← Chapters

အပိုင်း(၁၇၁)-အခြေအနေ မကောင်းဘူး

Vol. 002 Ch. 171

အပိုင်း(၁၇၁)-အခြေအနေ မကောင်းဘူး

Vol. 002 Ch. 171

ရှီမာယူယူသည် ပြတ်သားသောမျက်လုံးများဖြင့် ခေါင်းမော့လာသည်။

“ရန်သူကဘယ်သူပဲဖြစ်ဖြစ် ငါ့ကိုကျရှုံးအောင်မလုပ်နိုင်ပါဘူး၊ ငါ သုံးနှုစ်ကတိပေးထားမှာတော့ အဲအတိုင်းလုပ်မှာပဲ”

“ကောင်းတယ်” စွန်းလီလီသည် ရှီမာယူယူအားခွင့်ပြုသည့်သဘောဖြင့်ကြည့်လိုက်သည် “ငယ်သေးတာကို ဒီလိုစိတ်ရှိတာ မဆိုးဘူးပဲ”

“ဒါပေမယ့် ငါတို့ရှာနေတဲ့ ရှီမာမျိုးနွယ်ကအဲရှီမာမျိုးနွယ် မဟုတ်ရင်ဘယ်လိုလုပ်မလဲ” ဖက်တီးကျူသည် စိုးရိမ်စွာဖြင့်ပြောလေသည်။

“ငါတို့သွားကြည့်တာ ပိုကောင်းမယ်ထင်တယ်” ရှီမာယူယူပြောလိုက်သည်။

“မင်းတို့အားလုံး ဒီမှာတော့ သက်တောင့်သက်သာ ခဏနေလို့ရပါတယ်” စွန်းလီလီပြောသည် “မင်းတို့အားလုံးက ရွှီရွှီလေးရဲ့ အသက်ကိုကယ်ခဲ့တော့ ဦးလေးကသေချာပေါက် မင်းတို့ကို ကောင်းကောင်းပြန်ပေးရမှာပေါ့၊ သဲစင်ရော်က ကြေးစားအုပ်စုကြီးသုံးစုထဲက တစ်ခုပဲ၊ အင်အားလည်းရှိတော့ မင်းတို့ကို သတင်းအချက်အလက်တွေပေးဖို့က ပြဿနာမရှိပါဘူး”

“အဲဒါအဆင်ပြေရဲ့လား” ရှီမာယူယူသည် စွန်းလီလီအားကြည့်လိုက်သည်။

“ရတာပေါ့” ဘိုင်ယွန်ရွှီသည် စိတ်လှုပ်ရှားစွာပြောလိုက်သည် “ငါဘယ်လိုလုပ်မေ့မလဲ၊ ငါ့အဖေကိုပြောပြီး လူလွတ်ပြီး အဲရှီမာမျိုးနွယ်က မင်းတို့ရှာတဲ့ဟာ ဟုတ်လား မဟုတ်လားကြည့်ခိုင်းလိုက်မယ်၊ အဲလူတွေက ဘယ်လိုခေါ်တယ်… ရှီမာလိုင်နဲ့ ရှီမာဘာ….”

“ရှီမာလင်း၊ ရှီမာခိုင်၊ ရှီမာခစ်၊ ရှီမာရှင်း” ရှီမာယူယူပြောလိုက်သည်။

“ကောင်းပြီ၊ ငါလူတွေကို ဖြတ်လမ်းတည်ဆောက်မှုကို သုံးပြီးလွှတ်လိုက်မယ်၊ အဖေက လူလွှတ်ပြီး အလယ်ပိုင်းဝူတိုင်းပြည်မှာ အဲလူတွေရှိတဲ့ ရှီမာမျိုးနွယ်ရှိလားဆိုတာ စုံစမ်းခိုင်းလိမ့်မယ်” ဘိုင်ယွန်ရွှီပြောလေသည်။

“ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးပါ” ရှီမာယူယူသည် ဘိုင်ယွန်ရွှီအားကျေးဇူးတင်စွာ ကြည့်လိုက်သည်။

“သခင်လေး ကျွန်တော်ဒီကိစ္စကိုဖြေရှင်းလိုက်ပါမယ်” လီကီပြောလေသည်။

“ဒါဆိုလည်း ဦးလေးလီ ကြိုးစားပေးတဲ့အတွက်ကျေးဇူးပါ” ဘိုင်ယွန်ရွှီ အရိုအသေပေးလေသည်။

လီကီ မတ်တတ်ရပ်ကာ စွန်လီအား မျက်နှာမူပြီး အလေးပြုကာ ရှီမာယူယူနှင့် တခြားသူများကို ခေါင်းညိတ်ပြပြီးနောက် ဧည့်ခန်းမှထွက်သွားလေသည်။

စွန်းလီလီသည် ရှီမာယူယူနှင့် ကျန်သောသူများကို မေးခွန်းများမေးကာ စကားစမြည်ပြောနေလေသည်။ သူမသည် စကားများပြီး ပွင့်လင်းသော စရိုက်ရှိသူဖြစ်သည်။ ရှီမာယူယူနှင့် ကျန်သောသူများသည် သူမနှင့် စကားပြောရသည်ကို နှစ်သက်ကြသည်။

အချိန်တစ်ခုကြာပြီးနောက် ဝမ်လိုင်ပြန်လာသည်။ သူ့အမျိုးသမီးသည် ပျော်ရွှင်စွာရယ်မောသည်ကို မြင်ပြီးနောက် ထိုင်ပြီး သူချန်ခဲ့သော လက်ဖက်ရည်ခွက်အား အကုန်မော့သောက်လေသည်။ ထို့နောက်တွင် သူမေးလိုက်သည် “ဘာတွေပြောလို့ အဲလောက်ပျော်နေတာလဲ”

“ယူယူနဲ့ ကျန်တဲ့သူတွေ ဆိုဖီယာတောင်တန်းက အတွေ့အကြုံတွေ ပြောပြတာ နားထောင်နေတာပါ” စွန်းလီလီသည် ပြုံးကာမေးလိုက်သည် “အခြေအနေဘယ်လိုလဲ”

“ငါလူလွှတ်ပြီး ကြည့်ခိုင်းလိုက်တယ်၊ မနက်ဖြန်ဆိုရင်တော့ အဖြေသိရမယ်လို့ မှန်းတာပဲ” ဝမ်လိုင် ပြန်ဖြေသည်။

“ဒါဆို အဖြေကို စောင့်ရတော့မှာပဲ” စွန်းလီလီပြောလေသည် “သြော် ဟုတ်သားပဲ အလယ်ပိုင်းဝူတိုင်းပြည်က ရှီမာမျိုးနွယ်အကြောင်း ရှင်ဘယ်လောက်သိလဲ”

“အဘယ်ပိုင်းတိုင်းပြည်က ရှီမာမျိုးနွယ်ဟုတ်လား” ဝမ်လိုင်သည် မသိစိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်ကာ စွန်းလီလီအား ကြည့်ပြီးမေးလိုက်သည် “ရုတ်တရက်ကြီး ဘာလို့မေးတာလဲ”

စွန်းလီလီသည် ရှီမာယူယူ၏ အခြေအနေအား သေချာစွာရှင်းပြသည်။ အဆုံးထိနားထောင်ပြီးသော် ဝမ်လိုင်သည် ရှီမာယူယူအား စိုးရိမ်သော အမူအရာဖြင့်ကြည့်လိုက်သည်။

“လီကီကတော့ ဦးလေးဆီကို လူလွတ်ထားတော့ ရှီမာမျိုးနွယ်အတွက် သတင်းရလိမ့်မယ်လို့ ထင်တာ၊ အဲဒါကြောင့်မေးတာပါ” စွန်းလီလီပြောလိုက်သည်။

ဝမ်လီ သက်ပြင်းချကာ ပြောလိုက်သည် “မင်းတို့အားလုံး ထပ်ပြီးစုံစမ်းစရာမလိုတော့ဘူး၊ အလယ်ပိုင်းဝူတိုင်းပြည်က ရှီမာမျိုးနွယ်က မင်းရှာနေတဲ့ ဟာဟုတ်တယ်”

“သေချာလား အစ်ကိုလိုင်” စွန်းလီလီ မေးလိုက်သည်။

“သေချာတယ်” ဝမ်လိုက်ပြောလိုက်သည် “သိပ်မကြာခင်က ငါတွေ့ခဲ့တဲ့ ရှီမာမိသားစုက လူဆိုတာ ရှီမာလင်းပဲ ပြီးတော့ နောက်တစ်ယောက်က သူတို့ထဲကပဲ ရှီမာခစ်”

ရှီမာယူယူနှင့် ဝေကျိရွှီတို့သည် ပျော်ရွှင်မှုနှင့် စိုးရိမ်မှုတို့ရောထွေးသော အကြည့်ဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့ပျော်ရွှင်သည်မှာ သူတို့သည် နောက်ဆုံးတော့ ရှီမာလိုင်နှင့်တခြားသူများ၏ ခြေရာခံမိသောကြောင့်ဖြစ်သည်။ သို့သော် စိုးရိမ်မှုအပိုင်းမှာ တစ်ဖက် ပြိုင်ဘက်၏ အင်အားကြောင့်ဖြစ်သည်။ ဒီတစ်ခါတော့ မလွယ်ပေ။

“ဒါဆို အလယ်ပိုင်းဝူတိုင်းပြည်ကို ဘယ်လိုရှာရမလဲ” ဝေကျိရွှီမေးလိုက်သည်။

“နိုင်ငံတွေအကြားမှာ တင်းကျပ်ထားတဲ့ အထိန်းအချုပ်တော့မရှိဘူး၊ မြို့တော်မှာ ဖြတ်လမ်းတည်ဆောက်မှုရှိတယ်၊ အချိန်ကျလာရင်တော့ မင်းတို့အားလုံး ဖြတ်လမ်းကိုသုံးလို့ရမှာပါ” ဝမ်လိုင်ပြောလိုက်သည် “ဒါပေမယ့် ဖြတ်လမ်းတည်ဆောက်မှုက နေ့တိုင်းမရဘူး၊ ဗုဒ္ဓဟူးနေ့၊ သောကြာနေ့နဲ့ တနင်္ဂနွေနေ့တွေပဲ ရတယ်။ တခြားအချိန်တွေဆို မင်းတို့ အင်ပါယာမြို့တော်ကိုသွားပြီး မေးရလိမ့်မယ်”

“ကျွန်တော်တို့ အဲကိုရောက်ရမယ်ဆို အဆင်ပြေတယ်” ရှီမာယူယူ၏ စိုးရိမ်မှုမှာ တစ်ဝက်လျော့သွားပြီး ဒီတစ်ခါတော့မမှားပါစေနဲ့ဟု ဆုတောင်းမိသည်။

စကားပြောပြီးသည်ကို ဘိုင်ယွန်ရွှီမြင်သော် စွန်းလီလီနှင့် ဝမ်လိုင်တို့ ဆွေးနွေးစရာ ကိစ္စများရှိသေးသည်ကို သိသဖြင့် သူပြောလိုက်သည် “ဒေါ်လေး ကျွန်တော် ယူယူနဲ့တခြားသူတွေကို ဖို့ခေါ်သွားတော့မယ်၊ ကျွန်တော်တို့ ရောက်ရင်တစ်ခွက်သောက်ဖို့ ကတိပေးထားတာ”

“သွားပါ သွားပါ၊ မင်းကတော့ ဧည့်ဝတ်ကိုကျေနေတာပဲ” စွန်းလီလီသည် လက်ဝေ့ပြလိုက်သည် “မင်းတို့ဒီ ရက်ပိုင်းအတွင်း ဆန်တိုမိသားစုမှာ နေလို့ရတယ်၊ မင်းတို့ သက်သေခံကတ်ပြားစောင့်တာပြီးရင်တော့ နောက်ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်ပေါ့”

“ဟုတ်ကဲ့ပါ၊ ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးပါ” ဝေကျိရွှီနှင့် တခြားသူများသည် မတ်တတ်ရပ်ကာ ဝမ်လိုင်နှင့် စွန်းလီလီတို့အား လက်ဝေ့ပြကာ ဘိုင်ယွန်ရွှီနောက်လိုက်ကာ ထွက်လာခဲ့လိုက်သည်။

“သွားကြစို့ မင်းတို့ကောင်တွေကို ဒီနေ့အဝတိုက်မယ်” ဘိုင်ယွန်ရွှီသည် ဝေကျိရွှီနှင့် ဖက်တီးကျူ၏ ပခုံးအားကိုင်ပြီး ရယ်မောကာ ဦးဆောင်ထွက်သွားတော့သည်။

ဧည့်ခန်းတွင် စွန်းလီလီသည် သူတို့ထွက်သွားသည်ကို ကြည့်ပြီးနောက် ဝမ်လိုင်အားပြောလိုက်သည် “အစ်ကိုလိုင် သူတို့ကိုမပြောပဲ ဖုံးကွယ်ထားတာရှိလား”

ဝမ်လိုင်သည် ပင်ပန်းသောမျက်နှာဖြင့် စွန်းလီလီအား စကားလုံးမဲ့စွာကြည့်လိုက်သည်။

“တော်ပြီ ရှင်မပြောတာနဲ့ ကျွန်မမသိဘူးထင်နေတာလား” စွန်းလီလီသည် ဝမ်လိုင်၏ နှာခေါင်းအား ဆိတ်လိုက်ကာ ပြောလေသည် “ရှင့်အမူအရာကြည့်ရတာ မပြောပဲရှိနေတာ ကျွန်မသိတယ်၊ ရှင် သူတို့ကို မပြောတာဘာလဲ”

“တကယ်တော့ ဘာမှမဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ နှစ်နှစ်ကဟာကိုကြားတာပါ၊ အလယ်ပိုင်းဝူတိုင်းပြည်က ရှီမာမျိုးနွယ် မှာ တစ်ခုခုဖြစ်ခဲ့တာ၊ ဒီအချိန်အတွင်း သူ့အဖိုးနဲ့ တခြားသူတွေကို ကယ်တာ ကောင်းတာလား မကောင်းတာလားတော့ မသိတော့ဘူး” ဝမ်လိုင် သက်ပြင်းချလိုက်သည်။

ငြိမ်းချမ်းရေးမြို့တော်မှ ရှီမာမျိုးနွယ်ဆိုပါက ကယ်တင်ခြင်းမှာ မဖြစ်နိုင်စရာမရှိပေ။ သို့သော် ရှီမာမျိုးနွယ်ထဲက လူကိုကယ်ဖို့ အလယ်ပိုင်းဝူတိုင်းပြည်သွားမည်ဆိုပါက လွယ်ကူသည့် အရာတော့မဟုတ်ပေ။

“ရှီမာယူယူနဲ့ တခြားသူတွေလုပ်နိုင်လိမ့်မယ်လို့ ကျွန်မယုံတယ်” စွန်းလီလီ ယုံကြည်ချက်ဖြင့် ပြောလိုက်သည်။

“မင်းသူတို့ကို အဲလောက်ယုံတာလား” ဝမ်လိုင်သည် ဒွိဟဖြစ်သွားသည်။ သူ့အမျိုးသမီး၏ မျက်လုံးထဲမှ ထိုလူငယ်များကို ပြင်းထန်သော ယုံကြည်ချက်ရှိသည့် အကြည့်ကို သူသိလိုက်သည်။

“ရှင်မလာခင် ကျွန်မတို့ ပြောခဲ့ကြတယ်၊ အဲကလေးငါးယောက်က တခြား လူငယ်တွေနဲ့ မတူတာကို တွေ့ခဲ့ရတယ်” စွန်းလီလီပြောလိုက်သည် “ရှင်ယုံမလား သူတို့က ပြည်နှင်ဒဏ်ခံရတဲ့ တိုင်းပြည်ကနေထွက်ဖို့ကို ဆိုဖီယာတောင်တန်းမှာ နှစ်နှစ်နေခဲ့တာ”

“ဟုတ်လား”

“ဆိုဖီယာတောင်တန်းကို အတွေ့အကြုံရဖို့ သွားတဲ့လူက အများကြီးမရှိဘူး၊ ဒါပေမယ့် ရှိမယ်ဆိုရင်တောင် လနည်းနည်းကနေ တစ်နှစ်လောက်ပဲ၊ အဲမှာ နှစ်နှစ်နေနိုင်တယ်ဆိုတာက လူငယ်တော်တော်များများမှာမရှိတဲ့ အေးဆေးမှုတွေ အထီးကျန်တာတွေကို ခံနိုင်ရည်ရှိတာတွေနဲ့ အားတွေရှိတယ်ဆိုတဲ့ သဘောပဲ၊ ဒါ့အပြင် အသက်ရှင်လျက်ထွက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ”

ဝမ်လိုကသည် ရယ်မောလိုက်သည် “သူတို့ငါးယောက်က တခြားသာမာန်လူငယ်တွေနဲ့ မတူဘူးပဲ”

“တကယ်သာဆိုရင် ကျွန်မရဲ့ ခန့်မှန်းတာက ပုံမှန်ပါပဲ…”

ဘိုင်ယွန်ရွှီသည် ရှီမာယူယူနှင့်တခြားသူများကို ခြံဝိုင်းငယ်တစ်ခုအား ခေါ်သွားပြီး ဝိုင်နှင့် သားရည်စားမုန့်များကို ပြင်ရန် လူများကိုခိုင်းလိုက်လေသည်။ သူတို့ခြောက်ယောက်သည် ခြံဝိုင်းငယ်အတွင်းတွင် စားကြသောက်ကြလေသည်။

သုံးခွက်သောက်ပြီးသော ရှီမာယူယူပြောလေသည် “ဝူရန် ငါမင်းကိုမေးစရာရှိတယ်”

“ဘာလဲ”

“(အရှေ့ပိုင်း) ဒုံချန်းတိုင်းပြည်၊ လအနောက်တိုင်းပြည်၊ တောင်လကြတ်တိုင်းပြည်၊ အလယ်ပိုင်းဝူတိုင်းပြည်နဲ့ မြောက်ပိုင်းယန်တိုင်းပြည်….. သူတို့က သူတို့နေရာနဲ့ သူရှိလို့ အဲနာမည်ရှိနေတာလို့ ထင်တာ၊ ဒါပေမယ့် ဒုံချန်းတိုင်းပြည်က အင်ပါယာလေးခုရဲ့ အနောက်ပိုင်းမှာပဲဆိုတာ ငါသိခဲ့ရတယ်” ရှီမာယူယူ ပြောလေသည်။

“ဟုတ်တယ်၊ အနောက်ပိုင်းအကျဆုံးပဲ” ဝူရန်ဖေသည် ခေါင်းညိတ်သည်။

“ဒါဆိုငါတို့က တိုင်းပြည်မရှိဘူးလား၊ လအနောက်တိုင်းပြည်၊ တောင်ယွန်တိုင်းပြည် အလယ်ပိုင်းဝူတိုင်းပြည်… ဒါဆိုအရှေ့ကရော တိုင်းပြည်မရှိဘူးလား” ရှီမာယူယူ မေးလိုက်သည်။

သူမ မေးခွန်းအားနားထောင်ပြီးနောက် ဝူရန်ဖေနှင့် ဘေဂုံထန်တို့၏ မျက်နှာအမူအရာပြောင်းသွားလေသည်။

All Chapters