အခန်း (၁၃၂၄-၁၃၂၆)
Vol. 89 Ch. 1324-1326
အခန်း ၁၃၂၄: ထူးဆန်းထွေလာကမ္ဘာ! ၂
တခဏချင်း အမျိုးသမီးနှစ်ယောက် ကုတင်ပေါ်စနောက်သံများကြားရသည်။ သို့သော် မကြာခင် တစ်ခုခုမှားနေသလို၊ ပိတ်စဖြဲသံများ...
အစအနောက်က နည်းနည်းစိတ်လှုပ်ရှားစရာ။
တဖြည်းဖြည်းမိုးချုပ်သွားသည်။
ခပ်လှမ်းလှမ်းမှကြည့်လျှင် နတ်သမီးပုံပြင်တောင်တစ်ခုလုံး ဖြည်းဖြည်းချင်းပြောင်းလဲနေသည်ကိုတွေ့ရသည်။ တောင်များကြားတွင် ထူးထူးခြားခြားအလင်းရောင်တစ်မျိုးထွက်လာပြီး တစ်တောင်လုံးကိုအလင်းရောင်ပေးလာသည်။
နတ်သမီးပုံပြင်တောင်တွင် ခရီးသည်များပြည့်နေပြီ။
အထူးသဖြင့် ရွက်ဖျင်တဲသုံးနေရာမှခရီးသည်များထွက်လာ၏။ သူတို့က ညရောက်ရန်တချိန်လုံးစောင့်နေခဲ့သည်။
ထိုအချိန် သူတို့တည်းခိုသောနေရာမှာ အလင်းဖျော့ဖျော့လွှမ်းခြုံထားပြီ။
ထိုအလင်းရောင်အောက်တွင် ကမ္ဘာမြေမဟုတ်ဘဲ ကောင်းကင်ဘုံဖြစ်သွားလေသည်။
တောင်ထိပ်_
ပန်းအိမ်အစုအဝေးတွင် ပန်းအိမ်တံခါးများဖွင့်ထားသည်။
ကျူးယွမ်ယွမ်နှင့်ဝမ်လီလီက လမ်းလျှောက်ထွက်လာသည်။ ထူးဆန်းသည်မှာ သူတို့အဝတ်အစားပြောင်းသွားပြီး မျက်နှာနည်းနည်းရဲနေခြင်းပင်။
ပန်းအိမ်အပြင်လမ်းလျှောက်ထွက်လာရင်း မြင်ရသောရှုခင်းကိုစိတ်ဝင်စားသွားသည်။
ပန်းအိမ်အစုအဝေးက ဖော်မပြနိုင်သောအလှကမ္ဘာဖြစ်လာ၏။
ဗီဒီယိုထဲမှာအံ့ဩရသော်လည်း အခုကိုယ်တိုင်မျက်စိနှင့်မြင်ရမှ ပိုအံ့ဩစရာကောင်းသည်။
ထိုအလင်းဖျော့ဖျော့အောက်တွင် ပန်းအိမ်အစုအဝေးက ပိုလှပြီးပိုသာယာသည်။ လူ့စိတ်ကိုပြောမပြတတ်အောင်ကြည်နူးစေသော သိမ်မွေ့နူးညံ့မှုအာရုံတစ်ခုလည်းရသည်။
မျိုးပြောင်းအာကာသနွယ်နှင့်ညဘုရင်မ၏ အလင်း +၁၊ နူးညံ့မှု +၁ အာနိသင်ကြောင့်ပင်။
နှစ်ယောက်သားလျှောက်သွားရင်း အမှတ်တမဲ့ရပ်လိုက်သည်။ သူတို့လိုလူတွေအများကြီးရှိသည်။
ထိုအလင်းဖျော့ဖျော့အောက်တွင် ငြိမ်းချမ်းမှုကိုခံစားရပြီး အပူအပင်မရှိချေ။
ထူးခြားသောအလင်းဖျော့ဖျော့၏သက်ရောက်မှုပင်။ အလင်းဖျော့ဖျော့ကြောင့် စိတ်တည်ငြိမ်ခြင်း +၁ အာနိသင်ရသည်။
ထိုအရည်အသွေးအားလုံးပေါင်းလိုက်သောအခါ နတ်သမီးကမ္ဘာထဲရောက်နေသည်ဟု ခရီးသည်များပြောကြသည်မှာမထူးဆန်း။
နောက်အချိန်များတွင် ခရီးသည်များမှာဖုန်းထုတ်ပြီး ပတ်ဝန်းကျင်ရှုခင်းကိုဓာတ်ပုံရိုက်ကြပြန်သည်။ သူတို့ကိုယ်ပိုင်အတွေ့အကြုံအကြောင်းလိုင်းပေါ်ပြောပြီးကြပြီ။
လိုင်းပေါ်တွင် နတ်သမီးပုံပြင်တောင်က ရေပန်းစားရှာဖွေခံရသောစာရင်းထဲရောက်နေပြီ။ အတော်ရေပန်းစားသည်။ ခရီးသည်အတွေ့အကြုံများတင်လေလေ အများစုက ရေပန်းစားပြီး နာမည်ကြီးလေလေပင်။
ထို့ကြောင့် အင်တာနက်မှာလှုပ်ခတ်နေသည်။
နတ်သမီးပုံပြင်တောင်ပထမဆုံးအဖွဲ့ခရီးသည်အရေအတွက်မှာ အကန့်အသတ်ရှိသည်။ အတော်များများက လက်မှတ်မရ၍မသွားနိုင်သောကြောင့် ပထမဆုံးခရီးသည်များအတွေ့အကြုံမျှဝေသည်ကိုသာစောင့်ရသည်။
ခရီးသည်များ၏အတွေ့အကြုံမျှဝေခြင်းကိုဖတ်ပြီးသောအခါ လိုင်းပေါ်ပေါက်သွားသည်။
"သော*က်.. လိုင်းပေါ်အဝိုင်းလည်နေလို့လက်မှတ်မရလိုက်တာ... အခုသူများတင်မှ ပြေးသွားချင်နေပြီ''
"ဟင်း.. ဗီဒီယိုနဲ့တင်လှလွန်းလို့အံ့ဩနေတာ... အခုခရီးသည်တွေတင်မှ ပိုသွားချင်လာပြီ... မဖြစ်မနေသွားရမယ်''
"ငါ့ကိုဆွဲဆောင်နေတာလား? အလုပ်လုပ်ရဦးမယ်... အလုပ်လုပ်ချင်စိတ်မရှိတော့ဘူး... ငါ့ခေါင်းထဲမှာ ပန်းအိမ် ရွက်ဖျင်တဲ နတ်သမီးပုံပြင်တောင်ချည်းပဲ!''
နတ်သမီးပုံပြင်တောင်ပေါ်ဖြစ်ပျက်သမျှကြောင့် လိုင်းပေါ်မှလူများစိတ်ဝင်စားနေကြသည်။ နောက်ဆက်တွဲအနေနှင့် အတော်များများက ချင်းလင်စံအိမ်စာရင်းသွင်းစာမျက်နှာသို့အပြေးသွားကြသောကြောင့် စာမျက်နှာပျက်သွားပြန်သည်။
ဒီတစ်ခါ လုံးဝပျက်သွားသည်။ ခရီးသည်များ စာမျက်နှာထဲဝင်မရတော့။ ချင်းလင်စံအိမ်မာတီမီဒီယာဌာနက ပရိုဂရမ်မာများကိုညလုံးပေါက်ပြန်လည်ပြင်ဆင်ခိုင်းသည်။
နတ်သမီးပုံပြင်တောင်ကို ဘယ်လောက်အသည်းအသန်ဖြစ်နေကြကြောင်းသက်သေပင်။
ဒီည နတ်သမီးပုံပြင်တောင်သို့ထမဆုံးတက်ရသောခရီးသည်များမှာ မအိပ်နိုင်ဖြစ်ရမည်ဖြစ်သော်လည်း ပန်းအိမ်တည်းသောခရီးသည်များက နှိုးစက်ပေးပြီးစောစောအိပ်ကြသည်။
အကြောင်းမှာ ပန်းအိမ်အစုအဝေးတွင် နေထွက်ရှုခင်းကြည့်နိုင်သည်။ နေထွက်ရှုခင်းကြည့်သောသီးသန့်ပလက်ဖောင်းလည်းရှိသည်။
ထို့ကြောင့် ပန်းအိမ်အစုအဝေးတွင်တည်းသူများက နေထွက်ရှုခင်းကိုကောင်းကောင်းကြည့်ချင်သည်။
ကျူးယွမ်ယွမ်နှင့်ဝမ်လီလီလည်း အတူတူပင်။ မနက်အစောကြီးပန်းအိမ်သွားပြီး နှိုးစက်ပေးကာအိပ်ကြသည်။
အတူတူပန်းအိမ်တစ်အိမ်တည်းအိပ်ကြပြီး တစ်ခန်းလွတ်နေ၏။ ဘာပဲဖြစ်ဖြစ် သူတို့မှာနှစ်ခန်းရှိသည်။ သူတို့ဆန္ဒအလျောက်သာ။
မနက်အစောကြီး ကောင်းကင်လင်းလာချိန်တွင်အိပ်ရာထပြီး အဝတ်အစားမလဲဘဲ ပန်းအိမ်မှထလာကြသည်။
တခြားခရီးသည်များလည်း အစောကြီးထပြီး တောင်ထိပ်နေထွက်ရှုခင်းကြည့်ပလက်ဖောင်းသို့သွားကြသည်။
ထိုနေရာတွင် မျိုးပြောင်းအာကာသနွယ်နှင့်ညဘုရင်မပင်၏အလင်းဖျော့ဖျော့လည်းရှိနေသည်။ ဒန်း၊ စားပွဲ၊ မျှော်စင်များအားလုံး သေချာဆင်ထားပြီး ပန်းအိမ်အစုအဝေးတွင်နေသောခရီးသည်များ၏လိုအပ်ချက်ကိုဖြည့်ဆည်းပေးထားသည်။
ကျူးယွမ်ယွမ်နှင့်ဝမ်လီလီလည်း နေရာရှာပြီးထိုင်သည်။ ခပ်လှမ်းလှမ်းမှတောင်ကိုကြည့်ပြီး နေအထွက်စောင့်နေကြ၏။
သူတို့စောင့်ဆိုင်းနေစဉ် နောက်ဆုံး ခပ်လှမ်းလှမ်းတောင်ပေါ်မှနေအလင်းရောင်ထွက်လာသည်။ တဖြည်းဖြည်း နေတစွန်းတစထွက်လာပြီး လူတိုင်းအရုဏ်တက်ချိန်ကိုအာရုံစိုက်နေကြသည်။
နေထွက်လာသောအခါ အလွန်လှသည်။ နေလုံးတဝက်ကျော်ထွက်လာချိန်တွင် မီးရောင်ဖျော့ဖျော့ထွက်သောအနီရောင်မီးပုံးနှင့်တူပြီး ကောင်းကင်တခွင်အနီရောင်တောက်သွားသည်။ အနီးအနားရှိရွှေရောင်တိမ်တိုက်များပြိုကျတော့မလိုပင်။
သို့သော် ပြောစရာတစ်ခုရှိသည်။ နေထွက်ချိန်လှသော်လည်း နတ်သမီးပုံပြင်တောင်အလှနှင့်မယှဉ်နိုင်။ အဆင့်ချင်းကွာသလိုပင်။
ကွာသည်ဆိုတာထက် နေထွက်ချိန်မှာ နတ်သမီးပုံပြင်တောင်နှင့်မလိုက်ဟုဆိုရမည်။
မကြာမီ နေလုံးလုံးမြင့်တက်လာသည်။ ထိုအချိန်တွင် နေထွက်ရှုခင်းပျောက်သွားပြီး နတ်သမီးပုံပြင်တောင်ကိုဖယ်ရှားပစ်လိုက်သည်။ တစ်တောင်လုံး ပုံမှန်အခြေအနေပြန်ရောက်ကာ ညပိုင်းအလင်းများပျောက်ကွယ်သွားသည်။
ကျူးယွမ်ယွမ်နှင့်ဝမ်လီလီက နေထွက်ရှုခင်းကြည့်ပြီးနောက် ပန်းအိမ်ပြန်အိပ်ကြသည်။
နေထွက်ရှုခင်းကြည့်သောတခြားခရီးသည်များလည်းအတူတူပင်။
အခန်း ၁၃၂၅: ထူးဆန်းထွေလာကမ္ဘာ! ၃
နေ့လယ်ရောက်မှအိပ်ရာထကြသည်။ မျက်နှာသစ်၊ကိုယ်လက်သန့်စင်ပြီးနောက် ပန်းအိမ်အစုအဝေးမှထွက်လာ၏။
တစ်ညထပ်နေချင်၍နည်းနည်းတွန့်ဆုတ်နေသော်လည်း မဲပေါက်ပြီးတစ်ညသာအိပ်ခွင့်ရှိသည်။
သူတို့က ကေဘယ်ကားနှင့်တောင်အောက်ဆင်းလာသည်။ နတ်သမီးပုံပြင်တောင်ကို ကေဘယ်ကားနှင့်ခပ်လှမ်းလှမ်းမှကြည့်ရတာ အရသာတစ်မျိုးပင်။
ကေဘယ်ကားဧည့်ကြိုနေရာရောက်သောအခါ ချင်းလင်စံအိမ်သို့လမ်းလျှောက်ပြန်လာကြသည်။ ပြီးရင် ချင်းလင်မွေးမြူရေးခြံသွားလည်ရဦးမည်။
သို့ရာတွင် ရေပေါ်တံတားရှုခင်းလက်မှတ်အရောင်းနေရာရောက်သောအခါ လူအများကြီးက သူတို့ကိုလက်ညိုးထိုးနေကြောင်းတွေ့ရသည်။
"သူတို့ထင်တယ်!''
"အင်း.. နာမည်ကြီးနေတဲ့ဗီဒီယိုထဲမှာပါတဲ့သူတွေလေ''
ကျူးယွမ်ယွမ်နှင့်ဝမ်လီလီ ဇဝေဇဝါဖြစ်သွားသည်။
ဒီလူတွေက သူတို့အကြောင်းပြောနေတာပဲ။ ဘာဗီဒီယိုလဲ?
ဘာတွေဖြစ်နေမှန်းမသိ။
လိုင်းပေါ်နာမည်ကြီးနေတဲ့ဗီဒီယိုက သူတို့နဲ့ဆက်စပ်နေမှန်းသာသိသည်။
လက်မှတ်ဝယ်ပြီးနောက် တီးတိုးတီးတိုးသံများ၊လက်ညိုးများကိုသည်းမခံနိုင်သောကြောင့် အလောတကြီးထွက်လာသည်။ ထို့နောက် ဖုန်းဖွင့်ပြီး Tiktok ထဲဝင်လိုက်သည်။
ဗီဒီယိုတချို့ကြည့်ပြီးနောက် သူတို့ထမ်းစင်စီးနေသောဗီဒီယိုကိုတွေ့ရသည်။
"ပိုက်ဆံသုံးပြီး သူများကိုသိက္ခာချတာ... လှောင်ပြောင်တဲ့လုပ်ရပ်ပဲ''
ကျူးယွမ်ယွမ်နှင့်ဝမ်လီလီက ဗီဒီယိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ မှတ်ချက်များကိုမြင်မြင်ချင်း ဒေါသထွက်သွားသည်။
"သူကလှတာပဲ... ဘာလို့ဒါမျိုးလုပ်တာလဲ?''
"ပြည့်တန်ဆာတွေ.. အမှောင်ထဲကထွက်လာပြီးတော့ သူတို့ကိုယ်သူတို့မြင့်တယ်မှန်တယ်အထင်နဲ့ သူများသိက္ခာကိုချနင်းတယ်''
"အဲလိုထမ်းစင်မျိုး ငါမစီးဘူး... ငါ့ကိုယ်ငါ သူများထက်မြင့်တယ်မထင်ဘူး''
"သူတို့မျက်နှာတွေပြထားတာကောင်းတယ်... သူတို့ဘယ်သူဆိုတာ အားလုံးမြင်ရတာပေါ့''
"သူများဂုဏ်သိက္ခာကိုချမနင်းဖို့ လူသားဆန်ဖို့ သူတို့သိအောင်လုပ်ပေးသင့်တယ်ထင်တယ်''
သူတို့လုပ်ရပ်ကို ခွင့်မလွှတ်နိုင်စရာတစ်ခုလို လိုင်းပေါ်တင်ထားကြမည်ဟု ကျူးယွမ်ယွမ်နှင့်ဝမ်လီလီမထင်မိ။
သူတို့ပိုက်ဆံပေးချိန်က အထမ်းသမားများပြုံးရွှင်နေသည်ကိုသာမှတ်မိသည်။
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်လည်း လင်းလန်ဇီနှင့်တွေ့နေသည်။ လင်းလန်ဇီတင်ပြချက်ကြားပြီး သူမျက်မှောင်ကြုတ်လိုက်သည်။
ထမ်းစင်ပရောဂျက်ရည်ရွယ်ချက်က ကောင်းသည်။ ဆင်းရဲသားများကိုကူညီပေးခြင်း၊ အထမ်းသမားများကိုဝင်ငွေပေးခြင်းပင်။
ခရီးသည်အမျိုးသမီးနှစ်ယောက်ထမ်းစင်စီးတာကိုဗီဒီယိုရိုက်ပြီး လိုင်းပေါ်တင်လိမ့်မယ်လို့ဘယ်ထင်မလဲ? ပြည်သူတွေကြားမှာတောင် ဆူပွက်နေပြီ။
ဒီလုပ်ရပ်က ဘာလဲ? သူများအလုပ်အကိုင်ဖျက်ပြီး ကိုယ့်ကိုယ်ကိုယ်မြင့်မြတ်ပါတယ်လို့ကြေညာနေတာလား?
အထူးသဖြင့် လိုင်းပေါ်တွင်ပြဿနာကြီးကြီးလာသည်။
"ဥက္ကဌချင်.. ပြည်သူတွေအမြင်ရှင်းအောင် ဒီကိစ္စကိုအမြန်ဆုံးဖြေရှင်းမှရမယ်''
လင်းလန်ဇီက ချင်လင်ကိုပြောသည်။
ချင်လင် ခေါင်းညိမ့်လိုက်သည်။ သူသဘောပေါက်သည်။ ထိုအချိန် ဖုန်းမြည်လာ၏။ ချန်လီပင်။ သူကချက်ချင်းဖုန်းကိုင်ပြီး_
"လက်ထောက်ချန်.. လိုင်းပေါ်ကကိစ္စလား?''
ချန်လီအသံထွက်လာသည်_
"သူဌေးချင်.. အားနာလိုက်တာ... အထမ်းသမားပရောဂျက်က လိုင်းပေါ်ဒီလိုဖြစ်မယ်မထင်မိဘူး... အရမ်းအားနာပါတယ်... လိုင်းပေါ်ကပြဿနာမရပ်ဘူးဆိုရင် အထမ်းသမားပရောဂျက်ကိုရပ်ဖို့ စီရင်စုကမကန့်ကွက်ပါဘူး''
ချန်လီစကားကြောင့် ချင်လင်မျက်မှောင်ကြုတ်လိုက်သည်။
သူရပ်လိုက်ရင် ဒီလိုင်းပေါ်ကသူတော်ကောင်းလိုလိုဘာလိုလိုဟာတွေ မာန်တက်ကုန်မှာပေါ့။
နောက်ပြီး တခြားခရီးသည်တွေရှုမျှော်ခင်းနေရာလာပြီး သူတို့ပရောဂျက်ကိုဖျက်လိုဖျက်စီးလုပ်တာ လျစ်လျူမရှုနိုင်။
သူ ဒီလိုမလုပ်။
ဒီတော့ သူဘာလုပ်မလဲ စဉ်းစားရမည်။
အခန်း ၁၃၂၆: ဖြေရှင်းရမယ်!
ချန်လီစကားကြောင့် ချင်လင်ကချက်ချင်းပင်_
"လက်ထောက်ချန်.. ဒီပရောဂျက်က ရည်ရွယ်ချက်ကောင်းနဲ့လုပ်ခဲ့တာပါ... ကျွန်တော်တို့ဘာမှမမှားဘူး... သူတို့ကိုယ်သူတို့မြင့်မြတ်တယ် ဝေဖန်ရင် ကမ္ဘာကြီးကိုအကျိုးပြုနိုင်တယ်လို့ထင်နေတဲ့လူတချို့ကြောင့် လက်မလျှော့လိုက်နိုင်ဘူး''
"ဒါကျွန်တော်တို့မှားပါတယ်လို့ဝန်ခံတာနဲ့မတူဘူးလား? သူတို့ဝေဖန်တာအောင်မြင်တယ်လို့ထင်သွားရင် မာန်တက်လာလိမ့်မယ်... ရှေ့လျှောက် ဒီထက်ဆိုးတာတွေလုပ်လာနိုင်တယ်''
ဒါမျိုးကို ချင်လင်ဘယ်တော့မှအပေးအယူမလုပ်။ သူကိုင်တွယ်ဖြေရှင်းရန်ဆုံးဖြတ်လိုက်သည်။
ဟန်မင်းဆက်အကြောင်းသမိုင်းကို သူမှတ်မိသည်။
ဧကရာဇ်ဝူအာဏာရှိစဉ်က ဟန်မင်းဆက်မင်းသမီးနှင့်မဟာမိတ်လက်ဆက်ရန် ရှုံနုကတောင်းဆိုခဲ့ဖူးသည်။
ထိုစဉ်က တိရှန်အမည်ရှိသမားတော်တစ်ဦးက ထောက်ခံပြီး အင်အားသုံး၍နယ်ခံစ*စ်တပ်ကိုဝင်ခြင်းမှာ ပြည်သူများဆင်းရဲဒုက္ခရောက်စေသည်ဟုဆိုသည်။
တော်ဝင်အမတ်ကျန်းထန်ကမူ မိုက်မဲသောပညာရှင်တစ်ဦး၏မသိတတ်သောအမြင်ဟုထင်သည်။
တိရှန်က ကျန်းထန်ကိုပြန်လည်ချေပသည်မှာ_
သူက'မိုက်မဲသောပညာရှိ'ဆိုသော်လည်း ကျန်းထန်က 'အယောင်ဆောင်ပညာရှိ'ဖြစ်ပြီး ဟွိုက်နန်ဘုရင်နှင့်ကျန်းတုဘုရင်(သူပုန်)ကိစ္စအပေါ် ကျန်းထန်ကိုင်တွယ်ဖြေရှင်းနည်းကိုလည်းဝေဖန်ခဲ့သည်။
"စီရင်စုတစ်ခုကိုစီမံဖို့ မင်းကိုငါစေလွှတ်ရင် ရှုံနုတွေတိုက်တာရပ်နိုင်မလား?''
ဧကရာဇ်ဝူက တိရှန်ကိုမေးသည်။
"မရပ်နိုင်ပါဘူး''
တိရှန်ကပြောသည်။
"နယ်ကိုရော?''
ဧကရာဇ်ဝူကမေးသည်။
"မရပ်နိုင်ပါဘူး''
တိရှန်ကဖြေသည်။
"ယိရန်(နယ်ခံစစ်တပ်၏အန္တရာယ်အရှိဆုံးအပိုင်းတွင်တည်ထားသောမြို့)ဆိုရင်ရော?''
ဧကရာဇ်ဝူက မေးပြန်သည်။
"ရပ်နိုင်ပါတယ်''
တိရှန်က ယုံကြည်ချက်အပြည့်နှင့်ဖြေသည်။
ထို့ကြောင့် ဧကရာဇ်ဝူက တိရှန်အား နယ်ခံစ*စ်တပ်ဘုရားကျောင်းသို့စေလွှတ်လိုက်သည်။ တစ်လကျော်အကြာတွင် ရှုံနူများဝင်လာပြီး တိရှန်ကိုခေါ*င်းဖြတ်သ*တ်ပစ်လိုက်သည်။
တိရှန်က ဒီမြင့်မြတ်သူတွေထက်ပိုပြီးအံ့ဩစရာမကောင်းဘူးလား?
ဟန်မင်းဆက်၏မြင့်မြတ်သူ၊ ဟန်နှင့်ရှုံနုပြည်၏ပြောရေးဆိုခွင့်ရှိသူ၊ ရှုံနုကျမ်းစာများကိုမီးမရှို့ခဲ့သလို ချန်ယွီရုပ်ပြကိုလည်းမရေးဆွဲခဲ့။ ရှုံနုကိုပြစ်တင်ပြောဆိုခြင်းမရှိဘဲ ဟန်မင်းသမီးကိုတောင် ရှုံနုဆီဆက်သစေချင်ခဲ့သည်။
သူ့စိတ်ထဲတွင် ကမ္ဘာသူကမ္ဘာသားအားလုံးကောင်းဖို့ဟုသာတွေးပြီး နယ်ခံစ*စ်တပ်ကိုမတိုက်ခဲ့။ သူမှန်သည်၊တရားမျှတသည်ဟုထင်သော်လည်း ရှုံနုသားများ၏ရက်စက်မှုနှင့်နယ်ခံစ*စ်တပ်၏အာဃာတကို သူမသိချေ။
လိုင်းပေါ်မှတရားမျှတမှုတမန်တော်များအတိုင်းပင်။ အခြေအနေမှန်ကို သူတို့လုံးဝမသိ။ အထမ်းသမားများ၏မိသားစုအခြေအနေ သို့မဟုတ် သူတို့ကိုယ်တိုင်အခြေအနေကို
ကို သူတို့မသိ။ အထမ်းသမားတွေဘာလိုချင်မှန်းတောင်မသိပေ။
အခု သူတို့တရားမျှတသည်အထင်နှင့် သူများကိုသာရှုတ်ချနိုင်သည်။
သူတို့တရားမျှတမှုက မျှတသည်၊ သူတို့နှင့်မကိုက်ညီတာမှန်သမျှ မှားသည်ဟူ၍။
ရယ်စရာအတွေးပင်။
ချန်လီအသံထွက်လာပြန်သည်_
"သူဌေးချင်.. စီရင်စုက ဒီပရောဂျက်ကိုမရပ်ချင်ပါဘူး... စီရင်စုထဲကတို့လူတွေ ခရီးသည်တွေကိုကြီးကြပ်နေတယ်... ဗီဒီယိုမရိုက်ခင်ကတောင် အထမ်းတစ်ခုကို ယွမ် ၁၀၀ ကျော်ရတယ်''
"ဒီကိစ္စဖြေရှင်းပြီး လူတိုင်းစိတ်ပူစရာမရှိတော့ရင် အထမ်းသမားကပိုရှာနိုင်တယ်... အနည်းဆုံး တစ်နေ့ ၇၀၀၀ ၈၀၀၀ ကနေ ယွမ် ၁၀၀၀၀ ကျော်ထိတောင် ရချင်ရနိုင်တယ်''
ဆင်းရဲတဲ့မိသားစုအတွက် ယွမ် ၇၀၀၀ ၈၀၀၀ ဒါမှမဟုတ် ယွမ် ၁၀၀၀၀ ကျော်ဆိုတာ ဘယ်လိုမျှော်လင့်ချက်မျိုးလဲ?
ဒီအထမ်းသမားတွေရဲ့ခန္ဓာကိုယ်အင်အားနဲ့ ဝင်ငွေဘယ်လောက်များရလိုက်မလဲ?
ဘာပဲဖြစ်ဖြစ် တောင်ပေါ်အတက်အဆင်း အချိန်ယူရသည်။ အထမ်းသမားအင်အားက အကန့်အသတ်ရှိသည်။
ချင်လင်လိုစွမ်းအားပင်အသီးနှစ်လုံးစားထားသူအဖို့ အထမ်းသမားလုပ်ရင် တစ်လတစ်လယွမ်သောင်းချီရှာဖို့ဖြစ်နိုင်သည်။
တကယ်တော့ အထမ်းသမားတွေက လုပ်အားနှင့်ဝင်ငွေလဲလှယ်ရခြင်းကို သိက္ခာကျသည်မထင်ဘဲ ကိုယ့်ကိုယ်ကိုယ်လေးစားမှုရသည်ဟုတောင်ထင်ကြသည်။
ဘာပဲဖြစ်ဖြစ် အရင်ထက်ဝင်ငွေပိုရသည်။ သူတို့မိသားစုကိုထောက်ပံ့နိုင်သည်။ လတိုင်း ကလေးကိုမုန့်ဖိုးပေးနိုင်ပြီး သူတို့မိန်းမတွေပိုသုံးစွဲနိုင်သည်။ ငွေစုဆောင်းပြီး မိန်းမဖြစ်သူကိုလက်ဝတ်ရတနာဝယ်ပေးနိုင်သည်။
အထမ်းသမားများက ဒီလိုတွေးကြသည်။
"လက်ထောက်ချန်.. အချိန်ကျရင် စီရင်စုကပူးပေါင်းပေးဖို့လိုပါတယ်''
ချင်လင်ကဖြည့်ပြောသည်။
"ဒါပေါ့ သူဌေးချင်''
ချန်လီကပြောသည်။
ချင်လင်လည်းဖုန်းချပြီးနောက် လင်းလန်ဇီအားညွှန်ကြားသည်_
"အစ်မလင်း.. အထမ်းသမားတွေကိုလည်းဗီဒီယိုရိုက်မယ်... သူတို့ဒီအလုပ်ကိုလိုအပ်ကြောင်း မှတ်တမ်းတင်ပါ... ဒီအလုပ်က သူတို့အတွက်အရေးကြီးတယ်... စီရင်စုကို သူတို့နဲ့ပူးပေါင်းခိုင်းပါ''
"ကောင်းပါပြီ ဥက္ကဌချင်''
လင်းလန်ဇီ ခေါင်းညိမ့်လိုက်သည်။
ချင်လင်ကတစ်ခုခုသတိရပြီး မျက်မှောင်ကြုတ်လိုက်သည်။
လင်းလန်ဇီကြော်ငြာဗီဒီယိုမရိုက်ခင် လိုင်းပေါ်မှနိုင်လိုမင်းထက်များကို ဆန့်ကျင်ဘက်အမြင်ပေးရဦးမည်။ မဟုတ်လို့ ဒီသက်ရောက်မှုတွေရှိရင် အမျိုးသမီးခရီးသည်နှစ်ဦးက ပိုက်ဆံသုံးပြီး သိက္ခာချနင်းသည်ဟူသောအထင်ရှိနိုင်သည်။
အဲဒီကျ လင်းလန်ဇီရဲ့ဗီဒီယိုသက်ရောက်မှုအားနည်းသွားမည်။
ဒီတော့ ဒီအမြင်ကိုအရင်ဆုံးလွှမ်းမိုးသွားအောင်လုပ်ရမည်။
ထိုအတွေးနှင့်ဖုန်းထုတ်ပြီး လီခိုင်ကိုဖုန်းဆက်လိုက်သည်။
"ညီလေးချင်.. ဘာဖြစ်လို့လဲ? ရုတ်တရက်ကြီး ဖုန်းဆက်လို့ပါလား?''
လီခိုင်၏ဇဝေဇဝါအသံထွက်လာသည်။
"အစ်ကိုလီ.. ကျွန်တော့်ရုံးခန်းခဏလာပါဦး''
ချင်လင်ကတန်းပြောသည်_
"အပျော်လျှောက်သွားရအောင်''
ချင်းလင်ဓာတ်ခွဲခန်း_
လီခိုင်မှာ ဖုန်းကိုင်လျက်သားကြောင်နေသည်။
အပျော်?
ညီလေးချင်က အပျော်လျှောက်သွားမယ်လို့ဖုန်းဆက်တာ ဒါပထမဆုံး။
ရှားရှားပါးပါးပင်။
သူကဝမ်းသာလွန်း၍ ဖုန်းထဲတန်းပြောလိုက်သည်_
"ညီလေးချင်.. ခဏစောင့်... ငါလာခဲ့မယ်''
ဖုန်းချပြီးနောက် လီခိုင်ကဓာတ်ခွဲခန်းမှအလောတကြီးထွက်ပြီး ချင်းလင်အပန်းဖြေစံအိမ်မောင်းသွားသည်။
ချင်လင်ရုံးခန်းထဲရောက်သောအခါ အရင်ဆုံးမေးသည်_
"ညီလေးချင်.. ဘာလို့ရုတ်တရက်ကြီးဖုန်းဆက်တာလဲ? ဘယ်ကိုအပျော်သွားကြမှာလဲ?''
ချင်လင်က လီခိုင်ကိုမြင်လျှင် နှုတ်ဆက်သည်_
"သွားစို့.. လမ်းလျှောက်ရအောင်''
လီခိုင်က သံသယမျက်နှာနှင့်။
လမ်းလျှောက်ဖို့သက်သက်လား?
အပျော်လို့ပြောလိုက်သလားလို့?
သို့သော်လည်း ချင်လင်နောက်ချက်ချင်းလိုက်သွားသည်။
ချင်လင်က လီခိုင်ကို နတ်သမီးပုံပြင်တောင်ပေါ်ခေါ်သွားခြင်းပင်။