← Chapters

အပိုင်း(၁၇၇)-မုန်တိုင်းအတွင်း ကျသွားခြင်း

Vol. 002 Ch. 177

အပိုင်း(၁၇၇)-မုန်တိုင်းအတွင်း ကျသွားခြင်း

Vol. 002 Ch. 177

အထွတ်အထိပ်သားရဲနောက်မှ မုန်တိုင်းလာသည်ကို ရှီမာယူယူမြင်သည်နှင့် ဟိန်းသံလေးအား ဝိညာဉ်စေတီထဲသို့ ပို့လိုက်လေသည်။

ထိုမုန်တိုင်းသည် သူမအတွက် အန္တရာယ်ကြီးမားသည်ကို ခံစားမိသည်။ သူမသာ ထိုအထဲသို့ စုပ်ယူခံရပါက သူမခန္ဓာကိုယ်မှ အရိုးများသည် ကျိုးကြေသွားမည်ဖြစ်သည်။ သူမ အစိတ်အပိုင်းတစ်ခုမှမကျန် စုတ်ဖြဲခံရလိမ့်မယ်လို့ ဘယ်သူသိမလဲ။

အထွတ်အထိပ်သားရဲသည် တခြားသူများကဲ့သို့ သွေးဆာခြင်းမရှိသေည်ကို သူမ သိလိုက်သည်။ မုန်တိုင်းနှင့်အတူပါလာသော လေသည် အနည်းငယ်ပြင်းထန်သော်လည်း အထက်ပိုင်းဒေသပါဝင်ရုံမျှသာဖြစ်၍ မြေပေါ်ရှိ လူများနှင့် သားရဲများတွင် သက်ရောက်မှုမရှိပေ။

“ငါတို့လုပ်နိုင်တာကတော့ ပြေးတာပဲရှိမယ့်ပုံပဲ” ရှီမာယူယူသည် ဝေကျိရွှီနှင့် တခြားသူများကို ကြည့်လိုက်ရာ သူမဆိုလိုသည့်အဓိပ္ပာယ်ကို ချက်ချင်းပင်နားလည်လိုက်ကြသည်။

ဆိုဖီယာတောင်တန်းရှိ နေရာတိုင်းတွင် ဝိညာဉ်သားရဲများရှိနေကြသည်။ သူတို့သည် သူ့အားနာခံကြသည်။ သည်လိုနှင့် သူမသည် ဆန့်ကျင်ဘက်သို့ ပျံသွားလေသည်။

“ပြေးဖို့ကြိုးစားတာလား” ရှီမာယူယူ ပြေးလိမ့်မည်ဟု အထွတ်အထိပ်သားရဲထင်မထားပေ။ သို့သော် အောက်ရှိ သားရဲများသည် ရပ်နေကာ သူမအား လိုက်ရန် အမိန့်ကိုနာခံမည်ကို သိသဖြင့် မစိုးရိမ်ပေ။

သူမအား သတ်ချင်သည်ထက် သူ့အားကြောက်စေသည့် သူမ အသုံးပြုလိုက်သော မီးတောက်အမျိုးအစားကို သိချင်မိသည်။

သူတို့အားလုံးပြေးသည်ကို ဝေကျိရွှီ တွေ့သည်နှင့် သူမနောက်မှလိုက်လေသည်။

“ဒေါ်လေးငယ် ကျွန်တော်လည်းသွားကြည့်လိုက်ဦးမယ်” ဘိုင်ယွန်ရွှီသည် စွန်းလီလီအား အော်ပြီး ဝေကျိရွှီနှင့် တခြားသူများနှင့်အတူ ပျံသွားလေသည်။

“မင်း….” စွန်းလီလီ စကားမဆုံးခင်ပင် ဘိုင်ယွန်ရွှီသည် ပျံသန်းသွားကာ အဝေးသို့ရောက်သွားပြီဖြစ်သည်။

တံတိုင်းအောက်တွင် ဝိညာဉ်သားရဲအများအပြားရှိနေသည်ကို စဉ်းစားကြည့်လျှင် သူတို့ထွက်သွားသည်မှာ မဖြစ်နိုင်သဖြင့် သူတို့ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့ရသည်။

“အဲလူတွေ တကယ်မြန်တာပဲ”

ဝိညာဉ်သခင်များသည် လူတချို့ပျံသန်းသွားသော အရှိန်နှုန်းအား မြင်သည်နှင့် အံ့သြစွာဖြင့် အော်လိုက်ကြသည်။

“ကြည့်လိုက်ကြ ဝိညာဉ်သားရဲတွေက နောက်ပြန်ဆုတ်နေကြပြီ”

ဝိညာဉ်သခင်များသည် ဝိညာဉ်သားရဲများ ပြန်လှည့်သည်ကို မြင်သည်နှင့် ရှီမာယူယူနှင့် တခြားသူများအပေါ်တွင် အာရုံမရှိကြတော့ပေ။

“ဟုတ်တယ်ဟေ့ တောင်ခြေက ဝိညာဉ်သားရဲတွေက အကုန်ပြန်လှည့်ကုန်ကြပြီ”

“အဲဒီ ဝိညာဉ်သားရဲတွေက ဘာလို့ ပြန်လှည့်ကြတာလဲ”

“ပွဲကြီးပွဲကောင်းကို ဒီလိုပဲပြီးသွားတာလား”

ဖြစ်ပွားသော အဖြစ်အပျက်များကိုကြည့်ပြီးနောက် ဝိညာဉ်သခင်အများစုသည် လိမ်လည်လှည့်ဖျားခံရ သကဲ့သို့ ခံစားလိုက်ရသည်။ ကြောက်စရာကောင်းသော တိုက်ပွဲဖြစ်လိမ့်မည်ဟု အားလုံးကထင်ထားကြသည်။ တစ်ချက်မှ မလှုပ်ရသေးခင်ပြီးသွားလိမ့်မည်ဟု ဘယ်သူမှ ထင်မထားပေ။

ထိုသည်မှာ ပြပွဲတစ်ခုအားကြည့်ရန် တစ်စုံတစ်ယောက်က ဗုံတီးလိုက်ချိန်တွင် တစ်စုံတစ်ယောက်သီချင်းဆိုသည်ကို ကြည့်ရန် ဟန်ပြင်ချိန်တွင် ပွဲပြီးသွားသည်နှင့် တူသည်။

ဝိညာဉ်သားရဲများ နောက်ပြန်ဆုတ်သည်ကို မြင်သည်နှင့် စွန်းလီလီနှင့် ဝမ်လိုင်တို့သည် သက်ပြင်းရှည်ချမိတော့သည်။ သူတို့သာ တိုက်ခိုက်ခဲ့ပါက သုံးနွေဦးမြို့တော်သည် သေချာပေါက် အမြစ်ဖြုတ်ခံရမည်ဖြစ်သည်။

ဝိညာဉ်သားရဲများသည် ထိုနေရာသို့ရောက်ရှိရန် တစ်ရက်မှ နှစ်ရက် အချိန်ပေးရသည်။ သူတို့နောက်ပြန်ဆုတ်ချိန်တွင် နေ့တစ်ဝက်သာကုန်သည်။ တံတိုင်းပေါ်မှ လူများသည် ထိုအရှိန်ကို အံ့သြမိကြလေသည်။

ဆိုဖီယာတောင်တန်းသို့ ပြန်သည့် ဝိညာဉ်သားရဲနောက်ဆုံး အုပ်စုအားမြင်သည်နှင့် ဝမ်လိုင်သည် တံတိုင်းပေါ်ရှိ ဝိညာဉ်သခင်များအား လက်ဝှေ့ပြကာ ပြောလိုက်သည် “ဒီတစ်ခါလာပေးတာ အားလုံးကို ကျေးဇူးတင်ပါတယ်၊ နောက်ဆုံးတိုက်ပွဲမဖြစ်ပေမယ့် ပေေးထားတဲ့ ကတိအတိုင်း လုပ်ခ တွေပေးပါမယ်”

ဝမ်လိုင်ပြောသည်များကို ကြားသောအခါ အားလုံးဝမ်းသာကြသည်။ တိုက်ပွဲမရှိတော့သဖြင့် လုပ်ခမရတော့ဟု အားလုံးကတွေးထားကြသည်။

“မင်းတို့အားလုံး မြို့တော်ပေါက်ဝကို ဆက်ပြီးကာကွယ်ပေးရမယ်၊ သားရဲအုံကြွတာက ပြီးလား မပြီးလားဆိုတာ မသေချာသေးဘူး၊ ပြီးတော့ ဂိတ်ကို သုံးရက်ပိတ်ထား၊ အဲအချိန်အတွင်း ဘယ်သူမှ ဝင်ထွက်သွားလာလို့မရဘူး” ဝမ်လိုင်သည် စစ်သည်များကို ညွှန်ကြားပြီး ဝိညာဉ်သခင်များအား ပြောလိုက်သည် “ဦးဆောင်ပေးပါဦး”

“မြို့အုပ် ကျေးဇူးပြုပြီး…”

“သားရဲစီးကြောင်းက အခုလေးတင် နောက်ဆုတ်သွားတာ ရက်နည်းနည်းလောက် သုံးနွေဦးမြို့မှာ နေကြဖို့ အကူအညီတောင်းပါတယ်…”

“ကိစ္စမရှိပါဘူး”

“ဒီအတွက်အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်”

သားရဲစီးကြောင်းအပြီး သုံးလေးရက်အကြာတွင် သုံးနွေဦးမြို့တော်သည် စိုးရိမ်ရသော အခြေအနေကို ကျော်လွှားကာ ငြိမ်းချမ်းရေးရသွားလေသည်။ မြို့တော်နှင့် ဆိုဖီယာတောင်တန်းကို သွားလာခြင်းမရှိသည်မှ လွဲ၍ အားလုံးသည် ပုံမှန်ဖြစ်သည်။

ရှီမာယူယူဘက်တွင် သူမသည် သုံးနွေဦးမြိုု့တော်မှ ပျံသန်းလာကာ ဘာပဲဖြစ်ဖြစ် ပျံသန်းမိလေသည်။ အထွတ်အထိပ်သားရဲသည် သူမနောက်သို့ လောခြင်းမရှိပဲ လိုက်လာသည်။

ဝေကျိရွှီနှင့် ငါးယောက်အဖွဲ့သည် သူတို့နောက်မှလိုက်လာကြသည်။

“ယူယူက တကယ်မြန်တာပဲ၊ သူ့အရိပ်အယောကိုတောင် မမြင်ရတော့ဘူး” ဘိုင်ယွန်ရွှီသည် အနက်ရောင်အံ့ဖွယ် လင်းတငှက်အားစီးကာ ရှီမာယူယူနှင့် သူတို့ကြားက အကွာအဝေးသည် ပိုပိုကျယ်လာသည်ကို ကြည့်နေလေသည်။

သုံးနွေဦးမြို့တော်မှထွက်သွားပြီး မကြာမီတွင် ဝေကျိရွှီနှင့် တခြားသူများသည် အံ့ဖွယ်လင်းတငှက်အား ခေါ်ကာ စီးကြပြီး ရှီမာယူယူနောက်သို့လိုက်ကြလေသည်။

“ဝေကျိရွှီမှာ အံ့ဖွယ်လင်းတငှက်ရှိလိမ့်မယ်လို့ ငါထင်တောင်ထင်မထားဘူးး” ဘိုင်ယွန်ရွှီသည် တခြားသူများနှင့်အတူ ထိပ်တွင်ထိုင်ကာ ပြောလိုက်သည်။

ရှီမာယူယူနှင့် ကျန်သောသူများ ပျောက်ကွယ်သွားသည်ကို မြင်သော်လည်း ဝေကျိရွှီနှင့် တခြားသူများသည် ချောက်ချားသွားခြင်းမရှိပေ။ အထွတ်အထိပ်သားရဲသည် အံ့ဖွယ်ဝိညာဉ်သခင်နှင့် တူညီသော်လည်း ထိုနေရာသည် သူမ၏ ပိုင်နက်ဖြစ်သည်။ သူတို့ မနိုင်သော်လည်း ဘယ်သူမှမရှိသော နေရာသို့သွားပြီး ဝိညာဉ်စေတီထဲတွင် ပုန်းနိုင်သည်။

ရှီမာယူယူ တည့်တည့်ပင် ပျံသန်းကာ သူမ ဘယ်လောက်ပျံသန်းသလဲဆိုသည်ကိုပင် မသိတော့ပေ။ မုန်တိုင်းသည် ကျန်ရှိနေသေးပြီး အထွတ်အထိပ်သားရဲသည် ထိုအပေါ်တွင်ထိုင်ကာ သူမနောက်သို့ လိုက်လေသည်။

အချိန်ရောက်လာသောအခါ ထိုသားကောင်အား စုတ်ဖြဲရသည်မှာ ပျော်စရာကောင်းသည့်ပုံပင်။

“သေစမ်း သူက ငါ့နောက်ကို လိုက်တုန်းပဲ” ရှီမာယူယူ လှည့်ပြီး မုန်တိုင်းအားကြည့်လိုက်သည်။ အနားတွင် ဘယ်သူမှမရှိသည်ကို သူမမြင်ပြီး သူမ ဝိညာဉ်စွမ်းအင်ကို သုံးမှဖြစ်တော့မည်ကို သိသည်။

သူမ ရပ်ကာ နောက်လှည့်လိုက်သည်။ အထွတ်အထိပ်သားရဲ တဖြည်းဖြည်း နီးကပ်လာသည်ကို ကြည့်ပြီး လက်နှစ်ဖက်ဆုလိုက်သည်နှင့် မီးတောက်ဓားရှည်သည် သူမရှေ့တွင်ပေါ်လာလေသည်။

“သေစမ်း ငါထပ်ပြီးမပြေးတော့ဘူး” ရှီမာယူယူသည် သူမမီးတောက်ဓားရှည်အား ဆုပ်ကိုင်ပြီး အထဲတွင် အနီရောင်မီးတောက် ဖန်တီးလိုက်ပြီး အထွတ်အထိပ်သားရဲအား ခုတ်လိုက်လေသည်။

အထွတ်အထိပ်သားရဲသည် ကြက်သွေးရောင်မီးတောက်၏ အပူအား ခံစားမိပြီး ရှောင်တိမ်းလိုက်လေသည်။ မုန်တိုင်းသည် ရှီမာယူယူနှင့်တခြားသူများဆီသို့ ပျံလာလေသည်။

“ရွှတ်”

မီးတောက်ဓားသွားသည် မုန်တိုင်း၏ အလယ်သို့ခုတ်ဖြတ်သော်လည်း မုန်တိုင်းသည် ချက်ချင်းပင် ပြန်လာပြန်သည်။ သူမသည် ဓားရှည်ဖြင့် ကာလိုက်သော်လည်း သူမဓားရှည်သည် စုပ်ယူခြင်းခံလိုက်ရသည်။

သူမသည် မုန်တိုင်းအတွင်းသို့ဝင်လိုက်သည့်အချိန်တွင် အထဲရှိ ဖိအားသည် သူမအစိတ်အပိုင်းများ ပြုတ်သွားမတတ် သန်မာသည်ကို ခံစားလိုက်ရသည်။

သူမ အသက်ရှုလို့မရတော့ပဲ တစ်ကိုယ်လုံးနာကျင်နေတော့သည်။သေခြင်းနှင့် နီးကပ်လာသည်ကို ပထမဆုံးအကြိမ်ခံစားဖူးခြင်းဖြစ်သည်။

သူမသည် ဝိညာဉ်စေတီအတွင်းသို့ ဝင်ချင်သော်လည်း သူမ ဝိညာဉ်စေတီသည် တုန့်ပြန်မှုမရှိပဲ တံခါးပိတ်ထားသည်ကို သူမ သိလိုက်ရသည်။

“သေစမ်း”

သူမသည် စိတ်ထဲတွင် ကျိန်ဆဲလိုက်ကာ ဖိအား အားတိုက်ခိုက်ရန် သူမ ကိုယ်ဝါအားဖွင့်ရန်ကြိုးစားလိုက်သည်။

မုန်တိုင်းထဲတွင် ရှီမာယူယူသည် ထိုမျှအချိန်ကြာအောင် နေနိုင်မည်ဟု အထွတ်အထိပ်သားရဲသည် ထင်မထားပဲ  မုန်တိုင်းသည် သူ့လှုပ်ရှားချက်အတိုင်း လိုက်နာကာ အလယ်တွင်ကျဉ်းမြောင်းလာသည်။

“ယူယူ”

ဝေကျိရွှီနှင့် တခြားသူများသည် ထိုမြင်ကွင်းအားမြင်သည်နှင့် အလောတကြီးသွားကာ အံ့ဖွယ်လင်းတငှက်၏ ကျောပေါ်မှ တစ်ယောက်ချင်းစီဆင်းကာ အထွတ်အထိပ်သားရဲအား တိုက်ခိုက်လေသည်။

အထွတ်အထိပ်သားရဲသည် လက်ဝှေ့လိုက်ရာ ယောကျ်ားငါးယောက်အဖွဲ့အား လေများ တိုက်ခိုက်သွားကာ မြေပေါ်တွင် ကျသွားလေသည်။

“မင်းတို့ကို ငါလွှတ်ပေးပြီးသား ဒါပေမယ့် မင်းတို့လာပြီး ကိုယ့်သေတွင်းကိုယ်တူးတာပဲ၊ သူမနဲ့ရှင်းပြီးမှ မင်းတို့နဲ့တွေ့မယ်” အထွတ်အထိပ်သားရဲသည် မြေပေါ်တွင်ဖိအားပေးခံနေရပြီး လှုပ်ရှားမှုမပြုနိုင်သော သူတို့အားကြည့်လိုက်သည်။

မုန်တိုင်းသည် သေးပြီးရင်း သေးလာကာ တဖြည်းဖြည်း ဖိချေခံရသည်ဟု ရှီမာယူယူခံစားမိသည်။

ဝိညာဉ်နယ်ရှင်နှင့် အထွတ်အထိပ်သားရဲတို့ကြားမှ စွမ်းအားကွာခြားမှုသည် ကြယ်တစ်ပွင့်နှင့် တစ်ဝက်ပင် မရှိသော်လည်း ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။ ကွာခြားချက်မှာ ကြီးမားသည်။

“ဒါသာ ဝင်လာရင် ငါ့ဗိုက်တော့ ပေါက်ထွက်တော့မှာပဲ အဲအချိန်ကျရင် ငါ့အူကလီဆာတွေ တော့ထွက်ကျတော့မှာ သေစမ်း ငါအဲလို ရုပ်ဆိုးပန်းဆိုး မသေနိုင်ဘူး”

သူမ ထိုကဲ့သို့စဉ်းစားမိသည်နှင့် ရုတ်တရက်ပင် သူမ ဦးနှောက်ထဲသို့ တစ်စုံတစ်ခုဝင်လာသည်ကို ခုံစားမိလိုက်သည်။ ထို့နောက်တွင် သူမခန္ဓာကိုယ်အား ပင့်မထားသော လေများသည် ပျံ့နှံ့သွားလေသည်။ သူမ မြေပြင်ပေါ်သို့ ပြင်းထန်စွာကျသွားလေသည်။

“ဒါလား”

ရှီမာယူယူ မုန်တိုင်းထဲမှ ထွက်လာသည်ကို အားလုံးမြင်သည်နှင့် ပင့်သက်ရှုမိကြသည်။ သူတို့သည် ဖျော့တော့သော ပုံရိပ်အားမြင်သည်နှင့် အားလုံးသည် အံ့သြသွားရသည်။

All Chapters