အခန်း ၁၉၀-အရင်ဆုံး ငွေအနည်းအကျဉ်းရှာခြင်း
Vol. 002 Ch. 190
လူရုပ်ဆိုးဆိုင်ဆီ တစ်ခါပြန်လာခဲ့တော့ သူမကို ကြိုရန်ထွက်လာသောဆိုင်ရှင်မှာ အရင်တစ်ခေါက်က လူပင်ဖြစ်သည်။
"သခင်လေးကို ဘာများကူညီပေးရမလဲခင်ဗျာ" ဟု ဆိုင်ရှင်က ဂရုတစိုက်မေးလိုက်လေသည်။ ရှီမာယူယူ၏ စွမ်းအားအဆင့်အတန်းကို ဆိုင်ရှင်သေချာမသိသော်လည်း သူမ၏ကိုယ်ရောင်ကိုယ်ဝါအားကောင်းမှုကိုတော့ ခံစားမိနေသည်။
ဆိုင်ရှင်၏ အပြုအမူကို ကြည့်ကာ ရှီမာယူယူသည် သူမ၏သရုပ်အမှန်ကို သူ မပြောနိုင်မှန်းသိလိုက်သည်။
"တစ်ခုခု ရောင်းစရာရှိလို့လာတာ" ဟု မိုရှာက ပြောလိုက်သည်။
"ပုံမှန်ရောင်းဖို့လား ဒါမှမဟုတ် လေလံပွဲမှာများ ပါဝင်ချင်ပါသလားခင်ဗျာ"
"လေလံပွဲမှာပါမှာပါ"
"အဲ့လိုဆိုရင် လေလံပွဲကျင်းပနေတဲ့ သုံးထပ်ကို သွားဖို့ ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါ"
ရှီမာယူယူလည်း ဆိုင်ရှင်နောက်ကို လိုက်ခဲ့လေသည်။သခင်ကြီးလီကို မဖိတ်ခေါ်ခင် ဆေးလုံးရောင်းရန်လာခြင်း ဖြစ်ကြောင်း ကိုစစ်ဆေးလေသည်။
"အဲ့ သခင်လေးက ဘာဆေးလုံးရောင်းချင်တာလည်း" သခင်ကြီးလီသည် သူတစ်ယောက်တည်း လေ့လာမှုဖြင့် ထိုသူ၏ စွမ်းအားကို ခန့်မှန်း၍ မရနိုင်ပေ။
"အဲ့တာကို ဒီမှာပြောလို့အဆင်မပြေဘူး နေရာပြောင်းရအောင်" ဟု မိုရှာကပြောသည်။
သခင်ကြီးလီလည်း ချက်ချင်းသဘောပေါက်လိုက်သည်။ တခြားပွဲတွင် အရည်အသွေးကောင်းသော ပစ္စည်းများရှိသည်ကို သိသည်။ " အထူးအခန်းသို့ လိုက်ခဲ့ပါ" ဟုဖိတ်ခေါ်လေသည်။
သခင်ကြီးလီလည်း သူမကို စတုတ္ထအထပ်သို့ ခေါ်ဆောင်ခဲ့လေသည်။ စတုတ္ထထပ်သည် အတော်ကျယ်ဝန်း၍ အခန်းအနည်းငယ်သာရှိသည်။ အခန်းတိုင်းကို အဆင့်မြင့်မြင့် အလှဆင်ထား၍ အသံလုံအခန်းများဖြစ်ကြသည်။
အစေခံမိန်းကလေးသည် လက်ဖက်ရည်လာပေး၍ ရှီမာယူယူလည်း တစ်ကျိုက်သောက်လိုက်သည်။ လက်ဖက်ရည်အရသာသည် အရင်တစ်ခေါက်ထက်ပင် ပို၍ကောင်းမွန်နေသည်။
"ဘယ်လို ဆေးလုံးမျိုးရောင်းချင်တာလည်း သိခွင့်ရမလား" ဟု သခင်ကြီးလီသည် ထပ်မံမေးမြန်းလေသည်။
ရှီမာယူယူလည်း ကျောက်စိမ်းပုလင်းလေးကို ထုတ်ကာ စားပွဲခုံပေါ်သို့တင်ရင်း " ဒီဆေးလုံးက ခင်ဗျားတို့ရဲ့ လေလံပွဲတစ်ခုလုံးရဲ့ အတောက်ပဆုံးဖြစ်လိမ့်မယ်" ဟု ပြောလိုက်သည်။
ဒီဆေးလုံးက ဆဌမမြောက်ဆေးလုံးထက် ပိုပြီးအံ့သြစရာကောင်းပါ့မလားဟူသော သံသယဖြင့် သခင်ကြီးလီလည်း ပုလင်းကို ယူလိုက်လေသည်။
ဆေးလုံးသည် လေးမျိုးသောရွှေရောင်သာရှိ၍ တခြားထူးထူးခြားခြားမရှိပေ။ အနံ့မှာလည်း အနီးကပ်၍ ရှုမှ ရလေသည်။
သခင်ကြီးလီသည် အဆင့်ငါးရှိ တန်ဖိုးဖြတ်ဖြစ်သော်လည်း ဆန့်ကျင်ရေးတစ်ရာ ဆေးလုံးကို မမြင်ဖူး၍ " ဒါဘာဆေးလုံးလည်း" ဟု သံသယဖြင့်မေးလေသည်။
"ဆန့်ကျင်ရေးတစ်ရာ ဆေးလေ ဘယ်လိုထင်လဲ" ဟု မိုရှကပြောလေသည်။
သခင်ကြီးလီ၏ လက်များတုန်လာ၍ ဆေးလုံးပင် စားပွဲပေါ်သို့ပြုတ်ကျလုမတတ်ဖြစ်လာသည်။
"ဆန့်ကျင်ရေးတစ်ရာ ဆေး"
သခင်ကြီးလီသာမက အစေခံမိန်းကလေးပါ ထိတ်လန့်သွားလေသည်။
ဆေးဆရာဖြစ်လျှင် ဆန့်ကျင်ရေးတစ်ရာ ဆေးလုံးကို မကြားဖူးသူမရှိပါ။ သို့သော်လည်း ရီလင်းတိုင်းပြည်တွင် ထိုဆေးဖော်စပ်နည်း ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်၍ ထိုဆေး၏ နာမည်နှင့် ပုံပန်းသာန်ကိုသာ ဖူးနားဝသာရှိသည်။
ထို့ကြောင့်သာ ဆေးလုံးနာမည်ကြားသောအခါ လွန်စွာတုန်လှုပ်၍ ပြောစရာစကားပျောက်ဆုံးနေခြင်းဖြစ်သည်။
"ဒါတကယ်ပဲ ဆန့်ကျင်ရေးတစ်ရာ ဆေးလုံးလား"ဟုမေးရင်း သူ့လက်ထဲရှိဆေးလုံးသည် လွန်စွာလေးလံ လာသည်ဟု သခင်ကြီးလီ ခံစားလာရသည်။ ဖိအားများလွန်း၍ အသက်ရှုဖို့ပင် ခက်ခဲလာသည်။
"ခင်ဗျားတို့ဆီမှာ အဆင့်အမြှင့်ဆုံးတန်ဖိုးဖြတ်သခင်ရှိတယ်မလား" ဟု မိုရှားကမေးလေသည်။
သခင်ကြီးလီလည်း ထိုမှ ပြန်လည်လှုပ်ရှားလာပြီး "ဟိုသခင်ကြီးကို သွားခေါ်ချေ" ဟု သူ့လူကို ပြောလိုက်လေသည်။
ထိုဆေးလုံးသည် အမှန်တကယ် ဆန့်ကျင်ရေးတစ်ရာ ဆေးလုံးဖြစ်ပါက ဒီလေလံပွဲ၏ အဓိကဖြစ်လာ၍ ဆဌမအဆင့် ဆေးလုံးကိုပင် နောက်သို့ပို့ရမည် ဖြစ်သည်။
အဆင့်မြှင့်အသက်ကြီးကြီးဆေးဆရာတစ်ယောက် ရှီမာယူယူတို့ အခန်းထဲသို့ ခပ်သွက်သွက်ပင် ဝင်လာ၍ "ဆန့်ကျင်ရေးတစ်ရာ ဆေးလုံးဘယ်မှာလည်း" ဟုမေးလေသည်။
သခင်ကြီးလီလည်း ပုလင်းကို လက်ကမ်းပေးလိုက်သည်။ ဆေးဆရာလည်း ပုလင်းထဲမှ ဆေးလုံးကို ထုတ်၍ ကြည့်လေသည်။
"ဟုတ်တယ် ဟုတ်တယ် ဒီဟာပဲ" ဆေးဆရာလည်း ဆေးလုံးကိုကြည့်ရင်း မျက်ရည်များကျလာလေသည်။ "ကျွန်တော့်ဘဝမှာ ဒီဆေးလုံးကို မျက်မြင်ကိုယ်တွေ့ မြင်ရမယ်လို့ မထင်ခဲ့မိဘူး ကံကောင်းတဲ့ဘဝ ပါလားနော်"
" အဲ့ဒါတကယ်ပဲ ဆန့်ကျင်ရေးတစ်ရာဆေး လား သခင်ကြီး" သခင်ကြီးကမေးလေသည်။
" ဟုတ်တယ် ဆန့်ကျင်ရေးတစ်ရာ ဆေးပဲ" ဆေးဆရာကြီးက သေချာကြောင်းပြောလေသည်။
" အဲ့နှစ်က ကံကောင်းပြီးတော့ အဲ့ဆေးလုံးကို မြင်တွေ့ခဲ့ရတာကို ကျွန်တော့်တသက်လုံး မေ့နိုင်မှာ မဟုတ်ဘူး ဆေးဖော်စပ်နည်းမရခဲ့ရတာကိုတော့ ဝမ်းနည်းမိတယ်ဗျာ"
" ဖော်စပ်နည်း ပျောက်ဆုံးသွားခဲ့တာ ကြာပြီမဟုတ်လား"
"ရီလင်းတိုင်းပြည်ပေါ်မှာတော့ ပျောက်ဆုံးသွားခဲ့ပေမဲ့ တခြားနေရာတွေမှာရှိနိုင်ပါ သေးတယ်" ဟု ဆေးဆရာ ကြီး ကပြောလေသည်။ "ဒီဆေးကို ဒီကသခင်လေးဖော်စပ်တာပါလားလို့ အရဲစွန့်ပြီးမေးပါရစေ"
ရှီမာယူယူလည်း ထိုင်ခုံနောက်မှီကို မီလျက် "အဲ့မေးခွန်းက ဒီလေလံပွဲနဲ့ ဘာမှမဆိုင်ဘူးမလား" ဟုမေး လိုက်သည်။
ဆေးဆရာကြီးလည်း စိတ်လှုပ်ရှားနေခြင်းကို ဘေးချိတ်ပြီး ဆေးကို ပုလင်းထဲပြန်ထည့်ရင်း " မဆိုင်ပါဘူးခင်ဗျ" ဟုဖြေလိုက်လေသည်။ "ဒီဆေးကိုမြင်ခဲ့ရပြီး အဲ့အကြောင်းကိုစဉ်းစားနေမိတာ နှစ်ပေါင်းများစွာကြာပါပြီ။ ဒီနေ့လိုနေ့မှာ ပြန်တွေ့ရမယ်လို့မထင်ခဲ့မိအတွက် စပ်စုခြင်းပါ။ ကျွန်တော့်ဘဝရဲ့ ဆန္ဒကိုပြည့်ဝချင်လို့ မေးမြန်းခြင်းသာဖြစ်ပါတယ်" ဟုဖြေကြားလေသည်။
"ခင်ဗျားမေးတာ မှန်ပါတယ် ကျွန်တော်ကိုယ်တိုင် ဖော်စပ်တာပါ" ဟု မိုရှားက ပြောလိုက်သည်။
"သခင်လေး ဖော်စပ်တာမှန်တယ်ပေါ့" ဟု ဆေးဆရာကြီးလည်း အားရဝမ်းသာပြောလေသည်။ " ဒီဆေးဖော်စပ် နည်းလေးကို ပြန်ပြီးရောင်းဖို့ စိတ်ကူးများရှိသလားလို့ မေးချင်ပါတယ်"
မိုရှာလည်း ခေတ္တခဏ စဉ်းစား၍ " အရင်ဆုံး ဒီဆေးကို ဘယ်လောက်ကနေစပြီး ဈေးခေါ်ပေးမလဲ ဆိုတာ အရင်ပြောပေးပါ" ဟု ပြောလိုက်လေသည်။
"ဒီ ဆန့်ကျင်ရေးတစ်ရာ ဆေးလုံးက ဆေးတွေအားလုံးထဲမှာ ဈေးအကြီးဆုံးဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ဆဌမဆေးလုံးထက်ပင် ဈေးပိုပေးပြီး ရွှေပြား ၂၀,၀၀၀ ကနေစပြီး ခေါ်ပေးမှာပါ" ဟု ဆေးဆရာကြီး က ပြောလေသည်။
"ရွှေပြား ၂၀,၀၀၀" ရှီမာယူယူလည်း သက်ပြင်းချပြီး ပြောလိုက်လေသည်။
ရှီမာယူယူ အံ့သြသွားသည်ကို သိ၍ ဆေးဆရာကြီးလည်း အလျှင်အမြန်ပင် " ဈေးပေးတာနည်း တယ်လို့များ ခံစားရလို့လား သခင်လေး" ဟု မေးလိုက်လေသည်။"ဈေးအမြင့်ကြီးတွေနဲ့မစတာ ဒီလေလံပွဲရဲ့ ထုံးစံမို့ပါ။ တကယ်လို့ ဒီဆေးလုံး ၄ လုံးအကုန်သာ လေလံတင်မယ်ဆိုရင် တစ်လုံးချင်းဆီက ၁၀,၀၀၀ ဝန်းကျင်ရနိုင်ပါတယ်"
ရှီမာယူယူလည်း ခုံကို လက်နှင့်ခေါက်လျက် စဉ်းစားလေသည်။ "ဆေးလုံး ၁လုံးကို ၁၀,၀၀၀ ဆိုရင် ၄ လုံးမှ ၄၀,၀၀၀ ပဲရမှာ။ ဝူရန်ဖေဆီက ၁၀,၀၀၀ နှင့်ပေါင်းမှ ၅၀,၀၀၀ ပဲရှိမှာ။ ထိုပမာဏဆိုရင် လုံလောက်ပြီဟု သူမယူဆလိုက်သည်။
"ကောင်းပြီလေ အဲ့တာဆိုလည်း ခင်ဗျားပြောတဲ့ဈေးကနေ စကြတာပေါ့" ဟု မိုရှာက ပြောလိုက်လေသည်။
ဆေးဆရာကြီးလည်း နံပါတ်ပြားတစ်ခုကို ထုတ်ယူလျက် "ဒါကတော့ သခင်လေးရဲ့ နံပါတ်ပြားပါ။ ဒီနံပါတ်ပြားက အခုလေလံပွဲအတွက်ပါ။နောက်တစ်ခု အပြာရောင်နံပါတ်ပြားက ကျွန်တော့် လေလံပွဲရဲ့ အထူး ဧည့်သည်တွေပဲ ကိုင်ဆိုင်တာပါ။ နောက်ဆို ကျွန်တော်တို့ ဆိုင်ခွဲတွေထဲက မည်သည့် ဆိုင်မှ ဘာပစ္စည်းဝယ်ဝယ် ၁၅ ရာခိုင်နှုန်း လျှော့ဈေးရမှာ ဖြစ်ပါတယ်။" ဟုပြောသည်။
ရှီယူယူလည်း အခန်းအတွင်းမှ လှည့်မထွက်ခင် နံပါတ်ပြားနှင့် အပြာရောင်နံပါတ်ပြားကို သိမ်းလိုက်လေသည်။
"ဧည့်သည်တော်ကြီး ခဏစောင့်ပါဉီး" ဟု ဆေးဆရာကြီးက ရှီမာယူယူကို ခေါ်လိုက်လေသည်။
"ဘာကိစ္စများရှိလို့လဲ"
"သခင်လေးရဲ့ဆေးလုံးဖော်စပ်နည်းလေးများ လေလံပွဲမှာ ရောင်းချနိုင်မလားဆိုတဲ့ကိစ္စပါ" ဆေးဆရာကြီးကပြောသည်။
"ဆေးဖော်စပ်နည်းရောင်းချဖို့ ကိစ္စလား"
"ဟုတ်ပါတယ် သခင်လေးများ ရောင်းဖို့ဆန္ဒရှိရင် ဆန့်ကျင်ရေးတစ်ရာ ဆေးဖော်စပ်နည်းအတွက် ကျွန်တော်တို့ ရွှေပြား ၃၀,၀၀၀ ပေးပြီးဝယ်မှာပါ"
"ရွှေပြား ၃၀,၀၀၀" ရှီမာယူယူလည်း သူမ၏မျက်ခုံးကို ပင့်လျက် မေးလိုက်လေသည်။ ထို့နောက် " ဒီ ဆန့်ကျင် ၁၀၀ ဆေးရဲ့ တန်ဖိုးရယ် ဖော်စပ်နည်းက ပျောက်ဆုံးနေတယ်ဆိုတာရယ် ခင်ဗျားသိသားပဲ။ အခုပေးတဲ့ ရွှေပြား ၃၀,၀၀၀ က……" ဟုဆက်ပြောလိုက်သည်။
လူရုပ်ဆိုးဆိုင်ကနေ သူမပြန်ခဲ့တော့ သူမ၏ ငွေထည့်သော ကွင်းတွင် ရွှေပြား ၅၀,၀၀၀ ဖြင့် ပြည့်၍နေပေသည်။
" ဒါကတော်တော်ကြီး စီးပိုးပြီးပေါင်းထားတာပဲ မင်းသာ ၅၀,၀၀၀ ထုတ်ယူသွားရင် ဘာမှမတတ်နိုင်ဘူး"
သို့သော်လည်း ထိုမျှပမာဏငွေကို ဒီလောက်လွယ်လွယ်နှင့် ရမည်ကို သူမ မထင်ခဲ့ပါ။ ထိုဆေးဆရာများ လက်ခံနိုင်စရာမရှိအောင် မာနကြီးသည်မှာ အံ့သြဖွယ်မရှိပါ။ ထိုဆေးလုံးကိုဖော်စပ်နိုင်ပါက ငွေ အလွယ်ရနိုင်သော လမ်းပင်ဖြစ်သည်။
လမ်းကြားလေးကို တစ်ခေါက်ပြန်လာခဲ့ပြီး သူမ အဝတ်ပြန်လဲနေသောအချိန်တွင် အနီးအနားတွင် မည်သူမျှမရှိသည်ကို သေချာအောင်စစ်ဆေးသည်။ အဝတ်လဲပြီး၍ ရဲရဲရင့်ရင့်ပင် သူမပြန်ထွက်လာခဲ့သည်။
"ရပ်လိုက်"
လမ်းကြားထဲမှအထွက် သူမ မတွေ့ချင်ဆုံးသူနဲ့မှ တွေ့လေသည်။
ရှင်းဝမ်လည်း ရှီမာယူယူကို ရပ်အောင် ဆွဲလိုက်လေပြီး " ဒီနေ့ကို သဲစင်ရော်တွေနဲ့ အတူပုန်းမနေဘဲ ဒီမှာဘာလုပ်နေတာလဲ" ဟု မေးလိုက်သည်။
ရှီမာယူယူလည်း ရှင်းဝမ် ကို စိတ်ပျက်စွာ ကြည့်လိုက်သည်။ သူမအမုန်းဆုံး သူကိုမှ လာတွေ့နေရသည်။" ခွေးလိမ္မာဆိုတာ လမ်းမပိတ်ဘူး နင်က အခုငါ့ရှေ့မှာဘာလို့ရပ်ပြီးဘာလုပ်နေတာလဲ" ဟုပြောလိုက်သည်။
"နင်ကအခု ငါ့ကို ခွေးလို့ခေါ်လိုက်တာလား" သူမ ဘာကိုဆိုလိုမှန်းသိ၍ ရှင်းဝမ်လည်း ဒေါသတစ်ကြီး အော်လိုက်လေသည်။
"ငါနင့်ကို စော်ကားချင်လို့ပြောတာမဟုတ်ဘူး ငါပြောတာက ငါ့လမ်းကို လာပိတ်တဲ့သူကို ခွေးလို့ပြောတာ။ နင်သာ ငါ့လမ်းကို မပိတ်ရင် နင်လည်း ခွေးမဖြစ်ဘူးလေ။" ဟု ရှီမာယူယူက ပခုံးတွန့်၍ ပြောလိုက်လေသည်။
ရှင်းဝမ်းလည်း ရှီမာယူယူ ပြောလိုက်သော စကားကြောင့် မရှင်းလင်းဘဲ မူးနောက်နေ၍ ရှီမာယူယူကို စိုက်ကြည့်နေမိသည်။ ထို့နောက် သူ့နောက်တွင်ပါလာသော ရှီယူရှီကို ဖက်သို့လှည့်၍ " ဝမ်းကွဲအစ်မရေ ငါ့ကို လူတစ်စုနဲ့ ဆိုးဆိုးဝါးဝါး ရိုက်နှက်သွားတာ သူပဲ။ ငါ့အတွက် တရားမျှတမှု ပြန်ယူဖို့ ငါ့ကို ကူညီပါလား"