← Chapters

အပိုင်း(၁၈၇)-ခြေထောက်အား ဆွဲကိုင်ခြင်း

Vol. 002 Ch. 187

အပိုင်း(၁၈၇)-ခြေထောက်အား ဆွဲကိုင်ခြင်း

Vol. 002 Ch. 187

လူရုပ်ဆိုးသည် အရောင်းအဝယ်ကို နေ့လည်တွင် စတင်သည်။ ရှီမာယူယူနှင့်တခြားသူများသည် အရင်တစ်ခေါက်နှင့် ယှဉ်လျှင် ဒီတစ်ခေါက်တွင် မတူညီသော  ထင်မြင်ချက်များရှိသည်။ လူများ အမိုးအောက်တွင် ဝင်ချည်ထွက်ချည်လုပ်နေသည်မှာ တံခါးဝသည် အချိန်မရွေးကျိုးကြေသွားနိုင်လောက်သည်။

တံခါးရှိ ‘လူရုပ်ဆိုး’ ဆိုသည့် စကားလုံးများကိုကြည့်ပြီး အနည်းငယ်အားကြီးကြောင်းကို ရှီမာယူယူ သိလိုက်သည်။ ဒီလမ်းအတွက် အစီအစဉ်ကို သူမ သိလိုက်ရသည်။

ဆိုင်ရှင်သည် ရှီမာယူယူနှင့် တခြားသူများ ဝင်လာသည်ကို တွေ့သည်နှင့် ရှေ့ထွက်ကာ ပြုံးပြီးပြောလိုက်သည် “ဒါက ခင်ဗျားတို့အားလုံး လူရုပ်ဆိုးကိုလာတာ ပထမဆုံးအကြိမ်လား၊ ရောင်းချင်တာ တစ်ခုခုများရှိလား”

“ကျွန်တော်တို့ ဒီလာတာ ပထမဆုံးအကြိမ်ဆိုတာ ဘယ်လိုသိလဲ” ဖက်တီးကျူသည် ဆိုင်ရှင်အား  မြင်သောအခါ မေးလိုက်သည်။

“ဟဲဟဲ ဆိုင်ရှင်လုပ်နေတဲ့ကျွန်တော်တို့အတွက်တော့ ကျွန်တော်တို့ မှတ်ဉာဏ်ကလွဲပြီး တခြားအရည်အချင်းမရှိဘူး၊ အရင်က ကျွန်တော်တို့ဆိုင်ကိုလာဖူးတဲ့ လူတိုင်းကို ကျွန်တော်တို့မှတ်မိတယ်” ဆိုင်ရှင်သည် ပြုံးပြီးပြောလေသည် “ဒီနိမ့်ကျတဲ့သူက ခင်ဗျားတို့ကို မြင်တာနဲ့ ပထမဆုံးအကြိမ်  ရောက်ဖူးတာမှန်းသိပါတယ်”

“ခင်ဗျားတို့လို ဆိုင်ရှင်တွေက အဲလောက်တောင် ကောင်းတဲ့မှတ်ဉာဏ်ရှိတာလား” ရှီမာယူယူနှင့် တခြားသူများ သည် တံခါးကိုဖြတ်ပြီး ရှေ့တိုးပြီးနောက် ဆိုင်ရှင်များသည် ဧည့်သည်များကို ကြိုဆိုနေသည်ကို ကြည့်လိုက်ကြသည်။

“ဒီအရည်အချင်းကိုပဲ မှီခိုပြီး လုပ်စားနေကြရတာပဲလေ” ဆိုင်ရှင်သည် လှည့်ပြီးပြောလိုက်သည် “ခင်ဗျားတို့ ဒီကို ပထမဆုံးလာဖူးတာဆိုတော့ ကျွန်တော်တို့ဆိုင်ကို အရင်ဆုံး အပေါ်ယံကြည့်ချင်လား”

“ကောင်းပါပြီ”

“ဒါဆို ဆေးအပိုင်းက စလိုက်ရအောင်၊ ဧည့်သည်တို့ ကျေးဇူးပြုပြီး ဒီနေရာကိုလာပေးပါ…”

ဆိုင်ရှင်သည် သူတို့အား ပထမနှင့် ဒုတိယအထပ်အား လိုက်ပြလေသည်။ ထိုနေရသည် ဒုံချန်းတိုင်းပြည်မှ ရွှန်ယွမ်ပြတိုက်နှင့် တူညီသည်ကို ရှီမာယူယူ သိလိုက်သည်။ ထိုနေရာတွင် အစုံရှိသည်။ အဆင့်မြင့်သည်ဟု ပြောလို့ရသည်။

တုလေးသည် ဘေဂုံထန်၏ လက်အားကိုင်ထားကာ မျက်လုံးပြုးဖြင့် အံ့အားသင့်နေတော့သည်။ သူသည် ထိုပစ္စည်းများအား စိတ်ပါဝင်စားက မျက်တောင်ပင်တစ်ချက်မခတ်ပေ။

“မမ ဒီမှာ ဘာလို့အဲလောက်တောင် ပစ္စည်းတွေများတာလဲ”

“နောက်ဆိုရင် ဒီထက်များတဲ့ပစ္စည်းတွေ တွေ့ဖို့ မင်းမှာအခွင့်အရေးရှိလာမှာပါ” ဘေဂုံထန်သည်  ပြုံးပြီး ပြောလိုက်သည်။

“အင်း”

သူတို့သည် ဆေးအခန်းမှ ဝိညာဉ်လက်နက်အခန်း၊ နောက်တွင် ဝိညာဉ်သားရဲအခန်းသို့သွားကြလေသည်။ တစ်နာရီအကြာတွင် သူတို့ကြည့်သည်မှာ အားလုံးပြီးစီးသွားသည်။ ထို့အပြင် အခြေအနေအားလုံးအား ခြုံငုံကြည့်ပြီးသွားပြီဖြစ်သည်။

ထိုဆိုင်ရှင်၏ အရည်အသွေးသည် သာမာန်အဆင့်တော့မဟုတ်ပေ။ သူတို့အား လိုက်ပြရာတွင် သူတို့မေးခွန်းများအား သူတသည် စိတ်ရှည်စွာ ပြန်ဖြေပေးခဲ့သည်။

“ဧည့်သည်တို့ ခင်ဗျားတို့က ပထမအထပ်နဲ့ ဒုတိယအထပ်တို့ကို အကုန်ကြည့်ပြီးသွားကြပြီ ဝယ်ဖို့ စိတ်ဝင်စားတာများ မရှိကြဘူးလားဆိုတာ သိချင်ပါတယ်” ဆိုင်ရှင်သည် ပြုံးပြီးမေးလိုက်သည်။

သူတို့အရင်ကသုံးသော ဝိညာဉ်လက်နက်များ ဆေးဖက်ဝင်ပစ္စည်းများသည် ဝိညာဉ်စေတီအတွင်းတွင် ရရှိနိုင်သည်ဖြစ်၍ မလိုအပ်ပေ။ ထို့ကြောင့် သူတို့သည် ဘာမှမရွေးပဲ အပျော်သဘော ပစ္စည်းများကို သာ ရွေးချယ်လိုက်ကြသည်။

ဆိုင်ရှင်သည် ဘာမှမပြောပဲ သူတို့အားလည်း နှိမ်ချဆက်ဆံခြင်းလည်း မရှိပေ။ သူသည် ယဉ်ကျေးစွာ  မေးလိုက်သည် “ဧည့်သည်တို့ လိုတာများ ရှိသေးလားမသိဘူး”

ရှီမာယူယူသည် ဆေး၊ ဆေးဖက်ဝင်ပစ္စည်းများ၊ ဝိညာဉ်သားရဲများနှင့် တခြားပစ္စည်းများ၏ ဈေးနှုန်းကို ကြည့်ရှုပြီး ဈေးကွက် ဈေးနှုန်းအား အကြမ်းဖျင်းသိလိုက်သည်။ သူမသည် လှည့်ပြီးမေးလိုက်သည် “ဒီမှာ လေလံပွဲလည်း လုပ်တယ်လို့ ကြားတယ်”

ဆိုင်ရှင်သည် သူမမေးခွန်းနောက်ကွယ်မှ အဓိပ္ပာယ်အားသိလိုက်ပြီး မေးလိုက်သည် “ဧည့်သည် လေလံ တင်ချင်တာများ ရှိလို့လား”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“ဒါဆို ခင်ဗျားတို့ လူရုပ်ဆိုးရဲ့ ထုံးစံကို သိကြလားဗျ”

“အနည်းအကျဉ်းပေါ့” ဝေကျိရွှီ ပြန်ဖြေသည်။

“ခင်ဗျားတို့သိပြီးသားဆိုတော့ ကျွန်တော်ထပ်ရှင်းပြစရာမလိုတော့ပါဘူး၊ လေလံပွဲပါချင်ရင် တတိယအထပ်ကို သွားပြီး ဆွေးနွေးလို့ရပါတယ်၊ ဧည့်သည်တို့ ကျွန်တော့်နောက်ကိုလိုက်ခဲ့ပါ”

ဆိုင်ရှင်သည် သူတို့အား တတိယအထပ်သို့ခေါ်ဆောင်လာခဲ့သည်။ တတိယအထပ်တွင် အခန်းတစ်ခန်း သာရှိသည်။ အခန်းငယ်နှစ်ခုတွင် လူရှိပြီး တခြားတွင် ဘာမှမရှိပေ။

သူတို့သည် အခန်းသို့လာပြီး ဆိုင်ရှင်မေးလိုက်သည် “လေလံပွဲမှာ ဧည့်သည်တို့တင်ချင်တာ ဘာပစ္စည်းလဲ ခင်ဗျ၊ ခင်ဗျားတို့ တင်ချင်တဲ့ပစ္စည်းကို ဈေးဖြတ်ဖို့ တန်ဖိုးဖြတ်သခင်ကို ခေါ်လိုက်ပါမယ်”

“ဆေးတွေ”

“နတ်ဆိုး ကျောက်တုံး”

“ဆေးဖက်ဝင်ပစ္စည်းတွေ”

သူတို့ပြောသည်ကို ဆိုင်ရှင်စောင့်ပြီးနောက်ပြောလေသည် “ကျွန်တော်ကြည့်ဖို့ ဧည့်သည်တို့ပစ္စည်း ထုတ်ပြလို့ရမလားဗျ”

ရှီမာယူယူနှင့် တခြားသူများသည် ထုံစံအားသိပြီးသားဖြစ်၍ ချက်ချင်းပင် သေတ္တာများထုတ်လိုက်ကြသည်။

ဆိုင်ရှင်သည် အကြမ်းဖျင်းကြည့်လိုက်ပြီး ထိုပစ္စည်းများသည် အရည်အသွေးမနိမ့်ကြောင်းကို အတည်ပြုလိုက် သည်။ သူပြောသည်မှာ “ဧည့်သည်တို့ ခဏစောင့်ပါ၊ ကျွန်တော် တန်ဖိုးဖြတ်တဲ့သခင်ကိုသွားခေါ်ပြီး အားလုံးရဲ့ ပစ္စည်းတွေကို ဈေးဖြတ်ပေးပါမယ်”

သူပြောပြီးနောက် လှည့်ကာ သီးသန့်ခန်းမှ ထွက်သွားလေသည်။ အချိန်တိုအတွင်းတွင် သူသည် သတ်လတ်ပိုင်းလူတစ်ယောက်နှင့် ပြန်လာသည်။

“ဧည့်သည်တို့ ဒါကတော့ တာဝန်ယူပေးမယ့် သခင်ကြီးလီပါ၊ သူက အဆင့်ငါးအဂ္ဂိရတ်ပညာရှင်ပါ” ဆိုင်ရှင်သည် မိတ်ဆက်ပေးသည်။

ရှီမာယူယူနှင့် တခြားသူများသည် မတ်တတ်ရပ်ကာ ပြောကြသည် “သခင်ကြီးလီကို နှုတ်ဆက်ပါတယ်”

“မင်းတို့လေလံတင်ချင်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေရှိတယ်လို့ ငါကြားတယ်” သခင်ကြီးလီသည် တခြားသော အဂ္ဂိရတ်ပညာရှင်များကဲ့သို့ မာနမကြီးပေ။ ဖြစ်နိုင်သည်မှာ သူသည် အထက်လူကြီးများ၏ လမ်းညွှန်မှုကြောင့်ဖြစ်နိုင်သည်။

“ဟုတ်ပါတယ်” ဝေကျိရွှီပြောလိုက်သည် “ကျွန်တော်တို့မှာ ဆေးဖက်ဝင်ပစ္စည်းတွေ နတ်ဆိုးကျောက်တုံး နဲ့ ဆေးတွေရှိပါတယ်”

“တစ်ခုချင်းစီပြကြည့်ပါ” သခင်ကြီးလီသည် စားပွဲပေါ်မှ သေတ္တာများကိ ကြည့်ပြီး ထိုင်ပြီးနောက် လက်အိတ်တစ်စုံဖြင့် ကြည့်ရှုလေသည်။ ထို့နောက်တွင် သူသေတ္တာတစ်လုံးယူကာ ဖွင့်လိုက်သည်။ အထဲတွင်ရှိနေသည်မှာ  နှစ်တစ်ထောင် နှင်းသစ်ခွဖြစ်သည်။

သခင်ကြီးလီသည် နှင်းသစ်ခွအားယူကာ စစ်ဆေးပြီး ပြန်ထားကာ နှာခေါင်းဖြင့်နမ်းရှုတ်လိုက်သည်။ သူချက်ချင်းပင် အနံ့ရလိုက်ပြီး ပါးစပ်ဖြင့်တို့ကာ အရသာခံပြီးနောက် ပြောလိုက်သည် “နှစ်တစ်ထောင် နှင်းသစ်ခွ အဆင့်လေးဆေးဖက်ဝင်ပစ္စည်း အောင်တယ်၊ ဒါက လေလံတင်လို့ရတယ်၊ ဈေးအစကတော့ ရွှေပြား ၅၀၀”

ထိုသည်မှာ ဖက်တီးကျူ ဝိညာဉ်စေတီမှ တွေ့ရာ ယူလာသော ဆေးဖက်ဝင်ပစ္စည်းသာဖြစ်သည်။ ထိုမျှလောက်  ကောင်းမည်ဟု သူမထင်ခဲ့ပေ။ သူသည် အပျော်သဘောဖြင့် ပါဝင်ခြင်းဖြစ်ကာ ထိုအဆင့်အား လက်ခံလိုက်သည်။

“ငြင်းစရာမရှိဘူးဆိုတော့ အဆင်ပြေမယ့် ပမာဏဖြစ်လောက်ပါတယ်၊ ဒါကို လေလံတင်လို့ရပါပြီ”

အစေခံမိန်းကလေးသည် သခင်ကြီးလီဆီမှ နာမည်ပြားယူပြီး ဖက်တီးကျူအား ပေးလိုက်သည်။

ဒုတိယအမျိုးအစားမှာလည်း ဆေးဖက်ဝင်ပစ္စည်းဖြစ်သည်။ သခင်ကြီးလီ တန်ဖိုးဖြတ်ပြီးနောက် ဝေကျိရွှီအား နာမည်ပြားပေးလိုက်သည်။

ဝူရန်ဖေ၏ ပစ္စည်းမှာ နတ်ဆိုးကျောက်တုံးဖြစ်သည်။ သခင်ကြီးလီသည် ဆေးဖက်ဝင်ပစ္စည်းနှစ်ခုအား တန်ဖိုးဖြတ်ပြီး ပထမဆုံးအကြိမ် စိတ်ဝင်စားသည့်ပုံပြလာသည်။

သူသည် ဆေးဖက်ဝင်ပစ္စည်းအများအပြားကို မြင်ဖူးသည်။ ထိုဆေးဖက်ဝင်ပစ္စည်း နှစ်မျိုးလုံးသည် တန်ဖိုးရှိသည်။ တခြားပစ္စည်းများထက် အချိန်အတော်ကြာ နှစ်ချို့ဖြစ်မနေပါက လေလံပွဲ၏ အရည်အသွေးမှာ အငြင်းပွားဖွယ်ရာဖြစ်သည်။

သို့သော် ဝူရန်ဖေ၏ ပစ္စည်းမှာ ထူးခြားသည်။ သခင်ကြီးလီဖွင့်လိုက်သည်နှင့် နတ်ဆိုးကျောက်တုံးသည် အံ့ဖွယ်ဝိညာဉ်သားရဲမှ ရရှိသညကို သိလိုက်သည်။

အံ့ဖွယ်ဝိညာဉ်သားရဲမှာရှိတဲ့ ဘယ်လိုဟာမျိုးပါလိမ့်။ ဒါက သူတော်စင်ဝိညာဉ်ကို သတ်ပြီး သူ့ရဲ့ နှလုံးမှာရှိ တဲ့ ကြောက်ဖို့ကောင်းတဲ့အရာပဲ။

ထို့အပြင် နတ်ဆိုးကျောက်တုံးသည် ဝိညာဉ်သားရဲတိုင်းတွင် ရှိသည့်အရာမဟုတ်ပေ။ ဈေးကွက်ရှိ နတ်ဆိုးကျောက်တုံးအများစုသည် သူတော်စင်အဆင့်များဖြစ်ကြသည်။ သူတော်စင်အဆင့် ဝိညာဉ်ကျောက်တုံးများသည် ဈေးမရှိပေ။

“ဒါက အဆင့်ငါး သူတော်စင်အစွယ်ကွေးကျားရဲ့ နတ်ဆိုးကျောက်တုံးပဲ” သခင်ကြီးလီသည် အသိပညာများရီပြီး နတ်ဆိုးကျောက်တုံး၏ အရင်းအမြစ်ကို လျင်မြန်စွာ ပြောနိုင်သည်။

“ဟုတ်တယ်” လူရုပ်ဆိုး လည်ပတ်ပုံကို ဝူရန်ဖေသိပြီးဖြစ်၍ သူတို့၏ အရည်အချင်းအဆင့်ကို သံသယမဝင်ပေ။

“ကောင်းတယ် ကောင်းတယ်၊ အဆင့်တစ် သူတော်စင်သားရဲရဲ့ နတ်ဆိုးကျောက်တုံးက အဆင့်နှစ်ပဲ အောင်တယ်၊ အနည်းဆုံး စ,ဈေးက ရွှေပြားနှစ်ထောင်ပဲ ဒါက မင်းရဲ့ နံပါတ်ပြားပဲ”

ဝူရန်ဖေသည် နံပါတ်ပြားအား ယူကာ သိမ်းလိုက်သည်။

စားပွဲပေါ်တွင် သေတ္တာနှစ်လုံးကျန်သေးသည်။ တစ်ခုမှာ ဘေဂုံထန်၏ ပစ္စည်းဖြစ်ပြီး ကျန်တစ်ခုမှာ ရှီမာယူယူ၏ ဟာဖြစ်သည်။ သခင်ကြီးလီသည် အလျဉ်းသင့်ရာ ရှီမာယူယူ၏ သေတ္တာအားယူပြီး ဖွင့်ကြည့်လိုက်သည်။ အထဲတွင် ကျောက်စိမ်းပုလင်းရှိနေသည်။

သူကျောက်စိမ်းပုလင်းယူပြီး အရိုးထိအောင် အေးစိမ့်သွားတော့သည်။ သူ စိတ်လှုပ်ရှားလာကာ လျင်မြန်စွာ ဖွင့်ပြီး ကြည့်လေသည်။

“နှင်းခဲဆေးပဲ” သခင်ကြီးလီသည် အံ့သြစွာအော်မိတော့သည်။

ထိုဆေးသည် ရှီမာယူယူ မကြာသေးခင်ကမှ ဖော်ထားသော ဆေးဖြစ်သည်။ သူမ အပိုအနေနှင့် ရှိနေခြင်းဖြစ်သည်။

“ဟုတ်တယ် ဒါကရော အောင်လားသိချင်ပါတယ်” ရှီမာယူယူ မေးလိုက်သည်။

“အောင်တာပေါ့” သခင်ကြီးလီသည် စိတ်လှုပ်ရှားစွာပြောလိုက်သည် “ဒီနှင်းခဲဆေးက တကယ်ထူးခြားတဲ့ အာနိသင်ရှိပြီး ဖော်ဖို့ တကယ်ရှုပ်ထွေးတယ်၊ လိုအပ်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကလည်း ထူးခြားပြီး ရဖို့မလွယ်ဘူး၊ နှင်းခဲဆေးက တကယ်ရှားတယ်၊ ဒါက အဆင့်နှစ်ဆေးပဲ ပြီးတော့ ဆေးတိုင်းက အနည်းဆုံး ငါးထောင်ကနေ စ,မယ်”

All Chapters