← Chapters

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း ၁၉၉ ခရီးသည်တင်လုပ်ငန်း၊ B အဆင့် အာလူးနှင့် S အဆင့် မက်မွန်သီး

“ကျူးချန်းကလန်လား။ ဒီအင်အားစုက ဘယ်တုန်းကတည်ထောင်ခဲ့တာလဲ။ ငါဘာကြောင့်တစ်ခါမှမကြားဖူးတာလဲ။”

“ဒါက ပုံမှန်ပါပဲ။ သူတို့က လင်းအင်ပါယာလိုမျိုး လူသိခံချင်တဲ့ အင်အားစုမျိုး မဟုတ်ဘူး။”

“အုတ်မြစ်ကျောက်တစ်ခုကို ၅၀ ကီလိုမီတာဆိုတာက အရမ်းစျေးကြီးတယ်။ ငါ့အမေနဲ့ ငါဆိုရင် ၂၈၀၀ ကီလိုမီတာတောင် ဝေးတာ။ ဒါဆို အုတ်မြစ်ကျောက် ၅၆ ခုတောင် ကုန်မှာမဟုတ်ဘူးလား။ ငါ့ကျွန်းကိုထည့်တွက်ရင်တောင် ငါ့မှာ အုတ်မြစ်ကျောက် အဲ့လောက်မရှိဘူး။”

“အပေါ်က ညီအစ်ကို။ မင်းက အရင်ကမ္ဘာတုန်းက စာမေးပွဲကျခဲ့တဲ့သူပဲ ဖြစ်ရမယ်။ မေးခွန်းကို သေချာမဖတ်ဘဲ ဖြေနေတာလား။”

“ဟုတ်တယ်။ သူတို့က ဖွင့်ပွဲအထူးလျှော့စျေးအနေနဲ့ တစ်ဝက်လျှော့ပေးမယ်လို့ ပြောထားပြီးသား။ မင်းမှာ အုတ်မြစ်ကျောက် ၂၈ ခုရှိဖို့ပဲလိုတယ်။ ဒါပေမယ့် သူတို့ မင်းကိုလာခေါ်ရမယ့် မိုင်အကွာအဝေးကိုလည်း ထပ်ထည့်ရမယ်။”

“မင်းကမှ အဲ့လောက်ပဲဝေးတာ။ ငါနဲ့ ငါ့ညီမလေးဆိုရင် ၄၀၀၀ ကီလိုမီတာကျော်တောင် ဝေးတယ်။ အဲ့ဒါက ဒေါသထွက်စရာပဲ။ တစ်ဝက်လျှော့ဈေးပေးရင်တောင် ၄၀ လောက်ကုန်ဦးမှာ။”

“ဘယ်လောက်ပဲကုန်ကုန် ငါကတော့ သုံးမယ်။ ဒါပေမယ့် @ချူရှန်း ရေကြောင်းခရီးရဲ့ဘေးကင်းမှုကို မင်းဘယ်လိုအာမခံမှာလဲ။ ငါ့ရဲ့သိထားသလောက်တော့ ပင်လယ်က သိပ်မအေးချမ်းဘူး။”

“ဟုတ်တယ်။ ဘေးကင်းမှုကို အာမ၊မခံနိုင်ရင် ဘယ်လောက်ပဲ ဆွေးနွေးဆွေးနွေး အဓိပ္ပါယ်မရှိဘူး။”

“လူတိုင်းရဲ့ စိုးရိမ်မှုကို ကျုပ် နားလည်ပါတယ်။ ကျုပ်တို့မှာ ဒါရှိတယ်။ [လေဦးပိုင်းပင်လယ်ဘီလူးရုပ်တု ] (S အဆင့်) ၁။”

ကျူးချန်းချူရှန်းက အများသုံးချန်နယ်တွင် ချက်ချင်း ပြောလိုက်သည်။

ထို S အဆင့် ပစ္စည်းကို တွေ့လိုက်ရသောအခါ လူတိုင်း စိတ်လှုပ်ရှားသွားကြ၏။

“အိုးခိုင်မော့! ဒါက နတ်ဘုရားလက်နက်ပဲ။ သူဌေးကြီး ဒါကိုဘယ်လိုရခဲ့တာလဲ။”

“ဒါက ကျုပ်တို့ရဲ့ ရေကြောင်းခရီးအတွက် အခြေခံအုတ်မြစ်ပဲ။”

“သူဌေး ကျွန်တော့်ကို လာခေါ်ပါ။ အုတ်မြစ်ကျောက် ဘယ်လောက်ပဲကုန်ကုန် ကျွန်တော်ပေးမယ်။ ကျွန်တော်ရဲ့ အဖေနဲ့ တူပြန်ဆုံဖို့ သွားရမယ်။”

“သူဌေး ကျုပ်လည်း လိုက်မယ်။”

ထိုအခါ ကျူးချန်းချူရှန်းက ချက်ချင်းပင် ထပ်ပြောလိုက်သည်။

“လူတိုင်းပဲ အရင်ဆုံး ခင်ဗျားတို့ရဲ့တည်နေရာနဲ့ ခင်ဗျားတို့ ဦးတည်သွားမယ့်တည်နေရာကို ပြောပြပါ။ ကျုပ်တို့လည်း ခရီးစဉ်အတွက် စီစဉ်ရမယ်။ မှတ်ထားပါ...လိုအပ်ချက်ရှိရင် သီးသန့်စာပို့ပါ။ အများသုံးချန်နယ်မှာ မပြောပါနဲ့။”

“သူဌေး ကျုပ်တို့ သီးသန့်စာတိုပို့ထားပြီးပြီ။ ကြည့်ပေးပါဦး။”

“ကျုပ်ရောပဲ၊ မြန်မြန်ကြည့်ပေးပါ။”

ခဏလေးအတွင်းမှာပင် ကျူးချန်းချူရှန်း၏ သီးသန့်ချန်နယ်တွင် သီးသန့်စာတိုများဖြင့် ပြည့်နှက်သွားခဲ့သည်။

သူက အများသုံးချန်နယ်တွင် ပြောလိုက်၏။

“တောင်းပန်ပါတယ်။ သီးသန့်စာပို့တဲ့သူတွေ အရမ်းများနေပါတယ်။ အုတ်မြစ်ကျောက်နဲ့ ကျွန်းဧရိယာကို တစ်ခါတည်း စခရင်ရှော့ရိုက်ပြီး သီးသန့်စာပို့ပေးပါ။”

ထိုသို့ပြောပြီးနောက် သူသည် သီးသန့်ချန်နယ်ကို အုတ်မြစ်ကျောက်နှင့် ကျွန်းဧရိယာကို စခရင်ရှော့ရိုက်ပြီး စာတိုပေးပို့သူများကိုသာ ဝင်ခွင့်ပေးပြီး တခြားသူများကို တားမြစ်လိုက်သည်။

ရှောင်းယီက ချူရှန်း၏ ခရီးသည်တင်ခနှင့် စျေးနှုန်းကိုကြည့်ပြီး စိတ်ထဲတွင် တွေးလိုက်မိ၏။

“ဒီကောင်က တကယ်ပဲ ကြမ်းတာပဲ။ ဒါပေမယ့် အခုအချိန်မှာ ဒီလိုခရီးသည်တင်လုပ်ငန်းက မရှိမဖြစ် လိုအပ်နေတဲ့အရာပဲ။ လှေစီးမယ့်သူတွေလည်း အများကြီးရှိလိမ့်မယ်။”

ထိုအချိန်တွင် ဝမ်ချိုင်က အပြင်ကနေ ပြေးဝင်လာပြီး ရှောင်းယီကိုကြည့်ကာ နှစ်ခါဟောင်လိုက်သည်။

“ကောင်းပြီ ငါ အခုချက်ချင်းသွားလိုက်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်၏။

ဝမ်ချိုင်သည် အလိုအလျောက်ငါးဖမ်းပိုက်ဖြင့် ဖမ်းမိထားသော ပစ္စည်းသေတ္တာများအားလုံးကို ဂိုဒေါင်ထဲသို့ ဆွဲသွင်းထားပြီးပြီ ဖြစ်သောကြောင့် ရှောင်းယီကို လာခေါ်ခြင်းဖြစ်သည်။

သူဂိုဒေါင်ကို ရောက်သွားသောအခါ စုစုပေါင်း ပစ္စည်းသေတ္တာ ၄၆ လုံးရှိနေပြီး အားလုံးကို ဖွင့်ကြည့်လိုက်သည်။

“ရရှိသောပစ္စည်းများ- အုတ်မြစ်ကျောက် ၄၊ ကြေး ၃၊...”

“ရရှိသောပစ္စည်းများ - အာလူး (B အဆင့်) ၂၊ ပလပ်စတစ် ၂၊...”

“ရရှိသောပစ္စည်းများ- အုတ်မြစ်ကျောက် ၁၊ ဖန် ၃၊...”

“နှစ်ဆအကျိုးသက်ရောက်မှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ- အုတ်မြစ်ကျောက် ၁၀၄၊ အာလူး (B အဆင့်) ၄၊ ကြေး...”

ယနေ့ ကျွန်းတွင် လူတစ်ယောက်ပိုလာသောကြောင့် ပစ္စည်းသေတ္တာများလည်း ပိုမိုများပြားလာခဲ့သည်။ အုတ်မြစ်ကျောက်က ၅၂ ခု ဖြစ်သောကြောင့် ရရှိနိုင်သောအခွင့်အလမ်းကလည်း သိပ်မဆိုးလှပေ။

B အဆင့် အာလူး ၂ ခုကတော့ မမျှော်လင့်ထားသော အံ့အားသင့်စရာတစ်ခုပင်။

သူသည် ယခင်က အိမ်ရာထဲရှိ B အဆင့် မြေတွင် မည့်သည့်အပင်များ စိုက်ပျိုးရမလဲ မသိခဲ့ပေ။

ရှောင်းယီသည် ထိုအာလူး ၄ လုံးကိုယူပြီး ခြံထဲသို့ လျှောက်သွားလိုက်တော့သည်။

ထိုနေရာတွင် ယွမ်နွန်နှင့် အန်းယွဲ့တို့မှာ မျိုးစေ့ချရန် မြေဆွနေကြ၏။ ပြင်ပအပူချိန်သည် မျိုးစေ့ချရန်မသင့်တော်သော်လည်း ခြံထဲတွင်မူ အပူထိန်းစနစ်ရှိပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပေသည်။

ရှောင်းယီ လျှောက်လာနေသည်ကိုမြင်သောအခါ ယွမ်နွန်က သူ့ဆီသို့ လျှောက်သွားပြီး ပြောလိုက်သည်။

“ကျေးလက်အိမ်ထဲက ဖန်လုံအိမ်ထဲမှာ ဝါဂွမ်းတွေ စိုက်ထားပြီးပြီ။ အသီးတွေရင့်လာရင် အစေ့ယူပြီး ထပ်စိုက်လိုက်မယ်။”

“အင်း ကျုပ်ပြောပြီးသားပဲ။ ဒီကိစ္စကို ဦးလေးကိုယ်တိုင်ပဲ ဆုံးဖြတ်လို့ရတယ်။ ကျုပ်က ဒါယူလာပေးတာပါ။”

ရှောင်းယီက သူ့လက်ထဲက အာလူးများကို ပေးလိုက်သည်။

“B အဆင့်အာလူး။”

ယွမ်နွန်က ချက်ချင်းပင် ဝမ်းသာသွားခဲ့၏။

“B အဆင့်မြေတွေ လွတ်နေလို့ဆိုပြီး ငါ စိုးရိမ်နေတာ။ ကံကောင်းတာပဲ။”

သူသည် ရှောင်းယီလက်ထဲက အာလူးများကို ယူလိုက်ပြီး B အဆင့်မြေကွက်ဆီသို့ လျှောက်သွားတော့လေသည်။

ရှောင်းယီသည်လည်း လယ်ကွင်းထဲကပြန်ထွက်လာခဲ့ပြီး သူ၏အိပ်ခန်းဆီသို့ ပြန်လျှောက်လာလိုက်သည်။

သူပြန်ရောက်သောအခါ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် သီးသန့်စာတစ်စောင်ရောက်နေသည်ကို တွေ့လိုက်ရ၏။

“သူဌေး တစ်စုံတစ်ယောက်က ဒါကိုထုတ်ယူခဲ့တယ်။ အုတ်မြစ်ကျောက်ဘယ်လောက်တန်လဲဆိုတာ ကြည့်ပေးပါဦး။

[မက်မွန်သီးစေ့] (S အဆင့်) ၁။”

ချူရှန်းက မေးထားခြင်းဖြစ်သည်။

ထိုအရာကိုမြင်သောအခါ ရှောင်းယီက ချက်ချင်းပြန်ဖြေလိုက်သည်။

“ဒါက ငါ့အတွက်တန်ဖိုးရှိတယ်။ ဒါပေမယ့် တခြားလူတွေအတွက်တော့ တန်ဖိုးမရှိဘူး။”

ရှောင်းယီ၏ စာကိုဖတ်ပြီးနောက် ချူရှန်းက သဘောပေါက်သွားပြီး ချက်ချင်းပင် ထိုပစ္စည်းကိုလဲလှယ်လိုက်တော့သည်။

“[မက်မွန်သီးစေ့] (S အဆင့်) ၁ - အခမဲ့လဲလှယ်ခြင်း။”

“သူဌေးပြောတာ မှန်တယ်။ ဒီမှာထားရင် အလကားဖြစ်သွားလိမ့်မယ်။ သူဌေး ဒီမက်မွန်သစ်သီးကို စိုက်ပြီးရင် ကျုပ်တို့ကို လျှော့စျေးနဲ့ပြန်ရောင်းပေးပါ။ ဒီတောင်းဆိုမှုက မများလွန်းဘူးမို့လား။”

ချူရှန်းက ပြောလိုက်သည်။

“မများပါဘူး။ အစေ့ပေါက်ပြီး အသီးသီးရင် မင်းကို နှစ်လုံးအလကားပေးမယ်။”

“ဒါဆို ကျုပ် မှတ်ထားလိုက်ပါ့မယ်။ ပြီးမှ ငြင်းလို့မရဘူးနော်။”

ချူရှန်းက ပြုံးကာ ပြောလိုက်သည်။

“ကောင်းပြီ။ ငါငြင်းမှာမဟုတ်ပါဘူး။”

ရှောင်းယီက ပြန်ဖြေပြီး လဲလှယ်မှုကို သဘောတူလိုက်၏။

“လဲလှယ်မှုအောင်မြင်ပါသည်။ နှစ်ဆ....အသက်သွင်းလိုက်ပါပြီ၊ ရရှိသောပစ္စည်းများ - [မက်မွန်သီးစေ့] (S အဆင့်) ၂။”

ရှောင်းယီသည် မက်မွန်သီးစေ့ ၂ စေ့ကိုကြည့်ရင်း တစ်ယောက်ယောက်က မက်မွန်သီးကို ရရှိခဲ့ကာ စားသောက်ပြီးနောက် ၎င်းကိုချန်ထားခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

S အဆင့် မြေဆီလွှာရှိရင် စိုက်ဖို့ကြိုးစားမယ်လို့ စဉ်းစားထားတာဖြစ်မယ်။

သို့သော်လည်း ယခုအချိန်တွင် ဆွေမျိုးများနှင့် ပြန်လည်ဆုံစည်းရန် လိုအပ်နေပြီး အုတ်မြစ်ကျောက်မှာ မလောက်လုံပေ။ ထို့ကြောင့် ထိုပစ္စည်းကိုသာ အံကြိတ်၍ ထုတ်ယူလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။

လက်တွေ့တွင်လည်း ရှောင်းယီ၏ခန့်မှန်းချက်မှာ အတိအကျ မှန်ကန်ပေသည်။ ထိုလူသည် အုတ်မြစ်ကျောက် မလုံလောက်သောကြောင့် ထိုမက်မွန်သီးစေ့ကို ထုတ်လိုက်ရခြင်းဖြစ်သည်။

တိုက်ဆိုင်သည်မှာ ထိုလူ၏ဦးတည်ချက်က ချူရှန်း စီစဉ်ထားသော ခရီးစဉ်ပေါ်တွင် ရှိနေခြင်းဖြစ်သည်။

ကီလိုမီတာ ၃၀၀၀ ကျော်ဝေးသော်လည်း ထိုလှေဖြင့်သာ ခရီးကို ချောချော‌မွေ့မွေ့ သွားနိုင်ပေလိမ့်မည်။ ထိုလူသည် ထိုပစ္စည်းကို ထုတ်ယူသည်ဖြစ်စေ၊ မထုတ်ယူသည်ဖြစ်စေ သူသည် ထိုလှေဖြင့်သာ ထွက်ခွာရမည်ဖြစ်သည်။

ထို့ကြောင့် ချူရှန်းက သူ့ကိုမေးခဲ့ခြင်းဖြစ်ပြီး ထိုသူ၏ကျွန်းပေါ်ကို အုတ်မြစ်ကျောက် ၁၅ ခုလုံးကို ထုတ်ယူပြီး ထိုမက်မွန်သီးစေ့နှင့် ထပ်ပေါင်းထည့်ခိုင်းလိုက်သည်။

မက်မွန်သီးစေ့ကို ရရှိပြီးနောက် ရှောင်းယီက ယွမ်နွန်ကို ချက်ချင်းပေးလိုက်ပြီး အမြန်ဆုံးစိုက်ပျိုးရန် ပြောလိုက်သည်။ ယွမ်နွန်ကလည်း ထိုအရာကို မြင်သောအခါ ထပ်မံ၍ ပျော်ရွှင်သွားခဲ့သည်။

မကြာမီ ညအချိန်သို့ ကျရောက်လာခဲ့ပြီး ကျန်းယွင်ထျန်းသည်လည်း အပြင်မှ ပြန်ရောက်လာခဲ့သည်။

“တပိုင်နဲ့ ဝမ်ချိုင်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပိုပြီးကောင်းလာတယ်။ ဒီနေ့ ငါ့ဘာမှ မလုပ်ခဲ့ရဘူး။”

သူက ပြောလိုက်၏။

သူ့ဘေးရှိ တပိုင်နှင့် ဝမ်ချိုင်တို့က ချီးမွမ်းခံချင်နေသော ဟန်ပန်ဖြင့် ရပ်နေခဲ့ကြသည်။ ထိုအခါ ရှောင်းယီက ပြုံးလိုက်သည်။

“ကောင်းတယ်။ ဒီနေ့ SS အဆင့် ရေသန့်နည်းနည်းဆုချမယ်။”

SS အဆင့်ရေသန့်အကြောင်း ကြားလိုက်ရသောအခါ တပိုင်နှင့် ဝမ်ချိုင်တို့၏ မျက်လုံးများ ပြောင်းလဲသွားခဲ့၏။

ရေသန့်စက်က မနေ့ကမှ အဆင့်မြှင့်ထားခြင်းဖြစ်ပြီး နှစ်ယောက်လုံး SS အဆင့် ရေသန့်ကို မသောက်ဖူးကြသေးပေ။

ရှောင်းယီ ရေ ၂ ခွက်လောင်းထည့်ပြီး တပိုင်နှင့် ဝမ်ချိုင်တို့ရှေ့တွင် ချပေးလိုက်သည်။ တပိုင်က ရေခွက်တစ်ခွက်လုံးကို သူ၏ပါးစပ်ထဲသို့ သွန်ထည့်လိုက်တော့သည်။

ဝမ်ချိုင်ကမူ လျှာဖြင့်လျက်ပြီးသာ သောက်နိုင်၏။

သူ၏ခွက်ကိုသောက်ပြီးနောက် တပိုင်က ဝမ်ချိုင်၏ခွက်ကို မျက်လုံးထောင့်မှ အနည်းငယ် စောင်ကြည့်၍ ပြီး ဝမ်ချိုင်ဘက်သို့ အနည်းငယ်တိုးကပ်လိုက်သည်။ဝမ်ချိုင်မှာ ချက်ချင်းပင် သူ၏ခွက်ကို ဘေးသို့ရွေ့လိုက်၏။

တပိုင်ကလည်း လက်မလျှော့ဘဲ ထပ်တိုးလိုက်ပြန်သည်။ ဝမ်ချိုင်ကလည်း သူ၏ခွက်ကို သူ့ဘက်သို့ ထပ်ဆွဲလိုက်၏။ သို့သော်လည်း ဤတစ်ကြိမ်တွင်မူ မတော်တဆဖြစ်သွားပြီး ရေခွက်က ကြမ်းပြင်ပေါ်သို့ မှောက်ကျသွားခဲ့သည်။

တပိုင်က ချက်ချင်းပင် ကြမ်းပြင်ကို လျှာဖြင့်ကုန်းလျက်လိုက်တော့၏။

“ဝုတ်! ဝုတ်! ဝုတ်!”

ဝမ်ချိုင်သည် တပိုင်ကို ချက်ချင်း ဟောင်ကာ တာဆီးလိုက်ပြီး သူလည်း လျှာဖြင့်ကုန်းလျက်တော့လေသည်။ သို့သော်လည်း တပိုင်မှာ အလွန်လျင်မြန်လှပြီး ဖိတ်ကျသွားသော ရေအများစုကို သူကသာ လျက်သွားခဲ့သည်။

ထိုအချိန်တွင် တပိုင်သည် ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ယင်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး နီမြန်းလာခဲ့သည်။

အခန်း ၂၀၀ တပိုင် S အဆင့်သို့ အဆင့်တက်ခြင်းနှင့် ဗီလာအခန်းများ ခွဲဝေခြင်း

ဤကမ္ဘာရှိ ပိုလာဝက်ဝံဖြူများသည် ယခင်ကမ္ဘာက ပိုလာဝက်ဝံများနှင့် အတိအကျတူညီသော တိရစ္ဆာန်များဖြစ်ပေသည်။ ၎င်းတို့၏ အမွှေးများသည် အမှန်တကယ်တွင် ကြည်လင်ပြီး နေရောင်ခြည်၏ အလင်းယိုင်မှုကြောင့်သာ အဖြူရောင်အဖြစ် မြင်ရခြင်းဖြစ်သည်။

ထို့ကြောင့် တပိုင်အခန်းထဲ၌ ရှိနေချိန်တွင် ၎င်း၏ အရေပြား အနီရောင်ပြောင်းသွားသောအခါ အလွန်ထင်ရှားစွာ မြင်နေရခြင်းပင်။

“တပိုင် ဘာဖြစ်နေတာလဲ”

ကျန်းယွင်ထျန်က စိုးရိမ်တကြီးမေးလိုက်သည်။ ရှောင်းယီသည်လည်း တပိုင်ကို ထိတ်လန့်တကြား ကြည့်လိုက်မိလေသည်။

“ပိုလာဝက်ဝံဖြူ - အဆင့်တက်ခြင်းဖြစ်စဉ်အတွင်း ရှိနေသည်။ ၎င်းအား ရေနှင့်အစားအစာကဲ့သို့သော လက်ရှိအဆင့်အောက်မနိမ့်သော စွမ်းအင်ကို ပေးစွမ်းခြင်းဖြင့် ဆင့်ကဲဖြစ်စဉ်အောင်မြင်မှုနှုန်းကို မြင့်တင်ပေးနိုင်သည်။”

စနစ်၏ အသိပေးချက်က ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။ ရှောင်းယီ အလွန်ဝမ်းသာသွား၏။

“သူက အဆင့်တက်နေတာပဲ။”

ထို့နောက် သူသည် ချက်ချင်းပင် သူစုဆောင်းထားသော SSS အဆင့် ရေသန့်အားလုံးကို လောင်းထည့်လိုက်ပြီး တပိုင်၏ရှေ့တွင် ချပေးလိုက်တော့သည်။

“အကုန်သောက်လိုက်။”

တပိုင်သည် သူ၏ခန္ဓာကိုယ်မှာ အနီရောင်ဖြစ်နေသော်လည်း သူ၏စိတ်မှာမူ အလွန်ရှင်းလင်းနေဆဲပင်။ သူည် ယခု အလွန်အရေးကြီးသော အချိန်ကာလတွင် ရှိနေသည်ကိုလည်း သူသိထားပေသည်။

ထို့ကြောင့် သူသည် ရေသန့်အားလုံးကို မတွန့်ဆုတ်ဘဲ ၎င်း၏ပါးစပ်ထဲသို့ လောင်းထည့်လိုက်၏။

ရေသောက်ပြီးနောက် တပိုင်၏ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်အလင်းမှာ တဖြည်းဖြည်း ပိုပိုအားကောင်းလာပြီး မည်သူကမျှ သူ့ကို တိုက်ရိုက် စိုက်မကြည့်နိုင်တော့ပေ။

ထိုမျက်စိစူးစေသော အနီရောင်အလင်းတန်းများသည် တယ်မိနစ်ခန့်ကြာပြီးနောက် ဖြည်းဖြည်းချင်း တပိုင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ရှောင်းယီ တပိုင်ကို နောက်တဖန် ထပ်ကြည့်လိုက်သောအခါ ပိုလာဝက်ဝံဖြူမှာ ပိုမိုအားကောင်းလာသည်ကို တွေ့လိုက်ရလေသည်။

“ပိုလာဝက်ဝံဖြူ (S အဆင့်) - အလွန်ကြီးမားပြီး အလွန်ရက်စက်သော ကုန်းနေအသားစား သတ္တဝါတစ်ကောင်ဖြစ်သည်။ ၎င်း၏အရေပြားသည် အမည်းရောင်ဖြစ်ပြီး ၎င်း၏အမွေးများသည် ကြည်လင်သောကြောင့် များသောအားဖြင့် အဖြူရောင်အဖြစ် မြင်ရသည်။ ၎င်းတွင် အနံ့ခံအာရုံ အလွန်ထက်မြက်သည်။ ဤတိရစ္ဆာန်သည် သင့်၏ စာချုပ်သားရဲဖြစ်ပြီး အဖိုးတန်သော လက်ထောက်တစ်ဦးဖြစ်သည်။”

“သူက တကယ် S အဆင့်ကို တက်လှမ်းနိုင်သွားခဲ့တာပဲ။ ဒါက ငါ့ရဲ့မျှော်လင့်ထားတာထက် အများကြီးကျော်လွန်သွားပြီ။”

ရှောင်းယီ အော်ဟစ်လိုက်မိ၏။ ကျန်းယွင်ထျန်းသည်လည်း ရှောင်းယီ၏စကားကို ကြားလိုက်ရသည်။

“အဲ့ဒါကြောင့် ဝမ်ချိုင်နဲ့ ငါက အဲ့ဒီအချိန်တုန်းက သူ့ကိုမယှဥ်နိုင်ခဲ့တာပဲ။ သူက A အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ။ ဒီမှာ ရက်အနည်းငယ်နေခဲ့ပြီး အဆင့်မြင့်ရေနဲ့ အစားအစာတွေကို နေ့စဉ်စားသောက်ခဲ့တာကြောင့် နောက်တစ်ဆင့်ကို တက်ဖို့ စွမ်းအင်လုံလောက်အောင် စုဆောင်းနိုင်ခဲ့တာဖြစ်နိုင်တယ်။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါဖြစ်နိုင်တယ်။”

တပိုင်သည် အဆင့်တက်သွားပြီးနောက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ ရှောင်းယီသည် ၎င်းက သူ့ကို ကျေးဇူးတင်နေခြင်းဖြစ်ကြောင်း နားလည်သွားခဲ့သည်။

အဆုံးတွင် ရှောင်းယီသာ SSS အဆင့် ရေသန့်ကို ၎င်းရှေ့တွင် မထားပေးခဲ့ပါက တပိုင်သည်လည်း အောင်မြင်စွာ အဆင့်တက်နိုင်မည် မဟုတ်ပေ။

“ဘာလို့ ငါ့ကို အဲ့လောက်တောင် ယဉ်ကျေးနေတာလဲ။”

ရှောင်းယီက တပိုင်၏လက်မောင်းကို ပုတ်လိုက်၏။ တပိုင်သည် ဝမ်ချိုင်ကဲ့သို့ပင် သူ၏ဦးခေါင်းကိုငုံ့ကာ ရှောင်းယီ၏လက်ဖဝါးကို ပွတ်သပ်လိုက်လေသည်။

ခဏအကြာတွင် လီယန်က လုပင်းအာကို ခေါ်ဆောင်က သူတို့ဆီသို့ ရောက်လာခဲ့သည်။

“ငါ သစ်ခေါက်က အမျှင်တွေနဲ့ ဗိုင်းငင်စက်ကို စမ်းသပ်ပြီးပြီ။ ဒီကမ္ဘာရဲ့စည်းမျဉ်းတွေက စက်တွေကို အသုံးရတာ ရိုးရှင်းအောင် လုပ်ထားတာ ဖြစ်နိုင်တယ်။”

လီယန်က ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင်တော့ အကောင်းဆုံးပဲ။ တစ်ရက်အတွင်းမှာ ဝါဂွမ်းတွေကို ရိတ်သိမ်းရတော့မယ်။ အဲဒီအချိန်ရောက်ရင် အန်တီအပေါ်မှာပဲ မူတည်သွားပြီ။”

“ပြဿနာမရှိပါဘူး။”

လီယန်က တုံ့ပြန်လိုက်သည်။

“ဒီနှစ်ရက်အတွင်း အခြားအလုပ်မရှိဘူးဆိုရင် ဦးလေးယွမ်နဲ့အတူ အလုပ်လိုက်လုပ်လို့ရတယ်။”

ရှောင်းယီက ပြောလိုက်သည်။

လယ်ကွင်းများမှာ ၁၄ ဧကတောင် ရှိသောကြောင့် လူများများ ရှိမှသာလျှင် ထိုလယ်ကွင်းများကို အမြန်ဆုံး အသုံးပြုနိုင်မည်ဖြစ်သည်။

“ကောင်းပြီ။”

လီယန်တို့နှစ်ဦးစလုံး တုံ့ပြန်လိုက်ကြသည်။

သူတို့စကားပြောနေစဉ်အတွင်း ယွမ်နွန်နှင့် အန်းယွဲ့တို့သည် ပင်ပန်းနွမ်းနယ်သော်လည်း အလွန်စိတ်လှုပ်ရှားနေသည့်ဟန်ပန်ဖြင့် ပြန်ရောက်လာခဲ့ကြ၏။

“ငါတို့ S နဲ့ A အဆင့် လယ်ကွင်းတွေအားလုံးကို အပြည့်အဝ အသုံးချခဲ့တယ်။ အခု ငါတို့ အာလူးစိုက်ပျိုးခြင်းကို ချဲ့ထွင်တဲ့အခါကျရင် ကျန်တဲ့ B အဆင့် လယ်ကွင်းတွေကို အသုံးပြုဖို့ပဲလိုတော့တယ်။”

ယွမ်နွန်က ပြောလိုက်သည်။ ရှောင်းယီ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ဦးလေးတို့ အရမ်းအလုပ်ကြိုးစားနေကြတာလား။ လူနှစ်ယောက်က လယ် ၆ ဧကကို လေးနာရီတည်းနဲ့ လက်နဲ့ ပြီးအောင်လုပ်ခဲ့တာလား။”

ယနေ့ခေတ်တွင် လယ်ယာစက်ကိရိယာများ မရှိသေးပေ။ မြေဆီလွှာအားလုံးကို လက်ဖြင့်သာ ထဠန်ယက်စိုက်ပျိုးကြရခြင်းဖြစ်သည်။ ရေလောင်းခြင်းကိုသာ အလိုအလျောက် အလုပ်လုပ်သော ဉာဏ်ရည်တု ရေလောင်းစနစ်ဖြင့် လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။

ကံကောင်းထောက်မစွာပင် ၎င်းတို့၏ ရုပ်ခန္ဓာခွန်အားသည် အလွန်တိုးတက်လာခဲ့၏။ အကယ်၍ ယခင်ကလိုသာ ဖြစ်ခဲ့ပါက ၎င်းတို့သည် ယနေ့အတွင်း ပြီးစီးရန်မှာ မဖြစ်နိုင်ပေ။

“အလိုအလျောက် လယ်ယာစိုက်ပျိုးရေးစက်ကိရိယာတစ်ခုလောက်ရှိရင် ကောင်းမယ်။”

ရှောင်းယီ စဉ်းစားမိလိုက်သည်။

“ပြဿနာမရှိပါဘူး။ ဒီလို။ပျော်စရာကောင်းတဲ့ကိစ္စမျိုးကို မလုပ်ခဲ့ရတာကြာပြီ။”

ယွမ်နွန်က ပြောလိုက်သည်။

“ငါ့ရဲ့ခန္ဓာကိုယ်က ငါ ငယ်ငယ်ကထက်တောင် ပိုကောင်းနေတယ်လို့ ခံစားရတယ်။”

“ဟုတ်တယ်။ ငါဆိုရင် အရင်က လယ်ယာအလုပ်မလုပ်ဖူးဘူး။ ဒါပေမယ့် ဒီနေ့တော့ အလွယ်တကူ လုပ်နိုင်ခဲ့တယ်။ ဒီကမ္ဘာရဲ့ အဆင့်မြင့် အစားအစာတွေက တကယ့်ကို နတ်ဘုရားပစ္စည်းတွေပဲ။”

အန်းယွဲ့က သူ၏ခံစားချက်များကို ထုတ်ဖော်လိုက်သည်။

ထိုစဉ် အန်းရန်နှင့် ဆုဝမ်တို့သည်လည်း အဆင်သင့် ပြင်ဆင်ထားသော အစားအစာများကို သယ်ဆောင်ကာ ဝင်လာခဲ့ကြလေသည်။

ဗီလာရှိ မီးဖိုများသည် အဓိကအားဖြင့် ဓာတ်ငွေ့မီးဖိုများဖြစ်၏။ ယခုအခါ ကျွန်းပေါ်တွင် သဘာဝဓာတ်ငွေ့၊ ဇီဝဓာတ်ငွေ့ကဲ့သို့သော ဓာတ်ငွေ့လောင်စာများ မရှိသောကြောင့် ကျေးလက်ဗီလာရှိ ထင်းမီးဖိုများကိုသာ အသုံးပြုနေရသေးသည်။

အန်းရန်နှင့် အခြားသူများသည် အစားအစာများကို ဤနေရာသို့ ယူဆောင်လာနေရဆဲဖြစ်သည်ကို မြင်သောအခါ ရှောင်းယီက ခေါင်းခါလိုက်မိသည်။

“ဓာတ်ငွေ့လောင်စာတွေ လိုအပ်နေသေးပုံပဲ။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ဒီဂတ်စ်မီးဖိုတွေက အသုံးမဝင်တဲ့ အလှဆင်ပစ္စည်းတွေပဲ ဖြစ်သွားလိမ့်မယ်။”

“ဒီနေ့က အိမ်သစ်တက်တဲ့နေ့မို့လို့ အစားအသောက်တွေကို ဒီကိုယူလာခဲ့တာ။ နောက်ပိုင်းမှာ ဓာတ်ငွေ့လောင်စာမရှိသေးသ၍ ကျေးလက်ဗီလာရဲ့ ခြံဝင်းထဲမှာ စားကြမယ်။”

အန်းရန်က ပြောလိုက်သည်။

လူတိုင်းသည် တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြ၏။

ငါတို့က ဒီဟာတွေကို အခုလိုမျိုး တစ်နေ့လုံးသယ်ပို့မနေနိုင်ဘူးလေ ဟုတ်တယ်မလား။

ထိုင်လိုက်ကြပြီးနောက် လူတိုင်း ညစာစားရင်း စကားပြောလိုက်ကြတော့သည်။

“ဒီနေ့ ပင်လယ်သတ္တဝါတွေရဲ့တိုက်ခိုက်မှုက ၄၈ ကြိမ်ရှိခဲ့တယ်။ အဆင့်မြင့်ပင်လယ်သတ္တဝါတွေရဲ့တိုက်ခိုက်မှုရှိ၊မရှိတော့ ငါမသိဘူး။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

ရှောင်းယီက တပိုင်ကို တစ်ချက်ကြည့်ပြီး မေးလိုက်၏။

“ဒီနေ့ ငါတို့ကျွန်းကို ပိုပြီးအားကောင်းတဲ့ ပင်လယ်သတ္တဝါတွေ တိုက်ခိုက်တာမျိုးရှိသေးလား။”

“ဝေါင်း”

တပိုင်က လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

“တပိုင်က ရှစ်ကြိမ်ရှိတယ်လို့ ပြောတယ်။ ဒါပေမယ့် သူတို့က အားမကောင်းဘူး။ ငါတို့ရဲ့လူဦးရေအရ တိုက်ခိုက်မှုကို သတ်မှတ်ထားပုံရတယ်။”

ရှောင်းယီက ပြောလိုက်သည်။

လူတိုင်းက အတော်လေး မျှော်လင့်ချက်ကင်းမဲ့သွားကြ၏။ သူတို့သည် ရှောင်းယီက အရာရာကို နားလည်နေသည်ဟုပင် ခံစားလိုက်ရသည်။ အရင်တုန်းက ရှောင်းယီသည် ဝမ်ချိုင်၏စကားအဓိပ္ပာယ်ကို အကြမ်းဖျင်းနားလည်နိုင်သည်ဟု ခံစားခဲ့ရ၏။ သို့သော် ယခုအခါတွင် ရှောင်းယီသည် ၎င်းတို့နှင့် အပြည့်အဝ စကားပြောနေသည်ဟုပင် ခံစားလိုက်ကြရသည်။

“ဒါပေမယ့် ဒီနေ့ ငါတို့ရဲ့နေရာကို ကြီးကြီးမားမား ချဲ့ထွင်ခဲ့တယ်။ မနက်ဖြန်မှာ တိုက်ခိုက်မှု အရေအတွက်က တိုးလာမလားမသိဘူး။”

ကျန်းယွင်ထျန်းက ပြောလိုက်၏။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“တိုးလာသင့်တယ်။ ဒီတစ်ခါ ချဲ့ထွင်လိုက်တဲ့ ဧရိယာက အရမ်းကြီးလွန်းတယ်။”

“ဟုတ်တယ်။ ဒီနေ့ပြီးရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ဘယ်လိုအသစ်အဆန်းတွေ သတိပေးဦးမလဲမသိဘူး။”

ကျန်းယွင်ထျန်းက သိချင်နေခဲ့သည်။

လူတိုင်းသည်လည်း အလွန်သိလိုစိတ် ပြင်းပြနေကြ၏။ ဤနွေဦး၊ နွေရာသီ၊ ဆောင်းဦးနှင့် ဆောင်းရာသီ သတင်းလေးပတ်ပြီးနောက် နောက်တစ်ခုတွင် အကြီးစားလှုပ်ရှားမှုများရှိမည်ဟု သူတို့ခံစားနေကြရသည်။

“ဒါဆို လူတိုင်း ဒီမှာနေပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အရိတ်အမြွတ်ကို စောင့်ကြည့်ကြတာပေါ့။”

ရှောင်းယီက ပြုံးကာ ပြောလိုက်၏။ လူတိုင်းလည်း ခေါင်းညိတ်လိုက်ကြသည်။

“ဟုတ်ပြီ ဗီလာခွဲဝေရေးအစီအစဉ်ကို အရင်ဆုံး ဆွေးနွေးကြရအောင်။ ဒီဗီလာရဲ့ တတိယထပ်က အိပ်ခန်းကို ကျုပ် ယူပြီးသွားပြီ။ ကျန်တဲ့အခန်းတွေကိုတော့ ကိုယ့်ဘာသာကိုယ် ရွေးချယ်လိုက်ကြပါ။”

ရှောင်းယီက ပြောလိုက်သည်။

“ငါကအသက်ကြီးနေပြီ မင်းတို့လူငယ်တွေနဲ့ အတူမနေတော့ဘူး။ နောက်ဗီလာရဲ့ပထမထပ်က အိပ်ခန်းမှာပဲနေလိုက်မယ်။”

ယွမ်နွန်က ပြုံးကာ ပြောလိုက်၏။

“ကျွင်းကျွင်းနဲ့ ငါလည်း နောက်ဗီလာမှာပဲနေမယ်။ ဒုတိယထပ်မှာ အခန်းတစ်ခု ရွေးလိုက်မယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“မင်းတို့မရွေးတော့ဘူးဆိုရင် လီယန်နဲ့ငါ နောက်ဗီလာရဲ့တတိယထပ်ကို ရွေးလိုက်မယ်။”

အန်းယွဲ့က ဝမ်းသာအားရပြောလိုက်၏။

လီယန် အန်းရန်တို့သုံးယောက်ကို ကြည့်လိုက်သည်။

“မင်းတို့အားလုံးက လူငယ်တွေဖြစ်တွေဆိုတော့ ဒီဗီလာထဲမှာပဲ နေသင့်တယ်။”

“ကျွန်မ ကျေးလက်အိမ်မှာပဲ နေလိုက်ပါ့မယ်။”

လုပင်းအာက တိုးတိုးလေးပြောလိုက်သည်။

“အိမ်ကောင်းကောင်းမှာ မနေဘဲနဲ့ ဘာလို့အိမ်အစုတ်မှာ နေချင်နေတာလဲ။ မင်း ဘာတွေတွေးနေတာတုန်း။ ငါတို့သုံးယောက် ဒီဗီလာရဲ့ ဒုတိယထပ်မှာ နေမယ်။ တစ်ခုခုဖြစ်ရင် အတူတူရှိနေတော့ ပိုကောင်းတာပေါ့။ အလွယ်တကူလည်း လာလည်လို့ရတယ်။”

အန်းရန်က ပြောလိုက်သည်။

“ငါကတော့ ကန့်ကွက်စရာမရှိဘူး။”

ဆုဝမ်က ပြုံးပြီး ပြန်ဖြေလိုက်သည်။

“ဒါဆို ကောင်းပြီလေ။”

လုပင်းအာကလည်း တုံ့ပြန်လိုက်၏။

သူတို့အတူနေခြင်းဖြင့်သာ တစ်ဦးနှင့်တစ်ဦး စောင့်ကြည့်နိုင်မည်ဖြစ်ပြီး ရှောင်းယီကိုလည်း စောင့်ကြည့်နိုင်ပေလိမ့်မည်။ သို့မဟုတ်ပါက တစ်စုံတစ်ယောက်က တစ်စုံတစ်ခုကို တိတ်တိတ်ကလေးခိုးစားသွားပါက ၎င်းကို သိရဖို့ မလွယ်ကူတော့မည် မဟုတ်ပေ။

အခန်း ၂၀၁ မြေအောက်ဖျော်ဖြေရေးအခန်းနှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က စတင်သတိပေးခြင်း

“ကောင်းပြီ။ အခုတော့ ဒီလိုပဲ သတ်မှတ်လိုက်ကြရအောင်။ ညစာစားပြီးရင် လူတိုင်း မြေအောက်ခန်းကို သွားပြီး အနားယူကြမယ်။ ဝမ်ချိုင် မင်းနဲ့ တပိုင်တို့က ဧည့်ခန်းမှာ အိမ်ကို စောင့်ကြည့်ထားလိုက်။”

ရှောင်းယီ နောက်ဆုံးအနေဖြင့် ဆုံးဖြတ်လိုက်သည်။

“ကောင်းပြီ”

ဆုဝမ်က ဝမ်းသာအားရ ပြောလိုက်၏။

“ငါ သီချင်းမဆိုရတာ ဘယ်လောက်ကြာပြီလဲ။”

“ဟုတ်တယ်။ KTV မှာ အမြည်းစားပြီး ဘီယာသောက်ရတဲ့ နေ့တွေကို သိပ်လွမ်းတာပဲ။”

အန်းရန်ကလည်း ပြောလိုက်သည်။

“ငါလည်း မင်းတို့နဲ့အတူ KTV ကို လိုက်ခဲ့မယ်။ သီချင်းဆိုတာကလွဲရင် အကုန်လုပ်မယ်။”

ရှောင်းယီကလည်း ပြုံးကာ ပြောလိုက်သည်။ လူတိုင်း ရယ်မောလိုက်ကြသည်။

“ဘီလိယက် ကစားတတ်တဲ့သူ ရှိလား။ ငါ ဘိလိယက် မထိုးရတာ ကြာပြီ။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“ငါရတယ်”

အန်းယွဲ့က ပြန်ဖြေ၏။

ညစာစားပြီးနောက် အန်းရန်နှင့် ဆုဝမ်တို့သည် ပန်းကန်များကို ဆေးကြောရန် သွားလိုက်ကြပြီး လုပင်းအာသည်လည်း သဘာဝအတိုင်း သူတို့နောက်သို့ လိုက်သွားခဲ့သည်။

ရှောင်းယီသည် ပထမဆုံး သူ၏အိပ်ခန်းသို့ ပြန်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အများသုံးချန်နယ်ကို ကြည့်လိုက်သည်။

“ကျူးချန်းကလန်ကို ကျေးဇူးတင်ပါတယ်။ နောက်ဆုံးတော့ ငါနဲ့ ငါ့ညီလေး ပြန်ဆုံခဲ့ရပြီ။ နောက်ဆုံးတော့ ငါတို့ တစ်ယောက်ကိုတစ်ယောက်ထောက်ပံ့ပေးပြီး ရှေ့ဆက်သွားနိုင်ပြီ။”

“အဲ့လောက်တောင်မြန်တာလား။ မင်းတို့က အတော်လေး နီးရမယ်။ ဟုတ်တယ် မလား။”

“ဟုတ်တယ်။ ကီလိုမီတာ ၂၀၀ ပဲရှိပေမယ့် ငါတို့အတွက်တော့ ကျော်ဖြတ်လို့မရနိုင်တဲ့ အကွာအဝေးတစ်ခုပဲ။ ကျူးချန်းကလန်ကို ကျေးဇူးတင်ပါတယ်။”

“မင်းတို့က ကီလိုမီတာ ၂၀၀ လောက် နီးနီးလေးမှာရှိတာကိုး။ ငါ အရမ်းအားကျတာပဲ။ ငါ့ဝမ်းကွဲနဲ့ ငါဆိုရင် ကီလိုမီတာ ၃၀၀၀ နီးပါးဝေးတယ်။ ဘယ်တော့မှ အတူတူပြန်ဆုံရမလဲမသိဘူး အီးးး အီးးး အီးးး!!!”

“မင်းတို့ ဆွေမျိုးတွေ့နဲ့ ပြန်တွေ့ရတာကို ငါအရမ်းအားကျမိတယ်။ ဒါပေမယ့် ငါကတော့ အခုထိ ရှာမတွေ့သေးဘူး။ သူတို့အခုဘယ်လိုနေမလဲဆိုတာ ငါတကယ်မသိဘူး။”

“ငါကတော့ မတွေ့သေးတဲ့သူတွေကိုပဲ အားကျမိတယ်။ ငါ့အဘိုးက ဒုတိယအပတ်မှာ ဖယ်ရှားခံလိုက်ရတယ်။ ဒါပေမယ့် ငါဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။”

ကိုယ့်ရဲ့ ဒုက္ခတွေကို မကြွားပါနဲ့။ ဘာလို့လဲဆိုတော့ ကိုယ့်ထက်ပိုဆိုးတဲ့သူ တစ်စုံတစ်ယောက် အမြဲရှိနေလို့ပါ။

ပြီးတော့ ကိုယ့်ရဲ့ချမ်းသာကြွမ်ဝမှုကို မကြွားပါနဲ့။ ဘာလို့လဲဆိုရင် ကိုယ့်ထက်ပိုကောင်းတဲ့ဘဝရှိတဲ့သူတစ်ယောက် အမြဲရှိနေလို့ပါ။

သို့သော်လည်း အောင်မြင်စွာဖြင့် ဆွေမျိုးများနှင့် ပြန်လည်ပေါင်းစည်းနိုင်ခဲ့သောသူများ၏ ကြော်ငြာများကြောင့် ကျူးချန်းကလန်၏ လုပ်ငန်းသည်လည်း ပိုမိုကောင်းမွန်လာခဲ့သည်။ ချူရှန်းသည်လည်း အော်ဒါများကို ဆောင်ရွက်ပေးရန်နှင့် လမ်းကြောင်းများကို ဒီဇိုင်းရေးဆွဲရန် ကူညီပေးမယ့်လူတစ်ဦးကို ရှာဖွေခဲ့ရသည်။

ကျူးချန်းကလန်၏ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းကြောင့် ယနေ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ပင်လယ်သတ္တဝါများ၏တိုက်ခိုက်မှုနှင့် ကျွန်းအုတ်မြစ်ကျောက်အား တိုက်စားမှုအကြောင်း ဆွေးနွေးသူများ မရှိသလောက်ဖြစ်နေခဲ့သည်။

ရှောင်းယီလည်း ထရပ်လိုက်ပြီး သူ၏အိပ်ခန်းမှ ထွက်လာကာ မြေအောက်ခန်းဆီသို့ ဦးတည်သွားလိုက်သည်။

ယွမ်နွန်နှင့် အခြားသူများက မြေအောက်တွင် ကစားနေကြပြီဖြစ်သည်။

အမျိုးသမီးများသည်လည်း ကျွင်းကျွင်းကို သီချင်းအဟောင်းများနှင့် မရင်းနှီးသောသီချင်းများကို သီဆိုရန် KTV သို့ ခေါ်ဆောင်သွားခဲ့သည်။

ယွမ်နွန်၊ အန်းယွဲ့နှင့် ကျန်းယွင်ထျန်းတို့မှာမူ ဘိလိယက်ခန်းတွင် ဘိလိယက်ထိုးရင်း စကားပြောနေကြသည်။

“ငါတို့ ဘိလိယက်ကို ဒီလောက်လွယ်လွယ်ကူကူကစားနိုင်မယ်လို့ မထင်ခဲ့မိဘူး။”

ယွမ်နွန်က သူ့ရှေ့ရှိ အေးချမ်းပျော်ရွှင်နေသော လေထုကိုကြည့်ရင်း မှတ်ချက်ပေးလိုက်သည်။

“ဟုတ်တယ်။ ရှောင်းယီနဲ့ တွေ့ခဲ့ရတာကို တကယ်ကျေးဇူးတင်မိတယ်။”

အန်းယွဲ့ကလည်း ခေါင်းညိတ်ပြီး ပြောလိုက်၏။ သူသည် ထိုစကားကို အကြိမ်ကြိမ်ပြောခဲ့ပြီးဖြစ်သော်လည်း ထပ်ပြောချင်နေဆဲပင်။

“ဂျောက်...”

“ရိုက်ချက်ကောင်းတယ်။”

အန်းယွဲ့က ဝမ်သာအားရ အော်ဟစ်လိုက်၏။

ကျန်းယွင်ထျန်းက သူ၏ဘောလုံးကို အောင်မြင်စွာဖြင့် အိတ်ထဲသို့ ပစ်ထည့်လိုက်ပြီး တုတ်ကို အသုံးပြုကာ နောက်ထပ်ပစ်မှတ်ဘောလုံးအနီးရှိ cue ball ကို ရပ်တန့်စေလိုက်သည်။

ထို့နောက် သူ့ဘေးနားရှိ မြေဖြူခဲကို ကောက်ယူပြီး သူ၏တုတ်ပေါ်တွင် ပွတ်လိုက်သည်။

“အဲ့ဒါကြောင့် ရှောင်းယီက ကျွင်းကျွင်းကို ကယ်တင်ပေးခဲ့တဲ့အချိန်မှာ ကျုပ် သူ့အတွက် အသက်စွန့်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့ဒါကက သိပ်တန်ဖိုးမရှိပေမယ့်ပေါ့။”

ဤအချိန်တွင် ရှောင်းယီက တံခါးကိုဖွင့်ကာ ဝင်လာခဲ့ပြီး လူတိုင်းကို ပြုံးကာ မေးလိုက်၏။

“ဘာတွေပြောနေကြတာလဲ။”

“ငါတို့ ဆရာကြီးယွင်ထျန်းရဲ့ဘိလိယက်စကေး အကြောင်းပြောနေကြတာ။ သူက တကယ်ကို အရမ်းတော်တယ်။ လေ့ကျင့်ရင် ကျွမ်းကျင်းပညာရှင်တစ်ယောက်တောင် ဖြစ်နိုင်တယ်လို့ ငါထင်တယ်။”

အန်းယွဲ့က ပြုံးကာ ပြောလိုက်သည်။

“အဲ့လောက်တောင် အံ့ဩစရာကောင်းတယ်ပေါ့။”

ရှောင်းယီက ပြုံးလိုက်သည်။

“ဒါဆို ငါ ဘိလိယက်မင်းသားလေးက မင်းကို စိန်ခေါ်ရတော့မယ်။”

“သူတို့ပြောတာကို မယုံနဲ့။ ဒါပေမယ့် ဘိလိယက်မင်းသားလေး မင်းကိုတော့ ရင်ဆိုင်နိုင်ပါသေးတယ်။ မင်း ကစားချင်လား။”

ကျန်းယွင်ထျန်းကလည်း အလားတူပြုံးကာ ပြန်ဖြေလိုက်၏။

“လာစမ်းပါ။ မင်းကို ဘယ်သူကကြောက်လို့လဲ။”

ရှောင်းယီက အန်းယွဲ့ ကမ်းပေးလိုက်သောတုတ်ကို ချက်ချင်းပင် လှမ်းယူလိုက်၏။

သုံးမိနစ်အကြာတွင် ရှောင်းယီသည် တုတ်တံကို မျှော်လင့်ချက်ကင်းမဲ့စွာ ပစ်ချလိုက်ပြီး စားပွဲပေါ်ရှိ ပြန့်ကျဲနေသော ဘောလုံးများကို ကြည့်ကာပြောလိုက်၏။

“ဒီနေ့ ငါ အခြေအနေမကောင်းဘူး။ နောက်နေ့မှ ထပ်တိုက်မယ်။”

“ဟားဟားဟား.. ငါ အချိန်မရွေး မင်းနဲ့အတူရှိနေပေးမယ်။”

ကျန်းယွင်ထျန်းက ကျယ်လောင်စွာရယ်မောကာ ပြန်ဖြေလိုက်သည်။

ဘေးနားမှ ယွမ်နွန်နှင့် အန်းယွဲ့တို့သည်လည်း မရပ်တန့်နိုင်အောင် ရယ်မောမိလိုက်ကြသည်။

အချိန်သည် လျင်မြန်စွာဖြင့် ည ၁၁ နာရီခွဲသို့ ရောက်ရှိလာခဲ့သည်။ ရှောင်းယီနှင့် အခြားသူများသည်လည်း ပထမထပ်ရှိ ဧည့်ခန်းသို့ ပြန်လာခဲ့ကြပြီး ထိုနေရာရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကြည့်ကာ အရပ်အမြွတ်ကို စောင့်ဆိုင်းနေလိုက်ကြလေသည်။

ဤအချိန်တွင်မူ အများသုံးချန်နယ်ရှိ အကြောင်းအရာများသည် ကျူးချန်းကလန်၏ ခရီးသည်ပို့ဆောင်ရေးမှ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အရိပ်အမြွတ်သို့ ပြောင်းသွားခဲ့ပြီဖြစ်သည်။

“နောက်နာရီဝက်ပဲ လိုတော့တယ်။ ဒီတစ်ခါရော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ဘာတွေ အရိပ်အမြွတ်ပေးဦးမလဲ မသိဘူး။”

“ဟုတ်တယ်။ ဒီလိုအချိန်ရောက်လာတိုင်း ငါတို့ တစ်စုံတစ်ယောက်ဆီမှာ အပြစ်ရှိ၊မရှိစစ်ဆေးခံနေရတယ်လို့ ခံစားရတယ်။ မင်းတို့ရော ဘယ်လိုခံစားရလဲ။”

“ငါလည်း အတူတူပဲ။ ဒီတစ်ခါတော့ အပြစ်ကင်းစင်ပြီး လွှတ်ပေးဖို့ မျှော်လင့်မိတယ်။”

“လေးပတ်ရှိပြီ။ မင်းက အခုထိ အရမ်းနုံချာနေတုန်းပဲလား။ ငါတို့ ပြန်လို့မရနိုင်တော့ဘူး။ အေးအေးဆေးဆေးပဲ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး ဒီလိုမျိုး မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်မှုတွေကို စွန့်လွှတ်လိုက်တော့။”

“တကယ်တော့ ငါ အခုအခြေအနေကို အတော်လေး သဘောကျတယ်။ အင်မော်တယ်မာစတာ အသက်ရှင်ရပ်တည်ရေးဂိမ်းတစ်ခုကို တိုက်ရိုက် ကစားနေရသလိုမျိုးပဲ။ ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာကောင်းလိုက်သလဲ။”

“အပေါ်ကလူ ဒီကမ္ဘာကြီးရဲ့ ပြင်းထန်တဲ့ရိုက်ချက်တွေကို မခံရသေးဘူးလား။ သဘောကျတယ်ဟုတ်လား။ စိတ်လှုပ်ရှားစရာကောင်းတယ်ဟုတ်လား။ မင်းဘယ်လောက်ကြာကြာခံနိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်။”

“ဟေ့ မြေးလေး။ ငါ အခုထိရှင်သန်နေနိုင်ကတည်းက ငါ့မှာ သေချာပေါက် စွမ်းရည်ရှိလို့ပေါ့။ မင်းက လက်မခံနိုင်ဘူးလား။”

“သေစမ်း ငါ့မှာ မင်းလို အဘိုးမျိုးမရှိဘူးကွ။”

တကယ်တမ်းတွင် ဤကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် ကွန်ပျူတာတစ်လုံးနှင့်တူပြီး အင်တာနက်နှင့်လည်း ချိတ်ဆက်ထားသည်။ အွန်လိုင်းကမ္ဘာတွင် လူအများက သဘောထားမတိုက်ဆိုင်လျှင် အမြဲကျိန်ဆဲကြ၏။ လူတိုင်း၏ကျိန်စာများကြားတွင် သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာခဲ့တော့လေသည်။

“ဒီဒီ!!”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အသံမြည်လာ၏။ သို့သော်လည်း အရိပ်အမြွတ်တော့ မပေါ်လာခဲ့ပေ။

“ဘာတွေဖြစ်နေတာလဲ။ ဒီတစ်ပတ်အတွက် အရိပ်အမြွတ်မရှိဘူးလား။”

“သေစမ်း ဒါက ငါတို့ကိုယ်တိုင် စဉ်းစားဖို့ပြောနေတာလား။”

“သူတို့ တစ်ခုခုတော့ ပြောမှရမယ်။ မဟုတ်ရင် ငါလန့်ပြီးသေသွားလိမ့်မယ်နော်။”

အများသုံးချန်နယ်များ၌ အထိတ်တလန့်ဖြစ်မှုများ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။ သို့သော် မကြာခင်မှာပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အရိပ်အမြွတ်မှာ ရောက်ရှိလာခဲ့တော့လေသည်။

“ချစ်ရသော လူသားမျိုးနွယ်... ငါ အလွန်အံ့အားသင့်မိပါတယ်။ အလွန် အံ့အားသင့်မိပါတယ်။”

ပထမဆုံးဝါကျက လူတိုင်းကို ထိတ်လန့်တကြားဖြစ်စေခဲ့၏။ အရင်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အရိပ်အမြွတ်များသည် ညွှန်ကြားချက်များနှင့်သာ တူညီပြီး ခံစားချက်မရှိသလောက်ဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ လုံးဝကွဲပြားသွားသည်ဟု ခံစားလိုက်ရသည်။

“သို့သော် မဟာတာအို ငါးဆယ်ရှိပြီး ကောင်းကင်တာအိုက လေးဆယ်ကိုးခုရှိတယ်။ ကျန်တဲ့တစ်ခုကပဲ လွတ်မြောက်အောင် ပြောင်းလဲနိုင်တဲ့အရာပဲ။”

“ယခု ကိန်းရှင်ပေါ်လာပြီဖြစ်ဆိုတော့ ငါက နောက်ထပ် ဝင်မစွက်ဖက်တော့ဘူး။ နောက်ဆုံးသတိပေးချက်က မင်းတို့ထဲက ထူးချွန်သူတွေကို ငါစောင့်မျှော်နေမယ်။”

“မူလကတော့ ငါက သင်တို့ ကြယ်ပြာဂြိုဟ်က လူသားတွေကို ဒီကမ္ဘာက ဒေသခံတွေနဲ့ ရင်ဆိုင်ဖို့မတိုင်ခင် အချင်းချင်း အရင်ယှဉ်ပြိုင်ခွင့်ပေးဖို့ စီစဉ်ထားခဲ့တယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က အတွင်းကနေ တားမြစ်ချက်ကို စောစောဖြတ်ကျော်လိုက်တဲ့အတွက် မင်းတို့ဟာ ဒီကမ္ဘာက ဒေသခံတွေနဲ့ စောစောရင်ဆိုင်ရလိမ့်မယ်။”

ထို အရိပ်အမြွတ်ကို မြင်လိုက်ရပြီးနောက် ယွမ်နွန်နှင့် အခြားသူများသည် ရှောင်းယီကို ကြည့်မိလိုက်ကြပြီး ရှောင်းယီသည်လည်း မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ပခုံးတွန်းပြလိုက်သည်။

အဘယ်ကြောင့်ဆိုသော တားမြစ်ချက်ကိုဖြတ်ပြီး ဖောက်ထွင်းခဲ့သူက ရှောင်းယီ၏လှုံ့ဆော်မှုကြောင့်ဖြစ်ကြောင်း သူတို့အားလုံး သိထားကြသောကြောင့်ပင်။

အခြားအသက်ရှင်ကျန်ရစ်သူများမှာမူ စိတ်ရှုပ်ထွေးနေကြသည်။

“တကယ်ပဲ တားမြစ်ချက်ရှိတာလား။ ပြီးတော့ ဖောက်ထွင်းခံလိုက်ရတာလား။”

“ဘာဖြစ်သွားတာလဲ။ ဘယ်သူက ဖောက်ထွင်းခဲ့တာလဲ။ ငါ မင်းကိုသတ်ပစ်မယ်ကွ။”

“ဟုတ်တယ်။ ဘယ်သူက ဒီလောက်တောင် လက်ယားနေတာလဲ။ ငါတို့ကို အရွယ်မရောက်သေးတဲ့ ကလေးတွေလိုဖြစ်အောင် စောစောကြီး ဖောက်ထွင်းလိုက်တာလား။”

ထိုအချိန်တွင် ကုထောင်ချွေ့ရှန်းသည်လည်း အံ့အားသင့်နေသောမျက်နှာအမူအယာဖြင့် အရိပ်အမြွတ်ကို ကြည့်နေခဲ့လေသည်။

“ငါက ပြောင်းလဲခဲ့တဲ့လူ ဖြစ်သွားတာလား။ လူသားမျိုးနွယ်ကို ဒီနေရာမှာရှိတဲ့ ဒေသခံတွေနဲ့ စောစောရင်ဆိုင်စေခဲ့တာလား။”

သူက မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။

[ဒါပေါ့...။ တားမြစ်ချက်ကို စောစောဖောက်ထွင်းလိုက်တဲ့အတွက် သုံးရက်ကြာမြင့်မားနေဦးမယ့် အပူချိန်အလွန်နိမ့်ကျမှုကို တစ်ရက်တည်းနဲ့ ပြီးအောင်လုပ်နိုင်ခဲ့တယ်။ ဒါ့အပြင် သင်တို့နဲ့နီးတဲ့ ဒေသခံတွေကိုလည်း အကြီးအကျယ် ဒုက္ခရောက်စေခဲ့တယ်။ တားမြစ်ချက်ကို ဖောက်ထွင်းလိုက်တဲ့အတွက် နွေရာသီမှာရှိနေတဲ့ ဒေသခံကျွန်းတွေဆီကို အေးစိမ့်မှုတွေ ဝင်ရောက်သွားပြီး လူပေါင်းများစွာ အေးစက်သေဆုံးခဲ့ကြတယ်။ ဂုဏ်ယူပါတယ်။ အနည်းဆုံးတော့ သင်တို့ဟာ ဒေသခံတွေရဲ့ ကျူးကျော်မှုကို အချိန်ခဏလောက်တော့ မခံရသေးပါဘူး။”

All Chapters