← Chapters

အပိုင်း(၁၈၅)-လူရုပ်ဆိုးမှ လေလံပွဲ

Vol. 002 Ch. 185

အပိုင်း(၁၈၅)-လူရုပ်ဆိုးမှ လေလံပွဲ

Vol. 002 Ch. 185

“အေးခဲနှင်းဆေး” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းပြီ” သူပြောပြီးသည်နှင့် ဝိညာဉ်လေးပျောက်သွားလေသည်။

ရှီမာယူယူသည် အေးခဲနှင်းဆေးဖော်ခြင်းကို အနည်းငယ်ပြန်လေ့လာရန် နည်းလမ်းအားထုတ်လိုက်သည်။ အချိန်တိုအတွင်းတွင် ဝိညာဉ်လေးသည် လက်တွင် ဆေးဖက်ဝင်ပစ္စည်းများအပြည့် သယ်လာကာ ဝင်လာသည်။

“သခင် ဒီဆေးက ဖော်ဖို့သိပ်မလွယ်လို့ ဆေးဖက်ဝင်ပစ္စည်းနှစ်ခါစာ ပြင်ထားတယ်” ဝိညာဉ်လေးသည်  ဆေးဖက်ဝင် ပစ္စည်းများကို စားပွဲပေါ်တင်ကာ ပြောလိုက်သည်။

“ကျေးဇူးပါ ဝိညာဉ်လေး” ရှီမာယူယူသည် ခေါင်းညိတ်ပြကာ ဆေးဖော်ရာတွင် စတင်အာရုံစူးစိုက်တော့သည်။

သူမ ဆေးဖော်သည့် တစ်ပိုင်းပင်လုပ်ရသေးသည်၊ သန့်စင်ခြင်း လုပ်ဆောင်ချက်တွင်ပင် အမှားများ လုပ်မိပြီး ဆေးဖက်ဝင်ပစ္စည်းများ အသုံးမဝင်ဖြစ်သွားသည်။

“ဒီအေးခဲနှင်းဆေးက ဖော်ဖို့တကယ်ခက်တာပဲ” ရှီမာယူယူသည် အလဟသတ်ဖြစ်သွားသော ဆေးဖက်ဝင် ပစ္စည်းများအား ရှင်းလင်းကာ ဝမ်းနည်းစွာပြောလိုက်သည်။

“ဒါပေါ့ အဲလိုမှမဟုတ်ရင် အဆင့်ငါးနဲ့ တန်ဖိုးတူတဲ့ အဆင့်လေးဆေးမဖြစ်နိုင်တော့ဘူး” ဝိညာဉ်လေး  ပြောလိုက်သည် “ဒါပေမယ့် ယူယူ ဒါက မင်းရဲ့ ပထမဆုံး ဒီဆေးဖော်တာပဲ ကျရှုံးတာကတော့ ဖြစ်မှာပဲ”

“အင်း”

ရှီမာယူယူသည် ထပ်ထည့်ပြီးနောက် ဒုတိယအကြိမ်ကြိုးစားပြန်သည်။

နှစ်ကြိမ်ကျရှုံးပြီးနောက် ဆေးလေးလုံးကို အောင်မြင်စွာဖော်လိုက်နိုင်သည်။

ဆေးဖက်ဝင်ပစ္စည်းများ နှစ်သုတ်စာ ကျန်ရှိနေသေးသည်ကို တွေ့သည်နှင့် အားလုံးဖော်ရန် ဆုံးဖြတ်လိုက် သည်။ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။

“ဆယ့်နှစ်လုံး မဆိုးပါဘူး” ရှီမာယူယူသည် တစ်ဝက်ထုတ်ကာ ကျန်တစ်ဝက်အား ဝိညာဉ်လေး အား ပေးလိုက်သည်။

ဝိညာဉ်လေးသည် ဆေးပုလင်းအား ဖက်ကာ ပျော်ရွှင်စွာပြုံးလိုက်သည်။

သူတို့ ဝိညာဉ်စေတီသို့ထွက်သွားသည်မှာ တစ်ရက်မရှိသေးသဖြင့် အပြင်တွင် နေ့လည်ပင်မရောက်သေးပေ။

သူမ ထွက်သွားကာ ဝေကျိရွှီနှင့် တခြားသူများကို မြင်သည်နှင့် လက်ဝေ့ရမ်းပြလိုက်သည်။ ထို့နောက် တုလေးအခန်းသို့ သွားလိုက်သည်။

ဘေဂုံထန်သည် တုလေးနှင့်စကားပြောနေသည်။ ရှီမာယူယူ ဝင်လာသည်ကို မြင်သည်နှင့် မေးလိုက်သည် “ပြီးပြီလား”

ရှီမာယူယူ ခေါင်းညိတ်ကာ လျှောက်သွားပြီး မေးလိုက်သည် “တုလေး ပြန်ကောင်းသွားပြီလား”

“ထင်ထားတာထက် မြန်တယ်” ဘေဂုံထန်သည် သမားတော် မဟုတ်သော်လည်း သူမသည် အဂ္ဂိရတ်ပညာရှင်ဖြစ်သည်။ ဆေးပညာနှင့် ပတ်သတ်၍ သူမတွင် အတွေ့အကြုံရှိသည်။ တုလေး၏ ပြန်  ကောင်းမှုအရှိန်နှုန်းအား တွေ့သောအခါ သူမအလွန်အမင်းအံ့သြရသည်။

ရှီမာယူယူသည် တုလေးအား အနည်းငယ်စစ်ဆေးပြီး ပြောလိုက်သည် “သူပြန်ကောင်းနေပြီ ငါတို့ အချိန်ယူပြီး သူ့အကြောတွေကို ဖွင့်ရမယ်”

“တကယ်လား” တုလေးသည် သူမအား မယုံရဲသောပုံစံဖြင့် ရှီမာယူယူအား စိုက်ကြည့်နေသည် “ဒါဆို အခုလုပ်ကြအောင်”

ရှီမာယူယူသည် သူ့ခေါင်းအားပုတ်ကာ ပြောလိုက်သည် “ငါတို့အခုလုပ်လို့မရဘူး”

“ဘာလို့လဲ” တုလေးနှင့် ဘေဂုံထန်တို့ ပြိုင်တူမေးလိုက်ကြသည်။

“ငါတို့အခုမှ ဒီရောက်တာလေ ယွန်ရွှီရဲ့ မိဘတွေကိုလည်း အရင်သွားနှုတ်ဆက်ရဦးမယ်” ရှီမာယူယူ ပြော လိုက်သည် “အစက ငါတံခါးပိတ်ကျင့်ကြံနေတာ ကျိရွှီနဲ့ တခြားသူတွေက ငါတို့ကို မခေါ်ဘူး၊ အခုတော့ ငါသူတို့ကို သွားတွေ့ရမယ်”

“ဟုတ်တယ်” ဘေဂုံထန် ပြောလိုက်သည်။

“မမတို့ ကျွန်တော့်ကို ဒီမှာ ပစ်မသွားဘူမလား” တုလေးသည် သူတို့နှစ်ယောက်ထွက်သွားမည်ဟု ကြားသည်နှင့် ဘေဂုံထန်၏ အင်္ကျိကို လျင်မြန်စွာ ဆုပ်ကိုင်လေသည်။

“မထားသွားပါဘူး၊ မင်းကလည်း ဧည့်သည်ဆိုတော့ ငါတို့နဲ့အတူသွားရမယ်” ရှီမာယူယူ ပြောလေသည်။

“ကျွန်တော်ရောလား” တုလေးသည် သူစိမ်းများအား တွေ့ရန် ကြောက်ရွံ့သဖြင့် သူ့မျက်လုံးထဲတွင်  ကြောက်သည့်အရိပ်အယောင်များရှိနေသည်။

“ဟုတ်တယ်လေ မင်းက တခြားသူရဲ့ အိမ်မှာ နှစ်ရက်လောက်နေခဲ့တော့ ပိုင်ရှင်ကိုတော့  ကျေးဇူးတင်စကားပြောရမှာပေါ့” ရှီမာယူယူ ပြောလေသည်။

“ဒါဆိုလည်း ကောင်းပါပြီ” တုလေးသည် ညင်သာစွာပြောလေသည်။

ဝေကျိရွှီနှင့် တခြားသူများသည် အိမ်ထဲတွင် စောင့်နေကြသည်။ ရှီမာယူယူနှင့် တခြားနှစ်ယောက် ထွက်လာသည်ကို တွေ့သည်နှင့် သူတို့ပြောလိုက်ကြသည် “သွားရအောင်”

အိမ်မှ ထွက်သွားပြီးနောက် သူတို့သည် ဘိုင်ယွန်ရွှီအား ရှာရန် မျက်နှာချင်းဆိုင်အိမ်အား အရင်သွားလိုက်သည်။ ဘိုင်ယွန်ရွှီသည် သူ့အဖေအား သွားရှာပြီဖြစ်ကြောင်း၊ သူတို့ တံခါးပိတ်ကျင့်ကြံခြင်းပြီးသွားပါက သူတို့အား ခေါ်ဆောင်လာရန် ပြောထားခဲ့ကြောင်း အစေခံမှပြောလေသည်။

သူတို့ဧည့်စောင့်ခန်းသို့ရောက်သောအခါ ဘိုင်ယွန်ရွှီအားတွေ့လိုက်ရသည်။ သူသည် သူတို့အား ဧည့်ခန်းသို့ခေါ်သွားပြီး သူ့အဖေ ဘိုင်ယွမ်ချွန်းအား ရှာရန် လူလွှတ်လိုက်လေသည်။

“ငါ့အဖေက ဒီနေ့မှအိမ်မှာရှိတာ၊ ဒါပေမယ့် င့ါအဖေခေါ်လို့သွားတာပါ၊ မင်းတို့အားလုံးအရင်ထိုင်ကြ သူတို့မကြာခင်ရောက်လာမှာပါ” ဘိုင်ယွန်ရွှီ်သည် ယဉ်ကျေးစွာပြောဆိုသည်။

“ကောင်းပါပြီ”

“ဟုတ်သားပဲ မင်းတို့အတွက် လေလံပွဲအကြောင်းမေးထားတယ်၊ အစက ငါးရက်အတွင်းလုပ်မလို့တဲ့ ဒါပေမယ့် ရုတ်တရက် ရတနာ၂ခု ရှိလာလို့ ငါးရက်နောက်ဆုတ်တယ်တဲ့”

“ကြာဦးမှာလား”

“အင်း အဲဒါက စိတ်ဝင်စားတဲ့လူတွေအတွက် အရင်းအနှီးမြင့်တက်ဖို့အတွက် အချိန်ဆွဲတာပဲ၊ ပြီးတော့ အဲပစ္စည်းနှစ်ခုက နေ့တိုင်းသုံးမဟုတ်ဘူး ဈေးကလည်းနည်းမှာ မဟုတ်ဘူး” ဘိုင်ယွန်ရွှီပြောလိုက်သည်။

“ဘယ်လိုပစ္စည်းလဲ” ဖက်တီးကျူမေးလိုက်သည်။

“အနက်ရောင်အဆင့် အဆင့်မြင့်ဝိညာဉ်အရည်အချင်းနဲ့ အဆင့်ခြောက်ဆေး” ဘိုင်ယွန်ရွှီ ပြောလိုက်သည်။

“ရွှတ်” သူတို့အားလုံးသည် ပင့်သက်ရှိုက်မိကြသည်။ ရီလင်းတိုင်းပြည်တွင်ရှိသော ထိုပစ္စည်းနှစ်ခုသည် လူများအား ရူးသွပ်မှုကို ပင်ဖြစ်စေနိုင်လောက်သည်။

“လူရုပ်ဆိုးက သတင်းလွှင့်ထားပြီးပြီ ဒီတစ်ခါကျရင်တော့ ပြိုင်ပွဲက အရူးအမူးပဲနေမှာ” ဘိုင်ယွန်ရွှီ ပြောလေသည်။

“ဒါဆို အဲလူတွေလည်း ပါကြမှာလား” ဝေကျိရွှီ မေးလိုက်သည် “မင်းတို့သွားချင်ရင်တောင် သွားလို့ရမယ် မထင်ဘူး ဟုတ်တယ်မလား”

“အင်း အဆင့်သုံးနဲ့ အထက်လူတွေပဲ သွားလို့ရမယ်” ဘိုင်ယွန်ရွှီပြောလေသည် “လူရုပ်ဆိုးက ဖိတ်စာတွေတောင် ထုတ်ပြီးပြီ၊ ဖိတ်စာရတဲ့သူတွေပဲ သွားလို့ရမယ်၊ မင်းတို့က ထူးခြားတဲ့သရုပ်မှန်ရှိတာတို့ လေးလံပွဲနဲ့ ပတ်သတ်ပြီး တစ်ခုခုရှိတာဆိုရင်တော့ မပြောတတ်ဘူး”

“ထူးခြားတဲ့ သရုပ်မှန်ရှိတဲ့သူက ဘယ်သူလဲ”

“လူရုပ်ဆိုး အပြာကတ်ပိုင်တဲ့သူတွေလေ၊ ဒါပေမယ့် အဲဒီအပြာကတ်ရှိတဲ့သူတွေက နည်းတယ်၊ ဘယ်သူတွေဆီမှာရှိလဲ လည်းငါမသိဘူး” ဘိုင်ယွန်ရွှီ ပြောလိုက်သည် “ငါထင်တာတော့ အဲဒီအပြာကတ်ရှိတဲ့သူတွေက လူရုပ်ဆိုးရဲ့ အရေးကြီးပုဂ္ဂိုလ်တွေပဲနေမှာ”

“ငါတို့အဲအချိန်ကျရင် သွားလို့ရပါ့မလား” ဖက်တီးကျူမေးလိုက်သည်။

“အဲအချိန်ကျရင် မင်းငါတို့နဲ့ သွားလို့ရပါတယ်၊ ငါတို့မှာ ဖိတ်စာရှိနေပြီ” ဘိုင်ယွန်ရွှီပြောလေသည်။

“မင်းပြောသလိုဆို လေလံပွဲက တချို့ပစ္စည်းတွေကို လေလံဆွဲလို့ရတယ်ပေါ့ ပြီးတော့ ငါတို့ပိုက်ဆံလဲပြီး သုံးလို့ရတယ်ပေါ့” ဖက်တီးကျူသည် အားလုံးကို မေးလိုက်သည်။

“မင်းဆော့ချင်ရင်လည်း ရတယ်လေ” ဝူရန်ဖေသည် ပြောလေသည် “မင်းကြိုက်တာတစ်ခုခုတွေ့ရင် မင်းရိုက်လို့ ရတယ်”

“မင်းလေလံရချင်ရင် အရင်ဆုံးသုံးသပ်ပြီးမှ လုပ်ရမယ်၊ ဒါပေမယ့် ငါ ဒီရက်ပိုင်းမှာ အပြင်ထွက်ဖို့အချိန်မရှိဘူး…” ဘိုင်ယွန်ရွှီသည် ခက်ခဲစွာပြောလိုက်သည်။

“ကိစ္စမရှိဘူး ငါတို့လမ်းရှာသွားလို့ရတယ်၊ ကိုယ့်ဘာသာသွားမယ်” ဖက်တီးကျူပြောလိုက်သည်။

“အင်း အဲအချိန်ကျရင် မင်းတို့အတွက် သားရဲလှည်းပြင်ပေးဖို့လူလွှတ်လိုက်မယ်”

“မင်းကို ဒုက္ခမပေးချင်ပါဘူး၊ ငါတို့လမ်းလျှောက်သွားလို့ရတယ်၊ တစ်ချိန်တည်း ငြိမ်းချမ်းရေးမြို့တော်ကို ကြည့်ပြီးသားဖြစ်တာပေါ့”

“အဲဒါလည်း ကောင်းတာပဲ၊ လိုအပ်တာတစ်ခုခုရှိရင် င့ါကိုပြောလေ၊ ငါစိတ်မကောင်းဘူး အစက မင်းတို့ကို လှည့်ပတ်ပြမလို့၊ ဒါပေမယ့် ကိစ္စတစ်ခုပေါ် လှုပ်လို့မရဘူးဖြစ်နေတယ်” ဘိုင်ယွန်ရွှီ တောင်းပန်စွာ ပြောလေသည်။

ထိုအချိန်တွင် ဘိုင်ယွမ်ချွန်းသည် သူ့အမျိုးသမီးနှင့်အတူ လျှောက်လာသည်။ ရှီမာယူယူနှင့် တခြားသူများသည် ချက်ချင်းပင် မတ်တတ်ရပ်လိုက်ကြသည်။

“ဟား ဟား မင်းတို့က ယွန်ရွှီရဲ့ သူငယ်ချင်းတွေလား ကြိုဆိုပါတယ် ကြိုဆိုပါတယ်” ဘိုင်ယွမ်ချွန်းသည် ရယ်မောကာပြောလေသည်။

“အဖေ.. အမေ” ဘိုင်ယွန်ရွှီသည် မတ်တတ်ရပ်ကာ အော်လိုက်သည်။

ဝေကျိရွှီနှင့် တခြားသူများသည် လက်အုပ်ချီကာ အရိုအသေပေးလိုက်ကြသည် “ဦးလေးနဲ့ အဒေါ်ကို နှုတ်ဆက်ပါတယ်၊ အစက မနေ့က လာနှုတ်ဆက်မလို့ပါပဲ ဒါပေမယ့် ယူယူက တံခါးပိတ်ကျင့်ကြံနေလို့ ဒီနေ့ကို ရွှေ့လိုက်ကြတာ၊ ဦးလေးနဲ့ အဒေါ်တို့ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”

“ခွင့်လွှတ်တာတွေ ဘာတွေပြောမနေနဲ့ ငါတို့ယွန်ရွှီရဲ့ အသက်ကို ကယ်ခဲ့တယ်ဆိုတာ လီကီ့ဆီက ကြားပြီးပြီ၊ မင်းတို့အားလုံးက ငါတို့ စစ်တပ်ရဲ့ ကယ်တင်ရှင်တွေပဲ” ဘိုင်ယွန်ရွှီ၏ အမေ စွန်ရန်ရန် ပြောလိုက်သည်။

သူမသည် စွန်းလီလီနှင့် အလွန်တူသော်လည်း သူတို့၏ အကျင့်စရိုက်သည် ကွာခြားလှသည်။ စွန်းလီလီသည် ကလေးကြီးနှင့်တူသော်လည်း သူမသည် တည်ငြိမ်သည်။

“အကုန်လုံးထိုင်ကြပါ” ဘိုင်ယွမ်ချွန်းသည် အားလုံးအား လက်ဝေ့ပြလိုက်သည်။ ဘေဂုံထန်ဘေးတွင် ရပ်နေသော ပေစုတ်စုတ်ကောင်လေးအား မြင်သည်နှင့် သူပြောလိုက်သည် “ဒါက မင်းတို့မနေ့က ကယ်ခဲ့တဲ့ ကောင်လေးလား”

“တုလေး ဦးလေးနဲ့ အဒေါ်တို့ကို နှုတ်ဆက်ပါတယ်” တုလေးသည် ချစ်စရာကောင်းစွာပြောလေသည်။

စွန်းရန်ရန်သည် တုလေး၏ အသွင်အပြင်အားကြည့်ပြီး ပြောလေသည် “ချစ်စရာကောင်းပြီး အသိရှိတဲ့ ကလေးပဲ”

“အဖေ အမေ ဖက်တီးကျူနဲ့ ကျန်တဲ့သူတွေက လူရုပ်ဆိုးက လေလံပွဲကိုသွားချင်ကြတယ်၊ အဲသွားဖို့ ဘာတွေလိုလဲ သိကြလား”

All Chapters