← Chapters

အပိုင်း(၁၈၀)-ပြန်သွားခြင်း

Vol. 002 Ch. 180

အပိုင်း(၁၈၀)-ပြန်သွားခြင်း

Vol. 002 Ch. 180

ရှီမာယူယူ ပြဿနာများဖြေရှင်းသည်ကို ကြည့်ပြီးနောက် ဝေကျိရွှီနှင့် တခြားသူများသည် လျှောက်လာကာ ပြောလိုက်သည် “အခုငါတို့ဘာလုပ်ကြမလဲ”

ရှီမာယူယူသည် ဘိုင်ယွန်ရွှီအားကြည့်ပြီးပြောလိုက်သည် “ငါတို့ငြိမ်းချမ်းရေးမြို့တော်ကိုပဲ တိုက်ရိုက်သွားကြမလား”

“အဲဒါ… သားရဲစီးကြောင်းကြောင့် မင်းတို့သက်သေခံကတ်ပြားတွေမရသေးဘူး၊ အဲဒါကြောင့် ငါတို့ ပြန်ပြီးယူမှ ရမယ်” ဘိုင်ယွန်ရွှီပြောလိုက်သည်။

သြော် ဟုတ်သားပဲ သူတို့ထိုကိစ္စအား လုံးဝမေ့နေခဲ့သည်။

“'ဒါဆို ငါတို့ ငြိမ်းချမ်းရေးမြို့တော်ကို မသွားခင် သက်သေခံကတ်ပြားယူဖို့ သုံးနွေဦးမြို့တော်ကို သွားရဦးမှာပဲ' ရှီမာယူယူပြောလိုက်သည်။

သူတို့လူတစ်စုသည် အံ့ဖွယ်လင်းတငှက် ပေါ်တက်ပြီး သုံးနွေဦးမြို့တော်ဆီသို့ ဦးတည်သွားကြလေသည်။

သူတို့သုံးနွေဦးမြို့တော်သို့ရောက်သောအချိန်တွင် မြို့တော်ဂိတ်သည် ပိတ်ထားလေသည်။ ဟာစွန်၊ ဘိုင်ယွန်ရွှီနှင့် တခြားသူများ အတူတကွပြန်လာပြီး ရှီမာယူယူနှင့် တခြားသူများလည်း အသက်ရှင်နေသည်ကို တွေ့သောအခါ ပျော်ရွှင်စွာအော်လိုက်ကြလေသည်။

“သူတကယ်ပဲမသေဘူးပဲ.....”

“စီးကြောင်းက လုံးဝပြန်ပြောင်းသွားပြီလား....”

“အဲအထွတ်အထိပ်သားရဲပြန်လာပြီဆိုတော့ နောက်ထပ် သားရဲစီးကြောင်းဖြစ်လာတော့မှာလား...”

“အဲလိုတော့ဟုတ်မယ်မထင်ဘူး ကြည့်ပါလား သူက သခင်လေးနဲ့အတူပြန်လာတာ”

“ဒီလိုကိစ္စနောက်ထပ်ဖြစ်မလာဖို့ မျှော်လင့်ပါတယ်”

ဟာစွန်ရှိနေခြင်းကြောင့် အံ့ဖွယ်လင်းတငှက်သည် မြို့အုပ်အိမ်အထက်ရှိ ကောင်းကင်ပေါ်သို့ ပျံသွားလေသည်။

ဝမ်လိုင်နှင့် စွန်းလီလီတို့သည် တစ်စုံတစ်ယောက်ရောက်လာသည်ကို သိနေခဲ့သည်။ သူတို့သည် ကောင်းကင်တွင် ရပ်နေခဲ့သည်။

ဒေါ်လေးငယ် ဦးလေး ကျွန်တော်တို့ ပြန်လာပြီ...

မြို့အုပ်အိမ်တော် အထက်သို့ရောက်ရှိသောအခါ အားလုံးသည် ကောင်းကင်တွင်နေရာယူလိုက်ကြပြီး ဝေကျိရွှီသည် သူ၏ အံ့ဖွယ် လင်းတငှက်အား ပြန်လွှတ်လိုက်လေသည်။

ရှီမာယူယူနှင့် ဟာစွန်တို့ အတူရှိနေသည်ကို မြင်သော်အခါ ဝမ်လိုင်နှင့် စွန်းလီလီတို့သည် ရှုပ်ထွေးသွားတော့သည်။ သို့သော် သူတို့ဘာမှမပြောပဲ ပြုံးရုံပြုံးကာ ပြောလိုက်သည် 'မင်းတို့ပြန်လာမှတော့ အောက်ဆင်းပြီးပြောကြ ဧည့်သည်တို့ ကျေးဇူးပြုပြီး'

ဟာစွန်သည် ရှီမာယူယူအားကြည့်လိုက်သည်။ ဒီနှစ်အတွင်းတွင် သူမနောက်သို့လိုက်ပြီး သူမပြောသည်များအား လိုက်နာရမည်၊

“သွားရအောင်” ရှီမာယူယူဦးဆောင်သွားပြီး ဆင်းသွားလေသည်။

ထိုမြင်ကွင်းအား မြင်သည်နှင့် ဝမ်လိုင်နှင့် စွန်းလီလီတို့သည် အံ့သြသွားလေသည်။ အစပိုင်းတွင် အထွတ်အထိတ်သားရဲသည် ရှီမာယူယူအား သတ်ချင်စိတ်ပြင်းပြနေခဲ့သည်၊ အခုတော့ သူ့သခင်လိုပင်ဖြစ်နေသည်။

ဘာတွေဖြစ်ခဲ့လို့ ဒီလိုဖြစ်သွားတာလဲ...

သူတို့သည် ဘိုင်ယွန်ရွှီအားကြည့်လိုက်ရာ သူခေါင်းခါပြလေသည်။ သူက စ,ပြီး မပြောပါဟု ကတိပေးထားခဲ့လေသည်။

သူတို့ မြို့အုပ်အိမ်တော်သို့ရောက်သောအခါ ဝမ်လိုင်နှင့် တခြားသူများသည် ရှီမာယူယူတို့အား ဧည့်ခန်းအားခေါ်သွားလေသည်။ ဟာစွန်ရှိနေခြင်းကြောင့် ဝမ်လိူင်နှင့် တခြားသူများသည် ထိပ်ဦးပိုင်းတွင် မထိုင်ရဲပေ။

ရှီမာယူယူနှင့် ရှုန်မင်တို့သည် ညာဘက်အမြင့်ဆုံးနေရာတွင်ထိုင်၍ ဝမ်လိုင်နှင့် သူ့အမျိုးသမီးသည် မျက်နှာချင်းဆိုင်တွင်ထိုင်ကြသည်။ ဝေကျိရွှီနှင့် တခြားသူများသည် သူတို့နောက်ရှိခုံများတွင် အစဉ်လိုက်ထိုင်ကြလေသည်။

“မြို့အုပ်၊ သခင်မ၊ ကျွန်တော်တို့ဒီတစ်ခေါက်ပြန်လာတာ တောင်းဆိုဖို့ပါ၊ ကျွန်တော်တို့ သက်သေခံကတ်ပြားတွေ လုပ်ပြီးပြီလား” ရှီမာယူယူ သွယ်ဝှက်မနေတော့ပေ။

“လုပ်ပြီးပါပြီ” စွန်းလီလီသည် ပြုံးပြီး ပြောလိုက်သည် “ပြီးခဲ့တဲ့ရက်ပိုင်းက လုပ်ပြီးသွားတာ၊ ဒါပေမယ့် သားရဲအုံကြွမှုကြောင့် မင်းတို့ကို မပေးခဲ့ရဘူး၊ အဲနောက်တော့ မင်းတို့က သုံးနွေဦးမြို့တော်ကနေ ထွက်သွားလို့လေ”

ထိုသို့ပြောပြီးနောက် နာမည်ပြားများသည် သူမလက်တွင် ပေါ်လာလေသည်။

အစေခံသည် ရှေ့တိုးကာ နာမည်ပြားများကို ယူပြီး ရှီမာယူယူနှင့် တခြားသူများဆီသို့ ဝေပေးလိုက်လေသည်။

“ဒီနာမည်ပြားတွေက ဖန်ကျောက်တုံးနဲ့လုပ်ထားတာ ဝိညာဉ်စွမ်းအင်ထည့်လိုက်တာနဲ့ မင်းတို့ သတင်းအချက်အလက်တွေ မြင်ရမယ်” ဘိုင်ယွန်ရွှီအားလုံးကိုရှင်းပြသည်။

ရှီမာယူယူနှင့် တခြားသူများသည် ဝိညာဉ်စွမ်းအင်များကိုထည့်ကြည့်ရာ အဖြူရောင်အလင်းထွက်လာသည်။ ထို့နောက် စကားလုံးများသည် လေတွင်ပေါ်လာလေသည်။ စာများမှာ…ရှီမာယူယူ၊ သုံးနွေဦးမြို့တော်သား၊ မြို့အုပ်အိမ်တော် ဟူ၍ဖြစ်၏၊

ဝေကျိရွှီနှင့် တခြားသူများလည်း တူညီသော အချက်အလက်ပင်ဖြစ်သည်။ သူတို့ ဝိညာဉ်စွမ်းအင်များ ပြန်သိမ်းလိုက်ရာ စကားလုံးများ ပျောက်ကွယ်သွားလေသည်။

ထိုအရာပိုင်ဆိုင်ခြင်းမှာ သူတို့သည် အဆင့်အတန်းရှိသော အဓိပ္ပာယ်ဖြစ်သည်။

သူတို့သည် သက်သေခံကတ်ပြားများကို သိမ်းလိုက်ကြသည်။ ဝေကျိရွှီသည် ဝမ်လိုင်အား လက်အုပ်ချီလိုက်သည် “ဒီလိုမျိုးကို ကျွန်တော်တို့အတွက် လုပ်ပေးတာ မြို့အုပ်နဲ့ သခင်မကို ကျေးဇူးတင်ပါတယ်”

“သုံးနွေဦးမြို့တော်အတွက် မင်းတို့လုပ်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်” စွန်းလီလီပြောလိုက်သည် “ပြီးတော့ မင်းတို့က ယွန်ရွှီသူငယ်ချင်းတွေပဲ သူ့ကိုလည်း ကယ်ပေးတယ်၊ ဟုတ်သားပဲ အခုဒီကထွက်ရင် မင်းတို့ဘာအစီအစဉ်ရှိလဲ”

“ကျွန်တော်တို့ ငြိမ်းချမ်းရေးမြို့တော်ကို သွားပြီး ဖြတ်လမ်းတည်ဆောက်မှုကိုသုံးပြီးတာနဲ့ ဒီကနေ မြောက်ပိုင်းနိုင်ငံကိုသွားမလို့” ရှီမာယူယူပြောလိုက်သည် “အဲက အခြေအနေကို အရင်ဆုံးသွားကြည့်ချင်တယ်”

စွန်းလီလီ ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါလည်းကောင်းတာပဲ၊ အရင်ဆုံးသွားကြည့်ပြီးမှ တစ်ခုခုဖြစ်လာရင် ရှောင်လို့ရတာပေါ့၊ ဒါဆို မင်းတို့ဘယ်တော့သွားမယ် စိတ်ကူးလဲ”

“ဖြစ်နိုင်ရင် မြန်မြန်ပေါ့” ရှီမာယူယူပြောလိုက်သည် “ဖြစ်နိုင်မယ်ဆိုရင် ချက်ချင်းထွက်သွားမလို့”

“အဲလောက် လောလား”

“တစ်ခုခုဖြစ်ရင် ဖြေရှင်းတာအကောင်းဆုံးပဲ” ရှီမာယူယူပြောလိုက်သည်။

“ဒါလည်းကောင်းတာပဲ မင်းတို့ကို မတားတော့ပါဘူး” စွန်းလီလီသည် ရှုန်မင်အားလှည့်ပြီးမေးလိုက်သည် “ဂုဏ်သရေရှိ ဧည့်သည်ကြီးက သူတို့နဲ့လိုက်သွားမလို့လား”

“ဒီသခင်ကြီးက အခုလောလောဆယ် သူ့ရဲ့ အုပ်ထိန်းသူပဲ နှစ်နည်းနည်းလောက် သူ့နောက်ကို လိုက်ရဦးမယ်” ဟာစွန်ပြန်ဖြေသည်။

ရှီမာယူယူ မတ်တတ်ရပ်ကာ ပြောလိုက်သည် “ကျွန်တော်တို့ သက်သေခံကတ်ပြားအတွက် မြို့အုပ်နဲ့ သခင်မကို  ထပ်ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ သွားလိုက်ပါဦးမယ်”

“သွားလိုက်ပါဦးမယ်” ဝေကျိရွှီနှင့် တခြားသူများသည်လည်း မတ်တတ်ရပ်ကာ ပြောကြလေသည်။

ရှီမာယူယူနှင့် တခြားသူများ ရုတ်တရက်ထွက်သွားမည်ဟု ဘိုင်ယွန်ရွှီထင်မထားပဲ နည်းနည်းတွေဝေပြီးမှ ပြောလိုက်သည် “ဒေါ်လေးငယ်၊ ဦးလေး သူတို့က ဒီကအခြေအနေနဲ့ ရင်းနှီးသေးမှာမဟုတ်ဘူး၊ ကျွန်တော် သူတို့ကို ဦးဆောင်ခေါ်သွားပေးလိုက်မယ်၊ သူတို့နဲ့အတူ ငြိမ်းချမ်းရေးမြို့တော်ကို လိုက်သွားမယ်”

စွန်းလီလီသည် ဘိုင်ယွန်ရွှီအား ကြည့်ပြီးပြောလိုက်သည် “ဒီကလေးကတော့လေ သူဒီရောက်တာနဲ့ ရက်နည်းနည်းအပြင် ပိုမနေဘူး၊ ရောက်တာမှ မကြာသေးဘူး ထပ်ပြီးထွက်သွားဖို့ လုပ်တော့မယ်”

“ဒီတစ်ခေါက်တော့ လုပ်စရာရှိလို့မဟုတ်လား နောက်တစ်ခါကျရင်တော့ လှပတဲ့ ဒေါ်လေးနဲ့ ကစားဖို့ ရက်ပိုနေပါ့မယ်၊ အဲလိုဆိုရင်ရော” ဘိုင်ယွန်ရွှီသည် ပြုံးပြီးပြောလိုက်သည်။

“ပြီးခဲ့တဲ့တစ်ခေါက်ကလည်း ဒီလိုပဲပြောတာပဲ” စွန်းလီလီသည် ရှေ့သို့လာကာ သူ့ပါးကိုဆွဲဆိတ်ပြီး ပြောလိုက်သည် “မင်းမှာ အသိတရားမရှိဘူးလေ၊ ငါ့သုံးနွေဦးမြို့တော်က မင်းကို မထိန်းသိမ်းထားနိုင်ဘူး၊ မင်းသွားချင်ရင်သွားပါ၊ နောက်တစ်ခါ ဆိုဖိယာကိုလာရင် ငါ့အကိုအရင် နှုတ်ဆက်သွားပါ၊ ငါမင်းကို ညိုမည်းဆွဲအောင်ရိုက်ပစ်မယ် နားလည်လား”

“သိပါပြီ သိပါပြီ” ဘိုင်ယွန်ရွှီသည် စွန်းလီလီ၏ လက်များထဲမှ ရုန်းထွက်ကာ ရှီမာယူယူနှင့် တခြားသူများနှင့် အတူထွက်သွားလေသည်။

သဲစင်ရော်စစ်တပ်မှလူများသည် ငြိမ်းချမ်းရေးမြို့တော်တွင် တာဝန်ထမ်းဆောင်ပြီး ပြန်လာသည်ဖြစ်သဖြင့် ဟာစွန်မှလွဲ၍ သူတို့ခြောက်ယောက်သည် အသင်းအဖြစ်ပြန်ပေါင်းကြလေသည်။

ဝိညာဉ်သခင်အသင်းသို့ရောက်သောအခါ ငွေကြေးမကောက်ခံပဲ သူတို့သက်သေခံကတ်ပြားအား ထုတ်ပြစရာမလိုပဲ ဖြတ်လမ်းတည်ဆောက်မှုကို အသုံးပြုခွင့်လေသည်။

ဘိုင်ယွန်ရွှီနှင့် မြို့အုပ်တို့၏ တော်စပ်မှုကို တွေးကြည့်လျှင် သူတို့မအံ့သြတော့ပေ။

ရင်းနှီးသော အလင်းတန်းလက်လာသည်ကိုတွေ့သည်နှင့် ရှီမာယူယူ သက်ပြင်းချကာ ပြောလိုက်သည် “နောက်တစ်မြို့ကိုသွားရအောင်”

သူတို့အုပ်စုသည် အရှေ့တိုးကာ အလင်းကျောက်တုံးသည် ပို၍ လင်းလက်လာသည်။ မျက်စိတစ်မှိတ်အတွင်းတွင် သူတို့ပျောက်ကွယ်သွားတော့သည်။

သူတို့ထွက်သွားသည်ကို ကြည့်ရင်းနှင့် ဝိညာဉ်သခင်အသင်းမှလူများသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။

သူတို့သည်အထွတ်အထိပ်သားရဲအား ရင်းနှီးခဲ့သည်။ ထို့အပြင် တစ်ဖက်လူသည် ဘယ်သူ့ကိုမှ သတ်ဖြတ်ခြင်းမရှိခဲ့ပေ။ ထိုအချိန်တိုအတွင်းတွင် သူတို့မျက်လုံးများထက် အသက်များသည် ပိုလျင်မြန်စွာ ဖြစ်စေခဲ့သည်။

စွန်းလီလီနှင့် ဝမ်လိုင်သည် ဝိညာဉ်သခင်အသင်းအဆောက်အဦးတွင် ရပ်နေသည်။ သူတို့ထွက်သွားသည်ကို ကြည့်ပြီး စွန်းလီလီသည် စိတ်ခံစားချက်ဖြင့် ပြောလိုက်သည် “အစက ရှီမာယူယူက မင်္ဂလာမရှိတဲ့ပုံစံလို့ ထင်ထားတာ၊ သူက တစ်ဖက်လူကို ဖျောင်းဖျနိုင်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ၊ အစကတည်းက မပြောဘူးလား၊ ဒီကလေးက သာမာန်ကလေးမဟုတ်ပါဘူးလို့၊ ဒါပေမယ့် သူဒီလိုလုပ်နိုင်တာ ထူးဆန်းတယ်”

“စွန်းလီလီ အဲလိုမပြောနဲ့ သူက လျှို့ဝှက်ထားတာ ရှိလိမ့်မယ်၊ ဒါက ရှီမာယူယူ ကိုယ်တိုင်လုပ်တာမဟုတ်ရင် သူ့ကို ကူညီပေးတဲ့သူရှိလိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါက မယုံကြည်နိုင်လောက်အောင်ပဲ” ဝမ်လိုင်သည် သက်ပြင်းချလိုက်သည်။

“သူ သူ့အဘိုးကို ကယ်နိုင်ပါစေလို့ တကယ်မျှော်လင့်ပါတယ်”

“သူလုပ်နိုင်မှာပါ ပြီးခဲ့တဲ့တစ်ခေါက်ကတောင် သူလုပ်နိုင်တာပဲ၊ အခု အထွတ်အထိပ်သားရဲက သူ့ဘက်မှာဆိုတော့ အောင်မြင်မှုရာခိုင်နှုန်းက ပိုမြင့်သွားပြီလေ”

All Chapters