← Chapters

အပိုင်း(၁၈၆)-သွေးကြောပိတ်ခြင်းအား ဖယ်ရှားခြင်း

Vol. 002 Ch. 186

အပိုင်း(၁၈၆)-သွေးကြောပိတ်ခြင်းအား ဖယ်ရှားခြင်း

Vol. 002 Ch. 186

တစ်နာရီခွဲအကြာတွင် ရှီမာယူယူနှင့် တခြားသူများသည် အခန်းထဲမှထွက်သွားကြသည်။

ဘိုင်ယွမ်ချွန်းတို့၏ ပင်ကိုစရိုက်မှာ ကောင်းမွန်လှသည်။ ရှီမာယူယူနှင့်တခြားသူများ လိုချင်သည့်အ ရာကို ပြောခွင့်ပြုထားသည်။

သူတို့ပြန်ရောက်သောအခါ ရှီမာယူယူသည် တုလေး၏ အကြောကိုဖွင့်ပေးရန် စတင်ပြင်ဆင်တော့သည်။

ဝေကျိရွှီနှင့် တခြားသူများသည် ရှီမာယူယူနှင့် ဘေဂုံထန်အား ခေါ်ပြီး အခြေအနေအား မေးမြန်းကြသည်။

ဟာစွန်ပြောခဲ့သည်များကို အားလုံးအား ရှီမာယူယူပြောပြရာ သူတို့သည် အံ့သြကြသည်။

“တုလေးမှာ တကယ်ပဲ ဝိညာဉ်သားရဲသွေးရှိနေတာလား” ဖက်တီးကျူသည် ထိုအကြောင်းအရာနှင့် ပတ်သတ်၍ စိတ်လှုပ်ရှားသည်ထက် ပိုသည်ကို ပြသသည့်အနေနှင့် စုတ်သပ်လိုက်သည်။

“အဲဒါကြောင့် သူ ဒဏ်ရာသက်သာတာက သာမာန်လူတွေထက်ပိုမြန်နေတာကိုး”  သူ့ဒဏ်ရာများ လျင်မြန်စွာသက်သာလာခြင်းကို ဘေဂုံထန်တွေးလိုက်သည်။ သူမ အရင်က သံသယသာရှိခဲ့သည်၊ အခုတော့ သူမအကြောင်းအရင်းအား သိလိုက်ရသည်။ ထို့အပြင် သူ့အတွက် သူတို့ပြင်ဆင်ပေးသော ဆေးများမှာ အကောင်းဆုံးများ မဟုတ်ပေ၊ သူ့ပြန်ကောင်းလာရန်မှာ အချိန်တစ်ခုတော့ လိုမည်ဖြစ်သည်။

“ယူယူ သူ့အကြောကိုဖွင့်ဖို့ အချိန်ဘယ်လောက်လိုလဲ” ဝူရန်ဖေ မေးလိုက်သည်။

“လက်ရှိအခြေအနေကို အရင်ကြည့်ရမယ်” ရှီမာယူယူ ပြောလေသည် “လေလံပွဲရောက်ဖို့က လိုသေးတယ်ဆိုတော့ သူ့မွေးရာပါ အရည်အချင်းကို ငါအရင်ကြည့်လိုက်ဦးမယ် မင်းတို့တခြားလုပ်စရာမရှိရင် အပြင်သွားပြီးလျှောက်ကြည့်လိုက်ကြလေ၊ ငါတို့ကိုစောင့်ဖို့မလိုဘူး”

“ကောင်းပြီ”

ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် သူတို့အား တုလေး ထိုင်စောင့်နေသော အခန်းထဲသို့ ဝင်လာလိုက်သည်။

“တုလေး မင်းကို နောက်ဆုံးအကြိမ်ငါမေးမယ်၊ မင်းအရိုးကျိုးလောက်တဲ့ နာကျင်မှုကို ခံနိုင်လား”

တုလေး သည်ခေါင်းညိတ်ကာ ပြောလိုက်သည် “အစ်ကိုကြီး စိုးရိမ်ဖို့မလိုပါဘူး၊ ကျွန်တော် သည်းခံနိုင်ပါတယ်”

“ဒါဆိုလည်း ကောင်းပြီလေ” ရှီမာယူယူသည် ကျောက်စိမ်းပုလင်းအား ထုတ်ကာ ပြောလိုက်သည် “အထဲက ဆေးကိုအရင်စားလိုက် အဲဒါက မင်းရဲ့ အတွင်းကလီစာတွေနဲ့ အူတွေကို ကာကွယ်ပေးလိမ့်မယ်”

တုလေးသည် ဆေးသောက်လိုက်ရာ သူ့လက်များသည် အေးခဲလာသည်ကို ခံစားမိလိုက်သည်။ ထိုဆေးသောက်ပြီးနောက် သူ ရေခဲလူသား ဖြစ်သွားလား မဖြစ်သွားလားဆိုသည်ကိုတော့ သူမသိတော့ပါ။

သို့သော် သူသည် အနည်းငယ်မှတွေဝေခြင်းမရှိပဲ သောက်လိုက်ခြင်းဖြစ်သည်။

ရှီမာယူယူသည် တုလေး၏ လက်ကိုကိုင်ကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ချီများ သွင်းလိုက်ပြီးနောက်  ဆေးသက်ရောက်မှုသည် ချက်ချင်းပင်အသက်ဝင်လာသည်။ ခဏတာအတွင်းမှာပင် တုလေး၏ ခန္ဓာကိုယ်သည် အေးခံ၍ စတင် တုန်ယင်လာသည်။

ထိုအချိန်တါင် ရှီမာယူယူသည် ဘေဂုံထန်ဘက်လှည့်ကာ ပြောလိုက်သည် “ဘေဂုံ အခန်းအပြင်သွား  ပြီး စောင့်ပေး၊ ဒီအချိန်အတွင်းကို ဘယ်သူမှလာပြီးမနှောင့်ယှက်စေနဲ့၊ အဲလိုမှမဟုတ်ရင် တုလေး အသက်အန္တရာယ်ရှိနိုင်တယ်”

ဘေဂုံထန်သည် ခေါင်းညိတ်ပြီးနောက် အခန်းအပြင်ထွက်ကာ စောင့်ကြည့်ပေးလေသည်။

ရှီမာယူယူသည် အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် ရေခဲကဲ့သို့ အေးခဲနေသော တုလေးအား အိပ်ရာဆီသို့ သယ်သွားလေသည်။ ထို့နောက်တွင် ဝိညာဉ်ချီပါသော မီးတောက်အနည်းငယ်အား တုလေး ခန္ဓာကိုယ်ထဲသို့ ဖြည်းညင်းစွာထည့်လေသည်။

မျက်စိတစ်မှိတ်အတွင်းတွင် ပူပြင်းသော မီးတောက်သည် အေးခဲခြင်းကို တိုက်ထုတ်နေသည်ကို တုလေး ခံစားမိလိုက်သည်။ အချိန်တိုအတွင်းတွင် ခန္ဓာကိုယ်အထဲသည် မီးတောက်ဖြင့် ပိတ်မိသွားသည်။

အခုချိန်တွင် တုလေးအား နှစ်သိမ့်ပေးရုံမှလွဲ၍ ရှီမာယူယူမတတ်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် သူ့အကြောများပွင့်လာရန်အတွက် မီးတောက်ဖြင့် တောက်လောင်စေရန် သူမ စွမ်းအားအကုန်လောင်း ထည့်ရုံအပြင် ရွေးချယ်မှုမရှိသောကြောင့်ပင်။ အနည်းငယ်လွဲချော်သွားသည်နှင့် တုလေးသည် ပြာအဖြစ်  လောင်ကျွမ်းသွားမည်ဖြစ်သည်။

ထိုမီးတောက်သည် ဆံချည်မျှင်ထက်ပင် သေးငယ်ကာ တုလေး၏ အကြောများအတွင်းသို့ဝင်သွားလေသည်။ သူမ ဝိညာဉ်စွမ်းအင်အား စီးမြောရာ အကြော၃ခုသာ ဖြတ်သွားသည်ကို သူမ ခံစားမိလိုက်သည်။ မကျေနပ်သေး…. သူမ မီးတောက်အား ရုတ်သိမ်းလိုက်သည်။

တုလေးသည် တစ်ချိန်လုံး ငြိမ်သက်နေခဲ့သည်။ ရှီမာယူယူ မီးတောက်အား ပြန်သိမ်းလိုက်ချိန်တွင် သူ ချက်ချင်းပင် မေ့မြောသွားလေသည်။

အထဲမှ လှုပ်ရှားသံများကြားသော်အခါ ဘေဂုံထန်သည် တံခါးဖွင့်ပြီးဝင်လာသည်။ ချွေးများရွဲနေသော ရှီမာယူယူနှင့် ဖြူဖျော့စွာ သတိမေ့နေသော တုလေးအား တွေ့သည်နှင့် သူမ မေးလိုက်သည် “ဘယ်လိုလဲ”

“၄၀ ရာခိုင်နှုန်းပဲပြီးသေးတယ်” ရှီမာယူယူသည် မတ်တတ်ရပ်လိုက်ရာ အနည်းငယ်မူးဝေသွားသည်ကို ခံစားလိုက်ရသည်။ သူမသည် ဒီတစ်ကြိမ်တွင် ဝိညာဉ်စွမ်းအင် များစွာသုံးလိုက်ရသော်လည်း အလဟဿဖြစ်လိုနီးပါးဖြစ်သွားသည်။

“မင်းကြည့်ရတာ သိပ်မကောင်းဘူး၊ အရင်သွားနားလိုက် ငါတုလေးကို ဂရုစိုက်ပေးလိုက်မယ်” ဘေဂုံထန်  ပြောလိုက်သည်။

“ကောင်းပြီ” ရှီမာယူယူသည် ဆေးထုတ်ကာ စားပြီးနောက် ထွက်သွားကာ နားရန် ဟန်ပြင်လိုက်သည်။

“ယူယူ” ဘေဂုံထန် သူမအား ခေါ်ပြီးတားလိုက်သည်။

“ဘာလဲ”

“ကျေးဇူးပါ” ဘေဂုံထန်သည် ရှီမာယူယူအား ကျေးဇူးတင်သည့်သဘောဖြင့် ကြည့်သည်။

“င့ါကို ကျေးဇူးတင်စရာ ဘာရှိလဲ၊ သူက အရမ်းချစ်စရာကောင်းပြီး သနားစရာကောင်းလို့ သူ့ကို ကူညီတာပဲရှိတာ” ရှီမာယူယူ ပြန်ဖြေသည်။

သူမ ပြောပြီးသည်နှင့် တံခါးဖွင့်ကာ ထွက်သွားလေသည်။

သူမထိုကဲ့သို့ပြောသော်လည်း ရှီမာယူယူ၏ ပင်ကိုစရိုက်နှင့် သူစိမ်းကို ထိုမျှလောက် လုပ်မပေးသည်ကို ဘေဂုံထန်သိသည်။ ရှီမာယူယူ ထိုကဲ့သို့ပြုမူခြင်းမှာ သူမသည် ထိုကောင်လေးအား အထူးတလည်ဆက်ဆံသောကြောင့်ဖြစ်သည်။

ရှီမာယူယူ သူမအိမ်သို့ပြန်လာသည်။ ဝိညာဉ်စွမ်းအင်များ အများအပြားသုံးလိုက်ခြင်းသည်  ဆေးသောက်လိုက်သည့်အတွက် အားပြန်ပြည့်လာသည်။ ထို့နောက် သူမသည် လိပ်ပြာ အရည်ထုတ်ပြီး သောက်လိုက်ကာ မျက်စိမှိတ်ပြီး ကျင့်ကြံခြင်း စတင်တော့သည်။

လိပ်ပြာအရည်သောက်လိုက်ခြင်းကြောင့် ပင်ပန်းမှုသည် တစ်ဝက်သက်သာသွားသည်ကို သူမ ခံစားလိုက်ရ သည်။

အချိန်ခဏမျှကြာသောအခါ သူမ မျက်စိဖွင့်လိုက်သည်။ ထိုအချိန်တွင် သူမ ပင်ပန်းမှုများ လုံးဝပျောက်သွား ပြီဖြစ်သည်။

သူမသည် တုလေးရှိရာ အိမ်သို့သွားလိုက်သည်။ သူသည် နိုးနေပြီဖြစ်ကာ သူ့ခန္ဓာကိုယ်သည် ပင်ပန်းနေသော်လည်း အိပ်ရာတွင် လဲမနေသည်ကို သူမ တွေ့လိုက်ရသည်။

“မင်းပြန်ကောင်းလာပြီလား” ဘေဂုံထန် မေးလိုက်သည်။

“အင်း” ရှီမာယူယူသည် ဖြူဖျော့နေသော တုလေး၏ မျက်နှာအားကြည့်ပြီး မျက်မှောင်ကြုတ်ကာ  ပြောလိုက်သည် “တုလေးရဲ့ အခြေအနေက ကောင်းတဲ့ပုံမပေါ်သေးဘူး”

“အားလုံးက မင်းလို ခိုင်မာတဲ့ ဝိညာဉ်အင်အားရှိမယ်ထင်လား” ဘေဂုံထန်သည် သူမအား စိုက်ကြည့် ကာ ပြောလိုက်သည် “သူအခုထိ သည်းခံနိုင်တာ မဆိုးသေးဘူး”

“အင်း” ရှီမာယူယူသည်လည်း နားလည်သည်။ ထိုသို့စဉ်းစားပြီးနောက် သူမသည် လိပ်ပြာအရည်ထုတ်ကာ သူ့ပါးစပ်ထဲသို့ တစ်စက်လောင်ထည့်လိုက်သည်။

ထိုအရည်သည် သူ၏ ပင်ပန်းမှုများကို ဖယ်ရှားပေးသည်ကို တုလေးခံစားမိပြီး မေးလိုက်သည် “အစ်ကိုကြီး အဲဒါဘာလဲ”

“မင်းအတွက် အသုံးဝင်တာပေါ့” ရှီမာယူယူ ပြောလိုက်သည် “မင်းရဲ့ အကြော ၃ ခုပဲပွင့်သေးတာ နောက်ထပ် ၉ခုကျန်သေးတယ်၊ အခုငါတို့သွားနေတဲ့ အရှိန်နဲ့ဆိုရင် ဒီလိုမျိုးနောက်ထပ်သုံးခါလုပ်ရဦးမယ်၊ ပြီးတော့ မင်းမှာ မပွင့်သေးတဲ့သွေးကြော ၈ခုရှိသေးတယ်၊ အဲအကြိမ်အရေအတွက်ထက် ပိုလုပ်ရမှာစိုးတယ်”

“ကျေးဇူးပါ အစ်ကိုကြီး” သူဘာလုပ်ရမည်ကို မသိသော တုလေးသည် ကျေးဇးတင်စကားပြောလိုက်သည်။

“မင်းက တကယ်ကံကောင်းတာပဲ၊ မင်းရဲ့ အကြောတွေက လုံးဝပိတ်နေပြီး အညစ်အကြေးတွေ ပြည့်နေတာ၊ ငါနဲ့ငါ့ရဲ့ မီးတောက်အပူနဲ့သာ တွေ့ခွင့်မရရင်တော့ မင်းတစ်ဘဝလုံး ကျင့်ကြံဖို့မဖြစ်နိုင်တော့ဘူး၊ ဒါပေမယ့် ဘေဂုံထန်သာ မင်းကို မကယ်ခဲ့ရင် မင်းဒီနေ့လို အသက်ရှင်မှာမဟုတ်ဘူး” ရှီမာယူယူ  ပြောလိုက်သည်။

“ကျေးဇူးပါ မမနဲ့ အစ်ကိုကြီး၊ ကျွန်တော့်ကို ကြင်နာပေးတာကို ဘယ်တော့မှမမေ့ပါဘူး” တုလေး ပြောလိုက်သည်။

“ဟုတ်သားပဲ ကြည့် မင်းမမ ဘေဂုံထန်က မင်းထက်ဘယ်လောက်မှမကြီးဘူး၊ သူမကို ကျေးဇူးတင်ရင် ဘာလို့ အချစ်တွေမပေးလဲ” ရှီမာယူယူ စနောက်လိုက်သည်။

ဘေဂုံထန်သည် သူမအား ရိုက်ကာ ငေါက်လိုက်သည် “မဟုတ်တာတွေပြောပြန်ပြီ”

“ဟားဟား ငါစတာပါ” ရှီမာယူယူ ပြောလိုက်သည် “ငါလူရုပ်ဆိုးကို သွားတော့မလို့၊ မင်းတို့ငါနဲ့လိုက်ချင်ကြလား”

ဘေဂုံထန်သည် တုလေးအား ကြည့်ပြီးပြောလိုက်သည် “မင်းတို့အရင်သွားနှင့် သူ့ကိုကြည့်ပေးဖို့ ငါခဏနေခဲ့ဦးမယ်”

“သူအားပြန်ပြည့်လို့ နေ့လည်ရောက်ရင် ငါတို့နဲ့ အတူခေါ်လာခဲ့လေ” ရှီမာယူယူ ပြောလေသည်။

“ကောင်းပြီလေ”

“အဲအချိန်ရောက်ရင် မင်းကို ငါတို့ခေါ်လိုက်မယ်” ရှီမာယူယူ ပြောကာ ထွက်သွားလေသည် “လူရုပ်ဆိုး…. နာမည်ကလည်း တကယ်ထူးဆန်းတာပဲ၊ ပိုင်ရှင်ကတော့ ရုပ်ဆိုးတဲ့သူဖြစ်ရမယ်၊ အဲဒါကြောင့် နာမည်ကို ဒီလိုပေးတာပေါ့…..”

ရှီမာယူယူပြောသည့်အတိုင်းပင် နေ့လည်ရောက်သောအခါ တုလေး သက်သာလာပြီး အိပ်ရာပေါ်မှ ဆင်းကာ လမ်းလျှောက်နိုင်လာသည်။

သူ ဒဏ်ရာများ ကုသချိန်တွင် ဖက်တီးကျူနှင့် တခြားသူများသည် တုလေးထံ သွားရောက်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် သူသည် သူတို့အားတွေ့ချိန်တွင် ရှက်နေမိသည်။

သူတို့ လူရုပ်ဆိုးဆီသို့ သွားချင်ကြောင်းကို သိသောအခါ စွန်းရန်ရန်သည် လူလွှတ်ကာ သူတို့အတွက် သားရဲလှည်းများကို ပြင်ပေးလေသည်။ သူမ၏ ဧည့်ဝတ်ကျေပွန်မှုကို မငြင်းလို၍ သားရဲလှည်းများစီးကာ ငြိမ်းချမ်းရေးမြို့တော်၏ လူအစည်ကားဆုံးလမ်းသို့ ဦးတည်သွားကြလေသည်။

All Chapters