အပိုင်း(၁၈၃)-သူမ မျက်နှာဖုံးနောက်ကွယ်တွင်
Vol. 002 Ch. 183
ရှီမာယူယူသည် ကလေးငယ်၏ ဒဏ်ရာများသန့်ရှင်းပေးနေသည်ကို ဘေဂုံထန် အဆက်မပြတ်ကြည့်နေခဲ့သည်။ ဖက်တီးကျူပြောသည်ကို ကြားသောအခါ သူမ ခေါင်းခါရုံမျှခါသည်။ သူမ တစ်ခွန်းမှမပြောပဲ ငေးငိုင်နေခဲ့သည်။
ရှီမာယူယူသည် ကလေး၏ ခန္ဓာကိုယ်အား ဆေးလိမ်းပေးပြီး သူ့အား ဆေးအနည်းငယ်တိုက်လိုက်လေသည်။ ထို့နောက်တွင် သူမ ထပြီး ပြောလိုက်သည် “သူက အပြင်ပိုင်းဒဏ်ရာပဲ ရတာပါ အတွင်းပိုင်းက ဒဏ်ရာမများဘူး၊ ဆေးသောက်ပြီးရင်တော့ နှစ်ရက်အတွင်းသက်သာမှာပါ၊ ဘေဂုံ သူ့ကိုမြင်တော့ မင်းရဲ့ေ မာင်လေးကို သတိရသွားတာလား”
ဘေဂုံထန်သည် ရှီမာယူယူအား သံသယစိတ်ဖြင့်ကြည့်လိုက်သည်။ သူမ ဘယ်လိုသိပြန်တာလဲ။
ရှီမာယူယူ ပခုံးတွန့်ကာ ပြောလိုက်သည် “ငါဒီကလေးမျက်နှာက ဖုန်တွေသုတ်ပေးတုန်းက ဒီကလေးက မင်းနဲ့တူတယ်လို့ထင်တယ် အဲဒါကြောင့် ငါမှန်းကြည့်တာ”
ဝေကျိရွှီနှင့် တခြားသူများသည် ကလေးငယ်၏ ပုံစံအား သေချာစိုက်ကြည့်ရာ ဘေဂုံထန်နှင့် တချို့အချက်များ တူသည်ကို တွေ့လိုက်ရသည်။
ဘေဂုံထန်သည် ခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်တယ်၊ သူ့ကြည့်ရတာ ငါ့မောင်လေးနဲ့ ငါနဲ့ တခြားသူတွေရဲ့ အနိုင်ကျင့်ခံခဲ့ရတာကို သတိရသွားတယ်၊ အဲတုန်းက ငါတို့ကို တစ်ယောက်ယောက် လာကယ်ဖို့ကို ဆုတောင်းခဲ့ရတာ”
ရှီမာယူယူသည် သူမပခုံးအား ပုတ်ကာ ပြောလိုက်သည် “သူက မင်းနဲ့တွေ့တာ ကံကောင်းတာပဲ၊ မင်းမောင်လေးလည်း ဘာမှမဖြစ်လောက်ပါဘူး၊ သူက မင်းသူ့ကို လာကယ်မှာကို စောင့်နေမှာပါ”
“အင်း” ဘေဂုံထန် ပြန်ဖြေသည်။
ထိုအချိန်တွင် ဘိုင်ယွန်ရွှီသည် အပြင်မှဝင်လာကာ ပြောလိုက်သည် “မင်းတို့နေဖို့ကို ငါစီစဉ်ပြီးသွားပြီ ငါ့အိမ်ဘေးမှာပဲ မင်းတို့အားလုံး တစ်အိမ်ထဲနေဖို့စီစဉ်ထားတယ် အဆင်ပြေတယ်မလား”
“ကိစ္စမရှိဘူး၊ မင်းစီစဉ်ထားတယ်ဆိုတော့ ကောင်းတာပေါ့” ဝေကျိရွှီ ပြုံးကာပြောလိုက်သည်။
“ဒါဆို ငါမင်းတို့ကို ခေါ်သွားမယ်” ဘိုင်ယွန်ရွှီပြောလိုက်သည်။
“ကောင်းပြီ”
ဘေဂုံထန်သည် ကလေးငယ်အား ပွေ့ဖက်ပြီး ခေါ်ဆောင်လာကာ ဘိုင်ယွန်ရွှီ နောက်သို့လိုက်ခဲ့လေသည်။
“မင်းတို့အိမ်ကို သန့်ရှင်းရေးလုပ်ဖို့ လုပ်ပေးထားတယ်၊ ဒီလူတွေက ဒီအတောအတွင်း မင်းတို့ကို လုပ်ပေးမယ့် အစေခံမိန်းကလေးတွေပဲ” ဘိုင်ယွန်ရွှီသည် အိမ်ထဲတွင် စောင့်နေသော မိန်းကလေးများအား ညွှန်ပြလေသည်။
“ယွန်ရွှီ ဒီလိုကိစ္စတွေက ငါတို့ကိုယ့်ဘာသာ လုပ်ပါ့မယ်၊ ဒီမိန်းကလေးတွေက မလိုပါဘူး” ဝေကျိရွှီပြောလိုက်သည် “သူတို့လုပ်စရာရှိတာ လုပ်ပါစေ”
“မင်း သူတို့ကို တကယ်မလိုဘူးလား” ဘိုင်ယွန်ရွှီပြောလိုက်သည်။
“အင်း” ဝေကျိရွှီသည် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေး ဒါဆိုလည်း” ဘိုင်ယွန်ရွှီပြောလိုက်သည် “မင်းတို့ကိုယ့်အိမ်ကို ပြန်လို့ရပြီ”
“ဟုတ်ကဲ့ပါ သခင်လေး” ထိုအစေခံမိန်းကလေးများသည် အိမ်မှထွက်သွားလေသည်။
“မင်းတို့အခုမှ ရောက်တာဆိုတော့ နားပါဦး၊ ငါ့ အဖေကို သွားနှုတ်ဆက်ပြီး မင်းတို့ကို လိုက်ပြပေးမယ်” ဘိုင်ယွန်ရွှီ်သည် အိမ်ရှင်လေသံနှင့် ပြောလေသည်။
“ကောင်းပါပြီၤ မင်းလုပ်စရာရှိတာ သွားလုပ်ပါ”
သူတို့ ငါးယောက်အခန်းရွေးပြီးသည်နှင့် ဘိုင်ယွန်ရွှီ ထွက်သွားလေသည်။ ဘေဂုံထန်သည် သူမအခန်းနှင့် မျက်နှာချင်းဆိုင်အခန်းတွင် ကလေးငယ်အား သိပ်ထားပြီး သူနိုးလာသည်ကို စောင့်နေခဲ့သည်။
နေ့တစ်ဝက်အကြာတွင် ကလေးငယ်သည် တဖြည်းဖြည်း သတိရလာသည်။ ဘေဂုံထန် စားပွဲတွင် ထိုင်ကာ စာဖတ်နေသည်ကို ကြည့်ပြီး အိမ်မက်မက်နေသည်အထင်နှင့် မျက်တောင်ခတ်နေမိသည်။
“မမ..”
ဘေဂုံထန်သည် ကလေးနိုးလာသည်ကို ကြားသောအခါ ခေါင်းမော့ကာ မေးလိုက်သည် “နိုးလားပြီလား”
“မမ ကျွန်တော့်ကို ကယ်တာကျေးဇူးပါ” ကလေးငယ်သည် ချစ်စရာကောင်းစွာပြောလေသည်။
ဘေဂုံထန်သည် မတ်တတ်ရက်ကာ လျှောက်လာသည်။ သူမ သူ့အိပ်ရာဘေးသို့ရောက်သောအခါ မေးလိုက်သည် “မင်းနာမည်ဘယ်သူလဲ”
“တုလေး” ကလေးငယ်သည် ပြန်ဖြေသည်။
“တုလေး မင်းမိသားစုကရော” ဘေဂုံထန်သည် သူ့ခေါင်းအားပုတ်ပြီးမေးလိုက်သည်။
တုလေး၏ မျက်လုံးသည် ညိုးကျသွားပြီး နူးညံ့စွာပြောလေသည် “တုလေးက မိသားစုကနေ နှင်ထုတ်ခံထားရတာ၊ သူတို့က ကျွန်တော့်ကို မလိုချင်ကြတော့ဘူး၊ အဲဒါကြောင့် တုလေးမှာ မိသားစုမရှိဘူး”
“အိမ်ကနေ နှင်ထုတ်ခံရတယ်…..” ဘေဂုံထန် ရေရွှတ်လိုက်သည်။ အကြောင်းအရင်းအား သူမ မမေးတော့ပဲ ဖျော့တော့စွာပြောလိုက်သည် “မင်းက ဒီနေ့အပစ်ခံရတယ်၊ ဒါပေမယ့် မင်းက တစ်နေ့မှာ ကောင်းကင်ပေါ်ကို ပျံတက်ပြီး သူတို့ နောင်တရအောင်လုပ်ရမယ်”
ကလေးငယ်သည် ခေါင်းမှ ခြေဖျားအထိ အံ့သြသွားရသည်။ သူသည် တစ်ဘဝလုံးတွင် အနိုင်ကျင့်ခံရပြီး ဖယ်ကြဉ်ခံရသည်။ ဒီနေ့ကြားရသော စကားလုံးများသည် သူ့မျက်လုံးများအား နီရဲစေသည်။
“ဟေး မင်းနိုးပြီလား” ရှီမာယူယူသည် အပြင်မှ ဝင်လာသည်။ ကလေးငယ်၏ မျက်လုံးများနီရဲနေသည်ကို ကြည့်ပြီး သူမ ရှေ့တိုးကာ သူ့နှာခေါင်းအား ဆိတ်ပြီး ပြောလိုက်သည် “ယောက်ျားက သွေးစီးရင်တောင် မျက်ရည်မကျရဘူး”
“မငိုပါဘူး” တုလေးသည် နှာရှုပ်ကာ ပြောလိုက်သည်။
“တုလေး သူမက မင်းရဲ့ ဒဏ်ရာတွေကို ကုပေးတဲ့သူပဲ” ဘေဂုံထန် ပြောလိုက်သည်။
“ကျေးဇူးပါ မမ၊ မမ ကျွန်တော်က တုလေးပါ” တုလေးပြောလိုက်သည်။
ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် အံ့သြသွားလေသည်။ သူတို့သည် တုလေးအား အံ့သြစွာကြည့် ကာ ပြောလိုက်သည် “တုလေး မင်းသူ့ကို ဘာလို့ မမလို့ခေါ်တာလဲ”
တုလေးသည ဘေဂုံထန်အား အံ့သြစွာကြည့်ကာ ပြောလိုက်သည် “မမက မမပဲလေ၊ သူမက ယောက်ျားလေး ဝတ်စုံ ဝတ်ထားရုံပဲဟာကို”
“မင်းဘယ်လိုသိလဲ” ရှီမာယူယူ မေးလိုက်သည်။
“ကျွန်တော်လည်း မသိဘူး ကျွန်တော်ငယ်ငယ်ကတည်းက လူတွေမမြင်နိုင်တာတွေကို မြင်ရတယ်၊ အဲဒါကြောင့်ပဲ ကျွန်တော့်ကို တစ္ဆေလိုဆက်ဆံကြတာ” တုလေးသည် ဝမ်းနည်းစွာပြောလေသည်။
ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် သူတို့မြင်ရသည်ကို မယုံကြည်နိုင်ဖြစ်ကာ အကြည့်ချင်းဖလှယ်လိုက်သည်။
ရှီမာယူယူ ကျောက်တုံးတစ်တုံးအား ထုတ်ကာ မေးလိုက်သည် “တုလေး ဒီကျောက်တုံးထဲမှာ ဘာရှိလဲ မင်းမြင်နိုင်လား”
“ကျောက်စိမ်း”
“ပြီးတော့ရော”
“သံတုံး”
ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် အလွန်အမင်းအံ့သြသွားရသည်။ တုလေးမှာ ဘယ်လိုအရည်အချင်းတွေ ရှိနေတာပါလိမ့်။
ရှီမာယူယူနှင့် ဘေဂုံထန်တို့၏ ပါးနပ်သော စိတ်ခံစားချက်ကိုပင် တုလေး ထူးခြားစွာ ခံစားမိပြီး ငိုကာ ပြောလေသည် “မမတို့ တုလေးကို နှင်မထုတ်ကြပါနဲ့”
ဘေဂုံထန်သည် မျက်ရည်များသုတ်ပေးလိုက်ကာ ပြောလေသည် “ငါတို့ မင်းကို နှင်မထုတ်ပါဘူး”
“ဟုတ်သားပဲ တုလေး မင်းရဲ့ နှာချေးတွေ ထပ်ထွက်လာပြီ” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။
“တကယ်ပဲ ကျွန်တော့်ကို နှင်မထုတ်ဘူးမလား” တုလေးသည် ရှီမာယူယူနှင့် ဘေဂုံထန်အားကြည့်လိုက်သည် “မလိမ်ဘူးမလား”
“ဘာလို့ ငါတို့က မင်းကိုလိမ်ရမှာလဲ” ရှီမာယူယူ ရယ်မောမိလေသည်။
“အရင်တုန်းက လူတွေက အရမ်းကောင်းကြတယ် ဒါပေမယ့် ကျွန်တော်က သာမာန်မဟုတ်ဘူးဆိုတာ သိသွားကြတော့ ကျွန်တော့ကို နှင်ထုတ်ကြတယ်” တုလေး ပြောလေသည် “ကျွန်တော်က ကျင့်ကြံလို့မရလို့ ကျွန်တော်က အမှိုက်လို့ပြောကြတယ်”
“မင်းက ကျင့်ကြံလို့မရဘူးလား” ဘေဂုံထန်သည် အံ့သြစွာပြောလေသည်။ သူမသည် တုလေး၏ လက်အား စစ်ဆေးလိုက်ပြီး ရှီမာယူယူအားကြည့်ကာ ပြောလေသည် “သူ့အကြောတွေ ပိတ်ခံထားရတယ်”
ဝိညာဉ်ချီအား ခန္ဓာကိုယ်ထဲသို့ စုပ်ယူပြီးနောက် သူတို့ပင်မအကြောများသို့ ထည့်ထားရန်လိုအပ်သည်။ လူတစ်ယောက်၏ အကြောများ အပိတ်ခံထားရပါက ကျင့်ကြံ၍ မရသည်မှာ သဘာဝပင်ဖြစ်သည်။
“ကြည့်ရအောင်”
ဘေဂုံထန်သည် ထိုင်နေရာမှ ရှီမာယူယူထိုင်နေသော အိပ်ရာဘေးသို့ ဖယ်ပေးလိုက်လေသည်။ သူမသည် သူ၏ လက်အား စစ်ဆေးပြီး ဘေဂုံထန်ပေးသော ထင်မြင်ချက်ကိုပင်ပေးသည်။
“ဘယ်လိုလဲ” ဘေဂုံထန်ပေးလိုက်သည်။
“မင်းထင်သလိုပဲ” ရှီမာယူယူ ပြန်ဖြေသည်။
တုလေးသည် တည်ငြိမ်နေကာ ပြောလေသည် “ကျွန်တော့်အဖေက အရင်ကလည်းကြိုးစားဖူးတယ်၊ ဒါပေမယ့် ဝိညာဉ်သခင်ဆရာဝန်တွေက ကျွန်တော့်ရဲ့ အကြောတွေက သံတွေနဲ့အပိတ်ခံရတယ်လို့ပြော တယ်၊ ကောင်းလာမယ့် အလားအလာမရှိခဲ့ဘူး၊ အဲဒါကြောင့် ကျွန်တော့်အဖေက ကျွန်တော့်ကို ပစ်ပြီး နှင်ထုတ်ခံလိုက်ရတာပဲ၊ ကျွန်တော် နေသားကျနေပါပြီ”
“တုလေး မင်းအသက်ဘယ်လောက်လဲ” ရှီမာယူူယူမေးလေသည်။
“ရှစ်နှစ်ပြည့်ပြီးပြီ” တုလေး ပြန်ဖြေသည်။
ရှစ်နှစ်သာရှိသေးသော ကလေးငယ်ထံမှ လူ့ဘဝအား စိတ်ကုန်သော စကားကိုကြားခဲ့ရသည်။
“တုလေး မင်းမိသားစုကရော ကျင့်ကြံလို့ရလား”
“အင်း သူတို့က ဝိညာဉ်သခင်တွေပဲ ကျွန်တော်တစ်ယောက်တည်း ခြွင်းချက်ဖြစ်နေတာ” တုလေး ပြန်ဖြေသည်။
“ဒါဆို မင်းကျင့်ကြံလို့ရချင်လား”
တုလေး၏ မျက်လုံးများသည် အရောင်တောက်လာသည်။ ရှီမာယူယူဆိုလိုချင်သည်ကို နားလည်သွားပြီး သူမေးလိုက်သည် “ကျွန်တော်ကျင့်ကြံလို့ရနိုင်လား”
“ယူယူလား” ဘေဂုံထန်သည် ရှီမာယူယူအားကြည့်လိုက်သည်။ သူမသာ တုလေးအား ကျင့်ကြံနိုင်ရန် ပြုလုပ်ပေးလိုက်ပါက သူ့အရည်အချင်းနှင့်ပေါင်းလိုက်သောအခါ သူ့ဘဝသည် အရင်နှင့်လုံးဝ တူတော့မည်မဟုတ်ပေ။