အပိုင်း(၁၇၆)-ထင်းချောင်းပြုလုပ်ခြင်း
Vol. 002 Ch. 176
“အသက်ရှုလို့မရဘူး”
လူတချို့သည် အထွတ်အထိပ်သားရဲမှ ထုတ်လွှတ်သော ဖိအားကြောင့် အားနည်းလာပြီး မျက်နှာများမှာ ဖျော့လာသည်။ ဝိညာဉ်ဧကရာဇ်တစ်ဦးတည်းသာ တံတိုင်းအထက်တွင် ကျန်နေခဲ့သည်။
“ဒီအမွေးက ဘာလို့တိုနေတာလဲ”
အောက်တွင်ရှိသော လူများ စိတ်ထဲတွင် အဆုံးမရှိသော အတွေးများတင်သာမက အထွတ်အထိပ်သားရဲသည်ပင်လျှင် နားမလည်တော့ပေ။
ထိုအမွေးသည် ထိုလူ၏ မှော်ဝင်လက်စွပ်အတွင်းရှိသည်ကို သူသေချာပေါက်ခံစားမိသည်။ ဒါဆို အဲအမွေးက ဘယ်ရောက်သွားတာလဲ။
သူတို့အားလုံးသည် ဒီနေ့အတွက် သေခြင်းတရားမှလွတ်မြောက်ရန် ခက်ခဲသွားသည်ကို သိလိုက်ရသည်။
“အမလေး အဲဒါ အဲနေ့က မီးမွှေးဖို့ ငါယူလာတဲ့ အမွေးမလား”
ဟိန်းသံလေး၏ စကားကြောင့် ရှီမာယူယူ သူ့အား သတ်ချင်သွားသည်။
ဝိညာဉ်ဖိအားသည် ဟိန်းသံလေးအား သက်ရောက်မှုမရှိပဲ သူလှုပ်ရှားလို့ရနေသည်။ ထို့နောက်တွင် ထိုအမွေးတံသည် အနက်ရောင်အဖြစ် သူ့လက်တွင်ပေါ်လာလေသည်။
ထိုအမွေးတံပေါ်လာသည်နှင့် အပြာနုရောင်အလင်းကို ထုတ်ပေးလေသည်။ အခုလက်ရှိ အမွေးနှင့် ဆင်တူသည်။ ထိပ်မှ မီးခိုရောင်သည်ကွယ်ပျောက်သွားပြီး အံ့သြစွာပင် အမွေးတံသာ ကျန်ရှိတော့သည်။
ဝေကျိရွှီနှင့် တခြားသူများသည် မေ့မြောချင်မိသည်။ အဲအထွတ်အထိတ်သားရဲရဲ့ အမွေးတွေကို ဘာလို့များ ရင်းနှီးနေတာပါလိမ့်လို့။ အဲအမွေးက လွန်ခဲ့တဲ့ဆယ်ရက်က မီးမွှေးဖို့ဆိုပြီး ဟိန်းသံလေး ယူလာတဲ့ အမွေးမလား။
ဟိန်းသံလေး ငှက်မွေးအားယူကာ အထွတ်အထိပ်သားရဲဆီသို့ ပျံသွားပြီး သူ့ရှေ့တွင် ရပ်လိုက်သည်။ သူ ငှက်မွေးအားယူကာ သူ့အားပေးပြီး ပြောလိုက်သည် “ချောမောတဲ့ အစ်ကိုကြီး ဒီအမွေးကို ပြန်ပေးပါတယ်၊ ဒါက အစ်ကိုကြီးဟာမှန်းမသိလို့ မီးမွှေးဖို့ ယူယူကို ပေးခဲ့တာပါ၊ အစ်ကိုကြီးက ချောမောတော့ ဒီမွေးတစ်ခု နှစ်ခုလောက်နဲ့ ကတ်တွက်နေပါနဲ့”
အောက်မှလူများသည် ဟိန်းသံလေး ပြောသည်ကို ကြားသည်နှင့် မိုးကြိုးပစ်ချခံလိုက်ရသလိုပင်။
ထိုသည်မှာ အထွတ်အထိပ်သားရဲရဲ့ အမွေး.. ဟုတ်ပြီ။ ဒါကို မီးမွှေးဖို့အတွက်သုံးတယ်၊ ဘယ်လိုတွေပါလိမ့်။
အထွတ်အထိပ်သားရဲ၏ မျက်နှာသည် ပိုတည်တည်လာသည်ကို ကြည့်ပြီး သူ့အား ဆက်စ,နေလေသည်။ သူတကယ်ပဲ အသက်မရှင်ချင်တော့ဘူးလား။
ရှီမာယူယူ မျက်လုံးများကို လက်ဖြင့်ကွယ်လိုက်သ်ည။ ရှက်ဖို့ကောင်းလိုက်တာ…
အထွတ်အထိပ်သားရဲသည် သူ့ရှင်းပြချက်အား လက်မခံပဲ အေးစက်စွာစိုက်ကြည့်နေသည်ကို ဟိန်းသံလေးမြင်သည်နှင့် ရှေ့လက်လေးဖြင့် နဖူးမှ အမွေးများအား ဖွလိုက်ကာ ပြောလေသည် “ငါ ချောတာ ငါသိပါတယ် အစ်ကိုကြီးအဲလောက်ကြည့်စရာမလိုပါဘူး၊ ရှက်တောင်ရှက်လာပြီ”
အခုအခြေအနေနှင့် အသင့်တော်သော်လည်း ဝူရန်ဖေနှင့် တခြားသူများသည် မရယ်ပဲမနေနိုင်တော့ပေ။
ဒီကောင်ကတော့ အရင်တစ်ခေါက်က ဟိန်းသံတစ်ထောင်ရဲ့ မိန်းမနဲ့ ကစားခဲ့တယ်၊ အခုလည်း အထွတ်အထိပ်သားရဲနဲ့ ကစားပြန်ပြီ။ သူကတော့ နောင်တမရပါလား။
အထွတ်အထိပ်သားရဲသည် အသုံးပြုထားသော ငှက်မွေးအားကြည့်လိုက်၊ ဟိန်းသံလေးအားကြည့်ပြီး နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည် “ငါ့အမွေးကို မီးမွှေးဖို့သုံးတယ်… ကောင်းတာပေါ့ ကောင်းတာပေါ့”
“ဟီး ဟီး ကျွန်တော်အဲလိုမပြောပါဘူး၊ အစ်ကိုကြီးရဲ့ အမွေးမှန်းမသိလို့ပါ ကျွန်တော်က မသိလို့ဆိုတော့ ရိုးသားတယ်မဟုတ်ဘူးလား….” ဟိန်းသံလေး၏ အသံသည် စကားအဆုံးရောက်သောအခါ တဖြည်းဖြည်းတိမ်ဝင်သွားသည်။
“မင်းက ငါ့အမွေးကို ရှို့မှာတော့ မင်းကို ငါရှို့ပစ်မယ်” အထွတ်အထိပ်သားရဲ၏ အသံသည် ဖျော့တော့သော်လည်း အောက်မှလူများသည် လူသတ်ချင်သည့်အရိပ်အယောင်ကို ခံစားမိသည်။
သူ မလိမ်သည်ကို ဟိန်းသံလေးမြင်သည်နှင့် လက်ထဲမှ အမွေးကို ပစ်ကာ နောက်ကြောင်းပြန်လှည့်ပြီး ရှီမာယူယူဆီသို့ ပျံသွားလေသည်။
“ယူယူ ငါ့ကို ကယ်ဦး”
ရှီမာယူယူ မျက်လုံးလှန်ရုံအပြင်မရှိတော့ပေ။ ပြိုင်ဘက်မှာ အထွတ်အထိပ်သားရဲဖြစ်၍ သူ့လက်တစ်ချောင်းကိုပင် သူတို့အောင်နိုင်မည် မဟုတ်ပေ။ သူမကို ဘာလို့ ကယ်ဖို့လာပြောနေသေးလဲ။
သူ့နောက်မှ အပူနီးသထက် နီးလာသည်ကို ဟိန်းသံလေးခံစားမိပြီး လှည့်ကြည့်ရာ မီးတောက်လုံးသည် သူ့ဆီသို့လာနေသည်ကို တွေ့လိုက်ရသည်။ သူကြောက်လန့်သွားကာ လှည့်ပတ်ပြီး သူ၏ မူလနေရာသို့ ပြန်ရောက်သွားသည်။
ထိုမီးတောက်သည် သူ့နောက်လိုက်လိမ့်မည်ကို ထင်မထားပဲ လှည့်လိုက်သည်နှင့် သူ့နောက်ကိုလိုက်ဆဲပင်။
“အမေရေ အဲဟာကြီးက ပြန်လာနေတယ်” ဟိန်းသံလေးသည် ကြောက်လန့်နေကာ လှည့်လိုက်နှင့် မီးတောက်အား ရှောင်ရှားရသည်မှာ ပင်ပန်းနေပြီ။
ထိုသည်မှာ အန္တရာယ်ရှိသော အခြေအနေဖြစ်သည်မှာ အထင်အရှားပေ သို့သော် အောက်ရှိလူများသည် ပြပွဲတစ်ခုအားကြည့်ရသလိုပင်။ အထူးသဖြင့် အော်၍ပြေးနေသော ဟိန်းသံလေးကိုပင်။ သူ၏ ချစ်စရာကောင်းသော ပုံစံထပ်ပေါင်းလျှင် မပြုံးပဲမနေနိုင်တော့ပေ။
သူ မီးတောက်အားမရှောင်နိုင်သည်ကို ဟိန်းသံလေးတွေ့သည်နှင့် အော်နေသည် “ယူယူ ဆရာကြီး ငါ့ကို ကယ်ပါဦး မင်းဘာမှမလုပ်ရင် ငါတော့ အသားကင်ဖြစ်တော့မယ်”
ရှီမာယူယူသည် အကူအညီမဲ့နေသည်။ ဒီကောင်သည် သူမဆီသို့ အဆုံးမရှိသော ပြဿနာများကို ယူလာပေးသော်လည်း သူမ၏ ဝိညာဉ်သားရဲဖြစ်နေတုန်းပင်။ ကိုယ့်သားရဲကိုယ် အနိုင်ကျင့်လို့ရပေမယ့် တခြားသူတွေကတော့ လုပ်ခွင့်မရှိဘူး။
ရှီမာယူယူ ပြင်ဆင်နေသည်ကို တွေ့သည်နှင့် ဘိုင်ယွန်ရွှီသည် သူမအား ဆွဲကာပြောလိုက်သည် “အဲဒါ အထွတ်အထိပ်သားရဲနော်”
ရှီမာယူယူ ဘိုင်ယွန်ရွှီ၏ လက်အား အသာရိုက်ချကာ ပြောလိုက်သည် “ဟိန်းသံလေးက ငါ့မိသားစုဝင်ပဲ”
သူမပြောပြီးနောက် ဟိန်းသံလေးဆီသို့ ပျံသွားလေသည်။ ဝိညာဉ်ချီကို သူမလက်တွင် စုစည်းကာ လျင်မြန်စွာပင် မီးတောက်လုံးဖြစ်သွားသည်။
ဟိန်းသံလေးသည် ရှီမာယူယူအားမြင်သည်နှင့် သူမ၏ ရင်ခွင်ထဲဝင်ကာ ပြောလိုက်သည် “ယူယူ မင်းငါ့ကို ဆက်မကူညီရင် ငါတော့ လောင်ပြီးကြွပ်သွားတော့မှာပဲ ရွှတ်ရွှတ်ရွှတ်”
အစပိုင်းတွင် ရှီမာယူယူသည် သူ့အား မရိုင်းပြရန်နှင့် စိတ်မြန်လက်မြန်မလုပ်ရန် သင်ခန်းစွာပေးရန်လုပ်ထားသည်။ သို့သော် သူ့တင်ပါးမှ အမွေးများ အနည်းငယ်လောင်ကျွမ်းထားသည်ကို တွေ့သည်နှင့် သူမ စိတ်နာကျင်သွားသည်။
ထိုသို့ဖြစ်ရခြင်းမှာ သူမ အားနည်းလို့မဟုတ်ပဲ ဟိန်းသံလေးသည် တိုက်ပွဲစွမ်းရည်မရှိသော ဝိညာဉ်သားရဲဖြစ်သောကြောင့်ဖြစ်သည်။
ဘယ်လိုပင်ဖြစ်ပါစေ သူသည် ရှေးဟောင်း အံ့ဖွယ်သားရဲဖြစ်သည်။ အထွတ်အထိပ်သားရဲအား အနိုင်ရခြင်းမှာ သူ့အတွက် ပြဿနာမရှိပေ။
သူမသည် ရှေ့ထွက်ကာ အထွတ်အထိပ်သားရဲ၏ မီးတောက်ဖြင့် ထိပ်တိုက်တွေ့ခြင်းကြောင့် အားလုံး တုန်လှုပ်သွားကြသည်။ သူမသည် မီးတောက်အား ပျောက်သွားအောင်လုပ်နိုင်မည်ဟု ဘယ်သူမှထင်မထားပေ။
သို့သော် အထွတ်အထိပ်သားရဲ၏ မီးတောက်သည် သူမကြောင့်ပင် ကွယ်ပျောက်သွားလေသည်။
ရှီမာယူယူသည် သူ့မီးတောက်အား ကွယ်ပျောက်အောင်လုပ်နိုင်သည်ကို အထွတ်အထိပ်သားရဲမြင်သော်အခါ ပိုဒေါသထွက်သွားသည်။ သူနောက်ထပ် မီးတောက်လုံးများ ထုတ်လွှတ်လိုက်သည်။
“ဘန်း ဘန်း ဘန်း”
ရှီမာယူယူသည် မီးတောက်အား သူမလက်ဖြင့် ဆုပ်ကိုင်ကာ တစ်ခုပြီးတစ်ခု ရိုက်ချသည်။
“ရွှီး”
“ယူယူရဲ့ မီးတောက်က ဘယ်အချိန်ကစပြီး ကြောက်စရာကောင်းလာတာလဲ”
“သူမရဲ့ မီးတောက်ကထွက်လာတဲ့ ကြောက်စရာကောင်းတဲ့အပူကို ငါခံစားမိတယ်”
“အဲအထွတ်အထိပ်သားရဲရဲ့ မီးတောက်တောင်မှ ပျောက်သွားတယ်…. ဒီကောင်မှာ နဂိုကရှိတာ ဘာလဲ”
ဝေကျိရွှီနှင့် ကျန်လေးယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ရှီမာယူယူ၏ မီးတောက်သည် ထိုမျှလောက် ကြောက်စရာကောင်းသော အပူရှိန်ဖြစ်သည်ကို သူတို့ပင် မသိခဲ့ပေ။
“ဒါက မူလ မီးတောက်မဟုတ်ဘူး” ဘေဂုံထန် ယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်သည်။
သူမ ပုံမှန်အားဖြင့် သုံးသည်မှာ သူမကိုယ်ပိုင် ဝိညာဉ်ချီ သို့မဟုတ် ရာဟွောင်၏ မီးတောက်ဖြစ်သည်။ သို့သော် ဒီနေ့သူမ သုံးသည်မှာ သုံးနေကျမဟုတ်ပေ။
“တော်တယ် ယူယူ” ဟိန်းသံလေးသည် သူမပခုံးပေါ်တွင် ထိုင်ကာ စိတ်လှုပ်ရှားစွာပြောလိုက်သည်။
ရှီမာယူယူသည် သူ့အား လှည့်ပြီးစိုက်ကြည့်လိုက်ရာ ပါးစပ်ပိတ်သွားလေသည်။
သူတိတ်တိတ်မနေပါက ပစ်လိုက်မည်ဖြစ်ကြောင်းကို မျက်လုံးဖြင့်ပြောလိုက်ခြင်းဖြစ်သည်။
အထွတ်အထိပ်သားရဲသည် ရှီမာယူယူအားကြည့်လိုက်သည်။ သူမလက်ထဲမှ မီးတောက်သည် သူ့အား ဖိအားပေးနေသည်။ သူ့အထဲမှ တည်ငြိမ်သော ဖိအားဖြစ်နေသည်။
“အဲဒါ ဘာမီးတောက်လဲ”
ရှီမာယူယူ လက်ချောင်းများကို လှုပ်ရှားလိုက်သည်။ သူ့မီးတောက်နှင့် တစ်ခါတွေ့ပြီးနောက် သူမအရင်က သုံးခဲ့သော မီးတောက်နှင့် အသုံးမဝင်မှန်း သူမသိလိုက်သည်။ ထို့ကြောင့်ပင် သူမကိုယ်ပိုင် မီးတောက်ထဲကို ကြက်သွေးရောင်၏ မီးတောက်ထည့်ပြီး စတင်ခဲ့သည်။
နည်းနည်းနှင့်ပင် အထွတ်အထိပ်သားရဲ၏ မီးတောက်ကို ပျောက်ကွယ်အောင်လုပ်နိုင်ခဲ့သည်။ သူမသည်လည်း အံ့သြခဲ့ရသည်။
“အဲအချိန်တုန်းက မင်းရဲ့ အမွေးမှန်း ဟိန်းသံလေးတကယ်မသိခဲ့ဘူး၊ ပြီးတော့ မင်းကို တောင်းပန်ပြီးပြီလေ၊ မင်းကို ခွင့်လွှတ်ဖို့ပြောပြီးပြီလေ သူ့ကို ခွင့်လွှတ်ပေးလိုက်ပါ”
“ဟင် သူ့ကို ခွင့်လွှတ်ရမယ် ဟုတ်လား ငါ့ကို နှောင့်ယှက်တဲ့သူတိုင်းသေရမယ်၊ သူ့သခင်အနေနဲ့ မင်းလည်း သေရမယ်၊ မင်းက ငါ့ဖိအားကိုလည်း မကြောက်ဖူး ငါ့မီးတောက်ကိုလည်း ခံနိုင်တယ်၊ ဒါပေမယ့် ဒီ့ထက်ငါ ပိုပိုင်ဆိုင်သေးတယ်”
သူပြောပြီးနောက် သူ့လက်သည် လေထဲတွင် နှစ်ကြိမ်လှုပ်ရှားကာ သူ့နောက်မှ မုန်တိုင်းသည် ဖြည်းညင်းစွာ ဖြစ်ပေါ်လာလေသည်။