← Chapters

အပိုင်း(၁၉၃)-အိမ်သိုယူသွားပြီး ခြေဆေးကန်တွင်ထားခြင်း

Vol. 002 Ch. 193

အပိုင်း(၁၉၃)-အိမ်သိုယူသွားပြီး ခြေဆေးကန်တွင်ထားခြင်း

Vol. 002 Ch. 193

စူးရှပြီးဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်သည် စင်ပေါ်တွင်လျှောက်လာသည်။ သူမသည် ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်သော အဝတ်အစားကိုဝတ်ဆင်ထားသည်။

သူမ၏အပြုံးမှာလှပပြီး အလွန်သိမ်မွေ့သော အလှကိုလည်းပိုင်ဆိုင်ထားသည်။ သူမဆံပင်သည်  ခေါင်းအနောက်တွင် ချည်ဖွဲ့ထားပြီး ကျက်သရေရှိသည့်ပုံစံဖြစ်သည်။

သူမ လက်ခုတ်တီးလိုက်ရာ အောက်ရှိလူများသည် တိတ်ဆိတ်သွားတော့သည်။

“ဒီတစ်ခေါက်လေလံပွဲကိုလာကြတဲ့ ဧည့်သည်တော်များအားလုံးကို ကြိုဆိုပါတယ်၊ နှစ်ချီပြီးတဲ့အခါမှာတော့ နောက်ဆုံး လေလံပွဲစတင်ပါပြီ၊ ပါဝင်ရတာ ဂျွန်လန်လို အားလုံး ပျော်ရဲ့လားလို့မေးချင်ပါတယ်” ဂျွန်လန်သည် ပြုံးပြီးပြောလိုက်သည်။

အောက်မှ သဘောတူညီသော အော်သံများသည် စိတ်လှုပ်ရှားမှုများပြည့်နှက်ကာ ပျော်ရွှင်မှု များရှိနေသည်ကို ပြသနေသည်။

ဂျွန်လန်သည် စိတ်လှုပ်ရှားမှုများနှင့် အောက်မှလူများ၏ တုန့်ပြန်မှုကို ကြည့်ပြီးနောက်ပြောလိုက်သည် “အားလုံးသိတဲ့အတိုင်းပဲ လူရုပ်ဆိုးရဲ့ အစောင့်တွေက အဆင့်တွေမြင့်ကြပါတယ်၊ ဒီတစ်ချီမှာတော့ အရည်အသွေးမြင့် ပစ္စည်းတွေရှိပါတယ်၊ အဲဒါကြောင့် လုံခြုံရေးကိုလည်း ပိုတင်းကျပ်ထားပါတယ်၊ သူတို့ထဲမှာတော့ အနည်းဆုံး ဝိညာဉ်သူတော်စင်အဆင့်နဲ့ စံတင်အဆင့်ဝိညာဉ်သခင်တွေကလည်း အကုန်လုံးစောင့်ကြည့်နေကြပါတယ်၊ အဲတော့ အားလုံးပဲ လေလံမရရင်တောင် ဒီမှာ ရုတ်ရုတ်သဲသဲ လုပ်လို့မရပါဘူး”

သူမ ပြောပြီးနောက်တွင် လေးဖက်လေးလံမှ ဖိအားပေးထားသော ရောင်ဝါများသည် တစ်ပြိုင်နက်ထွက်လာ သည်။ ထို့နောက်တွင် လျင်မြန်စွာပင်ပြန်ရုတ်သိမ်းသွားလေသည်။

“သူတို့က အားလုံးကိုစောင့်ကြည့်နေတဲ့ စံတင်အဆင့်ဝိညာဉ်သခင်တွေဖြစ်ပါတယ်၊ ဒီလေလံပွဲရဲ့ အာဏာကို  တော့ အထင်သေးလို့မရပါဘူး”

“ဒီလေလံပွဲမှာရနိုင်တဲ့ ပစ္စည်းစာရင်းကိုတော့ အားလုံးရဲ့နေရာမှာရှိပါတယ်၊ သီးသန့်အခန်းမှာလဲထားပေး ထားပါတယ်၊ ဒီနေ့လေလံပွဲက ပစ္စည်းတွေကို အားလုံးသိကြမယ်ထင်ပါတယ်၊ လိုချင်တာရှိရင်တော့ ရိုက်ချဖို့သာအသင့်ပြင်ထားကြပါ” ဂျွန်လန်သည် သူတို့အား သတိပေးလိုက်သည် “အားလုံး ထပ်မစောင့်နိုင်ကြတော့ဘူးထင်ပါတယ်၊ ဒီနေ့ညရဲ့ လေလံပွဲစတင်ပါပြီလို့ ကြေညာပါတယ်၊ အောက်ကလူတွေ ဒီနေ့ညရဲ့ ပထမဆုံးပစ္စည်းကို ယူလာပေးနိုင်မလား”

လှပသော အမျိုးသမီးတစ်ယောက်သည် လင်ဗန်းအားကိုင်ဆောင်လာပြီး လေလံစားပွဲပေါ်တွင် တင်လိုက်သည်။ ထို့နောက်တွင် သူမသည် ဖုံးအုပ်ထားသော အနီရောင်အဝတ်ကို ဖယ်ပြီး နောက်ပြန်ဆုတ်လိုက်သည်။

“ဒါကတော့ ကမ္ဘာ့အလယ်ဗဟိုနဲ့ အနီးဆုံးမီးတောင်အောက်ခြေကနေယူထားတဲ့ မီးတောင်ကျောက်တုံးဖြစ်ပါ တယ်၊ သူကတော့ မီးအပူပြင်းဆုံးနဲ့ အချိန်အကြာကြီး ထိတွေ့ထားတာဖြစ်လို့ မီးဝိညာဉ်လက်နက်တွေ လုပ်တဲ့နေရာမှာ အရေးကြီးတဲ့ပါဝင်ပစ္စည်းဖြစ်မှာပါ၊ ဒီမီးတောင်ကျောက်တုံးကတော့ ၁.၅ ကီလိုဂရမ်လေးပြီး ဈေးနှုန်းကတော့ တစ်ခါတက်ရင် ၁၀ရာခိုင်နှုန်းတက်သွားမှာဖြစ်ပါတယ်၊ အခုစပြီး ဈေး ခေါ်လို့ရပါပြီ”

သူမသည် လက်ထဲမှ သေးငယ်သော တူဖြင့်တစ်ချိန်ထုလိုက်ရာ အောက်မှလူများသည် စတင်ဈေးပြိုင် ပေးကြသည်။ သုံးဆယ်၊ ငါးဆယ်မှစ၍ တက်သွားသည်။

ရှီမာယူယူသည် အောက်တွင်ဖြစ်နေသော ဈေးနှုန်းပြိုင်ပွဲကိုကြည့်လိုက်ရာ ထိုလေလံပွဲမှ တင်သော ဈေးနှုန်း သည် အနည်းငယ်နည်းသည်ကို သိလိုက်ရသည်။ ထိုသို့စဉ်းစားလိုက်လျှင် လူများသည် ဈေးနှုန်းတိုက်ပွဲ စတင်သည်ကို ရင်ဆိုင်သည်ဖြစ်နိုင်သည်။ အချိန်တစ်ခုကြာ  သောအခါ ပြိုင်ဆိုင်နေသော လူများသည်  ဈေးနှုန်းများ မြှင့်လာကြသည်။

သူမ အောက်သို့ကြည့်လိုက်သည်။ ရှေ့ပိုင်းပစ္စည်းများကို သူမ စိတ်မဝင်စားပါ။ သူမလိုချင်သော အနက်ရောင်ကျောက်တုံးသည် နံပါတ်နှစ်ဆယ်ဖြစ်၍ ခရမ်းစွဲပုလဲမှာ နောက်ထပ်နှစ်ဆယ်မှာရှိသည်။ ထို့ကြောင့် သူမသည် အောက်မှဈေးနှုန်းပြိုင်ပွဲအား ကြည့်ကာ ဝိညာဉ်အသီးများ စားနေလိုက်သည်။

ဖက်တီးကျူ၏ ဆေးဖက်ဝင်ပစ္စည်းသည် ရှေ့ပိုင်း လေလံပွဲတွင်ပါဝင်သည်။ ခေါ်ဈေးမှာ ရွှေပြား ၅၀၀ ဖြစ်သော် လည်း နောက်ဆုံးတွင် အဂ္ဂိရတ်ပညာရှင်ရသွားသည်မှာ ရွှေပြား ၁၅၀၀ နှင့်ဖြစ်သည်။

ထိုမျှလောက်ရမည်ဟု ဖက်တီးကျူထင်မထားပေ။ ထိုအချိန်က သူသည် အပျော်သဘောဖြင်သာ ပါဝင်ချင်ခဲ့ ခြင်းဖြစ်သည်။ ထိုဈေးနှုန်းနှင့်ပတ်သတ်၍ သူ မကျေမနပ် မဖြစ်ပေ။

မကြာမီတွင် ဝေကျိရွှီ၏ ပစ္စည်းသည် ရွှေပြား ၃၀၀၀ ဖြင့် ဈေးပြတ်သွားသည်။

ထို့နောက်တွင် ဆေးနှင့် လက်နက်များအတွက် ပါဝင်ပစ္စည်းများပါလာသည်။ ပြီးဆုံးသောအခါ အနက်ရောင်  ကျောက်တုံး အလှည့်ရောက်လာသည်။

“ဒီကျောက်တုံးကတော့ မြင်ရခဲပါတယ်၊ ကျွန်မတို့ တန်ဖိုးဖြတ်တဲ့သခင်တောင်မှ အရည်အသွေးကို မခန့်မှန်းတတ်လောက်အောင်ပါပဲ၊ ဒါပေမယ့် ဒီမာကြောတဲ့အပြင်ပန်းကို ကြည့်ရင်တောင်မှ သာမာန် မီးတောက်က ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူး၊ ဒါကတော့ အရည်ကျိုတဲ့နေရာမှာ အသုံးတည့် မယ်လို့ ပြောချင်ပါတယ်၊ ခေါ်ဈေးကတော့ ရွှေပြား ၁၀၀၀ပါ”

ထိုကျောက်တုံး၏ အသုံးဝင်မှုကို အားလုံးက သေချာမသိသောကြောင့် အများအပြားပါဝင်ခြင်းမရှိပေ။ ထို့အပြင် အားလုံးသည် ထိုဈေးနှုန်းအား သင့်တော်မည်ဟုတ် မဟုတ်ကို သံသယရှိကြသည်။ ရောင်းထွက်မည်ဆိုပါက အမြတ်အစွန်းပင်ဖြစ်သည်။ သို့သော် သူတို့သည်ထိုအသုံးမဝင်သော ကျောက်တုံးဝယ်သွားပါက ဆုံးရှုံး မှုကြီးမားသည်။

အကယ်၍ အရည်ကျိုရမည်ဆိုပါကလည်း အသုံးဝင်မှုကိုမသိပါက အသုံးမဝင်ဖြစ်ပေဦးမည်။

ထို့ကြောင့်ပင် ဒီတစ်ခေါက်ဈေးပြိုင်မှုသည် မတူညီပေ။ ဒီတစ်ကြိမ်တွင် ဈေးပြိုင်သော လူအနည်းငယ်သာ ရှိသည်။ နှစ်မိနစ်၊ သုံးမိနစ်ကြာသွားသည်၊ ဈေးပြိုင်မှုမှာ ရွှေပြား ၂၀၀၀သာ ရှိသေးသည်။

“၂၅၀၀” ရှင်းဝမ်၏ သံသည် ဒုတိယအထပ်ရှိ အခန်းမှထွက်လာသည်။

“၂၆၀၀” ရှင်းဝမ် ဈေးခေါ်သည်ကိုကြားသည်နှင့် ဘိုင်ယွန်ရွှီလည်း ဈေးပြိုင်သည်။

အရှေ့တွင်ရှိသော ပစ္စည်းသည် အဆင့်နှင့် အရည်အသွေးမှာ မမြင့်လှသည်ဖြစ်၍ ထိုခန်းမကျယ် ကြီးတွင် ဈေးပြိုင်သည်မှာ နည်းနေသည်။ ဒုတိယအထပ်နှင့် တတိယအထပ်တို့မှာ လှုပ်ရှားမှုပင် မရှိပေ။ ခြယ်လှယ်ခြင်းစစ်တပ်မှ ရှင်းဝမ်တို့ပါဝင်သည်မှာ ရှားပါးလှသည်။ အောက်ရှိလူများသည် လက်လျော့ထားကြသော်လည်း ဘိုင်ယွန်ရွှီ အသံထပ်ထွက်လာသည်။

“၃၀၀၀” ဘိုင်ယွန်ရွှီ သူမနှင့် ထပ်ပြိုင်သည်ကို ရှင်းဝမ်သည် မျက်နှာပျက်သွားသည်။

“၃၁၀၀”

“၃၃၀၀”

“၃၄၀၀”

“၄၀၀၀”

“၄၁၀၀”

ရှင်းဝမ်ဘယ်လောက်ပင် ဈေးခေါ်ပါစေ ဘိုင်ယွန်ရွှီသည် နောက်မှ တစ်ရာစီလိုက်တက်သည်။ သူမနှင့် ပြိုင်ဆိုင်သည်မှာ ထင်ရှားသည်။

“ဘိုင်ယွန်ရွှီ မင်းက ဒီပစ္စည်းကို စိတ်မဝင်စားဘူးမလား၊ ဘာလို့လေလံံဆွဲချင်ရတာလဲ” ရှင်းဝမ်သည် သည်းမခံနိုင်တော့ပဲ အခန်းထဲမှ အပြင်ကို အော်လိုက်သည်။

“ဒီပစ္စည်းက မဆိုးဘူးလို့ငါထင်တယ်၊ ငါဝယ်သွားပြီး အိမ်က ခြေဆေးကန်မှာထားချင်လို့” ဘိုင်ယွန်ရွှီ ပြောလိုက်သည်။

“ဟားဟား”

အောက်ရှိလူများ ရယ်မောကြသည်။ ထိုကဲ့သို့ ပြောနိုင်သည်မှာ ဘိုင်ယွန်ရွှီ တစ်ယောက်သာရှိသည်။

ရှီမာယူယူပင်လျှင် ပြုံးမိသွားသည်။

ရှီယူရှီနှင့် တော်ဝင်အဖွဲ့သည်အခန်းနံပါတ် ငါးတွင် ထိုင်နေကြသည်။ သူတို့သည် လေလံပွဲနောက်ပိုင်းကို စောင့်မျှော်နေကြသည်။ အောက်ထပ်တွင် ဘိုင်ယွန်ရွှီနှင့် ရှင်းဝမ်တို့ ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို တွေ့သည်နှင့် ပြောလိုက်သည် “၅၀၀၀”

ရှင်းဝမ်ကြိုက်သည်ဆိုပါက သူမအတွက်လက်ဆောင်ဝယ်ပေးနိုင်သည်။ သူတို့ဒီလိုအချိန်ဖြုန်းနေပါက လေလံပွဲ ကို ဘယ်တော့ပြီးမလဲမသိနိုင်ပေ။

နံပါတ်ငါး အခန်းအလင်းပွင့်လာသည်ကို မြင်သည်နှင့် အောက်မှလူများသည် ပါးနပ်စွာ မျက်လုံးများပိတ်လိုက် ကြသည်။ ဒီပွဲကို လအနောက်တိုင်းပြည်က တော်ဝင်မိသားစု ပါမည်ကို ဘယ်သူမှမသိခဲ့ပေ။ ဘယ်သူက သူတို့နဲ့ တိုက်ခိုက်ရဲမှာလဲ။

ထင်ထားသည့်အတိုင်းပင် ရှီယူူရှီ ပါးစပ်ဟလိုက်သည့်အချိန်တွင် ဘိုင်ယွန်ရွှီသည် ငြိမ်ကျသွားခဲ့သည်။ ရှီယူရှီသည် သူမကိုယ်စား ဈေးပြိုင်ပေးသည်ကို ရှင်းဝမ်သိသောကြောင့် သူမ ဈေးမခေါ်တော့ပေ။

ဂျွန်လန်သည် စင်ပေါ်မှ စောင့်ကြည့်နေခဲ့သည်။ ထိုကျောက်တုံးမှာ သူမ ထင်ထားသည့်အတိုင်း ရွှေပြား ၅၀၀၀ ရောက်ရှိနေပြီဖြစ်သည်။ နောက်ထပ်ဈေးပေးမည့်သူမရှိသည်ကို သိပြီးနောက် လုပ်ရိုးလုပ်စဉ်အ အတိုင်း နောက်ဆုံးစကားကို ပြောလိုက်သည်။

“အခန်း၅က ရွှေပြား ၅၀၀၀ ပေးပါတ်ယ၊ ဒီထက်ပိုပေးချင်တဲ့သူ ရှိပါသလား” အချိန်ခဏ  စောင့်ပြီးနောက်တွင်… ဈေးခေါ်သူမရှိသေးပေ ထို့ကြောင့် သူမ ဆက်ပြောလိုက်သည် “မရှိတော့ရင် ရွှေပြား ၅၀၀၀ တစ်ကြိမ်၊ ရွှေပြား ၅၀၀၀ နှစ်ကြိမ်၊ ရွှေပြား ၅၀၀၀ သုံး….”

“၅၁၀၀”

ဂျွန်လန်၏ စကားဆုံးမည်အပြုတွင် အခန်းနံပါတ် ၃ ခေါ်လိုက်သည်။

အခန်းနံပါတ် ၃ မှဈေးခေါ်လိုက်သည်ကို ကြားသည်နှင့် အားလုံးသည်အံ့သြသွားလေသည်။ အခု ဈေးပြိုင်လိုက်တာက ရှီယူရှီရဲ့ မျက်နှာကို ရိုက်လိုက်တာပဲမလား။

ထင်ထားသည့်အတိုင်းပင် ရှီယူရှီသည် မကျေမနပ်ဖြစ်သွားသည်။ အခု သူဘာမှလုပ်မနေပေ၊ သို့သော် သူမ ထပ်ပြီး ဈေးပြိုင်လိုက်သည်။ ဒါက သူမကို တမင် နောက်ပြောင်တာမလား။ တည်ငြိမ်သောမျက်နှာဖြင့် သူမပြောလိုက်သည် “၅၅၀၀”

“၅၆၀၀”

“၆၀၀၀”

“၆၁၀၀”

“၆၅၀၀”

“၆၆၀၀”

ဘိုင်ယွန်ရွှီသုံးခဲ့သော နည်းလမ်းကို သူမ သုံးသည်။ အကြည့်တစ်ချက်နှင့်ပင် သူမသည် ငတုံးဖြစ်သည်ကို ပြောနိုင်သည်။

“မင်းတမင်လုပ်နေတာမလား” ရှီယူရှီပြောလိုက်သည်။

မိုရှားအား သူမအစား ရှီမာယူယူပြောခွင့်ပြုလိုက်သည်။ “ငါတမင်လုပ်တယ်ဆိုတာ ဘာပြောတာလဲ၊ ငါ့ဆေးဖိုအောက်မှာ ခုဖို့ တစ်ခုခုလိုနေလို့လေ၊ ဒီကျောက်တုံးရဲ့ အမြင့်ကအတော်ပဲမို့လို့ င့ါဆေးဖိုငြိမ်ဖို့ ယူသွားမှာဆိုတော့ မိန်းမလှလေး ဂျွန်လန်လက်လျော့လိုက်ပါ၊ တကယ်လို့ ခုဖို့ အဆင်မပြေဘူး ဆိုလည်း ခြေဆေးကန်ထဲထည့်ဖို့ တစ်ယောက်ယောက်ကို လက်ဆောင်ပေးလိုက်မလို့ပါ…”

“ဟားဟား”

အခန်း ၃နှင့် ၅ ကြားမှ အခြေအနေမကောင်းသော်လည်း အားလုံးသည် ထိုစကားကြားပြီးနောက်တွင် မရယ်ပဲမနေနိုင်တော့ပေ။

All Chapters