← Chapters

အပိုင်း(၁၈၂)-ဓားငှားပြီး တစ်စုံတစ်ယောက်အား သတ်ခြင်း

Vol. 002 Ch. 182

အပိုင်း(၁၈၂)-ဓားငှားပြီး တစ်စုံတစ်ယောက်အား သတ်ခြင်း

Vol. 002 Ch. 182

ထိုလူများ ဝတ်ထားသော အဝတ်များကို ကြည့်ကာ ရှီမာယူယူ မျက်ခုံးပင့်လိုက်သည် “ခြယ်လှယ်ခြင်းစစ်တပ်က လူတွေလား”

“ဒီမိန်းမပျက်ကို ဖမ်းလိုက်” ရှင်းဝမ်အော်လိုက်သည်။

“ဟုတ်ကဲ့ပါ သခင်မလေး”

ခြယ်လှယ်ခြင်းစစ်တပ်မှလူများသည် ပြိုင်တာပြန်ဖြေကာ ဘေဂုံထန်အား ဆွဲရန် ကြိုးစားလိုက်ကြသည်။

“မင်းသွားသေလိုက် မင်းခြောက်တိုင်းငါက ကြောက်ရမှာလား” ဘိုင်ယွန်ရွှီသည် ကျယ်လောင်စွာ ဆဲရေးလိုက်ပြီး ခြယ်လှယ်ခြင်း စစ်တပ်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

“ဟုတ်တယ်”

“နာလိုက်တာ”

ဖက်တီးကျူနှင့် တခြားသူများသည် တိုက်ပွဲစကာ ခြယ်လှယ်ခြင်းစစ်တပ်မှလူများကို ရိုက်နှက်သည်နှင့် သူတို့သည် မြေပေါ်တွင် လူးလိမ့်သွားကြသည်။

“မင်းက ဘေဂုံကို ထိရဲတယ် ဟုတ်လား”

“မင်းက ခြယ်လှယ်ခြင်းစစ်တပ်က ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ငါ မင်းအဘိုးက မင်းကို ရိုက်မှာပဲ”

ဖက်တီးကျူသည် ဟိန်းဟောက်ပြီး ရိုက်ချိန်တွင်  ရှီမာယူယူ၊ ဝူရန်ဖေနှင့် ဝေကျိရွှီတို့ ငြိမ်ကျသွားသည်။ သို့သော် ရိုက်နှက်မှု အားမှာတော့ တူညီသည်။

သူမလူများသည် ရှီမာယူယူနှင့် တခြားသူများ၏ အရိုက်ခံနေရခြင်းကို ရှင်းဝမ်မြင်လိုက်သည်။ သူမသည် အသုံးမဝင်မှုအတွက် အပြစ်တင်ပြောဆိုပြီး လက်မြှောက်ကာ ဘေဂုံထန်၏ ရင်ဘတ်သို့ ရိုက်လိုက်လေသည်။

ဘေဂုံထန်သည် ခန္ဓာကိုယ်အား လှည့်ပြီး သူမရိုက်ချက်အား ရှောင်လိုက်ကာ ရှင်းဝမ်၏ လက်ကောက်ဝတ်ကို ညာဘက်လက်ဖြင့် ဖိထားလိုက်လေသည်။ သူမ နာကျင်လှသဖြင့် ကိုင်ထားသော ကြာပွတ်မှာ လွတ်ကျသွားလေသည်။

“နာတယ်”

ရှင်းဝမ်သည် သူမလက်အားဖိကာ နောက်နှစ်လှမ်းဆုတ်လိုက်သည်နှင့် သူမလက်ကောက်ဝတ်မှာ နီရဲနေသည်ကို တွေ့လိုက်ရသည်။

ဘေဂုံထန် တွေးလိုက်သည်နှင့် ကြာပွတ်သည် မီးတောက်လာကာ ပြာအဖြစ်ပြောင်းသွားတော့သည်။

“င့ါကြာပွတ်” ဘေဂုံထန်၏ မီးတောက်သည် သူမ ကြာပွတ်အား လောင်သွားမည်ဟု ထင်မထားပဲ မြေပေါ်မှ ပြာမှုန့်များအား မြင်သော်အခါ သူမ နှလုံးသားများ နာကျင်သွားတော့သည်။

သူမ အော်သံအား ဘေဂုံထန်ဂရုမစိုက်ပေ။ သူမ ကလေးဘေးလာကာ ဒူးထောက်ပြီး ချီလိုက်သည်။

“မမနတ်သမီး ကျွန်တော်တို့ကို လာကယ်တာလား” ကလေးငယ်သည် ပြုံးကာမေးလိုက်သည်။ ဘေဂုံထန်အား မြင်သည်နှင့် ကလေးငယ်သည် တစ်စုံတစ်ခုအား မပီမပြင်မြင်လိုက်သည့်ပုံပင်။

“မကြောက်နဲ့ ထပ်ပြီးမင်းကို ဘယ်သူမှမရိုက်ရဲတော့ဘူး” ဘေဂုံထန်သည် ကောင်လေးအား ချီလိုက်ပြီး နူးညံ့စွာပြောလိုက်သည်။

“မမ…” ကလေးငယ်သည် ဘေဂုံထန်၏ ရင်ခွင်ထဲတိုးလိုက်ပြီး စိတ်လျော့လိုက်သည်နှင့် မေ့မြောသွားလေသည်။

“ကောင်းကောင်းနားပြီး အိပ်တော့” ဘေဂုံထန်သည် သူ့နောက်ကျောအား ပုတ်ပြီးပြောလိုက်သည်။

ဝေကျိရွှီနှင့် ဖက်တီးကျူသည် ဘေဂုံထန်၏ ထိုအပြုအမူကို အရင်က မမြင်ဖူးခဲ့ပေ။

အချိန်တစ်ခုကြာပြီးနောက် ရှင်းဝမ်သည် သူမ ဝိညာဉ်လက်နက် ဆုံးရှုံးခြင်းအတွက် စိတ်ပြန်သက်သာလာသည်။ မြို့တွင်းနေရာများတွင် ဝိညာဉ်ရောင်ဝါအသုံမပြုရသည့် စည်းမျဉ်းစည်းကမ်းကို ဂရုမစိုက်တော့ပဲ သူမ ဝိညာဉ်စွမ်းအင်အား ထုတ်ကာ ဘေဂုံထန်ဆီသို့ လွှတ်လိုက်လေသည်။

“စုန်းမ မင်းက စည်းမျဉ်းစည်းကမ်းတွေကို လျစ်လျူရှုတယ်ဟုတ်လား” ဘိုင်ယွန်ရွှီ အော်လိုက်သည်။

“စည်းကမ်းပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဒီကောင်မက ငါ့ဝိညာဉ်လက်နက်ကို ဖျက်ဆီးပစ်တော့ သူ့အသက်ကိုယူရမယ်” ရှင်းဝမ်အော်လိုက်သည်။

ဘေးနားတွင်ရပ်နေသော လူများသည် ရှင်းဝမ် ဝိညာဉ်ရောင်ဝါသုံးသည်ကို မြင်သည်နှင့် အဝေးတွင် သွားပုန်းကြလေသည်။ ထိုအချိန်တွင် ရှီမာယူယူနှင့် သူတို့လူအနည်းငယ်သာကျန်ခဲ့သည်။

ရှင်းဝမ်သည် သူမဝိညာဉ်ရောင်ဝါထုတ်သည့်အချိန်တွင် ရှီမာယူယူသည် ဘေဂုံထန်၏ အရှေ့တွင် ရပ်နေခဲ့သည်။ သူမသည်လည်း ဝိညာဉ်ရောင်ဝါထုတ်ကာ သူမနှင့် အပြိုင်ဖြစ်သွားလေသည်။ ပြိုင်ဘက်၏ ဝိညာဉ်ရောင်ဝါသည် ပြိုကွဲသွားလေသည်။

“မင်းက ငါတို့ဘေဂုံထန်ရဲ့ အသက်ကို ယူဖို့အရည်အချင်းမမှီသေးဘူး” ရှီမာယူယူ ယတိပြတ်ရယ်မောလိုက်သည်။

“ငါက အရည်အချင်းမမှီဘူးဟုတ်လား ဒီလူရမ်းကားတွေက ဘယ်ကလာကြတာလဲ၊ မင်းတို့အားလုံးကို သတ်ဖို့အရည်အချင်းလိုသေးတာလား” ရှင်းဝမ်သည် သူမ ဝိညာဉ်ရောင်ဝါအား ထပ်မံထုတ်လွှတ်ပြန်သည်။

ရှီမာယူယူသည် လှုပ်ရှားမည်အပြုတွင် ဘေဂုံထန်သည် သူမပခုံးတွင် လက်တင်လိုက်သည်။

“ဒါ ငါ့ပြဿနာပဲ ငါဖြေရှင်းနိုင်တယ်” ဘေဂုံထန်ပြောလိုက်သည် “ဒီကလေးကိုပဲ ချီပေးထား ဒါဆိုရပြီ”

ရှီမာယူယူခေါင်းညိတ်ကာ ကလေးအားချီလိုက်သည်။ သူမ ချီသွားကာ ဘေးသို့လျှောက်သွားလိုက်သည်။

သူမ ဘေဂုံထန်အား မစိုးရိမ်ပါ။ ရှင်းဝမ်သည် ဝိညာဉ်ဧကရာဇ်အဆင့်သို့ မရောက်ရှိသေးရာ ဘေဂုံထန်သည် သူမအား လက်ချောင်းဖြင့်ပင် ဖျက်ဆီးနိုင်သည်။

“ဘေဂုံ မင်းငြိမ်းချမ်းရေးမြို့တော်က လူတွေကို သတ်လို့မရဘူးနော်” ဘိုင်ယွန်ရွှီ မနေသာတော့ပဲ သူမအား သတိပေးလိုက်သည်။

“ငါတို့လူသတ်လို့မရဘူးလား” ဘေဂုံထန် မျက်မှောင်ကြုတ်လိုက်သည် “သူမ မသေနိုင်ဘူးဆိုရင် သူမကို လူဖြစ်ရှုံးအောင်လုပ်ပစ်မယ်”

ထိုသို့ပြောပြီးနောက် သူမသည် ရှင်းဝမ်ဆီသို့ ပြေးကာ သူမအား စတင်တိုက်ခိုက်တော့သည်။

“ဘုန်း”

“ဘုန်း”

သူမ လက်သီးချက်များသည် ရှင်းဝမ်၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ်ကျရောက်ကာ အနားတွင်ရပ်နေသော လူများသည် အသက်မရှုပဲ ထိုမြင်ကွင်းအား ကြည့်မိနေတော့သည်။

“မိန်းကလေးတွေကြားက အရှုပ်အထွေးက ကြောက်စရာကောင်းတာပဲ” ဖက်တီးကျူသည် နှုတ်ခမ်းထောင့်အား ကွေးလိုက်ပြီး မျက်စိမှေးပြီးကြည့်လိုက်သည်။

“အင်း နောက်ကို မိန်းကလေးတွေနဲ့ မပတ်သတ်တာကောင်းပါတယ်” ဝေကျိရွှီ ပြောလိုက်သည်။

“သဘောတူတယ်” ဝူရန်ဖေ ခေါင်းညိတ်လိုက်သည်။

ထိုမိန်းကလေးနှစ်ယောက်သည် သူတို့ငါးယောက်ထဲတွင် အသန်မာဆုံးဖြစ်သည်။ အစပိုင်းတွင် ထင်ခဲ့သော မိန်းကလေးများသည် အားနည်းသည်ဟူသည်မှာ လုံးဝပြောင်းလဲသွားပြီဖြစ်သည်။

“ကောင်းတယ်၊ သူမကို နှစ်ချက်လောက်တီးလိုက်ဦး၊ ငါ့အတွက်ပိုပြီး သူမကို နှစ်ချက်လောက်တီးလိုက်” ဘိုင်ယွန်ရွှီသည် ဘေဂုံထန်ဘက်မှ အားပေးနေသည်။ သူသည် အော်ဟစ်အားပေးနေခဲ့သည်။

သူသည် ခြယ်လှယ်ခြင်းစစ်တပ်မှလူများကို အမြဲတမ်း မနှစ်မြို့ခဲ့ပေ။ ထို ရှင်းဝမ်သည် သူ၏ နံပါတ် ၁ ပစ်မှတ်ဖြစ်သည်။ သို့သော် ယောက်ျားလေးများသည် မိန်းကလေးများအား ရိုက်နှက်ခြင်ကို ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် ရှင်းဝမ်သည် သူ့ရှေ့တွင် မြောက်ကြွားမြောက်ကြွားလုပ်တိုင်းတွင် သူ ဘာမှမလုပ်နိုင်ခဲ့ပေ။

အခုတော့ ဘေဂုံထန်ရှေ့ထွက်ကာ မိန်းကလေးချင်း တိုက်ပွဲဖြစ်ကြသည်။ ထိုသည်မှာ မကောင်းဘူးဟု ပြောမည့်သူမရှိပေ၊ အဘယ့်ကြောင့်ဆိုသော် ရှင်းဝမ်၏ နာမည်ဂုဏ်သတင်းမှာ မကောင်းသောကြောင့်ဖြစ်သည်။

“ဟားဟား စုန်းမ လူတစ်ယောက်ရဲ့ အရိုက်ခံရတာ ဘယ်လိုနေလဲ” ရှင်းဝမ်သည် ဘေဂုံထန်၏ အဆက်မပြတ် အရိုက်ခံနေရသည်ကို မြင်သော် ဘိုင်ယွန်ရွှီသည် ရယ်မောလိုက်သည်။

“ဘိုင်ယွန်ရွှီ မင်းက ငါတို့ခြယ်လှယ်ခြင်းစစ်တပ်ကို ကိုယ်တိုင်မတိုက်ရဲတော့ မင်းအစား မိန်းကလေးတစ်ယောက်ကို လွှတ်လိုက်တာပေါ့ မင်းကငကြောက်ပဲ” ရှင်းဝမ်သည် အရိုက်ခံရခြင်းကြောင့် မြေပေါ်တွင် လဲနေချိန်တွင် ဘိုင်ယွန်ရွှီနှင့် မျက်နှာချင်းဆိုင်မိသည်။

“မင်းက စကားများဖို့အားရှိသေးတာလား” ထိုသို့ပြောပြီးနောက် ဘေဂုံထန်သည် ရှင်းဝမ်၏ ညာဘက်လက်အား နင်းလိုက်ပြီး ပြောလိုက်သည် “မင်းက လူတွေကိုရိုက်နေကျမလား၊ ဒီနေ့ငါမင်းကို လူဖြစ်ရှုံးအောင်လုပ်ရင် ဘာဖြစ်မလဲ”

“မိန်းမပျက် မင်းလုပ်ရဲလား” ဘေဂုံထန် သူမလက်အား ဖြတ်ချင်သည်ကို ကြားပြီးနောက် ရှင်းဝမ်သည် ပိုဒေါသထွက်လာသော်လည်း အနည်းငယ်ကြောက်မိသည်။

“ငါက ဘာလို့မလုပ်ရဲရမှာလဲ”

ဘေဂုံထန်သည် အေးစက်သော အပြုံးပြုံးကာ သူမခြေထောက်တွင်အားထည့်လိုက်သည်။ ရှင်းဝမ်သည် ငယ်သံပါအောင်အော်လိုက်သည်။

“အား.. မင်းက ငါ့လက်ကို ဖြတ်ရဲတယ် အား… မိန်းမပျက်၊ ငါမင်းကိုသတ်မယ်”

ဘေဂုံထန်သည် သူမနားရွက်အား ဆွဲကာ ပြောလိုက်သည် “ဘာတွေ အော်နေတာလဲ ငါတက်ပဲနင်းထားတာ မင်းကိုဖြတ်တောင်မဖြတ်ရသေးဘူး၊ ဒါပေမယ့် မင်းအော်သံက ဝက်အော်သံလိုပဲ မင်းနောက်ထပ် အားနည်းတဲ့သူတွေကို အနိုင်ကျင့်ရင် မင်းကိုတကယ်ဖြတ်ပစ်မယ်”

သူမပြောပြီးနောက် ခြေထောက်ပြန်ရုတ်ကာ ရှီမာယူယူဘေးသို့သွားလိုက်ပြီး ကလေးယူကာ ပြောလိုက်သည် “ငါတို့သွားမယ်”

“ဟုတ်တယ် ဒီယင်ကောင်လောက်ကို ဂရုစိုက်စရာမလိုဘူး” ဖက်တီးကျူသည် ပျော်ရွှင်စွာပြောလိုက်သည်။

“သွားရအောင် ငါတို့ ပြန်ကြမယ်” ဘိုင်ယွန်ရွှီပြောလိုက်သည်။

ထိုနေရာတွင် ဖြစ်နေသော မြင်ကွင်းအား တစ်ချိန်လုံးကြည့်နေသော ဟာစွန်ကို ရှီမာယူယူကြည့်လိုက်သည်။ သူ သူတို့နောက်လိုက်ကာ ထွက်သွားလေသည်။

ရှင်းဝမ်သည် မြေပေါ်မှထကာ ရှီမာယူယူနှင့် တခြားသူများ၏ နောက်ကျောကိုကြည့်ပြီး မလိုတမာပြုံးကာ ပြောလိုက်သည် “မိန်းမပျက် မင်းတို့အားလုံးကိုရှာပြီး ငါသတ်ပစ်မယ်”

“မိန်းကလေး အဲလူတွေရဲ့ စွမ်းအားတွေကို လျှော့မတွက်နဲ့နော်” အရိုက်ခံရသော ကြေးစားစစ်သည်သည် သူမဘေးလာကာ ပြောလိုက်သည်။

“အဲတော့ ဘာဖြစ်လဲ ဘယ်လိုပဲဖြစ်ဖြစ် ငါသူမကို ဇာတ်သိမ်းမလှအောင်လုပ်မယ်” ရှင်းဝမ်ပြောလိုက်သည် “’gu ဒီနှစ်ရက်မှာ ဝမ်းကွဲ အစ်မတော်၃ လာမှာမလား၊ ဟမ် အဲတော့မှ သူတို့ဘယ်ပြေးမလဲကြည့်ကြတာပေါ့”

“မင်းသမီး၃က ငြိမ်းချမ်းရေးမြို့တော်ကိုလာမှာလား”

“ဟုတ်တယ်၊ သူမက ငါ့ကို အရမ်းတန်ဖိုးထားတာ ဒီကိစ္စကို ပြောပြလိုက်ရင် သူမဖြေရှင်းပေးလိမ့်မယ်၊ သူတို့ကို မြေမြှုတ်စရာမရှိအောင်လုပ်ပစ်မယ်”

“မိန်းကလေးက ဉာဏ်ကောင်းလိုက်တာ”

ဘိုင်ယွန်ရွှီသည် သူတို့အား ကြေးစားအုပ်စုများရှိသော ဌာနချုပ်အား ခေါ်လာခဲ့လိုက်သည်။ ထိုသည်မှာ ဥရောပ ပုံစံ ခြံဝန်းဖြစ်ကာ ကြေးစားများသည် ဝင်ထွက်သွားလာနေကြသည်။

သူသည် သူတို့အား သူ၏ ကိုယ်ပိုင်ခြံဝန်းသို့ခေါ်လာလိုက်သည်။ ဘိုင်ယွန်ရွှီသည် ရှီမာယူယူ ကလေးအား ဒဏ်ရာကုရန်အတွက် သူ့အိပ်ရာတွင် ကလေးအား ပေးသိပ်လိုက်သည်။

“သြော် ဘေဂုံ ပုံမှန်အားဖြင့် မင်းအဲလောက်ဒေါသထွက်တာ မမြင်ရပါဘူး၊ ဒီနေ့ ကလေးကို ဘာလို့ဝင်ကယ်လိုက်တာလဲ” ဖက်တီးကျူသည် ဘေးမှမေးလိုက်သည်။

All Chapters