← Chapters

အခန်း (၁၂၃၄-၁၂၃၆)

Vol. 83 Ch. 1234-1236

အခန်း (၁၂၃၄-၁၂၃၆)

Vol. 83 Ch. 1234-1236

အခန်း (၁၂၃၄) ကိုယ်တိုင် မကြုံဖူးဘဲနဲ့ တခြားသူတွေကို ခွင့်လွှတ်ဖို့ မတိုက်တွန်းနဲ့

ယန်အိမ်တော်သားများအားလုံး တစ်ပြိုင်နက်တည်း ခေါင်းငုံ့အရိုအသေပေးလိုက်ကြပြီး အများစုမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေကြလေသည်။

၎င်းတို့တွင်သ။ ဤကဲ့သို့ အစွမ်းထက်သော ကျောထောက်နောက်ခံ ရှိနေမည်ဆိုပါက ယန်အိမ်တော်၏ အနာဂတ်မှာ အကန့်အသတ်မဲ့သွားမည်ဟု သူတို့ ယုံကြည်နေသောကြောင့်ဖြစ်သည်။ ခန်းမကြီးအတွင်းရှိ ကြောက်ရွံ့ရိုသေမှု အပြည့်ဖြစ်နေသော လေထုထဲတွင် ယန်မုန့်ထောင် တစ်ယောက်တည်းသာလျှင် အလွန်တရာ ဟန်ဆောင်ပန်ဆောင် ပြုမူနေလေသည်။

သူမသည် ပါးလျသော အပြုံး၊ ရိုသေကျိုးနွံသော အမူအရာဖြင့် ရှေ့သို့ လှောက်လာပြီးနောက် ရွှယ်အန်းကို ညုတုတုဖြင့် အရိုအသေပေးလိုက်ကာ နူးညံ့သောအသံလေးဖြင့် ပြောလိုက်လေသည်။

"ဂုဏ်ယူပါတယ် သခင်... သခင့်ရဲ့ ခမ်းနားကြီးကျယ်တဲ့ စွမ်းအားတွေနဲ့ ရက်စက်တဲ့ ရန်သူတွေကို အနိုင်ယူနိုင်ခဲ့တဲ့အတွက်ပါ"

မည်သို့ပင်ဆိုစေ ယန်မုန့်ထောင်သည်လည်း အလှဘုရင်မတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ရာ သူမ၏ တမင်တကာ ဆွဲဆောင်မှုမှာ အလွန်ပင် ညှို့ယူဖမ်းစားနိုင်စွမ်း ရှိလေသည်။ သို့သော် သူမ လုံးဝ မမျှော်လင့်ထားသည်မှာ သူမ၏ စီစဉ်မှုများအားလုံး အချည်းနှီးဖြစ်သွားခဲ့ရခြင်းဖြစ်သည်။ အကြောင်းမှာ အစမှအဆုံးတိုင်အောင် ရွှယ်အန်းသည် သူမကို တစ်ချက်ကလေးပင် လှည့်မကြည့်ဘဲ လူတိုင်းကို လျင်မြန်စွာ ကျော်ဖြတ်ကာ ဗိမာန်တော်ထဲသို့ ပြန်ဝင်သွားပြီး သတိလစ်နေဆဲဖြစ်သော ယန်မေရှူ၏ အနီးသို့ ရောက်ရှိသွားသောကြောင့်ဖြစ်သည်။

ယန်မုန့်ထောင်၏ အပြုံးမှာ တောင့်တင်းသွားပြီး သူမ၏ မနာလိုဝန်တိုမှုများမှာ ရုပ်လုံးပေါ်လာမတတ်ပင် ဖြစ်လေသည်။

ဘာလို့လဲ၊ ဘာလို့ ယန်မေရှူးပဲ အမြဲ ဖြစ်နေရတာလဲ၊ ဘာလို့ သူမ မဟုတ်ရတာလဲ...

ရွှယ်အန်းသည် မြေပြင်ပေါ်ရှိ ယန်မေရှူးကို ကြည့်ကာ သက်ပြင်းသဲ့သဲ့ချလိုက်သည်။

"တကယ်ကို တုံးအတဲ့ ကောင်မလေးပဲ"

သူ လက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခုသည် ယန်မေရှူ၏ နဖူးအတွင်းသို့ စီးဝင်သွားလေသည်။ ယန်မေရှူ၏ ခန္ဓာကိုယ်လေး အနည်းငယ် တုန်ယင်သွားပြီးနောက် သူမသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လာလေသည်။

ယန်မေရှူသည် အသက်အန္တရာယ် မရှိကြောင်းကို ရွှယ်အန်း အစောကြီးကတည်းက သတိထားမိခဲ့သည်။ ယခု သူမ၏ ဝိညာဉ် ပြန်လည်ကောင်းမွန်လာပြီဖြစ်ရာ ဘာမှဖြစ်တော့မည် မဟုတ်ပေ။

ယန်မေရှူးသည် သူမ အနီးတွင် ပြုံးလျက် ရပ်နေသော ရွှယ်အန်းကို မြင်လိုက်ရချိန်တွင် ဇဝေဇဝါဖြစ်မှုများ ပျောက်ကွယ်သွားပြီး တုန်ယင်သော အသံဖြင့် မေးလိုက်သည်။

"အရှင်... ကျွန်မ အိပ်မက်မက်နေတာလား၊ ဒါမှမဟုတ် သေသွားပြီလား"

ရွှယ်အန်းက ပြုံးလိုက်သည်။

"မင်း အိပ်မက်မက်နေတာလည်း မဟုတ်ဘူး၊ သေသွားတာလည်း မဟုတ်ဘူး၊ ငါ ပြန်ရောက်ပြီ"

ငါ ပြန်ရောက်ပြီ ဟူသော ရိုးရှင်းသည့် စကားလေးတစ်ခွန်းက ယန်မေရှူ၏ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံသွားစေခဲ့သည်။ သူမသည် မတ်တပ်ရပ်ရန် ခဲယဉ်းစွာ ကြိုးစားလိုက်သည်။

"သွေးကျားမျှော်စင်ကရော..."

"သွေးကျားမျှော်စင်ဆိုတာ မရှိတော့ဘူး၊ ငါ အကုန် ဖျက်ဆီးပစ်လိုက်ပြီ"

ရွှယ်အန်းက ခပ်ပေါ့ပေါ့ပင် ပြောလိုက်လေသည်။ ယန်မေရှူးမှာ ခဏမျှ မှင်တက်သွားပြီးနောက် ခေါင်းကို နက်ရှိုင်းစွာ ငုံ့လိုက်လေသည်။

"ကျေးဇူးတင်ပါတယ် အရှင်"

"တော်ပါတော့... ငါတို့က အခု သူငယ်ချင်းတွေ ဖြစ်နေပြီပဲ၊ ငါ့ကို အရှငိလို့ ဆက်ခေါ်နေစရာ မလိုတော့ပါဘူး၊ မင်း ခေါ်ချင်ရင် ငါ့ကို အစ်ကိုလို့ ခေါ်လို့ရပါတယ်"

ထိုစကားကြောင့် ယန်မုန့်ထောင်၏ မျက်လုံးများမှာ မနာလိုမှုများကြောင့် ပြာနှမ်းသွားလေသည်။ ယန်မေရှးမှာမူ တည်ငြိမ်မှုကို လျင်မြန်စွာ ပြန်လည်ရယူနိုင်ခဲ့သည်။

"ဟုတ်ကဲ့ပါ အစ်ကိုရွှယ်အန်း"

ထိုအချိန်တွင် ယန်ယန်သည် ဖော်လံဖားသော အမူအရာဖြင့် ချဉ်းကပ်လာသည်။

"အရှင်... အရှင်က ကျွန်တော်တို့ ယန်အိမ်တော်ကို ကယ်တင်ခဲ့တာပါ၊ ဒီလောက်ကြီးမားတဲ့ ကျေးဇူးတရားအတွက် ကျွန်တော်တို့ တကယ်ကို ပြန်မဆပ်နိုင်ပါဘူး၊ တကယ်လို့များ..."

သူ စကားမဆုံးခင်မှာပင် ရွှယ်အန်း၏ အေးစက်လှသော အကြည့်ကြောင့် ဆက်မပြောနိုင်တော့ချေ။ ထိုအကြည့်များအောက်တွင် ယန်ယန်သည် တစ်ကိုယ်လုံး ချွေးအေးများဖြင့် ရွှဲနစ်သွားလေတော့သည်။ ရွှယ်အန်းအနေဖြင့် သူတို့ကို အစောကတည်းက အရေးမစိုက်ခဲ့ခြင်းသာ ဖြစ်သည်။ ယန်မုန့်ထောင်သည် အံ့ကို တိတ်တဆိတ် ကြိတ်လိုက်ပြီးနောက် ရှေ့သို့ ထွက်လာသည်။

"အစ်ကိုရွှယ်... ကျွန်မအဖေက ကျေးဇူးတင်စကား ပြောချင်ရုံ သက်သက်ပါ၊ စော်ကားသလို ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပေးပါလား၊ အစ်မ... ကျွန်မပြောတာ မှန်တယ်မလားဟင်"

ရွှယ်အန်းက ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်လေသည်။

"အစ်ကိုရွှယ်တဲ့လား၊ ဘယ်သူက မင်းရဲ့ အစ်ကိုရွှယ်လဲ၊ ငါ့ကို အစ်ကိုလို့ ခေါ်ဖို့ မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ"

ဤစကားလုံးများသည် ယန်မုန့်ထောင်၏ မျက်နှာကို တိုက်ရိုက် ရိုက်ချလိုက်သော ပါးရိုက်သံကြီး တစ်ချက်ကဲ့သို့ထင်ရသည်။ သူမ၏ မျက်နှာမှာ အရှက်ရမှုကြောင့် နီရဲသွားလေတော့သည်။ သို့သော် ရွှယ်အန်းက သူမကို လှည့်မကြည့်ဘဲ ယန်မေရှူဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

"ဒီနှစ်ယောက်က ဘယ်သူတွေလဲ"

သူ၏ စကားလုံးများတွင် အေးစိမ့်သော ရေခဲစူးချွန်များ ပြည့်နှက်နေလေသည်။ ယန်ယန်မှာ တစ်ကိုယ်လုံး တုန်ယင်နေပြီး ယန်မေရှူဆီသို့ တောင်းပန်နေသော အကြည့်များဖြင့် လှမ်းကြည့်လိုက်လေသည်။ ယခင်က ယန်မေရှူအပေါ် သူတို့ မည်ကဲ့သို့ နှိမ်ချခဲ့သည်ကို ပြန်လည်အမှတ်ရမိသောအခါ ယန်အိမ်တော်သားများမှာ နောင်တရနေသော မျက်နှာများကို ပြသလာကြလေသည်။ ယန်မေရှူသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ညင်သာစွာ ပြောလိုက်လေသည်။

"အစ်ကိုရွှယ်အန်း... ဒီနှစ်ယောက်ထဲက တစ်ယောက်က ကျွန်မအဖေ၊ နောက်တစ်ယောက်က... ကျွန်မညီမပါ"

ဤအဖြေက ယန်ယန်ကို စိတ်အေးသွားစေခဲ့သည်။ ရွှယ်အန်းသည် ယန်မေရှူး

ကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီ... ဒီလိုဆိုမှတော့ မင်း မျက်နှာကြောင့် ဒီနှစ်ယောက်ကို ငါ ချမ်းသာပေးလိုက်မယ်"

ယန်မေရှူ တစ်ကိုယ်လုံး တုန်ယင်သွားပြီးနောက် အရိုအသေပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

သူမ၏ အသံမှာ ဆို့နင့်နေပြီး မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်လျှံနေလေသည်။ ရွှယ်အန်း၏ လုပ်ရပ်များအားလုံးက သူမအတွက် ကလဲ့စားချေပေးရန် ဖြစ်ကြောင်း သူမ သိနေလေသည်။

သူ ကိုယ်တိုင် မကြုံဖူးဘဲနှင့် တခြားသူများကို ခွင့်လွှတ်ရန် မတိုက်တွန်းသင့်ချေ။ တစ်ချိန်တည်းမှာပင် ရွှယ်အန်းက အေးစက်စွာ ပြောလိုက်လေသည်။

"သွားကြစို့... မင်းကို နေရာတစ်ခု ခေါ်သွားပြီး ကျင့်စဉ်တချို့ သင်ပေးမယ်"

ရွှယ်အန်းသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူနှင့် ယန်မေရှူတို့သည် ထိုနေရာမှ ပျောက်ကွယ်သွားကြလေသည်။ သူတို့နှစ်ဦး ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ယန်မုန့်ထောင်သည် သွေးစိမ်းတစ်လုတ်ကို အန်ထုတ်လိုက်ပြီးနောက် ဒေါသကြောင့် သတိလစ်သွားလေတော့သည်။

အခန်း (၁၂၃၅) ယောက်ျား... ခဏလောက် လာခဲ့ပါဦး

ထိုအချိန်တွင် မှော်ရတနာစံအိမ်တော်အတွင်း၌ လူအများဖြင့် စည်ကားလှုပ်ရှားနေလေသည်။ ဆွေ့မန်၊ ယုရန်နှင့် ကျန်းရွှင်းနန်တို့အားလုံး ဤနေရာတွင် စုရုံးနေကြရာ သူစိမ်းများကို မြင်တွေ့ရခဲသော ရှန်းရှန်းနှင့် နျန်နျန်တို့အတွက် အလွန်အမင်း စိတ်လှုပ်ရှားစရာ ဖြစ်နေလေသည်။

"မမကျန်း... မမက ခွေးလေးကနေ တကယ်ပဲ လူပြောင်းထားတာလား"

နျန်နျန်က ခေါင်းလေးစောင်းကာ စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။

အကယ်၍ အခြားသူတစ်ယောက်သာ ထိုကဲ့သို့သော မေးခွန်းမျိုးကို မေးရဲမည်ဆိုလျှင် ကျန်းရွှင်းနန်သည် ဒေါသပေါက်ကွဲသွားလောက်ပေသည်။ သူမသည် ကျင်းချွမ်မျိုးနွယ်စုဝင် တစ်ဦးအနေဖြင့် ခွေးတစ်ကောင်နှင့် နှိုင်းယှဉ်ခံရခြင်းကို အမုန်းဆုံးပင် ဖြစ်လေသည်။ သို့သော် သူတို့နှင့် အချိန်အတန်ကြာ အတူနေထိုင်ပြီးနောက် ကျန်းရွှင်းနန်သည် အမြွှာညီအစ်မနှစ်ဦး၏ စိတ်သဘောထားကို နားလည်လာခဲ့ပြီး သူတို့တွင် မကောင်းသော ရည်ရွယ်ချက် မရှိကြောင်းကို သိရှိလာခဲ့လေသည်။

ကျန်းရွှင်းနန်က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်လေ၊ ဒါပေမဲ့ မမက ခွေးလေး မဟုတ်ပါဘူး၊ မမက ကျင်းချွမ်မျိုးနွယ်စုရဲ့ မင်းသမီးလေးပါ"

"ဒါပေမဲ့ ဘာကွာလို့လဲ၊ ညီမလေးကတော့ အကုန်တူတူပဲလို့ ခံစားရတာပဲ"

နျန်နျန်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲပင်။

"သေချာပေါက် ကွာတာပေါ့၊ ခွေးလေးတွေက အိမ်မွေးတိရစ္ဆာန်တွေလေ၊ ကျင်းချွမ်မျိုးနွယ်စုကျတော့ ရှေးခေတ်ကတည်းက ဆင်းသက်လာတဲ့ အစွမ်းထက် မျိုးစိတ်တွေ အများကြီးပါဝင်တဲ့ စွမ်းအားကြီး မျိုးနွယ်စာတစ်ခုပေါ့"

ရှောင်ယုက ဝင်ပြောလိုက်လေသည်။

နျန်နျန်၏ မျက်လုံးများမှာ အံ့ဩမှုကြောင့် တဖြည်းဖြည်း ပြူးကျယ်လာသည်။

"ဝါး... အရမ်းမိုက်တာပဲ၊ မမကျန်း... မမရဲ့ မူလပုံစံကို ညီမလေးတို့ကို ပြလို့ရမလာ"

ကျန်းရွှင်းနန် ပြန်မဖြေမီမှာပင် ရှန်းရှန်းက နျန်နျန်၏ အနောက်တွင် ပေါ်လာပြီး သူမ၏ ခေါင်းကို ခေါက်လိုက်လေသည်။

"အာ့... မမက ဘာလို့ သမီးကို ရိုက်တာလဲ"

နျန်နျန်မှာ သူမ၏ခေါင်းကို ပွတ်ကာ မကျေမနပ် မေးလိုက်လေသည်။

"ဟွန့်... လျှောက်ပြောနေလို့ အရိုက်ခံရတာမှတ်၊ မမကျန်းကို မူလပုံစံပြခိုင်းနေရအောင် မမဗိုက်ထဲမှာ ကလေးလေး ရှိနေပြီဆိုတာ နင် မသိဘူးလား"

ရှန်းရှန်းက အစ်မကြီးတစ်ယောက်၏ အာဏာဖြင့် ပြောလိုက်လေသည်။

နျန်နျန်သည် ပါးစပ်အဟောင်းသားဖြင့် အံ့ဩတကြီး ရေရွတ်လိုက်ပြီး ကျန်းရွှင်းနန်ကို ကြည့်လိုက်လေသည်။

"မမကျန်း... တကယ်ကြီးလား"

ကျန်းရွှင်းနန်သည် မျက်နှာရဲသွားပြီး အနည်းငယ် ရှက်သွေးဖြာစွာဖြင့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်"

"ဝါး... မိုက်လိုက်တာ၊ အခုဆို ညီမလေးတို့နဲ့ အတူဆော့ဖို့ ညီမလေးတစ်ယောက် ရလာတော့မယ်"

"ဟင်... ညီမလေး ဖြစ်လာမယ်ဆိုတာ နင်က ဘယ်လိုလုပ် သိတာလဲ"

ရှောင်ယုက နားမလည်နိုင်စွာ မေးလိုက်လေသည်။ နျန်နျန်က တခစ်ခစ် ရယ်မောလိုက်သည်။

"သမီး အဲဒီလို ခံစားရလို့ပေါ့"

သို့သော် မည်သူမျှ မသိခဲ့သောအရာမှာ နျန်နျန် စကားပြောလိုက်ချိန်တွင် ကံကြမ္မာတစ်ခု ပြောင်းလဲသွားခဲ့ခြင်းပင် ဖြစ်လေသည်။

ဆွေ့မန်နှင့် ယုရန်တို့အတွက်မူ ဤမှော်ရတနာစံအိမ်တော်ထဲသို့ ဝင်ရောက်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်လေရာ သဘာဝတရား၏ လက်ရာမြောက်လှသော ဤသီးသန့်ကမ္ဘာငယ်လေးကို ကြည့်ကာ အံ့ဩမှင်တက်နေကြလေသည်။ အန်းယန်သည် အိမ်ရှင်မတစ်ဦးအနေဖြင့် သူမ၏ စွမ်းအားနှင့် အလှတရားတို့ဖြင့် ကျက်သရေရှိနေပြီး ဟွီယင်းမှာမူ ဆွေ့မန်တို့အတွက် ပို၍ပင် လျှို့ဝှက်ဆန်းကြယ်နေလေသည်။ ဤအလွန်တရာ လှပသော အမျိုးသမီးငယ်လေးသည် မြူခိုးများဖြင့် ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေသော်လည်း တစ်ခါတစ်ရံ ထုတ်ဖော်ပြသတတ်သော သူမ၏ ကြောက်မက်ဖွယ် စွမ်းအားများက တကယ်ကို အံ့မခန်းပင် ဖြစ်လေသည်။

ထိုအချိန်တွင် ရွှယ်အန်းနှင့် ယန်မေရှူတို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြလေသည်။ ယန်မေရှူသည် ဤနေရာတွင် လူအများကို မြင်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သောကြောင့် အနည်းငယ် မှင်တက်သွားလေသည်။

ရှန်းရှန့်နှင့် နျန်နျန်တို့သည် စပ်စုလိုသော မျက်နှာများဖြင့် အနီးသို့ ရောက်လာကြလေသည်။

"ဖေဖေ... ဒီအစ်မက ဘယ်သူလဲဟင်"

ရွှယ်အန်းသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကောင်မလေးနှစ်ယောက်၏ ပါးပြင်များကို အသည်းယားစွာ နမ်းရှုံ့လိုက်ပြီးနောက် ပြုံးကာ ပြောလိုက်လေသည်။

"ဒီအစ်မက ဖေဖေ့ရဲ့ သူငယ်ချင်းလေ၊ သူ့ကို တခြားတစ်ယောက်က အနာတရဖြစ်အောင် လုပ်လိုက်လို့ ဖေဖေက သူ့ကို ဆေးကုပေးပြီး အနားယူဖို့ ဒီကို ခေါ်လာတာ"

နျန်နျန်က ယန်မေရှူကို ရေကဲ့သို့ကြည်လင်နေသော မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်ကာ ပြောလိုက်လေသည်။

"အစ်မ... မကြောက်နဲ့နော်၊ သမီးရဲ့ ဖေဖေက အရမ်း အစွမ်းထက်တာ၊ တစ်ယောက်ယောက်က အစ်မကို အနိုင်ကျင့်ရင် ဖေဖေက သေချာပေါက် ကူညီပေးလိမ့်မယ်"

ထိုကောင်မလေးနှစ်ယောက်၏ ပါးစပ်မှ ထွက်ပေါ်လာသော ဖေဖေ ဟူသည့် စကားလုံးလေးက ယန်မေရှူ၏ နှလုံးသားကို ချက်ချင်းပင် ရိုက်ချိုးပစ်လိုက်လေသည်။

ဖေဖေတဲ့လား...

ဒါဆို သူက ဒီလောက်အရွယ် သမီးနှစ်ယောက်တောင် ရှိနေခဲ့ပြီပေါ့၊ ကိုယ့်ဖာသာကိုယ် မဖြစ်နိုင်တဲ့ အိပ်မက်တွေ မက်နေခဲ့တဲ့ သူမက တကယ်ကို ရယ်စရာကောင်းလွန်းတယ်...

ယန်မေရှူးသည် သူမ၏ နှလုံးသားထဲတွင် စကားဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် အထီးကျန်ဆန်မှုကို ခံစားလိုက်ရလေသည်။ သူမ၏ဖခင်နှင့် မိသားစုဝင်များအားလုံး၏ ဖယ်ကြဉ်မှုကို ခံခဲ့ရစဉ်က တစ်ခါမှ မငိုခဲ့သော်လည်း ယခုအခါတွင်မူ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာလေတော့သည်။

နျန်နျန်၏ ဂရုစိုက်မှုက ယန်မေရှူကို ပြိုလဲသွားစေကာ အထိန်းအကွပ်မရှိ ငိုကြွေးသွားစေခဲ့လေသည်။ ဤသည်က နျန်နျန်ကို အလွန်အမင်း လန့်သွားစေခဲ့သည်။

"အစ်မ... မငိုနဲ့လေ၊ ဘာဖြစ်လို့လဲ... ဒဏ်ရာက နာနေလို့လား"

ထိုအချိန်တွင် သူမ၏ ပခုံးပေါ်သို့ လက်တစ်ဖက် ညင်သာစွာ ကျရောက်လာပြီး ယန်မေရှူ မော့ကြည့်လိုက်သောအခါ အံ့မခန်းလှပလွန်းသည့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရလေသည်။ မည်မျှအထိ လှပသနည်းဆိုလျှင် အမျိုးသမီးတစ်ဦးဖြစ်သော ယန်မေရှူးကိုယ်တိုင်ပင် မှင်တက်သွားရလေသည်။ အန်းယန်သည် ညင်သာသော အပြုံးဖြင့် နူးညံ့စွာ ပြောလိုက်လေသည်။

"ကဲပါ... မငိုနဲ့တော့နော်၊ ညီမက အစ်မ ယောက်ျားရဲ့ သူငယ်ချင်းဆိုတော့ ဘာမှမကြောက်နဲ့၊ ဒီမှာ အရင်ဆုံး အနားယူပြီး ဒဏ်ရာတွေကို ကုသလိုက်ပါ"

ယောက်ျားတဲ့လား၊ ဒါ အရှင်ရွှယ်ရဲ့ ဇနီးလားပေါ့၊ တကယ်ကိုပဲ... အရမ်းလှတာပဲ၊

ယန်မေရှူမှာ ရှက်ရွံ့မှုနှင့် အရှက်ရမှုတို့ကြောင့် ခေါင်းကို ငုံ့ထားလိုက်လေသည်။ ရုပ်ရည်သွင်ပြင်၌ သူမကိုယ်သူမ လုံးဝ ယှဉ်မရအောင် နိမ့်ကျနေသည်ဟု ခံစားလိုက်ရပြီး မနာလိုစိတ် အရိပ်အယောင်လေး တစ်ခုကိုမျှပင် မမွေးမြူဝံ့တော့ချေ။ မိန်းမတစ်ယောက်က သူမ၏ အချစ်ပြိုင်ဘက်ကိုတောင် မနာလိုမဖြစ်နိုင်လောက်အောင် အလွန်တရာ လှပနေသည်ဆိုလျှင် သူမမှာ ဘယ်လောက်တောင် ဆွဲဆောင်မှုမျိုး ရှိနေရမည်နည်း။

အဆုံးတွင် ယန်မေရှူကိုလည်း ဤနေရာတွင် နေထိုင်ရန် စီစဉ်ပေးလိုက်လေသည်။ အခြားသူများအားလုံး လူစုကွဲသွားပြီးနောက် အန်းယန်သည် ရွှယ်အန်းကို သဲ့သဲ့လေး ပြုံးပြကာ ပြောလိုက်လေသည်။

"ယောက်ျား... ဒီကို ခဏလောက် လာခဲ့ပါဦး”

အခန်း (၁၂၃၆) ကိုယ် မဟုတ်ဘူး... ကိုယ် မလုပ်ဘူး

ရွှယ်အန်း၏ ခေါင်းမှာ ပတ်လည်ရိုက်နေသော ဗုံငယ်လေးတစ်ခုကဲ့သို့ ချက်ချင်းပင် ခါယမ်းသွားလေသည်။

"ကိုယ် အဲ့ဘက်ကို မလာဘူးနော်"

အန်းယန်က နောက်ပြောင်လိုသော အမူအရာဖြင့် ပြုံးလိုက်သည်။

"အာ... ဘာကို အဲဒီလောက် ကြောက်နေရတာလဲ၊ ရှင်နဲ့ စကားနည်းနည်းလောက် ပြောချင်လို့ပါဆို"

ရွှယ်အန်းသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်လေသည်။

"ဒီကနေ လှမ်းပြောလို့ မရဘူးလား၊ အဲဒီဘက်ကို လာမှ ရမှာမို့လို့လား"

အန်းယန်၏ လှပသော မျက်ခုံးတန်းလေးများ အနည်းငယ် ပင့်တက်သွားသည်။

"ဟင်... ရှင့်ကို နောက်တစ်ခေါက် ထပ်မေးမယ်၊ လာမှာလား၊ မလာဘူးလား"

"မလာဘူးဆို မလာဘူးပဲ၊ ကိုယ်က မြင့်မြတ်တဲ့ အင်မော်တယ်သခင် တစ်ယောက်အနေနဲ့ ကိုယ့်စကားကို ဘယ်လိုလုပ် ဖျက်လို့ရမှာလဲ"

ရွှယ်အန်းက ဖြောင့်မတ်တည်ကြည်သော လေသံဖြင့် ကြေညာလိုက်လေသည်။

အန်းယန်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပြောင်းလဲမသွားသော်လည်း သူမ၏ လေသံမှာ ကြက်သီးထဖွယ် ကောင်းလောက်အောင် အေးစက်သွားတော့သည်။

"အပိုတွေ ပြောမနေနဲ့... အခုလာခဲ့စမ်း"

ရွှယ်အန်း - "..."

ခဏအကြာတွင်တော့ ရွှယ်အန်းသည် ပခုံးမှ စူးရှသော နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့ကာ ရပ်နေရလေတော့သည်။ အဘယ့်ကြောင့်ဆိုသော် အန်းယန်သည် ရွှယ်အန်း၏ ပခုံးကို အားပါးတရ ကိုက်ထားသောကြောင့်ပင်ဖြစ်သည်။ သူ့အား ကိုက်ထားရင်းဖြင့် အန်းယန်က မပီမသ အသံဖြင့် ပြောလိုက်လေသည်။

"သေအောင်ကို ကိုက်ပစ်မှာ... လူဆိုးကြီးရဲ့၊ ရား ရား ရား ရား"

ရွှယ်အန်းသည် မချိသွားဖြဲသာ ပြုံးနိုင်တော့သည်။ သူသာ ခုခံလိုက်လျှင် သူ၏ ကျင့်စဉ်အဆင့်ကြောင့် အန်းယန် ထိခိုက်သွားမည်ကို စိုးရိမ်သဖြင့် သူ၏ စွမ်းအားများကို အတင်းအဓမ္မ ဖိနှိပ်ထားကာ အန်းယန်ကို စိတ်တိုင်းကျ ရန်လုပ်ခွင့် ပေးထားလိုက်လေသည်။ အတန်ကြာပြီးနောက်မှသာ အန်းယန်သည် ကျေနပ်သွားပုံရကာ လွှတ်ပေးလိုက်တော့သည်။

ရွှယ်အန်း၏ ပခုံးပေါ်ရှိ နက်ရှိုင်းသော သွားရာများထဲမှ သွေးများပင် စိမ့်ထွက်နေလေသည်။ အန်းယန်သည် သူမ၏ လက်ရာကို အတော်လေး သဘောကျနေပုံရပြီး ရှုံ့မဲ့စွာ ပြုံးနေသော ရွှယ်အန်းကို မော့ကြည့်ကာ ရန်တွေ့သည့် လေသံဖြင့် မေးလိုက်လေသည်။

"ရှင့်ကို ဘာလို့ ကိုက်လဲဆိုတာ သိလား"

ဤကဲ့သို့သော အခိုက်အတန့်မျိုးတွင် ရွှယ်အန်းသည် တတ်နိုင်သမျှ အပြစ်ကင်းစင်ပြီး ဘာမှနားမလည်သော လူအတစ်ယောက်လို သရုပ်ဆောင်ရမည်ကို အလွန်ရှင်းလင်းစွာ သိထားလေသည်။ သူသည် မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်ဟန်ဖြင့် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

"ယန်အာ... မင်း ဘာတွေပြောနေလဲဆိုတာ ကိုယခ တကယ် နားမလည်ဘူးကွာ၊ ပြီးတော့ ဇနီးဖြစ်သူက ခင်ပွန်းကို ဒေါသထွက်လို့ဖြစ်ဖြစ်၊ ပျင်းလို့ဖြစ်ဖြစ် အကိုက်ခံရတာ သဘာဝပဲလေ၊ ဘာအကြောင်းပြချက်မှ ရှိစရာမလိုပါဘူး"

အန်းယန်သည် ရွှယ်အန်းအပေါ် အလွန် ဒေါသထွက်နေသယောင် ဟန်ဆောင်ထားသော်လည်း သူ၏စကားကြောင့် မနေနိုင်ဘဲ ရယ်မောလိုက်မိလေတော့သည်။

"သွားစမ်းပါ... ရှင်ပြောပုံအရဆို ကျွန်မက မိန်းမဆိုးကြီးကျနေတာပဲ"

အန်းယန်က နှုတ်ခမ်းဆူကာ ပြောလိုက်သည်။

"ဟီးဟီး... ယန်အာက မိန်းမဆိုးကြီးဆိုရင်တောင် စကြဝဠာ နယ်ပယ်ပေါင်းစုံမှာ အလှဆုံး မိန်းမဆိုးကြီး ဖြစ်မှာပါ"

ရွှယ်အန်းက ပြင်းပြလှသော အသက်ရှင်သန်လိုစိတ်ဖြင့် ရယ်မောကာ ပြောလိုက်လေသည်။

"အချိုလာမသတ်နဲ့၊ ရှင့်ကို မေးမယ်... ရှင် အပြင်တစ်ခေါက် ထွက်သွားတာနဲ့ ကောင်မလေးချောချောတစ်ယောက် ပါလာတာ ဘာသဘောလဲ၊ ကျွန်မသာ ဝင်မပါဘူးဆိုရင် ဒီစံအိမ်တော်ကြီးထဲမှာ အဲဒီလိုလူတွေနဲ့ အပြည့်ဖြစ်အောင် လုပ်မလို့လား"

ထိုကဲ့သို့သော အန္တရာယ်များလှသည့် စစ်ဆေးမေးမြန်းမှုကို ရင်ဆိုင်ရချိန်တွင် ရွှယ်အန်းသည် တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမနေဘဲ ချက်ချင်း ခေါင်းယမ်းလိုက်လေသည်။

"မဟုတ်ပါဘူး... တကယ် မဟုတ်ရပါဘူးကွာ"

အန်းယန်သည် ရွှယ်အန်းကို အတန်ကြာအောင် အကဲခတ်ကြည့်ပြီးနောက် အဆုံးတွင် ခေါင်းညိတ်လိုက်သည်။

"ဟွန့်... ရှင် မလုပ်ရဲဘူးလို့တော့ ထင်သားပဲ၊ မဟုတ်ရင် ကျွန်မရဲ့ ကတ်ကြေးက အမြဲတမ်း အဆင်သင့်ပဲနော်"

ထိုသို့ပြောပြီးနောက် အန်းယန်ကိုယ်တိုင်လည်း မနေနိုင်ဘဲ ရယ်မောလိုက်မိလေတော့သည်။အမှန်တွင် သူမသည် ရွှယ်အန်းအပေါ် ရာခိုင်နှုန်း တစ်ရာ့နှစ်ဆယ် အပြည့်အဝ ယုံကြည်မှုရှိလေသည်။ သို့သော် အမျိုးသမီးတစ်ဦးအနေဖြင့် မနာလိုမှု အရိပ်အယောင်လေးတစ်ခုကိုတော့ ခံစားရသည်ဖြစ်ရာ ရွှယ်အန်းကို ကစားသည့် သဘောမျိုးဖြင့် အပြစ်ပေးခြင်းကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦး ပျော်ရွှင်စွာ နောက်ပြောင်ပြီးနောက် ရွှယ်အန်းက အဆုံးတွင် တည်ကြည်စွာ ပြောလိုက်လေသည်။

"ယန်အာ... မင်း မမေးပေမဲ့လည်း ကိုယ် မင်းကို ပြောပြချင်သေးတယ်၊ ယန်မေရှူကို ဒီစံအိမ်တော်ထဲ ခေါ်လာတာက ဒဏ်ရာသက်သာဖို့ သက်သက်အတွက် မဟုတ်ဘူး"

"ဟင်... ဘာကို ဆိုလိုတာလဲ"

"အခု လီဟန်အရှင် သေသွားပြီဆိုပေမဲ့ လီဟန်ကောင်းကင်ဘုံက ငြိမ်းချမ်းဖို့ အဝေးကြီး လိုသေးတယ်၊ အစွမ်းထက်တဲ့သူတွေ အများကြီးရှိသလို အင်အားစုတွေကလည်း ရှုပ်ထွေးနေတာပဲ၊ ကိုယ်တို့က ဒီကမောက်ကမတွေထဲကနေ လက်ဆေးပြီး ထွက်သွားမယ်ဆိုရင်... ကိုယ်က လီဟန်အရှင်နဲ့ ဘာကွာတော့မှာလဲ"

အန်းယန်သည် တိတ်ဆိတ်စွာ နားထောင်နေရင်း ရွှယ်အန်းကို ကြည့်နေသော သူမ၏ အကြည့်များ တဖြည်းဖြည်း တောက်ပလာလေသည်။ ဤသည်ကပင် သူမ ဤယောကျ်ားကို ချစ်မြတ်နိုးရသည့် အကြောင်းရင်းပင် ဖြစ်လေသည်။

"အခု ကျန်းရွှင်းနန်က ရှောင်ထျန်းရဲ့ မျိုးဆက်ကို လွယ်ထားရတာဆိုတော့ သူမက ရှောင်ထျန်း ပြန်အလာကို ဒီနယ်ပယ်မှာ စောင့်နေရလိမ့်မယ်၊ ဆွေ့မန်နဲ့ ယုရန်တို့ကလည်း အသစ်ပြန်လည်မွေးဖွားလာကြပြီ၊ ယန်မေရှူကျတော့လည်း သူမရဲ့ စိတ်သဘောထားက အားကိုးလို့ရတဲ့သူ ဖြစ်နေတယ်၊ ဒါကြောင့် ဒီနယ်ပယ်ကို တည်ငြိမ်စေဖို့အတွက် ဒီအဖွဲ့ သုံးဖွဲ့စလုံးကို အင်အားစုတွေအနေနဲ့ ပြုစုပျိုးထောင်ပေးဖို့ ကိုယ် ဆုံးဖြတ်လိုက်တယ်"

"အဖွဲ့ သုံးဖွဲ့စလုံးလား"

"ဟုတ်တယ်... လူတွေရဲ့ စိတ်နှလုံးက စကြဝဠာကြီးထက်တောင် ပိုပြီး ကြောက်စရာကောင်းနိုင်တယ်၊ တကယ်လို့ ကိုယ်က အင်အားစု တစ်ခုတည်းကိုပဲ ပျိုးထောင်ပေးခဲ့ရင်... ကိုယ်တို့ ထွက်သွားပြီးတဲ့နောက်မှာ သူတို့က နောက်ထပ် လီဟန်အရှင် ဖြစ်မလာဘူးလို့ ပြောရခက်တယ်"

"ဒါကြောင့် ရှင်က သုံးဖွဲ့စလုံးကို အစွမ်းထက်အောင် လုပ်ပေးပြီး သူတို့ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းစေချင်တဲ့ သဘောပေါ့"

ရွှယ်အန်းက ထပ်မံ၍ ခေါင်းညိတ်လိုက်လေသည်။

"သေချာတာပေါ့"

"ယောက်ျား... ရှင် တကယ်ကို အမြော်အမြင် ကြီးတာပဲ၊ ဒါက အကောင်းဆုံးနည်းလမ်းပဲလို့ ကျွန်မ ထင်တယ်"

ရွှယ်အန်းသည် ပြုံးလိုက်ပြီးနောက် ပြတင်းပေါက်အပြင်ဘက်ရှိ မြင်ကွင်းကို မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ အရောင်လက်နေလေသည်။ သူ၏ အသိစိတ်ပင်လယ်အတွင်းတွင် လီဟန်အရှင်နှင့် ကျီဝေ့ကြယ်တာရာသခင်တို့ထံမှ ရရှိထားသော မှတ်ဉာဏ်ပုလဲ နှစ်လုံးသည်လည်း သဲ့သဲ့လေး တုန်ခါနေပြီးနောက် ဘုန်းကနဲ ပေါက်ကွဲထွက်သွားကာ ရွှယ်အန်း၏ နတ်ဘုရားအာရုံထဲသို့ ဒီရေလှိုင်းများကဲ့သို့ စီးဝင်လာသော မှတ်ဉာဏ်များအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

All Chapters