အပိုင်း(၁၇၃)-အလင်းတန်းပုံစံဖြင့် ပေါ်လာခြင်း
Vol. 002 Ch. 173
ရှီမာယူယူသည် ဆိုဖီယာတောင်တန်းမှ နေဝင်ဆည်းဆာအားကြည့်ကာ ရေရွတ်လိုက်သည် “အဲသူတော်စင်သားရဲအားလုံးကို ထိန်းကျောင်းနိုင်တဲ့သူကတော့ တကယ်ကို အဆင့်မြင့်နေမှဖြစ်မယ်၊ အဲလိုမှမဟုတ်ရင် သူ့မှာ သူတို့ကိုခြယ်လှယ်နိုင်တဲ့ စွမ်းရည်ရှိတာဖြစ်မယ်…”
မြိ့တော်တံတိုင်းရှိလူများသည် အောက်တွင်ရှိသော ဝိညာဉ်သားရဲများ၏ အင်အားကို ခန့်မှန်းလို့ရသည်။ ထိုအချက်အား သဘာဝကျကျပင် စဉ်းစားလို့ရသည်။ သူတို့အားလုံးသည် စိတ်ဓာတ်ကြံ့ခိုင်စွာရပ်နေသော စွန်းလီလီဘေးတွင် ခံပြင်းစွာ မျက်မှောင်ကြုတ်နေကြသည်။
ဝိညာဉ်သခင်များသည် ဝိညာဉ်သားရဲများအား ကပျာကယာအောက်ငုံ့ကြည့်ကာ ဝမ်လိုင်ကိုသွားရှာကြလေသည်။ သူတို့တစ်စုံတစ်ခု ပြောဆိုပြီးနောက် မြို့တံတိုင်းမှ မြို့ထဲသို့ ပျံသန်းသွားကြလေသည်။
ဦးတည်ချက်မှာ သုံးနွေဦးဝိညာဉ်သခင် အသင်းဆီသို့….
တစ်ယောက်သောသူလုပ်သည်နှင့် နောက်ပြန်ဆုပ်ရန် ဆုံးဖြတ်လိုက်သော ဝိညာဉ်သခင်များ များလာသည်။ အစိုးရအိမ်တော်မှပေးသော အခကြေးငွေသည် မလုံလောက်၍မဟုတ်၊ သို့သော် ထိုဆုငွေများ လက်ခံနိုင်ရန် သူတို့အသက်ရှင်ရန်လိုအပ်သေးသည်။
ဝိညာဉ်သခင်အနည်းငယ်သည် ဝိညာဉ်သားရဲများ နောက်ပြန်ဆုတ်သည်ကို တွေ့သည်နှင့် ဆူပူကြိမ်းမောင်းတော့သည်။ သူတို့သည် ဝိညာဉ်သားရဲများကို ပြန်တိုက်ခိုက်ကာ သုံးနွေဦးတိုင်းပြည်အားကူညီချင်သော သူများဖြစ်ကြသည်။
“အဲဝိညာဉ်သခင်တွေကတော့ အမြှီးသိမ်းပြီး ပြန်ပြေးကြပြီ” ထို ဝိညာဉ်သခင်များ ထွက်သွားသည်ကို တွေ့သည်နှင့် ဖက်တီးကျူ၏ မျက်လုံးများသည် အထင်သေးခြင်းများ ပြည့်နှက်သွားသည်။
“မင်းသာ ယွန်ရွှီကို မသိရင် မင်းလည်းဒီမှာ ဆက်နေနေဦးမှာလား” ဝေကျိရွှီသည် ခေါင်းအားတောက်လိုက်သည်။
ဖက်တီးကျူသည် နှာခေါင်းအားထိကာ ပြောလိုက်သည် “ဝိညာဉ်သားရဲတွေများလိုက်တာ၊ ယွန်ရွှီသာ ရှီမာယူယူကို အဲလောက်မကူညီရင် ငါတို့ဒီမှာဘယ်လိုလုပ်ရှိမလဲ ငါတို့က ကျွမ်းကျင်သူမဟုတ်တာကျနေတာပဲ”
“ဖက်တီးကျူ၊ ကျိရွှီ၊ ဘေဂုံ၊ ဝူရန်ဖေ၊ မင်းတို့တိုက်ခိုက်ရမယ်ဆိုရင် ကိုယ့်ဝိညာဉ်သားရဲနဲ့ပဲတိုက်ခိုက်ကြ၊ လူကိုယ်တိုင်ဝင်မပါကြနဲ့၊ မင်းတို့ ဝိညာဉ်သားရဲတွေမခံနိုင်ကြဘူးဆိုရင် စွတ်မတွန်းနဲ့၊ မင်းတို့နောက်ပြန်ဆုတ်ရမယ်၊ နားလည်လား” ရှီမာယူယူ အမိန့်ပေးလိုက်သည်။
“ငါတို့နားလည်ပါတယ်” ဖက်တီးကျူပြောလိုက်သည် “ငါတို့ပန်းတိုင်က မင်းကိုကာကွယ်ပြီး မင်းအဘိုးကို ကယ်ဖို့ပဲ ဒီမှာ ငါတို့အသက်ပေးဖို့မဟုတ်ဘူး”
ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် ခေါင်းညိတ်လိုက်ကြသည်။
ရှီမာယူယူသည် ဆိုဖီယာတောင်တန်းရှိရာဘက်သို့ ကြည့်ကာ ရေရွတ်လိုက်သည် “ဘာလို့ ခံစားချက်မကောင်းတာပါလိမ့်…”
အောက်တွင်ရှိသော ဝိညာဉ်သားရဲများသည် လှုပ်ရှားမှုမရှိသလို တံတိုင်းပေါ်တွင်လည်း လှုပ်ရှားမှုမပြုရဲကြပေ။ သို့သော် ရဲဝံ့သောသူများသည် ထိုင်ချကာ တံတိုင်းကိုမှီပြီး အိပ်ကြလေသည်။
ဝမ်လိုင်သည် ဘိုင်ယွန်ရွှီပြောသည်ကို ကြားးပြီးနောက် ရှီမာယူယူနှင့် တခြားသူများကိုကြည့်လိုက်သည်။ ထို့နောက် သူသည် ခဏတာမျှ တာဝန်ယူထားသော ဝိညာဉ်သားရဲများနှင့် ဆက်သွယ်မိအောင် ကြိုးစားကြည့်ရန် လူလွှတ်လိုက်လေသည်။ သို့သော် ထိုသူတော်စင်သားရဲများသည် မျက်စိဖွင့်ရုံမျှဖွင့်ကာ သူတို့အား အဆက်မပြတ်အော်လိုက်ကြသည်။ ကျန်သောအချိန်တွင် တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့ကြသည်။
အစပိုင်းတွင် သဘောတူညီချက်ရရန် သွားသောလူများသည် ဖိအားမပေးရဲပဲ ရွေးချယ်စရာမရှိတော့ပဲ ပြန်လာခဲ့ရတော့သည်။
“အဲဝိညာဉ်သားရဲတွေက စိတ်ဆုံးဖြတ်ပြီးပြီထင်တယ်၊ အဲသားရဲမရောက်မချင်း သူတို့ မလှုပ်မယှက်နဲ့ ဘာစကားမှ ပြောမှမဟုတ်ဘူး” ညှိနှိုင်းရန်သွားသောသူသည် မအောင်မြင်ပဲပြန်ရောက်လာသည်ကို တွေ့သည်နှင့် ဘေဂုံထန်ပြောလိုက်သည်။
“ဘာလို့လဲတော့ ငါလည်းမသိတော့ဘူး အဲဝိညာဉ်သားရဲတွေက တစ်ခုခုကို အပြင်းအထန်ဖြစ် စေချင်တယ်နဲ့တူတယ်” ဝေကျိရွှီသည် ဆိုဖီယာတောင်တန်းအားကြည့်ပြီး ပြောလိုက်သည်။
“အဲဒါဘာပဲဖြစ်ဖြစ် မကောင်းတဲ့ဟာဆိုတာတော့ သေချာတယ်” ဖက်တီးကျူပြောလိုက်သည် “မင်းတို့အားလုံးပြောကြဦး၊ ဆိုဖီယာတောင်တန်းက ဆရာကြီးကြောင့်လား၊ အဲလိုမဟုတ်ရင် ဘယ်လိုလုပ် ဒီလောက်များတဲ့ ဝိညာဉ်သားရဲတွေလာကြတာလဲ”
“အဲလိုဆိုရင်တော့ ငါတို့တော့ ပြဿနာတက်ပြီ၊ သုံးနွေဦးမြို့တော်တစ်ခုလုံး ပြန်အဖတ်ဆယ်လို့မရမှာ စိုးတယ်” ဝေကျိရွှီသည် ပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် အကြောင်းအရင်းကို မကြာခင်သိရမှာပါ” အဝေးမှ ကောင်းကင် ပြောင်းလဲစပြုနေသည်ကို မြင်သည်နှင့် ရှီမာယူယူ ပြောလိုက်သည်။
“ဆိုဖီယာတောင်တန်းပေါ်က ကောင်းကင်ကိုကြည့်လိုက်” တစ်စုံတစ်ယောက်သည် အော်လိုက်သည်။
အားလုံးသည် ထိုအော်သံအား အာရုံစိုက်မိပြီး ဆိုဖီယာတောင်တန်းသို့ကြည့်လိုက်ကြသည်။
ကျန်ရှိသော နေဝင်ဆည်းဆာအနည်းငယ်သည် တောင်ဘေးတွင်ပျောက်ကွယ်သွားသည်၊ သို့သော် ထိုအရာကြောင့် အားလုံးအံ့သြသွားခြင်းမဟုတ်ပေ။ အနက်ရောင် တိမ်တိုက်များ လျင်မြန်စွာဖြစ်ပေါ်လာသောကြောင့်ဖြစ်သည်။
“အနက်ရောင်တိမ်တွေက ရုတ်တရက်ကြီး ဘာလို့ပေါ်လာတာလဲ”
“မိုးရွာတော့မှာလား”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဆိုဖီယာတောင်တန်းမှ တစ်ခုခုဖြစ်နေတာတော့ သေချာနေပြီ”
“ဒါပြီးရင် ဘာတွေ နောက်ဆက်တွဲဖြစ်လာနိုင်လဲ”
“ရုတ်တရက်ကြီးကောင်းကင်က အနက်ရောင်တိမ်တွေနဲ့ ပြည့်လာတာ နိမိတ်လား”
“……”
အားလုံး ထင်မြင်ချက်ပေးနေဆဲမှာပင် အနက်ရောင်တိမ်တိုက်များသည် ထူထပ်လာသည်၊ သို့သော် မိုးရွာမည့် အရိပ်အယောာင်မဖြစ်ပေ။
စွန်းလီလီသည် ဆိုဖီယာတောင်တန်းမှ အနက်ရောင်တိမ်တိုက်များမြင်သည်နှင့် အံ့သြစွာဖြင့် “အစ်ကိုလီ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
စွန်းလီလီ ဘာပြောမလဲဆိုသည်ကို သိသဖြင့် ဝမ်လိုင်၏ စိတ်သည် အံ့သြမှုများဖြင့် ပြည့်နှက်နေကာ ပြန်ဖြေလိုက်သည် “ငါတို့ထင်တာမဟုတ်ပါစေနဲ့ လို့မျှော်လင့်ပါတယ်၊ မဟုတ်ရင်…”
ထိုကဲ့သို့ ဖြစ်ပေါ်ခြင်းကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်၍ ဖက်တီးကျူသည် ဝေကျိရွှီ၏ လက်မောင်းကို မသိလိုက်ဘာသာပင် ဆုပ်ကိုင်မိကာ ပြောလိုက်သည် “အဲဒါ ဘယ်လိုဖြစ်နိုင်မှာလဲ့ အဲအနက်ရောင်တိမ်ထဲကနေ ကြောက်စရာကောင်းတဲ့ အင်အားကို ဘာလို့ ငါခံစားမိနေတာလဲ”
ရှီမာယူယူ ဟိန်းသံလေးအားခေါ်လိုက်သည်။ ဟိန်းသံလေး အနက်ရောင်တိမ်တိုက်များ မြင်သည်နှင့် ချက်ချင်းပင် အော်လိုက်သည် “သူတော်စင် သားရဲ ပြောင်းလဲခြင်း”
“သူတော်စင် သားရဲပြောင်းလဲခြင်းဆိုတာ ဘာပြောတာလဲ” ဖက်တီးကျူမေးလိုက်သည်။
ဟိန်းသံလေးသည် အမြဲလုပ်နေကျအတိုင်း ရှီမာယူယူဘေးတွင် ပျံမနေပါ၊ သို့သော် သူမ ရင်ခွင်ထဲသို့ တိုးဝှေ့ကာ ရှင်းပြသည် “သူတော်စင်သားရဲတွေက သူတော်စင်အဆင့်ကို ဖြတ်ကျော်နိုင်ပြီဆိုရင် လူသားအသွင်ပြောင်းနိုင်တယ်၊ ဒါပေမယ့် ကောင်းကင်က ရေဖျန်းပေးတာကို ခံဖို့လိုတယ်၊ ဒုက္ခကြီးပဲ၊ သူတို့က မိုးကြိုးလည်းအပစ်ခံရတယ်၊ အဲဒါကို သူတို့ခံနိုင်ရင်တော့ လူသားအသွင်ပြောင်းလို့ရပြီ”
“သူတို့မခံနိုင်ရင်ရော” ဖက်တီးကျူမေးလိုက်သည်။
“သူတို့မခံနိုင်ရင် ပြာဖြစ်သွားမှာပေါ့”
“ရှုး”
ဖက်တီးကျူသည် ထိုအလှည့်အပြောင်းအား အံ့သြသွားကာ ထူထပ်သော အနက်ရောင်တိမ်တိုက်အား ကြည့်ပြီး မေးလိုက်သည် “သူတော်စင်သားရဲအဆင့်ကို ကျော်နိုင်တဲ့ သားရဲတိုင်းကဒီလိုပဲလား”
ဟိန်းသံလေးသည် မျက်လုံးလှန်လိုက်ပြီး ပြောလိုက်သည် “အဲလိုတော့ ဘယ်ဟုတ်မလဲ၊ လူသားအသွင်ပြောင်းချင်တဲ့သူပဲ ဒီလိုမိုးကြိုးကိုခံရမှာ အဲဒါက သူတို့ဘာသာရွေးချယ်တဲ့ ပြောင်းလဲမှုပဲ၊ သူတို့ကိ လူအဖြစ်မပြောင်းချင်ဘူးဆိုရင်တော့ သူတို့ဒါကို မဖြတ်ကျော်ရဘူး၊ သူတော်စင်သားရဲအဆင့်ကို ဖြတ်ကျော်တဲ့သူက လူဖြစ်ချင်မှ ဒီမိုးကြိုးဖြစ်လာတာ”
“ဒါဆို သူတို့လူမဖြစ်ချင်ရင် ဒီလောက်ထိလုပ်စရာမလိုဘူး မဟုတ်လား၊ ဒါဆို အဲအဆင့်သားရဲတွေက ဘာလို့အဲလမ်းကိုရွေးကြတာလဲ” ဝေကျိရွှီနားမလည်နိုင်ပေ။
“အသွင်ပြောင်းတာ အောင်မြင်ရင် အဲဝိညာဉ်သားရဲတွေက ဝိညာဉ်သားရဲကမ္ဘာမှာ ဂုဏ်ရှိပြီး အထင်ကြီးစရာပဲ၊ ပြီးတော့ သားရဲပုံစံထက်ပိုပြီး ကျင့်ကြံလို့လွယ်တယ်၊ ပြောရမယ်ဆိုရင် သူတော်စင်အဆင့် ကျော်တဲ့ သားရဲတော်တော်များများက အသွင်ပြောင်းဖို့ရွေးကြတယ်၊ အဲလိုမလုပ်ချင်တဲ့ သူတွေလည်းရှိတာပေါ့” ဟိန်းသံလေးရှင်းပြသည်။
“ဒါဆိုရင် အဲဝိညာဉ်သားရဲတွေက အထင်ကြီးဖို့ထိုက်တန်တာပေါ့” ဖက်တီးကျူ သက်ပြင်းချလိုက်သည်။ “အဲအနက်ရောင်တိမ်ကိုကြည့်ကြ၊ ကြည့်ရင်းနဲ့ ငါတို့တောင် တုန်တယ်၊ အဲအချိန်ကျရင် ငါတို့ကိုပါ လာမှန်လိမ့်မယ်ဆိုတာ ဘယ်သူသိမလဲ”
“တကယ်ကို အထင်ကြီးစရာပဲပေါ့” ရှီမာယူယူပြောလိုက်သည် “ဒါပေမယ့် ငါစိုးရိမ်တာက အဲဒါက ဝိညာဉ်သားရဲစီးကြောင်းနဲ့ ဘာမှမဆိုင်ဘူးမှာကိုပဲ”
“ယူယူ မင်းဘာလို့အဲလိုပြောတာလဲ”
ရှီမာယူယူသည် အနက်ရောင်တိမ်တိုက်အတွင်းမှ ဖုံးကွယ်ထားသော အင်အားတစ်ခုအား ခံစားမိ၍ ရေရွတ်လိုက်သည် “ခံစားချက်အရပေါ့”
ဆိုဖီယာတောင်တန်းထိပ်မှ အနက်ရောင်တိမ်တိုက်များသည် ပို၍ထူထပ်လာသည်။ တစ်ခါတစ်ရံ လျှပ်စီးများ လက်လာသည်။ သို့သော် ကြီးမားသည်တော့ မဟုတ်ပေ။
တံတိုင်းပေါ်ရှိလူများသည် ဆိုဖီယာတောင်တန်းမှ မျက်စိမခွာနိုင်ကြပေ။ အောက်မှ ဝိညာဉ်သားရဲများသည်လည်း နောက်သို့လှည့်ကြည့်ကြသည်။ အဆင့်နိမ့်သော ဝိညာဉ်သားရဲများသည် ကြောက်လန့်ကြကာ မြေပေါ်တွင်ပူးကပ်ပြီး အထိန်းအကွပ်မဲ့ တုန်လှုပ်နေကြသည်။
အလယ်တွင် မရပ်မနားလိမ့်လာသော အနီအားတွေ့သည်နှင့် ရှီမာယူယူသည် အော်လိုက်သည် “လာနေပြီ”
သူမပြောပြီးသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော မိုးကြိုးများ တဟုန်ထိုးကျလာသည်။ မျက်စိပြူးကြည့်ပါက တောင်အောက်ရှိနေရာသို့ တိုက်ရိုက်ပစ်လိုက်သည်ကို မြင်နိုင်သည်။