← Chapters

တောင်ပိုင်းဟုန်၏ ဂိုဏ်းချုပ်နှစ်ဦး ပြန်လည်တွေစုံခြင်း

Vol. 76 Ch. 758

တောင်ပိုင်းဟုန်၏ ဂိုဏ်းချုပ်နှစ်ဦး ပြန်လည်တွေစုံခြင်း

Vol. 76 Ch. 758

"သူက ပန်ရှန်းဂိုဏ်းမှာ ရှိနေတာ။"

ဝတ်ရုံဖြူဝတ်ဆင်ထားသော အေးစက်သည့် အမျိုးသမီးသည် သူမ၏ တာအိုချပ်ပြားကို ဖြည်းညှင်းစွာ သိမ်းဆည်းလိုက်ပြီးနောက် နောက်သို့ လှည့်ကြည့်လိုက်သည်။ "နင်တို့ကို အရင်ပို့ပေးမယ်။"

လင်းယောင် အပါအဝင် တောင်ပိုင်းဟုန်မှ တာအိုကလေးငယ်ခြောက်ဦးသည် ယွင်ဟယ်ဂိုဏ်းမှ တာအိုကလေးငယ် လော့ချန်ချွင်း၊ ကျောက်စိမ်းဖြူမြို့တော်မှ အကြီးအကဲအချို့နှင့်အတူ စုဝေးနေကြလေသည်။

ကျိကျင့်ရှီးသည် သူမ၏လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ လူတစ်စုလုံး ထိုနေရာမှ ပျောက်ကွယ်သွားကြတော့သည်။

၎င်းတို့ ပြန်လည်ပေါ်လာချိန်တွင် ခန့်ညားထည်ဝါသော ကောင်းကင်မဏ္ဍိုင်ကြီးတစ်ခုမှာ ရှေ့မှောက်တွင် မတ်မတ်ရပ်နေသည်ကို တွေ့လိုက်ရလေသည်။

သူမသည် မျက်လုံးကို ပင့်ကြည့်လိုက်ရာ စပ်စုလိုစိတ်အချို့ ပေါ်ပေါက်လာခဲ့၏။

ဤတစ်ကြိမ် အကူအညီတောင်းရန် အဖွဲ့နှစ်ဖွဲ့ခွဲခဲ့ရာတွင်၊ ကျိကျင့်ရှီးအနေဖြင့် သူမ၏ တာအိုကလေးငယ်များ မည်မျှကြိုးစားခဲ့ကြသည်ကို သိရှိပေသည်။ ပျင်းရိနေခြင်းမျိုး လုံးဝ မရှိခဲ့သော်လည်း အဖွဲ့တစ်ဖွဲ့ချင်းစီကြုံတွေ့ရသော အခြေအနေများမှာမူ ကွာခြားလွန်းလှပေသည်။

ကျန်းရှို့နှင့် တိုက်ကျင်းရှုတို့ အဖွဲ့မှာ သွားလေရာရာ၌ အခက်အခဲများနှင့်သာ ကြုံတွေ့ခဲ့ရပြီး အနောက်ဘက် နဂါးနန်းတော်၏ ချုံခိုတိုက်ခိုက်မှုအတွင်း ကျဆုံးလုနီးပါးဖြစ်ခဲ့ရသည်။ လင်းယောင်၏ ကြိုးစားမှုကြောင့်သာ တာအိုပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ အကူအညီကို ရရှိခဲ့ခြင်း ဖြစ်သည်။

ဝေ့ယွမ်ကျိုးဘက်တွင်မူ အခြေအနေများက အလွန် ချောမွေ့လွန်းနေပုံ ရသည်။ ပန်ရှန်းဂိုဏ်းသည် မည်သည့် ကတိကဝတ် သို့မဟုတ် တောင်ပိုင်းဟုန်၏ အခြေအနေကိုမျှ အသေးစိတ် မမေးမြန်းဘဲ အပြည့်အဝကူညီရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

တည်ငြိမ်သော စိတ်နေသဘောထားရှိသည့် ကျိကျင့်ရှီးအတွက်ပင် ဤအရာမှာအနည်းငယ် အိပ်မက်ဆန်နေသကဲ့သို့ ခံစားရစေ၏။

ဂိုဏ်းချုပ်ရှန်းသည်လည်း ပန်ရှန်းဂိုဏ်းတွင် ရှိနေသည်ဆိုပါက၊ လူကိုယ်တိုင် သွားရောက်တွေ့ဆုံရန် အခွင့်ကောင်းပင်။

ထိုသို့တွေးတောလျက် သူမသည် သူမ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ကာ ယဉ်ကျေးပျူငှာစွာနှုတ်ဆက်ရန် ပြင်လိုက်စဉ်မှာပင်၊ ကောင်းကင်တိုင်ကြီးထံမှ ရွှေရောင်အလင်းတန်းတစ်ခု ဖြာထွက်လာပြီး ခန့်ညားသော လူလတ်ပိုင်းအမျိုးသားတစ်ဦး ရှေ့သို့ လှမ်းလာကာ အလွန် ရိုသေလေးစားစွာဖြင့် ဦးညွှတ်နှုတ်ဆက်လေသည်။

"ပန်းရှန်းဂိုဏ်း တာအိုသီးပွင့် ယန်ချုံကျန်း၊ဂိုဏ်းချုပ်ကျိကို ဂါရဝပြုပါတယ်။"

ယန်ချုံကျန်းက ဆက်လက်၍ လေးနက်စွာ ပြောကြားသည် "ကျွန်တော့်ဆရာက အရင်က အလုပ်ရှုပ်နေလို့ ဂိုဏ်းချုပ်ကျိကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုခဲ့တာ မဟုတ်ပါဘူး။ သူ မကြာခင် ရောက်လာပါလိမ့်မယ်။"

"..."

သူ၏ ရိုသေလှသော အမူအရာကို မြင်လိုက်ရသောအခါ ဘိုင်ဝူသည် သူ၏ မျက်ခုံးကို ပွတ်သပ်လိုက်ပြီး၊ ပထမဦးဆုံး ရောက်ရှိလာစဉ်က ဖြစ်ပွားခဲ့သော နားလည်မှုလွဲမှားမှုလေးကို ပြန်လည်အမှတ်ရကာမတတ်စွာဘဲ ပြုံးလိုက်မိလေသည်။

အမှန်တကယ်ပင်၊ တောင်ပိုင်းဟုန် သို့မဟုတ် အနောက်ပိုင်းဟုန် ဆိုသည်မှာ အရေးမကြီးတော့ချေ။ ဤဟုန်ကျယ်ဒေသတွင် အမှန်တကယ် အရေးကြီးသည်မှာ စစ်မှန်သော ခွန်အားသာဖြစ်ပေသည်။

တောင်ပိုင်းဟုန် သားတော်ခုနစ်ပါး၏ စစ်မှန်သော ဂိုဏ်းချုပ်ရှေ့တွင် မည်သည့်အရာကိုမျှ သက်သေပြနေစရာ မလိုသကဲ့သို့ မည်သူကမျှ တောင်ပိုင်းလူရိုင်းဟူသော စကားလုံးကို ထုတ်ဖော်ပြောဆိုရဲမည် မဟုတ်ချေ။

"ဒီလောက်အထိ ယဉ်ကျေးနေစရာ မလိုပါဘူး၊ ကျွန်မလည်း ဂိုဏ်းချုပ်ဟွမ်ကို လူကိုယ်တိုင် ကျေးဇူးတင်ဖို့ မျှော်လင့်နေတာပါ။"

ကျိကျင့်ရှီးက ခေါင်းညိတ်ပြလိုက်ပြီး ယန်ချုံကျန်း၏ နောက်မှ လိုက်ပါကာ ပန်ရှန်းဂိုဏ်း၏ ရတနာနယ်မြေအတွင်းသို့ ဝင်ရောက်သွားလေသည်။

"ဒီကျင့်ကြံသူတွေက အရင်က ဒီလိုမဟုတ်ဘူးဗျ၊ ဒါတွေအားလုံးက ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ်ကျိရဲ့ မျက်နှာကြောင့်ပဲ၊" လူအုပ်ကြားထဲတွင် လော့ချန်ချန်းက လင်းယောင်ကို ခပ်တိုးတိုးပြုံး၍ ပြောလိုက်သည်။

ယွင်ဟယ်ဂိုဏ်းသည်လည်း အနောက်ပိုင်းဟုန် အင်အားစုတွင် ပါဝင်သော်လည်း ပန်ရှန်းဂိုဏ်းလောက် မအစွမ်းထက်သဖြင့် ဤလူများအကြောင်းကို ပို၍ နားလည်လေသည်။

လင်းယောင် ပြန်မဖြေရသေးမီမှာပင် စုဟုန်ရှို့က သူမကို တစ်ချက်လှမ်းကြည့်လိုက်၏။

သူမကတော့ ထိုစကားကို သိပ်သဘောမတူချေ။

ဂိုဏ်းချုပ်ကျိသည် ပန်ရှန်းဂိုဏ်းထံမှ အမြင့်ဆုံးသောလေးစားမှုကို ရရှိနိုင်သည်မှာ မှန်သော်လည်း၊ ဤကျင်ကြံသူများကို အနောက်ပိုင်းဟုန်မှ ထွက်ခွာ၍ တောင်ပိုင်းဟုန်ကို ကူညီရန် အမှန်တကယ် စည်းရုံးနိုင်ခဲ့သည်မှာ ဂိုဏ်းချုပ်ရှန်းကြောင့်သာ ဖြစ်ပြီး၊ ၎င်းမှာ ပန်ရှန်းဂိုဏ်း၏ အာရုံစိုက်မှုကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။

မျက်နှာရှိရုံဖြင့် စစ်မှန်သောအကျိုးကျေးဇူးကို အမြဲမရနိုင်ချေ။

"ဒါနဲ့၊ မင်းတို့ ဘယ်သူ့ကို လာကြိုတာလဲ၊ ငါခန့်မှန်းကြည့်ရမလား... နောက်ဆုံး တာအိုကလေးငယ်... နန်ယန်ဂိုဏ်းကလား။" လော့ချန်ချွင်းသည် အနောက်ပိုင်းဟုန်မှ ပထမဆုံးအကြိမ်ထွက်ခွာခွင့်ရသဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေပုံ ရသည်။

"တစ်ဝက်လောက် မှန်ပါတယ်၊" လင်းယောင်က သူမ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ခန့်ညားလှသော ခန်းမဆောင်ကြီးဆီသို့ မျှော်လင့်ချက်ဖြင့် ကြည့်လိုက်လေ၏။

ပြီးခဲ့သည့် အကြိမ်က ၎င်းတို့ အလျင်အမြန် ခွဲခွာခဲ့ရသဖြင့် ဂိုဏ်းချုပ်ရှန်းကို နှုတ်ဆက်ရန်ပင် အခွင့်အရေး မရခဲ့ချေ။ ဂိုဏ်းချုပ်ရှန်းက သူမကို မှတ်မိပါ့မလားဟု သူမ သံသယရှိမိသော်လည်း၊ သူမတွင် မေးချင်သော မေးခွန်းများစွာ ရှိနေလေသည်။

ကျိကျင့်ရှီးသည် ဘေးတစ်ဖက်စီတွင် ရိုသေစွာ ရပ်နေကြသော ပန်ရှန်းဂိုဏ်း အကြီးအကဲများကို တစ်ချက် ကြည့်လိုက်သည်။ ဤကဲ့သို့သော ပြသမှုမျိုးမှာ ဖြစ်နိုင်ခြေရှိသော်လည်း၊ တစ်စုံတစ်ခုကြောင့် ၎င်းတို့၏ မျက်နှာတွင် ရိုသေလေးစားမှုအပြင်၊ ဘေးအန္တရာယ်တစ်ခုမှ လွတ်မြောက်သွားသကဲ့သို့ စိတ်သက်သာရာရမှုအငွေ့အသက်အချို့ကိုပါ သူမ ခံစားနေရသည်။

ဤအရာမှာ ထူးဆန်းလှသည်။ အကယ်၍ ပန်ရှန်းဂိုဏ်းတွင် ကိုယ်ပိုင်ပြဿနာများ ရှိနေပါက၊ ၎င်းတို့အနေဖြင့် တောင်ပိုင်းဟုန်ကို မည်သို့ ကူညီနိုင်မည်နည်း။

ဒီကလေးတွေ တစ်ခုခု နားလည်မှုလွဲနေတာလား... ဒါမှမဟုတ် ပန်ရှန်းဂိုဏ်းမှာ တခြား ရည်ရွယ်ချက်တွေ ရှိနေတာလား။

"ဂိုဏ်းချုပ်ကျိ၊ ကြွပါ၊" ယန်ချုံကျန်းက ခန်းမဆောင်ကြီးအတွင်းသို့ လက်ညှိုးညွှန်ပြလိုက်၏။

"ဂိုဏ်းချုပ်ရှန်းက အထဲမှာ စောင့်နေပါတယ်။"

သူ ထိုသို့ပြောလိုက်သည်နှင့် ကျိကျင့်ရှီးမှာ အနည်းငယ် အံ့အားသင့်သွားပြီး အခြားသော တာအိုကလေးငယ်များမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေသည်။

အကယ်၍ အခုထိ ဖြစ်ပျက်ခဲ့သမျှကို ချင်းယွဲ့ဂိုဏ်းချုပ်၏ ဂုဏ်ဒြပ်ကြောင့်ဟု ရှင်းပြနိုင်လျှင်ပင်၊ ဤ အကြီးအကဲရှန်းဆိုသည်မှာ ဘာကို ဆိုလိုသနည်း။

"ငါ့ကို ဘာလို့ ကြည့်နေကြတာလဲ..." ဝေ့ယွမ်ကျိုး၏ နှုတ်ခမ်းများ တွန့်သွား၏။ သူသည် ရှန်းယီ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်မပြောခဲ့သလို၊ သူ သိထားသော ဂိုဏ်းချုပ်ရှန်းမှာလည်း အကြောင်းပြချက်မရှိဘဲ သူ၏ ဂိုဏ်းချုပ်ဂုဏ်ပုဒ်ကို ထုတ်ကြွားမည့်သူ မဟုတ်ချေ။

ထို့ပြင်၊ ၎င်းတို့ ပန်ရှန်းဂိုဏ်းသို့ ပထမဆုံး ရောက်ရှိစဉ်က၊ ဤလူများသည် မည်သည့် ဂုဏ်ပုဒ်ကိုမျှ ဂရုမစိုက်ခဲ့ကြချေ။ သို့မဟုတ်ပါက ၎င်းတို့၏ တာအိုကလေးငယ်များကို ရန်စရန် အကြီးအကဲ အတော်များများကို စေလွှတ်ခဲ့မည် မဟုတ်ချေ။

ကျိကျင့်ရှီးသည် စိတ်ကို စုစည်းလိုက်ပြီး ခန်းမဆောင်ကြီးအတွင်းသို့ လှမ်းဝင်လိုက်လေသည်။

အတွင်းရှိ အခြေအနေကို မြင်လိုက်ရသောအခါ၊ သူမ၏ မျက်ဝန်းများတွင် သံသယများ အမှန်တကယ် ပေါ်ပေါက်လာခဲ့လေသည်။

ခြောက်ကပ်နေသော ခန်းမဆောင်ကြီးအတွင်းတွင် လူတစ်ဦးတည်းသာ ထိုင်နေပြီး၊ ထိုထိုင်ခုံမှာလည်း အဓိက ထိုင်ခုံဖြစ်နေလေသည်။

ထိုသူမှာ ဝတ်ရုံနက်ကို ဝတ်ဆင်ထားဆဲဖြစ်ရာ ရှန်းယီ မဟုတ်လျှင် မည်သူဖြစ်နိုင်ဦးမည်နည်း။

ရှန်းယီ၏ ဘေးတွင်မူ ကျင့်ကြံခြင်းအချို့ရှိသော အဘိုးအိုတစ်ဦးမှာ အရှန်အဝါအားနည်းနေပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပုံ ပေါ်သော်လည်း၊ မျက်နှာတစ်ခုလုံး ပြုံးရွှင်နေကာ နွေးထွေးစွာ နှုတ်ဆက်ခြင်း၊ လက်ဖက်ရည် ကူငှဲ့ပေးခြင်း၊ ခေါင်းညိတ်ဦးညွှတ်နေခြင်းများဖြင့် လုံးဝပင် အစေခံတစ်ဦးကဲ့သို့ ပြုမူနေလေသည်။

ထိုအချိန်တွင် ရှန်းယီမှာမူ မျက်လုံးများကို အောက်သို့ချထားပြီး နာကျင်နေသော အမူအရာဖြင့် သူ၏ နားထင်ကို နှိပ်နယ်နေလေ၏။

"အဲ့ဒါ ပန်ရှန်းဂိုဏ်းရဲ့ မဟာအကြီးအကဲပဲ၊"အလားတူပင် အံ့အားသင့်နေသော ဝေ့ယွမ်ကျိုးက ဂိုဏ်းချုပ်ကျိကို မိတ်ဆက်ပေးလိုက်လေသည်။

"..."

ကျိကျင့်ရှီးသည် တိတ်ဆိတ်စွာ ရပ်နေမိပြီး၊ ဤမြင်ကွင်းမှာ သူမတို့ ၏နန်ယန်ဂိုဏ်းချုပ်ကို တွေ့ရသည်ထက် ပန်ရှန်းဂိုဏ်းချုပ်ကို လာရောက်တွေ့ဆုံသည်နှင့် ပိုတူနေရခြင်းအကြောင်းကို တွေးတောနေမိလေသည်။ အကယ်၍ သူမကို ဘာမှ မပြောပြထားပါက၊ ဤအခြေအနေအရ သူမသည် ပန်ရှန်းဂိုဏ်းချုပ်ကို လာရောက်တွေ့ဆုံနေခြင်း ဖြစ်သည်ဟုပင် ထင်မှတ်မိပေလိမ့်မည်။

၎င်းတို့ နောက်ဆုံး ခွဲခွာခဲ့ပြီးကတည်းက ဤနေရာတွင် အတိအကျဘာတွေဖြစ်ပျက်ခဲ့သနည်း။

All Chapters