အခန်း (၁၆၀၆-၁၆၀၈)
Vol. 108 Ch. 1606-1608
အခန်း (၁၆၀၆ )
အမှောင်ထဲမှ စောင့်ကြည့်နေသူ
ကောင်းကင်ဝံပုလွေမြို့ ဘေးကင်းလုံခြုံမှု မရှိတော့ကြောင်းကို ကောက်ရှီယွမ်လည်း ခံစားမိ၏။ လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ တပည့်ရင်းဖြစ်သော လုချန်း ကောင်းကင်ဝံပုလွေမြို့တွင် ရှိနေကြောင်း သွေးလင်းယုန်ခန်းမက သိသွားပြီဖြစ်ရာ လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းအကြား ပဋိပက္ခဖြစ်ပွားစေရန် လုချန်းအား လုပ်ကြံသတ်ဖြတ်ဖို့ လူများ ထပ်မံစေလွှတ်နိုင်ခြေ အလွန်ရှိနေသည်။
အမှန်စင်စစ် လုချန်း၏ လူ့လောကသို့ ခရီးစဉ်သည် ကျင့်ကြံရန်အတွက်သာဖြစ်ပြီး မည်သည့်နေရာတွင် ကျင့်ကြံမည်ဆိုသည်က အရေးမကြီးလှချေ။ ထို့ကြောင့်ကောင်းကင်ဝံပုလွေမြို့တွင် အချိန်အကန့်အသတ်မရှိ ဆက်နေရန် မလိုအပ်ပေ။
ထို့ပြင် မြို့တော်ဝန်နှင့် ဩဇာကြီး မိသားစုအချို့၏ သစ္စာဖောက်မှုကို စုံစမ်းရန် လုချန်း ကောင်းကင်ဝံပုလွေမြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ယခု အခြေအနေများ ရှင်းလင်းသွားပြီဖြစ်သလို ချီယန်ဂိုဏ်းနှင့် လျှို့ဝှက်လဝန်းနန်းတော်တို့၏ မဟာမိတ်ဖွဲ့မှုမှာလည်း နီးကပ်လာပြီဖြစ်ရာ ကောင်းကင်ဝံပုလွေမြို့တွင် ဆက်နေခြင်းက အဓိပ္ပာယ် များများစားစား မရှိတော့ချေ။
လုချန်းက
“ကောင်းပါပြီ... ကောင်းကင်ဝံပုလွေမြို့မှာ တစ်ရက်လောက် နားပြီး သန်ဘက်ခါကျရင် တခြားမြို့တွေကို ဆက်သွားကြမယ်။”
ထိုသို့ပြောပြီးနောက် လေ့ကျင့်ရေးကွင်းအတွင်းမှ လုချန်း လှည့်ထွက်သွား၏။
လုချန်း ထွက်သွားပြီးနောက် ရှောင်ရွှီရင်၏ အနီးသို့ ကောက်ရှီယွမ် ချဉ်းကပ်သွားပြီး
“ညီမလေး... မမ မရှိတဲ့အချိန်မှာ မောင်လေးချန်း တစ်ခုခု ထူးထူးခြားခြား ပြုမူတာမျိုး ရှိလား။”
ထိုအရာကို ကြားလျှင် ရှောင်ရွှီရင် ခဏခန့် ဇဝေဇဝါဖြစ်သွားပြီးမှ
“မမ ဘာလို့ အဲ့ဒီလို မေးတာလဲ။”
ကောက်ရှီယွမ်က
“စီနီယာယဲ့က မေးခိုင်းလိုက်လို့ပါ။”
အတွင်းစည်းအကြီးအကဲများ သွေးလင်းယုန်ခန်းမကို မည်သို့ကိုင်တွယ်ရမည်ကို ဆွေးနွေးနေစဉ်အတွင်း ကောင်းကင်ဝံပုလွေမြို့သို့ ပြန်ရောက်လျှင် ရှောင်ရွှီရင်ထံမှ လုချန်း၏ အခြေအနေကို စုံစမ်းရန် ယဲ့ချူယောင်က ကောက်ရှီယွမ်ထံ သတင်းစကား ပေးပို့ခဲ့ခြင်းဖြစ်သည်။ လုချန်းထံတွင် ထူးခြားမှု တစ်စုံတစ်ရာ ရှိပါက ချက်ချင်း အစီရင်ခံရန်လည်း သေချာမှာထား၏။
ရှောင်ရွှီရင်က
“သူ ဘာမှ ထူးထူးခြားခြား မလုပ်ပါဘူး”
ရှောင်ရွှီရင်၏ အဖြေကို ကြားလျှင် ကောက်ရှီယွမ်က
“စီနီယာယဲ့က ဘာလို့ မောင်လေးချန်းအပေါ် ဒီလောက်အထိ သတိထားနေရတာလဲ မသိဘူး။”
ရှောင်ရွှီရင်က
“မောင်လေးချန်းကလည်း နန်းတော်သခင်ရဲ့ တပည့်ရင်း ဖြစ်နေလို့နေမှာပေါ့”
ထိုစကားကြောင့် ကောက်ရှီယွမ် မှင်တက်သွားပြီး
“ညီမလေးရှောင် ပြောချင်တာက နန်းတော်သခင်လေး ရာထူးအတွက် ပြိုင်ဆိုင်မှုအကြောင်းလား။”
ရှောင်ရွှီရင်က
“မောင်လေးချန်း မရောက်ခင်က နန်းတော်သခင်မှာ စီနီယာ ယဲ့ တစ်ယောက်ပဲ တပည့်ရင်း ရှိခဲ့တာ။ အဲဒါကြောင့် သူက နန်းတော်သခင်လေး ဖြစ်နေခဲ့တာလေ။ ဒါပေမဲ့ မောင်လေးချန်း ရောက်လာပြီးတဲ့နောက်မှာတော့ နန်းတော်သခင်မှာ တပည့်ရင်း နှစ်ယောက် ရှိလာတယ်။ အဲဒီတော့ စီနီယာယဲ့အတွက် နန်းတော်သခင်လေး ရာထူးက မသေချာတော့ဘူးပေါ့။”
ကောက်ရှီယွမ်က
“ဒါပေမဲ့ မောင်လေးချန်းက ယောက်ျားလေး မဟုတ်လား။ နန်းတော်သခင်က နန်းတော်သခင် ရာထူးကို မောင်လေးချန်းလက်ထဲ လွှဲပေးမှာ မဟုတ်လောက်ဘူးနော်။”
ရှောင်ရွှီရင်က
“အဲဒါတော့ မပြောနိုင်ဘူး... အရင်ကဆိုရင် နန်းတော်သခင်က ယောက်ျားလေး တပည့်တွေကို ဘယ်တုန်းကမှ လက်မခံခဲ့ဘူး။ အခုတော့ သူကိုယ်တိုင် ယောကျ်ားတပည့်ကို ခေါ်ယူနေပြီဆိုတော့ တစ်ခုခု ပြုပြင်ပြောင်းလဲဖို့ ကြံစည်နေတာလည်း ဖြစ်နိုင်တာပဲ။ တကယ်လို့ နန်းတော်သခင်က ယောက်ျား လေးတပည့်တွေကို လက်ခံပြီး လျှို့ဝှက်လဝန်းနန်းတော်ကို ပြုပြင်ပြောင်းလဲဖို့ ရည်ရွယ်ထားတယ်ဆိုရင်... အဲ့ဒီတာဝန်ကို ဘယ်သူ့ကို ပေးမယ်လို့ ထင်လဲ။”
ကောက်ရှီယွမ် ရုတ်တရက် သဘောပေါက်သွား၏။ တကယ်၍ လျှို့ဝှက်လဝန်းနန်းတော်က ယောက်ျားလေး တပည့်များကို လက်ခံပြီး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဆိုပါက ထိုတာဝန်ကို အမျိုးသမီးများထံ ပေးအပ်မှာ မဟုတ်တာ ထင်ရှားသည်။
အမျိုးသမီးများထံ ပေးအပ်ပါက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာ ဦးစားပေးဖွယ်ရှိပြီး ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးလိုသည့် စိတ်ဓာတ်ရှိကြမည် မဟုတ်ချေ။ လျှို့ဝှက်လဝန်းနန်းတော်က ယောက်ျားလေး တပည့်များကို လက်ခံလိုက်သည့်တိုင် ထိုတပည့်များသည် ကျင့်စဉ် အရင်းအမြစ်များကို များများစားစား ရရှိကြလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ယောက်ျားလေးများထံ တာဝန်ပေးအပ်ပါက ၎င်းတို့က ယောက်ျားလေး တပည့်များ၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားမည်ဖြစ်၏။ ဤနည်းအားဖြင့် လျှို့ဝှက်လဝန်းနန်းတော်၏ ပြုပြင်ပြောင်းလဲမှုကို ရှေ့သို့ တွန်းတင်နိုင်ပေလိမ့်မည်။
ကောက်ရှီယွမ် အာရုံ သွားသည်ကို မြင်လျှင် ရှောင်ရွှီရင် သက်ပြင်းချလိုက်မိ၏။ သူမသည် ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်ပြီး လျှောက်ပြောနေခြင်းသာဖြစ်သည်။ ယဲ့ချူယောင်က လုချန်းအား ထိုကိစ္စအတွက် စောင့်ကြည့်နေသည်ဟု ကောက်ရှီယွမ် ယုံကြည်သွားအောင် လုပ်လိုက်ခြင်းဖြစ်သည်။
သတိပြန်ဝင်လာပြီးနောက် ကောက်ရှီယွမ်က
“ညီမလေး ပြောသလိုသာ ဆိုရင်တော့ ချန်းလုက နောက်လာမယ့် နန်းတော်သခင် ဖြစ်လာနိုင်တာပေါ့။ စီနီယာယဲ့အတွက် သူ့ကို စောင့်ကြည့်ပေးနေတာကို မောင်လေးချန်း သိသွားပြီး သူ နန်းတော်သခင် ဖြစ်လာတဲ့အခါကျရင် တို့အတွက် လျှို့ဝှက်လဝန်းနန်းတော်မှာ နေစရာ နေရာ ရှိပါဦးမလား။”
ရှောင်ရွှီရင်က
“အဲဒါကြောင့်မို့လို့ စီနီယာယဲ့ကို မောင်လေးချန်းအကြောင်း ပြောတဲ့အခါ သူ့ကို ထိခိုက်စေမယ့် အချက်တွေကို ရှောင်ပြောသင့်တယ်။”
ကောက်ရှီယွမ်က
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီမလေး။ အစက အစ်မ ဒါတွေကို မစဉ်းစားခဲ့မိဘူး။”
နန်းတော်သခင် ရာထူးအတွက် ပြိုင်ဆိုင်မှုများကြားတွင် သူမ လုံးဝ မပါဝင်ရန် ကောက်ရှီယွမ် စိတ်ထဲ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်၏။ ယနေ့မှစ၍ လုချန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အစီရင်ခံခြင်းမှ ဖြစ်နိုင်သမျှရှောင်ကြဉ်တော့မည်ဟုလည်း သူမ တွေးလိုက်သည်။
…….
ကောင်းကင်ဝံပုလွေမြို့၏ တည်းခိုခန်းတစ်ခုအတွင်း။
ကောင်းကင်ဝံပုလွေမြို့အတွင်း နတ်ဘုရင်ခံများ၏ လှုပ်ရှားမှုများနှင့် ပတ်သက်သော လတ်တလောဖြစ်ရပ်များကို အင်းစာရွက်တစ်ရွက်ထုတ်ကာ သွေးလင်းယုန်ခန်းမသို့ ရှုကျင့်ရှူးက သတင်းပေးပို့လိုက်၏။
ချီယန်ဂိုဏ်းနှင့် လျှို့ဝှက်လဝန်းနန်းတော်မှ နတ်များအကြား ဆွေးနွေးမှုများကို သူမ မသိသော်လည်း နှစ်ဖက်စလုံးမှ ထိပ်တိုက်တွေ့ဆုံရန် အလားအလာ မရှိကြောင်း ထင်ရှားနေသည်။
ရှုကျင့်ရှူး သတင်းပေးပို့ပြီးသည်နှင့် တပြိုင်နက် အခန်းတွင်း၌ အသံတစ်သံ ထွက်ပေါ်လာ၏။
“သူတော်စင်မကို ဂါရဝပြုပါတယ်”
ထိုအသံကို ကြားလျှင် ရှုကျင့်ရှူး မျက်မှောင်ကြုတ်လျက် သူမ၏ နောက်ဘက်သို့ လှည့်ကြည့်လိုက်၏။
သွေးလင်းယုန်ခန်းမမှ နောက်ထပ်လူ မလွှတ်ဖို့ပြောရန် ကြံရွယ်နေစဉ်မှာပင် နတ်ဘုရင်ခံ ထျန်းရှောင် သူမ၏ အခန်းအတွင်းသို့ ရုတ်တရက် ရောက်ရှိလာခြင်းဖြစ်သည်။
ရှုကျင့်ရှူးက
“နတ်ဘုရင်ခံ ထျန်းရှောင်... ရှင် နောက်ကျသွားပြီ။ ချီယန်ဂိုဏ်းနဲ့ လျှို့ဝှက်လဝန်းနန်းတော်တို့ တစ်ခုခုကို ရိပ်မိသွားပုံရတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ သူတို့အချင်းချင်း အဆက်အသွယ်တွေ ရှိနေကြပြီး တိုက်ခိုက်ကြမယ့်ပုံ မပေါ်တော့ဘူး။”
ထိုစကားကို ကြားလျှင် နတ်ဘုရင်ခံ ထျန်းရှောင် ခဏခန့် တုံ့ဆိုင်းသွားပြီးမှ ရှုကျင့်ရှူးကို
“လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်ရဲ့ တပည့်ရင်း ကောင်းကင်ဝံပုလွေမြို့မှာ ရှိနေသေးလား။”
ရှုကျင့်ရှူးက
“ကျွန်မ မသေချာဘူး... အရင်က လျှို့ဝှက်လဝန်းနန်းတော်က နတ်ဘုရင်ခံ လင်ရင် ကောင်းကင်ဝံပုလွေမြို့ကနေ ထွက်သွားခဲ့တယ်။ အဲဒီ ချန်းလုကို သူနဲ့အတူ ခေါ်သွားသလားဆိုတာတော့ ကျွန်မ မသိဘူး။”
နတ်ဘုရင်ခံ ထျန်းရှောင် ခဏခန့် စဉ်းစားလိုက်ပြီးနောက် ယနေ့ညတွင် မြို့တော်ဝန်စံအိမ်သို့ သွားရန် ဆုံးဖြတ်လိုက်၏။ သူ ဤနေရာသို့ ရောက်ရှိနေပြီဖြစ်ရာ ဘာမှမလုပ်ပဲ ပြန်ရန်တော့ မဖြစ်နိုင်ချေ။
ရှုကျင့်ရှူးက ဆက်လက်၍
“လျှို့ဝှက်လဝန်းနန်းတော်ရော ချီယန်ဂိုဏ်းပါ ကောင်းကင်ဝံပုလွေမြို့ကို သတိထားမိနေကြပြီ။ ချန်းလု မြို့ထဲက ထွက်မသွားသေးဘူး ဆိုရင်တောင်မှ ရှင့်အနေနဲ့ ဒီနေရာမှာ ချန်းလုကို ပစ်မှတ်မထားတာ အကောင်းဆုံးပဲ။”
ကောင်းကင်ဝံပုလွေမြို့သည် ချီယန်ဂိုဏ်းနှင့် အလွန်နီးကပ်လှ၏။ နတ်ဘုရင်ခံ ထျန်းရှောင်က သူ၏ နတ်ဘုရင်ခံ အငွေ့အသက်ကို ထုတ်ဖော်လိုက်သည်နှင့် တပြိုင်နက် ချီယန်ဂိုဏ်းမှ နတ်ဘုရင်ခံများ ကောင်းကင်ဝံပုလွေမြို့သို့ ချက်ချင်း ရောက်ရှိလာနိုင်သည်။
ထိုသို့ဖြစ်လာပါက ချီယန်ဂိုဏ်းကို အပြစ်ပုံချရန် မဖြစ်နိုင်တော့သည့်အပြင် နတ်ဘုရင်ခံ ထျန်းရှောင် ကိုယ်တိုင်လည်း လွတ်မြောက်ရန် ခဲယဉ်းသွားပေလိမ့်မည်။
နတ်ဘုရင်ခံ ထျန်းရှောင်က
“သူတော်စင်မ စိတ်ချပါ... ဘာလုပ်ရမလဲဆိုတာ ကျုပ် သိပါတယ်။”
…….
ညဉ့်နက်သန်းခေါင်ယံအချိန်တွင် ကောင်းကင်ဝံပုလွေမြို့၏ မြို့တော်ဝန်စံအိမ်သို့ အရိပ်တစ်ခု ရောက်ရှိလာ၏။ နတ်ဘုရင်ခံ ထျန်းရှောင်က သူ၏ နတ်အာရုံကို စံအိမ်တစ်ခုလုံးသို့ အနည်းငယ် ဖြန့်ကျက်ကြည့်လိုက်ရာ အထဲတွင် မြေနတ်တစ်ပါးနှင့် ကောင်းကင်နတ် နှစ်ပါးရှိနေသည်ကို တွေ့ရှိလိုက်ရသည်။
ထျန်းရှောင်၏ နတ်အာရုံ ဖြန့်ကျက်လိုက်သည်နှင့် တပြိုင်နက် လုချန်း မျက်လုံးများ ပွင့်လာပြီး
“ဘယ်သူလဲ”
သူ၏ တည်ရှိမှုကို ရိပ်မိသွားကြောင်း သိလိုက်ရသဖြင့် မြို့တော်ဝန်စံအိမ်မှ နတ်ဘုရင်ခံ ထျန်းရှောင် အမြန်ဆုံး ဆုတ်ခွာသွား၏။ ယခုအချိန်က လှုပ်ရှားရန် အချိန်ကောင်း မဟုတ်သေးချေ။
တစ်ချက်တည်းနှင့် အောင်မြင်အောင် မလုပ်ဆောင်နိုင်ပါက ချီယန်ဂိုဏ်းမှ နတ်ဘုရင်ခံများကို ဆွဲဆောင်မိသွားနိုင်သည်။
နတ်ဘုရင်တစ်ပါး၏ တပည့်ရင်းဖြစ်သူတွင် အသက်ဘေးမှ လွတ်မြောက်နိုင်မည့် ဝှက်ဖဲအချို့ ရှိနေမည်မှာ အသေအချာပင်။ လုချန်းကို ချက်ချင်း လက်စဖျောက်နိုင်မည်ဟု နတ်ဘုရင်ခံ ထျန်းရှောင်စိတ်ထဲ အပြည့်အဝ ယုံကြည်မှု မရှိချေ။
လုချန်းက သူ၏ နတ်အငွေ့အသက်ကို ထုတ်ဖော်လိုက်သည်နှင့် တရားထိုင်နေကြသော ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့လည်း မျက်လုံးများ ချက်ချင်း ပွင့်လာကြ၏။ အမျိုးသမီးနှစ်ဦးလည်း လုချန်း၏ အခန်းအတွင်းသို့ အလျှင်အမြန် ရောက်ရှိလာကြသည်။
ရှောင်ရွှီရင်က
“ချန်းလု...ဘာဖြစ်လို့လဲ”
လုချန်းက
“မြို့တော်ဝန်စံအိမ်ပေါ်ကို နတ်တစ်ပါးရဲ့ နတ်အာရုံ ဖြတ်ပြေးသွားတာ ခင်ဗျားတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက် ခံစားမိလိုက်လား။”
ထိုမေးခွန်းကို ကြားလျှင် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ အစောပိုင်းက သူတို့သည် ကျင့်ကြံနေခဲ့ကြခြင်းဖြစ်ပြီး မည်သည့် နတ်အာရုံ ဖြတ်သန်းသွားသည်ကိုမှ မခံစားမိခဲ့ကြချေ။
၎င်းတို့၏ မျက်နှာပေါ်မှ ဇဝေဇဝါဖြစ်နေသော အမူအရာကို မြင်လိုက်ရသဖြင့် မည်သူမှ ခံစားမိခြင်းမရှိကြောင်း လုချန်း သိလိုက်ရ၏။ တစ်ဖက်လူက သူ၏ နတ်အာရုံကို ဖုံးကွယ်ရန် အထူးနည်းလမ်းတစ်ခု အသုံးပြုခဲ့ပုံရ၏။ သူ၏ ထူးခြားသော ကျင့်စဉ်ကြောင့်သာ ရှာဖွေတွေ့ရှိနိုင်ခြင်း ဖြစ်လိမ့်မည်ဟု လုချန်း တွေးလိုက်သည်။
အစောပိုင်းက နတ်အာရုံ ဖြတ်သန်းသွားချိန်တွင် သူ့အား အလွန် သက်သောင့်သက်သာ မရှိဖြစ်စေခဲ့ပြီး နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာလည်း အလိုအလျောက် နိုးကြွလာခဲ့ရာ တိတ်တဆိတ် စောင့်ကြည့်နေသူက မိစ္ဆာနတ် တစ်ပါးဖြစ်နိုင်၏။ ဆိုလိုသည်က သွေးလင်းယုန်ခန်းမမှ နတ်တစ်ပါး ဖြစ်နိုင်ပေသည်။
…………..
အခန်း (၁၆၀၇)
အသုံးမဝင်သော နည်းဗျူဟာပုံစံ
အမျိုးသမီးနှစ်ဦးကို လုချန်း ကြည့်လိုက်ပြီးနောက်
“သွေးလင်းယုန်ခန်းမရဲ့ ပစ်မှတ်ထားတာကို ကျုပ်တို့ ခံနေရပြီ ထင်တယ်။”
လုချန်း၏ စကားကို ကြားလျှင် အမျိုးသမီးနှစ်ဦးလည်း သူတို့၏ နတ်အငွေ့အသက်များကို ချက်ချင်း ထုတ်ဖော်လိုက်ကြပြီး သတိကြီးစွာ ထားလိုက်ကြ၏။
လုချန်းက
“စီနီယာတို့ စိတ်မလှုပ်ရှားပါနဲ့။ သူတို့က ကျုပ် ကောင်းကင်ဝံပုလွေမြို့ကနေ ထွက်သွားပြီလားဆိုတာကို အတည်ပြုဖို့ မြို့တော်ဝန်စံအိမ်ကို လာပြီး ကင်းထောက်ရုံတင်ပါ။”
“ကောင်းကင်ဝံပုလွေမြို့က ချီယန်ဂိုဏ်းနဲ့ အရမ်းနီးတယ်။ သူတို့ ဒီမှာ လှုပ်ရှားရဲမှာ မဟုတ်ဘူး။”
စိုးရိမ်တကြီးဖြင့် ရှောင်ရွှီရင်က
“ဒါဆို အခု ကျွန်မတို့ ဘာလုပ်ကြမလဲ။ တစ်ဖက်လူက နည်းဗျူဟာ ပုံစံတစ်ခု ခင်းကျင်းထားပြီးလောက်ပြီ။ အပြင်ကိုလည်း သတင်းပို့လို့ မရတော့ဘူး။”
ခဏခန့် စဉ်းစားပြီးနောက် လုချန်းက
“ကျုပ်တို့ ကောင်းကင်ဝံပုလွေမြို့ကနေ ထွက်သွားပြီး သူတို့ကို မျှားထုတ်ရအောင်။”
ထိုအရာကို ကြားလျှင် အမျိုးသမီးနှစ်ဦး မှင်တက်သွားကြ၏။
အလျင်အမြန်ပင် ကောက်ရှီယွမ်က
“မောင်လေး... ဒါတော့ မဖြစ်ဘူးလေ။ သူတို့ရဲ့ စွမ်းအားက ဘယ်လောက်ရှိလဲဆိုတာ တို့ မသိဘူး။ တကယ်လို့ သူတို့က အရမ်း အစွမ်းထက်နေပြီး အစ်မတို့ကလည်း ကောင်းကင်ဝံပုလွေမြို့ကနေ ထွက်သွားမယ်ဆိုရင် ဘယ်သူမှ လာကယ်နိုင်မှာ မဟုတ်ဘူး။ အဲဒါဆို တို့တတွေ သေသွားမှာပေါ့။”
ကောင်းကင်ဝံပုလွေမြို့ထဲ၌ မလှုပ်ရှားခြင်းက တစ်ဖက်လူက အလွန် အစွမ်းထက်နေကြောင်း သက်သေပြနေ၏။ သူတို့သာ လှုပ်ရှားခဲ့လျှင် ချီယန်ဂိုဏ်းမှ စွမ်းအားကြီးသူများ ရိပ်မိသွားနိုင် သောကြောင့်ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က လုချန်းအား လုပ်ကြံရန် ကြိုးပမ်းခဲ့သည့် ရွှေနတ်ပင် ကျရှုံးသွားခဲ့ရာ ယခုရောက်လာမည့် တစ်ဖက်လူ၏ စွမ်းအားက အနည်းဆုံး ရွှေနတ်အဆင့်ထက် မြင့်နိုင်ကြောင်း ကောက်ရှီယွမ် ခန့်မှန်းလိုက်မိသည်။
သူတို့အနေနှင့် ရွှေနတ်ထက် နိမ့်သောသူကို စေလွှတ်လိမ့်မည် မဟုတ်ချေ။
ပြုံးလျက် လုချန်းက
“စီနီယာ... ကျုပ်ရဲ့ ဆရာ ပေးခဲ့တဲ့ အသက်ဘေးက လွတ်မြောက်နိုင်မယ့် ရတနာကို မေ့သွားပြီလား။”
ဒါက...
ချန်းလုသည် နန်းတော်သခင်၏ တပည့်ရင်းဖြစ်ကြောင်း ကောက်ရှီယွမ် သတိရသွား၏။ ပြီးခဲ့သည့်အကြိမ်က ကျောက်နက်တောင်ကြားတွင် ထိုရွှေနတ်ကို သူ အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။
နန်းတော်သခင်က ချန်းလုအတွက် ပေးခဲ့သည့် နည်းလမ်းက နတ်ဘုရင်အဆင့် စွမ်းအားရှိသူကိုပင် ခုခံနိုင်ပေလိမ့်မည်။
သို့သော်လည်း နတ်ဘုရင်တစ်ပါးက ချန်းလုကို ဘာကြောင့် ကိုယ်တိုင်ကိုယ်ကျ ပစ်မှတ်ထားရမည်နည်း။
နတ်ဘုရင်ကဲ့သို့ ဖြစ်တည်မှုမျိုးက အငွေ့အသက် အနည်းငယ် ထုတ်ဖော်လိုက်သည်နှင့် တံခါးပိတ် ကျင့်စဉ်စခန်းဝင်နေသော နန်းတော်သခင်က ရိပ်မိသွားပေလိမ့်မည်။
ထို့ကြောင့် ယခုရောက်လာသူက နတ်ဘုရင် မဟုတ်နိုင်ပေ။ ထိုသို့ဆိုလျှင် နတ်ဘုရင်၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်သည့် နည်းလမ်း လုချန်းထံ၌ ရှိနေသဖြင့် စိုးရိမ်စရာ မရှိတော့ချေ။
ချန်းလုသည် လျှို့ဝှက်လဝန်းနန်းတော်၏ အနာဂတ် နန်းတော်သခင်လေး ဖြစ်လာနိုင်ကြောင်း ရှောင်ရွှီရင် ပြောခဲ့သည်ကို ကောက်ရှီယွမ် ပြန်လည် သတိရလိုက်၏။ နန်းတော်သခင်က ချန်းလုကို အလွန်တန်ဖိုးထားသဖြင့် ချန်းလုထံတွင် အသက်ဘေးမှ လွတ်မြောက်နိုင်သည့် ရတနာမှာ တစ်ခုထက်မက ရှိနေနိုင်သည်။
ထိုသို့ တွေးလိုက်ပြီးနောက် ကောက်ရှီယွမ်က
“ကောင်းပါပြီ ... မောင်လေး ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။”
လုချန်းက
“ကောင်းပါပြီ။ ကျုပ်တို့ ကျောက်နက်တောင်ကြားကို နောက်တစ်ခေါက် ပြန်သွားကြတာပေါ့။”
ကျောက်နက်တောင်ကြားသည် အခြားသူများအတွက် သတ်ဖြတ်ရန် ကောင်းမွန်သော နေရာဖြစ်သကဲ့သို့ လုချန်းအတွက်လည်း ထို့အတူပင်ဖြစ်၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူ့ထံ၌ နတ်ဘုရင်၏ ကျိန်စာကို အသုံးပြုခွင့် တစ်ကြိမ် ကျန်ရှိနေသေးသည်။
ရှောင်ရွှီရင်၊ ကောက်ရှီယွမ်တို့နှင့်အတူ ကောင်းကင်ဝံပုလွေမြို့မှ လုချန်း ချက်ချင်း ထွက်ခွာလိုက်၏။
ကောင်းကင်ဝံပုလွေမြို့မှ လုချန်း ထွက်ခွာသွားပြီးနောက် တစ်ဖက်လူက သူ၏တည်ရှိမှုကို သိသွားပြီး ထွက်ပြေးရန် ကြံစည်နေသည်ဟု တွေးကာ နတ်ဘုရင်ခံ ထျန်းရှောင် စိတ်ထဲ လှောင်ပြုံး ပြုံးလိုက်၏။
လူမိုက်တွေ။
သူတို့သာ ကောင်းကင်ဝံပုလွေမြို့ထဲတွင် ရှိနေပါက သူ လှုပ်ရှားနိုင်မည် မဟုတ်ချေ။ သူ လှုပ်ရှားလိုက်သည်နှင့် ချီယန်ဂိုဏ်းမှ လူများကို ဆွဲဆောင်မိသွားလိမ့်မည်။
သို့သော်လည်း သူတို့ မြို့ပြင်ထွက်လာပြီဖြစ်သဖြင့် စိုးရိမ်စရာ မရှိတော့ချေ။
အချိန်ဆိုင်းမနေတော့ပဲ လုချန်းတို့ သွားရာလမ်းကြောင်းအတိုင်း နတ်ဘုရင်ခံ ထျန်းရှောင် တိုက်ရိုက် လိုက်လံ လိုက်ပါသွား၏။
နတ်လှေကို ထိန်းကျောင်းကာ ကျောက်နက်တောင်ကြားသို့ အမြန်ဆုံး အရှိန်ဖြင့် လုချန်း ဦးတည်လိုက်၏။
လုချန်း၏ နတ်လှေ အရှိန်ကို မြင်လျှင် လုချန်းနှင့် အပေါင်းအပါများ သူလိုက်လာတာကို ရိပ်မိသွားပြီး လျှို့ဝှက်လဝန်းနန်းတော်သို့ ထွက်ပြေးရန် ကြိုးပမ်းနေသည်ဟု နတ်ဘုရင်ခံ ထျန်းရှောင် ပို၍ပင် ယုံကြည်သွား၏။
သို့သော်လည်း သူသည် နတ်ဘုရင်ခံ တစ်ပါး ဖြစ်၏။ သူတို့၏ နတ်လှေ မည်မျှ မြန်စေကာမူ သူ့ထက်တော့ မြန်နိုင်မည် မဟုတ်ချေ။
တစ်ရက်ကြာပြီးနောက် ကျောက်နက်တောင်ကြား၏ အထက်တွင် လုချန်း၏ နတ်လှေ ရပ်တန့်သွား၏။
နတ်ဘုရင်ခံ ထျန်းရှောင် သူ၏ နတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ ယခု ကောင်းကင်ဝံပုလွေမြို့မှ ထွက်လာပြီဖြစ်ရာ သူ၏ သတ္တိများလည်း ပို၍ကောင်းလာပြီဖြစ်၏။
လုချန်း၏ နတ်လှေ ရပ်တန့်သွားသည်ကို မြင်လျှင် နတ်ဘုရင်ခံ ထျန်းရှောင် ဇဝေဇဝါ ဖြစ်သွား၏။
ဤသုံးယောက်က ဘာကြောင့် ဆက်မပြေးတော့တာလဲ။
ထိုအရာက နတ်ဘုရင်ခံ ထျန်းရှောင်အား သတိထားမိစေသဖြင့် ကျောက်နက်တောင်ကြားကို သူ၏ နတ်အာရုံဖြင့် အသေအချာ စူးစမ်းလိုက်ရာ အောက်ဘက်တွင် နည်းဗျူဟာ ပုံစံတစ်ခု ရှိနေသည်ကို တွေ့ရှိလိုက်ရ၏။
သူတို့က နည်းဗျူဟာ ပုံစံကို အသုံးပြုပြီး သူ့အား တိုက်ခိုက်ရန် ကြံစည်နေကြသည်ဟု သိ လိုက်ရသဖြင့် နတ်ဘုရင်ခံ ထျန်းရှောင် အေးစက်စွာ ရယ်မောလိုက်၏။
လုချန်း နည်းဗျူဟာ ပုံစံ ခင်းကျင်းနေသည်ကို မြင်သောအခါ ဇဝေဇဝါဖြင့် ရှောင်ရွှီရင်က
“မောင်လေး... မောင်လေးရဲ့ နည်းဗျူဟာ ပုံစံက အဲ့ဒီလူကို ပိတ်လှောင်ထားနိုင်မှာလား။”
လုချန်း ခင်းကျင်းနေသည့် နည်းဗျူဟာ ပုံစံသည် အဆင့်နိမ့် နည်းဗျူဟာ ပုံစံတစ်ခုသာ ဖြစ်ပြီး ရွှေနတ်ကိုပင် ပိတ်လှောင်နိုင်စွမ်း မရှိရာ နတ်ဘုရင်ခံကို ဆိုလျှင်တော့ ဆိုဖွယ်ရာ မရှိချေ။
လုချန်းက
“သူ့ရဲ့ သတိကို လျှော့ချသွားအောင် ကျုပ် ဒီလို လုပ်နေတာပါ။”
သူတို့သာ ဆက်တိုက် ထွက်ပြေးနေပြီး ဘာမှ မလုပ်ပါက ကြံစည်မှု တစ်စုံတစ်ရာ ရှိနိုင်သည်ဟု တစ်ဖက်လူစိတ်ထဲ သံယက ဝင်သွားနိုင်သည်။
သို့သော် သူ နည်းဗျူဟာ ပုံစံ ခင်းကျင်းနေသည်ကို တစ်ဖက်လူ သိ သွားပါက သူ့အား ပိတ်လှောင်ရန် ကြိုးပမ်းနေသည်ဟု ထင်မှတ်ကာ သတိလျော့သွားမည်ဖြစ်၏။
ထို့ရည်ရွယ်ချက်ဖြင့် အသုံးမဝင်နိုင်သော နည်းဗျူဟာပုံစံတစ်ခုကို လုချန်း ခင်းကျင်းပြနေခြင်းဖြစ်သည်။
လုချန်း စကားပြောပြီးသည်နှင့် မလှမ်းမကမ်းမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ချဉ်းကပ်လာသည်ကို သူတို့သုံးဦး ခံစားမိလိုက်ကြ၏။
ကောက်ရှီယွမ်နှင့် ရှောင်ရွှီရင်တို့၏ မျက်နှာအမူအရာများလည်း ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားသည်။
ဤအငွေ့အသက်က...
အနည်းဆုံးတော့ နတ်ဘုရင်ခံ အဆင့် ဖြစ်လိမ့်မည်။
သို့သော်လည်း လုချန်းထံတွင် နန်းတော်သခင် ပေးထားသည့် အသက်ဘေးမှ လွတ်မြောက်နိုင်သည့် ရတနာ ရှိနေကြောင်း သတိရလိုက်သောအခါ သူတို့ အနည်းငယ် စိတ်သက်သာရာရ သွားကြ၏။
နောက်တစ်ခဏတွင် သွေးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ဆံပင်နီနှင့် အမျိုးသားတစ်ဦး ကျောက်နက်တောင်ကြား၏ အထက်တွင် ပေါ်လာပြီး လုချန်းအား အေးစက်စွာ ပြုံးကြည့်လျက်
“ဘာလို့ ဆက်မပြေးတော့တာလဲ”
လုချန်းက တွန့်ဆုတ်မနေပဲ
“နည်းဗျူဟာ ပုံစံ... အသက်ဝင်စေ”
ဟု အော်ဟစ်လိုက်၏။
နောက်တစ်ခဏတွင် အပြာရောင် အကာအကွယ် အလွှာတစ်ခုက နတ်ဘုရင်ခံ ထျန်းရှောင်အား ဝန်းရံသွား၏။ ထိုနည်းဗျူဟာ ပုံစံကို မြင်လျှင် နတ်ဘုရင်ခံ ထျန်းရှောင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး
“ဒီနည်းဗျူဟာ ပုံစံက ကျုပ်ကို တားဆီးနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား။”
လုချန်းက အချိန်ဆွဲရန်အတွက် ထိုနည်းဗျူဟာ ပုံစံကို အသုံးပြုသည်ဟု ထျန်းရှောင် ထင်မှတ်ထားသည်။
သို့သော် လုချန်းက အချိန်ကုန်ခံရန် စိတ်ကူးမရှိပဲ နည်းဗျူဟာပုံစံကို ပေါ့ပေါ့ပါးပါး အသက်သွင်းလိုက်ခြင်း ဖြစ်ကြောင်းကိုတော့ သူ မသိခဲ့ချေ။
လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွား၏။ နတ်ဘုရင်ခံ ထျန်းရှောင်အတွက် အချိန်ဖြုန်းရန် သူ့တွင် အစီအစဉ် မရှိပေ။
ထို့နောက် နတ်ဘုရင်၏ ကျိန်စာကို သူ အသက်သွင်းလိုက်ရာ နတ်ဘုရင်အဆင့်ရှိသော စွမ်းအားတစ်ခု လုချန်း၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းပင် တိုးဝင်သွား၏။
ကောင်းကင်ယံသည် အမှောင်အတိကျသွားပြီး တိမ်တိုက်များကြားတွင် လျှပ်စီးများ လက်ကနဲ ဖြစ်သွားကာ လုချန်း၏ ခန္ဓာကိုယ်မှ ကြီးမားသော ဖိအားတစ်ခု ထွက်ပေါ်လာ၏။
လုချန်း၏ အငွေ့အသက်ကို ခံစားမိလိုက်သောအခါ နတ်ဘုရင်ခံ ထျန်းရှောင်၏ အပြုံး ချက်ချင်းပင် အေးခဲသွား၏။
နတ်ဘုရင်ခံ ထျန်းရှောင်က
“နတ်... နတ်ဘုရင်”
သူ လှည့်စားခံလိုက်ရသည်ကို သိလိုက်သော်လည်း ထိုနတ်ဘုရင် စွမ်းအားက လုချန်း ကိုယ်ပိုင်စွမ်းအား မဟုတ်သည်ကို ခံစားမိသောအခါ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး
“ခင်ဗျားမှာ အဲ့ဒီစွမ်းအား ရှိနေရင်တောင် ဘာဖြစ်လဲ။ လျှို့ဝက်လဝန်းနန်းတော် နန်းတော်သခင်ရဲ့ တပည့်ရင်းက ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ ကြည့်ရသေးတာပေါ့။”
ပြောပြောဆိုဆိုပင် နတ်ဘုရင်ခံ ထျန်းရှောင်က သူ၏ မိစ္ဆာကျင့်စဉ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်ရာ သူ၏ ပတ်ဝန်းကျင်တွင် သွေးစွမ်းအားများ ပျံ့လွင့်သွား၏။ အစောပိုင်းက လုချန်း၏ နတ်ဘုရင် အငွေ့အသက်ကြောင့် သူ ထိတ်လန့်သွားခဲ့သော်လည်း စိတ်ပြန်လည် တည်ငြိမ်လာသောအခါ ခေါင်းအေးအေးနှင့် တွေးနိုင်သွားသည်။
သူ၏ မိစ္ဆာကျင့်စဉ်ဖြင့်ဆိုလျှင် နတ်ဘုရင်အစစ်တစ်ပါး ပေါ်လာလျှင်ပင် ရင်ဆိုင်နိုင်စွမ်း ရှိသည်ဟု သူ တွေးမိလိုက်သောကြောင့်ဖြစ်သည်။
ထို့ပြင် ထိုနတ်ဘုရင် စွမ်းအားက လုချန်း၏ ကိုယ်ပိုင်စွမ်းအား မဟုတ်သလို တည်ငြိမ်မှုလည်း မရှိပေ။
သူအနေနှင့် ဘာကြောက်နေစရာ ရှိမည်နည်း။
ထိုသို့ တွေးလိုက်ပြီးနောက် နတ်ဘုရင်ခံ ထျန်းရှောင်က သူ၏ မိစ္ဆာကျင့်စဉ်ကို ချက်ချင်း အသက်သွင်းလိုက်၏။
“ငရဲဘုံနတ်ဆိုး သတ်ဖြတ်ခြင်း လက်ဝါး။”
နတ်ဘုရင်ခံ ထျန်းရှောင်က ရိုက်နှက်လိုက်ရာ မိစ္ဆာစွမ်းအားများဖြင့် ဖွဲ့စည်းထားသော ကြီးမားသည့် လက်ဝါးကြီးတစ်ခု ကောင်းကင်ယံမှ လုချန်းတို့ ဆီသို့ ဆင်းသက်လာ၏။
ထိုအရာကို မြင်လျှင် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လုချန်း အသုံးပြုလိုက်တော့သည်။ တစ်ဖက်လူက မိစ္ဆာကျင့်စဉ်ကို အသုံးပြုနေခြင်း ဖြစ်ရာ ထိုကျမ်းစာက သူ့အား နှိမ်နင်းရန် အကောင်းဆုံး လက်နက်ဖြစ်သည်။
………….
အခန်း (၁၆၀၈ )
မိတ်ဆွေဟောင်းတစ်ယောက်ဆီသို့ အလည်အပတ်
လုချန်း နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို အသုံးပြုပြီးနောက် ကောင်းကင်ယံတွင် ရေတွက်မရနိုင်သော မီးအိမ်များ ပေါ်လာပြီး နတ်ဘုရင်ခံ ထျန်းရှောင်၏ ပတ်ပတ်လည်ကို ဝန်းရံသွား၏။
ထိုမီးအိမ်များ ပေါ်လာသည်နှင့် တစ်ပြိုင်နက် နတ်ဘုရင်ခံ ထျန်းရှောင် ထုတ်ဖော်လိုက်သည့် လက်ဝါးရိုက်ချက်လည်း ချက်ချင်းပင် အငွေ့ပျံ ပျောက်ကွယ်သွားတော့သည်။
ထိုမီးအိမ်များမှ ထွက်ပေါ်လာသော အနီရောင်အလင်းတန်းများက သူ၏ခန္ဓာကိုယ်နှင့် နတ်ဝိညာဉ်ကို လောင်မြိုက်နေစေသည်ကို ခံစားလိုက်ရလျှင် နတ်ဘုရင်ခံ ထျန်းရှောင်တစ်ယောက် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။
“ဒါ... ဒါက ဘယ်လို ကျင့်စဉ်မျိုးလဲ”
“ဒါက ငါ့ရဲ့အတွင်းက နတ်စွမ်းအားတွေကို ဘာလို့ ဖိနှိပ်နေတာလဲ။”
အစောပိုင်းက မာနထောင်လွှားနေခဲ့သော နတ်ဘုရင်ခံ ထျန်းရှောင်လည်း ချက်ချင်းပင် မျက်နှာဖြူလျော့သွားတော့သည်။
အမြဲတမ်းလိုလို မိစ္ဆာနတ်များက မြင့်မြတ်သော နတ်များကို ဖိနှိပ်လေ့ရှိသော်လည်း ယခုအခါတွင်တော့ မြင့်မြတ်သော နတ်တစ်ပါး၏ ဖိနှိပ်ခြင်းကို သူ တကယ် ခံနေရခြင်း ဖြစ်သည်။
လုချန်းက နတ်ဘုရင်ခံ ထျန်းရှောင်နှင့် စကားအပို မပြောတော့ပဲ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို အသုံးပြုပြီးနောက် တစ်ဆက်တည်းဆိုသလိုပင် နတ်ဘုရားချေမှုန်းဓားကို ချက်ချင်းထုတ်ကာ ခုတ်ပိုင်းလိုက်၏။
နတ်ဘုရားချေမှုန်းဓား၏ ဓားအရှိန်အဝါသည် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာမှ ထွက်ပေါ်လာသော အနီရောင် နတ်စွမ်းအားများကို သယ်ဆောင်သွားပြီး နတ်ဘုရင်ခံ ထျန်းရှောင်ဆီသို့ ဦးတည်သွားသည်။
ထိုဓားအရှိန်အဝါမှ သယ်ဆောင်လာသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသဖြင့် နတ်ဘုရင်ခံ ထျန်းရှောင်လည်း ထွက်ပြေးရန် ရည်ရွယ်လျက် အာကာသကို ဆွဲဖြဲရန် ချက်ချင်း ပြင်ဆင်လိုက်သော်လည်း သူ အံ့အားသင့်သွားရသည်က ထိုအာကာသမှာလည်း လုချန်း၏ ပိတ်ဆို့ခြင်းကို ခံထားရပြီး ဖြစ်နေခြင်းပင်။
ပို၍ပင် မျှော်လင့်ချက်မဲ့စေသည့် အချက်က နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာမှ အနီရောင် နတ်စွမ်းအားများက သူ့အား ချည်နှောင်ထားသကဲ့သို့ ဖြစ်နေပြီး သူ၏ခန္ဓာကိုယ် လုံးဝ လှုပ်ရှား၍မရတော့ခြင်းပင်။
ဓားအရှိန်အဝါ ပို၍ ပို၍ နီးကပ်လာသည်ကို မြင်လျှင် နတ်ဘုရင်ခံ ထျန်းရှောင်မှာ လုံးဝ ထိတ်လန့်သွားတော့သည်။
ဤအရာအားလုံးက အလွန်ပင် ထူးဆန်းလှပေသည်။ မြေနတ်တစ်ဦးက နတ်ဘုရင်အဆင့် စွမ်းအားကို ချက်ချင်း ရရှိနေခြင်းနှင့် သူ၏အတွင်းရှိ နတ်စွမ်းအားကို ဖိနှိပ်နိုင်သည့် ကျင့်စဉ်တို့ပင် ရှိနေသေးသည်။
ထိုအရာက သူ့တစ်သက် တစ်ခါမှ မကြုံတွေ့ဖူးသည့် အရာများဖြစ်သည်။
နတ်ဘုရင်ခံ ထျန်းရှောင်က အလျင်အမြန်ပင်
“ခင်ဗျား... ခင်ဗျား ကျုပ်ကို သတ်လို့မရဘူး”
“ကျုပ်က သွေးလင်းယုန်ခန်းမရဲ့ အကြီးအကဲတစ်ယောက်ပဲ။ တကယ်လို့ ခင်ဗျား ကျုပ်ကို သတ်လိုက်ရင် သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို မြေလှန်ပစ်မှာ သေချာတယ်။”
လုချန်းက နတ်ဘုရင်ခံ ထျန်းရှောင်၏ စကားများကို လျစ်လျူရှုလိုက်ပြီး ဓားအရှိန်အဝါကို ကျဆင်းစေလိုက်၏။ ဓားအရှိန်အဝါနှင့် နတ်ဘုရင်ခံ ထျန်းရှောင်၏ ခန္ဓာကိုယ် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်နှင့် နတ်ဝိညာဉ်တို့လည်း ချက်ချင်းပင် မီးခိုးငွေ့တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဓားအရှိန်အဝါ၏ တိုက်စားမှုဖြင့် လုံးဝ ပျောက်ကွယ်သွားတော့သည်။
သူတို့ရှေ့မှ အရာအားလုံး ပျောက်ကွယ်သွားလျှင် အဝေးမှ ကောင်းကင်ယံကို ကြည့်ရင်း ကောက်ရှီယွမ်တစ်ယောက် လုံးဝ မှင်တက်သွားတော့သည်။ မြေပြင်ပေါ်ရှိ ပေပေါင်းထောင်ချီ နက်သော ကျင်းကြီးသာ မရှိလျှင် သူမ အိပ်မက်မက်နေသည်ဟုပင် ကောက်ရှီယွမ် သံသယ ဝင်မိပေလိမ့်မည်။
ထိုနတ်ဘုရင်ခံ ပေါ်ထွက်လာပြီး အသက်ရှူသည့်အကြိမ် နှစ်ဆယ်ပင် မပြည့်သေးခင်မှာတင် သူက ပျောက်ကွယ်သွားပြီလား။
သူတို့၏ နန်းတော်သခင်က ချန်းလု၏ ကိုယ်ပေါ်တွင် နတ်ဝိညာဉ် အပိုင်းအစတစ်ခု ထားထားခဲ့တာ သေချာ၏။
မဟုတ်ပါက ချန်းလု၏ အဆင့်နှင့် နတ်ဘုရင်ခံတစ်ပါးကို ဤမျှလွယ်ကူစွာ ဖြေရှင်းနိုင်စရာ မရှိပေ။
သူတို့၏ နန်းတော်သခင်က ချန်းလုကို အလွန် တန်ဖိုးထားကြောင်း သေချာလှ၏။
ချန်းလုသည် တကယ်ပင် လျှို့ဝှက်လဝန်းနန်းတော်၏ နောက်ထပ် နန်းတော်သခင် ဖြစ်လာနိုင်သည်။
ထိုသို့ တွေးမိသည်နှင့် မလိုအပ်ပဲ ယဲ့ချူယောင်ထံသို့ သတင်းမပို့ရန် ကောက်ရှီယွမ် ပို၍ပင် ဆုံးဖြတ်လိုက်တော့သည်။
ယွမ်ယုတိ၏ တပည့်တစ်ဦးအနေနှင့် သူမသည် သဘာဝကျစွာပင် ယွမ်ယုတိ၏ ဘက်တွင် ရပ်တည်ရမည်။
သတိပြန်ဝင်လာပြီးနောက် ကောက်ရှီယွမ်လည်း သူမ၏ အစောပိုင်းက အေးစက်သော အမူအရာကို ပြောင်းလဲလိုက်ပြီး လည်ချောင်းကို ရှင်းကာ လုချန်းကို
“မောင်လေးချန်း... တို့ နောက်ထပ် ဘယ်ကို သွားကြမှာလဲ”
လုချန်းက
“ရှန်ရှမြို့ကို သွားကြရအောင်”
ဟု တုံ့ပြန်လိုက်၏။
ထိုသို့ပြောရင်း လုချန်းက
“ရှန်ရှမြို့ အခုထိ ရှိနေဦးမလား မသိဘူး”
ဟု တိုးတိုးလေး ရေရွတ်လိုက်၏။
ကောက်ရှီယွမ်က ဇဝေဇဝါဖြင့်
“မောင်လေးက ရှန်ရှမြို့ကို ဘာလို့ သွားချင်တာလဲ”
လုချန်းက
“ဘာမှ မဟုတ်ပါဘူး။ မိတ်ဆွေဟောင်းတစ်ယောက်ဆီ သွားလည်ချင်လို့ပါ”
ထိုအရာကို ကြားလျှင် ကောက်ရှီယွမ်လည်း ထပ်မမေးတော့ပဲ နတ်လှေကို ရှန်ရှမြို့ဘက်သို့ တိုက်ရိုက် ပျံသန်းစေလိုက်တော့သည်။
…….
သွေးလင်းယုန်ခန်းမ။
အလောင်းတောင်ထိပ် တစ်ခုပေါ်ရှိ အခန်းတစ်ခန်း။
ဝိညာဉ်ဆိုး နတ်ဘုရင်သည် နတ်သမီးတစ်ဦး၏ လည်ပင်းကို ညှစ်ထားပြီး သူမ၏ ခန္ဓာကိုယ်မှ သွေးစွမ်းအားများကို ရူးသွပ်စွာ စုပ်ယူနေ၏။
ဝိညာဉ်ဆိုး နတ်ဘုရင်က ကျယ်လောင်စွာ ရယ်မောရင်း
“အရသာ ရှိလိုက်တာ... တကယ်ကို အရသာ ရှိတာပဲ။”
ဝိညာဉ်ဆိုး နတ်ဘုရင် သူ၏ စားပွဲတော်ကို ပျော်ရွှင်စွာ သုံးဆောင်နေစဉ်မှာပင် တပည့်တစ်ဦး အခန်းထဲသို့ ပြေးဝင်လာ၏။
ထိုတပည့် စကားမပြောနိုင်ခင်မှာပင် ဝိညာဉ်ဆိုး နတ်ဘုရင်၏ ခန္ဓာကိုယ်မှ သွေးရောင် နတ်စွမ်းအားများ တိုးထွက်လာပြီး ထိုတပည့်ကို တိုက်ရိုက်ပင် လွင့်စဉ်သွားစေခဲ့သည်။
“ကျုပ် အရေးကြီးတဲ့ အလုပ်တစ်ခု လုပ်နေတာကို ခင်ဗျား မမြင်ဘူးလား။”
ထိုတပည့်လည်း ကြမ်းပြင်မှ တွားသွား ထလာပြီး ချက်ချင်းပင် ဒူးထောက်ကာ ကြမ်းပြင်ကို ဦးခေါင်းဖြင့် ထပ်ခါတလဲလဲ ဆောင့်လိုက်ပြီး
“ဒုတိယ ခန်းမသခင်... ကျုပ်ကို ချမ်းသာပေးပါ။ ဒုတိယ ခန်းမသခင်... ကျုပ်ကို ချမ်းသာပေးပါ။”
ခြောက်သွေ့သွားပြီဖြစ်သော အမျိုးသမီး၏ အလောင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် ဝိညာဉ်ဆိုး နတ်ဘုရင်က
“ပြောစမ်း... ဘာဖြစ်တာလဲ”
ဝိညာဉ်ဆိုး နတ်ဘုရင်သည် စိတ်တိုတတ်သော်လည်း လူမိုက် တစ်ဦးတော့ မဟုတ်ပေ။ ယခုလို အချိန်တွင် တပည့်တစ်ဦး အလျင်အမြန် ပြေးဝင်လာပြီး သူ၏ အစာစားချိန်ကို အနှောင့်အယှက် ပေးခြင်း၌ ကြီးမားသော ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့ရမည်ဖြစ်ကြောင်း သူ သိ၏။
ထိုတပည့်က အလျင်အမြန်ပင်
“ဝိညာဉ်... ဝိညာဉ်မီးအိမ်...အကြီးအကဲ ထျန်းရှောင်ရဲ့ ဝိညာဉ်မီးအိမ် ငြိမ်းသွားပါပြီ။”
ထိုအရာကို ကြားလျှင် ဝိညာဉ်ဆိုး နတ်ဘုရင်မ ချက်ချင်းပင် မှင်တက်သွားပြီး နောက်တစ်ခဏတွင် သူ၏ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သော သွေးစွမ်းအားများ ပေါက်ကွဲထွက်လာရာ သူ၏အောက်ရှိ အလောင်းတောင်ထိပ် တစ်ခုလုံးကို တုန်ခါသွားစေတော့သည်။
ဝိညာဉ်မီးအိမ် ငြိမ်းသွားခြင်းက နတ်ဘုရင်ခံ ထျန်းရှောင် ကျဆုံးသွားပြီဖြစ်ကြောင်း ဆိုလိုခြင်းပင်။
ထျန်းရှောင်သည် နတ်ဘုရင်ခံတစ်ပါး ဖြစ်သည့်အပြင် မိစ္ဆာနတ်တစ်ပါးလည်း ဖြစ်ရာ နတ်ဘုရင်တစ်ပါးနှင့် တွေ့ဆုံလျှင်ပင် သို့မဟုတ် နတ်ဘုရင် နှစ်ပါး၏ ဝိုင်းရံခြင်းကို ခံရလျှင်ပင် ထွက်ပြေးရန်အတွက် အခက်အခဲ သိပ်မရှိသင့်ပေ။
ထိုသို့ဆိုလျှင် သူ မည်သို့ ကျဆုံးသွားရသနည်း။
သူ၏ အစောပိုင်း ဒေါသများ အပြီးနောက် ဝိညာဉ်ဆိုး နတ်ဘုရင်သည် ကောင်းကင်ဝံပုလွေမြို့တွင် ရှိနေသေးသော ရှုကျင့်ရှူးထံသို့ သတင်းပို့ကာ နတ်ဘုရင်ခံ ထျန်းရှောင် မည်သို့ ကျဆုံးသွားသည်ကို စုံစမ်းရန် ညွှန်ကြားလိုက်တော့သည်။
ထိုအခိုက်အတန့်တွင် အဝေးရှိ အလောင်းတောင် သွေးပင်လယ်ဆီသို့ ကြည့်ကာ ဝိညာဉ်ဆိုး နတ်ဘုရင် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
“လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်မှာ အရည်အချင်း တချို့ ရှိပုံရတယ်။ လျှို့ဝှက်လဝန်းနန်းတော်က ပြိုင်ဘက်ကောင်း တစ်ယောက်ပဲ။”
“အမြန်လုပ်ရမယ်။ တကယ်လို့ သူသာ နတ်သခင် အဆင့် ရောက်သွားရင် ဒုက္ခရောက်လိမ့်မယ်။”
…….
ရက်အနည်းငယ် ကြာပြီးနောက်။
ကျောက်နက်တောင်ကြား။
ရှုကျင့်ရှူးသည် ကျောက်နက်တောင်ကြား၏ အထက်တွင် ဝဲပျံနေပြီး သူမ၏ရှေ့ရှိ ကြီးမားသော ချိုင့်ခွက်ကြီးကို ကြည့်ကာ အနည်းငယ် တုန်လှုပ်နေမိသည်။
ဤဓားချက်သည် အနည်းဆုံးတော့ နတ်ဘုရင်အဆင့် စွမ်းအားရှိသူ၏ လက်ချက်ဖြစ်သည်။
ရှုကျင့်ရှူးက အသေအချာ ပြန်လည် ခံစားကြည့်သော်လည်း လေထုထဲတွင် သွေးစွမ်းအား အငွေ့အသက် လုံးဝ ရှိမနေပေ။ နတ်ဘုရင်ခံ ထျန်းရှောင် ဤနေရာသို့ တစ်ခါမှ မရောက်ဖူးသကဲ့သို့ ဖြစ်နေသည်။
သေချာတာ တစ်ခုက လွန်ခဲ့သည့် ရက်အနည်းငယ်က နတ်ဘုရင်ခံ ထျန်းရှောင် ဤဘက်သို့ ဦးတည်နေသည်ကို သူမ တကယ် ခံစားမိခဲ့သည်။ ထို့ပြင် ဤနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့မှာ သေချာသည်။
မဟုတ်ပါက ဤကဲ့သို့သော ကြီးမားသည့် ချိုင့်ခွက်ကြီးတစ်ခု အလိုအလျောက် ပေါ်လာစရာ အကြောင်းမရှိပေ။
ရှုကျင့်ရှူး သူမဘာသာ တွေးလိုက်မိ၏
၏။
နတ်ဘုရင်ခံ ထျန်းရှောင် ဤနေရာမှ တိုက်ပွဲတွင် မပါဝင်ခဲ့ခြင်းများ ဖြစ်နိုင်လား...
နတ်ဘုရင်ခံ ထျန်းရှောင် ကျဆုံးသွားတာ အခြားတစ်နေရာတွင် ဖြစ်နိုင်လား။
လျှို့ဝှက်လဝန်းနန်းတော် ရှိရာ ဘက်သို့ ရှုကျင့်ရှူး လှမ်းကြည့်လိုက်ပြန်၏။ ထို့နောက် ချိုင့်ခွက်ကြီးကို တစ်ချက်ပြန်ကြည့်ကာ ရှေ့သို့ ဆက်မတိုးရဲတော့ပေ။
သူမ၏ တည်ရှိမှုကို ဖော်ထုတ်မိသွားပြီး ဘေးဒုက္ခကို ဖိတ်ခေါ်မိမှာကို သူမ စိုးရိမ်နေမိသည်။
ထိုအခိုက်အတန့်တွင် ကျောက်နက်တောင်ကြားရှိ ချိုင့်ခွက်ထဲမှ အားနည်းသော အနီရောင် နတ်စွမ်းအား အငွေ့အသက်လေးတစ်ခု ထွက်ပေါ်လာ၏။ ထိုအငွေ့အသက် သူမ၏ခန္ဓာကိုယ်နှင့် ထိတွေ့မိလျှင် သူမ၏ခန္ဓာကိုယ်နှင့် နတ်ဝိညာဉ်တို့သည် အလွန်ပြင်းထန်သော လောင်မြိုက်ခြင်းကို ချက်ချင်း ခံစားလိုက်ရသည်။
ရှုကျင့်ရှူး အလွန် ထိတ်လန့်သွား၏။
ဒါက ဘယ်လို နတ်စွမ်းအားမျိုးလဲ။
ဒါက သူမရဲ့အတွင်းထဲက မိစ္ဆာစွမ်းအားကိုတောင် တကယ် ဖိနှိပ်နိုင်တာလား။
ဤကဲ့သို့သော နတ်စွမ်းအားမျိုးနှင့် သူမ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။
ဤနတ်စွမ်းအား အငွေ့အသက်က သွေးလင်းယုန်ခန်းမအတွက် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ရှုကျင့်ရှူး ရိပ်မိသွားပြီး ထိုကိစ္စကို ဝိညာဉ်ဆိုး နတ်ဘုရင်ထံသို့ ချက်ချင်းပင် သတင်းပို့လိုက်တော့သည်။
အတိတ်ကာလက မိစ္ဆာနတ်များသည် မြင့်မြတ်သောနတ်များကို အမြဲတမ်း ဖိနှိပ်ခဲ့သော်လည်း ယခုအခါ မြင့်မြတ်သောနတ်များ၏ နတ်စွမ်းအားက မိစ္ဆာနတ်များကို ဖိနှိပ်နိုင် နေပြီဖြစ်သည်။ မိစ္ဆာနတ်များ၌ အားသာချက် မရှိတော့ချေ။
ကျောက်နက်တောင်ကြားမှ တွေ့ရှိချက်များကို သတင်းပို့ပြီးနောက် ထိုနေရာမှ ရှုကျင့်ရှူး အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုချိုင့်ခွက်အတွင်း ကျန်ရှိနေသော နတ်စွမ်းအားများက သူမအား အလွန် နေရခက်စေသောကြောင့် ဖြစ်သည်။
…..
ရှန်ရှမြို့။
နတ်စွမ်းအားများ ထွက်ပေါ်နေသော နတ်လှေတစ်စင်းသည် ကြည်လင်သော ကောင်းကင်ယံတွင် မြင့်မားစွာ ပျံသန်းနေ၏။
ထိုနတ်လှေကို မြင်လျှင် ရှန်ရှမြို့ရှိ လူအားလုံး ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
ရှန်ရှမြို့သည် သဲကန္တာရထဲတွင် တည်ဆောက်ထားသော မြို့တစ်မြို့ ဖြစ်၏။ သို့သော် ဤနေရာ၌ ထိပ်တန်းအဆင့် ဝိညာဉ်ကြောတစ်ခု တည်ရှိနေသည်။
ထိုဝိညာဉ်ကြောကြောင့်ပင် ဤကျယ်ပြောလှသော သဲကန္တာရကြီးထဲတွင် စိမ်းလန်းသော အိုအေစစ်တစ်ခု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဝိညာဉ်ကြောများပင်လျှင် ဝိညာဉ်စွမ်းအင် ကုန်ခမ်းခြင်းကို ကြုံတွေ့ရတတ်သည်။ ဤဝိညာဉ်ကြောသည် နှစ်သန်းထောင်နှင့်ချီ၍ တည်ရှိခဲ့ခြင်းဖြစ်ရာ ယခုတော့ ဤဝိညာဉ်ကြော၏ ဝိညာဉ်စွမ်းအင်လည်း ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ထိုဝိညာဉ်ကြော ကုန်ခမ်းလုနီးပါးဖြစ်သွား သောကြောင့် ဒေသခံနတ်များ မဟုတ်သော ပြင်ပမှ နတ်များ ဤနေရာသို့ မရောက်ရှိလာသည်မှာ နှစ်ပေါင်း တစ်သောင်းကျော်ပင် ရှိနေပြီဖြစ်သည်။