← Chapters

သခင်လေး ဒီလူအိုကြီးရှု အရင်သွားနှင့်ပါ့မယ်

Vol. 115 Ch. 1713

သခင်လေး ဒီလူအိုကြီးရှု အရင်သွားနှင့်ပါ့မယ်

Vol. 115 Ch. 1713

ဦးလေးရှုသည် ကလေးဘဝကတည်းက ယန်မိသားစုတွင်း၌ ကြီးပြင်းလာခဲ့သူ ဖြစ်ပြီး တစ်ဘဝလုံး ယန်မိသားစု အတွက် မြင်းထိန်းအဖြစ် အမှုထမ်းခဲ့သည်။ သူ့တွင် ယန်မိသားစုအပေါ် နက်ရှိုင်းသော သံယောဇဉ် ရှိသည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ တည်ရှိခဲ့သော ယန်မိသားစု ပျက်စီးသွားသည်ကို သူ မမြင်ချင်ပါ။

ယန်ကျင့် အံ့ဩသွားပြီး သူ့အား ကျောပေးသွားသည့် ဦးလေးရှုအား သူ တအံ့တဩ ကြည့်နေမိသည်။ သူ အလွန် ပဟေဠိ ဖြစ်နေသည်။ အဘယ်ကြောင့် ဤဖော်ရွေတတ်သော လူအိုကြီးက ယန်မိသားစုကို သူ ကယ်တင် နိုင်လိမ့်မည်ဟု အလွန် ယုံကြည်နေရသနည်း။ ယခု သူက အမှိုက်တစ်ကောင်ထက် ဘာမှမပိုသောသူ ဖြစ်နေသည် မဟုတ်ပါတကား။

သူ၏ စိတ်အခြေအနေက အလွန် ရှုပ်ထွေးလာသည်။ သူ့အဘိုးနှင့် အဖေက သူ့အပေါ် လက်လျှော့သွားပြီ ဖြစ်သော်လည်း အိမ်အစေခံတစ်ယောက်က သူ့အပေါ် ယုံကြည်နေသည်။ ဤသည်က ကြည်နူးစရာ ကောင်းသလား သို့မဟုတ် ရွဲ့နေသလား ယန်ကျင့် မသိတော့ပါ။

ထိုအခိုက်တွင် လူမိုက်များက သူတို့နောက်သို့ အသည်းအသန် လိုက်နေပြီ ဖြစ်ပြီး ခေါင်းဆောင်ဖြစ်သူက စွေ့ဟွာထံ ဦးတည်လာနေ၏။

“ဝှီး”

စူးရှသော လေတိုးသံတစ်သံ ထွက်ပေါ်လာပြီးနောက် ဦးလေးရှုသည် နှင်းတောထဲ၌ ခပ်သွက်သွက် လျှောက်နေပြီး မျက်လုံးကို ရှင်ရှင်ထား၍ ဓားကိုဝင့်ကာ ဒေါသတကြီး ခုတ်ပိုင်းလေသည်။

“အား …”

လူတစ်ယောက် အော်ဟစ်လာပြီး အော်သံက တိခနဲ ရပ်သွားကာ သွေးများ ပန်းထွက်လာပြီး ခေါင်းတခြား လူတခြား ဖြစ်သွားသည်။

“သွားတော့”

ဦးလေးရှုက သူတို့နှစ်ယောက်ရှေ့၌ ပိတ်ရပ်၍ ဓားကိုဝင့်၍ တိုးလာသော ရန်သူများကို တားဆီးနေသည်။

စွေ့ဟွာ၏ မျက်နှာလေး ဖြူရော်လာပြီး နည်းနည်းလေးမှ မတုံ့ဆိုင်းရဲတော့ဘဲ အံကြိတ်၍ ယန်ကျင့်ကို ခပ်သုတ်သုတ် ဆွဲ၍ တစ်ဖက်မှ ထင်းရှူးတောထဲသို့ ပြေးသွားသည်။

“ဘာမဟုတ်တဲ့ သူတော်စင်သခင်အဆင့်လေးက ငါ့ကိစ္စကို ဝင်ရှုပ်ရဲတယ်ပေါ့လေ”

မုတ်ဆိတ်မွေးနှင့်လူက အေးတိအေးစက် ပျက်ရယ်ပြု၍ ဦးလေးရှုအား ခပ်မာမာ စိုက်ကြည့်နေ၏။ ထို့နောက် သူ့ဓားအား ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။

“မင်းက သေချင်နေမှတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

ထိုအခါ ဦးလေးရှုက နောက်ဆုတ်မသွားဘဲ မုတ်ဆိတ်မွေးနှင့်လူအား ပြန်စိုက်ကြည့်နေ၏။

“ငါ သေမယ်ဆိုရင်တောင်မှ မင်းကို တားမယ်”

“ဟဲဟဲ မင်း အဲ့လိုလုပ်နိုင်မလား ကြည့်ရသေးတာပေါ့”

မုတ်ဆိတ်မွေးနှင့်လူက ကျယ်လောင်စွာ အော်လိုက်ပြီးနောက် ခြေတစ်ဖက်ဆောင့်၍ ပြေးတက်လာပြီး ဆယ်မီတာ အဝေးမှနေ၍ ဦးလေးရှုရှေ့သို့ ချက်ချင်း ရောက်လာသည်။

ဓားကြီးက ကြမ်းကြုတ်၍ ဖိနှိပ်လွန်းလှပြီး လေက အရပ်မျက်နှာအနှံ့ တိုက်ခတ်နေပြီး ဦးလေးရှုထံသို့ တန်းတန်းမတ်မတ် ကျဆင်းလာ၏။

“ဒုန်း”

ကျယ်လောင်သော အသံနှင့်အတူ ဦးလေးရှု နောက်သို့ လွင့်ထွက်သွားပြီး သူ့ဓားတစ်ခုလုံး ပျက်စီးသွားပြီး ခန္ဓာကိုယ်ကလည်း နှစ်ပိုင်း ပြတ်သွားလေသည်။

“အား …”

နာကျင်စွာ အော်ဟစ်လိုက်သောအသံက ပတ်ဝန်းကျင်အနှံ့ ပဲ့တင်ထပ်လာသည်။ တစ်ချက်တည်းနှင့် ရှုံးနိမ့်သွား လေသည်။

သူတော်စင်သခင်အဆင့်နှင့် နတ်ဘုရင်အဆင့်တို့သည် လုံးလုံး မတူညီချေ။ ထိုအသံကို ကြားသောအခါ ယန်ကျင့် နောက်သို့ အလန်တကြား လှည့်ကြည့်လိုက်သည်။ ထိုအခါ ဦးလေးရှုက မြေကြီးပေါ် ဘုန်းခနဲ ပြုတ်ကျပြီး သွေးများ အိုင်ထွန်းနေသည်ကို တွေ့လိုက်ရသည်။

“ဦးလေး”

ယန်ကျင့် အော်ဟစ်လိုက်မိပြီး မျက်လုံးတွင် မျက်ရည်တို့ ရစ်ဝဲလာပြီး နှလုံးသားအား ဓားနှင့်မွှမ်းသလို ခံစားလိုက် ရသည်။ အဘယ်ကြောင့်ဆိုသော် အခုချိန်မှစ၍ ဤလောက၌ သူ့အား ချစ်မြတ်နိုးသူတစ်ယောက် မရှိတော့သည်ကို သိလိုက်သောကြောင့်ပင်တည်း။

ယန်ကျင့် အဆိပ်မိသွားသည့် နှစ်တွင် လူတိုင်း သစ္စာဖောက်လာခဲ့ပြီး မိသားစုထဲမှ ဆွေမျိုးများအားလုံးက သူ့အား အေးစက်သော အကြည့်များဖြင့်သာ ဆက်ဆံကြပြီး ယန်ကျင့်၏ အဘိုးနှင့် ဖခင်သည်လည်း ထိုနည်း လည်းကောင်းပင်။

ဦးလေးရှုသည် သူ့အား ယခင်အတိုင်း ဆက်ဆံမြဲ ဆက်ဆံခဲ့သည့် အချို့သောလူတွေထဲမှ တစ်ယောက် ဖြစ်ပြီး ယန်ကျင့် အဆိပ်မိသွားသော်လည်း ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သည်။ ယန်ကျင့်ကို တွေ့သည့်အကြိမ်တိုင်း အခြား အစေခံများကဲ့သို့ သူ့ကို မသိကျိုးကျွန် ပြုမည့်အစား သခင်လေးဟု တလေးတစား ခေါ်စမြဲပင်။

ဦးလေးရှုတွင် သားသမီး မရှိသလို ယန်ကျင့်အား သူ၏ သားရင်းတစ်ယောက်သဖွယ် သဘောထားသည်။ သူ ရပ်ဝေးသို့ ခရီးထွက်ရသည့် အခါတိုင်း ထူးဆန်းသော ပစ္စည်းများ သို့မဟုတ် အရသာရှိသော အစားအသောက် များကို ယန်ကျင့်အတွက် ဝယ်လာပေးတတ်သည်။

သူ လျစ်လျူရှုခံရသည့် ထိုတစ်နှစ်လုံးတွင် ဦးလေးရှုက ယန်မိသားစုထက်ပင် သူ၏ မိသားစု ပိုဆန်သေးသည်ဟု ယန်ကျင့် ခံစားမိသည်။

အနည်းဆုံးတော့ ယန်ကျင့် နှစ်သိမ့်မှုနှင့် ဂရုစိုက်မှုတို့ အလိုအပ်ဆုံးအချိန်၌ သူ ကျောခိုင်းသွားခဲ့ခြင်း မရှိခဲ့ပေ။

လက်ရှိတွင် ဦးလေးရှု၏ ကြင်နာတတ်၍ ပြုံးနေတတ်သော မျက်နှာက ယန်ကျင့်၏ စိတ်ထဲ၌ ပြန်မြင်ယောင် လာသည်။ သို့သော် ထိုမျက်နှာအား သူ ထပ်မံ၍ မတွေ့နိုင်တော့ပါ။

ယခုအခါတွင် လယ်သမားတစ်ယောက်ကဲ့သို့ ရိုးသားဖြူစင်သော ဤလူကြီးက သူ့ကြောင့်နှင့် သေဆုံးသွား ခဲ့လေပြီ။

“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာပဲ’

ဦးလေးရှုက သူ့လက်ချက်ဖြင့် သေသွားသည်ကို ကြည့်ပြီး မုတ်ဆိတ်မွေးနှင့်လူက လှောင်ရယ်လိုက်ပြီးနောက် ယန်ကျင့်တို့နောက်သို့ ဆက်လိုက်လာသည်။

သို့သော် ထိုအခိုက်တွင် မုတ်ဆိတ်မွေးနှင့်လူသည် သူ့ခြေထောက်က လေးနေသလို ခံစားလိုက်ရသဖြင့် ခေါင်းငုံ့ ကြည့်လိုက်သောအခါ သေသွားသင့်သောလူက သူ့ခြေထောက်အား တင်းနေအောင် ဖက်ထားပြီး နည်းနည်းလေးမှ ရွှေ့ခွင့်မပေးသည်ကို တွေ့လိုက်ရသည်။

“ငါ အသက်ရှူနေသေးသရွေ့ မင်းကို သခင်လေးရဲ့ ဆံပင်တစ်ချောင်းကိုတောင်မှ ထိခွင့်မပေးနိုင်ဘူးကွ”

ဦးလေးရှု၏ မျက်နှာက ဖြူရော်နေပြီး အံကြိတ်ထားသည်။ သူ့အသက်ကို စတေးရမည် ဆိုလျင်တောင်မှ သူ ယန်ကျင့်ကို ကာကွယ်ပေးနေဦးမှာပင်။

“မင်း သေချင်နေတာပဲ”

မုတ်ဆိတ်မွေးနှင့်လူ၏ မျက်လုံးများက ပေါက်ထွက်မတတ် ဖြစ်နေပြီး ဒေါသတကြီး ဓားဖြင့် ထပ်ခုတ်သည်။

“ရွှစ်”

သွေးများ ပန်းထွက်လာသော်လည်း ဦးလေးရှုက မလွှတ်ပေးဘဲ မုတ်ဆိတ်မွေးနှင့်လူ၏ ခြေထောက်ကို တင်းနေအောင် ဆက်ဖက်ထားသည်။

“အား … ခွေးမသား”

မုတ်ဆိတ်မွေးနှင့်လူသည် ဒေါသကြောင့် ဆွေ့ဆွေ့ခုန်မတတ် ဖြစ်နေပြီး ထပ်ခါထပ်ခါ ဓားဖြင့် ခုတ်လိုက်သည်။ သူ့မျက်လုံးတွင်းတွင် သတ်ဖြတ်ချင်စိတ်တို့က ရူးမတတ် ပေါ်ထွက်နေ၏။

ဦးလေးရှုသည် ဝမ်းနည်းနေသော အပြုံးမျိုး ပြုံးလာပြီး ခေါင်းကို ဖြည်းဖြည်းချင်းမော့၍ မျက်ရည်ဝေ့နေသော ယန်ကျင့်ကို လှမ်းကြည့်ကာ နှုတ်ခမ်းလှုပ်ရုံ ပြောလေသည်။

“သခင်လေး ဒီလူအိုကြီးရှု အရင်သွားနှင့်ပါတော့မယ် …”

ထိုသို့ပြောပြီးနောက် သူသည် ခေါင်းငုံ့သွားပြီး နှင်းတောထဲ လဲကာ မလှုပ်တော့ပေ။

ထိုအခိုက်တွင် ယန်ကျင့်၏ နှလုံးသားထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ရိုက်ခတ်နေပြီး မျက်ရည်များက တာကျိုးသကဲ့သို့ စီးကျလာသည်။

သို့သော် လူသာ သေသွားသော်လည်း ဦးလေးရှု၏ လက်များက မုတ်ဆိတ်မွေးနှင့်လူ၏ ခြေထောက်ကို တင်းနေအောင် ဖက်ထားဆဲပင်။ ဘယ်လိုမှ ဖြည်လို့မရသဖြင့် ဦးလေးရှု၏ လက်ကို ခုတ်လိုက်မှသာ ခြေထောက် လှုပ်၍ ရသွားလေသည်။

မုတ်ဆိတ်မွေးနှင့်လူသည် အသက်ပြင်းပြင်း ရှူနေပြီး ဦးလေးရှုကြောင့် ဒေါသထွက်နေပြီး သူ့လူများအား ဒေါသတကြီး အမိန့်ပေးလိုက်သည်။

“ဒီအမှိုက်ကောင်ကို နုတ်နုတ်စင်းပြီး ခွေးကျွေးလိုက်စမ်း”

သူ သေသွားလျင်တောင်မှ သူ့စိတ်အခြေအနေကို ဖျက်ဆီးသည့် ဤလူအား အလောင်း အပြည့်အစုံဖြင့် သေခွင့်မပေးနိုင်ပါ။

“လိုက်စမ်း သူတို့ကို အလွတ်မပေးနဲ့”

မုတ်ဆိတ်မွေးနှင့်လူက ဦးဆော်၍ ပြေးလိုက်နေသည်။ ယနေ့ ဘာဖြစ်ဖြစ် သူ ယန်ကျင့်ကို ရှင်းပစ်မှဖြစ်မည်။ သို့မဟုတ်ပါက သူ အလုပ်ဆက်လုပ်၍ ရမည် မဟုတ်ပါ။

“ရှပ် ရှပ် ရှပ်”

ထင်းရှူးတောထဲ၌ စွေ့ဟွာက ယန်ကျင့်ကို ဆွဲ၍ အသည်းအသန် ထွက်ပြေးနေသည်။ သူမ အမူအရာက ပျာယာခတ်နေပြီး ယခု သေမင်းနှင့် စစ်ခင်းနေသည်ဟုပင် ပြော၍ ရနိုင်ပေသည်။

သူမအနောက်၌ ရှိနေသော ယန်ကျင့်က ဘာမှမပြောချေ။ သူသည် မှင်တက်နေပုံပေါ်ပြီး မျက်နှာက ခံစားချက် ကင်းမဲ့နေကာ သူငယ်အိမ်က ငြိမ်၍ ထိုင်းမှိုင်းနေသည်။

ထိုသို့သောအချိန်၌ သူ့နှလုံးသားက တစ်ခုခု ပျောက်ဆုံးသွားသဖြင့် ဗလာဖြစ်နေသလို ခံစားနေရသည်။ သို့ရာတွင် သူ အခြားတစ်စုံတစ်ရာကိုပါ သူ ခံစားမိနေသည်။ ယင်းမှာ ဒေါသစိတ်ပင်။

ရုတ်တရက် စွေ့ဟွာရှေ့၌ လူတစ်ယောက် ပေါ်လာသဖြင့် စွေ့ဟွာ သူ့ရင်ဘတ်ကို ဝင်တိုက်လုနီးပါး ဖြစ်သွားရသည်။

ထိုလူ၏ မျက်နှာကို သေချာမြင်လိုက်ရပြီးနောက် စွေ့ဟွာ မျက်နှာတစ်ပြင်လုံး ဖြူစုတ်သွားသည်။

ရောက်လာသူက မုတ်ဆိတ်မွေးနှင့် လူပင်တည်း။

စွေ့ဟွာနှင့် ယန်ကျင့်၏ လက်ရှိ သိုင်းအဆင့်က ဈာန်ဝင်စားခြင်းအဆင့်သာ ဖြစ်သည်။ သူတို့ ဘယ်လိုလုပ် နတ်ဘုရင်အဆင့်ထံမှ လွတ်အောင် ပြေးနိုင်မည်နည်း။

လက်ရှိတွင် မုတ်ဆိတ်မွေးနှင့်လူက စွေ့ဟွာရှေ့၌ ရပ်ကာ ညစ်ကျယ်ကျယ် ပြုံးနေ၏။

“အလှလေး မင်း ဘယ်ပြေးမလဲ”

အနောက်မှ လိုက်လာသည့် လူသတ်သမားများကလည်း သူတို့ကို ဝိုင်းလာပြီး အားလုံး၏ မျက်နှာများက ခက်ထန်နေသည်။

“ဒုန်း …”

စွေ့ဟွာ အံကြိတ်လိုက်ပြီး ဒူးထောက်ကာ မိုးစက်များသဖွယ် ကျဆင်းနေသော မျက်ရည်တို့နှင့်အတူ တောင်းပန် လေသည်။

“ကျေးဇူးပြုပြီး သူ့ကို လွှတ်ပေးပါ၊ အခု သူက သုံးစားမရတဲ့ လူ ဖြစ်နေပါပြီ၊ ဘယ်သူ့ကိုမှ သူ ခြိမ်းခြောက်နိုင်စွမ်း မရှိပါဘူး၊ သူ လက်စားမချေဘူးလို့ ကျွန်မ အာမခံပါတယ်၊ ကျွန်မတို့ ဒီက ထွက်သွားပြီးတာနဲ့ ဘယ်တော့မှ ပြန်မလာတော့ပါဘူး”

စွေ့ဟွာ မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းနေပြီး ကူကယ်ရာမဲ့ ဖြစ်နေသည်။ သူမတစ်ယောက်တည်းဖြင့် ယန်ကျင့်ကို မကာကွယ်နိုင်ပါ။

ယခု ယန်ကျင့်ကို ကယ်တင်နိုင်ရန် အလို့ငှာ သူမမာနကို ခဝါချလိုက်ရန် ဝန်မလေးတော့ပေ။

“စွေ့ဟွာ ထ၊ ဒီလူတွေကို ဒူးထောက်ဖို့ မလိုဘူး၊ ယန်ကျင့်ဆိုတဲ့ ငါက သေတောင် သူတို့ကို အညံ့မခံဘူး”

ယန်ကျင့်၏အသံက မာထန်နေပြီး ထိုလူများအား အေးစက်သော မျက်လုံးတို့ဖြင့် ကြည့်လိုက်သည်။ လက်ရှိတွင် ဤလူများကို သူ မကြောက်တော့ပါ။ သူ့တွင် မုန်းတီးစိတ်သာ ရှိနေ၏။

“ကောင်မလေး မငိုနဲ့၊ တကယ်တော့ ငါတို့ကို ဒီအမှိုက်ကောင်ကို လွှတ်ပေးဖို့ တောင်းဆိုလည်း ရတယ်”

မုတ်ဆိတ်မွေးနှင့်လူက ထူးဆန်းစွာ ပြုံးနေပြီး သူ့မျက်လုံးများက စွေ့ဟွာ၏ ရင်ဘတ်နှင့် မျက်နှာကို အထပ်ထပ် ကြည့်နေသည်။

“ရှင် တကယ် ပြောတာလား”

စွေ့ဟွာ ယုံကြည်သွားပြီး သူမမျက်ဝန်းတွင် မျှော်လင့်ချက် အရိပ်အယောင် ပေါ်လာသ်ည။

“တကယ်တော့ …”

မုတ်ဆိတ်မွေးနှင့်လူက ညစ်ကျယ်ကျယ် ပြုံး၍ စွေ့ဟွာ၏ သွယ်လျသော လက်ကိုဆွဲလိုက်သည်။

“မင်း ငါနဲ့ အိပ်ပေးသရွေ့ ရတယ် ကောင်မလေး”

“မလုပ် … မလုပ်နဲ့”

စွေ့ဟွာ အသည်းအသန် လက်ကို ပြန်ရုန်းနေပြီး မျက်လုံးတွင် သွေးပျက်ဟန် ပေါ်လာသည်။ သူမသည် အရွယ်ရောက်လာပြီးကတည်းက မည်သည့် ယောက်ျားနှင့်မှ ထိတွေ့ဖူးခြင်း မရှိပါ။ ယခု သူစိမ်းတစ်ယောက်က သူမလက်ကို ကိုင်တွယ်နေသဖြင့် သူမ အကြောက်လွန်ပြီး တစ်ကိုယ်လုံး တုန်လာသည်။

“ခွေးကောင်တွေ ခင်ဗျားတို့ ဘာတွေ လာမောက်မာနေတာလဲ၊ ကျုပ်သာ အဆိပ်ခတ်မခံရင် ဒီနေ့ ခင်ဗျားတို့ အားလုံးကို ကျုပ် သတ်နိုင်တယ်”

ယန်ကျင့်သည် မျက်နှာကိုမော်၍ အေးစက်စက် မျက်လုံးများဖြင့် ကြည့်နေကာ မျက်နှာထားက အေးစက်နေ၏။

သူ ပြောလိုက်သည့် စကားက မှန်ပေသည်။ သူသာ အဆိပ်ခတ်မခံရလျင် သူ့ခွန်အားဖြင့် သူတို့အားလုံးကို သတ်နိုင်ပေသည်။ ယခုကဲ့သို့ အခြားသူများ၏ သတ်ဖြတ်ခြင်း ခံရမည် မဟုတ်သလို စွေ့ဟွာသည်လည်း အခြားသူများ၏ အရှက်ခွဲခြင်း ခံရမည် မဟုတ်ပါ။

“ဟဲဟဲ”

မုတ်ဆိတ်မွေးနှင့်လူက လှောင်ရယ်၍ ပြောလိုက်သည်။

“မင်း တကယ် တော်တယ်ဆိုတာကိုတော့ ငါ မငြင်းပါဘူး၊ ဒါပေမဲ့ အခု မင်းက လေကျယ်နိုင်ရုံပဲ ရှိတာ”

အလွန်ဆုံး သူ လျှာစောင်းထက်ထက်ဖြင့် ပြန်ပြောနိုင်ရုံသာ ရှိပေမည်။ သူ အခြား ဘာများ လုပ်နိုင်မည်နည်း။

ယန်ကျင့် နဖူးကြောများ ထောင်လာသည်။ သူ တကယ်ပင် ခွန်အားမဲ့နေ၏။ သူ ပုရွက်ဆိတ်ဟုသာ သဘောထားခဲ့သည့်သူက ယခု သူ့ကို နည်းပေါင်းစုံဖြင့် အရှက်ခွဲနေသည်။ ဦးလေးရှုက သူ့ကို ကာကွယ်ရင်း သေခဲ့ရသလို ယခု စွေ့ဟွာကလည်း အရှက်ကွဲရတော့မည်။

*ငါ လက်မခံနိုင်ဘူး၊ တကယ်ပဲ ကောင်းကင်ဘုံက ကြည့်နေတော့မှာလား*

ယန်ကျင့်၏ အမူအရာက ပိုပို၍ သုန်မှုန်လာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

“အဲ့မနူးမနပ်ကောင်လေးကို သတ်လိုက်တော့၊ ဒီအလှလေးကိုတော့ ငါ ပျော်ပါးလိုက်ဦးမယ်”

မုတ်ဆိတ်မွေးနှင့်လူက ဆက်သည်းမခံနိုင်တော့ဘဲ အေးတိအေးစက် အမိန့်ပေးလိုက်သည်။

သူ့လူများက ချက်ချင်း ယန်ကျင့်ကို ဝိုင်းလိုက်ပြီး ဓားများကို ဝင့်၍ ညှာတာခြင်းမရှိဘဲ ယန်ကျင့်အား သတ်ရန် ပြင်လေသည်။

“ဗျိ”

ထိုစဉ်် စွေ့ဟွာ၏ ခန္ဓာကိုယ်ပေါ်မှ အင်္ကျီ စုတ်ဖြံခံလိုက်ရပြီး ဖြူဖွေးဝင်းပသော အစိတ်အပိုင်းတစ်ခု ပေါ်လာသည်။

“ဝိုး … ကြီးလိုက်တာ”

မုတ်ဆိတ်မွေးနှင့်လူက ညစ်ညမ်းစွာ ရယ်လိုက်သည်။ ဤဖြူဝင်းသော ပန်းပွင့်လေးက မျက်စိ ပသာဒ ဖြစ်လှသလို ကိုင်ကြည့်လျင်လည်း နူးညံ့မှာ အသေအချာပင်။

“မလုပ်နဲ့”

စွေ့ဟွာသည် သူမ ဘာဖြစ်တော့မလဲ ရိပ်မိသွားပြီး အော်ဟစ်တော့သည်။

“စွေ့ဟွာ၊ … ခွေးမသား ငါ မင်းကို သတ်မယ်”

ယန်ကျင့် အံကြိတ်၍ ရှေ့သို့ ပြေးလာပြီး မုတ်ဆိတ်မွေးနှင့်လူကို တိုက်ခိုက်ရန် ကြိုးစားလေသည်။ ထိုအခါ မုတ်ဆိတ်မွေးနှင့်လူက အထင်သေးစွာ ပြုံးလိုက်သည်။

“အရူး”

ထို့နောက် သူက ကန်ထုတ်လိုက်သဖြင့် ယန်ကျင့် မြေကြီးပေါ် ဘောလုံးသဖွယ် လိမ့်သွားပြီး လူသတ်သမားများ၏ ခြေထောက်အောက် ပြန်ရောက်သွားသည်။

“ဟားဟားဟား အမှိုက်ကောင် မင်းအဆင့်လေးနဲ့ မိန်းမလှလေးကို ကယ်တဲ့ သူရဲကောင်း ဖြစ်ချင်သေးတာလား”

“ကျစ် ကျစ် ကျစ် သနားစရာလေးပဲ၊ စိတ်မပူနဲ့ ငါတို့ သူနဲ့ ပျော်ပါးလို့ ဝသွားရင် မင်းနဲ့ ပြန်ဆုံနိုင်အောင် သူ့ကို တမလွန်ဆီ ပို့ပေးမယ်”

“ဝေါ့”

ယန်ကျင့် သွေးအန်လာပြီး မျက်နှာ ဖြူကာ နာကျင်နေသော အမူအရာ ဖြစ်ပေါ်နေသော်လည်း စွေ့ဟွာထံ တွားသွား၍ လှမ်းနေဆဲပင်။

“သူ့ကိုလွှတ်၊ သူ့ကိုလွှတ်လိုက်”

All Chapters