← Chapters

အပိုင်း(၁၉၄)-အနက်ရောင်ကျောက်တုံးက အမိယူခြင်း

Vol. 002 Ch. 194

အပိုင်း(၁၉၄)-အနက်ရောင်ကျောက်တုံးက အမိယူခြင်း

Vol. 002 Ch. 194

“မင်း” ရှီမာယူယူတမင်လုပ်သည်ကို သူမသည် ပြန်မပြောနိုင်သော အတုံးဖြစ်ခဲ့သည်။

“ဒေါသမထွက်ပါနဲ့ မင်းသမီးလေး ဒီလေလံပွဲမှာ ဈေးပြိုင်ဖို့ အားလုံးမှာ လုပ်ပိုင်ခွင့်ရှိပါတယ်၊ မင်းလည်း စိတ်တိုင်းကျ ဈေးပြိုင်လို့ရပါတယ်၊ ဟုတ်တယ်မလား မိန်းကျလေး ဂျွန်လန်” ရှီမာယူယူသည် ဂျွန်လန်အားမေးလိုက်သည်။

“ဒါကတော့ သဘာဝပဲလေ” ဂျွန်လန်သည် လအနောက်တိုင်းပြည်၏ တော်ဝင်မိသားစုအနှေနှင့် မကြောက်သည့် ဟန်ဆောင်ကာ ပြုံးပြီးပြောလေသည်။

“ဒီလိုဆိုမှာတော့ ကျွန်တော်က အပျော်အနေနဲ့ဝင်ပါတာပါ၊ အဲဒီဆေးဖက်ဝင်ပစ္စည်းတွေက ကျွန်တော့်မျက်စိထဲမတိုးဘူး၊ မင်းသမီးက ကစားချင်ရင်လည်း ကျွန်တော်လိုက်ကစားဖို့စိတ်ကူးမရှိပါဘူး၊ ကျွန်တော်ဘယ်တော့ ရပ်မလဲဆိုတာ ကျွန်တော်မသိရုံပါပဲ”

ရှီမာယူယူသည် တည့်တည့်ပင်ပြောလိုက်သည်။ သူမ ဈေးမြင့်သည်အထိ ဈေးပြိုင်ပါက မင်းသမီးနှင့် လိုက်ပြိုင်မည်ဆိုသည်ကို ပြောလိုက်ခြင်းဖြစ်သည်။ ရှီမာယူယူသည် ဈေးပြိုင်ခြင်းကိုရပ်လိုက်သည်။ သူမ စောင့်ကြည့်ရာ အချိန်သည်နောက်ဆုံးအကြိမ်ရောက်သွားပြီး မင်းသမီးသည် ထိုပစ္စည်း အတွက် ပြိုင်ဆိုင်ခြင်းမရှိတော့ပေ။

ရှီယူရှီသည် ဒေါသထွက်လွန်း၍ သွေးကြောများပင် ထောင်လာသည်။ သူမအား ထိုကဲ့သို့ ပြောရဲသည့်သူကို မတွေ့ဖူးပေ။ သို့သော် ပြိုင်ဖက်၏ သရုပ်မှန်သည် သာမာန်မဟုတ်ကာ အရေးအကြီးဆုံးမှာ ထိုသူ၏ သရုပ်မှန်ကို မသိရခြင်းဖြစ်သည်။ သူနှင့် ကစားရသည်မှာ ဘာမှမဟုတ်ပေ၊ သို့သော် ဆန့်ကျင်ရေးဆေးတစ်ရာဆေးသာဖြစ်ခဲ့ပါက သူမ သေချာပေါက်နောင်တရမည်ဖြစ်သည်။

ထိုတွေးနှင့်တူသောလူသည် ခေါင်းခါလိုက်ကာ ထိုပြိုင်ဖက်နှင့် တိုက်ခိုက်သည့်ရလဒ်အား အချိုးကျကြည့် နေသည်။

ရှီယူရှီ စကားမပြောတော့သည်ကို ဂျွန်လန်တွေ့သောအခါ ပြုံးပြီးမေးလိုက်သည် “အခန်းနံပါတ် ၃ က ၆၆၀၀ ဈေးပေးပါတယ်၊ ဒီဈေးပေးချင်တဲ့သူရှိပါသေးသလား”

လေလံပွဲတစ်ခုလုံးသည် တိတ်ဆိတ်နေခဲ့သည်။

သူမ စနောက်ခြင်းခံရသည်။ ရှီယူရှီတောင် ဒီပစ္စည်းကိုလက်လွှတ်ခ့ရတာ၊ ဒီလူရဲ့ အဆင့်က ဘယ်လိုလဲဒ

ရှင်းဝမ်သည် ဈေးခေါ်ရန် ဟန်ပြင်လိုက်သော်လည်း သူမအဖေ၏ တားမြစ်ခြင်းကိုခံလိုက်ရ သည်။ လေလံပွဲရှိလူများသည် သူတို့အား လေးစားကြကာ ခြယ်လှယ်ခြင်းတပ်သည် သူတို့အား အနှောင့်အယှက်မပေးခဲ့ပေ။

ရှင်းဝမ်သည် မကျေမနပ်ဖြင့် ရပ်လိုက်ကာ ဂျွန်လန် တူထုသံကိုကြားလိုက်ရသည်။

အစပိုင်းရှိ ပစ္စည်းများသည် ဈေးမကြီးလှ၍ ငွေသားဖြင့်ပေးချေသည်။ အချိန်ခဏကြာသောအခါ မိန်းကလေး တစ်ယောက်သည် လင်ဗန်းကိုင်လာကာ ရှီမာယူယူရှေ့သို့ချပြီး သူမသည် ရွှေပြား ၆၆၀၀ ထုတ်ေးပလိုက်ရာ သူမ ထွက်သွားလေသည်။

အစေခံမိန်းကလေးသည် တံခါးပြန်ပိတ်သွားသောအခါ ရှီမာယူယူ လင်ဗန်းအားကြည့်ပြီး အနီရောင်အဝတ်အား ဖယ်လိုက်လေသည်။

အထဲတွင် အနက်ရောင်ကျောက်တုံး ရှိသော သေတ္တာတစ်လုံးဖြစ်လေသည်။ ရှီမာယူယူ အနက်ရောင်  ကျောက်တုံးအား ယူကာ ထိုကျောက်တုံးတွင် အအေးဒဏ်ရှိသည်ကို သိလိုက်ရသည်။

“ဒါက အနက်ရောင်ကျောက်တုံးလား” သူမ စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ သို့သော် အနည်းငယ်အေးစက်သည်မှလွဲ၍ ထိုကျောက်တုံးတွင် ထူးခြားချက်ကိုမမြင်မိပေ။

နတ်ဆိုးညွှတ်လက်ကောက်မှ လှုပ်ရှားမှုအနည်းငယ်ဖြစ်သဖြင့် မိုရှားစိတ်လှုပ်ရှားလာသည်ကို ရှီမာယူယူ သိလိုက်သည်။

“မိုရှား ဒီအနက်ရောင်ကျောက်တုံးက ဘယ်လိုကျောက်တုံးလဲ”

“အဆိုးဆုံး နတ်ဆိုးပစ္စည်းပဲ” မိုရှားသည် နတ်ဆိုးညွှတ်လက်ကောက်မှထွက်လာကာ အနက်ရောင်ကျောက်တုံး အားကြည့်လိုက်ချိန်တွင် သူ့မျက်လုံးများအရောင်တောက်လျက်ရှိသည်။

“အဆိုးဆုံး နတ်ဆိုးပစ္စည်းဟုတ်လား မင်းဘာလို့လိုချင်တာလဲ” ရှီမာယူယူ အလွန်အမင်းအံ့သြသွားသည်။

မိုရှားသည် သူမအား မျက်လုံးထောင့်မှကြည့်ပြီး “ငါက နတ်ဆိုးတိုင်းပြည်ကသူပဲ မင်းတို့လို အလင်းမျိုးနွယ်က လူတွေအတွက်တော့ ဒါက အဆိုးဆုံးနတ်ဆိုးပစ္စည်းပဲ ငါလိုတာ ဒါမျိုးပစ္စည်းပဲ”

“ဒီအနက်ရောင်ကျောက်တုံးက ဘာလို့အေးနေတာလဲ”

“အနက်ရောင်ကျောက်တုံးက နတ်ဆိုးတိုင်းပြည်နဲ့ တစ္ဆေတိုင်းပြည်မှာရှာရခက်တယ်၊ အများစုကတော့ ရှေးတုန်း ကပဲရှိခဲ့တာ၊ လူနဲ့ ဝိညာဉ်သားရဲတွေရဲ့ သွေးကိုစုပ်ယူခဲ့တော့ အေးနေတာပဲ” မိုရှားပြန်ဖြေသည်။

ရှီမာယူယူထိုစကားကြားသောအခါ အနက်ရောင်ကျောက်တုံးအား သေတ္တာထဲသို့ ပြန်ပစ်ထည့်လိုက်သည်။

“ဒီပစ္စည်းက မင်းအတွက်ဘာအသုံးတည့်လို့်လဲ”

“မင်းအဲဒါကို ဂရုစိုက်ဖို့မလိုပါဘူး” မိုရှားပြောလိုက်သည် “ခရမ်းစွဲပုလဲကို သတိရဦး”

ထိုသို့ပြောပြီးနောက် အနက်ရောင်ကျောက်တုံးအား နတ်ဆိုးညွှတ်လက်ကောက်အတွင်းသို့ ယူသွားလေသည်။

ရှီမာယူယူသည် သေတ္တာအလွတ်အားကြည့်ပြီးနောက် သက်ပြင်းချကာ မှော်ဝင်လက်စွပ်အတွင်းသို့ သိမ်းလိုက်  လေသည်။

“ဘုရား သခင်က မင်းက ငါလားဆိုတာတောင် မသိတော့ဘူး”

လေလံပွဲသည် အောက်တွင် ဆက်လက်ကျင်းပနေသည်။ ပြီးခဲ့သည့် ပစ္စည်းငါးခုတွင် အုပ်စုတူသော လူများမှ ဈေးပြိုင်ပေးကြသည်။ ငါးခုအပြီးတွင် ဒုတိယအထပ်မှ လူများသည်လည်း ပါဝင်လာကြသည်။

ဒီတစ်ခေါက်ပါဝင်သူများသည် နောက်ပိုင်းတွင်ပါလာမည့် ပစ္စည်းများကို မျက်စိကျကြခြင်းဖြစ်သည်။ အခုပစ္စည်းများအပေါ်တွင် စိတ်ဝင်စားများ မရှိကြပေ။

ဝူရန်ဖေ၏ အံ့ဖွယ်သားရဲနတ်ဆိုးကျောက်တုံးထွက်လာချိန်တွင် ပွက်လောရိုက်သွားကြသည်။ လက်နက်ပညာရှင် နှင့် အဂ္ဂိရတ်ပညာရှင်များပင် ဈေးပြိုင်ကြသည်။ ရွှေပြား တစ်ထောင်နှင့်စသော အံ့ဖွယ် သားရဲနတ်ဆိုးကျောက်တုံးသည် ရွှေပြားသုံးထောင်ဖြင့် ရောင်းထွက်သွားသည်။

လေလံပွဲမှ ရွှေပြားများသည်လျင်မြန်စွာပင် သီးသန့်ခန်းသို့ရောက်သွားသည်။ ဝူရန်ဖေ ရွှေပြားများလက်ခံရရှိသည်ကို ဖက်တီးကျူမြင်သော်အခါ အားကျစွာဖြင့်ပြောလိုက်သည် “အစကတည်းကသာသိခဲ့ရင် ငါလည်း လေလံပွဲကို အံ့ဖွယ်သားရဲနတ်ဆိုးကျောက်တုံးကိုယူခဲ့မှာပဲ”

“ပိုက်ဆံနဲ့ မင်းအချိန်နောက်ပြန်သွားလို့မရဘူး မင်းမသိဘူးလား” ဝေကျိရွှီသည် ပြုံးပြီးပြောလိုက်သည်။

“ဒါပေမယ့် ဒီလေလံပွဲက စိတ်ဝင်စားစရာကောင်းတယ်၊ ပစ္စည်းတွေအများကြီးသိရတယ်၊ ပြီးတော့ သူတို့ပစ္စည်းတွေကလည်း အပြင်ကထက် မြင့်ကြတယ်”

“မင်းက ရောင်းသူဖြစ်နေတော့ ဈေးမြင့်တယ်လို့ထင်မှာပေါ့ မင်းသာ ဝယ်သူဖြစ်ရင် ကောင်းတာလို့ မထင်တော့ဘူး” ဘေဂုံထန်ပြောလိုက်သည်။

“ဟုတ်တယ်” ဖက်တီးကျူခေါင်းညိတ်သည်။

လေလံပွဲ၏ နောက်ပိုင်း စတင်လာသည်။ ပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တက်လာသည်။ ပထမအထပ်သည်  ငြိမ်ကျသွားကာ စိတ်လှုပ်ရှားမှုဖြင့် စောင့်ကြသည့်ကြသည်။ ဒုတိယအထပ်နှင့် တတိယအထပ်တို့ အလှည့်  ရောက် လာသည်။

ထိုပစ္စည်းများကို ရှီမာယူယူ စိတ်မဝင်စားပေ။ သူမသည် အခန်းထဲမှနေ၍ အောက်မှလူများ ဈေးပြိုင်နေသည်ကို စောင့်ကြည့်နေခဲ့သည်။ တစ်ခါတရံ ပျင်းသည့်အချိန်တွင် တစ်ကြိမ်နှစ်ကြိမ်ဈေးပြိုင်သည်။ သို့သော် သူမ ဈေးခေါ်ပြီးနောက် လူများသည် ဈေးထပ်မခေါ်တော့သောကြောင့် သူမ ပစ္စည်းနှစ်ခုဝယ်လိုက်ရသည်။

ထို့နောက်တွင် သူမ ငြိမ်နေပြီး ဈေးထပ်မပြိုင်တော့ပေ။ သူမ ငြိမ်နေကာ ခရမ်းစွဲပုလဲထွက်လာသည်အ ထိ စောင့်နေလိုက်သည်။

ခရမ်းစွဲပုလဲထွက်လာရန် သူမ ခက်ခက်ခဲခဲစောင့်လိုက်ရသည်။ မိန်းကလေးတချို့ ပင့်သက်ရှိုက်သည်ကိုသာ သူမ ကြားသည်ကိုပင် သတိပြုမိသည်။ သူတို့သည် ခရမ်းစွဲပုလဲ၏ အလှတွင် နစ်မြောခဲ့ကြသည်။

“ဒါက ခရမ်းစွဲပုလဲပဲ လှပြီး ရှေးဆန်ပါတယ်၊ ဒါကို လက်ဝက်ရတနာအဖြစ် ဝတ်ဆင်နိုင်ပြီး အရေးအကြီးဆုံးကော့ ခရမ်းစွဲပုလဲကို ဝတ်လိုက်တဲ့အချိန်မှာ ငြိမ်းချမ်းမှုရှိပြီး နူးညံ့တဲ့သူဖြစ်သွားမှာပါ”ဂျွန်လန်ပြောလိုက်သည်။

“မိန်းကလေးဂျွန် ဒီပစ္စည်းက နတ်ဆိုးဘုရင်ရဲ့ ပစ္စည်းလို့ကြားတယ် ဟုတ်လား” လူတစ်ယောက် သည် မေးလိုက်သည်။

ပွဲရှိလူများသည် ထိုမေးခွန်းကြောင့် ကြက်သေသေသွားကြသည်။ လေလံဆွဲသူများသည် စိတ်ပြောင်းသွား ကြသည်။ ထိုသည်သာ နတ်ဆိုးပစ္စည်းဆိုပါက ဆွဲဆောင်မှုမရှိပဲ သူတို့အသက်ကိုပင် ယူနိုင်သည်။

ဂျွန်လန်၏ ရယ်မောသံသည် ကျယ်လောင်စွာထွက်ပေါ်လာသည်။ သို့သော် သူမသည် မျက်နှာပြောင်ဖြင့် ပြောလေသည် “ဟုတ်တယ် ဒီခရမ်းစွဲပုလဲက နတ်ဆိုးဘုရင်ရခဲ့ဖူးတဲ့ဟာပဲ နတ်ဆိုးတိုင်းပြည်ကလူကပဲ သုံးလို့ရတာမဟုတ်ဘူး၊ အဲအချက်ကြောင့်မဟုတ်ရင် ကျွန်မတို့ ခေါ်ဈေးက ဒီလောက်နိမ့်မှာလည်းမဟုတ်ဘူး၊ ပြီးတော့ ဒါက နတ်ဆိုးဘုရင်က သုံးခဲ့တဲ့ဟာပဲ”

“နှစ်သောင်း”

ပထမဆုံး ဈေးခေါ်သူသည် ချက်ချင်းပင် နှစ်သောင်းဖြင့်စသည်။ သူမသည်တခြားသူများနှင့် မတိုက်ခိုက်လိုသောကြောင့်ဖြစ်နိုင်သည်။

“၂၁၀၀၀”

“၂၃၀၀၀”

“၂၅၀၀၀”

လူများ ဈေးခေါ်ရှိသော်လည်း နည်းနည်းစီသာတက်သွားသည်။

“၃၀၀၀၀” အစပိုင်းတွင် ဈေးခေါ်သူသည် တစ်ခါတည်းပင် ဈေးတက်သွားတက်သွားလေသည်။

သုံးသောင်းဈေးနှုန်းကိုကြားသည့်နောက်တွင် အစောပိုင်းက ဈေးခေါ်သူများသည် နောက်ဆုတ်သွားကြသည်။

ရှီမာယူယူ ခလုတ်ကို နှိပ်ပြီး ပြောလိုက်သည် “၃၁၀၀၀”

သီးသန့်အခန်းရှိလူသည် အစပိုင်းတွင်ရတော့မည်ထင်ထားသော်လည်း ရှီမာယူယူ ပါဝင်လာမည်ဟု ထင်မထားပေ။ သူမ မကျေမနပ်ဖြင့် ကြည့်ကာ အော်လိုက်သည် “၃၅၀၀၀”

“၃၆၀၀၀”

“၄၀၀၀၀”

“၄၁၀၀၀”

ရှီမာယူယူ ထပ်ပြီးပြုမူလာသည်ကို အောက်မှလူများကြားသောအခါ ရယ်မောကြသည်။ သူသည် ရှီယူရှီနှင့် ထပ်ပြီး ပြိုင်ဆိုင်ပြန်သည်။

All Chapters