← Chapters

အပိုင်း(၁၈၈)-ရှင်းဝမ်နှင့် ထပ်တွေ့ခြင်း

Vol. 002 Ch. 188

အပိုင်း(၁၈၈)-ရှင်းဝမ်နှင့် ထပ်တွေ့ခြင်း

Vol. 002 Ch. 188

ရွှေပြားငါးထောင်ဟု သူမကြားသော်လည်း ကြီးမားသော ပမာဏ ဖြစ်သည်ဟု ရှီမာယူယူ မခံစားမိပေ။ ထိုသည်မှာ ပုံမှန်အဆင့်ငါးဆေး ဈေးနှုန်းသာရှိသည်။

သို့သော် လေလံပွဲသည် လူများ တစ်ယောက်နှင့် တစ်ယောက်ယှဉ်ပြိုင်သော ပွဲဖြစ်သည်။ နောက်ဆုံး ရလဒ်ကို ဘယ်သူမှမသိနိုင်ပေ။

ထို့ကြောင့် သူမ တန်ဖိုးဖြတ်အား ထင်မြင်ချက်မပေးတော့ပေ။

“ဒါခင်ဗျားရဲ့ နံပါတ်ကတ်ပြား” သခင်ကြီးလီသည် နံပါတ်ပြားအား ရှီမာယူယူအား ပေးကာ  ပြောရန် ပြင်ဆင်လိုက်သည် “ခင်ဗျားတို့အားလုံး အတူပါဖို့လာကြမှာလား”

“ဟုတ်တယ် ပြဿနာရှိလို့လား”

“ခင်ဗျားတို့နှစ်ယောက်ရဲ့ လေလံပစ္စည်းတွေက အဆင့်နှစ်အထက်ဖြစ်လို့ ပါမယ်ဆို သီးသန့်အခန်းပြင်ပေးမလို့ ပါ” သခင်ကြီးလီ် ပြောလိုက်သည်။

“ဒီလိုဆိုရင် ကျေးဇူးတင်ပါတယ်” ဝေကျိရွှီနှင့် တခြားသူများသည် သူတို့သီးသန့်အခန်း ရမည်ဆိုသောကြောင့် ငြင်းဆိုခြင်းမရှိကြပေ။

သခင်ကြီးလီသည် အစေခံမိန်းကလေးအားကြည့်လိုက်ရာ သူမသည် ဝူရန်ဖေအား ကတ်တစ်ကတ်ထုတ်ပြီး ဝူရန်ဖေအားပေးလိုက်သည်။

“ကျွန်တော်တို့ သတ်မှတ်ထားတဲ့အချိန်ကိုလာပါ့မယ်” ဝူရန်ဖေသည် ကတ်အား သိမ်းရင်းပြောလိုက်သည်။

သူတို့အားလုံးပြောဆိုပြီးနောက် ပစ္စည်းများကို လေလံပွဲထိန်းသိမ်းသူဆီ ပေးပြီး ထကာ ပြန်ရန် ပြင်လိုက်သည။

“ဒီသခင်ကြီးက နေခဲ့ပေးပါ” သခင်ကြီးလီသည် ရှီမာယူယူအား ခေါ်ထားလိုက်သည်။

“သခင်ကြီးလီ တစ်ခုခုဆွေးနွေးစရာများ ရှိလို့လား”

“နှင်းခဲဆေးက ခင်ဗျားဖော်ထားတာလားဆိုတာ မေးလို့ရလား”

ရှီမာယူယူ ပြုံးပြီးခေါင်းခါကာ “မဟုတ်ပါဘူး အဲဒါကျွန်တော့်ဆရာ ဖော်ထားတာပါ”

“ဘယ်ဆရာရဲ့လက်အောက်မှာ သင်နေတာလဲဆိုတာ မေးလို့ရမလား”

“ကျွန်တော့်ဆရာက သိုသိုသိပ်သိပ်နေတတ်တော့ သူ့နာမည်ထွက်တာကို မကြိုက်ပါဘူး”

“ဒါဆိုလည်း ကျွန်တော်ရဲတင်းလွန်းနေပါပြီ” သခင်ကြီးလီသည် ပြုံးကာ တောင်းပန်သည်။

ရှီမာယူယူနှင့်အဖွဲ့များ ထွက်သွားသော် သခင်ကြီးလီသည် အစေခံမိန်းကလေးအား အမိန့်ပေးလိုက်သည် “နှင်းခဲဆေးနဲ့ သူတော်စင်သားရဲ နတ်ဆိုးအကြောင်းကို သတင်းလွှင့်လိုက်တော့”

“ဟုတ်ကဲ့ပါ သခင်ကြီးလီ” အစေခံမိန်းကလေးသည် အရိုအသေပေးကာ ထွက်သွားလေသည်။

သခင်ကြီးလီသည် လူရုပ်ဆိုး၏ တန်ဖိုးဖြတ်သခင်ဖြစ်နှင့်အတူ မန်နေဂျာလည်းဖြစ်သည်။

လူရုပ်ဆိုးမှထွက်လာသော် ဖက်တီးကျူသည် ဆက်ဆံပုံကွဲပြားသည်ကို ညည်းညူသည်။ သူ ယူခဲ့သော် ဆေးဖက်ဝင်ပစ္စည်းသည် ရွှေပြား ၅၀၀ တန်ကြေးရှိသော်လည်း ရှီမာယူယူ၏ နှင်းခဲဆေးသည် ရွှေပြား ၅၀၀၀ ရှိနေသည်။ ကွာခြားမှုမှာ ဆယ်ဆဖြစ်နေသည်။

“မင်းယှဉ်နေသေးတယ်၊ မင်းဟာက ဆေးဖက်ဝင်ပစ္စည်းပဲရှိသေးတာ ဒါပေမယ့် အဲနှင်းခဲဆေးက မင်းဟာထက် ပိုတန်ဖိုးရှိတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေပါသေးတယ်၊ မင်းဟာက နှစ်တစ်ထောင်သာမရှိရင် ရွှေပြား ၅၀၀ မပြောနဲ့ ၅ပြားရရင်တောင် ဂုဏ်ပြုရမယ်” ဝေကျိရွှီသည် ရယ်မောကာပြောလေသည်။

“အနည်းဆုံးတော့ တစ်ရာဖြစ်သင့်တယ်လေ၊ ငါးဆယ်ပဲဖြစ်ရတယ်လို့” ဖက်တီးကျူသည်  ပြုံးကာပြောလေသည်။

“လေးစားရတဲ့ ဧည့်သည်ကို စောင့်ပေးပါဦးနော်”

ခုဏက သူတို့အား လိုက်ပြပေးသော ဆိုင်ရှင်သည် နောက်မှလိုက်လာကာ သူတို့အား ပြောလိုက်သည်။

“ဘာလဲဗျ” ဝေကျိရွှီ မေးလိုက်သည်။

“ဒါက သခင်ကြီးလီက ခင်ဗျားတို့ကို ပေးခိုင်းလိုက်တဲ့ဟာပါ လေလံပွဲမှာပါမယ့် ပစ္စည်းစာရင်းပါ၊ ခင်ဗျား တို့ပါမယ်ဆိုရင် အရင်ပြင်ဆင်ထားရအောင်လို့ပါ” ဆိုင်ရှင်သည် ပြုံးကာ ပြောလေသည်။

ရှီမာယူယူသည် လေလံစာရင်းအားယူကာ ပြောလိုက်သည် “ကျေးဇူးတင်ပါတယ်”

“ရပါတယ် ပြဿနာမရှိပါဘူး၊ ကျွန်တော်အရင်သွားလိုက်ပါဦးမယ်” ဆိုင်ရှင်သည် ခေါင်းညိတ်ပြပြီး လှည့်ကာ လူရုပ်ဆိုးသို့ ပြန်သွားလေသည်။

“လူရုပ်ဆိုးက ဝန်ဆောင်မှုကတော့ မဆိုးဘူးပဲ” ဖက်တီးကျူပြောလိုက်သည်။

“သွားရအောင် ငါတို့ပြန်လာရင် ကောင်းတာတစ်ခုခုရှိရင် ကြည့်ရတာပေါ့” ရှီမာယူယူသည် စာရင်းအား သိမ်းလိုက်ပြီး စောင့်နေသော သားရဲလှည်းသို့ ဦးဆောင်သွားလိုက်သည်။

သားရဲလှည်းသည် တဖြည်းဖြည်းနှင့် လူရုပ်ဆိုးမှ ထွက်သွားပြီး ဖက်တီးကျူသည် လိုက်ကာအား ဆွဲပြီး အပြင်ဘက်အား ကြည့်လိုက်သည်။ သူ ရှင်းဝမ်အား မြင်လိုက်သည်။

“ရှင်းဝမ်က သူအပြင်သွားတိုင်း အမြဲတမ်း စစ်သားတွေခေါ်ခေါ်သွားတာလား”

ရှီမာယူယူနှင့် တခြားသူများသည် ပြတင်းပေါက်မှကြည့်လိုက်ရာ ခမ်းနားသော သားရဲလှည်းနှင့်အတူ သားရဲလှည်း များကိုတွေ့လိုက်ရသည်။ ရှင်းဝမ်သည် လှည်းမှဆင်းလာကာ လှည့်ပြီး တစ်စုံတစ်ရာပြောနေသည်။ ထို့နောက်တွင် ကျက်သရေရှိသော မိန်းကလေးတစ်ယောက်သည် သားရဲလှည်းမှဆင်းလာကာ သူ့ဘေးတွင် ပေါ်လာသည်။

သူတို့အား လူတချို့ကစောင့်ကြည့်နေသည့် ခံစားမှုမျိုးရသဖြင့် သူမသည် လှည့်ပတ်ကြည့်ကာ သူတို့အား ကြည့်လိုက်သည်။ သူမ အကြည့်သည် စူးရှကာ တည်ငြိမ်သည်။

“အဲမိန်းကလေးက ဘယ်သူလဲ ရောင်ဝါက သန်မာတာပဲ” ဖက်တီးကျူသည် အေးစက်သော ပုံစံဖြင့် ကြည့်လိုက်သည်။

“အရမ်းအားကောင်းတယ်” ဝေကျိရွှီ ပြောလိုက်သည်။

“ရှင်းဝမ်နဲ့ အတူသွားတယ်ဆိုကတည်းက ကောင်းတာတော့ မဟုတ်လောက်ဘူး” ရှီမာယူယူ ပြောလေသည် “သူမက ကြည်လင်တဲ့ မိန်းကလေးပဲ ဒါပေမယ့်သူမ အကြည့်ကစူးရှတယ်၊ သူမလည်း မလွယ်လောက်ဘူးလို့ ငါတော့ထင်တယ်၊ ပြီးတော့ ဒီလူမိုက်စစ်တပ်တစ်ခုလုံးက သူမအတွက်စုထားတာလားလို့၊ သူ့အဆင့်အတန်း ကတော့ မနိမ့်လောက်ဘူး၊ သူမက အလွယ်တကူဝါးစားလို့ရတဲ့ အရိုးတော့မဟုတ်ဘူး”

ဝူရန်ဖေသည် မျက်ခုံးပင့်ကာ ပြောလေသည် “အစောပိုင်းက ရှင်းဝမ်က မလိုမုန်းထားတတ်တဲ့လူလို့ ယွန်ရွှီပြောခဲ့တယ်၊ သူမမှာ လအနောက်တိုင်းပြည်ရဲ့ မင်းသမီးဖြစ်တဲ့ အစ်မတစ်ဝမ်းကွဲရှိတယ်တဲ့၊ သူမအမေက တော်ဝင်ကိုယ်လုပ်တော်ပေမယ့် အဲဒီမင်းသမီးက မွေးရာပါအရည်အချင်းရှိပြီး နန်းတော်က သူ့ရာထူးကလည်း ထူးခြားတယ်၊ အဲဒါကြောင့် သူမက သူ့အမေကို ရာထူးမြင့်အောင်လုပ်ပေးထားတာ”

“ဒါဆို ဒါက အဲမင်းသမီးဖြစ်ရမယ်၊ သူမ နာမည်ဘယ်သူလဲ”

“ရှီယူရှီ”

“ရှီယူရှီ…. သူမ အရည်အချင်းကကောင်းတာပဲ သူမက သန်မာတယ်၊ နောက်ခံကောင်းကောင်းလည်းရှိတယ်၊ ဘယ်လိုလဲ အားကျနေပြီလား” ရှီမာယူယူသည် ဆွဲတင်ထားသော လိုက်ကာအားချက်လိုက်ကာ ရယ်မော  ပြီးမေးလိုက်သည်။

“ဘာတွေအားကျစရာရှိလို့လဲ” ဖက်တီးကျူမေးလိုက်သည် “ငါတို့ကလည်း ဆိုးတဲ့အထဲမပါပါဘူး”

“ယုံကြည်ချက်ရှိလိုက်တာ” ရှီမာယူယူသည် သူ့ခေါင်းအားရိုက်လိုက်သည်။

“ယူယူ လေလံစာရင်းကိုကြည့်ရအောင်” လေလံပွဲအကြောင်းသိချင်၍ ဝေကျိရွှီပြောလိုက်သည်။

“ကောင်းပြီ

ရှီမာယူယူသည် လေလံစာရင်းထုတ်ကာ ရှည်လျားသော နာမည်များအားကြည့်ကာ ပြောလိုက်သည် “ဒီတစ်ခေါက် လေလံကတကယ်ကြီးတာပဲ၊ ပစ္စည်းတွေအများကြီးပါတယ်”

“ကျွတ် ကျွတ် ဒီကပစ္စည်းတွေကို ဆယ်ခုထက်ကျော်တယ်မလား”

“ကြည့်ကြဦး၊ အဆင့်နိမ့်ပစ္စည်းတွေက အရှေ့ပိုင်းမှာပါပြီး အဆင့်မြင့်ပစ္စည်းတွေက အနောက်မှာပဲ သားရဲဥတောင်ပါသေးတယ်”

သားရဲဥအကြောင်းပြောရင်းနှင့် အရင်တစ်ခေါက်က ကျောင်းက အားလုံးအား သားရဲဥရွေးသည့်အကြောင်းကို ရှီမာယူယူစဉ်းစားမိသွားသည်။ သူမသည် ထိုအကြောင်းအားမသိခဲ့သော်လည်း သူတို့တွေ ဘယ်လိုသားရဲဥရွေးခဲ့မှန်းကို သူမ မသိခဲ့ပါ။

“ပြီးခဲ့တဲ့တစ်ခေါက်က မင်းတို့သားရဲဥရွေးတာ ဘယ်လိုလဲ၊ မင်းတို့ ဝိညာဉ်သားရဲတွေကို ငါမြင်တောင်မမြင်ရဘူး”

“ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ရွေးခဲ့တာ ဘာဝိညာဉ်သားရဲဥလဲတော့ငါလည်းမသိဘူး ငါလည်း သူတို့ဟာကို မမြင်ဖူးဘူး ငါ့ဟာကတော့ ဥပဲရှိသေးတယ်” ဝေကျိရွှီပြောလိုက်သည်။

“ငါတို့ဟာလည်း အတူတူပဲ ဥမပေါက်ကြသေးဘူး၊ ဒါပေမယ့် အနည်းဆုံးတော့ အသက်ရှိနေသေးတယ်” ဘေဂုံထန်သည် ရယ်မောကာ ပြောလေသည်။

“တစ်ယောက်ယောက်ရဲ့ ဥသေသွားလို့လား” ရှီမာယူယူ မေးလိုက်သည်။

“သြော် ဟုတ်သားပဲ ဖက်တီးသားရဲဥဘယ်မှာလဲလို့ သူ့ကိုမမေးဘူးလား” ဝူရန်ဖေသည် ရယ်မောရာမှ တစ်စုံတစ်ခုအား စဉ်းစားမိသွားသည်။

“ဖက်တီး မင်းဥကဘယ်မှာလဲ”

“စားလိုက်ပြီ” ဖက်တီးကျူပြောလိုက်သည်။ သူပြောသည်နှင့် အနည်းငယ်သုန်မှုန်သွားသည်။ တခြားသူများတွင် အသက်ရှိသော ဥများရှိသော်လည်း သူ့တွင်တော့ ဥအသေသာရှိခဲ့သည်။ သူဘာလို့ကံမကောင်းလဲ သူ မသိတော့ပေ။

“မင်းစားပစ်တာလား” ရှီမာယူယူ ဖက်တီးကျူအား ရှုပ်ထွေးစွာကြည့်လိုက်သည်။

“ဟုတ်တယ် အစကတည်းက ဥအသေပဲ ပြီးတော့ ငါလည်း မင်းမီးဖိုဆောင်ထဲသွားပြီး ဥကြော်ပြီးစားလိုက်တာပဲ” ဖက်တီးကျူသည် ရင်နာစွာပြောလေသည်။

“အင်း ငါတို့လည်း နည်းနည်းစားခဲ့ပါတယ်၊ သူ့အရည်အချင်းက အသုံးမဝင်ပေမယ့် ဥရဲ့ အရသာကတော့ မဆိုးပါဘူး” ဝူရန်ဖေပြောလိုက်သည်။

“ဖူး…” ရှီမာယူယူ ရယ်မောတော့သည်။ သူမသည် ဖက်တီးကျူ၏ သုန်မှုန်နေသော မျက်နှာအားကြည့်ကာ ပြောလိုက်သည် “မစိုးရိမ်ပါနဲ့ ဒီအတိုင်းသားရဲဥပဲလေ၊ မင်းစားလိုက်ရင်တော့ စားတာပဲလေ၊ အဲဒါဆိုရင် ဥထက်ပိုပြီးသန်မာတဲ့ သန်မာတဲ့သူဖြစ်အောင် ကူညီပေးမယ်”

ဆိုဖီယာတောင်တန်းတွင် ရှိစဉ်က သူတို့ငါးယောက်သည် သူတော်စင်သားရဲများဖမ်းပြီး ရှီမာယူယူသည် ထိန်းကျောင်းပေးခဲ့ကာ သူတို့နှင့် စာချုပ်များချုပ်ခဲ့သည်။ အခုတော့ သူတို့အုပ်စုသည် သူတော်စင်သားရဲ တစ်ကောင်စီနှင့် စာချုပ်ချုပ်ပြီးသားဖြစ်သည်။

“ဟူး ဒီမှာအမည်မသိ ပစ္စည်းတွေလည်းရှိတာပဲ” ဝေကျိရွှီသည် တစ်ချိန်လုံးစာရင်းအားကြည့်နေခဲ့ကာ သူ မသိသေးသော ပစ္စည်းများရှိနေသဖြင့် ချရေးနေလေသည်။

All Chapters