အပိုင်း(၁၇၂)-ဝိညာဉ်သားရဲများ ကျူးကျော်ဝင်ရောက်ခြင်း
Vol. 002 Ch. 173
“မြောက်၊ တောင်နဲ့ အနောက်တို့က သူတို့ဦးတည်ဘက်ကို အစွဲပြုပြီး နာမည်မှည့်ထားတာ၊ အရှေ့ဘက်မှာ ဘာလို့ တိုင်းပြည်မရှိတာလဲဆိုတော့ အဲဘက်မှာ အဆုံးမရှိတဲ့ ပင်လယ်ရှိလို့ တိုင်းပြည်မရှိတာပဲ” ဘိုင်ယွန်ရွှီ ပြန်ဖြေသည်။
“ပင်လယ်ဟုတ်လား” တိုက်ခုနှစ်တိုက်နှင့် သမုဒ္ဒရာကြီးလေးစင်းရှိသည့် ကမ္ဘာ့မြေကြီးကို တွေးမိသည်။ ထူးဆန်းသည်ကို မခံစားမိပဲ သူမပြောလိုက်သည် “ဒါဆို ပင်လယ်မှာနေတဲ့သူ ဘယ်သူမှမရှိဘူးလား”
“အဲမှာ ရှိလား မရှိလားတော့ ငါလည်းမသိဘူး” ဝူရန်ဖေပြောလိုက်သည် “ပင်လယ်မှာက ဆိုဖီယာတောင်တန်းထက် အန္တရာယ်များလို့ အဲကို လူတွေသွားတာရှားတယ်၊ ပင်လယ်မှာ လူနေတယ်ဆိုရင်တောင် ပြည်မကြီးကို လာတဲ့သူမရှိဘူး”
“အဲမှာက ဆိုဖီယာတောင်တန်းထက် အန္တရာယ်များတယ် ဟုတ်လား” ဖက်တီးကျူသည် အံ့သြစွာပြောလိုက်သည် “ပင်လယ်မှာ ဝိညာဉ်သားရဲတွေများရှိနေလို့လား”
“ရှိမှာပေါ့” ဘိုင်ယွန်ရွှီပြောလိုက်သည် “ငါအရင်က အဲကလူတွေဆီကကြားဖူးတယ်၊ ပင်လယ်က ဝိညာဉ်သားရဲတွေက မြေပေါ်က ဝိညာဉ်သားရဲတွေထက် သန်မာတယ်တဲ့၊ ပြီးတော့ အများစုက အုပ်စုလိုက်နေကြတယ်၊ မင်း သူတို့နဲ့ တွေ့တယ်ဆိုရင် ကောင်ရေ တစ်ထောင်၊ တစ်သောင်းလောက်ရှိတယ်တဲ့”
သူတို့အား အကောင်တစ်ထောင်က ဝန်းရံထားသည်ဟု တွေးလိုက်ရာ တုန်လှုပ်သွားလေသည်။
အားလုံးသည် သောက်ရင်း စကားပြောကြသည်မှာ ညဉ့်နက်သည်အထိဖြစ်သည်။ ရှီမာယူယူသည် ပြင်ဆင်ထားသော အခန်းသို့ပြန်လာလိုက်သည်။ အမူးပြေသော် စတင်ပြီး လေ့ကျင့်တော့သည်။
ဝမ်လိုင်နှင့် တခြားသူများ၏ ပြောပြချက်အရ ရှီမာမျိုးနွယ်သည် အင်အား ပထမအဆင့်ဖြစ်သည်။ ထိုသို့ဖြစ်ခဲ့ပါက သူမလက်ရှိအားသည် မလုံလောက်ပေ။ လေ့ကျင့်ရန် အချိန်ကို ရအောင်လုပ်ယူရမည်။
သူမ လေးရက်ကျင့်ကြံသည်၊ ထိုလေးရက်အတွင်းတွင် သူမအား လာရောက်နှောင့်ယှက်သည့်သူ မရှိခဲ့ပေ။ လေးရက်ကြာပြီးသော် သူမသည် ဆက်ပြီးလေ့ကျင့်သည်။ အပြင်တွင် လူများ လှုပ်လှုပ်ရှားရှားဖြစ်နေသည်ကို သူမအာရုံခံမိသည်နှင့် တံခါးဖွင့်ကာ ထွက်လိုက်သည်။
ဘိုင်ယွန်ရွှီသည် အိမ်ဝင်းအတွင်း လှည့်လည်သွားလာနေသည်။ ရှီမာယူယူ၏ အိမ်မှာ တိတ်ဆိတ်နေသည်ကို သိပြီးနောက် သူသည် တံခါးမခေါက်ပေ။ သူမ ထွက်လာသည်ကို မြင်သည်နှင့် သူ ခြေလှမ်းနှစ်လှမ်းလိုက်ကာ ပြောလိုက်သည် “ယူယူ ထွက်လာခဲ့ဦး”
“ယွန်ရွှီ ဘာဖြစ်တာလဲ” ရှီမာယူယူ လှည့်ပတ်ကြည့်လိုက်သည်၊ ကျန်သောသူများ မရှိပေ၊ သူမ မေးလိုက်သည် “ကျိရွှီနဲ့ ကျန်တဲ့သူတွေရော”
“သူတို့ မြို့တော်တံတိုင်းကိုသွားကြပြီ” ဘိုင်ယွန်ရွှီ ပြောလိုက်သည် “ငါလည်း အစက အဲမှာပဲ ဒါပေမယ့် ငါ့အဖေဆီက သတင်းကြားပြီး မင်းကိုလာရှာတာပဲ၊ မင်းလေ့ကျင့်နေတုန်းထင်လို့ ငါဒီကိုလာတာပဲ”
“ရှီမာမျိုးနွယ်က သတင်းလား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ်၊ ရှီမာလင်း၊ ရှီမာခစ်၊ ရှီမာရှင်းတို့က အလယ်ပိုင်းဝူတိုင်းပြည်က ရှီမာမျိုးနွယ်ကလူတွေပဲ၊ မင်းအဘိုးလည်း အဲမှာရှိတယ်နဲ့တူတယ်” ဘိုင်ယွန်ရွှီပြောလိုက်သည်။
“သူတို့ ရှိတဲ့နေရာကို သေချာသိပြီဆိုရင်တော်ပြီ” ရှီမာယူယူပြောလိုက်သည်။
“သားရဲစီးကြောင်းလား”
“ဟုတ်တယ်၊ ကျိရွှီနဲ့ တခြားသူတွေက မြို့တော်တံတိုင်းမှာ ငါတို့လည်း မြန်မြန်အဲကိုသွားရမယ်၊ အဲကို သွားတဲံ လမ်းမှာမှ မင်းကိုအသေးစိတ်ပြောပြမယ်” ဘိုင်ယွန်ရွှီသည် ထိုနေရာမှ အခြေအနေအား စိုးရိမ်စွာဖြင့်ပြောလိုက်သည်။
“ကောင်းပြီ”
အခြေအနေသည် အရေးကြီးနေသဖြင့် သူတို့နှစ်ယောက်သည် အိမ်တော်မှ မြို့တော်တံတိုင်းဆီ တည့်တည့်သွားလိုက်ကြသည်။
နောက်ကြောင်းပြန်ပြောရလျှင် ရှီမာယူယူနှင့် တခြားသူများ အိမ်တော်သို့ရောက်သော ဒုတိယနေ့တွင် အခြေအနေအား သွားစုံစမ်းသော လူများ ပြန်ရောက်လာသည်။ သူတို့သည် မနှစ်မြို့စရာ သတင်းသယ်လာသည်။
ဟိန်းသံလေးပြောသလိုပင် ဆိုဖီယာတောင်တန်းမှ ဝိညာဉ်သားရဲများသည် ဂနာမငြိမ်ဖြစ်ကာ ရုတ်ရုတ်သဲသဲပင်။ အလယ်ပိုင်းရှိ ဝိညာဉ်သားရဲများသည် အစွန်းပိုင်းသို့ ပြောင်းရွှေ့လာကြသည်။ ထိုအခြေအနေသည် အရင်သားရဲစီးကြောင်းနှင့် မတူပဲ သူတို့ ဦးတည်ချက်မှာ သုံးနွေဦးမြို့တော်ဖြစ်နေသည်။
အစပိုင်းတွင် ဝိညာဉ်သားရဲများ နောက်ထပ်လှုပ်ရှားမှုမှာ အချိန်တစ်ခုစောင့်ရဦးမည်ဟု သူတို့တွေးထားကြသည်။ အရင်က သားရဲစီးကြောင်းဖြစ်သည့် အချိန်တိုင်းတွင် ပြင်ဆင်ရန် လပိုင်းအချိန်ရသည်။ သို့သော် ဒီတစ်ခေါက်တွင် ကွဲပြားသည်။ သတင်းရသော ဒုတိယမြောက်နေ့၌ပင် မြို့တော်အစောင့်များသည် သားရဲများ ကျူးကျော်လာသည်ကို သတိထားမိကြသည်။
ဝမ်လိုက်သည် လျင်မြန်စွာ လူစုကာ တံတိုင်းထိပ်သို့ ချက်ချင်းပင်ရောက်လာခဲ့သည်။ သားရဲများသည် လာရောက်ကာ လူများကို မတိုက်ခိုက်ပဲ မြို့တော်တံတိုင်းအား ဝန်းရံကာ လူတချို့ရောက်လာသည်ကို စောင့်နေသော အနေအထားရှိသည်။
ရှီမာယူယူနှင့် ဘိုင်ယွန်ရှီတို့ ပျံတက်လာသည်။ တံတိုင်းပေါ်ရှိလူများသည် သူတို့အား မြင်ကြသော်လည်း ဘာမျမပြောကြပေ။ မြို့တော်တွင် လူများ ပျံတက်သည်ကို ခွင့်မပြုထားသော်လည်း လက်ရှိတွင် ပုံမှန်မဟုတ်သော အချိန်ဖြစ်သဖြင့် လူများသည် ထိုအရာအား ဂရုမစိုက်ကြတော့ပေ။
“ယူယူ မင်းရောက်လာပြီလား” ဘေဂုံထန်နှင့် တခြားသူများသည် ရှီမာယူယူ သူတို့ဘေးရောက်လာသည်ကို မြင်သည်နှင့် ပြောလိုက်ကြသည်။
ရှီမာယူယူလေ့ကျင့်လျှင် အနားယူခြင်းမရှိပဲ အချိန်ကြာတတ်သည်ကို သူတို့သိထားသည်။ ထို့ကြောင့်ပင် သူမအိမ် တိတ်ဆိတ်နေသည်ကို တွေ့ပြီးနောက် မနှောင့်ယှက်ရန် ဘိုင်ယွန်ရွှီအားမှာထားသည်။ သူမဘာသာ ထ,လာမည့်အချိန်ကို သူတို့စောင့်ကြသည်။
“အခြေအနေဘယ်လိုလဲ” ရှီမာယူယူမေးလိုက်သည်။
“မင်းဘာသာ သာကြည့်တော့” ဝေကျိရွှီသည် ရှီမာယူယူဘေး ရောက်လာကာ ရှီမာယူယူ ခြေတစ်လှမ်းတိုးလိုက်သည်။
အောက်ရှိအခြေအနေကို ရှီမာယူယူကြည့်လိုက်ပြီး မြင်သော်အခါ အသက်ရှုပင်မှားသွားလောက်သည်။
“ဝိညာဉ်သားရဲတွေများလိုက်တာ”
သားရဲအုပ်ကြီးသည် ကျပ်ညပ်နေကာ နေရာလပ်မရှိပဲ ဆိုဖီယာတောင်တန်းအောက်ခြေကို ရောက်နေပြီဖြစ်သည်။ သူတို့သည် ထောင်ချီ၊ သောင်းချီရှိကြသည်။
“ကြောက်နေတယ်မလား” အောက်တွင်ရှိသော ဝိညာဉ်သားရဲများအား ဖက်တီးကျူကြည့်ကာ ပြောလိုက်သည် “ဒီမှာရှိနေတဲ့ သားရဲတွေက ဆိုဖီယာတောင်တန်းက သားရဲတွေအကုန် ဟုတ်လား မဟုတ်လားဆိုတာ ငါစဉ်းစားနေတာ”
“သူတို့တွေ ဒီလောက်များတာ၊ ငါတို့ဒီမှာ ရှိတဲ့လူတွေတောင် ပြန်တိုက်နိုင်ပါ့မလား” ဝိညာဉ်သခင် တစ်ယောက်သည် အသံထွက်လာသည်၊ သူ့အသံတွင် မဝံမရဲဖြစ်နေသည်။
ထို ဝိညာဉ်သခင် တစ်ယောက်တည်းသာ ထိုသို့ဖြစ်သည်မဟုတ်ပေ။ စိတ်ထဲတွင် မေးခွန်းများစွာဖြစ်နေသော လူအများအပြားရှိသည်။ ဝိညာဉ်သားရဲများပြားလှသော်လည်း သူတို့ထဲမှ အရေအတွက် တစ်ထောင်မျှသာဖြစ်သည်။ သူတို့ ပြန်တိုက်နိုင်ပါ့မလား။
ရှီမာယူယူသည် တံတိုင်းပေါ်မှ လူများကိုကြည့်ကာ မေးလိုက်သည် “ယွန်ရွှီ အဲဝိညာဉ်သားရဲတွေကို အရင်ကမြင်ဖူးလား၊ အမြဲတမ်းအဲလို ဝိညာဉ်သားရဲတွေများနေတာလား”
ဘိုင်ယွန်ရွှီသည် ဘဲငန်းအရိုင်းကို လိုက်ဖမ်းရလိမ့်မည်ဟု ဘယ်တော့မှ ထင်မထားပေ။ ဝိညာဉ်သားရဲများ အရေအတွက်တိုးပွားလာသည့်ပုံပင်။ ရှီမာယူယူ သူ့အားမေးသည်ကို ကြားပြီးနောက် သူခေါင်းရမ်းလိုက်သည် “ပြီးခဲ့တဲ့တစ်ခေါက် ဝိညာဉ်သားရဲတွေရောက်လာတုန်းက ငါလာသေးတယ်၊ အဲအချိန်တုန်းက ငါ့ဦးလေးပြောတာက ဝိညာဉ်သားရဲတွေနှစ်ဆတက်လာတယ်တဲ့၊ ဒါပေမယ့် ဒီတစ်ခေါက်ရဲ့ တစ်ဝက်လောက်တောင်မရှိဘူး”
ဝေကျိရွှီသည် မျက်မှောင်ကြုတ်လိုက်သည် “ပြီးခဲ့တဲ့ သားရဲစီးကြောင်းက လွန်ခဲ့တဲ့နှစ်တစ်ဝက်လောက်ကပဲ ရှိသေးတာ၊ ပြီးတော့ သူတို့က ဖွဲ့စည်းတာကို စောင့်နေတာနဲ့တူတယ်၊ လူလုပ်ထားတာနဲ့ တူနေတယ်၊ အကြောင်းအရင်းကို ငါတို့ရှာဖို့လိုမယ်၊ ဖြစ်နိုင်တာကတော့ အဖြေက ဒီမှာပဲရှိလိမ့်မယ်”
ဘိုင်ယွန်ရွှီထိုအကြောင်းအား ကြားသော် သူ့မျက်လုံးများတောက်ပလာပြီး ဝေကျိရွှီ၏ ပခုံးအားပုတ်ကာ ပြောလိုက်သည် “ဝေကျိရွှီပြောတာမှန်တယ်၊ ဘာလို့ စောစောကမတွေးမိတာလဲ ငါ့ဦးလေးကို သွားပြောရမယ်”
သူပြောပြီးနောက် ဝမ်လိုင်ရှိရာဘက်သို့ ထွက်သွားလေသည်။
“မင်းတို့ အားလုံးကြည့်….ဘယ်ဘက်ဘေးက အနက်ရောင်ဝက်ဝံတွေ့လား၊ အဲအနက်ရောင်ဝက်ဝံက ဖက်တီးကျူဖိနပ်ကျွတ်အောင်ပြေးရတဲ့အထိ လိုက်တဲ့ အကောင်မလား” ရှီမာယူယူသည် ရုတ်တရက် အရှေ့သို့ ညွှန်ပြကာ ပြောလိုက်သည်။
ဖက်တီးကျူကြည့်လိုက်ရာ သူတို့ကို လိုက်ခဲ့သော အနက်ရောင်ဝက်ဝံသည် အနက်ရောင်ဝက်ဝံအုပ်၏ အလယ်တွင်ရှိနေသည်။
“ဟုတ်တယ် အဲဒါသူပဲ” ဖက်တီးကျူတွင် အနက်ရောင်ဝက်ဝံနှင့်ပတ်သတ်၍ ခံစားချက်များကျန်ရှိနေသေးသည်။ ရှီမာယူယူသာ ညွှန်မပြခဲ့ပါက အနက်ရောင်ဝက်ဝံအုပ်စုအား မြင်မိမည်မဟုတ်ပေ။ အခု သူမပြောမှသာ ချက်ချင်းပင် မှတ်မိလိုက်ကြသည်။
အနက်ရောင်ဝက်ဝံသည် ဖက်တီးကျူနှင့် တခြားသူများ၏ အကြည့်ကိုခံစားမိပြီး သူတို့အား ကြည့်လိုက်သည်။ အကြည့်တစ်ချက်နှင့်ပင် သူတို့အား မှတ်မိသွားသလိုပင်။
ဟိန်းသံထွက်ပေါ်လာသည်။
အနက်ရောင်ဝက်ဝံသည် တစ်ချက်မှ လှုပ်ရှားခြင်းမရှိပဲ ကျယ်လောင်စွာ ဟိန်းလိုက်သည်။
“အဲအနက်ရောင်ဝက်ဝံရဲ့ စိတ်ကလည်း ဗုံးကျနေတာပဲ၊ ငါတို့ကို ချက်ချင်းမှတ်မိသွားတာနေမှာ၊ ဒါပေမယ့် နှစ်ခါ ဟိန်းတာတော့ ရှားပါတယ်” ဝူရန်ဖေသည် မျက်ခုံးပင့်ကာ ပြောလေသည်။
ဖက်တီးကျူသည် ကိုယ်ပိုင်မှန်းဆချက်ဖြင့် မယုံနိုင်စွာ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။