← Chapters

အပိုင်း(၁၉၁)-မင်းသမီးနှင့် ဆော့ကစားခြင်း

Vol. 002 Ch. 191

အပိုင်း(၁၉၁)-မင်းသမီးနှင့် ဆော့ကစားခြင်း

Vol. 002 Ch. 191

အခုတစ်ကြိမ်မှသာလျှင် ရှီယူရှီကို ရှီမာယူယူ သေချာကြည့်မိခြင်းဖြစ်သည်။ အရင်တစ်ခေါက်က သူမကို သေချာ မမြင်လိုက်ရပေ။ သူမသည် ချောမောသောရုပ်သွင်ပြင် မရှိသော်လည်း သူမ၏ ကိုယ်ရောင် မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။

ရှီယူရှီသည် ရှီမာယူယူကို ကြည့်လိုက်သောအခါ ရှီမာယူယူက သူမ၏ ကိုယ်ရောင်ကို မကြောက်ရွံ့ဘဲ သေချာစိုက် ကြည့်သိလိုက်ရသော အခါ " မင်းက သတ္တိရှိသားပဲ" ဟုပြောလိုက်သည်။

"သတ္တိတွေက ကောင်းကင်ဘုံက ငှားထားတာလေ" ရှီမာယူယူလည်း ပြုံးရင်းပြောလိုက်လေသည်။ " မိန်းမချောလေး မင်းကြည့်ရတာ ဆိုးမယ့်ပုံတော့မပေါ်ဘူး တကယ်ပဲ ဒီသခင်လေးနဲ့ တောင်ပေါ်လိုက်သွားပြီး သူ့ရဲ့ သခင်မလေးဖြစ်ချင်လို့လား"

"မင်းလို ဆံပင်တိုတိုနဲ့ အသက်ငယ်ငယ်ကောင်လေးက ဆံပင်တောင်မရှည်သေးတာကို အခုလို မိန်းကလေးတွေ ကို ရိုက်နေပြီလား" ဟု ရှီယူရှီက ပြန်ပြောလေသည်။

ရှီမာယူယူလည်း လက်ညှိုးခါလျက် " မဟုတ်ဘူး မဟုတ်ဘူး ကျွန်တော်က သာမန်မိန်းကလေးတွေကို မကြိုက်ဘူး မိန်းမချောလေးတွေကိုမှ စိတ်ဝင်စားတာ" ဟု ပြန်ပြောသည်။

"စကားပြောတော့တော်တော်ကောင်းတာပဲ" ရှီယူရှီသည် စိတ်မဆိုးဘဲ " ဝမ်းကွဲညီမက မင်းကသူ့ကို ရိုက်တယ်လို့ ပြောလာတော့ သူ့ရဲ့ အစ်မအကြီးအနေ လျစ်လျူရှုလို့တော့မရဘူး။ မင်းသာ သူကျေနပ်လောက်တဲ့အထိ ဒူးထောက် တောင်းပန်မယ်ဆိုရင်တော့ မင်းကို သွားခွင့်ပေးမယ်လေ" ဟုပြောလိုက်သည်။

သူမကို ဒူးထောက်တောင်းပန်ရမယ်

ရှီမာယူယူသည် လှောင်ပြုံးပြုံးလျက် " တကယ်လို့ ကျွန်တော်က မတောင်းပန်နိုင်ဘူးဆိုရင်ရော" ဟု မေးလိုက် သည်။

"အဲ့လိုဆိုရင်တော့ မင်းဒူးကို ချိုးပြီး ဒူးထောကအောင်လုပ် ရုံပဲပေါ့" ဟု ရှီယူရှီသည် သူမပြောသော စကားတို့သည် မရက်စက်သယောင် တိုးတိုးပင် ပြောလိုက်သည်။

ရှီမာယူယူကလည်း " ငါ့ခန္ဓာကိုယ်က ငါ့မိဘတွေက ဆုလက်ဆောင်မို့ တန်ဖိုးထားတယ်။ ငါက ငါ့မိဘဆီကလွဲပြီး မိုးကောင်းကင် နဲ့ မြေကြီးတောင်ဒူးထောက်တာမဟုတ်ဘူး နင့် ညီမဆို ပိုတောင်ဆိုးသေးတယ်" ဟု ပြောလေသည်။

" ကောင်းကင်ကိုလည်း ဒူးမထောက်နဲ့ မြေကြီးကိုလည်း ဒူးမထောက်နဲ့.." ရှီယူရှီလည်း ရှီမာယူယူပြောသော စကားကို ကြားသောအခါ တစ်စက္ကန့်မျှ တုန့်ဆိုင်းသွားသည်။ " တကယ်တော့ ကျောနောက်ခံကောင်းတဲ့ ကလေး တစ်ယောက်ရဲ့ စိတ်ဆုံးဖြတ်တယ်ဆိုတာ စွမ်းအားနဲ့တွေ့ရင်တော့ တစ်စစီဖြစ်သွားမှာပဲ" ဟု ဆက်ပြောလေသည်။

"တကယ်လား" ရှီမာယူယူလည်း ပြိုင်ဖက်က သူ့ကို အလွယ်တကူတော့ လွှတ်ပေးပုံမရသည်ကို သိသောအခါ ပခုံး ကိုတွန့်လျက် " ဒါပေမဲ့လည်း ဘယ်လိုလုပ်ရမလဲ မိန်းမလေးတစ်ယောက်ကို မတိုက်ခိုက်ချင်ဘူး မင်းသာ ဒဏ်ရာ ရသွားရင် ငါ့နှလုံးသားနာကျင်ရမှာ" ဟုပြောလိုက်လေသည်။

"ကောင်းပြီလေ ဘယ်သူက ဘယ်သူ့ကို ထိခိုက်အောင်လုပ်နိုင်မလဲ ကြည့်ကြတာပေါ့" ဟုပြောရင်းနဲ့ပင် ရှီယူရှီလည်း လက်သီးဆုပ်ကာ ရှီမာယူယူကို  ထိုးလိုက်လေသည်။

ရှီမာယူယူလည်း သူမ၏ အမြန်နှုန်းနဲ့ လက်သီးနှင့်အတူပါလာသော လေသံကို လေ့လာပြီး သူမ၏ ခွန်အားကို အတော်အသင့်ခန့်မှန်းမိလေသည်။ ဘေးသို့တိမ်ရှောင်၍ လက်သီးကို အသာအယာပင် တားဆီးလိုက်လေသည်။ ထို့နောက် နောက်သို့ ပေါ့ပေါ့ပါးပါး နှစ်လှမ်းဆုတ်ပြီး ပြိုင်ဖက်၏ တိုက်ခိုက်မှု အကွာအဝေးမှ ရှောင်ထွက် လိုက်လေသည်။

ရှီယူရှီသည် ရှီမာယူယူ ဒီလောက်မြန်မည်ဟု မထင်မိပေ။ လက်သီးကို ရှောင်နေတုန်း ဉီးတည်ရာပြောင်းပြီး သူ့ကို ဖမ်းဖို့လုပ်ပေမဲ့ မမိလိုက်ပေ။

"မိန်းမချောလေးရေ ဆယ်ကွက်၊ အဲ့ဆယ်ကွက်အတွင်းမှာ ငါ့ကို မိအောင်ဖမ်းနိုင်ရင် ငါသူ့ကို မတ်တတ်ရပ်ပြီး တောင်းပန်ပေးမယ်" ရှီမာယူယူက ရယ်ပြီး ရှောင်ရင်း ပြောလိုက်လေသည်။

ရှီယူရှီသည် တခြားသူများထက် ပိုသန်မာခဲ့သည် ထို့အတွက် သူမထက် ပို၍မြန်သောသူက တစ်ခါမှမတွေ့ဖူးပေ။ အတွင်းအားမသုံးဘဲ ခွန်အားသက်သက်ဖြင့် လိုက်တမ်းပြေးတမ်းဆော့သလိုဖြစ်နေသည်။

နှစ်ကွက် သုံးကွက် လေးကွက်….ကိုးကွက်…. ဆယ်ကွက်….

ဆယ်ကွက်ပြည့်သွားသော်လည်း ရှီယူရှီသည် ရှီမာယူယူကို ဖမ်းရန်မဆိုထားနှင့် သူမ၏ အဝတ်ကိုပင် မထိလိုက်ပေ။ သူမ၏ လှုပ်ရှားမှုနှင့် တုန့်ပြန်မှုတွေက မြန်သော်လည်း ဆိုဖီယာတောင်တွင် နှစ်နှစ်လေ့ကျင့်လာ သော ရှီမာယူယူ၏ အမြန်နှုန်းနှင့် တုန့်ပြန်မှုတွေကို မယှဉ်နိုင်ပေ။

ဆယ်ကွက် ပြည့်သွားပြီးနောက်, အစွန်တွင် ရောက်နေသော ရှီမာယူယူက အလယ်တွင် ရှိသော ရှီယူရှီကို " မိန်းမ ချောလေးရေ ဒီကသခင်ကြီးက ဒီနေ့ကို လုပ်စရာရှိလို့ မင်းလေးနဲ့ စကားမပြော  ပေးနိုင်တော့ဘူး။ နောက်တစ်ခါ ကြရင်တော့ ဒီထက် မြန်မြန်လှုပ်ရှားဖို့ မမေ့နဲ့ပေါ့"  ဟုပြောလိုက်သည်။

သူမလည်း စကားပြောပြီးပြီးချင်း ထိုနေရာမှထွက်ခဲ့သည်။

ရှီယူရှီသည် ရှီမာယူယူတစ်ယောက် မည်သို့ရှောင်ထွက်သွားသည်ကို မမြင်လိုက်ရဘဲ ထွက်ပြေးသွားသော အရိပ်ကို ကြည့်ရင်း တုန်လှုပ်နေမိသည်။

"အစ်မ, ဘာလို့ သူ့ကို ဒီအတိုင်းလွှတ်ပေးလိုက်တာလဲ" အနားသို့ လျှောက်လာသော ရှင်းဝမ်က မကျေမနမ်နှင့် "သူ့ကို အစ်မဖမ်းပေးနိုင်လား" ဟုပြောလေသည်။

ရှီယူရှီလည်း လမ်းကြားလေးကို ကြည့်ရင်း ရှင်းဝမ်ကို " အဲ့လူရဲ့ ခွန်အားက မသေးဘူး။ ပြီးတော့ လေလံပွဲကလည်း မကြာခင် ရက်အတွင်း စတော့မယ် အဲ့တော့ တခြားပြဿနာလည်း ငါမတက်ချင်ဘူး။ လေလံပွဲပြီးမှပဲ လက်စားပြန်ချေကြရ အောင်။" ဟု ပြောလိုက်သည်။

"နားလည်ပါပြီ" ဟု ရှင်းဝမ်က ပြောလိုက်သည်။ သို့သော်လည်း ရှီမာယူယူ ထွက်သွားသော လမ်ကြားကြည့်နေ သည့် ရှီယူရှီ၏ မျက်လုံးများထဲတွင်မကျေနပ်ချင်းများကို တွေ့နေရသည်။

ရှီမာယူယူလည်း ဝေကျိရွှီနှင့် တခြားသူများ တုလေးနှင့်ကစားနေကြသော သဲစင်ရော်တပ်ရှိသည့် အိမ်သို့ပြန်ခဲ့လေသည်။ သူမပြန်လာသည်ကို တွေ့သော အခြားသူများက " အခြေအနေဘယ်လိုရှိလဲ" ဟု မေးကြသည်။

"အဆင်ပြေပါတယ် ဒါပေမဲ့ လေလံပွဲကို ၂ရက်နောက်ဆုတ်လိုက်တယ်" ဟု ရှီမာယူယူကပြောလိုက်သည်။

"နောက်ဆုတ်ပြန်ပြီလား ဘာလို့လဲ" ဟု ဖက်တီးကျူ ကအထိတ်တလန့်မေးလေသည်။

"ဆန့်ကျင်ရေးတစ်ရာ က သဘာဝတရားကို ဆန့်ကျင်နိုင်တဲ့ ရှားပါးဆေးမျိုးမို့ တခြားသူတွေရဲ့ အာရုံကို ဖမ်းစား နိုင်တော့ အဲ့တာကြောင့် ငွေပိုရအောင် သူတို့ တခြား ပစ္စည်း တွေကို လေလံတင်ဖို့လိုတယ်လေ။ သူတို့က လေလံပွဲကို ၂ရက်နောက်ဆုတ်ချင်တယ်လို့ပြောတယ် အဲ့တော့ တုလေးရဲ့ အကြောကို ပြန်ဖွင့်ပေးဖို့လည်း ကျွန်မ အချိန်ရတာပေါ့။" ဟု ရှီမာယူယူက ပြောလေသည်။

"အရင်တစ်ခါ နင်သူတို့ကို အကြောပြန်ဖွင့်ပေးပြီးတော့ အကြာကြီးနားလိုက်ရတယ်မလား။ ဒီတစ်ခါဘာဖြစ်မယ် မှန်းကြိုမသိနိုင်ဘူး အဲ့တော့ နင့်ရဲ့ ဝိညာဉ်စွမ်းအားကို အရင်ပြည့်အောင်လုပ်ထားလိုက်" ဟု ဘေဂုံထန်က ပြောသည်။

"အင်း" ရှီမာယူယူလည်း ခေါင်းငြိမ့်လိုက်သည်။ အဲ့နည်းလမ်းကို သူမစဉ်းစားပြီးသားဖြစ်သည်။

"ယူယူ, နင့်မှာ ပိုက်ဆံအလုံအလောက်ရှိပြီလား" ဝေကျိရွှီက မေးသည်။

"ရှိတယ် ကျွန်မ ဆန့်ကျင် ရေးတစ်ရာ ဆေးဖော်စပ်နည်းကို လူရုပ်ဆိုးကို ရောင်းလိုက်တာ ရွှေပြား ၆၀,၀၀၀ ရတယ်။ နောက်ထပ် ဆေးလုံး ၄ လုံးရောင်းရရင် ၄၀,၀၀၀ ထပ်ရမှာ" ဟု ရှီမာယူယူ က ပျော်ပျော်ရွှင်ရွှင်ပြောလေသည်။

"အဲ့တာဆို ၁၀၀,၀၀၀ တောင်ရမှာပေါ့၊ ချမ်းသာတဲ့ ခံစားချက်ဆိုတာကြီးကို ရုတ်တရက် ခံစားရတာ ဘာလို့ပါလိမ့်" ဟု ဖက်တီးကျူကပြောသည်။

"အလကား ရုတ်တရက် ချမ်းသာပါ့လား" ဟုပြောရင်းပင် ရှီမာယူယူသည် ဖက်တီးကျူ၏ ခေါင်းကိုရိုက်လျက် "ငါက အရင်ကတည်းက ချမ်းသာပြီးသား အဲ့ပိုင်ဆိုင်မှုက ပိုက်ဆံအဖြစ်ပြောင်းသွားတာပဲရှိတာ" ဟုပြောသည်။

"ငါတို့ ခရမ်းစွဲပုလဲကို တောင်ဝယ်လို့ရပြီ။ ဒါနဲ့ အရင်က နင် အဲ့ပုလဲကို စိတ်မဝင်စားပါဘူး အခုမှဘယ်လို ဖြစ်ပြီး အဲ့တာကို အရမ်းဝယ်ချင်နေတာလဲ" ဟု ဝေကျိရွှီကမေးသည်။

"ကျွန်မမိသားစုမှာ အဲ့ပုလဲကို ကြိုက်တဲ့သူတစ်စုရှိတယ် အထူးသဖြင့် အိမ်ထောင်ကိုဉီးစီး နေတဲ့ ဆရာကြီးပေါ့။ သူတို့စိတ်ကျေနပ် အောင်ဝယ်ပေးရုံကလွဲပြီးမတတ်နိုင်လို့" ဟု ရှီမာယူယူက မတတ်နိုင်သော လေသံဖြင့်ပြောသည်။

မိုရှာက သူ့ကို ဆရာကြီးလို့ ရှီမာယူယူက ပြောလိုက်သည်ကို ကြားသောအခါ နှုတ်ခမ်းကို ဆူထားလိုက်မိသည်။

သူ့ကို ဆရာကြီးဟု မည်သူမျှမခေါ်ရဲကြပေ။ ခေါ်သောသူရှိလျှင်လည်း ထိုသူကို လက်ဝါးတစ်ချက်နှင့်ပင် ရိုက်၍ သတ်ပစ်မိမည်ဖြစ်သည်။ သို့သော် ရှီမာယူယူက သူ့ကို ဆရာကြီးဟု ခေါ်သည်ကိုပင် ဒေါသတစ်စက်မျှပင် မထွက်မိသည်ကို ဘာကြောင့်မှန်းမသိပေ။

"ယူယူ တုလေးရဲ့ အကြောကို ဒုတိယအကြိမ် ပြန်သန့်ရှင်းအောင် ဘယ်တော့လောက်လုပ်ဖို့စီစဉ်ထားလဲ" ဟု ဘေဂုံထန်က မေးသည်။

"မနက်ဖြန်စမယ်လေ တုလေးဒီနေ့တော့ ကောင်းကောင်းနားလိုက် ငါတို့မနက်ဖြန်စမယ် ဟုတ်ပြီလား" ဟု ရှီမာယူယူ က ပြောသည်။

တုလေးလည်း ခေါင်းကိုငြိမ့်ရင်း "ဟုတ်ကဲ့" ဟု ထူးလေသည်။ ပြင်းထန်သော နာကျင်မှုကို ကြောက်ရွံ့ သော်လည်း သူ၏ စွမ်းအင်လိုချင်မှုကို ထိန်းချုပ်ထား၍ မနိုင်ပေ။

ထို့နောက် ရှီမာယူယူသည် ကွင်းဝမ်နှင့် ရှီယူရှီတို့ နှင့်တွေ့ခဲ့သည် အကြောင်းကို ပြန်ပြောပြသောအခါ အားလုံးက ဘာမှသိပ်မပြောဘဲ နောက်ထပ် သူတို့နှင့်မတွေ့ခင် စောစောထွက်သွားသင့်ကြောင်းကို သာ ပြောကြသည်။

ရှီမာယူယူ ပြောသလိုပင် ၂ရက် နောက်ဆုတ်ထားသော လေလံပွဲသည် ညနေစောင်းအချိန်တွင် စတင် လေသည်။

လေလံပွဲကို  နှစ်ကြိမ်ဆက်တိုက် ၂ရက်နောက်ဆုတ်ခြင်း အစဉ်အလာမရှိသောကြောင့် အားလုံးက စိတ်ပျက်နေသော်လည်း လေလံပွဲ နောက်ဆုတ်ရခြင်း အကြောင်းမျာ ဆန့်ကျင်ရေးတစ်ရာဆေးလုံး ရောင်း ရန်ရှိသော ကြောင့်ဖြစ်ကြောင်းသိရသောအခါ အားလုံးရဲ့ စိတ်ပျက်မှုများက စိတ်လှုပ်ရှားခြင်းသို့ပြောင်း သွားလေသည်။

ငယ်စဉ်ကပင် အဆင့်အတန်းမြင့်သော ပစ္စည်းဆိုသည်များကို မြင်တွေ့ဖူးသော ရှီယူရှီပင် အံ့သြသွားသည်။ သူမ၏ နဂို အရည်အချင်းကပင် ဆန့်ကျင် ၁၀၀ ဆေးကိုဖော်စပ်နိုင်သည်ဆိုပါက  ထို့ထက်တိုးတက်အောင် လုပ်ဆောင် နိုင်ပါက ကောင်းကင်ကိုဆန့်ကျင်နိုင်သည်အထိ ဖြစ်လာနိုင်သည်။

"ကဲ ကဲ ပေးချင်တဲ့ဈေးကို တင်ကြပါ။ ငါကတော့ ဈေးကို ပေးနိုင်သမျှပေးမှာပဲ။ ငါ့အဖေကို တောင် လူလွှတ်ပြီး အကြောင်းကြားခိုင်းပြီးပြီ…."

စာကြွင်း။    ။ စာရေးသူသည် အစက ၅၀,၀၀၀ ဟုရေးထားသော်လည်း ၆၀,၀၀၀ ဟု ပြင်ရေးသွားသည်။ အဘယ်ကြောင့်ဟု မသေချာပါ။

All Chapters