မြင့်မြတ် မြို့တော်သို့ ရောက်ရှိခြင်း
Vol. 58 Ch. 608
မျက်စိတစ်ဆုံး ပျက်စီးယိုယွင်းနေသော ကုန်းမြေ ပေါ်တွင်
ကြီးမားလှသော ချောက် နက်ကြီးများမှာ နေရာအနှံ့ ရှိနေပြီး အချို့မှာ အဆုံးမရှိသကဲ့သို့ နက်ရှိုင်းလှသည်။ အေးစိမ့်သော အနက်ရောင် အသူရာလေပြင်းများက ထိုချောက်နက်ကြီးများထဲမှ ဝေ့ဝဲထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများကို ပေးစွမ်းနေသည်။
၎င်းတို့မှာ ကမ္ဘာ့ချောက်ကြီးများပင် ဖြစ်သည်။
ဤနေရာ၏ အခြေအနေမှာ ထန်ထျန်း ဤကောင်းကင်ထိပ်ဆုံး လောကထဲသို့ စတင်ဝင်ရောက်စဉ်ကထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားနေသည်။
ပတ်ဝန်းကျင် မိုင်ပေါင်းသန်းချီအတွင်း သက်ရှိတစ်ဦးတစ်လေမျှပင် မတွေ့ရချေ။
သို့သော် အဆိုးရွားဆုံးသော ကမ္ဘာချောက်ကြီးများရှိရာ လွင်ပြင်တစ်ခုပေါ်တွင်မူ ကြီးမားခမ်းနားသော မြို့တော်ကြီးတစ်ခုက ခန့်ညားထည်ဝါစွာ တည်ရှိနေသည်။
၎င်း၏ အမည်မှာ "အသူရာနယ်စပ်မြို့" ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် အခြားအမည်တစ်ခုလည်း ရှိသေးသည်၊
၎င်းမှာ "မြင့်မြတ် မြို့တော်" ပင် ဖြစ်သည်။
မြင့်မြတ် မြို့တော်က ထိုက်ယိမြင့်မြတ်နယ်မြေသို့ သွားရာ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။
မြို့တော်အပြင်ဘက်တွင် ချောက်များ ဝိုင်းရံနေပြီး သက်ရှိရှားပါးသော်လည်း မြို့တော်အတွင်း၌မူ အလွန်ပင် စည်ကားလှရာ ဝမ့်ချွမ်းမြို့ကဲ့သို့သော မြို့ကြီးများထက်ပင် ပိုမိုသာလွန်နေသည်။
လမ်းမများပေါ်တွင် လူသူထူထပ်ကာ ကျပ်ညပ်နေပြီး နေ့စဉ်နှင့်အမျှ ကျင့်ကြံသူ သန်းပေါင်းများစွာက တည်နေရာကူးပြောင်း အစီအရင်များမှတစ်ဆင့် ဝေးလံသောအရပ်များမှ ရောက်ရှိလာကြသည်။
ထိုစဉ် အစီအရင်စင်မြင့်ပေါ်တွင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ပုံရိပ်သုံးခု ပေါ်လာသည်။
ထိုသူများမှာ ထန်ထျန်း၊ ကုရှောင်းရွှယ်နှင့် ဝမ်ကျိယွီတို့ပင် ဖြစ်သည်။
ဝမ့်ချွမ်းမြို့မှ ထွက်လာပြီးနောက် သူတို့က အခြားမြို့ကြီး ငါးမြို့၏ နယ်မြေများကို ဖြတ်သန်းခဲ့ရကာ အကြိမ်ပေါင်းများစွာ ကူးပြောင်းခြင်း ပြုလုပ်ခဲ့ရသည်။ မိုင်ပေါင်း ဘီလီယံ ချီသော ခရီးကို နှင်ခဲ့ပြီးမှ ဒဏ္ဍာရီလာ ထိုက်ယိ မြင့်မြတ် မြို့တော်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ထန်ထျန်း အံ့ဩမိသည်မှာ သူက ထိုက်ယိမြင့်မြတ်နယ်မြေနှင့် နီးကပ်လာလေလေ ကမ္ဘာကြီး၏ အခြေအနေမှာ ပိုမိုကောင်းမွန်လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်းပင်။
သို့သော် လက်တွေ့မှာ ပြောင်းပြန်ဖြစ်နေသည်။ မြို့ကြီးများ၏ ပတ်ဝန်းကျင်မှလွဲ၍ ကျန်နေရာအားလုံးမှာ အလွန်ဆိုးရွားလှသည်။
ထိုက်ယိမြင့်မြတ်နယ်မြေနှင့် နီးကပ်လာချိန်တွင် မြေပြင်ပေါ်၌ ချောက်ကြီးများ နေရာအနှံ့ ပေါ်ပေါက်နေပြီး တစ်လောကလုံး ပျက်စီးနေသည့် ပုံစံမျိုး ဖြစ်နေသည်။
ထန်ထျန်း အစီအရင်မှ ထွက်လာချိန်တွင် စိတ်ထဲမှ ထိတ်လန့်သွားမိသည်။
ဤနေရာ၏ အခြေအနေမှာ ပြိုလဲလုနီးပါး ဖြစ်နေပြီဖြစ်သည်။
"အသူရာနယ်စပ်မြို့" ဟု ခေါ်ဆိုခြင်းမှာ အမှန်ပင် သင့်တော်လှသည်။
ဤမြို့မှာ ချောက်၏ အစွန်းတွင် တည်ရှိနေပြီး အချိန်မရွေး ဝါးမြိုခံရနိုင်သည့် အနေအထားတွင် ရှိနေသည်။
"တိမ်တိုက်ထျန်းဖူနန်းတော် ဘက်ကတောင် ပိုသာဦးမယ်ထင်တယ်"
ကောင်းကင်တာအိုကို အာရုံခံနိုင်စွမ်းရှိသော ကုရှောင်းရွှယ်က ပြောလိုက်သည်။
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။
ဤသည်မှာ အမှန်ပင်။ ကောင်းကင်ထိပ်ဆုံး တွင် ပြည့်စုံသော ကမ္ဘာ့နိယာမများ ရှိနေသော်လည်း ၎င်း၏ ကျင့်ကြံခြင်း ပတ်ဝန်းကျင်မှာမူ ဖော်ပြရခက်လှသည်၊ တစ်ကမ္ဘာလုံး ညှိုးနွမ်းသွားသကဲ့သို့ပင်။
ကမ္ဘာ၏ ရတနာများစွာ ရှိနေဆဲ ဖြစ်သော်လည်း နတ်တိမ်တိုက်များ ဝေ့ဝဲကာ ကြိုးကြာငှက်များ ပျံသန်းနေသည့် ရှေးဟောင်းဒဏ္ဍာရီထဲကကဲ့သို့ နတ်ပြည်နတ်နန်း ပုံစံမျိုးကိုမူ ရှာမတွေ့နိုင်တော့ချေ။
ဝမ်ကျိယွီ အရင်က ပြောခဲ့သလိုပင် ကောင်းကင်ထိပ်ဆုံး ၏ အခြေအနေမှာ အမှန်တကယ်ပင် ဖော်ပြရခက်လှသည်။
ထိုက်ယိမြင့်မြတ်နယ်မြေအတွင်းမှာလည်း ဤကဲ့သို့ပင် ဖြစ်နေမလားဆိုသည်မှာ စိတ်ဝင်စားစရာပင်။
အစီအရင်မှ ထွက်လာပြီးနောက် ထန်ထျန်းက ထုံးစံအတိုင်း သူ၏ နတ်ဝိညာဉ်ကို ဖြန့်ကျက်ပြီး မြို့တော်တစ်ခုလုံးကို စကန် ဖတ်လိုက်သည်။
အဓိကအားဖြင့် အရေးကြီးသော နေရာများကို ရှာဖွေရန် ဖြစ်သည်။
မြို့တော်သို့ လာရာလမ်းတွင် ထန်ထျန်း စုံစမ်းသိရှိထားသည်မှာ မြင့်မြတ်နယ်မြေသို့ ဝင်ရောက်ရန် "ကောင်းကင်တက်လှမ်းခြင်းမျှော်းင် " ဟု ခေါ်သော နေရာကို ဖြတ်သန်းရမည် ဖြစ်သည်။ ထိုနေရာတွင် မြင့်မြတ်နယ်မြေသို့ တိုက်ရိုက်သွားနိုင်သော အထူးအစီအရင်တစ်ခု ရှိသည်။
၎င်းမှာ အခမဲ့ ဖြစ်သော်လည်း တစ်ခုတည်းသော ကန့်သတ်ချက်မှာ ဝင်ခွင့်လက်မှတ် ရှိရန် လိုအပ်သည်။
ဝင်ခွင့်လက်မှတ် မရှိပါက မည်မျှပင် ချမ်းသာစေကာမူ မည်မျှပင် အစွမ်းထက်စေကာမူ မြင့်မြတ်နယ်မြေသို့ သွားခွင့်မရှိချေ။
အကယ်၍ ပြဿနာရှာပါကလည်း ပြင်းထန်သော ပြစ်ဒဏ်များကို ခံရပေလိမ့်မည်။
သေချာပေါက် ကျိကျွင်းအဆင့်များအတွက်မူ ဤစည်းကမ်းက အကျုံးမဝင်နိုင်ပါ...
သို့သော် မြင့်မြတ်နယ်မြေ၏ အခြေအနေကို သေချာမသိသေးသဖြင့် အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်ခြင်းကိုမူ နောက်ဆုံးမှသာ အသုံးပြုရန် ထန်ထျန်း ဆုံးဖြတ်ထားသည်။
"သွားကြစို့... အရင်ဆုံး နားနားနေနေ နေကြတာပေါ့"
ထန်ထျန်းက ပြောလိုက်သည်။
ထို့နောက် သူတို့ သုံးဦးက အလွန်ခမ်းနားသော စားသောက်ဆိုင်တစ်ခုတွင် သီးသန့်ခန်းတစ်ခုကို ငှားရမ်းလိုက်ကြသည်။ မြို့တော်၏ ထူးခြားသော အစားအစာများကို မြည်းစမ်းရင်း မြင့်မြတ်နယ်မြေသို့ မည်သို့ ဝင်ရောက်ရမည်ကို တိုင်ပင်ကြရန် ဖြစ်သည်။
ထိပ်တန်းစားသောက်ဆိုင်များ၏ အားသာချက်မှာ ကောင်းမွန်သော ဝန်ဆောင်မှုသာမက မြို့တော်၏ သတင်းအချက်အလက်များကိုပါ လျင်မြန်စွာ ရရှိနိုင်ခြင်းပင်။
ခရစ်စတယ် တစ်သိန်းကျော် သုံးစွဲလိုက်ပြီးနောက် မန်ရှီး အမည်ရှိသော လှပသည့် ဆိုင်ရှင်အမျိုးသမီးကိုယ်တိုင် ထန်ထျန်း၏ အခန်းသို့ ရောက်ရှိလာပြီး ဝန်ဆောင်မှု ပေးလေသည်။
အကယ်၍ လိုအပ်ပါက သူမက ဟီးဟီး ...
"မန်ရှီးက သခင်လေးကို နှုတ်ဆက်ပါတယ်ရှင်~"
မန်ရှီးမှာ ကိုယ်လုံးကိုယ်ပေါက် လှပကာ ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ၏ အပြုံးတိုင်း၊ အကြည့်တိုင်းတွင် ညှို့ဓာတ်များ ပါဝင်နေသဖြင့် ငါ့ ရဲ့ သူငယ်ချင်းတစ်ယောက်ဆိုရင် ငေးကြည့်နေမိမှာ အသေအချာပါပဲ။
သို့သော် ထန်ထျန်းမှာမူ ထိုကဲ့သို့သော အလှမျိုးကို မြင်တွေ့ဖူးလွန်းသဖြင့် မည်သည့်ထူးခြားသော တုံ့ပြန်မှုမျှ မရှိချေ။
"ထိုင်ပါ"
ထန်ထျန်းက ပြောလိုက်သည်။
မန်ရှီးမှာ လူအမျိုးမျိုးကို ဆက်ဆံဖူးသူဖြစ်သဖြင့် ထန်ထျန်းက မိန်းမလိုက်စားသူ မဟုတ်ကြောင်း ချက်ချင်း နားလည်လိုက်ပြီး သူမ၏ အမူအရာကို ပြုပြင်လိုက်သည်။
သူမက ရိုသေစွာဖြင့် ပြော၏။ "သခင်လေးမှာ ဘာများ ခိုင်းစရာရှိလို့လဲရှင်"
"ကျွန်မ တတ်နိုင်တဲ့ ကိစ္စမှန်သမျှကို လူကြီးမင်း စိတ်ကျေနပ်အောင် ဆောင်ရွက်ပေးပါ့မယ်"
ထန်ထျန်း ခေါင်းညိတ်ပြကာ "ဒါဆို ငါ တည့်ပဲ ပြောမယ်"
" ငါတို့က ဝေးလံတဲ့အရပ်ကလာတဲ့ ကုန်သည်တွေပါ။ ဒီနေ့မှ မြို့ကို ရောက်တာမို့ မြို့တော်ရဲ့ အခြေအနေကို သိချင်တယ်"
" ငါ မလောဘူး၊ မင်း အေးအေးဆေးဆေးပဲ ပြောပြပါ"
မန်ရှီးက သဘောတူပြီး မြင့်မြတ် မြို့တော်၏ သတင်းအချက်အလက်များကို စတင်ပြောပြတော့သည်။
မြို့တော်၏ သမိုင်းမှာ အလွန်မကြာသေးဘဲ ထိုက်ယိမြင့်မြတ်နယ်မြေ တည်ထောင်ပြီးမှသာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
သို့သော် အခြားမြို့ကြီးများထက် လူဦးရေ ထူထပ်ကာ သာမန်လူ နည်းပါးပြီး အစွမ်းထက်သော ကျင့်ကြံသူများသာ အများစု ဖြစ်သည်။
ထန်ထျန်း စစ်ဆေးခဲ့သည့်အတိုင်းပင် မြို့တော်အတွင်း၌ ဝူကျိတာအိုအရှင် အရေအတွက်မှာ ဆယ်ဂဏန်းခန့်ရှိပြီး ဟွမ်ယွမ်တာအိုအရှင် ရာနှင့်ချီ၍ ရှိနေသည်။ "တာအိုအဆင့်က ခွေးလိုပေါပြီး နတ်ဘုရားဧကရာဇ်တွေ လမ်းဘေးမှာ လမ်းလျှောက်နေကြတယ်" ဟုပင် ဆိုနိုင်သည်။
ဤအခြေအနေမှာ ပတ်ဝန်းကျင်ကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသို့ လာကြသူအများစုမှာ ထိုက်ယိမြင့်မြတ်နယ်မြေထဲ ဝင်ရောက်ရန် ကြိုးစားကြသူများ ဖြစ်သဖြင့် အစွမ်းမရှိပါက လာဝံ့ကြမည် မဟုတ်ပေ။
ထို့ပြင် မန်ရှီးက ကုန်သွယ်ရေး လောကအကြောင်းကိုလည်း အသေးစိတ် ရှင်းပြခဲ့သည်။
ဤနေရာရှိ ကုန်သွယ်ရေးမှာ အခြားမြို့များထက် ပိုမိုမြင့်မားပြီး ထိပ်တန်း ကုန်သည်ကြီးများအသင်း အားလုံး စုဝေးရာ နေရာဖြစ်သည်။
သို့သော် ထူးခြားချက်မှာ ဤနေရာရှိ ကုန်သွယ်ရေးကို မြင့်မြတ်နယ်မြေက တိုက်ရိုက် အုပ်ချုပ်ခြင်းပင် ဖြစ်သည်။
ကုန်သည်အသင်း အလွန်များပြားလွန်းသဖြင့် စနစ်တကျ မအုပ်ချုပ်ပါက တစ်ချိန်လုံး တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေကြမည်ဖြစ်ရာ မည်သည့်အခါမျှ အေးချမ်းမည် မဟုတ်ပေ။
"သခင်လေးအနေနဲ့ ကုန်သည်အသင်း မှတ်ပုံတင်ချင်တယ်ဆိုရင် မန်ရှီးက အခက်အခဲမရှိအောင် ကူညီပေးနိုင်ပါတယ်ရှင်"
သူမက ပြုံးလျက် ပြော၏။
သို့သော် ထန်ထျန်းက လက်ဝှေ့ယမ်းကာ "အဲဒါကတော့ မလောသေးပါဘူး"
"ငါတို့က သတင်းလာစုံစမ်းတာပဲ ရှိပါသေးတယ်"
သူ ချထားခဲ့တဲ့ အခြေခံတွေအရ နောင်တစ်ချိန်မှာ 'ထျန်းရှထုန် ကုန်သည်အသင်း' နဲ့ 'ပုံရိပ်ယောင် ကမ္ဘာ ' က ဒီနေရာအထိ ပျံ့နှံ့လာမှာဖြစ်လို့ အားလုံးကို မြောင်ယွမ်ဆီပဲ လွှဲပေးလိုက်ရင် ရပါသည်။
နောက်တစ်ခုက... သူကိုယ်တိုင်လည်း ဒီလိုရှုပ်ထွေးတဲ့ ကိစ္စတွေနဲ့ စိတ်မရှုပ်ချင်သေးပေ။
ထို့နောက် ထန်ထျန်းက သူ၏ အဓိက ရည်ရွယ်ချက်ကို မေးလိုက်သည်။
"ငါ သိချင်တာက... မြင့်မြတ်နယ်မြေထဲကို သွားဖို့အတွက် ဘာ တွေ လိုအပ်သလဲဆိုတာပဲ"