← Chapters

ဘယ်သူ ထောက်ခံမလဲ၊ ဘယ်သူ ကန့်ကွက်မလဲ

Vol. 58 Ch. 603

ဘယ်သူ ထောက်ခံမလဲ၊ ဘယ်သူ ကန့်ကွက်မလဲ

Vol. 58 Ch. 603

ညီလာခံခန်းမအတွင်း၌

ကျွင်းယန်တာအိုအရှင် ချိန်းဆိုထားသည့်အချိန်မှာ အလွန်စောသော်လည်း မည်သူမျှ သူ၏အမိန့်ကို မဖီဆန်ရဲကြချေ။

နေဝန်းကြီး ထွက်ပြူလာပြီး မကြာမီမှာပင် ခန်းမအတွင်း၌ လူများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

အပေါ်ဆုံးအတန်းတွင် ထိုင်နေကြသူများမှာ ဝမ့်ချွမ်းမြို့၏ ရှေးအကျဆုံးနှင့် အင်အားအကြီးဆုံးဖြစ်သည့် လီ၊ ကျန်း၊ လင်၊ ကျိုး ဟူသော မိသားစုကြီးလေးခု၏ အကြီးအကဲများပင် ဖြစ်သည်။

သူတို့က ဝမ့်ချွမ်းမြို့၏ အခြေခံအုတ်မြစ်နှင့် အစွမ်းအစ အနက်ရှိုင်းဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ဝမ်မိသားစု၏ နေရာမှာ ထိုမိသားစုကြီးလေးခုနှင့် မလှမ်းမကမ်းတွင် ရှိသော်လည်း သူတို့ကို အားလုံးက ဝိုင်းပယ်ထားကြသည်မှာ သိသာလှသည်။

သူတို့အနီးအနားတွင် မည်သူမျှ လာမထိုင်ကြပေ။

ပတ်ဝန်းကျင်မှ ဖုံးကွယ်ထားခြင်းမရှိသည့် တိုးတိုးတိတ်တိတ် ပြောသံများကို ကြားနေရသဖြင့် ဝမ်ချန်းရုန်၏ မျက်နှာမှာ အလွန်ပင် မှောင်မည်း နေသည်။

သူတို့ ပြောနေကြသည်မှာ ဝမ်မိသားစုဆီမှ အကျိုးအမြတ် မည်မျှ ခွဲဝေရရှိနိုင်မည်ဆိုသည့် အကြောင်းအရာများပင် ဖြစ်သည်။

မှန်ပါသည်၊ ဝမ်မိသားစုက သမိုင်းတစ်လျှောက် အကြီးမားဆုံး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော်လည်း မည်သူမဆို လာရောက် နယ်ချဲ့နိုင်သည့် အဆင့်တော့ မဟုတ်သေးပေ။

ဝမ်မိသားစု၏ ဘိုးဘေးမှာ ဟွမ်ယွမ်တာအို အထွတ်အထိပ် ကျွမ်းကျင်သူဖြစ်ပြီး နှစ်ပေါင်းများစွာ စုဆောင်းထားသည့် လက်ရွေးစင် ကျွမ်းကျင်သူများလည်း အနည်းနှင့်အများ ရှိနေသေးသည်။

အကယ်၍ အဆင့်မရှိသူများက လာရောက် ရောယောင်ချင်ပါက ဟင်းချိုတစ်ခွက် သောက်နိုင်ဖို့အတွက် ကိုယ့်အင်အားကိုယ် အရင်ချိန်ဆသင့်ကြောင်း သူတို့ သေချာပေါက် ပြသရပေမည်။

သို့သော်လည်း...

ကျွင်းယန်တာအိုအရှင် ကိုယ်တိုင် ဦးဆောင်ကျင်းပသည့် ဤညီလာခံက သူ့ကို အလွန်ပင် စိတ်မအေးဖြစ်စေသည်။

အရာအားလုံးက ပုံမှန်မဟုတ်လွန်းလှပေ။

အကယ်၍ မြို့သခင်ကသာ မိသားစုကြီးလေးခုဘက်က ရပ်တည်ပြီး ဝမ်မိသားစုကို အပြီးသတ် ချေမှုန်းရန် ဆုံးဖြတ်လိုက်ပါက သူတို့တွင် ပြန်လည် နာလန်ထူနိုင်မည့် အခွင့်အရေး လုံးဝ ရှိတော့မည်မဟုတ်ပေ။

သူတို့ ထင်ထားသလိုမျိုး မဖြစ်ပါစေနဲ့ဟုသာ ဆုတောင်းရင်း ဝမ်ချန်းရုန်က စိုးရိမ်စိတ်ဖြင့် ကျွင်းယန်တာအိုအရှင် ရောက်လာမည့်အချိန်ကို စောင့်နေမိသည်။

နောက်ဆုံးတန်းတွင် ထိုင်နေသည့် ဝမ်ချုန်းမှာမူ တစ်စုံတစ်ရာမျှ မပြောဘဲ တိတ်ဆိတ်နေသည်။

ယနေ့က မိသားစုအတွက် စီရင်ချက်ချမည့်နေ့ဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသည်။

မိသားစု၏ အနာဂတ် ဘယ်ဆီဦးတည်မလဲဆိုသည်မှာ မည်သူမျှ မခန့်မှန်းနိုင်ပေ။

ထိုအချိန်မှာပင် ဝမ်ချုန်း၏ နောက်ဘက်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

“ညီအိုဝမ်...”

“မင်းတို့ ရောက်တာ တော်တော်စောသားပဲ”

ဝမ်ချုန်း လှည့်ကြည့်လိုက်သောအခါ ကြောင်အသွားရသည်။

“ညီကိုထန်"

" မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ”

သူ့စိတ်ထဲတွင် အလွန်ပင် အံ့အားသင့်သွားရသည်။ ယနေ့ ရောက်လာသူများအားလုံးမှာ ဝမ့်ချွမ်းမြို့၏ အရေးပါသော လူကုံထံများ ဖြစ်ကြသည်။ မနေ့ကမှ မြို့ထဲရောက်လာသည့် လူစိမ်းတစ်ယောက်ဖြစ်သော ထန်ထျန်းက ဤကဲ့သို့သော နေရာမျိုးသို့ မည်သို့ ဝင်ရောက်လာနိုင်သနည်း

ဝမ်ချုန်း၏ သံသယကို ထန်ထျန်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။ “တစ်ယောက်ယောက်က ငါ့ကို ဖိတ်ထားလို့ပါ"

" ဘာဖြစ်လို့လဲ... ဒီနေ့ မင်းမျက်နှာက တော်တော်လေး မကောင်းပါလား”

ပြောပြောဆိုဆိုနှင့် သူက ဝမ်ချုန်း၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။

ဝမ်ချုန်းက ခါးသီးစွာ ပြုံး ရင်း“ဒီခန်းမထဲက လူတွေကို မြင်တယ်မလား"

" အားလုံးက ငါတို့ ဝမ်မိသားစုကို ချောင်းနေကြတာ"

" သူတို့က လင်းတအုပ်လိုပဲ၊ ငါတို့ဆီက အသားတစ်စကို လုယူဖို့ စောင့်နေကြတာ”

ထန်ထျန်းက ဝမ်ချုန်း၏ ပုခုံးကို ပုတ်ကာ အားပေးလိုက်သည်။ “အရမ်း စိတ်မပျက်ပါနဲ့"

" ဒီနေ့ အလှည့်အပြောင်းတစ်ခု ရှိလာနိုင်တာပဲလေ”

ဝမ်ချုန်းက ခေါင်းခါကာ “ခက်လိမ့်မယ်"

" မြို့သခင်နဲ့ ငါတို့ကြားမှာ ရင်းနှီးတဲ့ ပတ်သက်မှုလည်း မရှိဘူး၊ သူ ဒီညီလာခံကို ဘာကြောင့် ခေါ်ရသလဲဆိုတာလည်း ခန့်မှန်းရခက်တယ်"

"မျှော်လင့်ချက်ကတော့ သိပ်မရှိပါဘူး”

သူက အားငယ်နေသည့် ပုံစံပေါက်နေသည်။

ပုံမှန် ဆင်ခြင်တုံတရားဖြင့် တွေးကြည့်လျှင်လည်း ဝမ်မိသားစုမှာ ပြန်လည် နာလန်ထူနိုင်စွမ်း မရှိတော့သည်မှာ အမှန်ပင်။

ထန်ထျန်းနှင့် ဝမ်ချုန်းတို့ စကားပြောနေစဉ် ဝမ်ချန်းရုန်နှင့် ဝမ်မိသားစုမှ အဆင့်မြင့် အကြီးအကဲ အချို့ကလည်း လှည့်ကြည့်လာကြသည်။

“ချုန်းအာ... "

"ဒီလူက နယ်စပ်မှာ မင်းတွေ့ခဲ့တယ်ဆိုတဲ့ သူငယ်ချင်းလား”

ဝမ်ချန်းရုန်က မေးလိုက်သည်။

ဝမ်ချုန်းက ခေါင်းညိတ်ကာ “ဟုတ်ပါတယ် အဖေ"

"သူက မန်ရွာလို့ခေါ်တဲ့ တောတောင် တစ်နေရာက လာတဲ့ ထန်ထျန်းပါ”

တည်ငြိမ်နေသော ထန်ထျန်းကို ကြည့်ကာ ဝမ်ချန်းရုန်က မျက်လုံးမှေးရင်း သတိပေးလိုက်သည်။ “မင်းရဲ့ သူငယ်ချင်းက တောတောင် က လာတဲ့လူနဲ့တော့ မတူဘူး"

" ဒါပေမဲ့... ထန်ထျန်း"

" မင်းရဲ့ သရုပ်မှန် က ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ ငါတို့နဲ့ အတူရှိမနေဖို့ ငါအကြံပေးချင်တယ်"

" အပေါ်က မိသားစုကြီးလေးခုနဲ့ အရမ်းနီးစပ်သွားရင် အဲဒီလူတွေက မင်းကိုပါ ရန်ငြိုးဖွဲ့သွားလိမ့်မယ်”

ထန်ထျန်း၏ သရုပ်မှန် မှာ သံသယဖြစ်ဖွယ် ကောင်းလှသော်လည်း ဝမ်ချုန်းတစ်ယောက်သာ သူ၏ စကားများကို ယုံကြည်နေခြင်း ဖြစ်သည်။

သို့သော် ဝမ်ချန်းရုန်ကလည်း အာရုံများနေသဖြင့် ထပ်မမေးတော့ဘဲ ဘေးမသီရန်မခစေရန် ထန်ထျန်းကို သူတို့နှင့် ဝေးဝေးနေဖို့သာ ပြောလိုက်ခြင်းဖြစ်သည်။

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဝမ်မိသားစု အကြီးအကဲ"

" ဒါပေမဲ့ စိတ်မပူပါနဲ့၊ ကျွန်တော့်မှာ အစီအစဉ် ရှိပါတယ်”

ထန်ထျန်းက ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ ဝမ်ချန်းရုန်လည်း ဘာမှ ထပ်မပြောတော့ဘဲ ပြန်လှည့်သွားသည်။

ထို့နောက် ထန်ထျန်းက ဝမ်ချုန်း၏ ပုခုံးကို နောက်တစ်ကြိမ် ပုတ်ကာ ပြုံးလျက် “အရမ်း စိတ်မပျက်ပါနဲ့"

"ငါ့ကို ယုံကြည်ပါ၊ ဒီနေ့ မင်းအတွက် အံ့ဩစရာတွေ ရှိလာလိမ့်မယ်”

ပြောပြီးသည်နှင့် သူက ထကာ ထွက်သွား သည်။

ယနေ့အတွက် သူ့တွင် သီးသန့်နေရာ ရှိပြီးသားဖြစ်ကာ ဝမ်မိသားစုဘက်တွင် ထိုင်ရမည် မဟုတ်ပေ။

ဝမ်ချုန်းမှာမူ ကြောင်အအဖြင့် ကျန်ရစ်ခဲ့သည်။ ထန်ထျန်း ပြောသည့် အံ့ဩစရာဆိုသည်မှာ ဘာဖြစ်မလဲဆိုတာ သူ လုံးဝ တွေးမရပေ။

အချိန်ကြာလာသည်နှင့်အမျှ တက်ရောက်သူအားလုံး စုံလင်သွားပြီဖြစ်သည်။

အားလုံး၏ မျှော်လင့်တကြီး စောင့်စားနေသည့် အကြည့်များအောက်တွင် ဤညီလာခံကို ခေါ်ယူခဲ့သူ ဝမ့်ချွမ်းမြို့သခင် ကျွင်းယန်တာအိုအရှင်မှာ နောက်ဆုံးတွင် ရောက်ရှိလာသည်။

“မြို့သခင်ကို ဂါရဝပြုပါတယ်”

အားလုံးက တပြိုင်နက် ပြောလိုက်ကြသည်။

မြို့သခင်အိမ်တော်၏ အရှိန်အဝါမှာ အလွန်ပင် ကြီးမားလှသည်။

ကျွင်းယန်တာအိုအရှင်က ခေါင်းညိတ်ပြကာ အားလုံးကို ထိုင်ရန် အချက်ပြလိုက်သည်။

ထို့နောက် အားလုံး အံ့အားသင့်သွားရသည့် လုပ်ရပ်တစ်ခုကို သူ လုပ်လိုက်သည်။

သူက အလယ်ရှိ အဓိကနေရာတွင် မထိုင်ဘဲ ဘေးဘက်ရှိ ထိုင်ခုံတွင်သာ ဝင်ထိုင်လိုက်သည်။

ဝမ့်ချွမ်းမြို့တော်တွင် ကျွင်းယန်တာအိုအရှင်ထက် ရာထူးကြီးသူ ရှိနေသေးသလော

ထိုသူက မည်သူနည်း

လူတိုင်းက ပုံမှန်မဟုတ်သည့် အငွေ့အသက်ကို ချက်ချင်း ခံစားလိုက်ရသည်။

ဤထိုင်ခုံ အစီအစဉ်က ယနေ့ ညီလာခံကို ပိုမို ထူးဆန်းသွားစေသည်။

ဝမ်ချုန်းကမူ မျက်ခုံးပင့်လိုက်မိသည်။

ဒီနေ့ တကယ်ပဲ အံ့ဩစရာတွေ ရှိနေတာလား

ကျွင်းယန်တာအိုအရှင်က အားလုံး၏ သံသယများကို ဂရုမစိုက်ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။ “မင်းတို့ကို ခေါ်လိုက်ရတဲ့ အကြောင်းရင်းကို အားလုံး သိကြမှာပါ"

" ယနေ့ ဆွေးနွေးမယ့် အကြောင်းအရာမှာ ဝမ်မိသားစု၏ အနာဂတ် အကျိုးအမြတ် ခွဲဝေရေး ကိစ္စပဲ ဖြစ်တယ်"

" ဒါပေမဲ့ ဘယ်လို ခွဲဝေမလဲဆိုတာကိုတော့ ထန်ထျန်း... သခင်လေးထန် ကို အားလုံးအတွက် ကြေညာပေးဖို့ ဖိတ်ခေါ်ပါတယ်”

ထိုစကားအဆုံးတွင် အရှေ့ဆုံး၌ ထိုင်နေကြသည့် မိသားစုကြီးလေးခု၏ အကြီးအကဲများမှာ မျက်မှောင်ကြုတ်သွားကြသည်။

အခြေအနေကို နားလည်သူများမှာလည်း ကျွင်းယန်တာအိုအရှင် ပြောသည့် စကားလုံး၏ အဓိပ္ပာယ်ကို သတိထားမိလိုက်ကြသည်။

"ကြေညာမည်"

ဆွေးနွေးမည် မဟုတ်ပေ

ဆိုလိုသည်မှာ ဝမ်မိသားစု၏ အကျိုးအမြတ် ခွဲဝေမှုကို ဆုံးဖြတ်ပြီးသားဖြစ်ပြီး ယနေ့မှာ ကြေညာရုံသက်သက်သာ ဖြစ်သည်။

ဒါဆိုလျှင် ထို "သခင်လေးထန်" ဆိုသူမှာ မည်သူနည်း

သူက ဘာကြောင့် ဤမျှ ကြီးမားသော အာဏာကို ပိုင်ဆိုင်နေရသနည်း

သူ၏ ဆုံးဖြတ်ချက်က မည်သည့်ဘက်ကို ဘက်လိုက်သွားမည်နည်း

ထိုအချိန်တွင် ဝမ်မိသားစုဝင်အားလုံးမှာ မှင်သက်နေကြပြီဖြစ်သည်။

ဝမ်ချုန်းမှာမူ မျက်လုံးပြူးကာ လုံးဝ မယုံကြည်နိုင် ဖြစ်နေသည်။

သခင်လေးထန်... ထန်ထျန်းလား

ဖြစ်နိုင်ပါ့မလား

ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

သူ့စိတ်ထဲတွင် ခေါင်းကို အကြိမ်ကြိမ် ခါယမ်းရင်း ဤထန်ထျန်းမှာ သူသိသည့် ထန်ထျန်း မဟုတ်နိုင်ကြောင်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေမိသည်။

သို့သော် ရင်းနှီးသော ပုံရိပ်တစ်ခုက အေးဆေးစွာ လျှောက်လှမ်းလာပြီး အမြင့်ဆုံးနေရာရှိ အဓိက ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည့် အခါတွင်မူ...

ဝမ်ချုန်း၏ ဦးနှောက်မှာ လုံးဝ ရပ်တန့်သွားတော့သည်။

ကြောင်အသွားသည့် ဝမ်မိသားစုဝင်များကို ကြည့်ကာ ထန်ထျန်းက ပြုံးပြလိုက်ပြီး ရှေ့သို့ တည်ငြိမ်စွာ ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။

“အခု ဝမ်မိသားစုရဲ့ အနာဂတ် အကျိုးအမြတ် ခွဲဝေမှုကို ငါ ပြောမယ်”

“လီ၊ ကျန်း၊ လင်၊ ကျိုး ဆိုတဲ့ မိသားစုကြီးလေးခုက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သိမ်းပိုက်ထားတဲ့ ဝမ်မိသားစုရဲ့ လုပ်ငန်းအားလုံးကို ပြန်ပေးရမယ်။ ဒါ့အပြင် လျော်ကြေးအနေနဲ့ မင်းတို့ရဲ့ လုပ်ငန်း တစ်ဝက်ကိုပါ ဝမ်မိသားစုဆီ လွှဲပြောင်းပေးရမယ်”

“တခြား အင်အားစုတွေအနေနဲ့လည်း ဝမ်မိသားစု လုပ်ငန်းတွေကို ဝါးမြိုထားတာရှိရင် အထက်ပါအတိုင်း အားလုံး ပြန်ပေးရမယ်။ ပြီးရင် ကိုယ့်လုပ်ငန်းရဲ့ သုံးပုံတစ်ပုံကို လွှဲပြောင်းပေးပြီး တောင်းပန်ရမယ်”

“ကျန်တဲ့သူတွေကတော့ မင်းတို့ ကံကောင်းတယ်လို့ပဲ မှတ်လိုက်ပါ။ ဒါကို သတိပေးချက်အဖြစ်ပဲ မှတ်ယူလိုက်ကြ”

“ကဲ... ဝမ်မိသားစုရဲ့ အနာဂတ် ခွဲဝေမှုကတော့ ဒါပါပဲ။ ငါ ပြောလို့ ပြီးပြီ”

“ဘယ်သူ ထောက်ခံမလဲ၊ ဘယ်သူ ကန့်ကွက်မလဲ”

ထန်ထျန်း၏ အကြည့်များက အေးစက်နေပြီး အားလုံးကို ဝေ့ကြည့်လိုက်သည်။

All Chapters