← Chapters

အပိုင်း(၁၉၂)-ပထမတန်းစား ဆက်ဆံခြင်း

Vol. 002 Ch. 192

အပိုင်း(၁၉၂)-ပထမတန်းစား ဆက်ဆံခြင်း

Vol. 002 Ch. 192

ဒုတိယရက်တွင် ရှီမာယူယူလည်း တုလေးစောင့်နေသော အခန်းသို့ လာခဲ့သည်။

"စလိုက်ကြရအောင်"

လူရုပ်ဆိုးဆိုင်တွင် ရွှေပြား ၅၀၀၀ နှင့်ဝယ်ခဲ့သော နှင်းခဲဆေးလုံးကို ရှီမာယူယူထုတ်လိုက်သည်ကို တုလေး တွေ့လိုက်လေသည်။ ဆေးကို အသုံးပြုဖို့ နှစ်ခါစဉ်းစား ဟန်တောင်မတူ။ "အစ်မရဲ့ ကြင်နာမှုတွေကို တုလေး အမြဲတမ်းသတိရနေမှာပါ" ဟု ပြောလိုက်သည်။

ရှီမာယူယူလည်း တုလေး၏ခေါင်းကို ပွတ်ရင်း "ရပါတယ်" ဟု ပြောလိုက်သည်။

တုလေးလည်း ဆေးလုံးကိုသောက်လိုက်သည်။ ရှီမာယူယူလည်း သူမ၏ ဝိညာဉ်စွမ်းအားကို တုလေးကိုယ်ထဲသို့ ပို့လိုက်ပြီး နှင်းခဲဆေးကို စွမ်းအင်ပြအောင်လုပ်သည်။ တုလေး၏ ခန္ဓာကိုယ် အေးခဲသွားသည်နှင့် မီးလုံးလေး ထုတ်လွှတ်ကာ တုလေး၏ကိုယ်ထဲသို့ ထည့်လိုက်သည်။

မီးလုံးဝင်လာသည်ကို ကြောက်၍ တုလေး၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်နေသော်လည်း အံကိုကြိတ်ကာ အသံ မထွက်ဘဲ ငြိမ်ခံနေလေသည်။

အရင်တစ်ခေါက်ကလိုပင် တုလေး၏ အကြောလေးခုကိုသာ သူမ ဖွင့်လိုက်နိုင်သည်။ သူမဆက်လုပ်နိုင်သေးသည် ကို ခံစားမိသော်လည်း တုလေး၏ ခန္ဓာကိုယ်အခြေအနေမှာ မကောင်းတော့သဖြင့် သူမ ရပ်လိုက်ရန် ဆုံးဖြတ် လိုက်သည်။

သူမ မီးလုံးကို ပြန်သိမ်းနေသောအချိန်တွင် တုလေး၏ မျက်လုံးများပြန်ပွင့်လာသည်။ ရှီမာယူယူ၏ အားနည်းနေသော မျက်နှာကို မြင်၍ နှုတ်ခမ်းအနည်းငယ်လှုပ်ကာ ပြန်မေ့သွားလေသည်။

ထိုအချိန်တွင် ဘေဂုံထန်ဝင်လာ၍ အရင်တစ်ခေါက်ကလိုပင်တုလေးကို စောင့်ရှောက်ပေးရင်း ရှီမာယူယူကို နားခိုင်းလိုက်သည်။

ရှီမာယူယူလည်း သူ့အခန်းကိုပြန်ပြီး အားပြန်မဖြည့်ခင် ဝိညာဉ်အရည်ကို ထုတ်ကာ တုလေး၏ ပါးစပ်တည်းသို့ လောင်းထည့် ပေးလိုက်သည်။

အဲ့အချိန်တွင်းမှာပင် ဘေယွန်ရွှီသည် သူတို့ကို ကြည့်ရန် အခန်းထဲသို့လာခဲ့ပြီး ကစားကွက်ရွေ့ရန်ခေါ် လိုသည်ဟု ပြောသော်လည်း ရှီမာယူယူမှာ တံခါးပိတ်၍ အားပြန်ဖြည့်နေသောကြောင့် မနှောင့်ယှက်တော့ဘဲ သူမကို ထားခဲ့၍ အပြင်သို့ထွက်သွားလေသည်။

လေလံပွဲနေ့မတိုင်ခင်အထိ ရှီမာယူယူမှာ အားပြန်ဖြည့်နေရာမှပြန် ထွက်မလာသေးပေ။ အိမ်ထဲမှ အဆင့်တိုးအောင် လုပ်ရာမှ အလင်းရောင် တွေထွက်လာတိုင်း လူတိုင်းမှာ ရှီမာယူယူကို ဝင်ခေါ်သင့် မခေါ်သင့် ခြေလှမ်းများတုန့်ဆိုင်းနေကြသည်။

"ယူယူ အဆင့်တိုးပြန်ပြီ" ဟု ဖက်တီးကျူတစ်ယောက် ကိုယ့်ပေါင်ကို ရိုက်လျက် ပြောလေသည်။ "ငါတို့ရဲ့ အဆင့်ကို တိုးအောင် ဘယ်လိုလုပ်ရမလဲ၊ ငါတို့ရဲ့ တိုးတက်မှုက အတူတူလောက်ပဲ"

"မလုံလောက်ပါဘူးဆို လက်ခံလိုက်ရအောင်" ဝူရန်ဖေက ဆို့နင့်စွာပြောသည်။

"ဘာလို့ ယူယူက ငါတို့ထက် အများကြီးသန်မာနေရတာလဲ။ စောင့်ကြည့်နေလိုက်ပါ ဒီအခြေနေတွေပြီးသွားရင် ငါ့အစွမ်းတွေတိုးတက်အောင် လုပ်ပြီး အများကြီးပြတ်ကျန်မနေအောင် လုပ်မယ်"

အဲ့အတွေးသည် သူတစ်ယောက်တည်းသာမဟုတ် အားလုံး၏ စိတ်ထဲမှာ ဟစ်ကြွေးနေကြခြင်းဖြစ်သည်။

ရှီမာယူယူ၏ အဆင့်မြင့်လာသောကြောင့် သူတို့အိမ်က ထွက်လာသောအချိန်မှာ နောက်ကျနေ၍ ကျန်သူများ အားလုံး အိမ်မှာမရှိတော့ဘဲ ဘိုင်ယွန်ရွှီ တစ်ယောက်သာ သူတို့ကိုစောင့်နေသည်။ ဘိုင်ယွန်ချွမ် သည် သဲစင်ရော် တပ်ကို ခေါ်သွားပြီဖြစ်သည်။

အခုတစ်ခေါက် အဆင့်တိုးခြင်းသည် အရင်တစ်ခေါက် အဆင့်တိုးပြီး ၂ လအကြာတွင် ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်း မှာ သူမဖြေရှင်းရန် အချိန်မရှိသော ကိစ္စများကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် ဤမျှကြာနေခြင်းဖြစ်သည်။

"ဒုတိယအဆင့် ဝိညာဉ်အရှင်သခင်။ ငါ့ရဲ့ တိုက်ပွဲဝင်အစွမ်းက ဘယ်လောက်ရှိမလဲ မသိဘူး" ရှီမာယူယူလည်း သူမ၏ လက်သီးကို ဆုပ်လိုက် ဖြည်လိုက် ဖြင့် သူမ၏ အစွမ်းကို ခံစားကြည့်နေရင်း ကျေနပ်စွာဖြင့် ခေါင်းငြိမ့် နေလေသည်။

သူမ အပြင်ကိုထွက်လာတော့ အပြင်မှာ အတော်ပင် မှောင်နေပြီဖြစ်သည်။ အကုန်လုံးကို သူမကို စောင့် နေကြပြီဖြစ်သည်။

"ယူယူ နောက်ဆုံးတော့ နင်ထွက်လာပြီပေါ့ နင့်ကို ထပ်စောင့်နေရင် ငါတို့လေလံပွဲ တစ်ခုလုံးလွတ်တော့မယ်" ဟု ဘိုင်ယွန်ရွှီက ပြောသည်။

"လေလံပွဲက ဒီနေ့ဟုတ်လား ဘယ်နှရက်လောက်ကုန်သွားပြီလဲ" ရှီမာယူယူက ပြုံးရင်းနဲ့ပြောလေသည်။ "အဲ့တာဆိုရင် တော့ ငါတို့မြန်မြန်သွားကြစို့"

လှည်းက သူမတို့ကို အသင့်စောင့်နေသည်။ ရှီမာယူယူနှင့် တခြားသူများလည်း လှည်းပေါ်တက်လိုက်ကြသည်။ လမ်းကြားလေးကို ရောက်သော အခါ သူမကဆင်းနေခဲ့ပြီး ဝေကျိရွှီနှင့် အခြားသူများကို အရင်သွားခိုင်း လိုက်သည်။

အဝတ်အစားအမြန်လဲပြီး လမ်းကြားလေးမှထွက်ကာ လူရုပ်ဆိုးဆိုင်သို့ လာခဲ့လေသည်။

မကြာခင်လေလံပွဲစတင်တော့မည်ဖြစ်၍ ဆိုင်ရှင်မှ တံခါးပိတ်နေစဉ် ရှီမာယူယူလာနေသည်ကို တွေ့၍ တံခါးအမြန် ဖွင့်ကာ " သခင်လေးရောက်လာပြီလား။ အလုပ်သမားလေးနောက်ကနေလိုက်ပြီး သခင်လေးရဲ့ ကိုယ်ပိုင်အခန်းသို့ သွားရောက်ပေးပါ" ဟုပြောလေသည်။

ရှီမာယူယူလည်း ခေါင်းငြိမ့်ပြီး အမျိုးသမီးလေးနောက်လိုက်ခဲ့လေသည်။

လေလံပွဲကို လူရုပ်ဆိုးဆိုင်နောက် သုံးထပ်အဆောက်အဉီးတွင် ကျင်းပခြင်းဖြစ်သည်။

အောက်ဆုံးထပ်တွင်  လေလံစင်မြင့်နှင့် ပွဲလာပရိတ်သတ်ထိုင်ခုံတွေခင်းကျင်းထားသည်။ ထိုအထပ်ရှိ လူများသည် သြဇာအာဏာမရှိသော သာမန်အရပ်သား ပြည်သူများသာ ဖြစ်ကြ၍ စိတ်လှုပ်ရှားရန်အတွက်သာ ဖြစ်သည်။

ဒုတိယထပ်သည် အာဏာရှိသူများ၊ ဂုဏ်သရေရှိသူများအတွက်ဖြစ်သည်။ သီးသန့်ခန်းများထားရှိထား ၍ လေလံစင်ကို လှမ်း၍ မြင်ရနိုင်ရန် အဝှိက်အတိုင်းတည်ဆောက်ထားသည်။

တတိယထပ်သည် လွန်စွာသြဇာရှိသော နောက်ဖက်လတိုင်းပြည်၏ တော်ဝင်မိသားစု, ဆေးဆရာ အဖွဲ့အစည်း၊ လက်နက်ကြီးတပ်များ အစရှိသည်တို့အတွက်ဖြစ်သည်။

ထိုအထပ်ရှိ အခန်း ၂၀ တွင် တချို့သော အခန်များက မီးထွန်းထားပြီဖြစ်၍ လူရှိနေကြောင်းသိနိုင်သည်။

အခန်း ၁ မှ ၅ သည် အထူးဧည့်သည်များထဲမှ ပို၍အရေးကြီးသော အထူးဧည့်သည်များအတွက်ဖြစ်သည်။ အစက အခန်း နံပါတ် ၅ တွင် ရှီယူရှီသာ ရှိ၍ အခန်းနံပါတ် ၄ သည် အခန်းလွတ်နေ၍ မှောင်နေသည်။

ရှီမာယူယူ ရောက်သောအချိန်တွင် လူ အနည်းနဲ့အများရောက်နေကြပြီဖြစ်သည်။ စတင်ချိန်ရောက်လာ  သောအခါ တံခါးမကြီးကို ပိတ်လိုက်လေသည်။

"သခင်လေး ဒီဖက်ကိုလာပါ" အစေခံမိန်းကလေးက ရှီမာယူယူကို တတိယထပ်သို့ တိုက်ရိုက်  ရောက်သော လှေကားနှင့် တက်ခဲ့ကြသည်။

လူတိုင်းက သူ့နေရာအတိုင်း နေရာယူထားပြီးဖြစ်ကြသောကြောင့် ရှီမာယူယူမှာ ထင်သာမြင်သာရှိနေလေသည်။ ထိုသူများကလည်း လူရုပ်ဆိုးဆိုင်မှ လူကိုယ်တိုင်ကြိုလာပေးရသော သူ၏ အဆင့်အတန်းကို ခန့်မှန်းနေကြသည်။

"အခန်းနံပါတ် ၃"

ရှီမာယူယူ အခန်း နံပါတ် ၃ သို့ ဝင်သွားသောအခါ ထိုလူအားလုံး အံ့သြသွားကြလေသည်။

"အခန်း ၃ နောက်ဆုံး မီးထွန်းခဲ့တာ ဘယ်လောက်ကြာပြီလဲ"

" လအနောက်တိုင်းပြည် ရဲ့တော်ဝင်မိသားစုများကသာ အခန်း ၅ကို ဝင်ခွင့်ရတာ။ အဲ့ပုဂ္ဂိုလ်က အခန်း ၃ ကို ဝင်သွားလိမ့်မယ်လို့ ထင်ကိုမထားဘူး"

"ဆန့်ကျင်ရေးဆေးတစ်ရာ ဆေးလုံးကို ဝတ်ရုံအမည်းနဲ့သူက ရောင်းဖို့ပေးတယ်လို့ကြားတယ်။ အဲ့လိုဆိုရင် အဲ့ပုဂ္ဂိုလ်က ထိုလူပဲဖြစ်ရမယ်"

"အဲ့လိုဆိုရင်တော့ သူ အခန်း ၃ ကို ဝင်သွားတာ မဆန်းပါဘူး"

"ဆန့်ကျင်ရေးဆေးတစ်ရာ ဆေးလုံးကို သူကိုယ်တိုင်ဖော်တယ်လို့ ကြားတယ်။ တကယ်လို့သူ့ကို ငါ့ဂိုဏ်းထဲဝင်ဖို့ ခေါ်နိုင်ရင် ငါ့ဂိုဏ်းရဲ့ ပြိုင်ဖက်တွေကို အစွန်ကို တိုက်ထုတ်နိုင်မှာ"

"ဆုတောင်းလေ၊ လေလံပွဲမှာ တာဝန်ထမ်းဖို့သူ့ကို ခေါ်တာတောင် သူကငြင်းတယ်လို့ကြားတယ်၊ မင်းဂိုဏ်းလို ဂိုဏ်းသေးသေးကို သူက ဝင်ပါ့မလား"

ဝေကျိရွှီနှင့် တခြားသူများသည် ထိုလူသည် မည်သူဖြစ်သည်ကို စဉ်းစားနေရာ ဆန့်ကျင် ၁၀၀ ဆေးရောင်းဖို့ပေး တယ်လို့ ကြားသောအခါ ရှီမာယူယူမှန်း ချက်ချင်းသိလိုက်ကြသည်။

"ယူယူက တတိယထပ်က အခန်း ၃ ကို သွားမယ်လို့ မထင်ခဲ့မိဘူး။ ဒီလိုမှန်းသိ သူနဲ့ လိုက်သွားပြီး သူ့အကြောင်းသိ ရအောင်လုပ်ပါတယ်" ဟု ဖက်တီးကျူက ပြောလေသည်။

"ယူယူက သူ့ဘာသာစဉ်းစားထားတာရှိလို့နေမှာပေါ့။ ဆန့်ကျင်ရေးဆေးတစ်ရာ ဆေးကြောင့် ဘယ်လောက် လှုပ်လှုပ်ရှားရှား ဖြစ်သွားလည်း ကြည့်လိုက်လေ။ တကယ်လို့ တစ်ယောက်ယောက်ကသာ အဖြစ်မှန် သိသွားရင် ပြဿနာတွေကို ဖိတ်ခေါ်သလို ဖြစ်သွားမှာ။ ယူယူကိုယ်တိုင်ကို သူ့ကိုယ်ရောင်ကို ပြောင်းထားတာ မတွေ့ဘူးလား" ဟု ဝေကျိရွှီက ပြောသည်။

"နားလည်ပါတယ်။ ကျွန်တော်က ဒီအတိုင်းပဲပြောတာပါ" ဖက်တီးကျူကပြောလေသည်။

အစေခံမိန်းကလေးက ရှီမာယူယူကို အခန်းတစ်ခန်းထဲသို့ ခေါ်သွား၍ ထိုအခန်းကို ကောင်းကောင်းမြင်နိုင်ရန် သူကိုယ်တိုင် မီးထွန်းပေးလေသည်။

"ခမ်းနားကြီးကျယ်လိုက်တဲ့အခန်းပါလား" ရှီမာယူယူ တိုးတိုးလေးပြောမိလေသည်။ "ဒီအခန်းက တခြားသူတွေရဲ့ ဧည့်ခန်းထက်တောင် ခမ်းနားနေတယ်"

"သခင်လေး ဟောဒီ ဝိညာဉ်သစ်သီးကို သခင်လေးအတွက် သီးသန့်ပြင်ပေးထားတာပါ" ဟု အစေခံမိန်းကလေးက ပြောသည်။ " ဒီလေလံမှာပါမယ့် ပစ္စည်းတွေကို သခင်လေးအတွက် စာရင်းလုပ်ပေးထားပါတယ်"

"ကောင်းပြီလေ မင်းဆင်းသွားလို့ရပြီ" ဟု ရှီမာယူယူက အသံတိုးတိုးဖြင့်ပြောသည်။

"သခင်လေး တစ်ခုခုလိုအပ်ရင် ဒီခလုတ်လေးကို နှိပ်လိုက်ပါ ကျွန်မတို့ လူတစ်ယောက်ကို လွှတ်လိုက်ပါ့မယ်၊ ကျွန်မကို ခွင့်ပြုပါဉီး "

အစေခံမိန်းကလေး စကားပြောပြီးနောက် အခန်းထဲမှထွက်သွားကာ အပြင်က အနှောင့်အယှက်များမဝင်အောင် တံခါးပိတ်သွားလေသည်။

ရှီမာယူယူလည်း ရှေ့သို့တိုးလာ၍ ဝိညာဉ်သစ်သီးကို ကြည့်လိုက်သည်။ ထိုသစ်သီးမှာ ဝိညာဉ်ဘုရားရှိ သစ်သီးနှင့် မယှဉ်နိုင်သော်လည်း တခြားသစ်သီးများထက်စာရင် အများကြီးပိုကောင်းသည်။

ထိုအချိန်မှာပင် အခန်းမကျယ်ရှိ မီးများလင်းလာပြီး လေလံစင်မြင့်ပေါ်သို့ စုပြီးထိုးလိုက်သည်။ လေလံပွဲအကြောင်း သိသူများက လေလံစတော့မည်ကို သိကြလေသည်။

All Chapters