← Chapters

အပိုင်း(၁၇၄)-မိုးကြိုးလျှပ်စီး အဆုံးတွင်

Vol. 002 Ch. 174

အပိုင်း(၁၇၄)-မိုးကြိုးလျှပ်စီး အဆုံးတွင်

Vol. 002 Ch. 174

“ချွတ် ချွတ်”

သူတို့သည် မြို့တော်တံတိုင်းပေါ်တွင် ရပ်နေကြသော်လည်း မိုးကြိုးတွင်ပါဝင်သော စွမ်းအားကို အားလုံး ခံစားမိကြသည်။

သူတော်စင်အဆင့်လွန်သားရဲသည် မိုးကြိုးအားရှောင်လိုက်နိုင်သည်ကို အားလုံး တွေးလိုက်ချိန်တွင် လူသားပုံရိပ်သည် တောင်မှ ခုန်ထွက်လာကာ မိုးကြိုးလျှပ်စီးကို ရင်ဆိုင်လိုက်လေသည်။

“ဘုန်း”

ပုံရိပ်၏ လက်သည် မိုးကြိုးနှင့် ထိမိသည်နှင့် လူများသည် ချက်ချင်းပင် မျက်စိမှိတ်လိုက်ကြသည်။

ဖက်တီးကျူသည် မျက်လုံးဖွင့်ထားသဖြင့် ထိုလူသားပုံရိပ်အား မြင်လိုက်ရသည်။ သူ့ ပါးစပ်အား ရိုက်ကာ တံတွေးမျိုချကာ ပြောလိုက်သည် “အဲလူက အခုလေးတင် သားရဲကနေအသွင်ပြောင်းလိုက်တဲ့သူလား”

“ဟုတ်တယ် ငါသူ့ဆီက သားရဲအငွေ့အသက်ရနေတယ်” ဟိန်းသံလေးပြောလိုက်သည်။

ရှီမာယူယူသည် လက်မြှောက်ကာ ဟိန်းသံလေးအား ပွတ်လိုက်ပြီး “ခွေးနှာခေါင်း၊ အဲလောက်ဝေးတာတောင် မင်းအနံ့ခံနိုင်သေးတယ်”

“ငါ့အနံ့ခံအာရုံက ခွေးဝိညာဉ်တွေထက်တောင် ပိုသန်မာသေးတယ်” ဟိန်းသံလေးသည် မကျေနပ်ချက်ဖြင့် စောဒကတက်သည်။

ရှီမာယူယူ ဆိုဖီယာတောင်တန်းသို့ကြည့်လိုက်သည်။ အထွတ်အထိပ်သားရဲ၏အားနှင့် မိုးကြိုးတို့ ထိပ်တိုက်တွေ့မိချိန်တွင် အလွန်အမင်းအားကောင်းလှသဖြင့် သူမ အံ့သြမိသည်။

မကြာခင်တွင် ဒုတိယမြောက်မိုးကြိုးကျလာသည်။  ပထမအခေါက်ကထက် ပိုအားပြင်းသည်။

အထွတ်အထိပ်သားရဲသည် ထိပ်တိုက်ရင်ဆိုင်ခြင်းကိုရွေးချယ်ပြီး လက်ဖြင့် မိုးကြိုးအား ချေလိုက်သည်။

“သေစမ်း ဒီအကောင်က အားကောင်းလိုက်တာ၊ ငါသာသူနဲ့တွေ့ရင် အသက်ရှင်ဖို့ အခွင့်အရေးမရှိဘူး” ဖက်တီးကျူသည် ကြောက်ရွံ့မှုကြောင့် ခုန်ပေါက်နေသော ရင်ဘတ်အား ဖိကိုင်ထားသည်။

သူမ ဘာကြောင့်လဲတော့မသိပါ၊ သို့သော် အရှိန်ဖြင့်ဖြတ်သွားသော အထွတ်အထိပ်သားရဲအား ကြည့်ရင်းနှင့် ဝူလင်းယူနှင့် အတူရှိခဲ့သော လူပုံစံသားရဲကို တွေးမိလိုက်သည်။

ဒါဆို သူကလည်း ဒီလိုကြောက်စရာကောင်းတဲ့ အတွေ့အကြုံကို တွေ့ကြုံခဲ့ရတာလား။

အတွေးများသည် သူမခေါင်းတွင်လည်နေကာ ဘာကြောင့် သူမ ရုတ်တရက်အဲလူအကြောင်းကို စဉ်းစားမိတာလဲ။

ဒုတိယမြောက် မိုးကြိုးပစ်ပြီးမကြာမီတွင် တတိယမြောက်သည် ထပ်ကျလာသည်။

အထွတ်အထိပ်သားရဲသည် တတိယမြောက်မိုးကြိုးကို ရင်ဆိုင်ပြန်သည်။ သူသည် အားမနည်းသော်လည်း ပျက်စီးခြင်းလည်း ပေါ့သေးသေးမဟုတ်ပေ။

မိုးကြိုးသုံးခါပစ်ပြီးသော်လည်း အနက်ရောင်တိမ်တိုက်သည် ကွယ်ပျောက်သွားခြင်းမရှိပေ။ ထို့အပြင် လေထဲတွင် ပိုပို၍ ထူလာသည်။

ဟိန်းသံလေးသည် မျက်စိမှေးကြည့်ကာ ပြောလိုက်သည် “အဲအထွတ်အထိတ်သားရဲရဲ့ သွေးကြောက အားမနည်းဘူး”

“မင်းဘယ်လိုသိလဲ” ဖက်တီးကျူမေးလိုက်သည်။

“အသွင်ပြောင်းသားရဲတိုင်းက ဒီလိုမိုးကြိုးဒုက္ခကို ကြုံရပေမယ့် တကယ်တော့ မတူညီကြဘူး၊ သွေးအားကောင်းလေ မိုးကြိုးဒုက္ခကလည်း ပိုသန်မာလေပဲ၊ ပထမဆုံးပစ်တဲ့ မိုးကြိုးသုံးချက်ကု သာမာန် သားရဲတွေ ရိုက်နိုင်လောက်တဲ့အထိ အားပြင်းနေပြီ၊ အဲဒါအပြင် တိမ်တွေကလည်းပိုထူလာတယ် ဆိုလိုတာက နောက်ထပ်လာမယ့်ဟာတွေက ပိုသန်မာမယ်ဆိုတဲ့သဘောပဲ” ဟိန်းသံလေးပြောလိုက်သည် “အဲအသွင်ပြောင်းသားရဲရဲ့ နဂိုပုံစံကိုပဲ ငါသိချင်တယ်”

“ငါလည်းသိချင်တယ်” ရှီမာယူယူပြောလိုက်သည်။

“ဒါပေမယ့် အဲဒါက အခုသားရဲစီးကြောင်းနဲ့ ဘာမှမဆိုင်ပါစေနဲ့လို့ မျှော်လင့်ပါတယ်၊ မဟုတ်ရင် ငါတို့ကတော့ အန္တရာယ်ကြားထဲရောက်နေပြီ” ဝေကျိရွှီပြောလိုက်သည်။

“အခု အဲအကြောင်းစဉ်းစားရမှာမဟုတ်သေးဘူး” ဝူရန်ဖေသည် ဓားရှည်အား ဆုပ်ကိုင်ထားကာ ဝေးသို့ ကြည့်ပြီးပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဒီမှာရောက်နေပြီ၊ အပြင်မှာ သားရဲတွေ အများကြီးပဲ၊ မင်းတို့လမ်းရှာရင်တောင် မဖြစ်နိုင်ဘူး”

“အင်း ကြည့်ရအောင် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကံပဲဆိုးဆိုး ငါတို့ပုန်းလို့မရဘူး” ဘေဂုံထန်ပြောလိုက်သည်။

အချိန်တစ်ခုကြာသော်အခါ နောက်ထပ် မိုးကြိုးလျှပ်စီးထပ်ပစ်လိုက်သည်။

ဒီတစ်ခါတွင် အရင်ကထက် ပိုအားကောင်းသည်ကို အားလုံးခံစားမိလိုက်သည်။ ထိုမိုးကြိုးငြိမ်သွားသည့် အချိန်တွင်

“မိုးကြိုးတွေ ဘယ်လောက်တောင်ပစ်လိုက်တာလဲ”

“ကိုးခု၊ မိုးကြိုး၃ခါပစ်တိုင်းကို ဘေးအန္တရာယ်အသေးတစ်ခုလို့ မှတ်လို့ရတယ်၊ အားပိုင်းမှာတော့ ကွာခြားချက်ကနည်းတယ်၊ ဒါပေမယ့် ဘေးအန္တရာယ်အသေးသုံးခုဆိုရင် အားတော်တော်ပြင်းတယ်” ဟိန်းသံလေးပြောလေသည် “ဒီအထွတ်အထိပ် သားရဲရဲ့စွမ်းအားက ပထမဆုံးပစ်တဲ့မိုးကြိုး ၆ခုကို ပြဿနာမရှိ ရင်ဆိုင်နိုင်တယ်၊ နောက်ဆုံးမိုးကြိုးကို ခံနိုင်ပါ့မလားဆိုတာတော့ မသိသေးဘူး၊ နောက်ဆုံး မိုးကြိုး ၃ချက်ကတော့ တော်တော်များများ ပျက်စီးစေလိမ့်မယ်”

ဟိန်းသံလေးပြောသည်ကို ကြားပြီးနောက် လူအများ၏ စိတ်များလေးသွားသည်.. ပြီးခဲ့သည့် မိုးကြိုးတွေတောင် ဒီလောက်အားကောင်းနေပြီလေ.. နောက်ဆုံးမိုးကြိုး ၃ချက်က ဘယ်လိုလဲဆိုတာ ဘယ်သူသိမှာလဲ။

ငါးခုမြောက် မိုးကြိုးအား ဖြိုခွဲပြီးနောက် အထွတ်အထိပ်သားရဲသည် မိုးကြိုးအား သူ့ခန္ဓာကိုယ်သို့ ထိမှန်စေလိုက်သည်။

လူအများသည် အထွတ်အထိပ်သားရဲပြောင်းလဲခြင်းကို ပထမဆုံးအကြိမ်မြင်လိုက်ရသည်။ သူ မိုးကြိုးထိမှန်ခံသည်ကို ကြည့်ပြီး သူတို့မေးလိုက်သည် “သူဘာလို့ မပြေးတာလဲ”

“ဒီပြောင်းလဲခြင်းမိုးကြိုးကတော့ ရှောင်လို့မရဘူး၊ ဒီအနက်ရောင် တိမ်က သူ့ကို ပစ်မှတ်ထားပြီးပြီ သူဘယ်ကိုပဲပြေးပြေး မိုးကြိုးက သူ့ကို ပစ်မှာပဲ၊ ဘယ်ထောင့်ကိုပဲပုန်းပုန်း နောက်ဆုံးတော့ တွေ့သွားမှာပဲ၊ မိုးကြိုးက မင်းထက်ပိုမြန်တယ်လေ” ဟိန်းသံလေးပြောလိုက်သည်။

ထိုပြောင်းလဲခြင်း မိုးကြိုးသည် အထွတ်အထိပ်သူတော်စင် သားရဲ၏ ပြောင်းလဲမှုအတွက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သူ့ပစ်မှတ်မှာ သူ၏ ရွှီဖြစ်သည်။

“ဒီအန္တရာယ်ကနေ သူ့ကို တစ်ယောက်ယောက်က ကူညီပေးရင် ဘာဖြစ်မလဲ၊ အနီးအနားမှာ မိုးကြိုးလွှဲရှိတာမျိုးပေါ့ ဒါက မိုးကြိုးကို မဆွဲဆောင်နိုင်ဘူးလား” ရှီမာယူယူ မေးလိုက်သည်။

“ယူယူ မင်းကလည်း တုံးလိုက်တာ၊ ဒါက ပြောင်းလဲခြင်း မိုးကြိုး အန္တရာယ်ပါဆိုမှ သာမာန် မိုးကြိုးမဟုတ်ဘူး၊ သူက ပြောင်းလဲတဲသားရဲကိုပဲ ပစ်မှာ၊ မင်းရဲ့ မိုးကြိုးလွှဲကို ပစ်မှာမဟုတ်ဘူး” ဟိန်းသံလေး ကျောပေးပြီးပြောလိုက်သည်။ “တစ်ယောက်ယောက်သာ သတ္တိရှိပြီး ကူညီပေးရင် မိုးကြိုးရဲ့ အားက နှစ်ဆဖြစ်သွားလိမ့်မယ် အဲအချိန်ကျရင် သူ့ကို ကူညီပေးတာမဟုတ်ပဲနဲ့ ဝန်ထုတ်ဝန်ပိုးပေးတာပဲ ဖြစ်သွားမယ်”

“ဒါဆို နောက်ကို မင်းတို့အားလုံး ပြောင်းလဲတဲ့အချိန်ကျရင် ငါမင်းတို့ကို ကူညီပေးလို့မရဘူးပေါ့” ရှီမာယူယူမေးလိုက်သည်။

သူမသည် သူတို့အတွက် စိတ်ပူပေးသည်ကို ဟိန်းသံလေးသိလိုက်သဖြင့် သူ့နှလုံးသားသည် နွေးထွေးသွားကာ ပြောလိုက်သည် “ငါတို့ ပြောင်းလဲသွားရင် မင်းလည်း ငါတို့နဲ့အတူလုပ်လို့ရတယ်၊ ဒါပေမယ့် တခြားသူတော့မရဘူး၊ ငါတို့်စာချုပ် ဆက်ဆံရေးမှာ ဒါကို ခွင့်ပြုထားတယ်”

အထွတ်အထိတ်သားရဲသည် နောက်ဆုံးမိုးကြိုး၃ချက်ကို တိုက်ရိုက်အပစ်ခံသည်။ အချိန်အတော်ကြာပင် တုန့်ပြန်မှု တစ်စိုးတစ်စိမျှ မရှိပေ။ သူသည် မိုးကြိုးအန္တရာယ်ကြောင့် သုတ်သင်ခံလိုက်ရပြီဟု အားလုံးကတွေးလိုက်ချိန်တွင် ကြောက်စရာကောင်းသော ဖိအားသည် ဆိုဖီယာတောင်တန်းမှ ထွက်လာသည်။

ကျန်သော သားရဲများသည် ဆိုဖီယာတောင်တန်းသို့ မျက်နှာမူကာ မြေပေါ်တွင် ဝပ်ပြီး အလေးပြုကြသည်။

ဟိန်းသံလေးပင်လျှင် ရှီမာယူယူ၏ ရင်ခွင်မှထွက်ပြီး ထိုဘက်သို့ မျက်နှာမူကာ အရိုအသေပေးလေသည်။

“ဟိန်းသံလေး မင်းဘာလို့ အလေးပြုတာလဲ” ဖက်တီးကျူသည် ဟိန်းသံလေးအား ကြည့်လိုက်သည်။

သူလည်းပဲ အဲဖိအားကြောင့် ခြိမ်းခြောက်ခံလိုက်ရတာလား။

ဟိန်းသံလေး ခေါင်းမော့လာကာ ရှီမာယူယူ၏ လက်ထဲသို့ ပြန်ဝင်ပြီး ပြောလေသည် “ဒါက အသွင်ပြောင်းသားရဲအောင်မြင်တဲ့အတွက် လေးစားမှုကို ပြတာပဲ”

ထိုဖိအားသည် တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်၊ ဆိုဖီယာတောင်တန်းမှ အလင်းရောင်ထွက်ပေါ်လာသည်။

“ဝါး ဒီကောင်က အသွင်ပြောင်းမိုးကြိုးအန္တရာယ်ကို ကြုံပြီးတော့ ရာထူးတက်သွားတာပဲ” ဟိန်းသံလေးသည် တိုးတက်မှု အလင်းရောင်ကို တွေ့သည်နှင့် ရိုင်းစိုင်းသော စကားလုံးများထွက်လာသည်။

အဆင့်တက်သည့် အလင်းပျောက်ကွယ်သွားသည်နှင့် ညတာရှည်လည်း ကုန်လွန်ကာ ကောင်းကင်သည် စတင်ပြီး လင်းလာသည်။

ထိုညတွင် အားလုံးသည်လည်း အံ့သြရသည်။ သဘာဝ၏ စွမ်းအင်၊ အထွတ်အထိတ်သားရဲ၏ စွမ်းအင်နှင့် ပေါင်းလိုက်သောအခါ သူတို့အား ကြောက်ရွံ့မှုကို ဖြစ်စေသည်။ မိုးကြိုးနှင့် လျှပ်စီးသည် သူတို့နားတွင် ပဲ့တင်ကာ သူတို့ခေါင်းပေါ်ရှိ ကောင်းကင်သည် အချိန်မရွေးပေါက်ကွဲနိုင်သည့် အနေအထားဖြစ်နေခဲ့သည်။

အားလုံးသည် စိုးရိမ်မှုကြောင့် ရင်များခုန်နေကြသည်။ အကယ်၍ ဒီဝိညာဉ်တိုက်ပွဲနှင့် အထွတ်အထိတ်သားရဲတို့သာ ချိတ်ဆက်မိပါက သုံးနွေဦးမြို့အတွက် ကြီးမားသော ကပ်ဘေးဖြစ်လိမ့်မည်ဖြစ်သည်။

“အစ်ကိုလီ ကျွန်မတို့ဘာလုပ်ကြမလဲ” စွန်းလီလီသည် ဝမ်လိုင်အား စိုးရိမ်စွာဖြင့်ကြည့်လိုက်သည်။

ဝမ်လိုင်သည် အောက်တွင်ရှိသော သားရဲများကိုကြည့်ပြီးပြောလိုက်သည် “ဘာပဲဖြစ်ဖြစ်၊ သုံးနွေဦးမြို့တော်ရဲ့ အုပ်ချုပ်သူအနေနဲ့ ငါက မြို့တော်မှာပဲ ကျန်နေခဲ့မှာပဲ လူတွေအတွက်ကတော့ မိန်းမတွေနဲ့ ကလေးတွေက ဘေးကင်းရာကို ပြောင်းရမယ်၊ အဲဒီဝိညာဉ်သခင်တွေ သွားချင်တယ်ဆိုရင် သွားခိုင်းလိုက်၊ နောက်ဆုံးပါပဲဖြစ်ဖြစ် ကောင်းကင်ရဲ့အလိုအရပဲ”

ထွက်သွားရန် ဖြစ်နိုင်သည်ဟု ကြားသည်နှင့် ဝိညာဉ်သခင်အများစုသည် တံတိုင်းမှ ထွက်ခွာကြလေသည်။

သို့သော် သူတို့ဝေးဝေးမရောက်ခင်တွင် အနောက်မှကြီးမားသော ဖိအားသည် ဖြတ်သွားကာ သူတို့အားလုံး မြေပေါ်သို့ လဲကျသွားလေသည်။

“ရောက်လာပြီ…”

ပုံရိပ်တစ်ခုသည် ဆိုဖီယာတောင်များမှ လျင်မြန်စွာ ရောက်ရှိလာသည်ကို မြို့တံတိုင်းပေါ်ရှိလူများသည် မြင်တွေ့လိုက်ရသည်။ ထိုပုံရိပ်မှာ ထိုအထွတ်အထိပ်သားရဲပင်…..

All Chapters