← Chapters

အပိုင်း(၁၈၄)-ဝိညာဉ်သားရဲ၏ သွေးသား

Vol. 002 Ch. 184

အပိုင်း(၁၈၄)-ဝိညာဉ်သားရဲ၏ သွေးသား

Vol. 002 Ch. 184

ရှီမာယူယူ ခေါင်းညိတ်ပြီး တုလေးအား ကြည့်ကာပြောလိုက်သည် “မင်းဖြစ်ချင်လား”

“ကျွန်တော် ကျင့်ကြံနိုင်ချင်တယ်၊ ဒီလိုကြီးဆက်ပြီးမနေချင်ဘူး” တုလေးသည် အခိုင်အမာပြောလိုက်သည်။

“ဒါပေမယ့် ဒါပေမယ့် ဒီနည်းလမ်းက မင်းသေလောက်တဲ့အထိ အရမ်းနာကျင်လိမ့်မယ်၊ မင်းအသက်ကို  တောင်ရင်းရမယ်၊ အဲဒါတောင်မှ မင်းလုပ်ကြည့်ချင်လား” ရှီမာယူယူ မေးလိုက်သည်။

“ဘယ်လောက်ပဲနာပါစေ ကျွန်တော် သည်းခံနိုင်ပါတယ်” တုလေးသည် ရှီမာယူယူအား ကြည့်ပြီး သူမ ရှေ့တွင် ဒူးထောက်ကာ သူမလက်အားကိုင်၍ ပြောလေသည် “မမ ကျွန်တော့်ကို ကူညီပါ”

ရှီမာယူယူသည တုလေး၏ခိုင်မာသော အကြည့်အား မြင်ပြီး သူသည် ငယ်ရွယ်စဉ်ကပင် ဒီလို စရိုက်ရှိသည်ကို သိလိုက်ရသည်။

သူမ သူ့အား ဆွဲထူလိုက်ပြီး ပြောလေသည် “မင်းဒူးတော့နာတော့မှာပဲ ဒူးထောက်စရာမလိုပါဘူး”

“မမ သဘောတူလိုက်တာလား” တုလေးသည် ရှီမာယူယူာအား ကြည့်လိုက်သည်။

“ငါ့နည်းလမ်းက သူများနဲ့မတူတဲ့ အကွက်ပဲ၊ မင်းနာတာကို ခံနိုင်ရင် ပြီးတာပဲ”

“ခံနိုင်မှာပါ ဘယ်လောက်နာနာ သည်းခံနိုင်တယ်” တုလေး ပြောလိုက်သည်။

“ယူယူ မင်းဘာနည်းလမ်းရှိလို့လဲ” ဘေဂုံထန်မေးလိုက်သည်။

“ကြက်သွေးရောင်မီးတောက်ရဲ့ မီးတောက်က အကုန်လုံးကို လောင်နိုင်တယ်၊ သူ့အကြောတွေမှာ ပိတ်နေတဲ့ အခဲရှိတယ်ဆိုရင်တောင် မီးတောက်ကို မခံနိုင်ဘူး” ရှီမာယူယူပြောလိုက်သည်။

“ပိတ်နေတဲ့ အခဲကိုဖယ်ဖို့အတွက် မီးတောက်ကိုသုံးမယ် ဟုတ်လား” ဘေဂုံထန်သည် ထိုနည်းလမ်းအား အလွန်အမင်းအံ့သြသွားပြီး မေးလိုက်သည် “ဟာစွန်တောင်မှ အဲမီးတောက်ကို မခံနိုင်ဘူး၊ တုလေး ဆီမှာ အန္တရာယ်မရှိနိုင်ဘူးလား”

“သူ့ကိုတော့ အန္တရာယ်မရှိနိုင်ဘူး၊ ဒါပေမယ့် အဲအချိန်အတွင်းတော့ နာလိမ့်မယ်” ရှီမာယူယူပြောလိုက်သည် “သူ့ဆုံးဖြတ်ချက်ခိုင်မာပြီး သူသည်းခံနိုင်ရင် ပြဿနာမရှိပါဘူး”

“မမ အဲအချိန်မှာ ကျွန်တော့်ရဲ့ ကံတရားကို ပြောင်းနိုင်မယ်ဆိုရင် လုပ်ကြည့်ချင်တယ်၊ ကျွန်တော့် အသက်ပေးလိုက်ရင်တောင် ဘဝမျှော်လင့်ချက်မရှိတာထက်စာရင် ပိုကောင်းတယ်” တုလေးသည် ဘေဂုံထန် အား ကြည့်ပြီးပြောလိုက်သည်။

ဘေဂုံထန်သည် တုလေးအား ကြည့်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါဆိုလည်း ကောင်းပြီလေ မင်း ဘယ်တော့ လုပ်ပေးမလဲ”

“အလောကြီးဖို့မလိုပါဘူး” ရှီမာယူယူ ပြန်ဖြေလိုက်သည် “သူ့ခန္ဓာကိုယ်က ဒဏ်ရာတွေက မသက်သာသေးဘူး၊ သူပြန်ကောင်းပြီး တစ်ရက် နှစ်ရက်လောက်မှ.. ပြီးတော့ သူ့အတွက်ဆေးကို ငါဖော်ပေးရဦးမယ်”

“မမက အဂ္ဂိရတ်ဆရာလား” ရှီမာယူယူ ဆေးဖော်မည်ဟု ကြားသည်နှင့် တုလေးသည် သိချင်စိတ် ဖြင့် မေးလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူသည် လက်ဆန့်ကာ တုလေး၏ နှာခေါင်းအား ဆွဲဆိတ်ပြီး ပြောလိုက်သည် “တုလေး ငါတို့အပြင်ရောက်ရင် မင်းငါ့ကို မမလို့မခေါ်နဲ့ အစ်ကိုကြီးလို့ခေါ် နားလည်လား”

တုလေး ခေါင်းညိတ်ကာ ပြောလိုက်သည် “နားလည်ပါတယ် မမ… အစ်ကိုကြီး အစ်ကိုကြီးက တခြားသူတွေနဲ့ မတူဘူး”

“ဘာတွေ မတူတာလဲ”

“ကျွန်တော့်မိသားစုမှာလည်း အဂ္ဂိရတ်ဆရာရှိခဲ့ဖူးတယ်၊ ဒါပေမယ့် သူက အရမ်းမာနကြီးတယ်၊ မိသားစု သခင်ကြီးကလွဲရင် ဘယ်သူ့မှ လူမထင်  ဘူး၊ ဘဝင်မြင့်လွန်းလို့ မြေကြီးတောင် လွတ်နေပြီ၊ မမက မာနမကြီးဘူး၊ တုလေး တကယ်ချစ်တယ်” တုလေး ပြန်ဖြေသည်။

“ဟားဟား မင်းက တကယ်စကားတတ်တာပဲ” ရှီမာယူယူ ရယ်မောကာ ပြောလိုက်သည်။

“ကျွန်တော်ပြောတာ အမှန်တွေပဲ” တုလေး အလေးအနက် ပြောလိုက် သည်။

“အင်း ဒီအစ်ကိုကြီးက ယုံပါတယ်” ရှီမာယူယူသည် ပြုံးကာ တုလေး၏ ခေါင်းအားပွတ်လိုက်သည်။

တုလေးသည် သူမအတွက် ဖြူစင်လွန်းသည်။ သူသည် များစွာသော အခက်အခဲများကို ကြုံတွေ့ခဲ့ရသော်လည်း သူ့လိပ်ပြာသည် အပြစ်ကင်းနေသေးသည်။ ထိုအချက်ကြောင့် သူသည် ချစ်စရာကောင်းသည်။

“ဘေဂုံ သူ့အတွက် ငါသွားပြီး ဆေးဖော်လိုက်ဦးမယ်၊ သူ့ကို ဆေးလိမ်း ထားပေး၊ နေ့လည်မှ သူ့ကို ဆေးထပ်တိုက်လိုက်မယ်” ရှီမာယူယူ မတ်တတ်ရပ်ပြီးပြောလိုက်သည်။

“ကောင်းပြီ” ဘေဂုံထန် ခေါင်းညိတ်လိုက်သည်။

“မင်း မမ ဘေဂုံထန်ကလည်း အဂ္ဂိရတ်ပညာရှင်ပဲ” သူမအား အဂ္ဂိရတ်ပညာရှင်ဟု သိပြီးနောက် အံ့သြသွားသည့် ပုံစံဖြစ်သွားသော တုလေးအား စဉ်းစားမိကာ ရှီမာယူယူ သူ့အား အနည်းငယ် စ,နောက်ပြီး ထွက်သွားလေသည်။

သူမ တွေးထားသည့်အတိုင်းပင် ဘေဂုံထန်သည်လည်း အဂ္ဂိရတ်ပညာရှင်ဖြစ်ကြောင်းသ်သောအခါ တုလေးသည် အလွန်အမင်းအံ့သြသွားသည်။ သူသည် အလွန်အမင်းရှုပ်ထွေးသွားသည်။ သူအရင်ကတွေ့ဖူးတဲ့ အဂ္ဂိရတ်ပညာရှင်တွေနဲ့ သူတို့နှစ်ယောက်က ဘာလို့မတူရတာလဲ။

ရှီမာယူယူ ပြန်လာရာ ဟာစွန်သည် သူမတံခါးရှေ့မှ တိုင်လုံးကို မှီနေသည်ကို တွေ့လိုက်ရသည်။

“ဘာလဲ” ရှီမာယူယူ မေးလိုက်သည်။

“အဲကလေး သူ့မှာ ဝိညာဉ်သားရဲရဲ့ သွေးရှိတယ်” ဟာစွန်သည် တိုက်ရိုက်ပင် ပြောလိုက်သည်။

“ဝိညာဉ်သားရဲရဲ့ သွေးသား ဟုတ်လား” ရှီမာယူယူ လှည့်ပတ်ကြည့်ကာ ပြောလိုက်သည် “အိမ်ထဲဝင်  ပြီးပြောရအောင်”

တံခါးအား တွန်းဖွင့်ပြီးနောက် သူတို့နှစ်ယောက်ဝင်လာပြီး ရှီမာယူယူ သည် တံခါးပိတ်ပြီး ပြောလိုက်သည် “တုလေးမှာ ဝိညာဉ်သားရဲသွေးရှိတာ မင်းဘယ်လိုသိလဲ”

“အနံ့” ဟာစွန် ပြောလိုက်သည် “စွမ်းအားကောင်းတဲ့ ဝိညာဉ်သားရဲတွေ က တခြားဝိညာဉ်သားရဲတွေနဲ့ ပတ်သတ်ရင် ပိုအနံ့ခံအားကောင်းတယ်”

“ဒါဆို သူ့မှာ ရှိနေတာ ဘယ်လို ဝိညာဉ်သားရဲသွေးသားလဲ” ရှီမာယူယူမေးလိုက်သည်။

ဟာစွန် ခေါင်းရမ်းကာ ပြောလိုက်သည် “သူ့သွေးသားက အခုထိ မနိုးသေးဘူး၊ ဒါပေမယ့် သူ့ ခန္ဓာကိုယ်တည်ဆောက်ပုံက ကျင့်ကြံလို့မရအောင် လုပ်ထားတယ်၊ အဲဒါကြောင့်ပဲ သူ့သွေးသားကို နိုးအောင် လုပ်လို့မရတာ”

“သူ့ အရည်အချင်းက သူ့သွေးသားနဲ့ ဆက်စပ်မယ်လို့ ဘယ်သူသိမလဲ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းတို့နဲ့တွေ့တာ သူကံကောင်းတယ်လို့ပြောရမယ်” ဟာစွန် ပြောလိုက်သည် “အစပိုင်းက ငါသူ့ခန္ဓာကိုယ်ကို အာရုံခံကြည့်တာ င့ါမီးတောက်နဲ့ လောင်ပေးလို့ သူ့ရဲ့ ပိတ်နေတဲ့ အကြောတွေ ပွင့်မသွားနိုင်ဘူး ဒါပေမယ့် အဲလူရဲ့ မီးတောက်နဲ့ဆိုရင်တော့ ပြဿနာမရှိလောက်ပါဘူး”

သူသည် ကြက်သွေးရောင်မီးတောက် အကြောင်းပြောလိုက်ရုံနှင့် ရှီမာယူယူသည် အစပိုင်းက သူမ၏ ရှုပ်ထွေးနေမှုအား တွေးမိလိုက်သည်။ သူမ မေးလိုက်သည် “ဟာစွန် မင်းမှာ မီးတောက်စွမ်းအားအပြင် လေ လည်းရှိတယ်မလား”

သူမ ဘာအတွက်ကြောင့်မေးသည်ကိုတော့ သူမသိသော်လည်း ခေါင်းညိတ်လို်က်သည်။

“မင်း နေရာကိုလည်းထိန်းချုပ်နိုင်သေးတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်တယ်” ဟာစွန် ပြန်ဖြေလိုက်သည်။

“မင်းငါ့နောက်လိုက်တုန်းက ငါ မင်းအရှေ့ပြေးနေတယ်လို့ ထင်ရပေမယ့် မင်း ငါ့ကို ထည့်ပြီး အတားအဆီးလုပ်လိုက်တယ်မလား” ရှီမာယူယူ မေးသည်။

ဟာစွန်သည် မျက်ခုံးပင့်ကာ “မင်းဘယ်လိုသိလဲ”

သူမငြင်းသည်ကို ရှီမာယူယူမြင်သည်နှင့် သူမ သံသယအား အတည်ပြုလိုက်သည်။ ထိုအချိန်က သူမနှင့် ဝိညာဉ်စေတီ၏ စာချုပ်ပျက်သွားခြင်းသည် သူမအား အချိန်အတော်ကြာ နေရာတွင် ပိတ်ထား  သောကြောင့်ဖြစ်သည်။

“မှန်းကြည့်တာ” ရှီမာယူယူ ပြောလိုက်သည်။ သူမနှင့် ဝိညာဉ်စေတီ စာချုပ် ပျက်ပြယ်သွားသဖြင့် သူမ မှန်းကြည့်သည်ကိုတော့ မပြောခဲ့ပါ။ “ဟုတ်သားပဲ မင်း ဝိညာဉ်သားရဲကနေ တည်ဆောက်မှုသခင်လည်း ဖြစ်လာတာလား”

“မဖြစ်နိုင်ဘူး” ဟာစွန် ပြန်ဖြေလိုက်သည် “ဝိညာဉ်သားရဲတွေမှာ အကန့်အသတ်ရှိတယ်၊ ငါတို့က အဂ္ဂိရတ်ပညာရှင်တို့၊ လက်နက်တီထွင်သူတို့ တည်ဆောက်မှုသခင်တို့ ဖြစ်လို့မရဘူး”

“ဒါဆို မင်းဘယ်လိုလုပ် နေရာကို ထိန်းချုပ်လို့ရတာလဲ”

“ငါ့မျက်လုံးတွေကြောင့်”

“မင်းမျက်လုံးတွေ ဟုတ်လား” ရှီမာယူယူ နားမလည်နိုင်တော့ပေ။ သူ့မျက်လုံးတွေနဲ့ ဘာလုပ်ခဲ့တာလဲ။

ဟာစွန်သည် မျက်လုံးများပိတ်လိုက်သည်။ သူ မျက်လုံး ဖွင့်လိုက်သောအခါ သူ့မျက်လုံးနှစ်လုံးတွင် မျက်အိမ်နှစ်ခုစီရှိနေခဲ့သည်။

သူ့တွင် ထိုမျက်အိမ်နှစ်ခုရှိသောကြောင့် မျက်လုံးလေးလုံးငှက်လို့ခေါ်သည်။

ဟာစွန်သည် မျက်လုံးပိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သောအခါ မူလအသွင်ပြောင်းသွားသည်။

“မင်းရဲ့ မျက်လုံးတွေကြောင့် နေရာရဲ့ စွမ်းအားကို သုံးလို့ရတာပေါ့” ရှီမာယူယူ မေးလိုက်သည်။

“အဲလိုပြောလို့ရပါတယ်” ဟာစွန်ပြောလိုက်သည် “ဝိညာဉ်သားရဲတွေက မတူညီတဲ့ အရည်အချင်းတွေကြောင့် မတူညီတဲ့ စွမ်းရည်တွေပိုင်ဆိုင်ကြတယ်၊ ငါနေရာကို ထိန်းချုပ်နိုင်သလိုပဲ မီးတောက်ကိုလည်း ထုတ်လွှတ်နိုင်တယ်”

“အဲလိုလား” ရှီမာယူယူ ပြောလိုက်သည် “ဒါဆို တခြားဝိညာဉ်သားရဲတွေက ဒီနေရာကို အသုံးပြုလို့မရဘူးဆိုတဲ့ သဘောပဲ”

“မဖြစ်မနေတော့မဟုတ်ဘူး” ဟာစွန်ပြောလိုက်သည် “အရင်တုန်းက ငါတို့မျက်လုံးလေးလုံးငှက်ပဲ လုပ်နိုင်တယ် ထင်ထားတာ၊ ဒါပေမယ့် ကမ္ဘာကြီးက  ကျယ်လွန်းတယ်၊ တခြားဝိညာဉ်သားရဲတွေလည်း ဒီအရည်အချင်းကို မပိုင်ဆိုင်တာတော့ မဖြစ်နိုင်ဘူး”

“ငါ့မှာသာ အဲလိုနေရာကို ထိန်းချုပ်နိုင်တဲ့ အရည်အချင်းရှိရင်ကောင်းမှာ” ရှီမာယူယူသည် အားကျစွာပြောလိုက်သည်။

ဟာစွန်သည် သူမအား အေးစက်စွာကြည့်ကာ ပြောလိုက်သည် “ဒါက မွေးရာပါပဲ အားမကျနဲ့ မင်းဘယ်တော့မှ ရမှာမဟုတ်ဘူး”

သူပြောပြီးနောက် ထွက်သွားရန် ထလိုက်ပြီး ရှီမာယူယူ၏ စိတ်ထိခိုက်သောပုံရိပ်သည် သူ့အား ကြည့်ပြီး ကျန်နေခဲ့လေသည်။

သက်ပြင်းချကာ သူမသည် တံခါးထပိတ်ပြီးနောက် ဝိညာဉ်စေတီအတွင်း ဝင်ခဲ့လေသည်။ သူမ ဆေးဖော် သည့်အခန်းတွင် တိုက်ရိုက်ပေါ်လာလေသည်။

“သခင် ဒီတစ်ခါ ဘာဆေးဖော်မှာလဲ” ဝိညာဉ်လေး ပေါ်လာကာ တက်ကြွစွာမေးလိုက်သည်။

ရှီမာယူယူ ဆေးဖော်သည့်အချိန်တိုင်းပင် သူ သကြားလုံးစားရသည်လေ။ အခုတော့ သူမ ဆေးဖော်သည့် အခန်းသို့ဝင်သွားသည်ကို ကြည့်ပြီး သူပီတိဖြစ်နေသည်။

All Chapters