← Chapters

အပိုင်း(၁၈၉)-မိုရှား၏ တောင်းဆိုမှု

Vol. 002 Ch. 189

အပိုင်း(၁၈၉)-မိုရှား၏ တောင်းဆိုမှု

Vol. 002 Ch. 189

ရှီမာယူယူနှင့် သူတို့သည် အတူတကွစုစည်းလိုက်ကြသည်။ တုလေးသည်ပင် ဝင်ပါသည်။

“ဒီပစ္စည်းတွေက ဘာလဲဆိုတာ ဘယ်သူသိလဲ” ဝေကျိရွှီသည် တချို့အား ညွှန်ပြကာ ပြောလိုက်သည်။

“နာမည်တောင်မရှိတာ ဒီအတိုင်းပုံပဲဆွဲပြထားတာ” ဖက်တီးကျူပြောလိုက်သည် ဒါတွေက တန်ဖိုးရှိတာလား အသုံးမဝင်တွေလည်း ဖြစ်နိုင်တာပဲ အဲပစ္စည်းတွေအကုန်ကြည့်ပြီးတော့ ဝယ်ချင်တာရှိလား”

ဝေကျိရွှီနှင့် တခြားသူများသည် ခေါင်းရမ်းလိုက်ကြသ်ည။ အခုအချိန်တွင် သူတို့တွင် လိုအပ်သည်မရှိပါ၊ ထို့ကြောင့် ထိုပစ္စည်းများသည် သူတို့အား မဆွဲဆောင်နိုင်ပါ။

ထိုအနက်ရောင်အဆင့်ကိုယ်ခံပညာသည် မဆိုးလှသော်လည်း ကြီးမားသည့် မျိုးနွယ်များနှင့် တိုက်ခိုက်ပါက  အောင်နိုင်မည့် အကြောင်းမရှိပေ။ ထိုအကြောင်းအား မေ့လိုက်တာကောင်းသည်။

အားလုံးတွင် ထင်မြင်ချက်မရှိသည်ကို ရှီမာယူယူမြင်လိုက်သည်။ များစွာသော တန်ဖိုးရှိပစ္စည်းများစာရင်း ရှိသော်လည်း အားလုံးသည် လောဘတက်ခြင်းမရှိပေ။

“မင်းတို့ိလိုချင်လောက်တဲ့ ပစ္စည်းမရှိဘူးဆိုရင် အဲအချိန်ကျရင် လိုချင်တာရှိလာမလားကြည့်ကြတာပေါ့ အခုတော့ ငါတို့ပြန်ပြီး လေလံပွဲကို စောင့်ရအောင်”

သူတို့ သဲစင်ရော် စစ်တပ်သို့ရောက်သောအခါ ရှီမာယူယူသည် သူတို့သည်လေလံပွဲသို့ ကိုယ်ဘာသာ သွားမည်ဖြစ်၍ စစ်တပ်အားထည့်ပေးရန်မလိုကြောင်းကို ဘိုင်ယွန်ရွှီအားပြောလိုက်သည်။

သူတို့ ကိုယ်ဘာသာသွားမည်ဆိုသည်ကို ဘိုင်ယွန်ရွှီအစပိုင်းက အံ့သြသော်လည်း နောက်တွင် နားလည်သွား သည်။ သူတို့စဉ်းစားထားတာရှိရမည်၊ ထို့ကြောင့် သူဘာမှမပြောတော့ပေ။

သူတို့သည် ကိုယ်ပိုင်အိမ်သို့ပြန်သွားရာတွင် ရှီမာယူယူသည် လေလံစာရင်းအား အင်္ကျိတွင်ထည့်ပြီး ဖိနပ်ချွတ်ကာ အိပ်ရာပေါ်တွင်လဲနေလိုက်သည်။

မိုရှားသည် နတ်ဆိုးညွှတ် လက်ကောက်မှထွက်လာကာ သူမ စားပွဲတွင် ပေါ်လာလေသည်။

“မင်းဘာလို့ထွက်လာတာလဲ” ရှီမာယူယူသည် လက်နှစ်ဖက်အား ခေါင်းအုံးနေရင်းမှ သူ့အားကြည့်ကာ  မေးလိုက်သည်။

မိုရှားသည် လက်ဝှေ့ရမ်းလိုက်ရာ စာရင်းသည် ပေါ်လာသည်။ ရှည်လျားသောနာမည်စာရင်းသည် သူမ  ရှေ့တွင်ပေါ်လာသည်။

“ဘာလဲ ဒီလေလံပွဲမှာ မင်းစိတ်ဝင်စားတာရှိလို့လား”

“ငါ့ကို ဒီနှစ်ခုဝယ်ပေး” မိုရှားပြောလိုက်သည်။

“မင်းဘာစိတ်ဝင်စားတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ခရမ်းစွဲပုလဲနဲ့ အနက်ကျောက်တုံး” မိုရှားသည် ထိုပစ္စည်းနှစ်ခုအားညွှန်ပြကာ ပြောလေသည်။

ရှီမာယူယူသည် အံ့သြသွားလေသည်။ သူမ မတ်တတ်ရပ်က ခြေတုံးလုံးဖြင့် ပြေးသွားကာ ပြောလေသည် “ဟိတ် အစ်ကိုကြီး ဒီခရမ်းစွဲပုလဲက အဖိုးတန်ပစ္စည်းပဲ ခေါ်ဈေးက ရွှေပြားတစ်သောင်းလေ၊ ငါ့မှာ အဲလောက်  ရွှေပြားမရှိဘူး၊ ဘယ်လိုလုပ် မင်းကိုကူညီနိုင်မှာလဲ”

“မင်းမှာပိုက်ဆံမရှိဘူးလား” မိုရှားသည် မျက်ခုံးပင့်လိုက်သည်။

“ငါ့မှာပိုက်ဆံရှိတာ ဘယ်တုန်းကမြင်ဖူးလို့လဲ၊ ငါ့ပစ္စည်းတွေက အမြဲတမ်းဝိညာဉ်စေတီက ရတာပဲ၊ င့ါမျိုးနွယ် တစ်ခုလုံးမှာတောင် ရွှေပြားတစ်သောင်းပဲရှိမယ်” ရှီမာယူယူပြောလိုက်သည် “ပြီးတော့ မင်းပြောတဲ့ အနက်ရောင် ကျောက်တုံးက ဘာလဲ”

ရှီမာယူယူသည် အောက်ရှိ အမည်တပ်မထားသော ပုံအားညွှန်ပြလိုက်သည်။

“ဒီပစ္စည်းက ရွှေပြား၂၀၀နဲ့ ခေါ်ဈေးစတော့ ရဖို့လွယ်တယ်၊ ဒါပေမယ့် ခရမ်းစွဲပုလဲကတော့ မလွယ်ဘူး” ရှီမာယူယူ ကြည့်ပြီးပြောလိုက်သည်။

“မင်းတစ်ခုခုစဉ်းစားပါဦး၊ ငါဒီ ခရမ်းစွဲပုလဲကို ရမှဖြစ်မယ်” မိုရှားပြောလိုက်သည်။

“မင်းဘာလို့ ဒီခရမ်းစွဲပုလဲကို ဒီလောက်ကြိုက်နေရတာလဲ” ရှီမာယူယူ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဒီပစ္စည်းက အစကတည်းက ငါ့ပိုင်တဲ့ဟာပဲ” မိုရှားပြောလိုက်သည် “ဒါဘယ်လောက်ကုန်ကုန် ငါရမှဖြစ်မယ်

ရှီမာယူယူ နှုတ်ခမ်းကိုက်ကာ ပြောလိုက်သည် “မင်းပြောတော့လွယ်တယ်၊ ဒါက လေလံပွဲတစ်ခုလုံးမှာ အဆင့်တစ်ပစ္စည်းပဲ ငါအဲဒီမျိုးနွယ်ကြီးတွေကို ဘယ်လိုလုပ်အနိုင်ရမလဲ”

“တစ်ခုခု စဉ်းစားပါဦး” သူပြောပြီးနောက် အနောက်ရောင် မီးခိုးအဖြစ်ပြောင်းသွားကာ နတ်ဆိုးညွှတ် လက်ကောက်ထဲသို့ ဝင်သွားလေသည်။

“မင်း…ဒီကောင်တော့..” ရှီမာယူယူသည် ခြေဖျားထောက်ကာ အိပ်ရာပေါ်သို့လျှောက်လာပြီး လဲကာ  ပြောလိုက်သည် “တကယ်ပဲ ငါတို့ဘယ်လိုလုပ်ရမလဲ”

သူမ အိပ်ရာပေါ်တွင် ခဏလှဲပြီးနောက် ဘေဂုံထန်နှင့် ဝူရန်ဖေအား ခေါ်ရန် သွားလိုက်သည်။

“ဘာလဲ” ဘေဂုံထန် မေးလိုက်သည်။

“မင်းတို့နှစ်ယောက် ငါ့ကို ကူညီဖို့ရှိတယ်” ရှီမာယူယူသည် ပြောပြီးသည်နှင့် တံခါးသော့ခတ်ကာ သူတို့နှစ်ယောက်အား ဝိညာဉ်စေတီသို့ခေါ်သွားလေသည်။

“ဘာလဲ မင်း ငါတို့ကို ဒီကိုတောင် ခေါ်လာတာ” ဝူရန်ဖေသည် ရှီမာယူယူအားကြည့်ကာ သူမ မူမမှန်သည်ကို ခံစားလိုက်ရသည်။

“ငါ လေလံရမှဖြစ်မယ့် ပစ္စည်းတစ်ခုကို ငါမျက်စိကျနေတယ်၊ ဒါပေမယ့် ငါ့မှာပိုက်ဆံမရှိဘူး၊ ဒါ့ကြောင့် မင်းတို့နှစ်ယောက် င့ါကိုကူပြီး ဆေးဖော်ပေး အဲဒါနဲ့ ငါပိုက်ဆံရှာမယ်”

“မင်းဘာမျက်စိကျနေတာလဲ”

“ခရမ်းစွဲပုလဲ”

“ကျွတ်”

“ခရမ်းစွဲပုလဲက ၁၅၀၀၀ နဲ့ဈေးစတာမလား”

ဝူရန်ဖေနှင့် ဘေဂုံထန်တို့သည် သူမပြောလိုက်သော စကားတစ်ခွန်းကို အံ့သြသွားကာ ပြောလိုက်သည် “အဲဒီ ခရမ်းစွဲပုလဲက ၁၅၀၀၀ နဲ့စတာ လူတိုင်းကလိုချင်နေတဲ့ဟာပဲ ငါတို့ ၁၀၀၀၀ တောင်မရှိမှာစိုးတယ်”

“ဟုတ်တယ် အဲဒါကြောင့်ပဲ ပိုက်ဆံရှာဖို့ နည်းလမ်းရှာရမယ်လို့ပြောတာ” ရှီမာယူယူသည် စိတ်ထဲတွင် သေချင်မိသည်၊ သို့သော် ငိုရန် မျက်ရည်မရှိပေ။

“င့ါမှာ ပိုက်ဆံနည်းနည်းတော့ရှိတယ် အဲဒါအရင်ယူထား” ဝူရန်ဖေသည် ကတ်တစ်ကတ်အား ထုတ်ကာ ရှီမာယူယူအားပေးလိုက်သည်။

ထိုသည်မှာ ရီလင်းတိုင်းပြည်၏ ငွေစုကတ်ဖြစ်ပြီး ကတ်တိုင်းမှာ ပိုက်ဆံပြားများ ပါဝင်သည်။

“အစိမ်းကတ်လား၊ ဒါက တစ်သောင်းရှိမှ သုံးလို့ရတဲ့ကတ်မလား” ရှီမာယူယူသည် ဝူရန်ဖေအား အံ့သြစွာကြည့်လေသည်။ သူက သူဌေးလက်သစ်ပါလား…

မဟုတ်ဘူး အထူး သူဌေးလက်သစ်…

ဘေဂုံထန်သည် အစိမ်းကတ်အားကြည့်ကာ ပြောလိုက်သည် “မင်းမှာ အဲလောက်ပိုက်ဆံရှိမှန်း မသိခဲ့ဘူး”

ထိုနှစ်ယောက်၏ တုန့်ပြန်မှုကို ဝူရန်ဖေ ထင်မြင်ချုက်မပေးပဲ ရှီမာယူယူလက်ထဲသို့ ကတ်ထိုးပေး ကာ ပြောလိုက်သည် “အရင်ယူပြီး သုံးလိုက်”

“မင်း ရုတ်တရက် ဝယ်ချင်တာရှိလာရင် ဘယ်လိုလုပ်မလဲ” ရှီမာယူယူ မေးလိုက်သည်။

ဝူရန်ဖေ ခေါင်းရမ်းကာ ပြောလိုက်သည် “ငါအားလုံးကို မြင်ပြီးပြီ လိုချင်တာမရှိဘူး”

“ဒါဆို ငါအရင်သုံးပြီး နောက်မှ မင်းကို ပြန်ဆပ်မယ်” ရှီမာယူယူသည် ပြောပြီးနောက် ကတ်အား သိမ်းလိုက်သည်။

“ဒါပေမယ့် ဒါမလောက်သေးဘူး” ဘေဂုံထန် ပြောလိုက်သည် “အင်အားကြီးတွေကို တိုက်ဖို့ဆိုရင် တစ်သောင်းက မလောက်သေးဘူး”

“ဒါကြောင့်ပဲ ပိုက်ဆံရအောင် နည်းလမ်းရှာနေတယ်” ရှီမာယူယူပြောလိုက်သည် “ဟုတ်သားပဲ အသုံးမဝင်တဲံ အဆင့်နိမ့်ပစ္စည်းတွေထုတ်ရောင်းကြမယ်၊ ပြီးတော့ အဆင့်နိမ့်ဆေးတွေလည်း ရောင်းကြမယ်”

“ငါတို့ဘယ်လောက်ရလဲဆိုတာ ကြည့်ပြီး ထပ်ပြောကြမယ်”

နှစ်ရက်အကြာတွင် ရှီမာယူယူနှင့် တခြားသူများသည် များစွာသော ဆေးများနှင့် ဝိညာဉ်လက်နက်များကို ရောင်းကြသည်။ သို့သော် ရောင်းရငွေမှာ ရွှေပြား နှစ်ရာသာရသည်။

“သခင် မင်းမှာဆေးတွေ ဒီလောက်များတာ လေလံပွဲမှာ အကုန်ရောင်းလို့ရတယ်လေ” ဟိန်းသံထောင်ချီသည် ရှီမာယူယူ စိတ်လှုပ်ရှားနေသည်ကို တွေ့သဖြင့် သတိပေးလိုက်သည် “နှင်းခဲဆေးကိုလည်း လေလံ တင်ပြီးပြီမလား၊ ဒါဆို တော်လှန်ရေးဆေးတစ်ရာကိုလည်း လေလံပစ်ပေါ့၊ နှင်းခဲဆေးထက်တောင် ပိုရမှာ သေချာတယ်”

ရှီမာယူယူ မျက်လုံးများအရောင်တောက်သွားပြီး ဟိန်းသံထောင်ချီအား ဖက်လိုက်ကာ ပြောလိုက်သည် “မင်းက ဉာဏ်အကောင်းဆုံးပဲ ငါ ဆန့်ကျင်ရေးဆေးတစ်ရာကို ဘာလို့မတွေးမိတာပါလိမ့်၊ ဒါပေမယ့် ဆန့်ကျင်ရေး  ဆေးတစ်ရာက ကမ္ဘာဦးရှေးဟောင်းနယ်မြေမှာတောင် တွေ့ရခဲတာ၊ ရီလင်းတိုင်းပြည်မှာလည်း ရှားမှာသေချာ တယ်၊ ငါတို့်သွားရင် ငါတို့သရုပ်မှန်ဖုံသွားတာ ကောင်းမယ်ါ် ပြီးတော့ အဲလူတွေကို ငါတို့ ဆွပေးသလိုဖြစ် ရင် ပြဿနာတက်မယ်”

“အစ်ကိုကြီးမိုရှားကို သခင်ရဲ့ ရောင်ဝါပြောင်းခိုင်းလိုက်လေ၊ ဒါဆို သခင့်ရဲ့ ပုံစံကို ဖျက်ဖို့ အခက်အခဲမရှိတော့ဘူး” ဟိန်းသံထောင်ချီပြောလိုက်သည်။

“မဆိုးဘူး ကျေးဇူးပဲ ဟိန်းသံထောင်ချီ” ရှီမာယူယူ သူ့အားလွှတ်ပေးကာ ဆန့်ကျင်ရေးဆေးတစ်ရာယူပြီး ထွကခဲ့လေသည်။

ဆန့်ကျင်ရေးဆေးတစ်ရာသည် လွန်ခဲ့သည့်နှစ်နှစ်က ဖော်ခဲ့သောဆေးဖြစ်သည်။ သို့သော် အခု သူမကိုယ်တိုင်ဖော်လျှင်ဖြစ်သည်။ ထို့အပြင် ရှာရန်ခက်သော ရွှေမြွေအသီးပင်သည် သူမ၏ ဝိညာဉ်စေတီတွင် ရှိသည်။ ထိုဆန့်ကျင်ရေးဆေးတစ်ရာသည် သူမအတွက်ရရန် မခက်ခဲပေ။

သူမ လုပ်မည်ပြောလျှင် ရအောင်လုပ်သည်။ ရှီမာယူယူသည် ဆန့်ကျင်ရေးဆေးတစ်ရာဆေး လေးလုံးအားယူပြီး ကျန်သည်များကို ရှီမာယူလီတို့အတွက်ချန်ထားလိုက်သည်။ သူမသည် ဘေဂုံထန်နှင့် တခြားသူမျာကို နှုတ်ဆက်ပြီး ထွက်သွားလေသည်။

သူမသည် မသိသာသော လမ်းကြားသို့လာပြီး ဘယ်သူမှမမြင်ခင် လျင်မြန်စွာပင် ဝင်သွားလိုက်သည်။ သူမ ထွက်လာချိန်တွင် သူမ ရောင်ဝါတစ်ခုလုံးသည် လုံးဝပြောင်းလဲသွားပြီဖြစ်သည်။

All Chapters