← Chapters

အခန်း (၃၈၅-၃၈၆)

Vol. 28 Ch. 385-386

အခန်း (၃၈၅-၃၈၆)

Vol. 28 Ch. 385-386

အခန်း ၃၈၅ - ကံကောင်းခြင်းကို ထပ်မံရှာဖွေပြီး ဘေးဒုက္ခကို ရှောင်ရှားခြင်း၊ တိုက်ကြီး၏ မြေကြောများ တုန်လှုပ်သွားခြင်း (၂)

[ကျင့်စဉ်အဆင့်: အုတ်မြစ်တည်ဆောက်ခြင်း သတ္တမအဆင့် (၈၀%)]

[အတတ်ပညာ: အဆင့် (၂) အဆင့်မြင့် အင်းဆရာ (၃၀%)]

သံသယဖြစ်စရာမလိုပါ။ လွန်ခဲ့သော ခြောက်လတာ ကာလအတွင်း သူ၏ စွမ်းရည် ကဏ္ဍစုံမှာ သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်၏။

မြေလျှိုးအင်းကို အထွတ်အထိပ် ပြီးပြည့်စုံသည့်အဆင့်အထိ ကျင့်ကြံပြီးနောက်၊ သူ၏ အတွင်းပိုင်းရှိ မူလ ဝိညာဉ်စွမ်းအားမှာလည်း အကြီးအကျယ် တိုးတက်လာခဲ့သည်။

သတ္တမအဆင့် အုတ်မြစ်တည်ဆောက်ခြင်း၏ တိုးတက်မှုမှာ ၈၀ ရာခိုင်နှုန်း အထိပင် ရောက်ရှိနေပြီ ဖြစ်၏။

ဤမျှ လျင်မြန်စွာ တိုးတက်လာရခြင်း၏ အကြောင်းရင်းမှာ သဘာဝကျကျပင် သူ ယခင်က ရရှိခဲ့သော အဆင့် (၂) ဝိညာဉ်ဆေးဝါး ဖြစ်သည့် ခွေကိုးခွေ ဝိညာဉ်ဂျင်ဆင်းကြောင့်ပင် ဖြစ်သည်။

ဤအဆင့် (၂) ဝိညာဉ်ဆေးဝါးတွင် ကြီးမားလှသော ဆေးစွမ်းများ ပါဝင်နေ၏။

ကျန်းဖန်၏ ဝါးမြို ချေဖျက်ခြင်းကို ခံရပြီးနောက်၊ ၎င်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မူလ ဝိညာဉ်စွမ်းအားအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။

ဓာတ်ကြီးငါးပါး အင်းကျမ်းကို ကျင့်ကြံရာတွင် သာမန် အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူ တစ်ဦးနှင့် နှိုင်းယှဉ်ပါက အရင်းအမြစ်များ ပိုမို လိုအပ်သော်ငြားလည်း၊ ဤအဆင့် (၂) ဝိညာဉ်ဆေးဝါးသည် သူ၏ ပင်ပန်းခက်ခဲလှသော ကျင့်ကြံခြင်း အချိန်များစွာကို သက်သာသွားစေရန် လုံလောက်လှပေသည်။

ဤသည်က ကျင့်ကြံသူ တစ်ဦးအတွက် ကျင့်ကြံခြင်း အရင်းအမြစ်များ၏ အရေးပါမှုကို ရှင်းလင်းစွာ ပြသနေပေသည်။

လုံလောက်သော အရင်းအမြစ်များသာ ရှိပါက အဆင့်နိမ့် ဝိညာဉ်အမြစ် ရှိသူပင်လျှင် လျင်မြန်စွာ တိုးတက်နိုင်ပေသည်။

ကျင့်ကြံခြင်း အမြန်နှုန်းမှာ အရင်းအမြစ် အထောက်အပံ့ မရှိသော ကောင်းကင် ဝိညာဉ်အမြစ် ကျင့်ကြံသူ တစ်ဦးနှင့်ပင် တန်းတူ ဖြစ်နိုင်ပေသည်။

"ကံမကောင်းတာက၊ တခြား အသက်သွေးကြောအင်းတွေရဲ့ စွမ်းရည်အဆင့်ကို မြှင့်တင်ဖို့က ခက်ခဲနေသေးတာပဲ။"

ကျန်းဖန်သည် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်၏။

လောလောဆယ်တွင် သူ့ထံ၌ ကံကောင်းခြင်းအမှတ် တစ်သိန်းတစ်သောင်း (၁၁၀,၀၀၀) သာ ကျန်ရှိတော့သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် မြေလျှိုးအင်း၏ စွမ်းရည်အဆင့်ကို မြှင့်တင်ရန်အတွက် ကံကောင်းခြင်းအမှတ် အတော်များများကို သုံးစွဲခဲ့ရသည် မဟုတ်ပါလော။

သို့သော် နိမိတ်ဖတ်အင်း၊ ဓာတ်ကြီးငါးပါး အစီရင်စုဖျက်အင်း ၊ ဓားတစ်သောင်း ဂိုဏ်းသို့ပြန်လာခြင်း အင်း အစရှိသော အခြား အသက်သွေးကြောအင်းများ၏ စွမ်းရည်အဆင့်ကို မြှင့်တင်ရန်မှာ လွယ်ကူလှသည်တော့ မဟုတ်ချေ။

ထိုအထဲတွင် ရေခဲအင်းက မြှင့်တင်ရန် အလွယ်ကူဆုံး ဖြစ်ပုံရပေသည်။

ဤအသက်သွေးကြောအင်း၏ စွမ်းရည်အဆင့်ကို အထွတ်အထိပ် ပြီးပြည့်စုံသည့်အဆင့်သို့ မြှင့်တင်ရန်မှာ အချိန်ပြဿနာ တစ်ခုမျှသာ ဖြစ်သည်ဟု သူ ယုံကြည်ထား၏။

ဝုန်း~~~

ရုတ်တရက် မြေပြင်မှ ပြင်းထန်သော တုန်ခါမှုကြီးတစ်ခု ထွက်ပေါ်လာပြီး ကီလိုမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းသော ဧရိယာကို ရိုက်ခတ်သွားခဲ့သည်။

ကြယ်ခုနစ်ပွင့် တောင်ထွတ် အထက်အောက်ရှိ ကျင့်ကြံသူ အားလုံးသည် ဤတုန်ခါမှုကို ခံစားလိုက်ကြရ၏။

မြေပြင်ကြီးပင် အက်ကွဲလာပြီး နေရာအနှံ့တွင် အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။

ပို၍ အံ့သြစရာကောင်းသည်မှာ ဝိညာဉ်ကြောပင်လျှင် ကမောက်ကမ ဖြစ်သွားပြီး ဝိညာဉ်ချီများကို အလွန်အမင်း ကြမ်းတမ်းသွားစေခဲ့ခြင်းပင်။

အကယ်၍ တစ်ယောက်ယောက်သည် ဤအချိန်တွင် ကျင့်ကြံကာ ဤကြမ်းတမ်းသော ဝိညာဉ်ချီများကို စုပ်ယူလိုက်မည်ဆိုပါက သေချာပေါက် ထိခိုက်ဒဏ်ရာရမည် ဖြစ်၏။

"ဘာတွေ ဖြစ်နေတာလဲ။"

ကျန်းဖန်သည် ပုံမှန်မဟုတ်မှုများကို အာရုံခံမိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။

ဘာတွေဖြစ်ပျက်နေမှန်း သူ မသိရှိခဲ့ချေ။

သို့သော် ဤကဲ့သို့သော မြေငလျင်နှင့် ဝိညာဉ်ကြော ပြတ်တောက်မှုမျိုးမှာ လုံးဝကို ပုံမှန် မဟုတ်ပေ။

ဝှစ်... ဝှစ်... ဝှစ်…

ချက်ချင်းဆိုသလိုပင် သူ၏ ပုံရိပ်သည် လှုပ်ရှားသွားပြီး လေထဲသို့ ပျံတက်သွားခဲ့သည်။

ဝေ့ဆုန်၊ ချန်လီရှန်း၊ ယွီခယ်လျန်၊ လျန်မင်လန် နှင့် အခြား အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူများသည်လည်း သူတို့၏ ဂူဗိမာန်များထဲမှ ပျံသန်း ထွက်လာခဲ့ကြ၏။

"ဒါက ဝိညာဉ်ကြော တုန်ခါမှု ဖြစ်ပုံရတယ်။"

"အခွင့်အရေးပဲ၊ ဒါက ကြီးမားတဲ့ အခွင့်အရေးကြီးပဲ။"

ဆေးဖော်စပ်သူ အကြီးအကဲ ဝေ့ဆုန်၏ မျက်နှာသည် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားပြီး အလွန်အမင်း ပျော်ရွှင်သွားခဲ့၏။

"ဘာအဓိပ္ပာယ်လဲ။ ဝိညာဉ်ကြော တုန်ခါမှုက ဘာလို့ ကြီးမားတဲ့ အခွင့်အရေး ဖြစ်နေရတာလဲ။"

"အမှန်ပဲ၊ အဲဒီ ဝိညာဉ်ကြော တုန်ခါမှု ဆိုတာက ဘာလဲ။"

ချန်လီရှန်းနှင့် အခြားသူများမှာ နားမလည်နိုင်အောင် ဖြစ်နေကြ၏။

"မင်းတို့ နားမလည်တာက ပုံမှန်ပါပဲ။"

"ဝိညာဉ်ကြော တုန်ခါမှုတွေက ပေါ်လာခဲတယ်၊ တစ်ခါတလေ နှစ်တစ်ရာ ဒါမှမဟုတ် နှစ်ရာပေါင်းများစွာ ကြာမှ တစ်ခါ ပေါ်လာတတ်တာ။"

"ဘာလို့ ပေါ်လာရလဲ ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရဘူး။"

"ဒါပေမယ့် ပေါ်လာတိုင်းမှာ ပြင်းထန်တဲ့ တုန်ခါမှုတွေကို ဖြစ်ပေါ်စေပြီး တောင်ပိုင်းတိုက်ကြီး တစ်ခုလုံးကို သက်ရောက်မှု ရှိစေနိုင်တယ်။ တိုက်ကြီးပေါ်က ဝိညာဉ်ကြောတိုင်းကို ရိုက်ခတ်ပြီး ဝိညာဉ်ချီတွေကို ကမောက်ကမ ဖြစ်သွားစေတာပဲ။"

"အခြေအနေ ဆိုးရွားရင်၊ သူက ဝိညာဉ်ချီ မုန်တိုင်းတွေကိုတောင် ဖြစ်ပေါ်စေနိုင်ပြီး၊ တံခါးပိတ် ကျင့်ကြံနေတဲ့ ကျင့်ကြံသူတွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တယ်။ နတ်ဆိုးဝင်ပူးပြီး သေဆုံးသွားတဲ့အထိကို ဖြစ်သွားစေနိုင်တယ်။"

"ဘယ်လိုဖြစ်ဖြစ် အရမ်းကို ကြမ်းတမ်းလွန်းတဲ့ ဝိညာဉ်ချီတွေက ကျင့်ကြံသူ တစ်ယောက်ရဲ့ အတွင်းပိုင်း ချီကြောတွေကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်လေ။"

"အထူး တားမြစ်နယ်မြေ တချို့မှာလည်း အလားတူ အခြေအနေမျိုးတွေ ပေါ်ပေါက်တတ်ပြီး ကျင့်ကြံသူတွေအတွက် မသင့်တော်တာတွေ ဖြစ်သွားတတ်တယ်။"

ဆေးဖော်စပ်သူ အကြီးအကဲ ဝေ့ဆုန်က ဝိညာဉ်ကြော တုန်ခါမှုဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း၊ မည်သည့် အကြောင်းရင်းမျှ မသိရဘဲ တောင်ပိုင်းတိုက်ကြီး တစ်ခုလုံးကို သက်ရောက်မှုရှိစေသည့် ကြီးမားလှသော ဝိညာဉ်ကြော ကမောက်ကမဖြစ်မှု တစ်ခုဖြစ်ကြောင်း ရှင်းပြလိုက်၏။

သို့သော် ဖြစ်ပေါ်လာတိုင်းတွင် အတိုင်းအတာ တစ်ခုအထိ ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေလေ့ ရှိပေသည်။

"ဒါပေမယ့် ဘာလို့ အဲဒါကို အခွင့်အရေးလို့ ခေါ်ရတာလဲ။"

ယွီခယ်လျန်သည် အဆိုပါ အခွင့်အရေးဆိုသည့်အရာကို စိတ်ဝင်စားသွားကာ မေးမြန်းလိုက်၏။

အကြီးအကဲ ဆေးဖော်စပ်သူပင်လျှင် ဤမျှ စိတ်လှုပ်ရှားနေသည်ကို ကြည့်လျှင်၊ ၎င်းမှာ သာမန် အခွင့်အရေးတစ်ခု မဟုတ်ကြောင်း ညွှန်ပြနေပေသည်။

"အဲဒါက ဝိညာဉ်ကြော တုန်ခါမှု ဖြစ်ပြီးတဲ့နောက် မြေကြီးတွေ အက်ကွဲသွားလို့ပဲ။"

"မြေကြီးနဲ့ ဝိညာဉ်ကြောတွေရဲ့ နက်ရှိုင်းရာမှာ ပုန်းအောင်းနေတဲ့ ဝိညာဉ်ပစ္စည်း တချို့က အလိုအလျောက် ထွက်ပေါ်လာလိမ့်မယ်။"

"အကယ်၍ ကံကောင်းရင်၊ ဒီရှားပါးတဲ့ ဝိညာဉ်ပစ္စည်းတွေကို ရရှိနိုင်မယ့် အခွင့်အရေး ရှိတယ်။"

"ဝိညာဉ်ကြော တုန်ခါမှု ဖြစ်ပေါ်လာတိုင်း၊ ကျင့်ကြံသူ အများအပြား အကျိုးအမြတ် ရကြတယ်။"

"တစ်ကိုယ်တော် ကျင့်ကြံသူ တချို့တောင် ဒါကြောင့်မို့လို့ ကောင်းကင်အထိ ပျံသန်းသွားနိုင်ကြတယ်။"

"သားရဲ တစ်သောင်း တောင်တန်းက ရွှေအမြုတေ ဇန်ရန် တစ်ယောက်ဖြစ်တဲ့ တာအိုရဲဘော် ယွင်လိုင်က ဝိညာဉ်ကြော တုန်ခါမှုကနေ ရှားပါးတဲ့ ဝိညာဉ်ပစ္စည်း တစ်ခုကို ရရှိခဲ့ပြီး၊ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိခဲ့တယ်။ အဲ့‌ဒါကြောင့် သူရဲ့ ရွှေအမြုတေအတွက် အုတ်မြစ်ချနိုင်ခဲ့တယ်လို့ ဆိုကြတယ်။"

ဆေးဖော်စပ်သူ အကြီးအကဲ ဝေ့ဆုန်က လေးစားအားကျသော အမူအရာကို ပြသလျက် အော်ဟစ်လိုက်၏။

ဘာ

ဤစကားများကို ကြားလိုက်ရချိန်တွင် ယွီခယ်လျန်နှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လုံးဝကို စိတ်လှုပ်ရှား ဝမ်းသာသွားကြ၏။

ဝိညာဉ်ကြော တုန်ခါမှုက ဤကဲ့သို့သော အခွင့်အရေးမျိုးကို ပေးစွမ်းလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြချေ။

အကယ်၍ သူတို့သာ လုံလောက်အောင် ကံကောင်းခဲ့မည်ဆိုပါက၊ သူတို့လည်း ကောင်းကင်အထိ ပျံသန်းနိုင်မည့် အခွင့်အရေး ရရှိမှာ မဟုတ်ပါလား။

"ဒါပေမယ့် ကျင့်ကြံသူ အများစုကတော့ ဘာအကျိုးအမြတ်မှ မရနိုင်ကြပါဘူး။"

"ဘာလို့လဲဆိုတော့ ဝိညာဉ်ပစ္စည်းတွေရဲ့ တည်နေရာက ကြုံရာကျပန်း ဖြစ်နေပြီး၊ ရုတ်တရက် ထွက်ပေါ်လာတဲ့ ပစ္စည်းတွေကို ဘယ်သူကမှ အလွယ်တကူ မဖမ်းယူနိုင်ကြလို့ပဲ။"

"ဒီပစ္စည်းတွေ ထွက်ပေါ်လာခဲ့ရင်တောင်၊ အနီးအနားက ကျင့်ကြံသူတွေက ယူသွားနိုင်တယ်။"

"အခွင့်အရေးတွေကို တကယ်တမ်း ရရှိတဲ့ ကျင့်ကြံသူက အရမ်း နည်းပါတယ်။"

"ဒါပေမယ့် မင်းတို့ ကံစမ်းကြည့်လို့ ရပါတယ်၊ ဘယ်သူသိမလဲ၊ အခွင့်အရေးက မင်းတို့ဆီ ကျလာနိုင်တာပဲ။"

ဆေးဖော်စပ်သူ အကြီးအကဲ ဝေ့ဆုန်က အနည်းငယ် ပြုံးလိုက်၏။

ဤဝိညာဉ်ကြော တုန်ခါမှုက အခွင့်အရေး အချို့ကို ယူဆောင်လာပေးနိုင်သည်ဟု သူ ယုံကြည်ထားသည်။

သို့သော် အခွင့်အရေးများကို တကယ်တမ်း ရရှိမည့် ကျင့်ကြံသူများမှာ လက်ချိုးရေတွက်၍ ရလောက်အောင် နည်းပါးလှပေသည်။

လက်တစ်ဖက်တည်းဖြင့် ရေတွက်၍ ရနိုင်၏။

ရိုးရိုးသားသား ဆိုရလျှင် ဤသည်မှာ သူ၏ ဒုတိယအကြိမ် ဝိညာဉ်ကြော တုန်ခါမှုနှင့် ဆုံတွေ့ရခြင်းပင်။

ပြဿနာမှာ ပထမအကြိမ် ဆုံတွေ့ခဲ့စဉ်က သူသည် မည်သည့် ရတနာမျှ မရရှိခဲ့ချေ။

သူ တစ်ယောက်တည်းသာ မဟုတ်ပါ။ ကျင့်ကြံသူ အများစုမှာလည်း လက်ဗလာဖြင့်သာ ပြန်လာခဲ့ကြရ၏။

သို့သော် ၎င်းက သူ၏ ကံကို စမ်းသပ်ခြင်းမှ မတားဆီးနိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ မည်သည့် ကုန်ကျစရိတ်မျှ မရှိသောကြောင့်ပင်။

အကယ်၍ မအောင်မြင်ခဲ့လျှင်တောင်မှ ဘာမှ ဆုံးရှုံးသွားမည် မဟုတ်ချေ။

"ဒါက သေချာပေါက် အခွင့်အရေး တစ်ခုပဲ။"

"ဝိညာဉ်ပစ္စည်း တစ်ခုခု ပေါ်လာမလားဆိုတာ ကြည့်ဖို့ အနီးအနားမှာ လှည့်လည်သွားလာဖို့ လိုလိမ့်မယ် ထင်တယ်။"

ချန်လီရှန်းနှင့် အခြားသူများက ချက်ချင်း ပြန်ဖြေလိုက်ကြ၏။

ဤအခွင့်အရေးကို သူတို့ လက်လွတ် မခံသင့်ကြောင်း ခံစားလိုက်ကြရသည်။

အကယ်၍ လက်လွတ်ခံလိုက်ရပါက တစ်သက်လုံး နောင်တရနေရမည် ဖြစ်၏။

"ဝိညာဉ်ကြော တုန်ခါမှု ဟုတ်လား။ ဝိညာဉ်ပစ္စည်းတွေ ပေါ်လာတယ်ပေါ့"

"အမှန်ပဲ၊ ကြယ်ခုနစ်ပွင့် တောင်ထွတ်ကို ပြန်ရောက်ကတည်းက၊ အခွင့်အရေးတွေက တစ်ခုပြီးတစ်ခု ရောက်လာနေတာပဲ။"

ကျန်းဖန်သည် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်၏။

ကြယ်ခုနစ်ပွင့် တောင်ထွတ်သို့ ပြန်ရောက်ပြီး မကြာမီမှာပင် ဤကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

ထင်ရှားသည်မှာ ၎င်းသည် သူ၏ များပြားလှသော ကံကောင်းခြင်းအမှတ်များကြောင့်ပင် ဖြစ်၏။

မဟုတ်ပါက၊ အကယ်၍ သူသာ ရိလင် ကျွန်းစုတွင် ရှိနေသေးမည်ဆိုပါက ဤအခွင့်အရေးကို လက်လွတ်ခံရနိုင်ပေသည်။

သို့မဟုတ် ရိလင် ကျွန်းစုတွင် ကာလတိုအတွင်း အခွင့်အရေး များများစားစား မရှိခြင်းလည်း ဖြစ်နိုင်၏။

ကြယ်ခုနစ်ပွင့် တောင်ထွတ် အနီးသို့ ပြန်ရောက်လာမှသာ ရတနာ အမြောက်အမြား ရရှိနိုင်မည့် အခွင့်အရေး ရှိခြင်း ဖြစ်ပေမည်။

ဝုန်း~~~

ချက်ချင်းဆိုသလိုပင် သူ၏ 'မိန်' နှင့် 'ချီပင်လယ်' နက်ရှိုင်းရာရှိ နိမိတ်ဖတ်အင်းသည် စတင် တုန်ခါလာသည်ကို အာရုံခံမိလိုက်ပြီး၊ သတင်းစကား တစ်ရပ်သည် သူ၏ အသိစိတ်ပင်လယ်ထဲသို့ ချက်ချင်း ဝင်ရောက်လာခဲ့၏။

"ဝိညာဉ်ကြော တုန်ခါမှုနှင့်အတူ၊ အခွင့်အရေးများ ပေါ်ထွက်လာသည်၊ သင့်လမ်းကြောင်းကို ဆုံးဖြတ်ပါ၊ ကံကောင်းခြင်းနှင့် အန္တရာယ်သည် လူတစ်ဦးချင်းစီအပေါ်တွင်သာ မူတည်သည်။"

"နေဝင်ချိန်တွင် အနောက်တောင်ဘက်ရှိ ချွေ့ယွင် တောင်ထွတ်သို့ ရောက်ရှိပါက အခွင့်အရေးကို ရရှိမည်၊ မည်သည့် အန္တရာယ်မျှ မတွေ့ကြုံရဘဲ ကြီးမားသော ကံကောင်းခြင်းကို ရရှိမည်။"

"နေဝင်ချိန်တွင် အရှေ့မြောက်ဘက်ရှိ ရှင်းယွဲ့ မြစ်သို့ ရောက်ရှိပါက အခွင့်အရေးကို ရရှိမည် ဖြစ်သော်လည်း၊ လျှို့ဝှက်အန္တရာယ်များနှင့် ဆုံတွေ့ရပြီး အသေးစား ကံကောင်းခြင်းသာ ဖြစ်မည်။"

"မွန်းတည့်ချိန်တွင် အနောက်မြောက်ဘက်ရှိ ဝိညာဉ်မီးခိုး တောင်ကြား သို့ ရောက်ရှိပါက အခွင့်အရေးကို ရရှိမည် ဖြစ်သော်လည်း ဆက်စပ်နေသော အန္တရာယ်များ ပါဝင်ပြီး အလွန်တရာ အန္တရာယ်များလှသည်။"

"အခြား အရပ်မျက်နှာများသို့ သွားရောက်ပါက မည်သည့်အရာမျှ မရရှိပါ၊ ပုံမှန်သာ ဖြစ်သည်။"

ချက်ချင်းပင် နိမိတ်ဖတ်အင်းထံမှ သတင်းအချက်အလက် အမြောက်အမြားကို ကျန်းဖန် ရရှိသွားခဲ့၏။

သူသည် ကြီးမားသော ဝမ်းသာပျော်ရွှင်မှုကို ခံစားလိုက်ရသည်။

အမှန်တရားကို ဆိုရလျှင် အခွင့်အရေးများကို ရှာဖွေနေသော အခြား ကျင့်ကြံသူများသည် ကံတရားကိုသာ အားကိုးနိုင်ကြပေသည်။

သို့သော် သူ့အတွက်မူ နိမိတ်ဖတ်အင်း၏ အကူအညီဖြင့် ထွက်ပေါ်လာတော့မည့် ဝိညာဉ်ပစ္စည်းများကို အလွယ်တကူ ရှာဖွေနိုင်ပြီး၊ မကြာမီ ပေါ်လာတော့မည့် အခွင့်အရေးများကို ခြေရာခံနိုင်ပေသည်။

ခေါင်းမပါသော ယင်ကောင် တစ်ကောင်ကဲ့သို့ ရည်ရွယ်ချက်မဲ့ လှည့်လည်သွားလာနေစရာ မလိုတော့ချေ။

"ဒီတော့ အနီးအနားမှာ အခွင့်အရေး သုံးခုလောက် ပေါ်လာနိုင်တာပေါ့။"

"ဝိညာဉ်မီးခိုး တောင်ကြားက အခွင့်အရေး တစ်ခု၊ ဒါပေမယ့် အန္တရာယ်တွေ ပါဝင်ပြီး အသက်အန္တရာယ်တောင် ရှိနိုင်တယ်။"

"အဲဒီလို နေရာမျိုးကို မသွားသင့်တာ ထုံးစံဘဲ။"

"ရှင်းယွဲ့ မြစ်မှာ အခွင့်အရေး ရနိုင်တယ် ဆိုပေမယ့်၊ အန္တရာယ်ကလည်း အတော်လေး ကြီးမားပြီး လျှို့ဝှက် အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။"

"သွားဖို့အတွက် ချွေ့ယွင် တောင်ထွတ် တစ်ခုပဲ ကျန်တော့တဲ့ပုံပဲ။"

"ဒီနေရာကို သွားတာက ဘာအန္တရာယ်မှ မရှိတဲ့အပြင် ကြီးမားတဲ့ ကံကောင်းခြင်းရဲ့ နိမိတ်လက္ခဏာ တစ်ခုပဲ။"

ကျန်းဖန်သည် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်၏။

သံသယဖြစ်စရာမလိုပါ။ ဤသတင်းစကားများသည် သူ၏ အနာဂတ် လှုပ်ရှားမှုများအတွက် လမ်းညွှန်မှုများကို ပေးအပ်လိုက်ပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် လူတစ်ယောက်တည်းသာ ဖြစ်ပြီး နေရာတိုင်းသို့ မသွားရောက်နိုင်ပါ။ အရင်းအမြစ်များမှာလည်း အကန့်အသတ် ရှိနေသောကြောင့်ပင်။

ထို့ကြောင့် လောလောဆယ်တွင် သူသည် ချွေ့ယွင် တောင်ထွတ်သို့သာ ဦးတည်သွားနိုင်ပေသည်။

ဤနေရာသို့ သွားခြင်းက မည်သည့် အန္တရာယ်မျှ မရှိသလို သိသာထင်ရှားသော အခွင့်အရေး တစ်ခုကိုလည်း ရရှိစေမည် ဖြစ်၏။

အခြား နေရာများတွင်မူ အန္တရာယ် အမျိုးမျိုး ပါဝင်နေပေသည်။

ထိုနေရာများသို့ သူ သွားရောက် စွန့်စားရန် မလိုအပ်ချေ။

…….

အခန်း ၃၈၆ - ဝိညာဉ်အမြစ် ပါရမီကို မြှင့်တင်ပေးနိုင်သော ဝိညာဉ်ပစ္စည်းဖြစ်သည့် ကောင်းကင်ပန်းကို ရိတ်သိမ်းခြင်း။

"တာအိုရဲဘော်တို့ တစ်ယောက်ချင်းစီက ဘယ်အရပ်မျက်နှာကို ရွေးချယ်ကြမလဲ မသိဘူးနော်။"

ဤအခိုက်အတန့်တွင် ဆေးဖော်စပ်သူ အကြီးအကဲ ဝေ့ဆုန်က မေးမြန်းလိုက်၏။

မည်သို့ပင်ဆိုစေကာမူ အခွင့်အရေးများနှင့် ဆုံတွေ့နိုင်မည့် အခွင့်အလမ်းကို အမြင့်ဆုံး ဖြစ်စေရန်အတွက်၊ သဘာဝကျကျပင် ခွဲပြီး လှုပ်ရှားကြသည်က အကောင်းဆုံး ဖြစ်ပေသည်။

အကယ်၍ လူတိုင်းသာ အတူတကွ ရှိနေမည်ဆိုပါက၊ တစ်ယောက်ချင်းစီ အခွင့်အရေး ရရှိနိုင်မည့် ဖြစ်တန်စွမ်းမှာ ပိုမို သေးငယ်သွားမည် ဖြစ်၏။

ထို့အပြင် အကယ်၍ အခွင့်အရေးများသာ ပေါ်လာပါက၊ သူတို့ အချင်းချင်း တိုက်ခိုက်မိကြပြီး ရန်သူတွေ ဖြစ်သွားနိုင်ပေသည်။

ထို့ကြောင့် အချင်းချင်း ပဋိပက္ခများကို ရှောင်ရှားရန် ခွဲပြီး လှုပ်ရှားခြင်းက ပိုကောင်းမည်ဟု သူ ခံစားလိုက်ရသည်။

"ငါကတော့ အနီးအနားက ရှင်းယွဲ့ မြစ်ဘက်ကို သွားကြည့်ဖို့ စီစဉ်ထားတယ်။"

"အဲဒီမြစ်က ကီလိုမီတာ ထောင်ပေါင်းများစွာ ရှည်လျားပြီး အလွန် ကျယ်ဝန်းသလို၊ ဝိညာဉ်ငါးတွေလည်း အများကြီး ရှိတယ်။"

"အဲဒီမှာ ဝိညာဉ်ပစ္စည်း တစ်ခုခု ထွက်ပေါ်လာနိုင်လောက်တယ်။"

လျန်မင်လန်က ချက်ချင်း ပြောလိုက်၏။ သူမ သွားချင်သည့် နေရာကို အစောကြီးကတည်းက ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။ သူမသည် ရေနှင့် ရေစက်ပါသည်ဟု ခံစားရပြီး၊ မြစ်အနီးတွင် သင့်တော်သော အခွင့်အရေးတစ်ခုကို ရှာတွေ့နိုင်မည်ဟု ယုံကြည်ထား၏။

"ငါကတော့ ဝိညာဉ်မီးခိုး တောင်ကြားက ကောင်းမယ် ထင်တယ်။"

"အဲဒီနေရာက မြူခိုးတွေနဲ့ ဖုံးလွှမ်းနေပြီး ဝိညာဉ်ချီတွေလည်း ကြွယ်ဝတယ်။"

"အဲဒါက သာမန်မဟုတ်တဲ့ နေရာတစ်ခုဆိုတာ ထင်ရှားပါတယ်။"

"အဲဒီတောင်ကြားမှာ ဝိညာဉ်ပစ္စည်းတွေ ပေါ်လာနိုင်မယ်လို့ ငါ ယုံကြည်တယ်။"

ချန်လီရှန်းက လေးနက်သော လေသံဖြင့် ပြောလိုက်ပြီး သူ၏ ခရီးပန်းတိုင်ကိုလည်း ဆုံးဖြတ်လိုက်၏။

"ကျွန်တော်ကတော့ တိကျတဲ့ ခရီးပန်းတိုင် မရှိဘဲ အနောက်တောင်ဘက်ကို သွားချင်ပါတယ်။"

"ဒီတစ်ကြိမ်တော့ တစ်ခုခု ရဖို့ မျှော်လင့်ပါတယ်။"

ကျန်းဖန်ကလည်း ဝင်ပြောလိုက်သည်။

ယွီခယ်လျန်ကလည်း အရပ်မျက်နှာ တစ်ခုကို ပေါ့ပေါ့ပါးပါးပင် ရွေးချယ်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ လူတိုင်းက သူတို့၏ ကံကို စမ်းသပ်နေကြခြင်းသာ ဖြစ်ရာ ဘယ်အရပ်မျက်နှာဆိုသည်က သိပ်ပြီး အရေးမကြီးလှချေ။

"အဲဒီလိုဆိုရင်တော့ လူတိုင်း ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။"

ဆေးဖော်စပ်သူ အကြီးအကဲ ဝေ့ဆုန်က ခေါင်းညိတ်လိုက်ပြီး အခြားသူများနှင့် မတူညီသော အရပ်မျက်နှာ တစ်ခုကို ရွေးချယ်ကာ လျင်မြန်စွာ ပျံသန်း ထွက်ခွာသွားခဲ့၏။

အခြား ကျင့်ကြံသူများသည်လည်း ထိုနည်းတူပင် ပြုလုပ်ကြပြီး ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားကြသည်။

ကျန်းဖန်သည် စုဝေဝေအား နှုတ်ဆက်ပြီးနောက် အနောက်တောင်ဘက်သို့ ပျံသန်းသွားခဲ့၏။ စုဝေဝေကမူ ထွက်ခွာရန် မစီစဉ်ထားဘဲ ကြယ်ခုနစ်ပွင့် တောင်ထွတ်တွင်သာ ကျန်ရစ်နေခဲ့သည်။

......

တစ်ချိန်တည်းမှာပင် ရွှမ်ကောင်းကင် ဓားဂိုဏ်း၏ ပိုင်နက်နယ်မြေအတွင်း၌။

မိသားစု ကျင့်ကြံသူများနှင့် ဂိုဏ်း ကျင့်ကြံသူ အမြောက်အမြားသည် ဝိညာဉ်ကြော တုန်ခါမှု အကြောင်းကို သဘာဝကျကျပင် သိရှိသွားခဲ့ကြ၏။

တစ်ကိုယ်တော် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက၊ ၎င်း၏ အဓိပ္ပာယ်ကို သူတို့က ပိုမို ကောင်းမွန်စွာ နားလည်ထားကြသည်။

သူတို့ တစ်ယောက်စီတိုင်းမှာ လွန်စွာ ဝမ်းသာပျော်ရွှင်နေကြ၏။

"ဟားဟား၊ ဝိညာဉ်ကြော တုန်ခါမှု... နောက်ဆုံးတော့ ဝိညာဉ်ကြော တုန်ခါမှုက နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့ပြီပဲ။"

"ဝိညာဉ်ကြော တုန်ခါမှု ဖြစ်ပေါ်လာတိုင်း ဝိညာဉ်ပစ္စည်း အမြောက်အမြား ထွက်ပေါ်လာလေ့ ရှိတယ်။ ဒီတစ်ကြိမ်တော့ ငါတို့ လုံးဝ လက်လွတ်ခံလို့ မဖြစ်ဘူး။"

"အမှန်ပဲ၊ ဒီဝိညာဉ်ပစ္စည်းတွေက ပုံမှန်ဆို ဝိညာဉ်ကြောတွေရဲ့ နက်ရှိုင်းရာမှာ ပုန်းအောင်းနေတတ်ပြီး ငါတို့ ရှာတွေ့ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဝိညာဉ်ကြော တုန်ခါမှု အတွင်းမှာတော့ သူတို့က ထွက်ပေါ်လာကြတယ်။ ဒါက ရှားပါးတဲ့ အခွင့်အရေး တစ်ခုပဲ။"

"အကယ်၍ ငါတို့သာ ရှားပါးတဲ့ ဝိညာဉ်ပစ္စည်း တချို့ကို ရနိုင်မယ်ဆိုရင် ဒါက ကြီးမားတဲ့ ကံကြမ္မာကောင်း တစ်ခု ဖြစ်လာမှာပဲ။ မရေမတွက်နိုင်တဲ့ ရှေ့ဆောင် ကျင့်ကြံသူကြီးတွေဟာ အလားတူ အခွင့်အရေးတွေကနေ ကောင်းကင်အထိ မြင့်တက်သွားခဲ့ကြပြီး ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ခံစားခဲ့ကြရတာ။"

ကျင့်ကြံသူ အသီးသီးမှာ အလွန်အမင်း ပျော်ရွှင်နေခဲ့ကြ၏။

သူတို့သည် ချက်ချင်း ထွက်ခွာသွားပြီး ထွက်ပေါ်လာမည့် ဝိညာဉ်ပစ္စည်း အားလုံးကို သူတို့၏ လက်တွင်းသို့ သိမ်းပိုက်ရန် စိတ်အားထက်သန်နေကြသည်။

မကြာမီ ထွက်ပေါ်လာတော့မည့် ထိုဝိညာဉ်ပစ္စည်းများကို သူတို့ ပိုင်ဆိုင်ပြီးသား အရာများအဖြစ် သတ်မှတ်ထားသကဲ့သို့ပင် ဖြစ်နေ၏။

"ပြဿနာက ငါတို့အပြင် တစ်ကိုယ်တော် ကျင့်ကြံသူတွေကလည်း ဒါကို သိနေကြတာပဲ။"

"ပြီးတော့ တစ်ကိုယ်တော် ကျင့်ကြံသူတွေကလည်း အရမ်းများလွန်းတယ်၊ သူတို့က အခွင့်အရေးတွေကို စောစောစီးစီး သိမ်းပိုက်သွားတာမျိုး ဖြစ်နိုင်တယ်။"

ဂိုဏ်း ကျင့်ကြံသူ အချို့က ဤအချက်ကို စိုးရိမ်နေကြ၏။

မည်သို့ပင်ဆိုစေကာမူ ထွက်ပေါ်လာမည့် ဝိညာဉ်ပစ္စည်းများကို ရယူရန်အတွက် အတိုင်းအတာ တစ်ခုအထိ ကံကောင်းရန် လိုအပ်နေသေး၏။

လုံလောက်သော ကံကောင်းခြင်း မရှိပါက၊ သူတို့ တတ်နိုင်သည်မှာ အချည်းနှီး ကြည့်နေရုံသာ ရှိမည် ဖြစ်သည်။

ရွှမ်ကောင်းကင် ဓားဂိုဏ်းမှ အုပ်ချုပ်သော ဧရိယာမှာ အလွန်တရာ ကျယ်ဝန်းလှပြီး၊ သူတို့၏ စစ်မှန်သော ထိန်းချုပ်မှုအောက်တွင် သေးငယ်သော အစိတ်အပိုင်းလေး တစ်ခုသာ ရှိပေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ လူအင်အားမှာ အလွန် အကန့်အသတ် ရှိနေသေးသောကြောင့်ပင်။

ဂိုဏ်း၏ ပိုင်နက်နယ်မြေ အတွင်းရှိ နေရာတိုင်းကို စောင့်ကြည့်ရန်မှာ မဖြစ်နိုင်ချေ။

"စိုးရိမ်စရာ မလိုပါဘူး။"

"အကယ်၍ အဲဒီ တစ်ကိုယ်တော် ကျင့်ကြံသူတွေက ငါတို့ မတွေ့ခင်မှာ ဝိညာဉ်ပစ္စည်းတွေကို ရသွားတယ်ဆိုရင်လည်း ဖြစ်ပါစေတော့လေ။"

"မည်သို့ပင်ဆိုစေကာမူ အဲဒါက သူတို့ရဲ့ ကံတရားပဲ၊ ငါတို့ ပြောစရာ ဘာမှမရှိပါဘူး။"

"ဒါပေမယ့် အကယ်၍ ငါတို့နဲ့ တစ်ချိန်တည်းမှာ အတူတူ တွေ့ခဲ့မယ်ဆိုရင်တော့၊ ဘယ်သူ့ကိုမှ ညှာတာမှာ မဟုတ်ဘူး အပြတ်ရှင်းပစ်မှာပဲ။"

"ရတနာတွေက သဘာဝအရ ဂုဏ်သိက္ခာရှိတဲ့သူတွေနဲ့ပဲ သက်ဆိုင်တာ၊ အဲဒီ တစ်ကိုယ်တော် ကျင့်ကြံသူတွေမှာ ဂုဏ်သိက္ခာ မရှိကြဘူး။ ဝိညာဉ်ပစ္စည်းတွေကို အတင်းအဓမ္မ ရယူဖို့ ကြိုးစားတာက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။"

အပြင်းအထန် ဆွေးနွေးမှုများ ရှိနေခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်များမှ သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။

ထင်ရှားသည်မှာ ဝိညာဉ်ကြော တုန်ခါမှုတိုင်းနှင့် ဝိညာဉ်ပစ္စည်းများ ထွက်ပေါ်လာမှုတိုင်းသည် သတ်ဖြတ်မှုများနှင့် သေဆုံးမှုများကို မလွှဲမရှောင်သာ နောက်မှ လိုက်ပါလာစေခြင်းပင် ဖြစ်သည်။

အခွင့်အရေးများအတွက် ယှဉ်ပြိုင်ခြင်းကို မည်သူကမျှ လက်လွှတ်မည် မဟုတ်ချေ။

အကယ်၍ သူတို့ အခွင့်အရေးကို လိုချင်ပါက ၎င်းအတွက် တိုက်ပွဲဝင်ရမည် ဖြစ်၏။

အခြား ကျင့်ကြံသူများက လှုပ်ရှားလိုပါက သူတို့နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ချက်ချင်းပင် မိသားစု ကျင့်ကြံသူများနှင့် ဂိုဏ်း ကျင့်ကြံသူ အမြောက်အမြား စတင် ထွက်ခွာသွားကြ၏။

မကြာမီ ထွက်ပေါ်လာတော့မည့် ထိုဝိညာဉ်ပစ္စည်းများကို ရှာဖွေရန် ကြိုးစားရင်း၊ သူတို့သည် မတူညီသော နေရာအသီးသီးသို့ ပြန့်ကျဲသွားခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် ဒေသတစ်ခုလုံးမှာ သက်ဝင်လှုပ်ရှား လာခဲ့တော့သည်။

......

နေဝင်ချိန်၌။

ချွေ့ယွင် တောင်ထွတ် အနီး၌။

ကျန်းဖန်သည် ကိုယ်ပျောက်အင်း၏ စွမ်းအားဖြင့် ဤနေရာသို့ ဖြည်းညင်းစွာ ရောက်ရှိလာခဲ့၏။

နိမိတ်ဖတ်အင်း၏ အဆိုအရ ဤနေရာတွင် အခွင့်အရေး ရှိနေသော်ငြားလည်း နေဝင်ချိန် ဖြစ်ရန် လိုအပ်ကြောင်းကို သူ သိထားပေသည်။

အခြား အချိန်များတွင် ရောက်ရှိလာခြင်းက အခွင့်အရေးကို လက်လွတ်သွားစေခြင်း သို့မဟုတ် အချည်းနှီး ကြိုးစားမှုတစ်ခုသာ ဖြစ်သွားနိုင်ခြေ အလွန်များပေသည်။

ဤအခိုက်အတန့်တွင် သူ၏ ဝိညာဉ်အာရုံက အရပ်မျက်နှာ အားလုံးကို လွှမ်းခြုံထားလိုက်၏။

ထင်ရှားသည်မှာ ဤဧရိယာတွင် သူမှလွဲ၍ အခြား ကျင့်ကြံသူများ ရှိမနေခြင်းပင်။

အမှန်တရားကို ဆိုရလျှင်၊ ဤသည်မှာ ကောင်းသော ကိစ္စတစ်ခုပင် ဖြစ်၏။

မဟုတ်ပါက သူသည် အခြား ကျင့်ကြံသူများနှင့် ဆုံတွေ့ပြီး အခွင့်အရေး တစ်ခု ပေါ်လာပါက တိုက်ပွဲတစ်ခုကို မလွှဲမရှောင်သာ ဆင်နွှဲရမည် ဖြစ်သည်။

ဝုန်း~~

ထိုအချိန်မှာပင် နေဝင်သွားသည်နှင့် တစ်ပြိုင်နက်၊ ချွေ့ယွင် တောင်ထွတ် အနီးရှိ မြေပြင်သည် စတင် တုန်ခါလာခဲ့၏။

မြေပြင်တွင် ဧရာမ အက်ကွဲကြောင်းကြီး တစ်ခု ပေါ်လာပြီး ကျောက်စရစ်ခဲများ နေရာအနှံ့ လွင့်စင်သွားခဲ့သည်။

ကြီးမားလှသော ဝိညာဉ်ချီ လှိုင်းလုံးကြီးတစ်ခုက အက်ကွဲကြောင်းထဲမှ ပန်းထွက်လာပြီး၊ အရောင်အသွေး စုံလင်လှသော အလင်းတန်းများနှင့်အတူ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့၏။

ပြီးနောက် ကြီးမားကျယ်ပြန့်သော ဝိညာဉ်စွမ်းအင် ဝဲကတော့ တစ်ခုကို ဖွဲ့စည်းလိုက်သည်။

"ဝိညာဉ်ကြော တုန်ခါမှု ထပ်ဖြစ်ပြန်ပြီလား။"

ဝိညာဉ်ကြော တုန်ခါမှုသည် တစ်ကြိမ်တည်းသာ ဖြစ်ပေါ်မည် မဟုတ်ဘဲ ရက်အတော်ကြာ ဆက်လက် ဖြစ်ပေါ်နေမည်ဖြစ်ပြီး၊ နေ့စဉ် အဆက်မပြတ် တုန်ခါမှုများကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း ဆေးဖော်စပ်သူ အကြီးအကဲ ဝေ့ဆုန် ထံမှ ကျန်းဖန် သိရှိထားခဲ့၏။

ဤသည်က မြေအောက် နက်ရှိုင်းရာရှိ မရေမတွက်နိုင်သော ဝိညာဉ်ကြောများကို တုန်ခါစေရန် နှိုးဆွပေးမည်ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ချီ မုန်တိုင်းများကို ဖြစ်ပေါ်စေမည် ဖြစ်သည်။

All Chapters