အပိုင်း(၁၇၈)-ကြက်သွေးရောင် မီးတောက် နိုးထခြင်း
Vol. 002 Ch. 178
ရှီမာယူယူ ခေါင်းမော့လိုက်ရာ သူမရှေ့တွင် ရပ်နေသော ဖျော့တော့သော ပုံရိပ်အားတွေ့လိုက်ရသည်။
“ဆရာလား”
ပုံရိပ်သည် ရှီမာယူယူအား ဖျော့တော့စွာပြုံးပြကာ ချက်ချင်းပင် လေထဲတွင် ပျောက်ကွယ်သွားလေသည်။
“ဒါက… ဝိညာဉ်အမှတ်အသား” ဘေဂုံထန် အံ့သြစွာပြောလိုက်သည်။
“ဝိညာဉ်အမှတ်အသားဆိုတာ ဘာလဲ” ဖက်တီးကျူမေးလိုက်သည်။
“အံ့ဖွယ်အဆင့်ကျွမ်းကျင်သူတွေက သူတို့လိပ်ပြာတစ်စိတ်တစ်ပိုင်းကို ထုတ်ပြီး တခြားတစ်ယောက်ကို ပေးထားတာ၊ အဲလူက အသက်အန္တရာယ်ရှိတဲ့ အခြေအနေမျိုးမှာဆို ဝိညာဉ်အမှတ်အသားက တုန့်ပြန်ပြီး တိုက်ခိုက်ပေးတာပဲ” ဘေဂုံထန်ရှင်းပြသည်။
“ဆရာဖန်ရဲ့ ဝိညာဉ်အမှတ်အသားက သူမကိုကယ်လို့ ရှီမာယူယူက မုန်တိုင်းထဲကထွက်နိုင်တာလား” ဝေကျိရွှီ ခန့်မှန်းလိုက်သည်။
ရှီမာယူယူ ပတ်ဝန်းကျင်အားအနည်းငယ်အာရုံခံလိုက်ရာ ဖန်ကျိရှင်း၏ အရိပ်သည် သူမ မေ့မျောသွားမည့် အချိန်တွင် အစားဝင်ခဲ့သည်ကို ခံစားမိလိုက်သည်။
သူမအား ဖန်ကျိရှင်းဂရုစိုက်သည်ကို စဉ်းစားကြည့်လိုက်လျှင် သူမ စိတ်ထဲတွင် နွေးထွေးမှုကို ရှီမာယူယူခံစားမိသည်။
အထွတ်အထိပ်သားရဲသည် ရှီမာယူယူအား ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။ အံ့ဖွယ်အဆင့် ကျွမ်းကျင်သူသည် သူမခန္ဓာကိုယ်ထဲတွင် ဝိညာဉ်အမှတ်အသား ထားခဲ့လိမ့်မည်ဟု သူထင်မထားပေ။ သူပြုံးကာ ပြောလိုက်သည် “မင်းမှာ ဝိညာဉ်အမှတ်အသားရှိရင်တောင် မင်းကို တစ်ခါပဲကယ်နိုင်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဝိညာဉ်အမှတ်အသားက ပြီးတာနဲ့ မြန်မြန်သုံးလို့မရနိုင်သေးဘူး၊ မင်းဘာလုပ်မလဲကြည့်တာပေါ့”
ထိုသို့ပြောပြီးနောက် သူ၏ ညာဘက်လက်ကို လှန်လိုက်သည်။ သူ့လှုပ်ရှားမှုနောက်လိုက်ပြီး သူမခန္ဓာကိုယ် ပေါ်သို့ တောင်တစ်တောင်ဖိထားသကဲ့သို့ သူမအရိုးများ ကျိုးကျေသွားသကဲ့သို့ ရှီမာယူယူခံစားလိုက်ရသည်။
“တောင်ရဲ့ ဖိအားကိုခံရတဲ့ ခံစားချက်ကဘယ်လိုလဲ” သူမ ထိုအခြေအနေသို့ ရောက်နေသည်ကို အလွန်အမင်းကျေနပ်စွာဖြင့် ကြည့်ပြီး အထွတ်အထိပ်သားရဲသည် ပြုံးပြီးမေးလိုက်သည်။
“သခင် ကျွန်တော်တို့ကိုထွက်ခွင့်ပေးပါ” ဟိန်းသံတစ်ထောင်နှင့် ငှက်လေးတို့သည် စာချုပ်နေရာမှတစ်ဆင့် ပြောလိုက်သည်။
“ပြိုင်ဘက်က အထွတ်အထိပ်သားရဲလေ၊ မင်းတို့အားလုံးက အံ့ဖွယ်သားရဲပဲရှိသေးတယ်၊ မင်းတို့ထွက်လာရင် သူ့ရဲ့ဖိအားက မင်းတို့ကို ဖိလိမ့်မယ်၊ မင်းတို့ကို ငါဘာလို့ထွက်ခွင့်ပေး…..”
သူမသည် ဝိညာဉ်စေတီနှင့် ဆက်သွယ်၍မရသောကြောင့် အထဲရှိအားလုံးသည် ရှီမာယူယူ၏ အခြေအနေအား မမြင်ရပေ။ သို့သော် သူမသည် ဒဏ်ရာအပြင်းအထန်ရပြီး အသက်မှာအန္တရာယ်များနေသည်ကို သူတို့ခံစားမိကြသည်။
“ရွှတ် ရွှတ် ဒါတွေအားလုံး ငါ့အမှားတွေပါ၊ ငါပြောလိုက်တာကြောင့်မဟုတ်ရင် အထွတ်အထိပ်သားရဲကို ရန်စမိမှာမဟုတ်ဘူး၊ ယူယူဒဏ်ရာရလို့ မဖြစ်ဘူး” ဟိန်းသံလေးသည် ဝိညာဉ်စေတီထဲတွင် အော်နေလေသည်။
“ငါသာ ဖိအားနည်းနည်းလေးပိုပေးလိုက်တာနဲ့ မင်းအသက်ကို ဆုံးရှုံးရနိုင်တယ်” အရိုးများ ကျိုးကြေသည်နှင့် အတူ မြေပေါ်တွင်လဲနေသော ရှီမာယူယူအား မြင်သည်နှင့် အထွတ်အထိပ်သားရဲသည် ပြောလိုက်သည်။ သူမ အဝတ်အစားများသည် ချွေးများဖြင့် စိုရွဲနေပြီး သူမမျက်နှာမှာ ဖြူဖျော့နေသော်လည်း အသံတစ်သံမှမထွက်ပေ။ နီးကပ်စွာကြည့်လျှင် သူမ နှုတ်ခမ်းအား အချိန်ကြာရှည်စွာကိုက်ထားသည်ကို မြင်နိုင်မည်။ လတ်ဆတ်သော သွေးများသည် ပန်းထွက်လာသည်။
ဘာကြောင့်လဲတော့မသိပါ၊ ရှီမာယူယူ၏ ခေါင်းမာခြင်းကို ကြည့်ရသည်မှာ အဆင်မပြေဖြစ်ကာ သူမနှင့် ကစားရသည်မှာ စိတ်ဝင်စားမှုမရှိတော့ပေ။ သူ ပြောလိုက်သည် “အဆုံးသတ်ရအောင်….”
သူ ဖိအားပိုထည့်ရန် ကြိုးစားသေးသည်။ သို့သော် ရှီမာယူယူ၏ ခန္ဓာကိုယ်မှ ထွက်သော စွမ်းအားသည် သူ့အား ဆန့်ကျင်တိုက်ခိုက်နေသည်ကို သူသဘောပေါက်လိုက်သည်။ သူ့အား ပိုထည့်ကြည့်သည် သို့သော် ပြန်တွန်းခံရသည်၊ ထိုသည်မှာ သူ့အား ၁၀မီတာလောက် နောက်ပြန်ဆုတ်သွားစေသည်။
“ဘုန်း”
မမြင်ရသော တောင်အားမ,လိုက်သည်၊ ထိုစွမ်းအားသည် ရှီမာယူယူခန္ဓာကိုယ်မှ ထွက်လာကာ အထွတ်အထိပ်သားရဲမှ ထွက်သည်ထက်ပိုကြောက်စရာကောင်းသည်။
အထွတ်အထိပ်သားရဲသည် မြဲမြဲရပ်ကာ ထိုဖိအား အားခံစားလိုက်ရသည်။ ထို့နောက်တွင် သူသည် ထိန်းချုပ်မှုအား လျော့နည်းသွားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပေါ်တွင် အဆုံးသတ်သွားလေသည်။
ရုတ်တရက်ပင် သူပြန်၍ မတိုက်ခိုက်နိုင်လိုက်ပေ။ ဒါဘယ်လို ဖိအားပါလိမ့်။
“ဒါ ဘာငှက်ပါလိမ့်”
အထွတ်အထိပ်သားရဲ ဖိအားပေးခံရသည်နျင့် ဝေကျိရွှီနှင့် တခြားသောသူများအား ချုပ်ထားသော ဖိအားသည် ပျောက်ကွယ်သွားကာ သူတို့ငါးယောက်သည် လွတ်လပ်သွားတော့သည်။
ဘေဂုံထန်သည် လျင်မြန်စွာထ,ပြီး ရှီမာယူယူဘေးသို့ ပြေးသွားလိုက်သည်။ သူမ ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပေါ်တွင် လဲနေသည်ကို မြင်သည်နှင့် သူမနှလုံးသားများ နာကျင်လာကာ မျက်လုံးများ ရဲလာလေသည်။
“ရွှီး”
အထွတ်အထိပ်သားရဲသည် ဖိအားပေးခံရကာ ရှီမာယူယူအား ကျယ်လောင်စွာ ခေါ်လိုက်လေသည်။ သူ့တောင်ပံများသည် ဆက်တိုက်ခတ်နေခဲ့ရာ ဖိအားကို ပြန်လည်တိုက်ခိုက်ချင်သဖြင့် မတ်တတ်ရပ်လိုက်သည်။
“ကြီးမြတ်တဲ့ မျက်လုံးလေးလုံးငှက်ပဲ ငါ့သခင်တောင်လှုပ်ရှားမှုကို ခံစားလိုက်ရတယ်” ရှီမာယူယူ၏ ခန္ဓာကိုယ်ထဲမှ အသံတစ်သံထွက်လာသည်။
“မင်း..ဘယ်သူ..လဲ” အထွတ်အထိပ်သားရဲသည် တောင်ပံနှစ်ချက်ခတ်ကာ သူ့မျက်လုံးတစ်စုံသည် မလိုမုန်းထားသည့် အကြည့်ဖြင့် ရှီမာယူယူအား ကြည့်လိုက်သည်။
ရွှေရောင်အလင်းတန်းသည်လက်လာကာ ရုပ်ဆိုးသော ဥသည် ရှီမာယူယူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်လာပြီး ပျံတက်သွားကာ သားရဲအား ရိုက်ခွဲလေသည်။
“ဘုန်း”
မျက်လုံးလေးလုံးငှက်၏ ကြီးမားသော ခန္ဓာကိုယ်သည် ဥ၏ ရိုက်ခွဲခြင်းကိုခံလိုက်ရတော့သည်။
ပြောင်းလဲသွားသော ဇာတ်လမ်းကို ဖက်တီးကျူနှင့် တခြားသူများသည် မျက်လုံးပြူးကာ ကြည့်နေတော့သည်။ အစပိုင်းတွင် ဥကွဲသွားမည်ဟု ထင်ထားသော်လည်း ထိုသို့ဖြစ်သွားမည်ကို ထင်မထားကြပေ။
မျက်လုံးလေးလုံးငှက်သည် ကြက်သွေးရောင်မီးတောက်၊ ဥအားမြင်သော်အခါ အံ့သြမှုကြောင့် အေးခဲသွားလေသည်။ သူအရိုက်ခံလိုက်ရသည်ကိုပင် မခုခံလိုက်နိုင်ပေ။ အခုတော့ သူလုံးဝကွဲပြားသွားပြီဖြစ်သည်။
“အထွတ်အထိပ်သားရဲက မျက်လုံးလေးလုံးငှက်လို့ထင်တောင် မထားဘူး၊ အဲဒါကြောင့် သူ သုံးနွေဦးမြို့တော်မှာတုန်းက အားလုံးကို အလောတကြီး မတိုက်ခိုက်ခဲ့တာပဲ” ဝေကျိရွှီပြောလိုက်သည်။
ရှေးဟောင်းစာအုပ်များတွင် မျက်လုံးလေးလုံးငှက်သည် ဖီးနစ်ငှက်နှင့်ဆင်တူသော ငှက်မျိုးဖြစ်သည်ဟု မှတ်တမ်းတင်ထားသည်။ သူသည် သမာသမတ်ကျကာ ဝံပုလွေများနှင့် သားရဲတိရစ္ဆာန်များကို ရှောင်ကာ လူသားများကို ကူညီပေးသူဖြစ်သည်။ သူသည် တရားသော ဝိညာဉ်သားရဲဖြစ်သည်။
သူနှင့်သာ မတွေ့ရပဲ တခြားငှက်နှင့်သာတွေ့လျှင် သုံးနွေဦးမြို့သည် လွတ်မြောက်နိုင်မည်မဟုတ်ပေ။
“ဒါဘာဥလဲ” ကြက်သွေးရောင်မီးတောက်ကို ဘိုင်ယွန်ရွှီသည် ပိုသိချင်နေသည်။ သို့သော် သူဘယ်လောက်ပင်ကြည့်ပါစေ ထိုသည်မှာ ရုပ်ဆိုးသော ဥပင်ဖြစ်သည်။ ထိုဥ၏ သရုပ်မှန်အား သူ မပြောနိုင်ပေ။
ဝူရန်ဖေသည် ဝေကျိရွှီအား ကြည့်လိုက်သည်။ သူသည် သားရဲထိန်းကျောင်းသူ သခင်ဖြစ်ကာ ဝိညာဉ်သားရဲများနျင့် သူ့ထက်ပို ရင်းနှီးသည်လေ။
ဝေကျိရွှီ ခေါင်းရမ်းလိုက်သည်။ ထိုဥတွင်ပိုင်ဆိုင်ထားသော မျိုးစိတ်ကို သူမပြောနိုင်ပေ။
ကြက်သွေးရောင်မီးတောက်သည် မျက်လုံးလေးလုံးငှက်အား အကြိမ်များစွာ ရိုက်လေသည်။ အကြိမ်တိုင်းတွင် ကျယ်လောင်သော အသံအားကြားရသည်။ သို့သော် မျက်လုံးလေးလုံးငှက်သည် တုန့်ပြန်ခြင်းမရှိပေ။
သူ့အား လုံးလောက်စွာရိုက်ပြီးနောက် ကြက်သွေးရောင်မီးတောက်သည် ရှီမာယူယူဘေးသို့ ပြန်သွားလေသည်။ သူမ လက်ရှိအခြေအနေအားကြည့်ရင်းနှင့် သူမကျေမနပ်ဖြစ်နေသည်။
“မင်း ဘေးဖယ်” ကြက်သွေးရောင်မီးတောက်သည် ဘေဂုံထန်အားပြောလိုက်သည်။
ကြက်သွေးရောင်မီးတောက် ဘာလုပ်ချင်သည်ကို ဘေဂုံထန်မသိပေ၊ သို့သော် သူသည်ရှီမာယူယူ၏ စာချုပ်သားရဲဖြစ်သောကြောင့် သူမအား သေချာပေါက် ဒုက္ခရောက်အောင်လုပ်မည်မဟုတ်ပေ။ ထို့ကြောင့် သူမ မတ်တတ်ရပ်ကာ ဖယ်ပေးလိုက်သည်။
ကြက်သွေးရောင်မီးတောက်သည် ရှီမာယူယူပေါ်သို့ ခုန်တက်လိုက်ရာ သူမပေါ်သို့ရောက်သည်နှင့် ပျောက်သွားတော့သည်။ ထို့နောက်တွင် သူမခန္ဓာကိုယ်သည် ရုတ်တရပ်ပင် မီးတောက်များလောင်ကျွမ်းကာ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားလေသည်။
ထိုမီးတောက်အား မျက်လုံးလေးလုံးမီးတောက်မြင်သောအခါ သူစတင် တုန်ယင်လာသည်။
ဘေဂုံထန်နှင့် တခြားသူများသည် အပူဒဏ်ကို မခံနိုင်တော့ပဲ နောက်ပြန်ဆုတ်ကာ သူမအခြေအနေအား စောင့်ကြည့်နေလေသည်။
“အဲမီးတောက်ရဲ့ အပူချိန်က တကယ်ပြင်းတာပဲ” ဖက်တီးကျူသည် ချွေးများကို အဆက်မပြတ်သုတ်နေလေသည်။
“အဲမီးတောက်ကပဲ အထွတ်အထိပ်သားရဲကို ဖိအားပေးနေတာနေမှာ” ဝူရန်ဖေပြောလိုက်သည်။
“ဒီမီးတောက်ရဲ့ အဆင့်က တကယ်မြင့်တာပဲ၊ အထွတ်အထိပ်သားရဲမကြောက်ပဲနေမလား” ဝေကျိရွှီသည် မျက်လုံးလေးလုံးငှက် တုန်ယင်နေသည်ကို မြင်သောအခါ ပြောလိုက်သည်။
“ငါပြောတာ အဲဒါဘာလဲဆိုတာ မင်းတို့သိလားလို့၊ ငါ့မေးခွန်းကိုလျစ်လျူရှုတာလား” ဘိုင်ယွန်ရွှီသည် သူ့မေးခွန်းအား ပြန်လည်ဖြေကြားခြင်းမရှိသဖြင့် ထပ်ပြောလေသည်။
သူတို့လေးယောက်သည် ခေါင်းရမ်းလိုက်ကြကာ ပြောလိုက်သည် “ရှီမာယူယူမှာ ဒီလိုသားရဲရှိနေတာ ငါတို့လည်းမသိဘူး၊ ဒါမြင်ဖူးတာ ငါတို့လည်း ပထမဆုံးအကြိမ်ပဲ”
“အဲမီးတောက်က ရှီမာယူယူကို ဖုံးပြီးဘာလုပ်တာလဲ၊ သူမခန္ဓာကိုယ်က အရိုးတွေက ကျိုးနေပြီလေ၊ သူမ သက်သာဖို့ ငါတို့သယ်သွားရမယ်လေ” လက်ရှိတွင် မီးတောက်ဖြင့် ဖုံးလွှမ်းနေသော လူအားကြည့်ကာ ဖက်တီးကျူသည် စိုးရိမ်စွာပြောလိုက်သည်။
“သူယူယူကို ကုပေးနေတယ်လို့ ငါထင်တယ်” ဘေဂုံထန် ခန့်မှန်းသည်။
“ငါလည်း အဲလိုထင်တယ်” ဘိုင်ယွန်ရွှီပြောလိုက်သည် “ငါတို့ မီးတောက်နားကို သွားလို့မရတော့ ဒီကနေပဲစောင့်ကြတာပေါ့”
အားလုံးသည်လည်း ဒဏ်ရာရထားသဖြင့် ပြန်ကောင်းရန် ထိုင်လိုက်ကြသည်။
သုံးရက်စောင့်ရမည်ဟု သူတို့ထင်မထားပေ။ သုံးရက်အကြာတွင် ထိုမီးတောက်သည် တဖြည်းဖြည်း ဖျော့လာသည်။ မကြာခင်တွင် ငြှိမ်းတော့မည် အနေအထားဖြစ်သည်။