အခန်း (၁၆၁၅-၁၆၁၇)
Vol. 108 Ch. 1615-1617
အခန်း (၁၆၁၅)
မျိုးဆက်ပြန့်ပွားခြင်းလမ်းစဉ် ပြန်လည်မွေးဖွားလာခြင်း
လုချန်း အတွေးထဲ၌ နစ်မြောနေမိသည်။
သူသည် ဖန်တီးခြင်း လမ်းစဉ်ကို သူ နားလည်သဘောပေါက်ထားသူ ဖြစ်၏။
ဖန်တီးခြင်း လမ်းစဉ်ကို အသုံးပြုကာ မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ကို ဖော်ထုတ်ခဲ့လျှင် သူ အောင်မြင်နိုင်မလား။
ထိုအတွေးနှင့်အတူ လုချန်း တွန့်ဆုတ်မနေတော့ပေ။ ဖန်တီးခြင်း လမ်းစဉ်မှ လမ်းစဉ်စွမ်းအားကို သူ ချက်ချင်းပင် လှုပ်နှိုးလိုက်ပြီးနောက် မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ကို ဖော်ထုတ်လိုက်တော့၏။
သို့သော်လည်း သူအံ့ဩသွားရသည်က မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ကို ဖော်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုလမ်းစဉ်သည် လျင်မြန်စွာပင် ဝေဝါးသွားပြီး သူ၏ ကိုယ်တွင်းရှိ နတ်စွမ်းအားများလည်း ထိတ်လန့်ဖွယ် ကောင်းလောက်အောင် ကုန်ဆုံးသွားခြင်း ဖြစ်သည်။
မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ကို ပိုမြင့်မားသည့် နိယာမစွမ်းအားတစ်ခုက ချိပ်ပိတ်ထားကြောင်း လုချန်း ချက်ချင်း နားလည်လိုက်၏။
ထိုသို့ဖြင့် မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ် ဖော်ထုတ်နေမှုကို လုချန်း အလျင်အမြန်ပင် ရပ်တန့်လိုက်သည်။ ဤနှုန်းအတိုင်း စွမ်းအားများ ဆက်လက် ကုန်ဆုံးနေပါက သူ၏ နတ်စွမ်းအားများ ကုန်ခန်းသွားပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် အခန်းအတွင်း၌ အနီရောင် လှိုင်းတွန့်လေးများ ရုတ်တရက် ပေါ်ပေါက်လာ၏။
ဒါက...
လုချန်း တစ်စုံတစ်ခုကို သတိရသွားပုံ ရသည်။ ခဏအကြာတွင် အနီရောင်ပန်းရထားလုံးတစ်စင်း အခန်းအတွင်း၌ ပေါ်ထွက်လာတော့၏။
ကစဉ့်ကလျား သားရဲအတွင်းရှိ စကြဝဠာမှ သူထွက်လာခဲ့ပြီးကတည်းက ပန်းနီရထားကို နောက်ထပ် မတွေ့ရတော့ပေ။ ပန်းနီရထားနှင့် ပတ်သက်၍ လုချန်း အမြဲပင် စိတ်ဝင်စားနေခဲ့သည်။ သူ၏ မှတ်ဉာဏ်ထဲတွင် ဤကဲ့သို့သော မှော်ရတနာမျိုး ရှိခဲ့ပုံ မရချေ။
ပန်းနီရထား ပေါ်လာသည်နှင့် မှေးမှိန်နေသည့် မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်သည် ရုတ်တရက် ကောင်းကင်သို့ ထိုးတက်သွားပြီး ရှန်ရှမြို့အထက်တွင် သစ်ပင်ပန်းမန်များနှင့် သတ္တဝါများ မျိုးပွားနေသည့် မြင်ကွင်းပေါင်းများစွာ ထွက်ပေါ်လာတော့၏။
အတိုင်းအဆမဲ့သည့် နတ်စွမ်းအားအငွေ့အသက်များသည်လည်း လုချန်း ခင်းကျင်းထားသည့် အတားအဆီးကို တိုက်ရိုက်ပင် ဖောက်ထွက်သွားသည်။ အဆောင်အတွင်း၌ ရှိနေသည့် ကောက်ရှီယွမ်လည်း ထိုအရာကို မြင်လျှင် တစ်စုံတစ်ခု ဖြစ်ပြီဟု တွေးကာ အတွင်းသို့ ပြေးဝင်သွား၏။
ကောက်ရှီယွမ်က
“မောင်လေး... ညီမလေးတို့ အဆင်ပြေရဲ့လား”
သို့သော်လည်း အခန်းအတွင်းသို့ ကောက်ရှီယွမ် ဝင်သွားလျှင် လုချန်းနှင့် ရှောင်ရွှီရင်တို့ နီးနီးကပ်ကပ် ရှိနေသည်ကို တွေ့လိုက်ရ၏။
ထိုမြင်ကွင်းကို မြင်သောအခါ ကောက်ရှီယွမ် လုံးဝမှင်တက်သွား၏။ သူတို့နှစ်ဦးကြားတွင် တစ်စုံတစ်ခု ရှိနေနိုင်သည်ဟု သူမ ခန့်မှန်းထားခဲ့သော်လည်း ကိုယ်တိုင် မြင်လိုက်ရခြင်းနှင့် ခံစားချက် မတူပေ။
အခန်းထဲသို့ ကောက်ရှီယွမ် ဝင်လာသည်ကို မြင်လျှင် ရှောင်ရွှီရင်လည်း မှင်တက်သွား၏။ တစ်စုံတစ်ခုကို ပြောရန် ရှောင်ရွှီရင် ပြင်လိုက်သော်လည်း ပန်းနီရထားမှ ထွက်ပေါ်လာသည့် အနီရောင် နတ်စွမ်းအားအငွေ့အသက်များ သူမ၏ ကိုယ်တွင်းသို့ စီးဝင်သွားသဖြင့် သူမကိုယ်သူမ မထိန်းချုပ်နိုင် ဖြစ်သွားရသည်။
ကောက်ရှီယွမ်က
“တောင်းပန်ပါတယ်။ ရှင်တို့... ရှင်တို့ ဆက်လုပ်ကြပါ...”
ထိုသို့ ပြောပြီးနောက် ကောက်ရှီယွမ် တံခါးကို အမြန် ပြန်ပိတ်လိုက်၏။ ကောက်ရှီယွမ် တံခါးပိတ်လိုက်ပြီးနောက် ရှောင်ရွှီရင်၏ နူးညံ့ပြီး ဆွဲဆောင်မှုရှိသော အသံ အခန်းအတွင်းမှ ချက်ချင်းပင် ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် ကောက်ရှီယွမ်၏ စိတ်များ အလွန်ရှုပ်ထွေးသွားတော့သည်။
ညီမလေးရှောင်တစ်ယောက် မောင်လေးလုချန်း၏ မိန်းမ တကယ် ဖြစ်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ဒါက ဖြစ်သင့်ပေသည်။
မောင်လေးလုချန်းသည် လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ တပည့်ရင်းဖြစ်သလို အနာဂတ် နန်းတော်သခင်လည်း ဖြစ်၏။ သူမအနေနှင့် သူ့အပေါ် စိတ်ဝင်စားသွားခြင်းက နားလည်ပေးနိုင်စရာပင်။
…..
ထိုအတောအတွင်း။
အခန်းထဲ၌။
မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ် ပြန်လည် ထွန်းတောက်လာသည်နှင့်အမျှ လမ်းစဉ်စွမ်းအားကို အသုံးပြုကာ ရှောင်ရွှီရင်နှင့်အတူ ရင်သွေးရရှိရန် လုချန်း မျှော်လင့်လိုက်သည်။ သို့သော်လည်း မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်မှ လမ်းစဉ်စွမ်းအားရှိနေသည့်တိုင် ရှောင်ရွှီရင်အတွက် ကိုယ်ဝန်ရရန် ခက်ခဲနေသေးသည်ကို သူ မကြာမီ တွေ့ရှိလိုက်၏။
ဒါက သဘာဝပင် ဖြစ်သည်။
နတ်များအဖို့ ရင်သွေးရရှိရန်က နဂိုကတည်းက ခဲယဉ်းလှ၏။
ယခုတော့ မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ် ပြန်လည် ထွန်းတောက်လာပြီ ဖြစ်သဖြင့် အနာဂတ်တွင် ရင်သွေးရရန် ပို၍ လွယ်ကူလာပေလိမ့်မည်။ အလျင်စလို လုပ်ရန် မလိုပေ။
ကျင့်စဉ်ကျင့်ပြီး ခဏအကြာတွင် လုချန်း၏ ရင်ခွင်ထဲ၌ ရှောင်ရွှီရင် လဲလျောင်းကာ တိုးတိုးလေး မေးလိုက်၏။
ရှောင်ရွှီရင်က
“တို့ကိစ္စကို စီနီယာအစ်မ ကောက် သိသွားပြီ။ အခု ဘာလုပ်ကြမလဲ။”
ကောက်ရှီယွမ်က သူတို့ကိစ္စကို ယဲ့ချူယောင်အား ပြောပြမလားဆိုတာကို ရှောင်ရွှီရင် မဝေခွဲနိုင် ဖြစ်နေသည်။ အကယ်၍ ယဲ့ချူယောင် သိသွားပါက အခက်တွေ့ပေလိမ့်မည်။
လုချန်းက ပြုံးလိုက်ပြီး ရှောင်ရွှီရင်ကို ကြည့်ကာ
“တို့က တစ်ယောက်ကိုတစ်ယောက် ချစ်ကြတာပဲ။ အတူတူရှိတာက သဘာဝကျပါတယ်။ သိသွားရင်လည်း သိသွားပါစေ။ ဒါက ဘာမှ မဟုတ်ပါဘူး။”
ယခင်က သူတို့ တိတ်တဆိတ် နေခဲ့ရသော်လည်း ယခု ကောက်ရှီယွမ် သိသွားပြီ ဖြစ်သဖြင့် ခိုးကြောင်ခိုးဝှက် လုပ်နေစရာ မလိုတော့ပေ။
ထိုစဉ် ရှောင်ရွှီရင် တစ်စုံတစ်ခုကို သတိရသွားကာ
“စောစောက ထူးဆန်းတဲ့ လမ်းစဉ်စွမ်းအားတစ်ခု ခံစားလိုက်ရသလိုပဲ။”
လုချန်းက
“ဒါက မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်က လမ်းစဉ်စွမ်းအားလေ။”
လုချန်း၏ စကားကို ကြားလျှင် ရှောင်ရွှီရင် မှင်တက်သွားပြန်၏။
မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်မှ လမ်းစဉ်စွမ်းအား ဟုတ်လား။
လုချန်းက သူမအပေါ် မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ကို သုံးလိုက်တယ်ဆိုတော့...
ရှောင်ရွှီရင် မျက်နှာ နီမြန်းသွားကာ တိုးတိုးလေး မေးလိုက်၏။
“ရှင်... ကျွန်မကို... အဲ့ဒါ ဖြစ်အောင် လုပ်နေတာလား”
ရှောင်ရွှီရင်၏ အသံရပ်သွား၏။
လုချန်းက ပြုံးလိုက်ပြီး
“အစ်မ တွေးတာ မှန်ပါတယ်။ မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ် ရှိနေပေမဲ့လည်း နတ်တွေအတွက် ကိုယ်ဝန်ရဖို့က ခက်ခဲနေတုန်းပဲ။ ဒါပေမဲ့ အခု မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ် ပြန်ထွန်းတောက်လာပြီဆိုတော့ နောက်ဆိုရင် နတ်တွေရော လူတွေပါ ရင်သွေးရဖို့ ပိုလွယ်ကူလာလိမ့်မယ်။”
ရှောင်ရွှီရင် အနည်းငယ် ထိတ်လန့်သွားကာ အမြန်ပင် မေးလိုက်သည်။
“ရှင် ပြောတာ တကယ်လား”
လုချန်းက ရှောင်ရွှီရင်ကို
“ဟုတ်တယ်။ ထျန်းရန် နတ်ဘုရား နယ်မြေမှာ ကိုယ်ဝန်ရဖို့ ခက်ခဲလာရတဲ့ အကြောင်းရင်းက တစ်ဖက်က ဖန်တီးခြင်း လမ်းစဉ် ညစ်ညမ်းနေတာကြောင့် ဖြစ်သလို တစ်ဖက်ကလည်း မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ် ပျောက်ကွယ်လုနီးပါး ဖြစ်နေလို့ပဲ။”
ဖန်တီးခြင်း လမ်းစဉ် ညစ်ညမ်းမှု ပြဿနာကို လုချန်း မဖြေရှင်းနိုင်သေးသော်လည်း မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ကို ပြန်လည် ထွန်းတောက်စေခြင်းဖြင့် အနာဂတ်တွင် ကိုယ်ဝန်ရရန် လွယ်ကူလာပေလိမ့်မည်။
ရှောင်ရွှီရင်က
“ဒါဆိုရင်တော့ ထျန်းရန် နတ်ဘုရား နယ်မြေက နောက်တစ်ကြိမ် ကစဉ့်ကလျား ဖြစ်သွားနိုင်တာပဲ။”
ထျန်းရန် နတ်ဘုရား နယ်မြေသည် အလွန်ပင် ကျယ်ပြောပြီး အင်အားကြီး အဖွဲ့အစည်းများ များပြားလှသဖြင့် နဂိုကတည်းက အတော်အတန် ကစဉ့်ကလျား ဖြစ်နေခဲ့သည်။
လွန်ခဲ့သည့် နှစ်သန်းပေါင်း တစ်ရာအတွင်း မျိုးဆက်ရရှိရန် ခက်ခဲမှုကြောင့် မွေးဖွားနှုန်း ကျဆင်းလာခဲ့၏။ စစ်ပွဲများအတွင်း လူဦးရေ လျင်မြန်စွာ လျော့နည်းသွားခဲ့ခြင်း နတ်အင်းအားစုများအနေနှင့် လူအင်အား ပြန်လည် မဖြည့်တင်းနိုင်ခြင်းတို့ကြောင့်သာ မဟုတ်ပါက အင်အားကြီး အဖွဲ့အစည်းများကြားရှိ တိုက်ပွဲများ ရပ်တန့်နေလိမ့်မည် မဟုတ်ပေ။
အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားပြီး နတ်များလည်း ယခင်ကကဲ့သို့ ပြန်လည် မျိုးပွားနိုင်လာလျှင် ရှောင်လွှဲ၍ မရစွာပင် စစ်ပွဲများ ဖြစ်ပွားလာပေလိမ့်မည်။
မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ် ပြန်လည် ထွန်းတောက်လာလျှင် အဓိက အင်အားစု အသီးသီးမှ နတ်သခင်များလည်း ထိုအရာကို ခံစားလိုက်ရ၏။
ထိုနတ်သခင်များသည် မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ကို လျှောက်လှမ်းသူများ မဟုတ်သော်လည်း ၎င်းကို ခံစားမိကြသည်။ ထျန်းရန် နတ်ဘုရား နယ်မြေတွင် မျိုးဆက်ရရှိရန် ခက်ခဲခြင်းမှာ လမ်းစဉ်များ ပျောက်ကွယ်သွားခြင်းနှင့် နိယာမများ ပြောင်းလဲသွားခြင်းကြောင့် ဖြစ်နိုင်သည်ဟု သံသယများ ရှိနေခဲ့သည်မှာ ကြာပြီ ဖြစ်၏။
သို့သော်လည်း မည်သူမှ မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ကို မလိုက်စားကြသဖြင့် ၎င်းပျောက်ကွယ်သွားသည်ကို နတ်သခင်များ သတိပြုမိလျှင်ပင် ပျောက်ကွယ်ရခြင်း၏ အကြောင်းရင်းကိုတော့ မသိနိုင်ကြပေ။
မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ် ပြန်လည် ထွန်းတောက်လာသည်ကို ခံစားမိသည်နှင့် အဓိက အင်အားစုကြီးများမှ ရှေးဟောင်း ဘိုးဘေးကြီးများကလည်း လူသားလောကရှိ ပြောင်းလဲမှုများကို စောင့်ကြည့်ရန် လူများကို ချက်ချင်းပင် စေလွှတ်လိုက်ကြတော့၏။
မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ် ပြန်လည် ထွန်းတောက်လာခြင်းကြောင့် လူသားများတွင် ရင်သွေးရရှိရန် လွယ်ကူလာလာပေလိမ့်မည်။ လူသားများ ပိုမိုလွယ်ကူစွာ ကိုယ်ဝန်ရလာပါက အနာဂတ်တွင် နတ်များအတွက်လည်း ရင်သွေးရရှိရန် ပို၍ လွယ်ကူလာနိုင်သည်ကို ညွှန်ပြနေခြင်း ဖြစ်သည်။
…….
ရှန်ရှမြို့။
မြို့တော်ဝန် စံအိမ်။
အဆောင်တစ်ခုအတွင်း၌။
ကောက်ရှီယွမ်သည် အပန်းဖြေဆောင်တွင် ထိုင်နေရင်း လျှို့ဝှက်နယ်မြေအတွင်း၌ လုချန်း သူမကို ကယ်တင်ခဲ့သည့် အချိန်ကို ပြန်လည် သတိရနေမိ၏။ ရှောင်ရွှီရင်ပင် အဖော်တစ်ယောက် တွေ့ရှိသွားခဲ့ပြီ ဖြစ်သော်လည်း သူမကတော့ တစ်ယောက်တည်း ရှိနေဆဲပင်။
လျှို့ဝှက်လဝန်းနန်းတော်တွင် အမျိုးသမီး တပည့်များကိုသာ လက်ခံသော်လည်း အများစုက အဖော်ရှိကြသည်။ အနည်းဆုံးတော့ ယခင်က ရှိခဲ့ဖူးကြ၏။ အထူးသဖြင့် မြေနတ်အဆင့်ရှိသည့် တပည့်များသည် နှစ်သန်းပေါင်း တစ်ထောင်ကျော် နေထိုင်ခဲ့ကြသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။
သူတို့တွင် ယောက်ျားတစ်ယောက်မှ မရှိခဲ့ဖူးဟု ပြောရန်က မဖြစ်နိုင်ပေ။ အထူးသဖြင့် ကောင်းကင်နတ် အဆင့်ရှိသူများအတွက်ဆိုလျှင် ပိုမှန်သည်။ ပုံမှန်အားဖြင့် မြေနတ်တစ်ပါးသည် ကောင်းကင်နတ်အဆင့်သို့ မတက်လှမ်းမီ ကျင့်စဉ်တက်ရန်အတွက် လူသားလောကသို့ ဆင်းသက်ရလေ့ ရှိသည်။
ဤအဆင့်အတွင်း၌ မြေနတ်အများစုသည် ယခင်က အဖော်မရှိခဲ့လျှင်ပင် ကျင့်စဉ်ခရီး၏ အစိတ်အပိုင်းတစ်ခုအဖြစ် အဖော်တစ်ယောက်ကို ရှာဖွေတတ်ကြ၏။
သို့သော်လည်း လျှို့ဝှက်နယ်မြေတွင် ရှိနေစဉ် လုချန်းကို ချစ်မိသွားခဲ့ပြီးကတည်းက ကောက်ရှီယွမ်၏ နှလုံးသား တံခါးပိတ်သွားခဲ့သည်။ အထူးသဖြင့် လုချန်းတစ် ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်သွားသည်ကို သိလိုက်ရပြီးနောက် အဖော်ရှာရန် အတွေးများကို သူမ လုံးဝ စွန့်လွှတ်ခဲ့သည်။
…………
အခန်း (၁၆၁၆ )
ချန်ဘုရင်၏ သတင်းအစအန
ကောက်ရှီယွမ် သိသလောက်တော့ လျှို့ဝှက်လဝန်းနန်းတော်အတွင်းရှိ ကောင်းကင်နတ်အဆင့်ထက် မြင့်မားသူများသည် အဖော်ရှာသည့် အလေ့အထ အလွန်နည်းပါး၏။
ထိုအထဲတွင် သူမနှင့် ရှောင်ရွှီရင်တို့ နှစ်ဦးလုံးနှင့်လည်း ပါဝင်သည်။
သို့သော် ယခုတော့ ရှောင်ရွှီရင်၌ အဖော်တစ်ဦး ရှိနေခဲ့ပြီဖြစ်ပြီး ထိုသူမှာ နန်းတော်သခင်၏ တပည့်ရင်း ဖြစ်၏။ သူမ၏စိတ်ထဲ ငြူစူခြင်းမရှိသော်လည်း အနည်းငယ်တော့ စိတ်မသက်မသာ ဖြစ်မိသည်။
ထိုအခိုက်အတန့်တွင် အဆောင်အတွင်းသို့ ရှောင်ရွှီရင် ရောက်ရှိလာ၏။ ကောက်ရှီယွမ်ကို မြင်လျှင် ရှောင်ရွှီရင်၏ စိတ်နှလုံးထဲ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
အဆင်ပြေပါသည်ဟု လုချန်းက ပြောခဲ့သော်လည်း သူနှင့် လုချန်း၏အကြောင်းကို ယဲ့ချူယောင်အား ကောက်ရှီယွမ်က ပြန်ပြောပြမည်ကို သူမ စိုးရိမ်နေမိခြင်း ဖြစ်သည်။
ရှောင်ရွှီရင်က ပြုံးလျက် ကောက်ရှီယွမ်ကို
“စီနီယာအစ်မ... ဘာလို့ တံခါးပိတ်ကျင့်စဉ်ကနေ ဒီလောက်တောင် စောစောထွက်လာတာလဲ။”
ရှောင်ရွှီရင်၏ အပြစ်ရှိသည့် မျက်နှာထားကို ကောက်ရှီယွမ် ချက်ချင်းပင် ရိပ်မိလိုက်၏။ သူမကို ရှာရန် ရှောင်ရွှီရင် အဘယ်ကြောင့် ရောက်လာသည်ကိုလည်း ခန့်မှန်းမိသွားသည်။
ထို့နောက် ကောက်ရှီယွမ်က
“စိတ်မပူပါနဲ့ ညီမလေး... မင်းနဲ့ ဂျူနီယာမောင်လေး ချန်းတို့အကြောင်းကို အစ်မယဲ့ကို အစ်မ ပြန်မပြောပါဘူး။”
ထိုစကားကို ကြားလျှင် ရှောင်ရွှီရင် အနည်းငယ် မှင်တက်သွားမိသည်။
ထို့နောက် သူမက
“ကျေးဇူးတင်ပါတယ် စီနီယာအစ်မ”
ထိုသို့ပြောပြီးနောက် အဆောင်ငယ် အတွင်းရှိ ကျောက်စားပွဲ၌ ရှောင်ရွှီရင် ဝင်ထိုင်လိုက်၏။ ထိုစဉ် ကောက်ရှီယွမ်က ဆက်လက်၍
“အစ်မ ကျင့်စဉ်ကနေ စောစောထွက်လာရတဲ့ အကြောင်းအရင်းက အစ်မယဲ့က ဆက်သွယ်ရေး အင်းကတစ်ဆင့် အစ်မကို လာရှာလို့ပါ။”
ရှောင်ရွှီရင်က
“အစ်မယဲ့က ဘာပြောလို့လဲ”
ကောက်ရှီယွမ်က
“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ဂျူနီယာမောင်လေး ချန်း ဘာတွေလုပ်နေလဲလို့ပဲ သူက မေးတာပါ။ သူ ကျင့်စဉ်ကျင့်နေတယ်လို့ပဲ အစ်မ ပြန်ပြောလိုက်တယ်။”
ထိုအခိုက်မှာပင် ကောက်ရှီယွမ်က
“ဂျူနီယာမောင်လေး ချန်း ရှန်ရှမြို့ကနေ ဘယ်တော့လောက် ထွက်ခွာမှာလဲ။”
သူမအနေနှင့် အဆင့်တက်ရန် နီးကပ်နေပြီဖြစ်ကြောင်း ကောက်ရှီယွမ် ခပ်ပါးပါး ခံစားမိနေ၏။ သို့သော် ရှန်ရှမြို့ရှိ စိတ်ဝိညာဉ်စွမ်းအားက အလွန်နည်းပါးလွန်းရာ သူမ၏ အဆင့်တက်မှုအတွက် မသင့်လျော်ပေ။
ရှောင်ရွှီရင်က
“စီနီယာအစ်မက ရှန်ရှမြို့ကနေ ထွက်သွားချင်လို့လား။”
ကောက်ရှီယွမ်က
“အစ်မ အဆင့်တက်တော့မယ့်သဘော ရှိနေလို့ပါ။”
ကောက်ရှီယွမ်၏ ဆိုလိုရင်းကို ရှောင်ရွှီရင် ချက်ချင်းပင် နားလည်လိုက်၏။ ကောင်းကင်နတ်အဆင့်မှ စစ်မှန်သောနတ်အဆင့်သို့ တက်လှမ်းရန် ပေါကြွယ်ဝသော ဝိညာဉ်စွမ်းအားများ လိုအပ်သည်။
ရှန်ရှမြို့ရှိ ဝိညာဉ်စွမ်းအားများသည် ကောက်ရှီယွမ်အား စစ်မှန်သောနတ်နယ်ပယ်သို့ ရောက်ရှိအောင် မပံ့ပိုးပေးနိုင်ချေ။
ရှောင်ရွှီရင်က
“ဒါဆို မောင်လေးကို ကျွန်မ နောက်ကျရင် ပြောပြပေးပါ့မယ်”
ကောက်ရှီယွမ်က
“ကျေးဇူးပါ ညီမလေး”
ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည့်ဟန်ဖြင့် ကောက်ရှီယွမ်က
“ညီမလေး... ဒါက မင်းရဲ့ဆန္ဒအရပဲလား”
ရှောင်ရွှီရင်၏ ပါးပြင်နှစ်ဖက် အနည်းငယ် ရဲတက်သွားကာ သူမက
“စီနီယာအစ်မ... ဘာလို့ ဒီလိုမေးတာလဲ”
ကောက်ရှီယွမ်က
“ဂျူနီယာမောင်လေး ချန်းက နန်းတော်သခင်ရဲ့ တပည့်ရင်း ဖြစ်နေလို့ပါ။ မင်းကို သူက အကျပ်ကိုင်တာမျိုး ဖြစ်မှာ စိုးရိမ်လို့။”
ရှောင်ရွှီရင်က
“စိတ်မပူပါနဲ့ အစ်မ... ဒါ ကျွန်မရဲ့ ကိုယ်ပိုင်ဆန္ဒပါ”
ကောက်ရှီယွမ်က
“မင်းရဲ့ဆန္ဒဆိုရင်တော့ ပြီးတာပါပဲ။”
ရှောင်ရွှီရင်က
“စီနီယာအစ်မ ကောက်ကရော... စစ်မှန်သောနတ်အဆင့်ကို ရောက်သွားပြီးရင် အဖော်ရှာဖို့ အစီအစဉ် ရှိလား။”
ထိုအရာကို ကြားလျှင် လုချန်း၏ ပုံရိပ်က ကောက်ရှီယွမ်၏ စိတ်ထဲသို့ ချက်ချင်းပင် ဝင်ရောက်လာ၏။ ထို့နောက် သူမက ခါးသီးစွာ ပြုံးလိုက်ပြီး
“အစ်မက လမ်းစဉ်ထဲကိုပဲ စိတ်နှစ်ထားတာပါ။ ဒီဘဝမှာတော့ အဖော်ရှာဖို့ စိတ်ကူးမရှိပါဘူး။”
လွန်ခဲ့သော နှစ်သန်းထောင်ပေါင်းများစွာက အဖော်တစ်ဦး ရှာဖွေရန် သူမ စိတ်ကူးယဉ်ခဲ့ဖူး၏။ သို့သော် ကံဆိုးစွာဖြင့် သူမမြတ်နိုးရသည့် အမျိုးသားက သူမကို မချစ်ပဲ လျှို့ဝှက်လဝန်းနန်းတော်၏ သူတော်စင်မကိုသာ စိတ်ဝင်စားခဲ့သည်။
ကောက်ရှီယွမ်၏ စိတ်အခြေအနေ ညိုးငယ်နေသည်ကို ရှောင်ရွှီရင် သတိပြုမိသွား၏။ သူမ၌ မြတ်နိုးရသူ ရှိနေနိုင်သည်ဟု သံသယဝင်သွားသဖြင့် ထိုအကြောင်းအရာကို ရှောင်ရွှီရင် ဆက်မပြောတော့ပေ။
…….
တစ်ချိန်တည်းမှာပင်...
ထျန်းရှ နတ်ဘုရား နိုင်ငံတော်။
အန်းယွမ်ဘုရင်၏ နယ်မြေအတွင်း၌။
ခမ်းနားထည်ဝါသော နန်းတော်အတွင်းရှိ ပလ္လင်ပေါ်တွင် သန်မာထွားကျိုင်းသော အမျိုးသားတစ်ဦး ထိုင်နေ၏။ ခန်းမအတွင်း ဒူးထောက်နေသူကို ကြည့်ကာ သူက
“ပြောစမ်း... ကျုပ်ကိုတွေ့ဖို့ ခင်ဗျား ဒီလောက်တောင် ကြိုးစားနေရတာ ဘာကိစ္စလဲ။”
“အရေးမပါတဲ့ ကိစ္စမျိုးသာဆိုရင်တော့... ဘာဖြစ်လာမလဲဆိုတာ ခင်ဗျား သိထားသင့်တယ်။”
အခုတလော အန်းယွမ်ဘုရင်၏ နယ်မြေအတွင်း၌ လူအချို့က သူနှင့်တွေ့ဆုံရန် အပြင်းအထန် ကြိုးပမ်းနေကြ၏။ သူ စိတ်ဝင်စားမည့်အရာများ ရှိသည်ဟုလည်း ထိုသူများက ဆိုကြသည်။
ထို့ကြောင့် ထိုသူတို့၏ လုပ်ရပ်များသည် အန်းယွမ်ဘုရင်၏ အာရုံစိုက်မှုကို လျင်မြန်စွာ ရရှိသွား၏။ ထျန်းရှ နတ်ဘုရား နိုင်ငံတော်အတွင်း မတည်မငြိမ် ဖြစ်နေသည့်အတွက် သူနှင့် အခြားသော ဘုရင်များသည် အခြေအနေအရပ်ရပ်ကို အလွန် သတိထားနေကြရသော အချိန်လည်းဖြစ်သည်။
ကျားဝမ်ရွှီက သူ၏ ကြောက်ရွံ့မှုကို ထိန်းချုပ်လိုက်ရင်း
“မဟာဘုရင်... ကျုပ် ချန်ဘုရင်ရဲ့ သတင်းအစအနကို ရှာတွေ့ခဲ့ပါတယ်။”
ထိုအရာကို ကြားလျှင် အန်းယွမ်ဘုရင် ပလ္လင်ပေါ်မှ ချက်ချင်းပင် ထရပ်လိုက်၏။ ထို့နောက် သူ၏ အငွေ့အသက်များကို အရှိန်ကုန် ထုတ်လွှတ်လိုက်ရာ ကျားဝမ်ရွှီလည်း ကြမ်းပြင်ပေါ်သို့ ဝပ်စင်းသွားရသည်။
“ဘာ... ချန်ဘုရင် ဟုတ်လား”
ထိုစကားကို ကြားပြီးနောက် လုကျင် မယုံနိုင်သလို ဖြစ်သွား၏။
ချန်ဘုရင်သည်လွန်ခဲ့သော နှစ်သန်း ထောင်ပေါင်းများစွာက ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်သွားပြီး ထိုနေရာမှာပင် သေဆုံးသွားခဲ့သည် မဟုတ်ပါလား။
ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်ပြီးနောက် အသက်ရှင်လွတ်မြောက်လာသူဟူ၍ သူ တစ်ခါမှ မကြားဖူးခဲ့ချေ။
လုကျင်သည် သူ၏ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီး သူ၏ အငွေ့အသက်များကိုလည်း ပြန်ရုပ်သိမ်းလိုက်၏။ ထို့နောက် သူက
“ခင်ဗျား ဘာတွေပြောနေတာလဲဆိုတာရော သိရဲ့လား”
“ချန်ဘုရင်က လွန်ခဲ့တဲ့ နှစ်သန်းထောင်ချီကတည်းက ကစဉ့်ကလျား ပင်လယ်ထဲကို ဝင်သွားခဲ့တာ။ သူက ဘယ်လိုလုပ် အသက်ရှင်နေဦးမှာလဲ။”
“အခုမှ ဒါကို လာပြောရတဲ့ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲ။”
ထိုအရာကို ကြားလျှင် ကျားဝမ်ရွှီက အလျင်အမြန်ပင်
“မဟာဘုရင်... ကျုပ်က ချန်ဘုရင်ရဲ့ နောက်လိုက်ဟောင်း တစ်ယောက်ပါ။ ကျုပ် မလိမ်ပါဘူး။ ချန်ဘုရင်ရဲ့ သတင်းအစအနကို တကယ် တွေ့ခဲ့တာပါ။”
ကြမ်းပြင်ပေါ်တွင် တုန်တုန်ယင်ယင် ဖြစ်နေသော ကျားဝမ်ရွှီကို ကြည့်ကာ လုကျင် တွေးတောမိ၏။
ဤအမျိုးသားက လိမ်လည်နေသည့်ပုံ မပေါ်ပေ။ သို့သော် ချန်ဘုရင်က ကစဉ့်ကလျား ပင်လယ်ထဲမှ မည်သို့ ပြန်ထွက်လာနိုင်ပါသနည်း။ ချန်ဘုရင်၏ အမည်ကို အသုံးချကာ ပြဿနာရှာရန် ကြိုးပမ်းနေသည့် အတုအယောင် တစ်စုံတစ်ဦးလား။
သို့သော် ချန်ဘုရင်သည် လွန်ခဲ့သော နှစ်သန်းပေါင်း ထောင်ချီကတည်းက ထျန်းရှ နတ်ဘုရား နိုင်ငံတော်မှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်၏။ ဤနေရာတွင် သူ၏ ဩဇာအာဏာလည်း မရှိတော့ပေ။
သူ၏ အမည်ကို အသုံးပြုရုံဖြင့် အဘယ်အရာကို လုပ်ဆောင်နိုင်ပါမည်နည်း။
မည်သူကမှ ပြဿနာရှာရန်အတွက် ချန်ဘုရင်အဖြစ် ဟန်ဆောင်မည် မဟုတ်ပေ။
လုကျင်က
“ပြောစမ်း... ချန်ဘုရင် အသက်ရှင်နေသေးတယ်ဆိုတာကို ခင်ဗျား ဘယ်လို သိတာလဲ။”
ကျားဝမ်ရွှီက စကားများများမပြောတော့ပဲ အမွေးဖြူမြို့ မြို့တော်ဝန်စံအိမ်ရှိ စစ်သား၏ ဦးနှောက်ထဲမှ ထုတ်ယူထားသော မှတ်ဉာဏ်များကို တိုက်ရိုက်ပင် ထုတ်ပြလိုက်၏။ ထိုအခိုက်မှာပင် အမွေးဖြူမြို့၌ရှိစဉ်က လုချန်း၏ ပုံရိပ် ခန်းမကြီးအတွင်း ပေါ်ပေါက်လာတော့သည်။
လုချန်း၏ ပုံရိပ်ကို မြင်လျှင် လုကျင် တုန်လှုပ်သွားမိ၏။ ထိုသူ၏ အဆင့်သည် နတ်ဘုရင် အဆင့်သို့ မရောက်ရှိသေးသော်လည်း ရုပ်ရည်ကတော့ လုချန်းနှင့် အတိအကျပင် တူညီနေသည်။
အတန်ကြာပြီးနောက် လုကျင်က
“လုချန်းနဲ့ ရုပ်တူတဲ့လူ တစ်ယောက်ပဲလေ။ ဒါနဲ့တင် သူက လုချန်းပါလို့ သက်သေပြဖို့ မလုံလောက်သေးဘူး။”
ထျန်းရန် နတ်ဘုရား နယ်မြေသည် အလွန်ကျယ်ပြောလှပြီး လူပေါင်း မရေမတွက်နိုင်အောင် ရှိသည်။ လုချန်းနှင့် ရုပ်ချင်းဆင်တူသူ ရှိနေခြင်းက မဆန်းပေ။
သူကိုယ်တိုင်ပင်လျှင် လုပ်ကြံခံရမှုမှ ကာကွယ်ရန် သူနှင့် ရုပ်တူသူ အမြောက်အမြားကို ပြင်ဆင်ထားခဲ့ဖူး၏။
ကျားဝမ်ရွှီက
“သခင်... ဒါတစ်ခုတည်းဆိုရင်တော့ ချန်ဘုရင်လို့ သက်သေပြဖို့ မလုံလောက်တာ အမှန်ပါပဲ။ ဒါပေမဲ့ အဲ့ဒီလူ အမွေးဖြူမြို့ကို ရောက်လာကတည်းက မြို့တော်ဝန်က အရင်းအမြစ်တွေကို စုဆောင်းပြီး မြို့ကို အင်တိုက်အားတိုက် တိုးချဲ့လာပါတယ်။ သူ့ရဲ့ အင်အားကိုလည်း သိသိသာသာ ချဲ့ထွင်နေပါတယ်။”
“အရင်က အမွေးဖြူမြို့ မြို့တော်ဝန်က အေးအေးဆေးဆေးပဲ နေခဲ့တာပါ။ အခုလို တက်ကြွနေတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒါက ချန်ဘုရင်ရဲ့ အမိန့်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။”
တွေးတောခြင်းထဲသို့ လုကျင် နစ်မြောသွား၏။ ဧကရာဇ် အဆင့် တစ်ဦးပင်လျှင် ကစဉ့်ကလျား ပင်လယ်ထဲသို့ ဝင်ရောက်သွားပါက ပြန်ထွက်မလာနိုင်ပေ။
လုချန်းကတော့ နတ်ဘုရင် အဆင့်မျှသာ ရှိခဲ့သည် မဟုတ်ပါလား။
သူက ကစဉ့်ကလျား ပင်လယ်ထဲမှ မည်သို့ အသက်ရှင်လွတ်မြောက်နိုင်မည်နည်း။
ထိုစဉ်က လုချန်း ကစဉ့်ကလျား ပင်လယ်ထဲသို့ ဝင်သွားသည်ကို အင်အားစု အမြောက်အမြား မြင်တွေ့ခဲ့ကြ၏။ သူကိုယ်တိုင်ပင်လျှင် ထိုနေရာ၌ ရှိနေခဲ့ခြင်း ဖြစ်သည်။
လုချန်းက ဘယ်လိုလုပ်ပြီး ပြန်ထွက်လာခဲ့သနည်း။
တစ်ခုခုတော့ တစ်ခုခုပင်...
လုချန်းက ကစဉ့်ကလျား ပင်လယ်ထဲသို့ လုံးဝ ဝင်မသွားခဲ့ပဲ ရုပ်တူသူ သို့မဟုတ် ကိုယ်ပွား တစ်ဦးကိုသာ လွှတ်ခဲ့ခြင်းများလား။ ထျန်းရန် နတ်ဘုရား နယ်မြေ၏ တစ်နေရာရာတွင် လုချန်းအစစ် ပုန်းအောင်းနေခဲ့ခြင်းလား။
…………..
အခန်း (၁၆၁၇ )
အန်းယွမ် လုကျင်၏ အကြံအစည်
ဤဖြစ်နိုင်ခြေကို လုကျင် တွေးတောမိသော်လည်း အနည်းငယ်တော့ လက်တွေ့မကျသလို ဖြစ်နေဆဲပင်။
ထိုစဉ်က ထိပ်တန်းအင်အားစုများမှ အစွမ်းထက်ပုဂ္ဂိုလ်များစွာနှင့် နတ်သခင်များပင် ရှိနေခဲ့၏။
နတ်ဘုရင်အဆင့်မျှသာရှိသော လုချန်းအဖို့ “ရွှေပုရစ်ခွံလဲခြင်း” နည်းပရိယာယ်ဖြင့် လွတ်မြောက်ရန်က မလွယ်ကူလှချေ။
ကစဉ့်ကလျား ပင်လယ်ထဲသို့ ဝင်သွားသည့် လုချန်း အစစ်ဟုတ်မဟုတ်ကို ခွဲခြားနိုင်သည့် နည်းလမ်းကောင်းများ ထိုထိပ်တန်းအင်အားစုများတွင် ရှိပြီးသားဖြစ်သည်။ လူတစ်ယောက်က မရိပ်မိလျှင်ပင် အင်အားစုအားလုံးက မသိနိုင်တာတော့ မဖြစ်နိုင်ပေ။
ထိုအချိန်က ကစဉ့်ကလျား ပင်လယ်ထဲသို့ ဝင်သွားသူမှာ လုချန်းကိုယ်တိုင်ပင် ဖြစ်ရမည်။
သို့သော်လည်း...
ခန်းမမကြီးအတွင်း ကျားဝမ်ရွှီ ထုတ်ပြထားသည့် မှတ်ဉာဏ်ပုံရိပ်များကို လုကျင် တစ်ဖန် ပြန်ကြည့်လိုက်၏။ ပုံရိပ်ထဲမှ ထိုသူက လုချန်းနှင့် အလွန်ပင် တူနေသည်။
အကယ်၍ ထိုသူသာ လုချန်း တကယ် ဖြစ်နေခဲ့လျှင် စိတ်ဝင်စားစရာ ကောင်းလာတော့မည်။
နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကို ဆင်မြန်းလျက် ခန်းမအတွင်း ဒူးထောက်နေသော ကျားဝမ်ရွှီကို လုကျင့်ဖူက
“ ဒီသတင်းပေးဖို့ တစ်ခုတည်းအတွက်နဲ့ ကျုပ်ကိုတွေ့ဖို့ ဒီလောက်တောင် ကြိုးစားနေတာလား။”
ကျားဝမ်ရွှီက
“ ချန်ဘုရင်က ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရဲ့ သစ္စာဖောက်တစ်ယောက်ပါ။ ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ ဘေးအန္တရာယ်လည်း ဖြစ်ပါတယ်။ အကယ်၍ သူသာ ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကို ပြန်ရောက်လာရင် စစ်မီးကို တစ်ဖန် ပြန်မွှေးဦးမှာ အသေအချာပါပဲ။”
“ကျုပ် ဒီသတင်းကို ပေးနိုင်ဖို့အတွက် အရှင်ရဲ့ အာရုံစိုက်မှုကို ရအောင် နည်းလမ်းမျိုးစုံ သုံးခဲ့ရတာပါ။ တခြား ရည်ရွယ်ချက် မရှိပါဘူး”
လုကျင် ခပ်ဖွဖွ ရယ်လိုက်၏။
ကျားဝမ်ရွှီ၏ ရည်ရွယ်ချက်ကို သူ ဘာ့ကြောင့် မသိပဲ နေပါ့မည်နည်း။
ဤသတင်းအချက်အလက်ကို အသုံးပြုကာ ကျင့်စဉ်အရင်းအမြစ်အချို့နှင့် လဲလှယ်ရန် ကြိုးပမ်းခြင်းသာ ဖြစ်သည်။
ထို့နောက် လုကျင်က
“ဒီနေ့ကစပြီး အမွေးဖြူမြို့ကို ကျုပ်အတွက် စောင့်ကြည့်ပေးပါ။ လုချန်း ထပ်ပေါ်လာတာပဲဖြစ်ဖြစ် မြို့ထဲမှာ တစ်ခုခု ထူးခြားတာရှိရင်ပဲဖြစ်ဖြစ် ကျုပ်ကို ချက်ချင်း အစီရင်ခံရမယ်။”
“ခင်ဗျား ဒီကိစ္စကို သေချာ ကိုင်တွယ်နိုင်ရင် ကျုပ်ရဲ့ လူယုံအဖြစ် ခန့်ထားပေးမယ်။”
ထိုအရာကို ကြားလျှင် ကျားဝမ်ရွှီ အလွန် ဝမ်းသာသွား၏။
သူ၏ လောင်းကြေး တကယ်ပင် မှန်သွားခဲ့ပြီ။
သူတို့မျိုးဆက်သည် ယခင်က ချန်ဘုရင်၏ လက်အောက်ငယ်သား ဖြစ်ခဲ့ဖူးသဖြင့် ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရဲ့ သစ္စာဖောက်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ ထို့ကြောင့် အရေးယူခံရမည်ကို စိုးရိမ်သဖြင့် ထျန်းရှ နတ်ဘုရား နိုင်ငံတော်အတွင်းသို့ ဝင်ရောက်ရန် တစ်ခါမျှ မဝံ့ရဲခဲ့ချေ။
ယခုတစ်ကြိမ် နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းက စွန့်စားမှုတစ်ခု ဖြစ်သော်လည်း ရလဒ်ကတော့ တန်ဖိုးရှိလှပေသည်။
လုကျင်၏ လက်အောက်တွင် အမှုထမ်းခွင့် ရနိုင်ပါက ရရှိမည့် ကျင့်စဉ်အရင်းအမြစ်များသည် ခရမ်းရောင်လမင်းမြို့နှင့် ကစဉ့်ကလျား ပင်လယ်အနီးတွင် ရရှိမည့် အရာများထက် သာလွန်မည်မှာ ဧကန်မုချပင်။
ကျားဝမ်ရွှီက စိတ်လှုပ်ရှားစွာဖြင့်
“စိတ်ချပါ ... ကျုပ် ဒါကို ကောင်းကောင်း ကိုင်တွယ်ပါ့မယ်”
လုကျင်က
“ကောင်းပြီ... တခြား ဘာမှမရှိတော့ရင် ခင်ဗျား ပြန်လို့ရပြီ။”
ကျားဝမ်ရွှီက
“ဟုတ်ကဲ့ပါ”
လုကျင်က သူ့ကို ဆုလာဘ် တစ်စုံတစ်ရာ မပေးခဲ့သော်လည်း ကျားဝမ်ရွှီ စိတ်ပျက်ခြင်း မရှိချေ။
အဘယ်ကြောင့်ဆိုသော် ဤသည်က သူတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုသာ ဖြစ်သောကြောင့်ပင်။
လုကျင်၏ လက်အောက်သို့ ရောက်ရှိသွားသည်နှင့် နောင်တွင် အရင်းအမြစ်များကို အလိုအလျောက် ရရှိလာတော့မည် ဖြစ်သည်။
ယခု သူ၏ တာဝန်က အမွေးဖြူမြို့ကို စောင့်ကြည့်ရန်နှင့် လုချန်း ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းရန်သာ ဖြစ်၏။ လုချန်း ပေါ်လာသည်နှင့် လုကျင် လှုပ်ရှားလာမည်ဟု သူ ယုံကြည်နေသည်။
အဘယ်ကြောင့်ဆိုသော် လုချန်းသည် ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ သစ္စာဖောက်တစ်ဦးဖြစ်ကာ ယခင်က ထိပ်တန်းအင်အားစုများ၏ ဘေးအန္တရာယ်အဖြစ် သတ်မှတ်ခြင်း ခံထားရသူ တစ်ဦးလည်းဖြစ်သောကြောင့်ပင်။
သို့သော်လည်း ကျားဝမ်ရွှီ အတွက်မှားသွားခဲ့ပုံရသည်။
ခန်းမထဲမှ ကျားဝမ်ရွှီ ထွက်ခွာသွားသည်နှင့် လုကျင်၏ နှုတ်ခမ်းထောင့်တွင် ထိန်းမနိုင်သိမ်းမရ အပြုံးတစ်ခု ပေါ်ပေါက်လာ၏။ အကယ်၍ လုချန်းသာ ထျန်းရှ နတ်ဘုရား နိုင်ငံတော်သို့ ပြန်ရောက်လာပါက အစိုးရိမ်ဆုံးဖြစ်မည့်သူမှာ သူ မဟုတ်ချေ။
သူသည်လည်း လုချန်းအား ဝိုင်းရံတိုက်ခိုက်ရာတွင် ပါဝင်ခဲ့ဖူးသော်လည်း ဤကိစ္စအားလုံး၏ ပင်မတရားခံမှာ ကွမ်းရန်ဘုရင် လုကျင့်ဖူသာ ဖြစ်၏။
ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ ဘုရင်အနည်းငယ်ထဲတွင် လုကျင့်ဖူသည် စွမ်းအားအကြီးဆုံး ဖြစ်သည်။ လက်ရှိ နိုင်ငံတော်သခင်သည် သေအံ့ဆဲဆဲဖြစ်နေရာ လုကျင့်ဖူသာ တစ်ခုခုဖြစ်သွားခဲ့လျှင် ကျန်သောဘုရင်များအတွက် စိတ်သက်သာရာ ရစရာပင်။
လုချန်းသာ ပြန်လာခဲ့လျှင် လုကျင့်ဖူကို မုချ လက်စားချေလိမ့်မည်ဟု လုကျင် ယုံကြည်၏။ လုချန်းက သူကို ခြိမ်းခြောက်နိုင်မလားဟူသည့် ကိစ္စကိုတော့ လုကျင် သိပ်ပြီး စိတ်မပူချေ။
ကျားဝမ်ရွှီ ထုတ်ယူခဲ့သည့် မှတ်ဉာဏ်များအရ လုချန်းသည် နတ်ဘုရင် အဆင့် မဟုတ်တော့ပေ။
နတ်ဘုရင် အဆင့်မဟုတ်သော လုချန်းက သူ့အတွက် ဘာမှ မဟုတ်ပေ။
နတ်ဘုရင် အဆင့် မဟုတ်သော်လည်း လုချန်း ပြဿနာရှာရန် ရည်ရွယ်လာပါက လုကျင့်ဖူကိုတော့ အခက်တွေ့အောင် လုပ်နိုင်လိမ့်ဦးမည်။
ထိုစဉ် တံခါးဝရှိ လူကို လုကျင်က
“တပ်မှူးဝမ်ကို သွားခေါ်လိုက်။”
မကြာမီပင် အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး လုကျင်၏ ရှေ့တွင် ပေါ်လာကာ ဂါရဝပြုလိုက်၏။
“အရှင်... ဂါရဝပြုပါတယ်”
“ဘာကိစ္စများ ရှိလို့ ခေါ်ယူလိုက်တာပါလဲ”
လုကျင်က
“တပ်မှူးဝမ်... ဟိုတုန်းက ချန်ဘုရင်ကို ထောင်ချောက်ဆင်ဖို့ အင်အားစုအမျိုးမျိုးနဲ့ ကွမ်းရန်ဘုရင် ပူးပေါင်းခဲ့တဲ့အကြောင်း သတင်းလွှင့်လိုက်ပါ။”
ထိုအရာကို ကြားလျှင် ဝမ်ထုံ အတန်ငယ် တုံ့ဆိုင်းသွားမိ၏။ ဤကိစ္စက နှစ်ပေါင်းသန်းထောင်ချီ ကြာခဲ့ပြီဖြစ်ရာ လုကျင်က အဘယ်ကြောင့် ယခုမှ ပြန်ဖော်ထုတ်ရသနည်း။
ယခုအခါ ဘုရင်များသည် ပြဿနာရှာရန်အတွက် တစ်ဦး၏အမှားကို တစ်ဦးက ရှာဖွေနေကြသော်လည်း ဤကိစ္စတွင်တော့ ထိုစဉ်က ဘုရင်အားလုံးသည် ချန်ဘုရင်အား ဝိုင်းရံတိုက်ခိုက်ရာတွင် ပါဝင်ခဲ့ကြသည်ချည်း ဖြစ်၏။
ထို့ကြောင့် ဤကိစ္စက လုကျင့်ဖူအပေါ် သက်ရောက်မှုရှိမည် မဟုတ်ဟု ထင်ရ၏။
ဝမ်ထုံက
“ဘာကြောင့် ဒီလိုလုပ်ခိုင်းရတာလဲဆိုတာ သိပါရစေ။ ဒါက ကြာခဲ့လှပြီ မဟုတ်လား”
လုကျင်က
“ခိုင်းတဲ့အတိုင်းသာ လုပ်စမ်းပါ။ မကြာခင် ခင်ဗျား အကြောင်းရင်းကို သိလာပါလိမ့်မယ်”
လုချန်း ပြန်လာသည့်သတင်းက ကြီးမားသော ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်စေလိမ့်မည်။ ဤအရာကို သူတစ်ဦးတည်း သိနေသည် ဆိုပါက ပြဿနာသိပ်တက်မည် မဟုတ်ပေ။
သို့သော် လုချန်းကို ပစ်မှတ်ထားခဲ့သည့် ထိပ်တန်းအင်အားစုကြီးများသာ သူ ပြန်လာသည်ကို သိသွားပါက သူ့ကို တစ်ဖန် ပြန်လည်ဝိုင်းရံရန် လူလွှတ်ကြပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် လုချန်း၏ ပါရမီသည် ကြောက်မက်ဖွယ်ကောင်းလှသောကြောင့်ဖြစ်၏။
ထိုအင်အားစုကြီးများသည် သူ နတ်ဧကရာဇ် ဖြစ်လာမည်ကို အလွန်အမင်း စိုးရိမ်ကြသည်။ လုချန်းကို အသုံးပြုကာ လုကျင့်ဖူအား ဒုက္ခပေးရန် လုကျင် ကြံစည်ထားသော်လည်း ထိုအင်အားစုကြီးများက လုချန်းကို သတ်သွားခြင်းမျိုးကိုတော့ သူ အဖြစ်မခံနိုင်ချေ။
ဝမ်ထုံက
“နားလည်ပါပြီ”
ထို့နောက် ဝမ်ထုံ ခန်းမအတွင်းမှ ထွက်ခွာသွားတော့သည်။
ရက်အနည်းငယ်အကြာတွင် ချန်ဘုရင်အား ထောင်ချောက်ဆင်ရန် အင်အားစုကြီးများနှင့် လုကျင့်ဖူ ပူးပေါင်းခဲ့သည့် သတင်းများ ထျန်းရှ နတ်ဘုရား နိုင်ငံတော်အတွင်း ပျံ့နှံ့သွား၏။
ထိုသတင်းကို ကြားလျှင် အချို့နတ်များ ဇဝေဇဝါ ဖြစ်သွားကြသည်။ နှစ်ပေါင်းသန်းထောင်ချီ ကြာခဲ့ပြီဖြစ်ရာ အများစုသည် ချန်ဘုရင်အကြောင်းကိုပင် မေ့လျော့နေကြပြီ ဖြစ်သည်။
လက်ရှိအချိန်အထိ အသက်ရှင်ကျန်ရစ်သူများသည် အနည်းဆုံး ကောင်းကင်နတ်အဆင့် ရှိသူများ ဖြစ်သည်။
ဟုတ်ပါသည်။ ချန်ဘုရင်အား ဝိုင်းရံရာတွင် ပါဝင်ခဲ့သူများ အသက်ရှင်နေသေးပါက ထိုအကြောင်းကို မှတ်မိနေကြဦးမည်။ သို့သော် ဤကောလာဟလကို ကြားသောအခါ သူတို့ အံ့ဩသွားကြ၏။
နှစ်ပေါင်းသန်းထောင်ချီ အကြာက သေဆုံးသွားခဲ့သည့် လူတစ်ယောက်က အဘယ်ကြောင့် ယခုမှ အာရုံစိုက်ခံနေရသနည်း။
ထို့ပြင် ကောလာဟလကလည်း အကြောင်းရင်းမရှိပဲ ပျံ့နှံ့နေခြင်း ဖြစ်သည်။
ချန်ဘုရင် သစ္စာဖောက်သည်ဟူသော အချက်က ထိုစဉ်က လူတိုင်းသိသည့် အကြောင်းအရာ ဖြစ်သော်လည်း ယခုမှ ထိုသတင်းက တစ်ဖန် ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်၏။ တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ သတင်းလွှင့်နေခြင်းဖြစ်ကြောင်း ထင်ရှားလှသော်လည်း အဘယ်ကြောင့် ထိုသို့လုပ်နေသည်ဆိုသည့် အချက်ကိုတော့ မည်သူမှ မခန့်မှန်းနိုင်ကြချေ။
…….
ကွမ်းရန်ဘုရင်၏ နယ်မြေအတွင်း...
တောင်ထိပ်တစ်ခုပေါ်ရှိ။
အဆောင်ငယ်တစ်ခုအတွင်း၌။
လေထုအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူရင်း အဆောင်ငယ် အတွင်း၌ လုကျင့်ဖူ ထိုင်နေ၏။
ထိုစဉ် အဆောင်ငယ်၏ အပြင်ဘက်၌ အစေခံတစ်ဦး ပေါ်လာသည်။
မျက်လုံးကိုပင် ဖွင့်မကြည့်ပဲ လုကျင့်ဖူက
“ဘာကိစ္စလဲ”
အစေခံက
“အရှင်... လတ်တလောမှာ ထျန်းရှ နတ်ဘုရား နိုင်ငံတော်အတွင်း အရှင်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေ ထွက်နေပါတယ်။”
ထိုအရာကို ကြားလျှင် လုကျင့်ဖူ မျက်လုံးဖွင့်ကြည့်လိုက်၏။ ထို့နောက် အစေခံကို ကြည့်ကာ
“ကျုပ်ရဲ့ မောင်နှမတွေကတော့ မငြိမ်မသက် ဖြစ်နေကြပြီ ထင်တယ်။”
“ကောလာဟလက ဘာတဲ့လဲ”
ယခုအချိန်တွင် ကောလာဟလများဖြင့် တိုက်ခိုက်ခြင်းက အချည်းနှီးသာ ဖြစ်ပေလိမ့်သည်။
သူတို့၏ ဖခင်သည် သေအံ့ဆဲဆဲ ဖြစ်နေပြီ ဖြစ်၏။ သားတစ်ဦးက ပုန်ကန်ရန် ကြံစည်နေသည်ဟူသော ကောလာဟလ ပျံ့နှံ့လျှင်ပင် မည်သူမှ ဂုရုစိုက်မည် မဟုတ်ပေ။
ယခုအချိန်တွင် ဘုရင်များအကြားရှိ စွမ်းအားနှင့် အပြင်ဘက်မှ ထောက်ခံမှုများကသာ အရေးကြီးဆုံး ဖြစ်သည်။