အပိုင်း(၁၇၅)-တစ်စုံတစ်ခု ပြုတ်ကျလာခြင်း
Vol. 002 Ch. 175
ပုံရိပ်တစ်ခုသည် သူတို့ဆီသို့ အရှိန်ဖြင့် လျင်မြန်စွာလာနေသည်ကို အားလုံးတွေ့လိုက်ရသည်။ ရှီမာယူယူနှင့် ကျန်သောသူတို့သည် ဆိုဖီယာတောင်တန်းမှ သုံးနွေဦးမြို့တော်သို့ သားရဲများစီး၍ လာရာတွင် နေ့တစ်ဝက်ကြာသည်။ သို့သော် ထိုအထွတ်အထိပ်သားရဲသည် မျက်စိတစ်မှိတ်အတွင်း သူတို့ရှေ့တွင် ပေါ်လာသည်။
အထွတ်အထိပ်သားရဲသည် လေထဲတွင် ရပ်နေကာ မြို့တံတိုင်းထိပ်တွင်ရပ်နေသော လူများကိုကြည့်နေသည်။ သူ့မျက်လုံးသည် ရှီမာယူယူအပေါ်တွင် ခဏမျှရပ်သွားပြီးနောက် ဝမ်လိုင်အားကြည့်လိုက်သည်။
ဝမ်လိုင်သည် မကြုံဖူးသည့် ဖိအားသည် သူ့အပေါ်ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ သူသည် သူ့ခန္ဓာကိုယ်မှ ဖိအားကို ဖျောက်ဖျက်ရန် သူ့ရောင်ဝါကို လျင်မြန်စွာတိုးမြှင့်လိုက်သည်။ သူ ခက်ခဲစွာပင်ပြောလိုက်သည် “အရှင်က ဒီသုံးနွေဦးမြို့ကို ဘာလို့ရောက်လာတာလဲမသိဘူးနော်”
“မင်းက သုံးနွေဦးမြို့တော်ရဲ့ မြို့အုပ်လား” အထွတ်အထိပ်သားရဲသည် ဟိန်း၍ ပဲ့တင်ထပ်သော အေးစက်သောအသံဖြင့်ပြောလေသည်။
“ဟုတ်ပါတယ်” ဝမ်လိုင် ဝန်ခံလိုက်သည်။
“မင်းတို့လူသားတွေ ဘာကျူးလွန်ခဲ့လဲဆိုတာ မင်းသိလား” အထွတ်အထိပ်သားရဲသည် အပြစ်တင်လေသည်။
ဝမ်လိုင်သည် အထွတ်အထိပ်သားရဲအား ပဟေဠိဆန်သော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည် “အရှင့်ကို ဒေါသထွက်စေတာ ဘယ်သူလဲဆိုတာ ကျွန်တော်မသိပါဘူး၊ အရှင် ကျွန်တော့်ကို အခြေအနေလေး ရှင်းရှင်းလင်းလင်းပြောပြလို့ရမလား”
အထွတ်အထိပ်သားရဲသည် ဝမ်လိုင်အား တည်ငြိမ်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူသည် သူ့ဖိအားကို တိုးမြှင့်သောအခါ ဝမ်လိုင်သည် သူ့ကိုယ်သူအဆက်မပြတ်ထိန်းထားသော်လည်း သက်ရောက်မှုမရှိပဲ သူဒူးထောက်လျက်သားဖြစ်သွားလေသည်။ ကြီးမားသော ချွေးစက်သည် သူ့ပါးပြင်မှ စီးကျလာကာ မြေပေါ်သို့ကျသွားလေသည်။
သူမ အမျိုးသားသည် ဖိအားကြောင့် တွန်းဖိခံနေရသည်ကို စွန်းလီလီမြင်သော်အခါ ရှေ့ထွက်ကာ သူနှင့်အတူ ဖိအားကို ခံလေသည်။ သူမသည် အထွတ်အထိပ်သားရဲအားကြည့်ကာ ပြောလေသည် “အရှင့်ကို အနှောင့်အယှက်ပေးတာဘယ်သူလဲဆိုတာ ကျွန်မတို့တကယ်မသိပါဘူး၊ ကျွန်မတို့ကို ပြောပြဖို့တောင်းဆိုပါတယ်၊ ကျွန်မတို့တည့်တည့်ပဲရှင်းကြတာပေါ့”
အထွတ်အထိပ်သားရဲသည် စွန်းလီလီအားကြည့်ပြီး လက်မြှောက်ကာ အသက်ရှုသွင်းလိုက်သည်။ သူမသည် သူ့လက်အတွင်းပါသွားသည်။
“လီလီ” လီလီ အချုပ်ခံလိုက်ရသည်ကို မြင်သည်နှင့် ဝမ်လိုင်သည် အံကြိတ်ကာ မတ်တတ်ရပ်လိုက်သည်။
“ဒေါ်လေး” ဘိုင်ယွန်ရွှီ အော်ပြီး အထွတ်အထိပ်သားရဲဆီသို့ ပြေးကာ တိုက်ခိုက်ရန်ဟန်ပြင်လေသည်။
“ဟင်း..” အထွတ်အထိပ်သားရဲ အသံပြုလိုက်သော်အခါ ဘိုင်ယွန်ရွှီသည် ကြက်သေသေကာ ဟန်ချက်ပျက်သွားပြီး သားရဲများရှိသော အောက်သို့ ကျသွားလေသည်။
“ယွန်ရွှီ”
“သခင်လေး”
မြို့တံတိုင်းပေါ်မှ လူများသည် ဖိအားပေးခံထားရသည်။ အေးစက်သော အသံ၏ ဖိအားကြောင့် လှုပ်ရှား၍မရပေ။ ဘိုင်ယွန်ရွှီအောက်သို့ ကျသွားသည်ကိုသာ ကြည့်ရန်တတ်နိုင်ကြလေသည်။
သူသာ သားရဲအုပ်ထဲသို့ ကျသွားပါက အရိုးမှလွဲ၍ ကျန်တော့မည်မဟုတ်ပေ။
ရုတ်တရက်ပင် ပုံရိပ်တစ်ခုသည် မြို့တံတိုင်းပေါ်မှ ခုန်ဆင်းလာသည်။ ဘိုင်ယွန်ရွှီ မြေပြင်နှင့် ဆယ်မီတာအကွာရောက်သောအခါ သူမ သူ့အား ဖမ်းမိလိုက်သည်။ သူမသည် သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်ပြီး မြို့တံတိုင်းထိပ်သို့ ပြန်ခေါ်လာလိုက်သည်။
ဘိုင်ယွန်ရွှီသည် ရှီမာယူယူ၏ ပြီးပြည့်စုံသော မျက်နှာဘေးခြမ်းကိုကြည့်ပြီး ပြောလိုက်သည် “ယူယူ မင်းငါ့ကို နောက်တစ်ခါကယ်ပြန်ပြီ”
ရှီမာယူယူသည် ဘိုင်ယွန်ရွှီအား မြို့တံတိုင်းထိပ်တွင်ထားပြီး ပြောလိုက်သည် “အလောကြီးတာက ပြဿနာကို ဖြေရှင်းလို့မရဘူး”
သူ့ဖိအားအောက်တွင် လှုပ်ရှား၍ရနေသေးသော တစ်စုံတစ်ယောက်ရှိနေသည်ကို အထွတ်အထိပ်သားရဲထင်မထားပေ။ သူသည် သူမဆီသို့ အာရုံပြန်ရောက်သွားသည်။
“မင်းက ဒီနတ်ဘုရားရဲ့ ဖိအားကို လျစ်လျူရှုနိုင်တယ် ဟုတ်လား” အထွတ်အထိပ်သားရဲသည် ဒေါသမထွက်ပါ၊ သို့သော် သူမအား စိတ်ဝင်စားမိသည်။
ရှီမာယူယူသည် အထွတ်အထိပ်သားရဲအားကြည့်လိုက်သည်။ သူမ မျက်လုံးတွင်ကြောက်ရွံ့မှု မရှိပဲ ပြုံးကာ ပြောလိုက်သည် “ကျွန်တော်တို့က မနေ့ညကတည်းက အရင့်ရဲ့အားကို မြင်ပြီးသားဖြစ်ပါတယ်၊ အားလုံးကို ထိန်းချုပ်ဖို့အတွက် အရှင့်ရဲ့ ဖိအားကို သုံးဖို့မလိုပါဘူး၊ အရှင့်ရဲ့ရှေ့မှာ ဝရုန်းသုံးကားလုပ်ရဲတဲသူ မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်”
“မင်း ဒီအရှင့်ရဲ့ မေးခွန်းကို ပြန်မဖြေရသေးဘူး” အထွတ်အထိပ်သားရဲသည် ရှီမာယူယူအား ကြည့်ပြီး ပြောလိုက်သည်။
“ကျွန်တော်က ကြောက်စရာကောင်းတဲ့ဖိအား အများကြီးကို ကြုံတွေ့ပြီးပါပြီ၊ ပြီးတော့ ဒါကို ခံနိုင်ရည်ရှိနေပါပြီ” ရှီမာယူယူ ပြန်တုန့်ပြန်သည် “ဒီအဖြေက လက်ခံနိုင်လောက်ရဲ့လားတော့ မသိဘူး”
အထွတ်အထိပ်သားရဲသည် ရှီမာယူယူအား တစ်ခဏမျှ စိုက်ကြည့်နေလေသည်။ ဒီသေးငယ်တဲ့လူသားက သူ့ကိုဘာလို့ ခြိမ်းခြောက်တဲ့ပုံစံဖြစ်နေတာလဲတော့ သူမသိပါ။
သို့သော် သူသည် သူ့ဖိအားကို ရှောင်လွှဲနိုင်သည်။ ထို့အပြင် အောက်ရှိ ဝိညာဉ်သားရဲများသည်လည်း အသက်ရှုလို့မရပဲ ဖိအားပေးခံထားရသည်။
သူတို့ ဖိအားမှ လွတ်မြောက်သည်ကို ခံစားရပြီး အားလုံးသည် လတ်ဆတ်သော လေကိုရှုသွင်းလိုက်ကြသည်။
“အရှင် ဘာက အရှင့်ကို အနှောင့်အယှက်ဖြစ်စေတာလဲ အရှင် ဒီလောက် ဖိအားကြီးကိုပေးလည်း ကျွန်တော်တို့တကယ်မသိတာပါ၊ သခင်မကို ချုပ်ထားလည်း ကျွန်တော်တို့ အကြောင်းအရင်းကိုမသိပါဘူး၊ အရှင်က ဝိညာဉ်သားရဲတွေကို သုံးနွေဦးမြို့တော်ကို တိုက်ခိုက်ဖို့ခွင့်မပြုထားတာ အရှင်က အပြစ်မရှိတဲ့သူတွေကို မသတ်ချင်လို့လို့တော့ ကျွန်တော်ထင်တယ်၊ အရှင်သခင်မကို လွှတ်ပေးပြီး ဒေါသထွက်ရတဲ့အကြောင်းအရင်းကို ပြောပြရင် ဘာလုပ်ရမလဲဆိုတာ ကျွန်တော်တို့သိမှာပဲ” စွန်းလီလီ၏ မျက်နှာသည် ဖျော့လာသည်ကို ရှီမာယူယူတွေ့လိုက်ရသည်။ သူအားထည့်လိုက်သည်နှင့် သူမ အသက်ဆုံးရှုံးသွားနိုင်သည်။
“ပြီးခဲ့တဲ့ဆယ်ရက်က မင်းတို့လူသားတွေ ဆိုဖီယာတောင်ကနေ အရေးကြီးတဲ့ဟာကို ခိုးသွားတယ်” အထွတ်အထိပ်သားရဲပြောလိုက်သည် “အဲတုန်းက ငါက အသွင်ပြောင်းဖို့ ပြင်နေတာ၊ ငါမတားလိုက်နိုင်ဘူး”
သူပြောသည်ကို ကြားပြီးနောက် အားလုံးတွင် အတွေးတစ်ခုပဲရှိသည်…အံ့သြစရာတော့မရှိပါဘူး။
ဝမ်လိုင်သည် အထွတ်အထိပ်သားရဲအားကြည့်ကာ ပြောလိုက်သည် “အဲဒါက ဘာလဲဆိုတာ သိရမလား၊ အဲပစ္စည်းက သုံးနွေဦးမြို့တော်မှာ ရှိနေတာလား၊ အဲလူတွေသာ အဲပစ္စည်းယူပြီးထွက်သွားရင် သူတို့ကို လိုက်ဖို့နည်းလမ်းတော့မရှိတော့ဘူး”
အထွတ်အထိပ်သားရဲသည်လည်း ဆိုးသွမ်းသောသူမဟုတ်ပေ။ သူ့အဆင့်နှင့် လူသားများ ဒုက္ခဖြစ်အောင်မလုပ်လိုပေ။ သူသည် စွန်းလီလီအား ပစ်ပေးလိုက်ကာ ပြောလိုက်သည် “အဲပစ္စည်းက သုံးနွေဦးမြို့တော်မှာပဲ ရှိသေးတယ်၊ ငါအနံ့ခံလို့ရနေတယ်”
ဝမ်လိုင်သည် စွန်းလီလီအားဖမ်းလိုက်သည်။ သူပြောသည်ကို ကြားသည့်နောက်တွင် သူစိတ်သက်သာရာရကာ ပြောလိုက်သည် “အဲဒါဘာလဲဆိုတာ ကျွန်တော်တို့ကို ပြောပါ၊ ကျွန်တော်လူလွှတ်ပြီး ရှာခိုင်းလိုက်ပါမယ်”
“အရင်က ငါ အမွေးကြွေကျသွားခဲ့တယ်” အထွတ်အထိပ်သားရဲသည် အေးစက်စွာပြောလေသည်။ ခိုးသွားသောလူကြောင့်ပင် လူအားလုံးသည် ချွေးအေးများထွက်လာတော့သည်။
အထွတ်အထိပ်သားရဲရဲ့ အမွေးကိုခိုးရဲတာ ကျားမြီးသွားဆွဲတာပဲမလား။
အထွတ်အထိပ်သားရဲ စိတ်အနှောင့်အယှက်ဖြစ်သည့် ကိစ္စကို ဝမ်လိုင်နားလည်သွားသည်။ ငှက်မျိုးစိတ်များ၏ ကြွေကျသော အမွေးများသည် တန်ဖိုးရှိသည်။ ထိုအရာသည် အခိုးခံလိုက်ရခြင်းသည် သူ့အား စော်ကားခံရသလိုပင်။
“ခိုးတဲ့သူကိုရှာဖို့ ကျွန်တော်လူလွှတ်လိုက်ပါ့မယ်”
“မလိုဘူး” အထွတ်အထိပ်သားရဲပြောလိုက်သည်။ သူ မျက်စိမှိတ်ကာ တစ်စုံတစ်ခုအား ခံစားနေသည်၊ နောက်တွင် သူမြို့အား ညွှန်ကာ မြို့ထဲမှ စုပ်ယူလိုက်သည်။ လူတစ်ယောက်သည် မြေပေါ်တွင် စုပ်ယူခြင်းခံလိုက်ရသည်။
“ခြယ်လှယ်ခြင်းစစ်တပ်က လူပါလား”
ထိုလူဝတ်ဆင်ထားသော ဝတ်စုံကို မြင်သည်နှင့် မြို့တော်တံတိုင်းမှလူများမှတ်မိသွားပြီး အံ့သြစွာအော်လိုက်ကြသည်။
“ဟုတ်သားပဲ အဲတုန်းက ခြယ်လှယ်ခြင်းစစ်တပ်ကလည်း မစ်ရှင်လုပ်နေတာပဲ၊ အထွတ်အထိပ်သားရဲဆီက အမွေးကို ခိုးရဲတာဘယ်သူပဲဖြစ်ဖြစ် တကယ်သတ္တိရှိတာပဲ”
“ဒီလူတော့ ဒုက္ခရောက်ပြီ”
“ဟေး ဘယ်လိုပဲဖြစ်ဖြစ် ခြယ်လှယ်ခြင်းစစ်တပ်ကလူတွေက လူကောင်းတွေမဟုတ်ဘူး၊ ဒီလူရဲ့ အဆုံးသတ်ကို ကြည့်လိုက်ဦးမယ်”
ထိုလူသည် ကြောက်ရွံ့နေသည်။ ဂူတစ်ခုမှ ကြုံရာကောက်လာသော အမွေးသည် ထိုအခြေအနေဖြစ်စေမှန်းကို ထင်မထားပေ။ အထွတ်အထိပ်သားရဲမျက်လုံးထဲမှ လူသတ်ချင်သည့် အရိပ်အယောင်များကိုတွေ့ပြီးနောက် သူအဆုံးသတ်မလှတော့မည်ကို သိနေပြီ။
“အရှင် အဲဒါက အရှင့်ရဲ့ အမွေးမှန်း ကျွန်တော်မသိလို့ပါ၊ အရှင့်ကို နှောင့်ယှက်ဖို့မရည်ရွယ်ပါဘူး၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ အရှင်”
အထွတ်အထိပ်သားရဲသည် သူ့အား လျစ်လျူရှုကာ သူ့မှော်ဝင်လက်စွပ်အား ချွတ်ပြီး ခြေလိုက်သည်။ ထိုလက်စွပ်သည် အစိတ်စိတ်အမြွာမြွာကွဲသွားလေသည်။
အပြာနုရောင်ရှိသော အမွေးအနည်းငယ်သည် လေထဲတွင် လွင့်နေသည်။ ကျန်သာ ပစ္စည်းများသည် ကြမ်းပြင်ပေါ်သို့ ကျသွားသည်။
လူသား နှင့်သားရဲများသည် အခုချိန်အတွင် အလွန်အမင်းတိတ်ဆိတ်နေကြသဖြင့် ဟိန်းသံလေး၏ ရယ်သံသည် ပေါ်လွင်သွားသည်။
သို့သော် အမှန်တကယ်ပင် သူရယ်ခဲ့သည်။ အမျိုးသမီးအတွင်းခံအနည်းငယ်ကို အားလုံးတွေ့လိုက်ရသည်။
ရှီမာယူယူသည် လွင့်နေသော အပြာနုရောင်အမွေးများကို မြင်သည်နှင့် ပြောလိုက်သည် “အဲအမွေးတွေကို ဘာလို့ရင်းနှီးနေတယ်လို့ခုံစားမိတာပါလိမ့်”
“ငါလည်းအဲလိုထင်တယ်” ဘေဂုံထန်ပြောလိုက်သည် “မကောင်းဘူး”
အထွတ်အထိပ်သားရဲသည် သူ့အမွေးများကို တွေ့သည်နှင့် လူအား လွင့်ပစ်လိုက်သည်။ အောက်တွင်ရှိသော ဝိညာဉ်သားရဲများသည် သူ့အား ဖြေရှင်းလိုက်ကြသည်။
သူသည် သူ့အမွေးအားစိုက်ကြည့်ပြီး စိတ်လှုပ်ရှားသဖြင့် ဖိအားထုတ်လွှတ်ရာ မြို့တော်တံတိုင်းရှိလူများကို မြေပေါ်သို့လဲကျသွားစေသည်။
“အမွေးက ဘာလို့တိုနေတာလဲ”