးလိုက်တဲ့ အုတ်မြစ်ကျောက် ၂၀၀ ရဲ့ ရလဒ်ပဲ။”

ချူရှန်းက ပြုံးရယ်ကာ ပြောလိုက်သည်။ ချူဖုန်းက သူ့ကို လက်မထောင်ပြလိုက်သည်။

“အဲဒီတုန်းက မင်းစျေးမြှင့်တာကို ငါကန့်ကွက်ခဲ့တယ်။ အခုတော့ မင်းရဲ့ဆုံးဖြတ်ချက် တကယ်မှန်သွားပြီ။”

“ဒီလိုမျိုး သူဌေးကြီးနဲ့ ဆက်ဆံမယ်ဆိုရင် ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့စွမ်းရည်ကို ပြသရမယ်။ ဒါမှ သူက မင်းကို အလေးအနက်ထားလိမ့်မယ်။”

ချူရှန်းက ပြုံးကာ ပြောလိုက်သည်။

“ပုရွက်ဆိတ်တစ်ကောင်က မင်းနဲ့မဟာမိတ်ဖွဲ့ချင်တယ်ဆိုရင် မင်း လက်ခံမှာမဟုတ်သလိုပဲ။ တူညီတဲ့အဆင့်မှာ ရှိမနေဘူးဆိုရင် အဲ့ဒါကို မင်းဂရုစိုက်မှာလား။”

လူတိုင်း ခေါင်းညိတ်လိုက်ကြ၏။

“အားလုံးပဲ ကန့်ကွက်စရာမရှိတော့ဘူးဆိုရင် ခရီးသည်တင်လုပ်ငန်းအတွက် စျေးနှုန်းသတ်မှတ်ဖို့ ဆွေးနွေးကြမယ်။”

ချူရှန်းက ပြောလိုက်သည်။

“ကျုပ်ရဲ့လက်ရှိအမြင်ကတော့ ကီလိုမီတာအလိုက် သတ်မှတ်ဖို့ပဲ။”

“မင်းက ငါတို့အဖွဲ့ရဲ့ဦးနှောက်ပဲ။ မင်းပြောတဲ့အတိုင်းလုပ်မယ်။”

ချူဖုန်းက တိုက်ရိုက်ပြောလိုက်သည်။

“ဒီလို ဦးနှောက်သုံးရတဲ့ ကိစ္စတွေမှာ ငါဝင်ပါမှာမဟုတ်ဘူး။”

ချူရှန်းက ကူကယ်ရာမဲ့သွား၏။

“ကျုပ်တို့က အဖွဲ့တစ်ဖွဲ့ပဲ။ အဲ့ဒါကြောင့် အခြားအဖွဲ့ဝင်တွေလည်း သိထားသင့်တယ်။”

“ငါတို့က အလုပ်ကြမ်းသမားတွေပဲ။ ငါတို့က တာဝန်ခံတွေပဲ ဖြစ်နိုင်တယ်။ အကြံဉာဏ်ပေးလို့ မရဘူး။”

“ကောင်းပြီ။ ဒါဆို ကျုပ်ရဲ့အတွေးကို အရင်ပြောမယ်။ တရားမျှတရဲ့လားဆိုတာကို အားလုံးကလည်း ကိုယ့်ရဲ့အမြင်လေးတွေကို ထုတ်ပြောနိုင်ပါတယ်။”

ချူရှန်းက ပြောလိုက်သည်။

“ကောင်းပြီာ”

လူတိုင်း တုန့်ပြန်လိုက်ကြသည်။

“ပထမဆုံးအနေနဲ့ ကျုပ်တို့ရဲ့စျေးနှုန်းက ကီလိုမီတာ ၅၀ ကို အုတ်မြစ်ကျောက် ၁ ခုလို့ သတ်မှတ်မယ်။ ၅၀ ကီလိုမီတာထက်နည်းရင်တောင် ၅၀ လို့ပဲ တွက်မယ်။”

ချူရှန်းက ပြောလိုက်သည်။

“အားလုံးပဲ ပြောကြည့်ပါ။ ဒီစျေးနှုန်းက သင့်တော်ရဲ့လား။”

ချူရှန်းက လူတိုင်းကို စဉ်းစားခိုင်းလိုက်၏။ ချူဖုန်းက ပထမဆုံးပြောလိုက်သည်။

“ဒါက နည်းနည်းမြင့်မနေဘူးလား။ အရင်က ညီအစ်ကိုတွေကို ခေါ်တုန်းကဆိုရင် ပျမ်းမျှအကွာအဝေးက ၅၀၀ ကီလိုမီတာလောက်ရှိတယ်။ ခရီးတစ်ခုစီအတွက် အုတ်မြစ်ကျောက် ၁၀ ခုလောက် လိုမှာပဲ။”

“ဒါက တကယ် နည်းနည်းမြင့်နေသလိုပဲ။”

“ဒါပေမယ့် ကျုပ်သာဆိုရင် ဈေးဘယ်လောက်မြင့်မြင့် စီးမှာပဲ။ ကျုပ်ချစ်ရတဲ့သူကို ရှာတွေ့ပြီးရင် သေချာပေါက် အတူတူနေရမယ်။”

“တစ်ဖက်လူမှာ အုတ်မြစ်ကျောက် မလုံလောက်ရင်ရော...။”

ချူရှန်းက ပြုံးလိုက်သည်။

“ကီလိုမီတာ ၅၀ ကို အုတ်မြစ်ကျောက် ၁ ခုက သိပ်တော့မများပါဘူး။ သူတို့က အနည်းဆုံး နှစ်ယောက်စာ ပေးရမယ်ဆိုတာ သိထားရမယ်။ တစ်ယောက်ယောက်က အုတ်မြစ်ကျောက်မလုံလောက်ရင် ဘာပြဿနာမှမရှိဘူး။ နောက်ပြီး ကျုပ်တို့မှာ လူအများကြီးရှိတယ်။ အလုပ်သမားစရိတ်ကလည်း မြင့်တယ်။ အစပိုင်းမှာ တစ်ဝက်လျှော့ဈေးနဲ့ ၃ ရက်ထားလိုက်မယ်။ ဒါဆိုရင်တော့ အားလုံးတတ်နိုင်မှာပါ။”

“ဒါက အကြံကောင်းပဲ။ နာမည်ကောင်းလည်း ရလိမ့်မယ်။”

ချူရှန်းက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ နောက်ပြီး အဲ့ဒီကျွန်းတွေကို ကျုပ်တို့ရဲ့မှတ်တမ်းထဲမှာ အမှတ်အသားလုပ်ထားရမယ်။ သူတို့က နောင်တစ်ချိန်မှာ ကျုပ်တို့ရဲ့ ဖောက်သည်တွေ ဒါမှမဟုတ် အလုပ်ရှင်တွေ ဖြစ်လာနိုင်တယ်။”

“ဖောက်သည်လား...။ လူတိုင်းမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိတယ်။ ဒီလိုမျိုး သယ်ယူပို့ဆောင်ရောင်းဝယ်ဖို့ မလိုတော့ဘူးမဟုတ်ဘူးလား။”

လူတစ်ဦးက ရှုပ်ထွေးစွာ မေးလိုက်သည်။

“ဒီမှာရှိတဲ့ လူတိုင်းက ကျုပ်တို့လို့ အသက်ရှင်ကျန်ရစ်သူတွေချည်းပဲ မဟုတ်ဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိတဲ့သူတွေ ဒါမှမဟုတ် နယ်မြေမတူတဲ့ သူတွေလည်း ရှိနိုင်တယ်။”

“ဒေသခံတွေနဲ့ ဒါမှမဟုတ် တခြားနယ်မြေတွေအထိ ကူးသန်းရောင်းဝယ်ရေးလုပ်မယ်လို့ ဆိုလိုတာလား။”

ချူဖုန်းက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။

“ဟုတ်တယ်”

ချူရှန်းက ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် လက်ရှိသတင်းအချက်အလက်တွေအရ ဒေသခံတွေက ငါတို့ကို ရန်လိုနေသင့်တယ်။ ဒေသအနှံ့အပြားမှာလည်း တားမြစ်ချက်တွေ ရှိနိုင်သေးတယ်။”

ချူဖုန်းက မျက်မှောင်ကြုံ့လိုက်၏။

“ငါယုံကြည်တယ်။ အမြဲတမ်းရန်သူဆိုတာ မရှိဘူး။ အမြဲတမ်းအကျိုးအမြတ်ပဲရှိတယ်။ နောက်ပြီး အခြားဒေသတွေကြားက တားမြစ်ချက်ကိုလည်း နောက်ဆုံးကျရင် ဖွင့်လိုက်မှာပဲလေ။”

ချူရှန်းက ပြန်ပြောလိုက်သည်။ လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

“ဒုတိယအနေနဲ့ ကျုပ်တို့က ပင်လယ်သားရဲကြီးတွေနဲ့ မတွေ့ရဘူးဆိုပေမယ့် ပစ္စည်းသေတ္တာတွေနားက ပင်လယ်သတ္တဝါတွေကိုတော့ ကိုင်တွယ်ဖို့လိုတယ်။ အဲ့ဒီတော့ အဖွဲ့ကို လုပ်ငန်းခွဲပေးမယ်။ အခုအချိန်မှာ ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့နဲ့ စီမံကိန်း‌ရေးဆွဲရေးအဖွဲ့ဆိုပြီး သုံးဖွဲ့ခွဲမယ်။”

“ထောက်ပံ့ရေးအဖွဲ့က ကျုပ်တို့တစ်ဖွဲ့လုံးအတွက် ရေ၊ အစားအစာ၊ ပစ္စည်းတွေ သိုလှောင်ရေးနဲ့ ထောက်ပံ့ရေးကို တာဝန်ယူရမယ်။ ကျုပ်ညီ ချူဖုန်းက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူလိမ့်မယ်။”

“လုံခြုံရေးအဖွဲ့က ပစ္စည်းသေတ္တာတွေနားက ပင်လယ်သတ္တဝါတွေနဲ့ ရန်လိုတဲ့အုပ်စုတွေရဲ့ တိုက်ခိုက်မှုကို ကိုင်တွယ်ဖို့ တာဝန်ရှိတယ်။ အဲ့ဒါက ပိုပြီးတော့အန္တရာယ်များပေမယ့် အဆင့်မြင့်အစားအစာတွေကို ဦးစားပေးပြီး ထောက်ပံ့မယ်။ ကျုပ်ညီ ချူဖုန်းကပဲ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူလိမ့်မယ်။ သင့်တော်တဲ့သူရှာတွေ့ရင်တော့ လွှဲပြောင်းပေးမယ်။”

“စီမံကိန်းရေးဆွဲရေးအဖွဲ့က အစားအစာနဲ့ အရင်းအမြစ်တွေရဲ့ အသုံးပြုမှု၊ လမ်းကြောင်းအစီအစဉ်၊ နဲ့ အနာဂတ်လုပ်ငန်းလမ်းကြောင်းတွေကို အစီအစဉ်ရေးဆွဲရမယ်။ အပြင်ဘက်ကို ကြော်ငြာဖို့ကလည်း ဒီအဖွဲ့ရဲ့တာဝန်ပဲ။ အခုအချိန်မှာ ကျုပ်က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူမယ်။”

လူတိုင်းက သဘောတူလိုက်ကြပြီးနောက် ချူရှန်းက ဆက်ပြောသည်။

“ဒါဆို အဖွဲ့သုံးဖွဲ့ရဲ့ အဖွဲ့ဝင်တွေကို စာရင်းပြုစုကြမယ်...”

သူတို့ စကားပြောနေစဉ်မှာပင် အချိန်က နေ့လည် ၁၂ နာရီသို့ ရောက်ရှိလာခဲ့သည်။

ယွမ်နွန်နှင့် အခြားသူများသည်လည်း မီးဖိုချောင်တွင် စုဝေးနေကြပြီး နေ့လယ်စာစားရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။ သူတို့အားလုံးသည် ရှောင်းယီပြောခဲ့သော ကြီးမားသည့်ပြောင်းလဲမှုကိုလည်း နားထောင်ရန်လည်း အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

အခန်း ၁၉၇ အုတ်မြစ်ကျောက်ကို အသက်သွင်းပြီး လွတ်လပ်စွာ ရွေ့လျားသည့်ပုံစံ

ရှောင်းယီ ကျွန်း၏ အခြေအနေကို ကြည့်ရှုလိုက်ရာ “ပင်လယ်ရေ တိုက်စားနေသည်၊ လက်ရှိအခြေအနေ ၅၀.၁%။” ဟု ပြောထားကြောင်း တွေ့လိုက်ရလေသည်။

ထို့နောက် သူက လူတိုင်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ကျုပ် အရင်ဆုံးပြောချင်တာက ကျုပ်တို့မှာရှိတဲ့ အဆင့်မြင့်အစားအစာတွေရဲ့ တစ်ဝက်ကျော်ကို သုံးစွဲပြီးတော့ စုစုပေါင်း အုတ်မြစ်ကျောက် ၁၁၀၀၀၀ ကျော်ရရှိထားတယ်။”

လုပင်းအာက ထိုကိန်းဂဏန်းကို ကြားလိုက်ရသောအခါ လန့်သွားခဲ့သည်။ အခြားသူများသည် ရှောင်းယီ၏ အခြေအနေကို နှစ်ဆတိုးနိုင်ကြောင်း သိထားသော်လည်း ရှောင်းယီက ထိုကဲ့သို့ အလွန်များပြားသော အုတ်မြစ်ကျောက်များကို ရောင်းဝယ်နိုင်လိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ကြပေ။

“အဲ့လောက်တောင်များတာလား။ မင်းက ဒီတစ်ခါတည်းနဲ့ ကျွန်းကို အများကြီးချဲ့ထွင် ချင်လို့လား။”

ယွမ်နွန်က မေးလိုက်သည်။

ယခင်က ရှောင်းယီသည် အခြေအနေများကို နှစ်ဆပွားခဲ့ပြီးနောက် အုတ်မြစ်ကျောက် ၃၀၀၀၀ ကျော်ရရှိခဲ့သောအခါက ယွန်နွန်က ကျွန်းကိုချဲ့ထွင်ရန် ထောက်ခံခဲ့သော်လည်း ယခု ရှောင်းယီ၏ ရရှိမှုကို ကြားလိုက်ရသောအခါတွင်မူ သူသည် ကျွန်းကိုချဲ့ထွင်ရာ၌ ထောက်ခံရန် သင့်၊မသင့်ကိုပင် မသေချာတော့ပေ။

“အဲ့ဒါက ကျုပ်ဆက်ပြောမယ့် အဓိကအကြောင်းအရာပဲ။”

ရှောင်းယီက ပြောလိုက်သည်။

“ကျုပ်ရဲ့ ဆုံးဖြတ်ချက်ကတော့ ကျွန်းကို ဆက်လက်ချဲ့ထွင်ဖို့ပဲ။ လက်ရှိမှာ ကျုပ်တို့ရဲ့ခုခံကာကွယ်နိုင်စွမ်းက နိမ့်ကျနေတာမျိုးမဟုတ်ဘူး။ တောထဲက သတ္တဝါတွေကို ခုခံနိုင်သေးတယ်။”

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ တံတိုင်းပေါ်က အဆင့်မြင့်ဗို့အားလျှပ်စစ်ကွန်ယက်က အလှဆင်ထားခြင်းမဟုတ်ပေ။

တောထဲတွင် ဆင့်ကဲပြောင်းလဲလာသော အဆင့်မြင့်သတ္တဝါများသည် ရုပ်ခန္ဓာပိုင်းဆိုင်ရာ ပိုမိုအားကောင်းလာခြင်းသာဖြစ်ပြီး ပြိုင်ဘက်ကင်းနေခြင်းမျိုး မဟုတ်ပေ။ သူတို့သာ အဆင့်မြင့်ဗို့အားလျှပ်စစ်ကွန်ယက်နှင့် ဝင်တိုက်မိပါက သေဆုံးသွားနိုင်သည်။

“ပြီးတော့ ဒီတစ်ခေါက် အကြီးစား ပြင်ဆင်မှုအပြီးမှာ လူအများစုရဲ့ အလုပ်တွေကို တံတိုင်းအတွင်းမှာ ထားရှိမှာဖြစ်လို့ လုံခြုံရေးနဲ့ညပတ်သက်ပြီးလည်း စိတ်ပူစရာမလိုဘူး။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“အပြင်ဘက်ကိုတော့ ကျုပ်နဲ့ အစ်ကိုကျန်းက ဂရုစိုက်လိုက်မယ်။ ဒါပေမယ့် တခါတလေ ခင်ဗျားတို့လည်း အပြင်ထွက်ပြီး အတွေ့အကြုံယူဖို့ လိုလိမ့်မယ်။ ဒီလိုလုပ်ရတဲ့အကြောင်းရင်းက ကျုပ်တို့ကို အမြန်ဆုံး ကြီးပြင်းလာပြီး ပိုပြီးအားကောင်းလာအောင် ဖိအားပေးဖို့ပဲ။”

ရှောင်းယီ၏ ရှင်းလင်းချက်ကို ကြားပြီးနောက် လူတိုင်း သဘောတူကြောင်း ဖော်ပြလိုက်ကြသည်။ ရှောင်းယီက ဆက်ပြော၏။

“ဦးလေးယွမ် ဒီပြင်ဆင်မှုအပြီးမှာ ဦးလေးရဲ့အလုပ်က ပိုပြီးတော့ ပင်ပန်းလာနိုင်တယ်။ ဦးလေးအန်းယွဲ့ ကျေးဇူးပြုပြီး ဦးလေးယွမ်ကို အရင်ဆုံး ကူညီပေးထားပါဦး။ ထောက်ပံ့ရေးသေတ္တာကိုတော့ ဝမ်ချိုင်ကိုပဲ လွှဲပေးထားလိုက်ပါ။”

“ပြဿနာမရှိဘူး။”

အန်ယွဲ့က ချက်ချင်းပြန်ဖြေလိုက်သည်။

“ငါတို့မှာ ၅၀ စတုရန်းမီတာရှိတဲ့ လယ်ကွင်း ငါးခုပဲရှိတာလေ။ စုစုပေါင်းက တစ်ဧကတောင် မပြည့်ဘူး။ ဒီလောက်ကြီး လေးနက်နေစရာ မလိုဘူးမဟုတ်လား။ မင်းက သစ်တောကို ခုတ်ပစ်ပြီး စိုက်ပျိုးရေးလုပ်မလို့လား။”

ယွမ်နွန်က အနည်းငယ် ဒွိဟဖြစ်နေခဲ့သည်။

မကြာသေးမီက ထောက်ပံ့ရေးသေတ္တာများမှ မြေဆီလွှာပြုပြင်ရေးကတ်များ မရရှိခဲ့ပေ။ ယွမ်နွန်က ဤအချက်ကို သိထားသည်။

သူ့အမြင်တွင် ထိုကဲ့သို့သော ကတ်မျိုးမရှိပါက စိုက်ပျိုးရေးကို ချဲ့ထွင်ရန် သစ်တောကိုသာ ခုတ်ပစ်ရမည်ဖြစ်သည်။

သို့သော် သစ်တောများကို ခုတ်ပစ်ခြင်း၏ ပြဿနာတစ်ခုမှာ ထိုမြေများသည် တဖြည်းဖြည်း သဲကန္တာရများ ပြန်ဖြစ်သွားမည်ဖြစ်ပြီး စိုက်ပျိုးရေးအတွက် အမြဲတမ်း အသုံးမပြုနိုင်ပေ။

ရှောင်းယီက လူတိုင်းအား လှည့်စားနေခြင်းကို ရပ်တန့်လိုက်၏။

“ပြင်ဆင်မှု ပြီးဆုံးသွားရင် ဦးလေးတို့ သိလာမှာပါ။ ဦးလေးရဲ့အလုပ်တာဝန်က အခုထက် အနည်းဆုံး ၂၈ ဆလောက် တိုးလာလိမ့်မယ်။”

ထိုကိန်းဂဏန်းကို ကြားလိုက်ရသောအခါ ယွမ်နွန်က လုံးကြက်သေသေသွားခဲ့သည်။ သူ အကြမ်းဖျင်းခန့်မှန်းချက်တစ်ခု ပြုလုပ်လိုက်ပြီးနောက် စုစုပေါင်း လယ်ကွင်း ၇၀၀၀ စတုရန်းမီတာခန့် ထပ်တိုးလာလိမ့်မည်ကို တွေ့လိုက်ရ၏။

ဤပမာဏအတွက် မြေဆီလွှာပြုပြင်ခြင်းကတ်များဖြင့် ပြောင်းလဲလျှင် အနည်းဆုံး ကတ်ပေါင်း ၁၄၀ လိုအပ်မည်ဖြစ်သည်။

ထိုကဲ့သို့ မြေဆီလွှာပြုပြင်ခြင်းကတ် ပမာဏအများအပြားကို မည်သည့်နေရာတွင် ရှာဖွေနိုင်မည်နည်း။

ထိုအချိန်၌ ရှောင်းယီက ဆက်ပြောလိုက်သည်။

“ဒါပေမယ့် ဒီအကြီးစားပြင်ဆင်မှုကို မနက်ဖြန်မှလုပ်ဖို့ ကျုပ် စီစဉ်ထားတယ်။ ကျုပ်တို့ကျွန်းရဲ့လက်ရှိအခြေအနေအရ ရှင်းရမယ့်သစ်တောတွေ အများကြီးရှိနေသေးတယ်။”

လက်ရှိဧရိယာအရ ထိုအဆောက်အဦးကတ်များ အားလုံးကို အသုံးပြုပါက သစ်တောအများစုကို ဖျက်ဆီးရမည်ဖြစ်သည်။ ရှောင်းယီသည် တစ်ရက်စောင့်ပြီး သစ်တောများကို ကျွန်း၏ အသစ်တိုးချဲ့ထားသောဧရိယာ၌ ဆင့်ကဲပြောင်းလဲခွင့် ပြုပြီးမှ ခုတ်လှဲရန် စီစဉ်ထား၏။ ဤနည်းဖြင့် ကျွန်း၏သစ်တော ဆင့်ကဲပြောင်းလဲမှုအပေါ်၌ သက်ရောက်မှုကို အနည်းဆုံးဖြစ်အောင် လျှော့ချရမည်ဖြစ်သည်။

“နေ့လယ်စာစားပြီးရင် ကျုပ်တို့ ကျွန်းကို ချက်ချင်းတိုးချဲ့မယ်။ အခုတော့ အရင်စားကြရအောင်။”

ရှောင်းယီက နိဂုံးချုပ်လိုက်သည်။

နေ့လယ်စာစားပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ချက်ချင်း ပြန်သွားလိုက်ပြီး စနစ်သိုလှောင်ခန်းမှ လစဉ်လက်ဆောင်အထုပ်ကို ထုတ်ယူကာ ဆောက်လုပ်ရေးစာမျက်နှာသို့ ပြောင်းလိုက်သည်။

“သင့်တွင် အုတ်မြစ်ကျောက် အများအပြားနှင့် ဧရိယာကျယ်ပြန့်သော အဆောက်အဦးကတ်လေးခု ရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် အနေအထားပြင်ဆင်မှုတစ်ကြိမ် ပြုလုပ်နိုင်ပါသည်။”

ကျွန်းအထိမ်းအမှန်ကျောက်တိုင်က အသိပေးသံ ထွက်ပေါ်လာခဲ့သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အသိပေးသံ မြည်ပြီးသည်နှင့် ရှောင်းယီ၏ ဦးနှောက်ထဲတွင် စနစ်၏ အသိပေးသံ ထပ်မံမြည်ဟီးလာခဲ့ပြန်သည်။

“ကျွန်း၏အုတ်မြစ်ကျောက်ကို အသက်သွင်းပြီး လွတ်လွတ်လပ်လပ် ရွှေ့ပြောင်းနိုင်ပါသည်။ ဆင့်ကဲပြောင်းလဲထားသော တောကို အပြင်ဘက်သို့ ရွှေ့ရန် အကြံပြုသည်။”

ရှောင်းယီ၏ မျက်လုံးများ ပြူးကျယ်သွား၏။

“ဒီတစ်ခါ လက်ရှိသစ်တောနဲ့ တောင်တွေကိုပါ ရွှေ့လို့ရတာလား။”

သူက မေးလိုက်သည်။

“ဟုတ်ပါတယ်။”

စနစ်က တုံ့ပြန်လိုက်၏။

“အရမ်းကောင်းတယ်။ မင်း သတိပေးလိုက်လို့ တော်သေးတယ်။ မဟုတ်ရင် အရင်ကလိုပဲ သစ်ပင်ကြီးတွေကို အကြာကြီးခုတ်ပစ်ရမယ်လို့ ထင်နေမိမှာ။”

ရှောင်းယီက ဝမ်းသာအားရပြောလိုက်ပြီးနောက် ထပ်မံညည်းညူလိုက်မိသည်။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အရမ်းရှုပ်ထွေးတယ်။ သတိပေးချက်တွေက အရမ်းကို ဝေဝါးနေတာပဲ။ ဒီလိုဆိုရင်တော့ ပိုလွယ်သွားပြီ။”

ထို့နောက် ရှောင်းယီသည် အလုပ်လုပ်ရန် အပြင်သို့ထွက်တော့မည့် လူအားလုံးကို ချက်ချင်းရပ်တန့်စေလိုက်၏။

“အားလုံးပဲ ကျုပ်ပြင်ဆင်ပြီးတဲ့အထိ စောင့်ကြပါဦး။ ပြီးမှ အပြင်ထွက်ကြတာပေါ့။”

လူတိုင်းက ပဟေဠိဖြစ်သွားကြသော်လည်း သူတို့၏ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး ဧည့်ခန်းထဲသို့ လှမ်းဝင်ကြကာ ထိုင်စောင့်နေလိုက်ကြလေသည်။

ရှောင်းယီသည် ချက်ချင်းပင် အုတ်မြစ်ကျောက်အားလုံးကို အသုံးပြုကာ သူ၏ကျွန်းကို ချဲ့ထွင်လိုက်၏။ အုတ်မြစ်ကျောက်များ ပျောက်ကွယ်သွားသည်နှင့်အမျှ ရှောင်းယီ၏ကျွန်းက ပိုမိုကျယ်ပြန့်လာခဲ့သည်။

နောက်တစ်ခုမှာ အနေအထားကို ချိန်ညှိရန်ဖြစ်သည်။ ဖြစ်ပေါ်နေပြီးသော သစ်တောနှင့် တောင်များကို အပြင်ဘက်သို့ ရွှေ့ပြီး အလယ်ဗဟိုကို ကွက်လပ်ဖြစ်စေလိုက်သည်။

သူသည် ပထမဆုံးအနေဖြင့် ဗီလာကတ်နှစ်ခုကို အသုံးပြုလိုက်၏။ ဗီလာနှစ်ခုကို ဘေးချင်းကပ်ပြီး ကျေးလက်ဗီလာနှင့် ဘေးချင်းယှဥ်လျက် နေရာချလိုက်သည်။ ယခင်က ကျေးလက်ဗီလာထဲတွင် ထားရှိထားသော စူပါဘက်ထရီကိုလည်း အလယ်ရှိ ဗီလာသို့ ရွှေ့လိုက်သည်။

အိမ်၏ တောင်ဘက်တည့်တည့်တွင် လယ်ယာခြံဝင်းနှစ်ခုကို ဘေးချင်းယှဉ်ထားပြီး ယခင်လယ်ကွင်းလေးခုကို လယ်ယာခြံဝင်းအနီးတွင် နေရာချလိုက်၏။

ကျေးလက်ဗီလာ ခြံဝင်းထဲတွင်ရှိသော ကြက်၊ ဝက်၊ နွား မွေးမြူရေးခန်းအားလုံးကို လယ်ယာခြံဝင်းထဲရှိ မွေးမြူရေးနေရာသို့ ရွှေ့လိုက်သည်။

ယခင် ကြက်ခြံနှင့် နွားတင်းကုပ်များကိုလည်း ခြံဝင်းထဲသို့ ပြောင်းရွှေ့ခြင်းဖြင့် စနစ်တကျ စီမံခန့်ခွဲမှုကို ပိုမိုလွယ်ကူစေလိုက်သည်။

ဂိုဒေါင်အားလုံးကိုမူ အရှေ့တောင်ထောင့်တွင် စုစည်းထားသည်။

ထိုအဆောက်အဦးများ၏ တည်နေရာကို သတ်မှတ်ပြီးနောက် တံတိုင်းချဲ့ထွင်ခြင်းကတ်ကို စတင်အသုံးပြုလိုက်၏။

ထို SSS အဆင့် တံတိုင်းချဲ့ထွင်ခြင်းကတ်၏ အံ့သြစရာအကောင်းဆုံးအချက်မှာ ၎င်းသည် နံရံ၏အရှည်ကို လုံးဝကန့်သတ်မထားခြင်းပင်။ ဆိုလိုသည်မှာ လိုသလောက် ချဲ့ထွင်နိုင်ပေသည်။

နှစ်အခြေအနေကြောင့် ရှောင်းယီ၏လက်ထဲတွင် တံတိုင်းချဲ့ထွင်ခြင်းကတ်နှစ်ခုရှိပြီး ဤတစ်ကြိမ်တွင် တစ်ခုကိုသာ အသုံးပြုရန် လိုအပ်သည်။

အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်းစားပြီးနောက် ရှောင်းယီသည် ၁၅၀ မီတာ အရှည်ရှိသော စတုရန်းပုံစံ တံတိုင်းတစ်ခုကို ဖန်တီးလိုက်လေသည်။

တံတိုင်းအတွင်းတွင် ကျယ်ပြန့်သော နေရာလွတ်များ ရှိနေသေးသော်လည်း သစ်ပင်များကို လွတ်လပ်စွာ ပြန်လည်ဖြစ်ပေါ်နိုင်စေရန်နှင့် လေ့ကျင့်ရေးနေရာအဖြစ် အသုံးပြုနိုင်ရန် ထားရှိလိုက်သည်။

တံတိုင်း၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးမျက်နှာတွင်လည်း တံခါးပေါက်များရှိ၏။

နောက်ဆုံးအရာမှာ ဆိပ်ကမ်းကတ်ဖြစ်သည်။ အနည်းငယ် အတွေးတောပြီးနောက် ရှောင်းယီသည် ဆိပ်ကမ်းနှစ်ခုလုံးကို မြစ်ဝတွင် တည်ဆောက်လိုက်၏။

အနေအထားကို နောက်တစ်ကြိမ်ကြည့်သောအခါ ယခုအချိန်အထိ ပြဿနာရှိသည့်ပုံ မရပေ။

နောက်ဆုံးတွင် ပင်မကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အလယ်ဗီလာ၏ တတိယထပ်အိပ်ခန်းတွင် ထားရှိလိုက်ပြီး လှေပေါ်ရှိ လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုမူ အလယ်ဗီလာ၏ ဧည့်ခန်းတွင် ထားရှိလိုက်သည်။

ထို့နောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ OK ခလုတ်ကို နှိပ်လိုက်တော့လေသည်။ ထိုအခိုက်တွင် မြေပြင်တစ်ခုလုံး လှုပ်ရှားသွားပြီး သူ့ရှေ့ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။

ဧည့်ခန်းထဲရှိ လူအားလုံးသည်လည်း ထိုမြေပြင်တုန်ခါမှုကို ခံစားလိုက်ကြရပြီး မကြာမီ တုန်ခါမှုမှာ ပြန်လည်ရပ်တန့်သွားခဲ့သည်။

ထို့နောက် ရှောင်းယီက အပြင်ထွက်လာခဲ့လိုက်တော့လေသည်။

“ကဲ အားလုံးပဲ ကျုပ်တို့ရဲ့ ကျွန်းအသစ်ကို ပတ်ကြည့်ကြရအောင်။”

သူ၏စကားဆုံးသည်နှင့် အခြားသူများလည်း သူ့နောက်မှလိုက်ကာ ဧည့်ခန်းထဲမှ ထွက်လာခဲ့ကြသည်။

ခြံထဲရှိ အကြီးမားဆုံးပြောင်းလဲမှုမှာ အရှေ့တောင်ထောင့်တွင်ရှိသော အခန်းနှစ်ခန်း ပျောက်နေခြင်းပင်ဖြစ်သည်။

၎င်းသည် ယခင်က ကြက်၊ ဝက်၊ နွား မွေးမြူရေးခန်းများဖြစ်ပြီး ရှောင်းယီက လယ်ယာခြံဝင်းသို့ လုံးဝရွှေ့ပြောင်းလိုက်ပြီဖြစ်၏။

“ဒီအဆောက်အဦးနှစ်ခုကို ဘာလို့ရွှေ့လိုက်တာလဲ။”

ယွမ်နွန်က မေးခွန်းထုတ်လိုက်သည်။

“ဗဟိုထိန်းချုပ်ရေးစနစ်က ပိုပြီးအဆင်ပြေတယ်လေ။ အပြင်ထွက်ကြည့်ရင် ဦးလေးသိလာပါလိမ့်မယ်။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

ကျေးလက်ဗီလာထဲမှ ထွက်လာခဲ့ပြီးနောက် ပထမဆုံး မြင်လိုက်ရသည်မှာ အမြင့် နှစ်မီတာမှ သုံးမီတာခန့်ရှိသော နံရံကြီးတစ်ခုဖြစ်၏။ ၎င်းမှာ ခြံဝင်းကြီး၏ နံရံဖြစ်ပေသည်။

“ဦးလေးယွမ် အခုကစပြီး ဦးလေးရဲ့ အလုပ်ခွင်က ဒီခြံဝင်းထဲမှာ ရှိလိမ့်မယ်။ အရင်က မွေးမြူရေးခြံတွေ အကုန်လုံးကို ကျုပ် ဒီထဲကို ရွှေ့ထားပြီးပြီ။”

ရှောင်းယီက နံရံကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။

အခန်း ၁၉၈ ခရီးစဉ်နှင့် ယခုလေးတင် တည်ဆောက်လိုက်သော ဗီလာနှစ်ခု

“လယ်ယာခြံဝင်းလား။”

ယွမ်နွန်က ၎င်းကို သေသေချာချာကြည့်ပြီးနောက် အံ့အားသင့်စွာပြောလိုက်၏။

“အရမ်းကြီးတယ်။”

“ဒီနေရာရဲ့ ဧရိယာက ဧက ၁၀ ကျယ်ဝန်းပြီး ကြက်ဘဲမွေးမြူရေးခန်းက တစ်ဧက၊ မွေးမြူရေးခန်းက တစ်ဧက၊ သာမန်လယ်ယာမြေ ၇ ဧက၊ S အဆင့် မြေဆီလွှာ ၁ ဧက၊ A အဆင့် မြေဆီလွှာ ၂ ဧက၊ B အဆင့် မြေဆီလွှာ ၄ ဧက ပါဝင်တယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ယခင်က အံ့အားသင့်နေသော ယွမ်နွန်သည် ယခုအချိန်၌ ပါးစပ်ဟောင်းလောင်း ဖြစ်သွားခဲ့သည်။

“ဆယ်...ဧကလား အဲ့ဒါက အမှန်ဆိုတာ သေချာလို့လား။”

“အမှန်ပဲ။ ဒါက ဧက ၁၀ ရှိတဲ့ ခြံကြီးပဲ။ နောက်ထပ်တစ်ခုလည်း ရှိသေးတယ်။”

ရှောင်းယီက အရှေ့ဘက်ကို လက်ညိုးထိုးပြလိုက်၏။

“အဲ့ဒီနေရာမှာလည်း နောက်တစ်ခုရှိသေးတယ်။ အဲ့ဒါကလည်း ဒီတစ်ခုနဲ့ အတူတူပဲ။”

“ဘာ!”

ယခုအချိန်တွင်မူ ယွမ်နွန်မှာ လုံးဝထိတ်လန့်သွားပြီးဖြစ်သည်။

“အဲ့ဒါကြောင့် အရင်က ကျုပ်ပြောခဲ့တာပေါ့။ နေရာပြန်ချပြီးရင် ဦးလေးရဲ့အလုပ်တာဝန်တွေက အများကြီးတိုးလာတော့မယ်လို့။”

ရှောင်းယီက ပြောလိုက်သည်။

“ဘယ်လိုထင်လဲ။ နောက်ထပ်လူတွေ ထပ်ဖြည့်ပေးဖို့ လိုသေးလား။”

“အခုတော့ မလိုသေးဘူး။ ဒါက လယ်ယာမြေ ၁၄ ဧကပဲ ရှိပါသေးတယ်။ ငါတစ်ယောက်တည်းတောင် လုပ်လို့ရတယ်။”

ယွမ်နွန်က အံ့အားသင့်သွားပြီးနောက် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့သည်။

“အဓိကကတော့ B အဆင့်မျိုးစေ့တွေပဲ။ ဒါတွေကို များများရအောင်လုပ်ပေးဖို့ လိုတယ်။”

ရှောင်းယီက ကူကယ်ရာမဲ့သွား၏။

“ကျုပ် ကြိုးစားကြည့်ပေးပါ့မယ်။ ကဲ ကျုပ်တို့ရဲ့ အိမ်ကို ဆက်ကြည့်လိုက်ကြရအောင်။”

“ငါတို့က ကျေးလက်ဗီလာထဲမှာ မနေတော့ဘူးလား။”

အန်းရန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

“မင်း နောက်ပြန်လှည့်ကြည့်လိုက်ရင် သိသွားလိမ့်မယ်။”

ကျန်းယွင်ထျန်းက ကြားဖြတ်ပြောလိုက်၏။

အန်းရန်သည် ချက်ချင်းပင် နောက်ပြန်လှည့်ကြည့်လိုက်သည်။ ထိုအခါ သူမတွေ့လိုက်ရသည်မှာ သုံးထပ်ဗီလာတစ်လုံးပင်ဖြစ်၏။

“ဒါ...ဒါက ဗီလာကြီးလား။”

အန်းရန်က ယောင်ချာချာဖြင့် မေးလိုက်သည်။

“အမှန်ပဲ။ ဒါက အခုလေးတင် အသစ်ဆောက်လိုက်တဲ့ ဇိမ်ခံဗီလာပဲ။”

ရှောင်းယီကဖြေလိုက်ပြီးနောက် ခဏရပ်ကာ လက်နှစ်ချောင်းထောင်ပြပြီး “နှစ်လုံး” ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ရှောင်းယီသည် အလယ်ရှိ ဗီလာထဲကိုသို့ အရင်ဝင်သွားလိုက်၏။ ခြံထဲတွင် ဥယျာဉ်ကြီးတစ်ခုနှင့် အပန်းဖြေတဲတစ်ခုရှိသည်။

ဥယျာဉ်ထဲတွင် အပင်များဖြင့် ပြည့်နေသော်လည်း မည်သည့်အပင်များဖြစ်သည်ကိုမူ အတိအကျမပြောနိုင်ပေ။ ရာသီဥတုက အေးနေဆဲဖြစ်သောကြောင့် အပင်များမှာ အညှောင့်ထွက်မလာသေးပေ။

ထို့နောက် ရှောင်းယီ ဗီလာထဲဝင်သွားလိုက်သည်။ အတွင်းခန်း အလှဆင်မှုများမှာ အလွန်ဇိမ်ကျလှပြီး သလင်းကျောက်မီးဆိုင်းများ၊ သစ်သားစားပွဲခုံများ၊ သားရေဆိုဖာများဖြင့် အလွန်ခမ်းနားလှပေသည်။

အန်းယွဲ့သည် အရင်ကမ္ဘာတွင် အောင်မြင်သည့်လူတစ်ယောက်ဖြစ်ပြီး သူ၏မိသားစုသည်လည်း ဗီလာထဲတွင် နေထိုင်ခဲ့ကြ၏။ သို့သော်လည်း ဤဗီလာနှင့်ယှဉ်လျှင် သူတို့၏အရင်ဗီလာက တစ်ဆင့်ထက်မက နိမ့်နေသေးသည်။

ပထမထပ်တွင် ဧည့်ခန်းကြီးတစ်ခန်း၊ ထမင်းစားခန်း၊ မီးဖိုချောင်နှင့် အိပ်ခန်းတစ်ခန်းရှိသည်။

ဒုတိယထပ်တွင် အိပ်ခန်းသုံးခန်းရှိ၏။ တတိယထပ်တွင်မူ အိပ်ခန်းတစ်ခန်းသာရှိသော်လည်း လှေကားထစ်ကြီးများနှင့် ရေကူးကန်တစ်ကန် ပါရှိသည်။

ရှောင်းယီသည် လသာဆောင် အစွန်းတွင်ရပ်ပြီး အဝေးသို့ ကြည့်လိုက်၏။ တံတိုင်းအတွင်း၌ အဆောက်အဦးများကို စနစ်တကျဖြန့်ကျက်ထားပြီး တံတိုင်းအပြင်ဘက်ရှိ ပင်လယ်သည်လည်း လှိုင်းတံပိုးများဖြင့် ဖြာထွက်နေခဲ့သည်။

ခဏကြာအောင် ရပ်ကြည့်ပြီးနောက် ရှောင်းယီက နောက်ပြန်လှည့်ကာ ထွက်လာခဲ့လိုက်သည်။ ကျန်သည့်သူများကလည်း နောက်ကနေ လိုက်သွားခဲ့ကြ၏။

“မြေအောက်မှာလည်း တစ်ထပ်ရှိသေးတယ်။”

ထိုသို့ပြောလိုက်ရင်းဖြင့် ရှောင်းယီက မြေအောက်ခန်းတံခါးကို ဖွင့်လိုက်သည်။

မြေအောက်ထပ်တွင်အခန်းကို KTV အဖြစ် အသုံးပြုနိုင်သော ရုပ်သံခန်းတစ်ခုရှိပြီး ဘိလိယက်ခုံတစ်ခုလည်း ရှိသည်။

“နောက်ထပ် ဗီလာတစ်လုံးကလည်း ဒီတစ်လုံးနဲ့ အတူတူပဲ။ ဘယ်လိုခွဲဝေမလဲဆိုတာကိုတော့ ညစာစားပြီးမှ ဆွေးနွေးကြမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“နောက်ဆုံးအနေနဲ့ လုပ်ငန်းသုံးအဆောက်အဦးအသစ်ကို အတူတူသွားကြည့်ကြရအောင်။”

“နောက်ထပ်ရှိသေးတာလား။”

ဆုဝမ်က ဇဝေဇဝါဖြင့် မေးလိုက်၏။

“ဗီလာရဲ့တတိယထပ်ကိုကြည့်လိုက်တုန်းက တခြားအဆောက်အဦးအသစ်တွေကို မတွေ့မိပါဘူး။”

“ငါ့နောက်ကလိုက်လာရင် မင်းသိသွားမှာပါ။”

ထိုသို့ပြောပြီးနောက် ရှောင်းယီက တံတိုင်းအပြင်ဘက်သို့ ထွက်သွားတော့လေသည်။

တံတိုင်းအပြင်ဘက်သို့ ရောက်သောအခ်းါ လူတိုင်းက ပိုမို ရှုပ်ထွေးသွားခဲ့၏။

လုပ်ငန်းသုံးအဆောက်အဦးဆိုရင် ဘာလို့တံတိုင်းထဲမှာညမထားတာလဲ။

အန္တရာယ်တစ်ခုခုရှိလာခဲ့ရင် ဒါမှမဟုတ် ရန်သူတွေ ရှိလာတဲ့အခါ အပြင်မှာဆိုရင် ဂရုစိုက်ဖို့ ခက်သွားမှာ မဟုတ်ဘူးလား။

ရှောင်းယီသည် လူအားလုံးကို ရေချိုမြစ်၏ မြစ်ဝဆီသို့ တည့်တည့်မတ်မတ် ခေါ်ဆောင်သွားခဲ့သည်။

မြစ်ဝအနီးသို့ မရောက်ခင်မှာပင် ရှောင်းယီနှင့် အခြားသူများသည် မြစ်ဝနှစ်ဖက်တွင်ရှိသော သံမဏိအဆောက်အဦးကြီးနှစ်ခုကို မြင်လိုက်ကြရသည်။

အဆောက်အဦးထိပ်တွင် ရှည်လျားသောသံတိုင်တစ်ချောင်း ထိုးထွက်နေပြီး အထက်တွင် မီးလုံးကြီးတစ်လုံးကို တပ်ဆင်ထားသည်။

“ရိုးရှင်းသော ဆိပ်ကမ်းမီးပြတိုက်။”

ရှောင်းယီ ထိုမီးလုံးကြီးကို ကြည့်လိုက်သောအခါ စနစ်က အသိပေးလာခဲ့သည်။

“ဒါက တကယ်ကို ရိုးရှင်းတာပဲ။”

ရှောင်းယီက ပြောပြီး ဆိပ်ကမ်းဘက်သို့ ကြည့်လိုက်၏။

“ဆိပ်ကမ်း - သင်္ဘောကြီး ၁၀ စီး ဆိုက်ကပ်နိုင်ပြီး သင်္ဘော ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်သည်။ ဆိပ်ကမ်းတွင် ဆိုက်ထားသော သင်္ဘောများသည် သေးငယ်သည့်ပျက်စီးမှုများမှ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာနိုင်သည်။ ဆိပ်ကမ်းတွင် ကျည်ဆန် ၁၀၀၀ ပါဝင်သော အသေးစားစက်သေနတ်များရှိသည်။”

ထိုစဉ် ယွမ်နွန်က ထိုအဆောက်အဦးကို ကြည့်ကာ မေးလိုက်သည်။

“ဒါက ဆိပ်ကမ်းမဟုတ်ဘူးလား။”

“တစ်ခုတည်း မဟုတ်ဘူး။ ဆိပ်ကမ်းနှစ်ခုပဲ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ကျန်းယွင်ထျန်းက ရှောင်းယီကို လက်မထောင်ပြလိုက်သည်။

“ဒါကိုတောင် ရအောင်လုပ်နိုင်တယ်ဆိုတော့ မင်းက တကယ်ကို အံ့ဖွယ်တစ်ပါးပဲ။”

ဝုန်း!

ထိုအချိန်တွင် တပိုင်သည် ရေထဲမှ တက်လာပြီး သူ၏လက်ထဲတွင်လည်း ရေဘဝဲတစ်ကောင်ကို ဆုပ်ကိုင်ထားခဲ့သည်။

ရုတ်တရက် ထွက်ပေါ်လာသော ဆိပ်ကမ်းကို မြင်သောအခါ သူသည် ခေါင်းစောင်းကာ ကြည့်လိုက်ပြီး ရှုပ်ထွေးသွားခဲ့၏။

ရေဘဝဲသည် သူ့ကိုဆုပ်ကိုင်ထားသော တပိုင်၏ လက်ကောက်ဝတ်ကို သူ၏လက်တံများဖြင့် လွှတ်ချရန် ကြိုးစားနေခဲ့သည်။

သို့သော်လည်း သူ၏အင်အားက သိပ်မသိသာလှသောကြောင့် တပိုင်က ဘာမျှမခံစားရပေ။

“ဒါက ငါတို့ရဲ့ ဆိပ်ကမ်းပဲ။ နောက်ပိုင်းမှာ သင်္ဘောတွေကို ဒီမှာဆိုက်ကပ်မယ်။”

ရှောင်းယီက ပြောလိုက်သည်။

တပိုင်က လူတစ်ယောက်ကဲ့သို့ ခေါင်းညိတ်လိုက်ပြီး သူ၏အခြားလက်တစ်ဖက်ဖြင့် သူ၏လက်ကောက်ဝတ်ကို ရစ်ပတ်ထားသော ရေဘဝဲ၏လက်တံကို ဆွဲဖြဲလိုက်၏။ ထို့နောက် ထိုရေဘဝဲ၏ လက်တံများက တပိုင်၏ လက်သည်းများကြောင့် ပြတ်တောက်သွားခဲ့သည်။

သူက သူဖြတ်တောက်ပစ်လိုက်သော ရေဘဝဲ၏ လက်တံကို လက်ချောင်းနှစ်ချောင်းဖြင့်ညှပ်ကာ ပါးစပ်ထဲထည့်လိုက်တော့သည်။

ယခုအချိန်တွင် ဝမ်ချိုင်က အသားစိမ်းများကို မစားတော့ပေ။ သို့သော်လည်း တပိုင်သည်မူ ရွေးမနေဘဲ အစိမ်းရော၊ အကျက်ပါ အကုန်စား၏။

ထိုအချိန်တွင် ဝမ်ချိုင်သည်လည်း အဝေးမှပြေးလာပြီး တပိုင်ကိုကြည့်ကာ နှစ်ချက်ဟောင်လိုက်၏။ တပိုင်သည် ချက်ချင်းပင် တစ်ဖက်ကို ပြေးထွက်သွားတော့သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ကျွန်းကို တိုက်ခိုက်ခံနေရကြောင်း ဝမ်ချိုင်က သတိထားမိခဲ့သည်။

“ဒီအကြီးစား ပြင်ဆင်မှုက ဒီလောက်ပဲ။ အရင်ဆုံး အလုပ်တာဝန်တွေ ခွဲဝေကြရအောင်။”

ရှောင်းယီက ပြောလိုက်သည်။

လူတိုင်းက ချက်ချင်းပင် ထရပ်လိုက်ကြ၏။ ဤကဲ့သို့ အလွန်ကောင်းမွန်သော အပြောင်းအလဲများက သူတို့ကို အနာဂတ်အတွက် မျှော်လင့်ချက်နှင့် ယုံကြည်မှုများ ပြည့်နှက်သွားစေခဲ့သည်။

“အစ်ကိုကျန်း မင်းက သင်္ဘောအားလုံးကို ဒီဆိပ်ကမ်းမှာ ဝင်ပြီး ဆိုက်ကပ်ဖို့နဲ့ လုံခြုံရေးကိစ္စတွေကို ဆက်ပြီးတာဝန်ယူလိုက်ပါ။”

“လယ်သမားတစ်ယောက်အနေနဲ့ ဦးလေးယွမ်က ခြံထဲက မြေကို အရင်သွားကြည့်ပြီး ဝါဂွမ်းစိုက်ဖို့ အစီအစဉ်ဆွဲလိုက်ပါ။ ကျုပ်တို့ တစ်လလုံး ဒီအဝတ်အစားတွေကိုပဲ ဝတ်နေရတာ ငြီးစော်နံနေပြီ။ ကျွင်းကျွင်း မင်းလည်း သွားကူလိုက်ဦး။”

“အန်းရန်၊ ဆုဝမ်၊ မင်းတို့နှစ်ယောက်က ဗီလာထဲမှာမရှိတဲ့ ကျေးလက်ဗီလာထဲက အသုံးဝင်လောက်မယ့်ပစ္စည်းတွေကို ဗီလာထဲကို အရင်ရွှေ့လိုက်ပါ။”

“အန်တီ၊ ပင်းအာ မင်းတို့နှစ်ယောက်က ရက်ကန်းစက်နဲ့ ဗိုင်းငင်စက်ကို အရင်ဆုံး ရင်းနှီးအောင် လုပ်လိုက်ကြပေါ့။ အဝတ်အစားအသစ်တွေ ဝတ်နိုင်၊မဝတ်နိုင်ဆိုတာကတော့ မင်းတို့အပေါ်မှာ မူတည်သွားပြီ။”

“ဟုတ်ကဲ့။”

လူတိုင်း တစ်ယောက်ပြီး တစ်ယောက် လှည့်ထွက်သွားကြတော့၏။ ထို့နောက် ရှောင်းယီက ကျွန်း၏အခြေအနေကို ကြည့်လိုက်သည်။

“ပင်လယ်ရေ တိုက်စားနေသည်။ လက်ရှိအခြေအနေ- ၆၀%။”

ပြီးနောက် ရှောင်းယီသည် ဗီလာထဲရှိ သူ၏အိပ်ခန်းသို့ ပြန်သွားလိုက်၏။ သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကွန်ပျူတာစားပွဲဘေးတွင် နေရာချထားခြင်းဖြစ်သည်။ ရှောင်းယီသည် အဆင့်မြင့်ဂိမ်းထိုင်ခုံတွင် ထိုင်လိုက်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အများသုံးချန်နယ်ကို ကြည့်လိုက်သည်။

“အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်က ကျူးချန်းကလန်ရဲ့ ဒုတိယခေါင်းဆောင် ချူရှန်းပါ။ ကျုပ်က အရင်က ယီရန်ပင်းရဲ့ S အဆင့် ပြောင်းဖူးကို လေလံဆွဲခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ အချို့လူတွေက သူတို့ရဲ့ဆွေမျိုးသားချင်းတွေကို ရှာတွေ့ထားကြပေမယ့် အကွာအဝေးကြောင့် ပြန်မဆုံနိုင်ရခြင်းမျိုး မဖြစ်ရအောင် ကျုပ်တို့ ကျူးချန်းကလန်က ခရီးသည်တင်ဝန်ဆောင်မှုကို ဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ခရီးသည်တင်ဝန်ဆောင်ခကို ခရီးအကွာအဝေးအလိုက် ကောက်ခံမှာဖြစ်ပြီး ၅၀ ကီလိုမီတာတိုင်းအတွက် အုတ်မြစ်ကျောက် ၁ ခု ကျသင့်မှာဖြစ်ပါတယ်။ ၅၀ ကီလိုမီတာထက်နည်းရင်လည်း ၅၀ ကီလိုမီတာအဖြစ် သတ်မှတ်ပါမယ်။ ဖွင့်ပွဲအထူးလျှော့စျေးအနေနဲ့ ၃ ရက်အတွင်း ဝန်ဆောင်မှုကို လျှော့ဈေးတစ်ဝက်နဲ့ ခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျ။ လိုအပ်ရင် ကျုပ်ကို သီးသန့်စာတိုပေးပို့ကြပါ။ တစ်ခုတော့ မှတ်ထားပေးပါ...။ ကျုပ်တို့ သင့်တို့ဆီကို လာခဲ့တဲ့ ခရီးမိုင်အကွာအဝေးကိုလည်း ထည့်သွင်းတွက်ချက်မှာ ဖြစ်ပါတယ်။”

All Chapters