← Chapters

အပိုင်း(၁၈၁)-လမ်းပြည့်နေခြင်း

Vol. 002 Ch. 181

အပိုင်း(၁၈၁)-လမ်းပြည့်နေခြင်း

Vol. 002 Ch. 181

ငြိမ်းချမ်းရေးမြို့တော်….မြို့တော်မှလွဲ၍ လအနောက်တိုင်းပြည်တွင် အကြီးဆုံးမြို့ဖြစ်သည်။ သုံးနွေဦးမြို့တော်နှင့် ကီလိုမီတာပေါင်း တစ်သိန်းကျော်ဝေးသည်။

ငြိမ်းချမ်းရေးမြို့တော်တွင် အဆောက်အဦးများသည် သွယ်တန်းနေသော လမ်းများတွင် အစဉ်လိုက်ရှိနေသည်။ လူများသည် လမ်းများတွင်သွားလာနေကြကာ တက်ကြွစွာ လှုပ်ရှားနေကြသည်။

ဝိညာဉ်သခင်အသင်းသည် မြို့လယ်၊ အရှုပ်ဆုံးလမ်းတွင်တည်ရှိသည်။ ထိုနေရာတွင်တည်ရှိခြင်းသည် လအနောက်တိုင်းပြည်တွင် ဝိညာဉ်သခင်အသင်းသည် တစ်မြို့လုံးအား စွမ်းအားလွှမ်းမိုးနိုင်မှုတွင် တစ်ခုအပါအဝင်ဖြစ်သည်ကို ပြသနေသည်။ အသင်း၏ အရွယ်အစားမှာလည်း မသေးပေ။

ရှီမာယူယူနှင့် တခြားသူများ ဝိညာဉ်သခင်အသင်းသို့ရောက်ရှိချိန်တွင် မွန်းတည့်နေပြီဖြစ်သည်။ လမ်းပေါ်ရှိလူများသည် သုံးနွေဦးမြို့တော်ထက်ပင် ပိုပြီးလှုပ်ရှားသွားလာနေကြသည်။

ဒီမြို့တော်မှာ လူတွေအရမ်းများတာပဲ၊ ဖက်တီးကျူသည် လူထူထပ်သော လမ်းအားကြည့်ပြီး ပါးစပ်မှ သားရည်များ ကျလုနီးပါးပင်.. အထူးသဖြင့် များစွာသော လှပသော မိန်းကလေးများကို မြင်လိုက်ရချိန်တွင် ဖြစ်သည်။

“မင်းပါးစပ်က သားရည်တွေကျတော့မယ်” ဝေကျိရွှီသည် ပြုံးကာ စ,လိုက်ပြီး သူ့ခေါင်းအားရိုက်လိုက်သည်။

ဖက်တီးကျူသည် မသိလိုက်သာဘာပင် လက်ဆန့်ထုတ်ပြီး သားရည်သုတ်လိုက်လေသည်။ ထိုအချိန်မှသာ သူ့တွင် သားရည်မရှိသည်ကို သိရှိကာ ဝေကျိရွှီသည် သူ့အား စ,နေသည်ကို သိလိုက်တော့သည်။

“ကောင်းလိုက်တာ ငါ့ကို စ,ရလို့” ဖက်တီးကျူသည် ဝေကျိရွှီ၏ ပခုံးအား လက်သီးဖြင့် ထိုးလိုက်လေသည်။

ဖက်တီးကျူနှင့် ဝေကျိရွှီတို့ ငြင်းခုံနေကြသည်ကို ဘိုင်ယွန်ရွှီတွေ့သည်နှင့် အော်လိုက်လေသည်။ “မင်းတို့နှစ်ယောက် ဆက်ပြီးဆော့နေကြ ငါက သူတို့ကိုအရင်ခေါ်သွားလိုက်မယ်၊ ပြီးမှ နေရာရှာမတွေ့ရင် င့ါကိုအပြစ်မတင်နဲ့”

ငြင်းခုံနေသော သူတို့နှစ်ယောက်သည် ချက်ချင်းရပ်သွားကာ သူတို့နေရာသို့ပြန်သွားလေသည်။

“ယွန်ရွှီ သဲစင်ရော်စစ်တပ်ရဲ့ နေရာက ဒီနေရာကနေဝေးလား” ရှီမာယူယူ မေးလိုက်သည်။

“သိပ်မဝေးဘူး လမ်းနည်းနည်းလောက်ကွေ့လိုက်ရင်ရောက်ပြီ” ဘိုင်ယွန်ရွှီပြောလိုက်သည်။ “ဒီလမ်းက ဝိညာဉ်သခင်အသင်းအပြင် ကြေးစားအသင်း၊ သားရဲထိန်းကျောင်းမှုအသင်း၊ အဂ္ဂိရတ်ပညာရှင်အသင်း၊ လက်နက်ကျိုချက်မှုအသင်းတွေနဲ့ ဆေးမျိုးစုံ၊ ဝိညာဉ်သားရဲတွေ၊ ဝိညာဉ်ကိရိယာတွေ ရောင်းတဲ့ မတူညီတဲ့ ဆိုင်တွေရှိတာပဲ၊ တော်တော်စုံတယ်၊ ပြီးတော့ ငါတို့နေရမယ့် အိမ်က ဒီလမ်းမဟုတ်ဘူးမလား”

“ဒီလမ်းက ဒါကြောင့် ဒီလောက်ရှုပ်နေတာကိုး” ဖက်တီးကျူသည် ပြောရင်းနှင့် ခေါင်းညိတ်လိုက်သည်။

“ဒီလမ်းမှာတင်ကို နေ့တိုင်းဈေးဝယ်သူတွေက တစ်ထောင်အထက်ရှိတယ်လို့ ပြောကြတယ်” ဘိုင်ယွန်ရွှီပြောလိုက်သည်။

“တကယ်စည်ကားတာပဲ” ရှီမာယူယူပြောလိုက်သည်။

သိပ်မဝေးသဖြင့် သားရဲလှည်းအားမစီးတော့ပဲ လမ်းလျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။

ဆိုင်တိုင်းတွင် စည်ကားနေကာ ဈေးဝယ်သူများဖြင့် ပြည့်နှက်နေသည်။ ရှီမာယူယူသည် ဘေးတွင်ရှိသော အိမ်ရှေ့ရှိ ပိတ်ထားသော ကြီးမားသော တံခါးသို့အာရုံရောက်သွားသည်။

“လူရုပ်ဆုံးဟုတ်လား၊ ဒီနာမည်က တော်တော်ထူးဆန်းတာပဲ” ရှီမာယူယူ ရပ်လိုက်သည်နှင့် တခြားသူများလည်း ရပ်လိုက်ကြသည်။

“ဒါဘာနေရာလဲ၊ ဘာလို့ဒီလောက် လူတွေများနေတာလဲ” ဝေကျိရွှီ မေးလိုက်သည်။

“ဒါက လေလံပွဲပဲ ညနေနဲ့ ညပဲဖွင့်တာ အဲဒါကြောင့် အခုတိတ်ဆိတ်နေတာ” ဘိုင်ယွန်ရွှီရှင်းပြလေသည်။

“ညနေနဲ့ ညပဲအလုပ်လုပ်တာဟုတ်လား ဒီလေလံပွဲက တကယ်ထူးခြားတာပဲ” ဖက်တီးကျူပြောလိုက်သည်။

“ဒါက ရီလင်းတိုင်းပြည်ရဲ့ အကြီးဆုံးလေလံပွဲပဲ လေးနိုင်ငံကလည်း ရှယ်ယာတွေပါထားကြတယ်၊ ညနေနဲ့ ညပိုင်းတွေပဲ ဖွင့်ပေမယ့် တခြားနေရာတွေထက် အမြတ်ပိုများတယ်” ဘိုင်ယွန်ရွှီပြောလိုက်သည်။

“အဲလောက်တောင်လား”

“ဒါပေါ့ တခြားအပြင်မှာ ရှာလို့မရတဲ့ ပစ္စည်းတွေ ဒီနေရာမှာရတယ်၊ ဒါကြောင့်ပဲ လူတွေအများကြီး ဒီကိုလာကြတာ၊ တခြားအရေးကြီးတဲ့ ထူးခြားတဲ့ပစ္စည်းတွေ ရှိရင်လည်း လေလံထပ်ဆောင်းဆိုပြီး လုပ်သေးတယ်”

“ငါ့ဘဝတစ်ခုလုံး လေလံပွဲကို မရောက်ဖူးဘူး၊ ငါတို့ဒါကို ဘယ်တော့လောက်ကြည့်လို့ရမလဲ” ဖက်တီးကျူသည် မေးရင်းနှင့် ရှီမာယူယူနှင့် တခြားသူများကို ကြည့်လိုက်သည်။

“ကိစ္စမရှိပါဘူး၊ ငါတို့လည်း ဗဟုသုတပိုတိုးတာပေါ့” ဝေကျိရွှီပြောလေသည်။

“လေလံပွဲက ဒီရက်ပိုင်းအတွင်းမှာမှ တစ်ခါတစ်လေ လုပ်ကြတာ၊ မင်းတို့ပါချင်ရင်တော့ ရက်နည်းနည်းလောက် စောင့်ပြီးမှ သွားကြပေါ့” ဘိုင်ယွန်ရွှီသည် စိတ်မှန်းကြည့်ပြီးမှ ပြောလိုက်သည်။

ရှီမာယူယူသည် ဝူရန်ဖေနှင့် ဘေဂုံထန်အားကြည့်လိုက်ရာ သူတို့နှစ်ယောက်လည်း စိတ်လှုပ်ရှားနေသည်ကို တွေ့ပြီးနောက် ပြောလိုက်သည် “ဒါဆိုလည်း ရက်နည်းနည်းလောက်နေကြတာပေါ့၊ ဒီလေလံပွဲ နွှဲပြီးမှ သွားကြတာပေါ့”

“ကောင်းတာပေါ့”

သူတို့သည် တစ်နာရီခွဲလောက် လျှောက်ပြီးနောက် လမ်းဆုံးသို့ရောက်လာသည်။ ထိုလမ်းသည် ထိုမျှလောက် ရှည်မည်ဟု မထင်ခဲ့ကြပေ။ ဒုံချန်းနိုင်ငံနှင့်ပင် နှိုင်းယှဉ်၍ရသည်။

သူတို့သည် လမ်းအဆုံးကိုလျှောက်လာပြီး ကွေ့လိုက်ရာ ထိုလမ်းတွင် လူအများအပြားရှိနေသည်ကို သိလိုက်ရသည်။

“မင်းတို့ဘယ်လိုလျှောက်နေတာလဲ မျက်လုံးမပါဘူးလား”

ရှီမာယူယူနှင့် တခြားသူများသည် လမ်းထဲသို့ဝင်ခါစ၌ပင် ဆဲဆိုသံကို ကြားလိုက်ရသည်။

“တောင်းပန်ပါတယ်” ကြောက်စိတ်ပြည့်နေသော အသံသည် အဆုံးမရှိတောင်းပန်နေသည်။

“ရွှမ်း”

“ရွှမ်း”

လူအား ကြာပွတ်ဖြင့်ရိုက်သောအသံနောက်တွင် ကလေးငိုသံသည် ထွက်လာသည်။

“ဘယ်မိသားစုက ကလေးလဲ လမ်းတောင် ကောင်းကောင်းမလျှောက်တတ်ဘူးလား၊ ငါတို့ မိန်းကလေးကို ဝင်တိုက်ရဲတယ်၊ မင်းသေချင်လို့လား”

“ရွှတ် ရွှတ် ကျွန်တော် တမင်လုပ်တာမဟုတ်ပါဘူး”

“တမင်လုပ်တာ မဟုတ်ဘူး ဟုတ်လား၊ တမင်လုပ်တာ မဟုတ်ရင် ပြီးရောလို့ ထင်နေတာလား၊ မင်းက ငါတို့ သခင်မလေးကို ဝင်တိုက်လို့ သူမဒဏ်ရာရသွားတယ်၊ မင်းအပြစ်ပေးခံရမယ်”

“ရွှမ်း”

“ရွှမ်း”

ကြာပွတ်သည် ကလေးခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ်ကျရောက်နေသည်။ လမ်းတွင် လူတွေပြည့်နေသော်လည်း မတားရဲကြပေ။

“ဒီကလေးတော့ ဘယ်လိုလုပ် အဲစုန်းမနဲ့ သွားတွေ့လဲမသိဘူး”

“ဟူး.. ဒီကလေး ငယ်သေးတာပဲ ဒါပေမယ့် လမ်းကတော့ စိတ်ပျက်စရာပဲ”

“ကလေးက ကောင်းကောင်းမလျှောက်ဘူးလို့ ဘယ်သူပြောတာလဲ၊ ဒီလူတွေသိတယ်၊ ဝင်တိုက်တာက သူမပဲ”

“ဟူး သနားစရာကောင်းလိုက်တာ”

ရှီမာယူယူသည် လူစု၏ အနောက်တွင်ရပ်နေသည်။ အလယ်မှထွက်လာသော ကြာပွတ်ရိုက်သံနှင့်အတူ ဘေးနားမှ တီးတိုးပြောသံများကြားရသောအခါ သူမ မသိလိုက်ဘာသာပင် မျက်မှောင်ကြုတ်မိသည်။

“ရက်စက်လိုက်တာ” ဘိုင်ယွန်ရွှီသည် အထဲမှအသံများကြားရသောအခါ အားလုံးအား တွန်းဖယ်ပြီး ရှေ့တိုးလိုက်သည်။

ရှီမာယူယူနှင့် တခြားသူများလည်း နောက်မှလိုက်ဝင်ကြသည်။ ကျက်သရေရှိစွာ ဝတ်ထားသော အသက်နှစ်ဆယ်အရွယ်မိန်းကလေးသည် လက်တွင် ကြာပွတ်ကိုင်ထားကာ ဝေ့ရမ်းပြီး ကလေးငယ်အား တစ်ချက်ပြီးတစ်ချက်ရိုက်လေသည်။

“တော်တော့” ရိုက်နှက်မှုကြောင့် ကလေးငယ် မေ့မြောတော့မည်ကို မြင်သည်နှင့် ဘိုင်ယွန်ရွှီအော်လိုက်သည်။ “စုန်းမ ဒီလမ်းမကြီးပေါ်မှာကို တခြားသူကို အနိုင်ကျင့်တယ်၊ မင်းဒီကလေးငယ်ကိုတောင် အနိုင်ကျင့်ချင်တာလား”

ဝမ်းသာနေသော အခြေအနေတွင်ရှိနေသော ရှင်းဝမ်သည် တစ်စုံတစ်ယောက်မှ သူမအား အော်လိုက်သည်ကို ကြားပြီးနောက် ရပ်တန့်သွားကာ ကြည့်လိုက်လေသည်။

“ဘယ်သူလဲလို့ထင်နေတာ မင်းကိုး ဒီအရူးကတော့” ဘိုင်ယွန်ရွှီအား မြင်သည်နှင့် ရှင်းဝမ်ပြောလိုက်သည် “မင်းက ဆိုဖီယာတောင်တန်းမှာ မသေခဲ့ဘူးလား ငါလူတွေကိုရိုက်တာနဲ့ မင်းနဲ့ဆိုင်လား၊ ဒီသခင်မလေးက ဒီနေ့မင်းနဲ့ တိုက်ချင်တဲ့စိတ်မရှိဘူး သွားတော့”

သူမပြောပြီးနောက် ကြာပွတ်အား ထပ်မြှောက်ကာ ကလေးအားထပ်ရိုက်တော့မည့် ပုံပင်။

ဘိုင်ယွန်ရွှီ လှုပ်ရှားမှုမပြုခင်မှာပင် အရိပ်တစ်ခုသည် အနောက်မှထွက်လာကာ ရှင်းဝမ်၏ လက်ကို ဆုပ်ကိုင်လိုက်လေသည်။

“ဘေဂုံ”

ဘေဂုံသည် ရှင်းဝမ်၏ လက်ကိုတင်းကျပ်စွာ ဆုပ်ကိုင်ကာ ရိုက်ရန်ဟန်ပြင်နေသော သူမလက်အား ပုတ်ချလိုက်သည်။

“ဒီဟာမက ဘယ်ကရောက်လာတာလဲ၊ မင်းက ဒီသခင်မလေးကို တားရဲတယ်” သူမသည် ဘေဂုံထန်၏ တားဆီးခြင်းကိုခံလိုက်ရပြီးနောက် ရှင်းဝမ်သည် ဒေါသဖြင့်အော်လိုက်လေသည်။

“ကလေးကို လွှတ်ပေးလိုက်” ဘေဂုံထန်သည် အေးစက်စွာပြောလိုက်သည်။

“ဟာသပဲ ဒီသခင်မလေးက ဘယ်သူလဲဆိုတာ မင်းသိရဲ့လား မင်းကများ ငါ့ကို အမိန့်ပေးရဲတာလား၊ သေချင်နေတာလား င့ါလူတွေ ဒီကောင်မကို ဖမ်းလိုက်ကြ ဒီလောက်လှတာ လူတွေကို မြူစွယ်တဲ့ မြေခွေးမပဲဖြစ်ရမယ်၊ ဒီသခင်မလေးအတွက် သူမမျက်နှာကို ဖျက်ဆီးလိုက်ကြ” ရှင်းဝမ်သည် ဘေဂုံထန်၏ ကြည်လင်သော အသွင်အပြင်အား တွေ့သည်နှင့် ဒေါသအပြည့်ဖြင့် အော်လိုက်သည်။

လူဆယ်ယောက်သည် အနောက်မှရောက်လာကာ ဘေဂုံထန်အား ဝိုင်းလိုက်ကြသည်။

“စုန်းမ မင်းကများ” ဘေဂုံထန် အော်လိုက်သည်။

All Chapters