← Chapters

အခန်း (၁၂၄၀-၁၂၄၂)

Vol. 83 Ch. 1240-1242

အခန်း (၁၂၄၀-၁၂၄၂)

Vol. 83 Ch. 1240-1242

အခန်း (၁၂၄၀) - ကောင်းကင်ကို ဖောက်ထွင်းသွားသော တိမ်တိုက်မြားတစ်စင်း၊ သောင်းချီသော စစ်သည်ရဲမက်များ စုရုံးရောက်ရှိလာခြင်း

ရူးသွပ်စွာ အော်ဟစ်နေခဲ့သော ယန်မုန့်ထောင်ပင်လျှင် လုံးဝ ဆွံ့အမှင်တက်သွားခဲ့လေသည်။ အဘယ့်ကြောင့်ဆိုသော ကိုယ်နှုတ်အမူအရာ ကျက်သရေရှိမှုနှင့် ရုပ်ရည်သွင်ပြင် နှစ်ခုစလုံးတွင် အန်းယန်သည် သူမကို အကြိမ်တစ်ရာမက သတ်ဖြတ်ပြီးနောက် မြေကြီးထဲသို့ ပစ်ချကာ ပြင်းထန်စွာ နင်းခြေပစ်ရန် လုံလောက်သည်ထက်ပင် ပိုနေသောကြောင့် ဖြစ်သည်။ ဤမျှ ကြီးမားလှသော ကွာဟချက်ကြီးက ယန်မုန့်ထောင်ကို လုံးဝ အရူးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

အန်းယန်သည် ရွှယ်အန်း၏ အနီးသို့ ရောက်ရှိလာသောအခါ ရွှယ်အန်းက ပြောလိုက်လေသည်။

"ကဲ... အခု မင်း ဘယ်နေရာမှာ လိုနေလဲဆိုတာ သဘောပေါက်ပြီလား"

ဤကဲ့သို့ သေလုမတတ် ပြင်းထန်လှသော ထိုးနှက်ချက်အောက်တွင် ယန်မုန့်ထောင်၏ မျက်နှာမှာ ရူးသွပ်စွာ ပြောင်းလဲသွားပြီးနောက် ပြောလိုက်သည်။

"ကောင်းပြီလေ... ကျွန်မ ရှုံးတယ်ဆိုတာကို ဝန်ခံပါတယ်၊ ဒါပေမဲ့ အရှငိရွှယ်... ရှင် အရမ်းကြီး စောစောစီးစီး အောင်ပွဲခံမနေနဲ့ဦး၊ ဟိုမှာ မြင်လား... အပြင်မှာ စုရုံးလာတဲ့ အရပ်မျက်နှာ အသီးသီးက အင်အားစုတွေ ပိုပိုများလာပြီ၊ ဒီနေရာက ရှင့်ရဲ့ သင်္ချိုင်း ဖြစ်လာလိမ့်မယ်"

"ရှင် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားလို့ ကုသနေရတယ်ဆိုတဲ့ သတင်းကို ကျွန်မ အပြင်ကို ပို့လိုက်ပြီးပြီလေ၊ သတင်းတွေ ပြန့်သွားပြီဆိုတော့ သိပ်မကြာခင် လီဟန်ကောင်းကင်ဘုံက အစွမ်းထက်တဲ့သူတွေ အကုန်လုံး ဒီကို ပြေးလာကြတော့မှာပဲ၊ ရှင် တစ်ယောက်တည်း အကုန်လုံးကို ရင်ဆိုင်နိုင်မယ်လို့ တကယ် ထင်နေတာလား"

ယန်မုန့်ထောင်၏ မျက်နှာပေါ်တွင် ယုတ်မာရက်စက်သော အမူအရာတစ်ခု ပေါ်လွင်နေလေသည်။ လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး အထူးသဖြင့် ယန်မေရှူမှာ အလွန်အမင်း ဒေါသထွက်သွားလေသည်။ သူမသည် ရှေ့သို့ လက်ကနဲ ပြေးဝင်သွားပြီး ယန်မုန့်ထောင်၏ အဝတ်အစားများကို ဆွဲကိုင်၍ ပါးကို အချက်ပေါင်းများစွာ ရိုက်ချလိုက်လေတော့သည်။

ဖြန်း... ဖြန်း... ဖြန်း...

"ယန်မေရှူ... နင့်မှာ သတ္တိရှိရင် ငါ့ကို အခုပဲ သတ်လိုက်လေ၊ ဘာပဲဖြစ်ဖြစ် ငါသေသွားရင်တောင် နင်တို့လည်း သိပ်ကြာကြာ အသက်ရှင်ရမှာ မဟုတ်ဘူး"

ယန်မုန့်ထောင်က ယုတ်မာစွာ ရယ်မောလိုက်သည်။ ယန်မေရှူးသည် သူမ၏ ဓားမြှောင်ကို ဆွဲထုတ်ကာ လှုပ်ရှားရန် ပြင်လိုက်စဉ် ရွှယ်အန်းက ရုတ်တရက် သက်ပြင်းသဲ့သဲ့ ချလိုက်လေသည်။

"နေဦး"

"နောက်ဆုတ်လိုက်"

ရွှယ်အန်းသည် ယန်မုန့်ထောင်ကို အထက်အောက် အကဲခတ်ကြည့်လိုက်ရာ သူ၏ အကြည့်များ ကျရောက်သွားသော နေရာတိုင်းတွင် ယန်မုန့်ထောင်မှာ တစ်ကိုယ်လုံး တုန်ယင်သွားလေသည်။ ရွှယ်အန်းက ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။

"မင်းလိုလူမျိုးတွေရဲ့ အဓိက အရာတစ်ခုကို ငါ သတိထားမိတယ်၊ အဲဒါက ဘယ်တော့မှ မင်းရဲ့ အမှားမဟုတ်ဘူး၊ အမြဲတမ်း တခြားသူတွေရဲ့ အမှား၊ လောကကြီးရဲ့ အမှားလို့ သတ်မှတ်တတ်တာပဲ၊ ငါပြောတာ မှန်တယ်မလား"

"ဟုတ်တော့ရော ဘာဖြစ်လဲ၊ အရှင်ရွှယ်... ရှင်က အခု ဒီကနေ ဘယ်လို လွတ်အောင် ပြေးရမလဲဆိုတာကိုပဲ စဉ်းစားသင့်တာနော်၊ ဟားဟားဟား"

"ထွက်ပြေးမယ် ဟုတ်လား၊ ငါက ဘာကိစ္စ ထွက်ပြေးရမှာလဲ"

ရွှယ်အန်းက ပြုံးလိုက်သည်။

"လီဟန်ကောင်းကင်ဘုံက အစွမ်းထက်တဲ့သူတွေ အကုန်လုံး ဒီကို စုရုံးရောက်ရှိလာတဲ့အခါ ငါ ဘာလုပ်မလဲဆိုတာကို ကြည့်မယ်လို့ မင်း ခုလေးတင် ပြောခဲ့တယ်နော်၊ တကယ်တမ်း ငါလိုချင်တာကလည်း လူတိုင်း ဒီကို အပြေးအလွှား ရောက်လာကြဖို့ပဲ၊ ဘာလို့လဲဆိုတော့... ငါ လုပ်စရာတွေ အများကြီး ကျန်နေသေးလို့ပဲ"

ယန်မုန့်ထောင်က မယုံကြည်သလို လှောင်ပြောင်လိုက်လေသည်။

"လူကြောက်အောင် ဟန်ဆောင်နေတာပဲ"

ရွှယ်အန်းက အန်းယန်ဘက်သို့ လှည့်ကာ ညင်သာစွာ ပြောလိုက်လေသည်။

"ယန်အာ... တိမ်တိုက်မြားတစ်စင်း ပစ်လွှတ်လိုက်တာနဲ့ စစ်သည်ရဲမက်တွေ စုရုံးရောက်ရှိလာကြတယ် ဆိုတဲ့ စကားပုံကို မင်း ကြားဖူးလား၊ စစ်မှန်တဲ့ တိမ်တိုက်မြားဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ဒီနေ့ မင်းယောက်ျားက မင်းကို ပြမယ်"

ရွှယ်အန်း၏ မျက်ခုံးများ ပင့်တက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဗိမာန်တော်၏ အမိုးခုံးကြီးသည် ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ ပုံရိပ်သည် ကောင်းကင်ထက်၌ မားမားမတ်မတ် ရပ်တည်နေလေတော့သည်။ အဝေးရှိ လူအုပ်ကြီးမှာ အံ့ဩတကြီးဖြင့် လှုပ်လှုပ်ရွရွ ဖြစ်သွားကြလေသည်။

ရွှယ်အန်းသည် သဲ့သဲ့လေး ပြုံးလိုက်ရာ လူတိုင်းကို ထိတ်လန့်သွားစေလောက်သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာလေသည်။ ဤစွမ်းအားလှိုင်းအောက်တွင် နေနှင့် လတို့သည် ကောင်းကင်၏ ဗဟိုချက်တွင် လျင်မြန်စွာ နေရာယူသွားကြလေသည်။

ထို့နောက် ရွှယ်အန်းသည် လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး ကောင်းကင်ဆီသို့ လက်ညှိုးတစ်ချောင်း တည့်မတ်စွာ ညွှန်ပြလိုက်လေသည်။ သူ၏ လက်ချောင်းထိပ်မှ တောက်ပသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာကာ ကောင်းကင်ခုံးကြီးကို ဖောက်ထွင်းသွားလေတော့သည်။ ရွှယ်အန်း၏ အနောက်ဘက်တွင် ဧရာမ ပုံရိပ်ယောင်ကြီးတစ်ခု မြင့်တက်လာပြီး ကြာပန်းနီကြီး ဖြည်းညင်းစွာ ပွင့်လန်းလာသည်နှင့်အမျှ လီဟန်ကောင်းကင်ဘုံတစ်ခုလုံးရှိ လူတိုင်းမှာ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားကြလေသည်။

ကြာပန်းနီပေါ်မှ အင်မော်တယ်တစ်ပါးကဲ့သို့ ခမ်းနားကြီးကျယ်လှသော ရွှယ်အန်း၏ ပုံရိပ်ယောင်သည် စကြဝဠာကို တုန်လှုပ်သွားစေသော အသံကြီးဖြင့် ကြွေးကြော်လိုက်လေသည်။

"ဒီနယ်ပယ်က ငါ့ရဲ့ အမိန့်အောက်မှာ ရှိတယ်၊ အားလုံး လာရောက်ပြီး အရိုအသေပေးကြစမ်း မဟုတ်ရင်... ညှာတာမှုကင်းမဲ့တဲ့ သေမင်းနဲ့ ရင်ဆိုင်ရမယ်”

အခန်း (၁၂၄၁) ကောင်းကင်အမိန့်တော်ကို ကြေညာခြင်း၊ လောကတစ်ခုလုံး ဒူးထောက်အညံ့ခံခြင်း

ထိုစကားတစ်ခွန်းတည်းဖြင့် လီဟန်ကောင်းကင်ဘုံ တစ်ခုလုံး တုန်လှုပ်ချောက်ခြားသွားရသည်။

မရေမတွက်နိုင်သော ထူးချွန်သည့် ပါရမီရှင်များနှင့် နတ်ဘုရားအနွယ်ဝင် ဂိုဏ်းကြီးများအားလုံးသည် ကောင်းကင်ယံထက်မှ ထိုပုံရိပ်ယောင်ကြီးကို ငေးကြည့်ရင်း ကြောက်လန့်တကြား တုန်ယင်နေကြတော့သည်။ အဘယ်ကြောင့်ဆိုသော် ဝတ်စုံဖြူနှင့် လူငယ်လေး စကားပြောလိုက်သည့်ခဏ၌ လီဟန်ကောင်းကင်ဘုံ၏ ဝိညာဉ်စွမ်းအားများသာမက တောင်တန်းများ၊ မြစ်ချောင်းများနှင့် မြေပြင်တစ်ခုလုံးပါ တပြိုင်နက်တည်း တုန်ခါသွားပြီးနောက် အမိန့်တော်ကို ရိုသေစွာ ဦးညွှတ်လိုက်ကြသောကြောင့် ဖြစ်သည်။

ယခုအချိန်တွင် ရွှယ်အန်းသည် ထာဝရကာလကို ကျော်လွန်၍ ကောင်းကင်အမိန့်တော်ကို ထုတ်ပြန်နေသည့် ဧကရာဇ်တစ်ပါးကဲ့သို့ ရှိနေပြီး လောကတစ်ခုလုံးမှာ သူ၏ အလိုတော်အောက်၌ ဒူးထောက်နေကြရသည်။ ဤမျှကြီးမားသော နတ်ဘုရားအရှိန်အဝါမျိုးကို အရင်က လီဟန်အရှင်ပင်လျှင် မရရှိခဲ့ဖူးပေ။

"ချက်ချင်း လာရောက်ကြစမ်း... မဟုတ်ရင်တော့ သေမိန့်ပဲ"

ထိုစကားလုံးများအတွင်း ပါဝင်နေသော မာန်ထောင်လွှားမှုမှာ လူတစ်ယောက်ကို အရိုးထဲအထိ စိမ့်သွားစေရန် လုံလောက်လှသည်။ ခဏချင်းအတွင်းမှာပင် လီဟန်ကောင်းကင်ဘုံ တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် လီဟန်ဗိမာန်တော်ရှေ့၌ ရှိနေသူအားလုံးမှာလည်း မြေပြင်ပေါ်၌ ကြာမြင့်စွာကတည်းက ဒူးထောက်နေကြရပြီး တစ်ကိုယ်လုံး တုန်ယင်လျက် ခေါင်းပင် မမော့ရဲကြပေ။ ရွှယ်အန်းက ခပ်ဖွဖွ ပြုံးလိုက်ကာ သူ၏နောက်ကွယ်ရှိ ပုံရိပ်ယောင်ကြီးမှာ မျက်စိတစ်မှိတ်အတွင်း သူ၏ အသိစိတ်ပင်လယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။ ဤပုံရိပ်ကြီးမှာ ရွှယ်အန်း၏ အတိုင်းအဆမရှိသော နတ်ဘုရားအာရုံများဖြင့် ဖန်တီးထားသည့် ကိုယ်ပွားတစ်ခုပင် ဖြစ်သည်။

ထို့နောက် ရွှယ်အန်းသည် အရပ်မျက်နှာအနှံ့အပြားကို ငုံ့ကြည့်လိုက်ပြီးနောက်၊ ကြောင်အမ်းနေသော ယန်မုန့်ထောင်ကို ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။

"ကဲ... အခုတော့ ငါ ဘာလုပ်ဖို့ ကြံစည်ထားလဲဆိုတာ မင်း နားလည်ပြီလား"

ယန်မုန့်ထောင် တစ်ကိုယ်လုံး တုန်သွားပြီး ရွှယ်အန်းကို ထိတ်လန့်တကြား ကြည့်နေမိသည်။ အကြွင်းမဲ့စွမ်းအားရှေ့တွင် မည်မျှပင် တော်သော နည်းဗျူဟာများဖြစ်ပါစေ၊ ပူပြင်းလှသော နေရောင်အောက်မှ နှင်းများကဲ့သို့ အရည်ပျော်သွားရပြီး တစ်ချက်ကလေးပင် ပြန်မခုခံနိုင်ကြပေ။

ထိုခဏ၌ လီဟန်ကောင်းကင်ဘုံ၏ မြေပြင်အနှံ့မှ အလင်းတန်းများ ပွင့်ထွက်လာသည်။ မရေမတွက်နိုင်သော အစွမ်းထက်သူများသည် မြေပြင်မှ ပျံတက်လာကြပြီး လီဟန်ဗိမာန်တော်ရှိရာသို့ ဦးတည်ကာ အပြေးလာကြတော့သည်။ ကောင်းကင်ယံထက်၌ အလင်းတန်းများမှာ မြစ်တစ်စင်းကဲ့သို့ သိပ်သည်းနေပြီး၊ ကောင်းကင်၏ မူလအရောင်ပင် ပျောက်ကွယ်သွားကာ အဖြူရောင် အလင်းတန်းများ ဖုံးလွှမ်းသွားတော့သည်။

ခဏချင်းအတွင်းမှာပင် လီဟန်ဗိမာန်တော်ရှေ့၌ လူပင်လယ်ကြီးဖြင့် ပြည့်နှက်သွားတော့သည်။ လူပင်လယ်ကြီးအောက်တွင် ရွှယ်အန်းတစ်ဦးတည်းသာ မတ်မတ်ရပ်လျက် အေးစက်သော အကြည့်ဖြင့် စောင့်ကြည့်နေသည်။ သူ၏ အကြည့်အောက်တွင် အစွမ်းထက်သူများမှာ ဦးရေပြားများ ထုံကျဉ်လာပြီး မရည်ရွယ်ဘဲ ခေါင်းငုံ့လိုက်ကြရသည်။

အဆုံးတွင် လီဟန်ကောင်းကင်ဘုံရှိ အစွမ်းထက်သူအားလုံး ဤနေရာသို့ စုံစုံလင်လင် စုဝေးရောက်ရှိလာကြပြီ ဖြစ်သည်။ ပတ်ဝန်းကျင်မှာတော့ သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ခြောက်ခြားနေလေသည်။ အတန်ကြာမှ ရွှယ်အန်းက ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ... မင်းတို့အားလုံး စုံစုံလင်လင် ရောက်လာကြပြီဆိုတော့ ငါ့အတွက် အလုပ်ရှုပ် သက်သာသွားတာပေါ့"

"အရင်ဆုံး ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ၊ ငါ့နာမည်က ရွှယ်အန်းပါ၊ မင်းတို့ သိထားရမှာက... ဒီနယ်မြေကို အုပ်ချုပ်ခဲ့တဲ့ လီဟန်အရှင်ပ ငါ့လက်ချက်နဲ့ သေသွားပြီဆိုတာပဲ၊ အဲဒါဆို လုံလောက်ပါပြီ"

ရွှယ်အန်းက ခပ်အေးအေး ပြောလိုက်သည်။ ထိုစကားလုံးများက မိုးကြိုးပစ်လိုက်သကဲ့သို့ လူတိုင်းကို တုန်လှုပ်သွားစေသည်။ လီဟန်အရှင်သည် ဤနယ်မြေကို နှစ်ပေါင်းတစ်သောင်းတိုင် အုပ်ချုပ်ခဲ့သူဖြစ်ကာ လူအများက သူ့ကို အနှိုင်းမဲ့သူအဖြစ် သတ်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ထိုမျှ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးမှာ ဝတ်စုံဖြူနှင့် လူငယ်လေး၏ လက်ထဲတွင် ကျဆုံးသွားခဲ့လေသည်။

"ငါ မင်းတို့ကို ဒီမှာ စုခိုင်းတာက ကိစ္စတစ်ခုတည်း အတွက်ပါ၊ လီဟန်အရှင် မရှိတော့ပေမဲ့ ငါကတော့ ဒီနယ်မြေကို အုပ်ချုပ်ဖို့ စိတ်မဝင်စားဘူး၊ ဒါကြောင့် ငါ ဆုံးဖြတ်လိုက်တာက..."

ရွှယ်အန်းက အဝေးမှ ယန်မေရှူတို့ သုံးဦးကို ခေါင်းညိတ်ပြလိုက်သည်။ ယန်မေရှူ၊ ဆွေ့မန်နှင့် ကျန်းရွှင်းနန်တို့မှာ အသက်ကို ပြင်းပြင်းရှူကာ ရွှယ်အန်း၏ ရှေ့သို့ အတူတူ ပျံသန်းလာကြသည်။

"ဒီမိန်းကလေး သုံးယောက်ကို ငါ့ကိုယ်စား ဒီနယ်မြေကို အုပ်ချုပ်ဖို့ ငါ အမိန့်ပေးလိုက်တယ်"

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ လူအုပ်ကြီးမှာ အံ့ဩသွားကြပြီး ၎င်းတို့၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများ ပေါ်လာတော့သည်။ ယန်မုန့်ထောင်မှာမူ တစ်ကိုယ်လုံး တုန်ယင်နေပြီး သူမ၏ မျက်ဝန်းများမှာ မနာလိုမှုကြောင့် သွေးရောင်လွှမ်းလာကာ ကောင်းကင်ယံမှ ယန်မေရှုကို စိုက်ကြည့်နေတော့သည်။

သူ့ကို ဒီနယ်မြေကို အုပ်ချုပ်ခိုင်းတယ် ဟုတ်လား၊ ဘာလို့လဲ၊ ဘာလို့ အမြဲတမ်း သူမပဲ ဖြစ်နေရတာလဲ...

"ဒီအရှင်ရွှယ်က တကယ်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာပဲ၊ ယန်မေရှူတို့ သုံးယောက်က ဘယ်လို အင်အားနဲ့ ဒီနယ်မြေက အစွမ်းထက်သူတွေကို နှိမ်နင်းနိုင်မှာလဲ"

ယန်မုန့်ထောင်က အေးစက်စွာ ရယ်မောလိုက်မိသည်။ ရွှယ်အန်း၏ ဖိအားကြောင့်သာ မည်သူမျှ ကန့်ကွက်စကား မပြောရဲကြသော်လည်း သူ ထွက်သွားသည်နှင့် ရလဒ်က ဘာဖြစ်လာမည်ဆိုသည်မှာ စဉ်းစားစရာပင် မလိုတော့ပေ။ အင်အားမရှိဘဲနှင့် မည်သူမျှ တကယ်တမ်း အညံ့ခံလိမ့်မည် မဟုတ်ပေ။ ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။

"ငါပြောတာကို သဘောတူတဲ့သူတွေနဲ့ ကန့်ကွက်တဲ့သူတွေ ရှိရင် ပြောကြစမ်း"

လူအုပ်ကြီးမှာ တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

"ကျွန်တော်တို့ ကန့်ကွက်စရာ မရှိပါဘူး"

"သဘောတူပါတယ်"

ရွှယ်အန်းက ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ! မင်းတို့အားလုံး သဘောတူကြတယ်ဆိုတော့ ငါလည်း ဝမ်းသာပါတယ်၊ ဒါပေမဲ့... ပါးစပ်နဲ့ ပြောနေရုံနဲ့တော့ မလုံလောက်ဘူး၊ ငါ မင်းတို့ကို တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြရလိမ့်မယ်"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး လက်ကို မြှောက်ကာ အောက်သို့ ဖိချလိုက်လေသည်။ သို့သော် မည်သည့် အသံမျှ ထွက်မလာခဲ့သည့်အပြင် မည်သည့် ကြီးမားသော အရှိန်အဝါမျိုးမှလည်း မရှိချေ။ သို့သော် ထိုပေါ့ပေါ့ပါးပါး ဖိချလိုက်သော လက်ဝါးချက်အောက်တွင် လီဟန်မြို့တော်ရှိ အဆောက်အအုံများအားလုံးမှာ တစ်ပြိုင်နက်တည်း ပြိုကျပျက်စီးသွားပြီး တိတ်ဆိတ်စွာပင် အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။

အခန်း (၁၂၄၂) နတ်ဘုရားတွေအကုန် ဖယ်ပေးကြစမ်း

ဤသည်မှာ အစပျိုးရုံသာ ရှိသေးသည်။

၎င်းနောက်တွင် လီဟန်မြို့တော်၏ မြေပြင်သည်လည်း တစ်စစီ ကြေမွပျက်စီးကာ ဘာမှမရှိသော ဟာလာဟင်းလင်းပြင်အဖြစ် ပြောင်းလဲသွားပြီးနောက် အောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြိုကျသွားတော့သည်။ ခဏချင်းအတွင်းမှာပင် အစောကတင် မားမားမတ်မတ် တည်ရှိနေခဲ့သော လီဟန်မြို့တော်ကြီးမှာ အဆုံးမဲ့သော ချောက်နက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

လီဟန်ဗိမာန်တော် ပတ်ဝန်းကျင်ရှိ မြေကွက်လပ်လေးသာလျှင် အကောင်းအတိုင်း ကျန်ရစ်ခဲ့ကာ အဝေးမှ ကြည့်လျှင် ချောက်နက်ကြီးထဲရှိ သီးခြားကျွန်းငယ်လေးတစ်ခုနှင့်ပင် တူနေတော့သည်။

လက်ဝါးချက်တစ်ချက်တည်း၏ စွမ်းအားမှာ ဤမျှအထိ ပြင်းထန်လှပေသည်။ လူတိုင်းမှာ ထိတ်လန့်တကြား ငေးကြည့်နေမိကြပြီး သူတို့၏ ဦးနှောက်များမှာ လုံးဝ ဗလာဖြစ်သွားကြတော့သည်။

အဘယ်ကြောင့်ဆိုသော် ဤမြင်ကွင်းက ပြသနေသော စွမ်းအားမှာ လူအများ၏ စိတ်ကူးစိတ်သန်းကိုပင် ကျော်လွန်နေသောကြောင့် ဖြစ်သည်။ ထိုခဏ၌ ရွှယ်အန်းက သူ၏ လက်ဝါးကို ဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းလိုက်ပြီး တစ်ကွင်းလုံးကို ဝေ့ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။

"ဒီလက်ဝါးချက်ကို... မင်းတို့ အားလုံး မြင်လိုက်ကြလား"

မည်သူမျှ စကားတစ်လုံးတည်းပင် ထပ်မပြောရဲကြတော့ပေ။ ဤကဲ့သို့သော စွမ်းအားရှေ့တွင် သူတို့ လုပ်နိုင်သည်မှာ တညီတညွတ်တည်း ဦးညွှတ်ကာ သူတို့၏ ကြောက်ရွံ့မှုကို ပြသရန်သာ ရှိတော့သည်။ ရွှယ်အန်းက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။

"မင်းတို့ မြင်လိုက်ကြတယ်ဆိုရင်တော့ ကောင်းတာပေါ့"

ထိုသိာ့ပြောပြီးသည်နှင့် ရွှယ်အန်းက သူ၏ လက်ညှိုးကို ကလောင်တံအဖြစ် အသုံးပြုလျက် လေထဲတွင် ရေးဆွဲလိုက်သည်။ သူ၏ လက်ဖျား လှုပ်ရှားရာတစ်လျှောက် ရွှေရောင်အလင်းတန်းများ စုစည်းလာပြီး၊ မကြာမီမှာပင် အလွန်တရာ ဆန်းကြယ်ရှုပ်ထွေးလှသော တံဆိပ်အစီအရင်တစ်ခု ပေါ်လာလေသည်။ ရွှေရောင်တံဆိပ်အစီအရင် ဖြစ်ပေါ်လာသည်နှင့် ၎င်းမှာ အသာအယာ တုန်ယင်သွားပြီး သုံးခုအဖြစ် ကွဲထွက်သွားသည်။ ရွှယ်အန်းက လက်ကို မြှောက်ကာ တစ်ခုချင်းစီကို လက်ဝါးဖြင့် ရိုက်နှက်လိုက်လေသည်။

ဝုန်း!

လက်ဝါးချက် ထိမှန်သည်နှင့် တံဆိပ်ဂါထာ သုံးခုလုံးမှ တောက်ပသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး၊ အလွန်အမင်း ပြင်းထန်သော နတ်ဘုရားအရှိန်အဝါများ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားတော့သည်။ ရွှယ်အန်းက လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ ထိုရွှေရောင်အလင်းလုံးများမှာ ယန်မေရှူ၊ ဆွေ့မန်နှင့် ကျန်းရွှင်းနန်တို့၏ မျက်ခုံးနှစ်ခုကြားသို့ တိုက်ရိုက် စီးဝင်သွားတော့သည်။

ရွှေရောင်အလင်းများ လှည့်ပတ်သွားပြီးနောက် ပန်းပွင့်ပုံသဏ္ဌာန် တံဆိပ်လေးများအဖြစ် အဆုံးသတ်သွားလေသည်။ ရွှယ်အန်းက လက်နှစ်ဖက်ကို နောက်ပစ်လျက် အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။

"ဒီတံဆိပ်ဂါထာတွေထဲမှာ ငါ့ရဲ့ လက်ဝါးချက်စွမ်းအားတွေ ကိန်းအောင်းနေတယ်၊ တကယ်လို့ ကန့်ကွက်တဲ့သူ ရှိလာရင် ဒီအစီအရင်တွေကို သုံးပြီး သူတို့ကို နှိမ်နင်းလိုက်ကြ၊ နားလည်လား"

အမျိုးသမီး သုံးယောက်လုံး တုန်လှုပ်သွားကြပြီး ရွှယ်အန်း၏ ရည်ရွယ်ချက်ကို နားလည်သွားကြကာ လေးနက်သော အမူအရာဖြင့် တညီတညွတ်တည်း ဦးညွှတ်လိုက်ကြသည်။

"နားလည်ပါပြီ အရှင်"

နေရာတစ်ခုလုံးမှာ လေတိုက်သံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။ အခွင့်အရေး စောင့်နေကြသော အစွမ်းထက်သူအားလုံးမှာလည်း နှင်းခါးရိုက်ခံလိုက်ရသည့် ခရမ်းသီးများကဲ့သို့ ညှိုးနွမ်းသွားကြတော့သည်။ ရွှယ်အန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"အခုကစပြီး ဒီသုံးယောက်က ငါ့ကိုယ်စား ဒီနယ်မြေကို အုပ်ချုပ်လိမ့်မယ်၊ မင်းတို့အားလုံး နားလည်ကြရဲ့လား"

"နားလည်ပါပြီ၊ ကျွန်တော်တို့ အားလုံး နားလည်ပါတယ်"

အခွင့်အရေးသမား အတော်များများက အမြန်ပင် ပြန်ထူးလိုက်ကြသည်။ ရွှယ်အန်းက ထိုမြှောက်ပင့်စကားများကို နားထောင်ရန် စိတ်မပါသဖြင့် လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းပြလိုက်သည်။

"နားလည်ရင်လည်း အားလုံး အခုပဲ ပြန်ကြတော့၊ မှတ်ထားကြ... စကားနားမထောင်တဲ့သူကိုတော့ ငါ လုံးဝ သနားမှာ မဟုတ်ဘူး"

နောက်ဆုံးစကားလေးလုံးမှာ အလွန်ပင် ပြတ်သားပြီး အရိုးထဲအထိ အေးစက်သွားစေသည်။ လူတိုင်း၏ ကျောပြင်တွင် ချွေးစေးများ ထွက်လာပြီးနောက် ရွှယ်အန်းကို ရိုသေစွာ ဦးညွှတ်ကာ တိတ်ဆိတ်စွာ ဆုတ်ခွာသွားကြတော့သည်။ ယန်မေရှူမှာ ရွှယ်အန်း၏ ပုံရိပ်ကို ငေးကြည့်နေမိပြီး၊ သူမ၏ စိတ်ထဲတွင် စကားတစ်ခွန်း ပေါ်လာသည်။

"ရွှယ်အန်း ရှိနေတဲ့နေရာမှာ... နတ်ဘုရားတွေအကုန် ဖယ်ရှားပေးကြရမယ်"

တစ်ချိန်တည်းမှာပင် ရွှယ်အန်းက သူ၏ ရှေ့၌ ကြောင်အမ်းနေသော ယန်မုန့်ထောင်ကို ငုံ့ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။

"ကဲ... အခု မင်း ဘာပြောချင်သေးလဲ"

ယန်မုန့်ထောင် တုန်လှုပ်သွားပြီး သူမ၏ မျက်ဝန်းထဲ၌ အဆုံးမရှိသော ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုများက အစားထိုးဝင်ရောက်လာသည်။

"အစ်မကြီး... ညီမ မှားသွားမှန်း သိပါပြီ၊ ကျေးဇူးပြုပြီး..."

သူမ စကားမဆုံးမီမှာပင် ယန်မေရှူက မျက်မှောင်ကြုတ်လိုက်ပြီး လက်ညှိုးဖြင့် တစ်ချက် ထိုးလိုက်လေသည်။ ယန်မုန့်ထောင်၏ ခန္ဓာကိုယ်မှာ တောင့်ခဲသွားပြီး သူမ၏ မျက်ဝန်းအတွင်းရှိ အလင်းတန်းများမှာ ခဏချင်း မှိန်သွားတော့သည်။ သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် ဇဝေဇဝါဖြစ်မှု အရိပ်အယောင်များ ကျန်ရစ်လျက် သေဆုံးသွားတော့သည်။

ယန်မုန့်ထောင်၏ ခန္ဓာကိုယ် လဲကျသွားချိန်တွင် ရွှယ်အန်းက ပြုံးယောင်သန်းလျက် ခေါင်းညိတ်ပြလိုက်သည်။

"တော်တယ်၊ မင်း သူ့ကို သတ်ဖို့အတွက် အခက်အခဲတွေ အများကြီး ကြုံရဦးမယ်လို့ ငါ ထင်နေတာ"

ယန်မေရှူက ပြုံးလိုက်သည်။

"သူက သူ့သေတွင်း သူတူးခဲ့တာပဲလေ၊ သေခါနီး လူတစ်ယောက်အတွက် စကားတွေ အများကြီး ပြောနေဖို့ ဘာလိုမှာလဲ"

သူတို့ ရယ်မောသံများကြားတွင် ယန်ယန်သည် ယန်မေရှူအနားသို့ ပျာပျာသလဲ ပြေးလာပြီး မျက်နှာချိုသွေးကာ ပြောတော့သည်။

"မေ... မေရှူ၊ ဖေဖေ ရုတ်တရက် နေလို့မကောင်းသလို ခံစားနေရလို့ မိသားစုအကြီးအကဲ နေရာကို ဆက်ပြီး မယူနိုင်တော့ဘူး၊ ဒီတာဝန်ကို သမီးပဲ ဆက်ယူလိုက်တော့နော်"

ရွှယ်အန်းက ပြုံးလျက် ပြောလိုက်သည်။

"ဒါက မင်းတို့ မိသားစုကိစ္စပဲလေ၊ မင်း သဘောကျသလိုပဲ စီစဉ်လိုက်ပါ"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် အန်းယန်နှင့် ဟွီယင်းတို့ကို ခေါ်ကာ ဗိမာန်တော်အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။ ယန်မေရှူက တုန်ယင်နေသော ယန်ယန်ကို ငုံ့ကြည့်ကာ ခဏမျှ စဉ်းစားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။

"အဖေ... အခြေအနေက ဒီလိုဖြစ်လာပြီဆိုတော့လည်း သမီးပဲ မိသားစုအကြီးအကဲ တာဝန်ကို ယူပါ့မယ်"

တစ်ချိန်တည်းမှာပင် ရွှယ်အန်းတို့မှာမူ ဗိမာန်တော်အတွင်းရှိ လျှို့ဝှက်နယ်မြေတစ်ခုသို့ ရောက်ရှိသွားကြသည်။ အန်းယန်သည် ထိုနေရာရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများ ပြူးထွက်သွားပြီး အံ့ဩတကြီး ဖြစ်သွားရှာသည်။ အဘယ်ကြောင့်ဆိုသော် ထိုလျှို့ဝှက်နယ်မြေအတွင်း၌ အတိုင်းအဆမရှိသော ရတနာပုံကြီး တည်ရှိနေသောကြောင့် ဖြစ်သည်။

All Chapters